သစ္ထူးလြင္ |
- စစ်ကောင်စီတပ်က သတင်းထောက် ပူးသွီဒင်းရဲ့ လျှာ၊ လက်ချောင်းနဲ့ လည်ပင်းကိုလှီးကာ သတ်ဖြတ်ခဲ့
- တမူး-ကလေး ကားလမ်း ည ၆ နာရီကနေ မနက် ၅ နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုဖို့ PDF Tamu သတိပေး
- နတ်မောက်မြို့နယ်က အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ၁၀ ချက်ပစ်ခံရပြီး သေဆုံး
- ပေါင်းတည်မြို့နယ်က ရာအိမ်မှူးတဦးပစ်သတ်ခံရ
- သထုံ ကျိုက္ကော်မှာ ပစ်ခတ်မှုဖြစ် ၊ ၂ ဦးဒဏ်ရာရ ၁ ဦးသေဆုံး
- အင်းစိန်ထောင်၌ အချုပ်ကားတွင်သံလိုက်ကပ်ကာ ထည့်ပေးလိုက်သည့် အဝေးထိန်း ဗုံးတစ်လုံးတွေ့
- မုံရွာရှိ ကမ္ဘောဇဘဏ်များ အနီးဝန်းကျင်သို့ သွားလာမှုရှောင်ကျဉ်ပေးရန် အသိပေး
- ခင်ဦးတောင်နယ် အရေးပေါ်အခြေနေသို့ရောက်ရှိနေပြီး စကစတပ်က နီးစပ်ရာရွာကို တပ်စွဲဖို့ပြင်နေ/ ရွာသန့်ရွာက ဒလန် ၃ ဦးအား ရှင်းလင်း
- ရွှေပြည်သာတွင် ဆိုင်ကယ်စစ်ဆေးမှုအတွင်း ရပ်မပေးသည့် ဆိုင်ကယ်ကို ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး
- မန္တလေး ဂေါဝန်သင်္ဘောဆိပ်ကမ်းတွင် ဒဏ်ရာ အများအပြားရရှိထားသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို စစ်ကားနှင့်လူနာတင်ယာဉ်များက စောင့်ကြိုနေ
- တန့်ဆည်မြို့ရှိ ပြည်ခိုင်ဖြိုးအမတ်ဟောင်း၏ ဓာတ်ဆီဆိုင် တိုက်ခိုက်ခံရ၊ ဆိုင်အတွင်းမှ လက်လုပ်သေနတ် သိမ်းယူနိုင်ဟုဆို၊
- ရေဦးနယ်အတွင်း မွှေနှောက်သောင်းကျန်းနေသော စကစများ မိုင်းဆွဲခံရ၊ ခုနှစ်ဦးသေဟုဆို၊
- ဂန့်ဂေါနယ်က စန်းမြို့ရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီး မီးရှို့ဖျက်ဆီး /နေအိမ် ၁၆၀ မီးလောင်ဆုံးရှုံး
- မြောက်ဥက္ကလာ လျှပ်စစ်ရုံးရှေ့ ပေါက်ကွဲမှုဖြစ်
- မန္တလေး မဟာအောင်မြေမြို့နယ်ရှိ ပျူ၊ ဒလန်၊ စကစများ စုဝေးနေသော နေအိမ်ကို ဗုံးပစ်သွင်းခဲ့ဟုဆို၊
- မန္တလေး တံခွန်တိုင်အဝိုင်းရှိ စကစများကို ဗုံးထုခဲ့ပြီး နှစ်ဦးခန့် သေနိုင်ဟု ROM ဆို၊
- "လျှပ်စီးမိုးကြိုးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့က ကံစမ်းမဲအစီအစဉ်ပြုလုပ်ခဲ့ပြီး CDM ဝန်ထမ်းများကို ထောက်ပံ့မည်"
- "အရာတော်၊ ငွေတွင်းကျေးရွာမှ ဒေသခံပျူစောထီးများ အမည်စာရင်းကို တော်လှန်ရေးအင်အားစုက ထုတ်ပြန်ကြေညာ"
- မြစ်ကြီးနားရှိ မီးရထား CDM ဝန်ထမ်းများကို နေအိမ်မှ ဖယ်ရှားပေးရန် ဖိအားပေးနေသောကြောင့် နေရာထိုင်ခင်း အခက်အခဲဖြစ်နေ
- ရွှေဘိုတွင် စစ်ကောင်စီစစ်ကြောင်း နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရ၊ ပထမအကြိမ်တွင် စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးဟုဆို
- ထီးချိုင်မြို့နယ်တိုက်ပွဲတွင် PDF ကမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စကစရှေ့ပြေးတပ်သား (၈) ဦး ဗုံးကနဲလဲကျသေဆုံးသည့်အပြင် လက်နက်ကြီးပစ်သူ (၂) ဦးပါသေဆုံးခဲ့
- ရွှေဘိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား ဒေသခံ PDF များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စကစတပ်သား (၁၀) ဦးထက်မနည်းသေဆုံး
- ဝင်းတာပန် စစ်ကောင်စီ- BGF ပူးပေါင်းစခန်းမှ ရွာသားတစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်
- ကျောက်ခတ် စစ်ဘေးရှောင်စခန်းများနှင့်အနီး တွင် စစ်ကောင်စီတပ်များ တပ်စွဲထား၍ စစ်ဘေးရှောင်များ စိုးရိမ်ထိတ်လန့်ပြီး နေရာပြောင်းရွေ့နေကြရ
- စစ်တပ်ပိုင် ဂတ်စ်ပိုက်လိုင်းအား သထုံပြည်သူ့ပြောက်ကျား TPG နှင့် KNLA တို့မှ ဖောက်ခွဲ
စစ်ကောင်စီတပ်က သတင်းထောက် ပူးသွီဒင်းရဲ့ လျှာ၊ လက်ချောင်းနဲ့ လည်ပင်းကိုလှီးကာ သတ်ဖြတ်ခဲ့ Posted: 20 Jan 2022 06:23 AM PST ချင်းပြည်နယ်၊ မတူပီမြို့နယ် မတူပီ-ဟားခါးလမ်းပေါ်မှာ ဇန်နဝါရီလ ၈ ရက်က အာဏာသိမ်းစစ်ကောင်စီတပ်က Khonumthung သတင်းထောက် ပူးသွီဒင်း (Pu Tui Dim) အပါအဝင် ၁၀ ယောက်ကို နှိက်စက်ပြီးသတ်ဖြတ်သွားတယ်လို့သတင်းရရှိပါတယ်။ ပူးသွီဒင်း ရဲ့အလောင်းကို CDF-Matupi နဲ့ ဒေသခံပြည်သူတွေက ပြန်လည်တွေ့ရှိတဲ့ချိန်မှာ လက်နောက်ပြန်ကြိုးတုတ်ပြီးမှ မျက်စိ နဲ့ ပါးစပ်ကိုလည်း အဝတ်စနဲ့စည်းထားတာတွေ့ကြပါတယ်။ အလောင်းပေါ်မှာတွေ့ရှိတဲ့ |
တမူး-ကလေး ကားလမ်း ည ၆ နာရီကနေ မနက် ၅ နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုဖို့ PDF Tamu သတိပေး Posted: 20 Jan 2022 06:22 AM PST ယခုအချိန်အခါသည် ကလေး-တမူး အာရှလမ်းမကြီးပေါ်တွင် မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်အာဏာရှင်လက်အောက်ခံ စကစတပ်ဖွဲ့ဝင်များကြား စစ်ရေးလှုပ်ရှားမှုများနှင့် ထိတွေ့တိုက်ပွဲများအချိန်အခါမရွေးဖြစ်ပွားလျှက်ရှိနေပါသောကြောင့် မိဘပြည်သူများ အသက်အန္တရာယ် လုံခြုံရေးအရ မှားယွင်းပစ်ခတ် တိုက်ခိုက်မှုမဖြစ်ပွားစေရန် ခရီးသွားလာခြင်းအား (၂၀.၁.၂၀၂၂) နေ့မှ စ၍ ညနေ (၆) နာရီမှ နံနက် (၅)နာရီအထိ ဖြတ်သန်းသွားလာ |
နတ်မောက်မြို့နယ်က အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ၁၀ ချက်ပစ်ခံရပြီး သေဆုံး Posted: 20 Jan 2022 06:21 AM PST နတ်မောက်၊ ဇန်နဝါရီ ၂၀၊ ၂၀၂၂။မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဖက်သန်းတောင်ကျေးရွာက အုပ်ချုပ်ရေးမှူးတဦး ဒီကနေ့ နေ့လယ်ပိုင်းမှာ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။မြို့နယ်အုပ်ချုပ်ရေးမှုးတွေပဲ တက်ရတဲ့ အစည်းအဝေးပွဲက အပြန်မှာ ငါးပြေမပြောက်ကျားတပ်ဖွဲ့ ဗိုလ်ငါးမဲလုံး တပ်စိတ် ၃ က သေနတ်နဲ့ ပစ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။"ဒီကောင်ကြောင့် အဲဒီရွာအနီးအနားက ကျနော်တို့စခန်း |
