Saturday, January 22, 2022

သစ်ထူးလွင်

သစ်ထူးလွင်


လွိုင်ကော်မြို့ပေါ်ရပ်ကွက်အတွင်း လူသေလောင်း ၁၁ လောင်းအထိ တွေ့ရှိနေ

Posted: 21 Jan 2022 08:39 AM PST

ဓာတ်ပုံ - CJလွိုင်ကော်မြို့နယ်မှာ ဇန်နဝါရီလ ( ၁၄ရက်နေ့ကနေ ၂၁ရက်နေ့အထိ) လက်နက်ကျည်ထိမှန်ပြီး သေဆုံးသူတွေရဲ့ အလောင်း ၁၁ လောင်းအထိရှိတွေ့ရှိရတယ်လို့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။ " လောလောဆယ်အနေအထားကတော့ မြေမြုပ်တာ ၁၀ယောက်လောက်ရှိပြီ။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့နော။ အဲ့ဒီမျိုးလေးတွေ သေဆုံးတာလေးတွေ ရှိတော့ ရှိနေတာပေါ့။ ကျနော်တို့ မြေမြုပ်ပေးတယ်။ " လို့ လူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောပါတယ်။ 

လိုင်းကြေးမပေးလို့ မြိုင်က ရေနံတွင်းတွေကို စစ်တပ်က မီးရှို့

Posted: 21 Jan 2022 08:42 AM PST

မြိုင်၊ ဇန်နဝါရီ ၂၁၊ ၂၀၂၂။မ‌ကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ သပြေညိုတောင်ထိပ် ရေနံမှော်မှာ ရေနံတူးနေတဲ့ ပြည်သူတွေဆီက လိုင်းကြေးမရတဲ့အတွက် အဲ့ဒီရေနံတွင်းတွေကို စစ်တပ်က မီးရှို့နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီက ဆီ ၁ ပေပါကို လိုင်းကြေး ၁ သိန်း တောင်းခံထားတာဖြစ်ပြီး၊ ရေနံလုပ်သားတွေအနေနဲ့ ဒီငွေပမာဏကို မပေးတဲ့အတွက်ကြောင့် မီးရှို့နေတာဖြစ်တယ်လို့ Myaing Villages Revolution Front ဥက္ကဌက ပြောပါတယ်။ "ဒီကောင်တွေ

အင်းတော်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်များကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက် စကစဘက်မှ ၃ ဦးထက်မနည်း သေဆုံး

Posted: 21 Jan 2022 08:32 AM PST

ဇေယျာတိုင်း၊ ဇန်နဝါရီ ၂၁စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် ယနေ့ဇန်နဝါရီ ၂၁ရက် နေ့လည်ပိုင်းအချိန့်ခန့်က နဘားရွာမှ ပင်ဝယ်ရွာဘက်သို့ မီးရထားလမ်းအတိုင်းတက်လာသော စကစအင်းအား ၃၀ခန့်အား  KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များမှ ပင်ဝယ်ရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၃ ဦး ထက်မနည်း သေဆုံးပြီးထိခိုက်ဒဏ်ရာများရှိ‌ကြောင်းလည်း သိရသည်။တိုက်ပွဲ​ဖြစ်နေစဥ်အတွင်း ရောက်ရှိလာသော ကားသမားပြည်သူတစ်ဦး စခဘက် မှ ရမ်းပစ်သော

တောင်ဥက္ကလာတွင် အမျိုးသမီး(၂)ဦးမှ နေအိမ်အတွင်းဝင်ကာ ဓားထောက် အနုကြမ်းစီး

Posted: 21 Jan 2022 08:26 AM PST

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်၊ သီလ(၉) လမ်းတွင် ယမန်နေ့ ဇန်နဝါရီလ(၂၀)ရက်၊ နေ့လည်ပိုင်းက အမျိုးသမီး(၂)ဦးမှ နေအိမ်တွင်းဝင်ကာ ဓားထောက်အနုကြမ်းစီးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။နေအိမ်၏ လူကြီးများမှ ဈေးသွားနေချိန် အမျိုးသမီးနှစ်ဦးက အိမ်ထဲဝင်ကာ ဓားထောက်အနုကြမ်းစီးသွားခြင်းဖြစ်ပြီး အိမ်တွင်ကျန်ခဲ့သည့် မိန်းကလေးငယ်ကို ကြိုးတုပ်ကာ ရွှေပစ္စည်းနှင့် ‌ငွေ(၁၀)သိန်းခန့်ယူ  ‌

မင်းဘူးမြို့မှ သတင်းသမား တင်ရွှေ(မင်းဘူး)ကို အာဏာသိမ်း စစ်ကောင်စီက ထောင်ဒဏ် (၃) နှစ်ချမှတ်

Posted: 21 Jan 2022 08:25 AM PST

မကွေးတိုင်း၊ မင်းဘူးမြို့မှ သတင်းသမားတစ်ဦးဖြစ်သည့် ဦးတင်ရွှေကို အာဏာသိမ်းအဖွဲ့က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့တွင် ထောင်ဒဏ် (၃)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။ဦးတင်ရွှေအား ဖမ်းဆီးထားသည့် မကွေးထောင်တွင်းမှာပင် ထောင်တွင်းတရားရုံးဖြင့် ယနေ့ အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ဦးတင်ရွှေသည် တင်ရွှေ - မင်းဘူး ကလောင် အမည်ဖြင့် သတင်းများရေးသားနေသူဖြစ်ပြီး အာဏာသိမ်းအဖွဲ့သည် ၎င်းအား ပြီးခဲ့သည့်နှစ်

မတူပီမြို့ပေါ်တွင် စကစ စစ်ခွေးများ သေနတ်များပစ်ဖောက် ထင်တိုင်းကြဲ သောင်းကျန်းနေ

Posted: 21 Jan 2022 08:14 AM PST

Jan 21ယမန်နေ့ Jan 20 နေ့လည်ခန့်တွင် မင်းတပ်မှ ဆင်းလာသည့် စကစယာဉ်တန်း ၉၀ ကျော်ဟာ မတူပီမြို့ကို ရောက်ရှိခဲ့ပါသည်။ ညနေပိုင်း ၆ နာရီခန့်တွင် စကစ စစ်ခွေးတွေဟာ မြို့ထဲကို ဆိုင်ကယ်များနဲ့ ပတ်ပြီး မြို့လည်ခေါင်မှာပင် သေနတ်များ အချက်ပေါင်းများစွာ ပစ်ဖောက်ခဲ့ကြကြောင်းသိရသည်။ ထို့နောက် ညပိုင်းတွင် ခိုဘွေရပ်ကွက်မှ လူငယ်များ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ ထိုစကစများဟာ တွေ့သမျှလူတွေကို ဆဲဆိုကြိမ်းမောင်းသွား

Asho Chin Defense Force မှ လက်နက်၀ယ်ရန် အရေးပေါ်ငွေလိုအပ်လာလို့ဆို

Posted: 21 Jan 2022 08:13 AM PST

ပုံသည် ACDF ကမပိုင်ဆိုင်ရသေးပါ21/1/2022လက်နပ် တစ်လက် (သိန်း ၇၀) ကို လက်ထဲ ( ၃၂ သိန်း) ပဲ ရှိနေသေးလို့ ၁၀၀၀ / ၁၀၀၀၀ ဖြစ်ဖြစ် အားလုံးက ထပ်ဖြည့်ပေးစေလိုပါတယ်ခင်ဗျ ကျည် တစ်တောင့် ၄၅၀၀ ကလည်း  အတောင့်ရေ ၅၀၀ မှာ (၂၀၀ ဖိုး ) လိုနေသေးလို့ ထပ်ဖြည့်ပေးကြပါအုံးဗျာတကယ်ပါ ပြည်သူတွေ ထောက်ပံ့တဲ့ ငွေတွေကို တန်ဖိုးထားစွာ သုံးရင်းနဲ့ တာဝန်ကျေစေရပါမယ်လို့ ကတိပေးပါတယ် လက်နပ်ဈေးတွေကလည်း ကြီးလွန်းတော့ မှန်းထားတဲ့ ငွေ

မုံရွာမြို့ အမှတ်(၂)ရဲစခန်းနှင့် KBZ ဘဏ်ခွဲ သုံးခု အပါအဝင် မြို့ပေါ် (၁၃)နေရာကို ဖောက်ခွဲတိုက်ခိုက်၊ မုံရွာနယ် မအူရွာကို စကစများ ဖိနှိပ်နေသဖြင့် မုံရွာမြို့ပေါ် ဖောက်ခွဲခြင်းဟုဆို၊