ပေါင်းတည်မြို့နယ်က ရာအိမ်မှူးတဦးပစ်သတ်ခံရ Posted: 20 Jan 2022 06:20 AM PST ပေါင်းတည်၊ဇန်နဝါရီ၂၀၊၂၀၂၂။ပဲခူးတိုင်းအနောက်ခြမ်းပေါင်းတည်မြို့နယ်ပျဉ်ပုံအုပ်စုမှာ ဇန်နဝါရီ၂၀ရက် ဒီနေ့နေ့လယ် ၃နာရီဝန်းကျင်လောက်က ရာအိမ်မှူးတဦး ပစ်သတ်ခံရကြောင်း ဒေသခံတဦးကပြောပါတယ်။သူနေထိုင်တဲ့ ထန်းတပင်ရွာနဲ့ ပျဉ်ပုံရွာကိုကူးတဲ့လမ်းမှာ ဆိုင်ကယ်မောင်းနေစဉ် ဦးခေါင်းကိုသေနတ်နဲ့ ပစ်ခတ်ခံရတာလို့ သိရပါတယ်။"သူ့နာမည်က ကြည်စိုးတဲ့ အသက်က၅၀ကျော် ၆၀ ဝန်းကျင်၊ အဲ့ဒီနေရာမှာပဲ တခါတည်းသေတာတဲ့ ခေါင်းပွင့်သွားတယ် |
သထုံ ကျိုက္ကော်မှာ ပစ်ခတ်မှုဖြစ် ၊ ၂ ဦးဒဏ်ရာရ ၁ ဦးသေဆုံး Posted: 20 Jan 2022 06:17 AM PST သထုံ၊ ဇန်နဝါရီ ၂၀သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော် ပဲခူးစုမှာ ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ပစ်ခတ်မှုဖြစ်ပြီး ၂ ဦးဒဏ်ရာရ ၁ ဦးသေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ယနေ့မနက်ပိုင်း ၁၀ နာရီခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ကို ဆိုင်ကယ်နဲ့လာတဲ့ အမည်မသိ အမျိုးသား ၂ ဦးက သေနတ်နဲ့ပစ်ခတ်တာကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ၂ ဦး |
အင်းစိန်ထောင်၌ အချုပ်ကားတွင်သံလိုက်ကပ်ကာ ထည့်ပေးလိုက်သည့် အဝေးထိန်း ဗုံးတစ်လုံးတွေ့ Posted: 20 Jan 2022 06:15 AM PST ရန်ကုန်၊ ဇန်နဝါရီ ၂၀အင်းစိန်အကျဉ်းထောင်အတွင်း၌ ယနေ့နံနက် (၁၁) နာရီကျော်က မပေါက်ကွဲသေးသည့် အဝေးထိန်းဗုံးတစ်လုံးတွေ့ရှိခဲ့သည်ဟု အကျဉ်းထောင်နှင့်နီးစပ်သည့်အသိုင်းဝိုင်းမှ သိရသည်။"အချုပ်ကားကို သူတို့က သံလိုက်နဲ့ကပ်ပြီးတော့ ဗုံးကိုထည့်ပေးလိုက်တာ။ ဒီရောက်တော့ ရဲမေတွေကတောင်ခြေထောက်နဲ့ကန်လိုက်သေးတယ်။ ဘာတုံးကြီးလဲဆိုပြီး။ အုတ်ရိုးဘက်လွင့်သွားတာ၊ မပေါက်သွားဘူး။"ဟု လူငယ့်ခေတ်၏ သတင်းရင်းမြစ်က ပြောသည်။ |
မုံရွာရှိ ကမ္ဘောဇဘဏ်များ အနီးဝန်းကျင်သို့ သွားလာမှုရှောင်ကျဉ်ပေးရန် အသိပေး Posted: 20 Jan 2022 06:12 AM PST ဓာတ်ပုံ- မုံရွာမြို့ရှိ ကမ္ဘောဇဘဏ်ခွဲတစ်ခုမုံရွာ၊ ဇန်နဝါရီ ၂၀မုံရွာမြို့ရှိ KBZ ဘဏ်များ အနီးဝန်းကျင်သို့ ယနေ့မှစ၍ အသွားအလာ ရှောင်ကျဉ်ပေးရန် ဒေသအခြေစိုက် PDF ရှစ်ဖွဲ့က အသိပေး ထုတ်ပြန်လိုက်သည်။မုံရွာမြို့ အခြေစိုက် PDFများ ဖြစ်သည့် Monywar Nightking, Monywar Hero Group, Monywar People Defense Force (Thanmani), Monywar The boy, ACF Monywar, Law Ka Nat, Monywar Phoenix warrior နှင့် Monywar Ninja |