Posted: 21 Jan 2022 08:10 AM PST

မုံရွာအမှတ်(၂)ရဲစခန်း(ပုံဟောင်း)/ Photo - CJဇန်နဝါရီ - ၂၁မုံရွာမြို့ အမှတ်(၂)ရဲစခန်းနှင့် KBZ ဘဏ်ခွဲ သုံးခု အပါအဝင် မြို့ပေါ် (၁၃)နေရာကို ယနေ့ မနက်ပိုင်းတွင် ဖောက်ခွဲတိုက် ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း မုံရွာမြို့ပြ ပြောက်ကျားတပ်ဖွဲ့များက  ထုတ်ပြန်သည်။ယနေ့ ဇန်နဝါရီ(၂၁)ရက် မနက်ပိုင်းတွင် မုံရွာမြို့ စက်မှုဇုန်ရှိ အမှတ်(၂)ရဲစခန်း၊ မြို့ပေါ်ရှိ KBZ ဘဏ်ခွဲသုံးခုနှင့် အခြား မြို့ပေါ်ရှိ စကစများ ခြေ

လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီ ပိုမိုလုပ်ဆောင်လာ ၊ ဒီလဇန်နဝါရီလအတွင်းမှာတင် လေကြောင်းတိုက်ခိုက်မှု ၁၉ ကြိမ် ရှိခဲ့

Posted: 21 Jan 2022 08:10 AM PST

စစ်တပ်က အာဏာသိမ်းပြီးနောက် လေကြောင်းကနေ တိုက်ခိုက်မှု တွေကို  မြို့နယ်ပေါင်း ၂၆ မြို့နယ်မှာ  လုပ်ဆောင်ခဲ့ပြီး  ဒီနှစ်ဆန်းပိုင်းမှာတင်လေကြောင်း တိုက်ခိုက်မှုတွေ ပိုများလာတယ်လို့ NUG  နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းလွှာ မှာဖော်ပြထားချက်အရ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ စစ်ကောင်စီဟာလေကြောင်းကနေ ၁၅ ကြိမ်တိုက်ခိုက်မှု လုပ်ခဲ့ပါတယ်။အဲဒီလို

ပြည်သူကို ​လေ​ကြောင်းမှဗုံးကျဲသတ်ဖြတ်​နေ​သောစစ်​ကောင်စီတပ်အရာရှိများ၏ အချက်အလက်များကို Operation Spitfire ထုတ်ပြန်

Posted: 21 Jan 2022 08:09 AM PST

ပြည်သူလူထုကို လေကြောင်းများ ဗုံးကျဲသတ်ဖြတ်နေရာတွင် အဓိက ထိန်းကြောင်းကွပ်ကဲနေသည့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လေတပ်အရာရှိများ၏ နေရပ်လိပ်စာများကို Operation Spitfireက ယနေ့ထုတ်ပြန်လိုက်သည်။ထိုစာရင်းတွင် လေတပ်ကို အဓိက ကွပ်ကဲ့နေသည့် ဗိုလ်ချုပ်အဆင့်မှာ ဒုတိယဗိုလ်မှူးကြီးအဆင့် အထိ အကြမ်းဖက်စစ်ကောင်စီအရာရှိ ၄၁ ဦးပါဝင်သည်။ ၎င်းတို့သည် စစ်ရာဇဝတ်မူကျူးလွန်သူများဖြစ်ပြီး ၎င်းတို့၏ မိသားစုနှင့် ဆွေမျိုးများ