Posted: 20 Jan 2022 06:10 AM PST ဇေယျာတိုင်း၊ ဇန်နဝါရီ ၂၀ဇန်နဝါရီ ၁၉ ရက် မနက် ၈ နာရီလောက်က စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွာသန်း လက်ပန်လှ ပေါက်တုံ ဝန်းကြီးစတဲ့ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်မွှေနှောက်ခဲ့ပြီး ပြည်သူများထွက်ပြေးနေရကာ အပြစ်မဲ့ပြည်သူတစ်ဦး အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ် ။ဖြစ်စဥ်နဲ့ပက်သက်နေတဲ့ ရွာသန့်ရွာက ဒလန် ၃ ဦးကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ယမန်နေ့ညမှာပဲ ချက်ချင်း |
ရွှေပြည်သာတွင် ဆိုင်ကယ်စစ်ဆေးမှုအတွင်း ရပ်မပေးသည့် ဆိုင်ကယ်ကို ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး Posted: 20 Jan 2022 06:03 AM PST ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၂၀)ရက်နေ့ ညနေပိုင်းက ဆိုင်ကယ် မရပ်ပေး၍ဟုဆိုကာ အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံရဲက ပစ်ခတ်သဖြင့် အရပ်သား (၁) ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၄)ရပ်ကွက်၊ ရွှေပြည်သာကွေ့အနီး အာဏာသိမ်းစစ်ကောင်စီ၏ ခလရ (၇၇) စစ်တပ်ရှေ့၌ ဆိုင်ကယ်ဖမ်းဆီးနေစဉ် ဆိုင်ကယ်ရပ်မပေးသဖြင့် ရဲတစ်ယောက်က သေနတ်ဖြင့် ပစ်ခတ်လိုက်ရာ |
Posted: 20 Jan 2022 06:02 AM PST မန္တလေးမြို့၊ ကမ်းနားလမ်း၊ ဂေါဝန်သင်္ဘောဆိပ်ကမ်းတွင် ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့ ည(၆)နာရီကျော်တွင် ပုံညာ/ပြဒါးရှင်သင်္ဘောဆိုက်ကပ်နေပြီး စစ်ကောင်စီတပ်သားများ ပါလာကာ လူနာတင်ကားနှင့် စစ်ကားများ စောင့်ကြိုနေကြောင်း မြိုခံများ၏ ပြောကြားချက်အရ သိရသည်။စစ်ကားအစီးရေ အစီး(၃၀)ဝန်းကျင် အပါအဝင် လူနာတင်ယာဉ်များ ဝန်းရံကာ ဆိပ်ကမ်းမှ စောင့်ကြိုနေကြပြီး အတည်မပြုနိုင်သေးသော သတင်းများအရ သင်္ဘောပေါ်တွင် |
Posted: 20 Jan 2022 05:46 AM PST ဇန်နဝါရီ - ၂၀စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) လွှတ်တော် အမတ်ဟောင်း ဦးတင်မြင့် ပိုင်ဆိုင်သော ရွှေဒေါင်းမင်း ဓာတ်ဆီအရောင်းဆိုင် ယနေ့ နေ့လည်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခံရပြီး မီးရှို့ခံရကြောင်း သတင်းရရှိသည်။ယနေ့ ဇန်နဝါရီ(၂၀)ရက် နေ့လည်(၁)နာရီတွင် တန့်ဆည်မြို့ရှိ စစ်ကောင်စီ၏ အကြီးဆုံးထောက်တိုင်ဖြစ်သော ရွှေဒေါင်းမင်း ဆီဆိုင်ကို ဝင်ရောက် |
ရေဦးနယ်အတွင်း မွှေနှောက်သောင်းကျန်းနေသော စကစများ မိုင်းဆွဲခံရ၊ ခုနှစ်ဦးသေဟုဆို၊ Posted: 20 Jan 2022 05:46 AM PST စကစများ ဝင်မွှေသောင်းကျန်း လုယက်ကာ ဒေသခံအချို့ကို သတ်ဖြတ်ခဲ့သည့် ရေဦးမြို့နယ် ချမ်းသာရွာ/ Photo – RAVဇန်နဝါရီ - ၂၀စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်းနေသော စကစများကို ယနေ့ နေ့လည်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ ခုနှစ်ဦး သေကြောင်း ရေဦးမြို့နယ် အခြေစိုက် ဝေဟင်စွန်ရဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ယနေ့ ဇန်နဝါရီ(၂၀)ရက် နေ့လည်(၁၂)နာရီကျော်အချိန်က ရေဦးမြို့နယ် |
Posted: 20 Jan 2022 05:42 AM PST မကွေးတိုင်း ဂန့်ဂေါမြို့နယ် စန်းမြို့ကျေးရွာမှ ဒေသခံများ၏ နေအိမ် ၁၆၀ကို အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ (ဇန်နဝါရီ ၂၀) တွင် ထုတ်ပြန်သည်။ဇန်နဝါရီ၁၈ရက်က အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် လက်ပါးစေပျူစောထီးများသည် စန်းမြို့ကျေး ရွာကို ဝင်ရောက်လာပြီး အကြမ်းဖက်မီးရှို့ခဲ့သော ကြောင့် စန်းမြို့ကျေးရွာရှိ လူနေအိမ် |
မြောက်ဥက္ကလာ လျှပ်စစ်ရုံးရှေ့ ပေါက်ကွဲမှုဖြစ် Posted: 20 Jan 2022 05:23 AM PST (ပေါက်ကွဲမှုအပြီး မြောက်ဥက္ကလာအဝိုင်းကို စစ်ကောင်စီဝင်များ ပိတ်ဆို့စစ်ဆေးနေစဥ်၊ ဓာတ်ပုံ - SOK News)ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (ဃ)ရပ်ကွက် သုဓမ္မာလမ်းရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးရှေ့တွင် ယနေ့ (ဇန်နဝါရီ ၂၀) နံနက် ၁၁နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။"လျှပ်စစ်ရုံးရှေ့နားမှာ ပေါက်ကွဲမှု ဖြစ်တာပါ။ ရုံးရှေ့ အုတ်တံတိုင်းနဲ့ ပလက်ဖောင်းကြားမှာ ပေါက်တာလို့ |
မန္တလေး မဟာအောင်မြေမြို့နယ်ရှိ ပျူ၊ ဒလန်၊ စကစများ စုဝေးနေသော နေအိမ်ကို ဗုံးပစ်သွင်းခဲ့ဟုဆို၊ Posted: 20 Jan 2022 05:16 AM PST ဇန်နဝါရီ(၁၇)ရက် ညပိုင်းက မန္တလေးမြို့ ၃၅လမ်းနှင့် လမ်း၉ဝအနီးရှိ ရပ်ကွက်ရုံး ဗုံးထုခံရပြီးနောက် တွေ့ရသည့် စကစများ/ Photo - ပေးပို့ဇန်နဝါရီ - ၂၀မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အရှေ့ပတ္တာရပ်ရှိ စကစ သတင်းပေးတစ်ဦး၏ နေအိမ်၌ ပျူစောထီး၊ ဒလန်နှင့် စကစရဲများ စုဝေးနေချိန် ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း Poisonous Young People – PYP MDY ပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်သည်။ယမန်နေ့ ဇန်နဝါရီ(၁၉)ရက် ညနေ(၃)နာရီက |
မန္တလေး တံခွန်တိုင်အဝိုင်းရှိ စကစများကို ဗုံးထုခဲ့ပြီး နှစ်ဦးခန့် သေနိုင်ဟု ROM ဆို၊ Posted: 20 Jan 2022 05:15 AM PST ဇန်နဝါရီ - ၂၀မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်အဝိုင်းအနီးတွင် လမ်းဘေးကင်းစောင့်ရင်း ဂိတ်းဆော့နေသော စကစများကို ဗုံးထုတိုက်ခိုက်ခဲ့ရာ စကစ နှစ်ဦးခန့် သေနိုင်ကြောင်း Rangers of Mandalay – ROM မြို့ပြပြောက်ကျားအဖွဲ့က ဆိုသည်။ယနေ့ ဇန်နဝါရီ(၂၀)ရက် နေ့လည်ပိုင်းတွင် တံခွန်တိုင်အဝိုင်းရှိ စကစများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။"ဒီနေ့ တံခွန်တိုင်နားမှာ Mobile Legend ကစားနေတဲ့ စခ တွေကို |