ကောလင်းစျေးတွင် စျေးဝယ်နေသော စကစရဲတစ်ဦး ဓားထိုးခံရကာ ဗိုက်ပွင့် သေ၊

Posted: 21 Jan 2022 08:06 AM PST

ကောလင်းစျေး (ပုံဟောင်း)/Photo - ပေးပို့ဇန်နဝါရီ - ၂၁စစ်ကိုင်းတိုင်း ကောလင်းမြို့၌ စျေးအတွင်း စျေးဝယ်နေသော စကစ လက်အောက်ခံ ရဲနှစ်ဦးအနက် တစ်ဦး ဓားထိုးခံရကာ ဗိုက်ပွင့်ပြီး သေကြောင်း ဒေသခံသတင်းရင်းမြစ်များက MFP သို့ ပြောသည်။ယနေ့ ဇန်နဝါရီ(၂၁)ရက် မနက်(၇)နာရီဝန်းကျင်က ကောလင်းမြို့ အရှေ့စျေးအတွင်း စျေးဝယ်နေသော ကောလင်းခရိုင် ရဲတပ်ဖွဲ့မှ စကစ လက်အောက်ခံ ရဲတစ်ဦး ဓားထိုးခံရခြင်း ဖြစ်ကြောင်း ကောလင်း တော်လှန်ရေး

ရပ်ကွက်ရုံးအတွင်း ဝင်ပစ်ခံရချိန် အသက်မသေခဲ့သူ စစ်ကိုင်းမှ ရာအိမ်မှူး ယနေ့မနက် နေအိမ်ရှေ့ ပစ်သတ်ခံရ၊

Posted: 21 Jan 2022 08:06 AM PST

Photo - စစ်ကိုင်း အိုးဘို လူမှုကယ်ဆယ်ရေးအဖွဲ့ဇန်နဝါရီ - ၂၁စစ်ကိုင်းမြို့ ဇေယျာတိုးချဲ့ရပ်ကွက်တွင် နေထိုင်သည့် ရပ်ကွက်ရာအိမ်မှူးတစ်ဦး ယနေ့ မနက်ပိုင်းတွင် နေအိမ်ရှေ့၌ သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။ယနေ့ ဇန်နဝါရီ(၂၁)ရက် မနက်(၆)နာရီကျော်အချိန်က စစ်ကိုင်းမြို့ ဇေယျာကွက်တိုးချဲ့ရပ်ကွက် (၅)လမ်းတွင် နေထိုင်သည့် ရပ်ကွက်ရာအိမ်မှူး ဦးခင်မောင်ဇော်သည် နေအိမ်၌

ပခုက္ကူမြို့ရှိ စစ်ကောင်စီ ရဲကင်းတစ်ခု တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို

Posted: 21 Jan 2022 08:06 AM PST

(ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၀ ရက်က ပြုလုပ်သည့် တိတ်ဆိတ်ခြင်းသပိတ်နေ့တွင် တွေ့ရသည့် ပခုက္ကူမြို့တွင်း တစ်နေရာ)မကွေးတိုင်း ပခုက္ကူမြို့ တပ်မလမ်းရှိ စစ်ကောင်စီလက်ပါးစေ ရဲကင်းတစ်ခုအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့(Earthquake People's Defence Force - UG)နှင့် ညီနောင်မဟာမိတ်(၃)ဖွဲ့က ယနေ့(ဇန်နဝါရီ ၂၁)ထုတ်ပြန်သည်။ယနေ့ညနေ ၄ နာရီခွဲခန့်တွင် တပ်မလမ်းရှိ ရဲကင်းစခန်းအား ဝင်ရောက်ပစ်ခတ်

စန်းမြို့ရွာသို့ မီးလာရှို့သည့်စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တိုက်ခိုက် စစ်ကောင်စီတပ်မှ လေးဦးသေ၊ ၁၀ဦးခန့် ဒဏ်ရာရဟု YDFထုတ်ပြန်

Posted: 21 Jan 2022 08:03 AM PST

မကွေးတိုင်း ဂန့်ဂေါမြို့နယ် စန်းမြို့ရွာရှိ နေအိမ်များကို မီးလာရှို့သည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ယောဒေသကာကွယ်ရေးတပ်(YDF)နှင့် မဟာမိတ်တပ်များက ပြန်လည်ခုခံရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးပြီး ၁၀ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု YDFက ယနေ့ ထုတ်ပြန်သည်။ကလေးမြို့နယ်တောင်ပိုင်း၊ ကျောက်ပြုတ်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီအင်အား ၄၀ခန့်နှင့် မြောက်ခင်ရန်းရွာ၊ကုက္ကားရွာ၊ ဟံသာဝတီ ရွာများမှ ပျူစောထီး