Posted: 20 Jan 2022 05:05 AM PST 20.1.2022(THU) | 4:30 PMအရာတော်မြို့နယ် တော်လှန်ရေးအင်အားစုများထဲမှ လျှပ်စီးမိုးကြိုးမုန်တိုင်းတပ်ဖွဲ့က ကံစမ်းမဲရောင်းချကာ ယနေ့တွင် ပစ္စည်းများကို မဲဖောက်ပေးခဲ့သည်။ရရှိငွေဖြင့် အရာတော်မြို့နယ် ကျေးရွာ(၅)ရွာမှ CDM ဝန်ထမ်း(၅၄)ဦးအား ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း ၎င်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး |
"အရာတော်၊ ငွေတွင်းကျေးရွာမှ ဒေသခံပျူစောထီးများ အမည်စာရင်းကို တော်လှန်ရေးအင်အားစုက ထုတ်ပြန်ကြေညာ" Posted: 20 Jan 2022 05:02 AM PST 20.1.2022(THU) | 7:20 PMအရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA)က အရာတော်အရှေ့နယ်၊ ငွေတွင်းကျေးရွာမှ စစ်တပ်အောက်ဆွဲ ပျူစောထီးများ၏ နာမည်စာရင်းအပြည့်အစုံကို ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။ဒေသခံပျူစောထီးများကို ပြည်သူအချင်းချင်းဖြစ်လင့်ကစား ဘာသာရေး၊ လူမျိုးရေးမှိုင်းတိုက်ခံရသော စစ်တပ်၏ အသေခံ၊ အသုံးချခံ ရန်သူ့လက်ကိုင်တုတ်များအဖြစ်သာ ရှုမြင်သည်ဟု ARA က ပြောသည်။ယခုစာရင်းတွင် ပါဝင်သော ငွေတွင်းကျေးရွာ |
Posted: 20 Jan 2022 04:58 AM PST မြစ်ကြီးနား - ဇန်နဝါရီ ၁၉ ၊ ၂၀၂၂။မြစ်ကြီးနားမြို့ရှိ မြန်မာ့မီးရထား စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာနမှ CDM ဝန်ထမ်း များကို ၇ ရက်အတွင်း ဝန်ထမ်းအိမ်ယာမှ ဖယ်ရှားပေးရန် စာထုတ်ပြန်ခဲ့သောကြောင့် CDM ဝန်ထမ်းများ ပြောင်းရွှေ့ရန် နေအိမ်အခက်အခဲကြုံနေရကြောင်း သိရသည်။တစ်ပါတ်အတွင်းဖယ်ပေးရမည်ဖြစ်သော်လည်း အိမ်ခန်းငှားရမ်းနိုင်ရန် ကြိုတင်ငွေပေးရသောကြောင့် ငွေကြေးအခက်အခဲရှိနေသည်ဟု အမည်မဖော်လိုသူ CDM ဝန်ထမ်းတစ်ဦး |
Posted: 20 Jan 2022 04:55 AM PST ပုံ/ စစ်ရေးလေ့ကျင့်နေသည့် SNAKE EYES - PDF (Shwebo) တပ်ဖွဲ့ဝင်များ။ရွှေဘို - ဇန်နဝါရီ ၂၀ ၊ ၂၀၂၂ ။စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အနောက်ဘက်ခြမ်းရှိ သန်းတောကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း ယမန်နေ့ နံနက်ပိုင်းက SNAKE EYES - PDF(Shwebo)မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးသေဆုံးခဲ့ကြောင်းသိရသည်။စစ်သည်အင်အား ၁၀၀ ခန့်ပါဝင်သော စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲ |
Posted: 20 Jan 2022 04:53 AM PST ဇန်နဝါရီ ၂၀စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အင်ဒေါင်း ကြက်တကောင်ရွာနှင့် ပေကုန်းရွာကြားတွင် ယမန်နေ့ မနက် ၈ နာရီခန့်က စစ်ကောင်စီရှေ့ပြေးတပ်သား (၁၀)ဦးအား ရှေ့ထွက်မိုင်း (၁) လုံး ရှေ့တည့်တည့်အရောက်တွင်ခွဲရာ စကစတပ်သား (၈) ဦး ဗုံးကနဲပုံလျက်လဲကျသေဆုံးသွားပြီး (၂) ဦးသာကျန်နေခဲ့ကြောင်းသိရသည်။ထို့နောက် ဓားစာခံ (၂၀) ဦးနှင့်အတူတက်လာသော စကစတပ်များအား ရွှေလီဧရာအရှေ့ခြမ်းအဖွဲ့များမှ Fox Army၊ F3 Army၊ |
Posted: 20 Jan 2022 04:52 AM PST ဇန်နဝါရီ ၂၀စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ယမန်နေ့ နံနက် ၁ နာရီ ၄၅ မိခန့်က ပလိုင်းရွာမှ ထိုးစစ်ဆင်လာသော စစ်ကောင်စီစစ်ကြောင်းအား သန်းတောရွာအနီးတွင် Snake Eyes PDF - Shwebo၊ C&T - Shwebo နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ (၁၀) ဦးထက်မနည်းသေဆုံးခဲ့ပြီး ရဲဘော်များ၏လုံခြုံရေးအရ သတင်းနောက်ကျ၍ ဖော်ပြရခြင်းဖြစ်ကြောင်း |
ဝင်းတာပန် စစ်ကောင်စီ- BGF ပူးပေါင်းစခန်းမှ ရွာသားတစ်ဦးကို သေနတ်ဖြင့်ပစ်ခတ် Posted: 20 Jan 2022 04:48 AM PST ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ၂၀ရက်၊ သထုံခရိုင် ဇန်နဝါရီလ ၁၈ ရက် ညနေ ၇ နာရီ ဝန်းကျင်က ကအဲန်ယူ-ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီနှင့် BGFပူးပေါင်း စခန်း(ဝင်းတာပန်)မှ ဆိုင်ကယ်မောင်းနှင်လာသော အသက် (၂၂)နှစ်ရှိ စောစိုးသူကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ စောစိုးသူသည် လေးကေကျေးရွာသားဖြစ်ကာ ဝင်းတာပန် စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်စခန်းရှေ့မှဖြတ်သန်း၍ ဆိုင်ကယ်မောင်းနှင်သွားချိန် နောက်ကျောဖက်မှ သေနတ်ဖြင့် ပစ်ခတ် |
Posted: 20 Jan 2022 04:46 AM PST ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် မြဝတီ-ဝေါလေ လမ်းကြောင်းရှိ ကျောက်ခတ်ကျေးရွာနှင့်အနီး သုံးထပ်ကွေ့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့်အတွက် စစ်ဘေးရှောင်များ စိုးရိမ်ထိတ်လန့်ပြီး နေရာပြောင်းရွေ့နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်နှင့် လေးကေ့ကော်အနီးကျေးရွာများတွင်လည်း ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူများမှာ ကျောက် |
စစ်တပ်ပိုင် ဂတ်စ်ပိုက်လိုင်းအား သထုံပြည်သူ့ပြောက်ကျား TPG နှင့် KNLA တို့မှ ဖောက်ခွဲ Posted: 20 Jan 2022 04:45 AM PST ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ စစ်တပ်ပိုင် ဂတ်စ်ပိုက်လိုင်းအား သထုံပြည်သူ့ပြောက်ကျား TPG နှင့် KNLA တပ်ဖွဲ့တို့မှ ဖောက်ခွဲခဲ့ကြောင်းဒေသခံများထံမှ သိရသည်။ယနေ့ ဇန်နဝါရီလ ၂၀ ရက် နံနက်အစောပိုင်း ၂ နာရီကျော်တွင် သထုံမြို့နယ် ပေါ်တော်မူကျေးရွာ အနောက်ဖက်လယ်ကွင်းတစ်နေရာ၌ စစ်တပ်ပိုင် ဂတ်စ်ပိုက်လိုင်းပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိုပေါက်ကွဲမှုကြောင့်မီးများပြင်းထန်စွာလောင်ကျွမ်း |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.