အင်းတော် နဘားတွင် စကစများကို အင်းတော် PDF နှင့် KIA ပူးပေါင်းတပ်က ဖြတ်တိုက်ရာ စကစ သုံးဦးထက်မနည်း သေ၊ကစများ ရမ်းကားပစ်ခတ်သဖြင့် ခရီးသွားကားသမားတစ်ဦး လက်နက်ကြီးထိမှန် သေဆုံး၊

Posted: 21 Jan 2022 07:57 AM PST

ဇန်နဝါရီ - ၂၁စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နဘားရွာအနီးတွင် ရထားလမ်းအတိုင်း ခြေလျှင် တက်လာသည့် စကစများကို အင်းတော် PDF နှင့် KIA ပူးပေါင်းတပ်များက ဖြတ်တိုက်ရာ စကစ သုံးဦး ထက်မနည်း သေကြောင်း အင်းတော် တော်လှန်ရေး အင်အားစု - IR က သတင်းထုတ်ပြန်သည်။ယနေ့ ဇန်နဝါရီ(၂၁)ရက် မွန်းလွဲပိုင်းတွင် အင်းတော်နယ် ကျေးရွာများသို့ မွှေနှောက်လုယက်ပြီးနောက် နဘားရွာဘက်မှ ပင်ဝယ်ရွာဘက်သို့ ရထားလမ်းအတိုင်း တက်လာသည့် စကစ

ကျောက်ဆည် လက်ပံရွာနေ သတင်းပေးဒလန်အဖြစ် နာမည်ကြီးသူ သေနတ်(၆)ချက် ပစ်သတ်ခံရ၊ စကစများ လာရောက်စစ်ဆေးခြင်းမရှိသလို အလောင်းကောက်သူ မရှိဟုဆို၊

Posted: 21 Jan 2022 07:43 AM PST

ဇန်နဝါရီ - ၂၁မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် လက်ပံရွာနေ စစ်ကောင်စီ သတင်းပေးဒလန်အဖြစ် နာမည်ကြီးသော ဦးစိုးလွင်ဆိုသူသည် ယနေ့ မနက်ပိုင်းတွင် ၄င်း၏ နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးကြောင်း နီးစပ်သူများက ပြောသည်။ယနေ့ ဇန်နဝါရီ(၂၁)ရက် မနက်(၈)နာရီဝန်းကျင်က ကျောက်ဆည်မြို့နယ်၊ ဒါန်းတိုင်ကျေးရွာအုပ်စု၊ လက်ပံကျေးရွာနေ စကစ သတင်းပေးဟု နာမည်ကြီးသူ ဦးစိုးလွင်သည် နေအိမ်၌ ရှိနေစဉ် ပစ်သတ်ခံရခြင်း ဖြစ်သည်ဟု

စစ်ကိုင်းတိုင်းအထက်ပိုင်းကနေ နန့်စီးအောင်ဘက်ကို တက်လာတဲ့ စစ်ကောင်စီ ကားနှစ်စင်း မိုင်းဆွဲတိုက်ခိုက်ခံရ

Posted: 21 Jan 2022 07:38 AM PST

ဇန်နဝါရီ၊၂၁ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်၊ စီပိန်းရွာဘက်ကနေ နန့်စီးအောင်ဘက်ကို တက်လာတဲ့ စစ်ကောင်စီ ကားနှစ်စီးကို ဒီကနေ့ညနေ (၆) နာရီခွဲလောက်က မော်လူးမြို့နဲ့ ပေကုန်းရွာကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ Inn Daw PDF(I.PDF)ပူးပေါင်းတပ်ကနေမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ မှိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က (၂)ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ် I.PDF တစ်ဦးက

လွိုင်ကော်တွင် ဦးခေါင်းတွင်ပစ်ခတ်ခံထားရသော ရုပ်အလောင်း နှစ်လောင်းတွေ့ရှိ

Posted: 21 Jan 2022 07:35 AM PST

လွိုင်ကော် - ဇန်နဝါရီ ၂၁ ၊ ၂၀၂၂ ။လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားရုပ်အလောင်း နှစ်လောင်းကို ယနေ့ မွန်းလွှဲ ၁၂နာရီခွဲအချိန်ခန့်က တွေ့ရှိခဲ့ကြောင်းသိရသည်။ အဆိုပါ အမျိုးသားနှစ်ဦး၏ ဦးခေါင်းတွင် သေနတ်ဒဏ်ရာများတွေ့ရှိခဲ့ပြီး လွန်ခဲ့သည့် သုံးရက်ခန့်က သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း ၎င်းတို့ကို သင်္ဂြိုလ်ပေးခဲ့သည့် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကို

ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးဟုဆို

Posted: 21 Jan 2022 07:34 AM PST

တီးတိန် - ဇန်နဝါရီ ၂၁၊ ၂၀၂၂။ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ယန်ဇင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့နံနက် နှစ်နာရီခန့်က ချင်းဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးသွားကြောင်းသိရသည်။ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ဝင်ရောက်စီးနင်းမှုကြောင့် စစ်ကောင်စီတပ်သားများ သေဆုံးခဲ့သည့်အပြင် ဒဏ်ရာရရှိသူများလည်းများပြား

ရေဦးတွင်ဖြစ်ပွားသည့် စစ်ကောင်စီနှင့်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနှစ်ဦး ကျဆုံး

Posted: 21 Jan 2022 07:33 AM PST

ရေဦး - ဇန်နဝါရီ ၂၁၊ ၂၀၂၂။ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် ယနေ့နံနက် ၉ နာရီခွဲခန့်က စစ်ကောင်စီတပ်နှင့် ရေဦးပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားချိန် ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် ခုနှစ် ဦးကျဆုံးခဲ့ကြောင်း သိရသည်။ ရွာမိဿာကျေးရွာထိပ် မူးဘောင်အနီးတွင် တိုက်ပွဲဖြစ်ပွားရာ ပြည်သူ့ကာကွယ်ရေးတပ်သား ခုနှစ်ဦးကျဆုံးပြီး ဆိုင်ကယ်ကိုးစီး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်က The 74

ဟိန်ဇင်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်၊ စကစဘက်မှ (၁၅) ဦးထက်မနည်းသေဆုံး

Posted: 21 Jan 2022 07:26 AM PST

ဇန်နဝါရီ ၂၁ကလေးမြို့နယ်နှင့် ချင်းပြည်နယ်ဆက်သွယ်ထားသော လမ်းအတိုင်းတက်လာပြီး ဟိန်ဇင်ရွာတွင်တပ်ဆွဲနေသော စကစတပ်များအား ယနေ့ မနက် ၁ နာရီ ၄၅ မိနစ်ခန့်က CDM Siyin၊ PDF Zoland၊ CNA၊ Kalay PDF၊ PDA၊ Zongam Army၊ CDF KKG-2 နှင့် ဒေသခံပူးပေါင်းတပ်များမှ ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ပွဲအတွင်း " အနည်းဆုံး ခွေး (၁၅ )ကောင်သေ အမြောက်အများ ဒဏ်ရာရရှိပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ (၂)ယောက်

သထုံမြို့နယ်က စစ်ကောင်စီပိုင် ဓာတ်ငွေ့ပိုက်လိုင်းတစ်ခု ဖောက်ခွဲခံရ

Posted: 21 Jan 2022 07:25 AM PST

ဓာတ်ပုံ - ဖောက်ခွဲခံရလို့ ပေါက်ကွဲခဲ့တဲ့ဓာတ်ငွေ့ပိုက်လိုင်းရုပ်သံဖိုင် screenshot။ဇန်နဝါရီလ ၂၁ ရက်နေ့ ၊ ၂၀၂၂မွန်ပြည်နယ် သထုံမြို့နယ် မြေနီကုန်းအနောက်ဖက်ခြမ်းတွင် ယမန်နေ့မနက်၂နာရီခန့်အချိန်တွင် KNLA တပ်ရင်း၂ ပူးပေါင်းတပ်ဖွဲ့တို့ ထိုင်းနိုင်ငံသို့သွယ်တန်းထားတဲ့စစ်ကောင်စီပိုင်ဓါတ်ငွေ့ပိုက်လိုင်းတစ်ခုကိုဖောက်ခွဲဖျက်စီးလိုက်တယ်လို့ KNLA တပ်ရင်း၂ တပ်မှူးတစ်ဦးကပြောပါတယ်။ဒါ့အပြင် အဲ့ဒီနေ့မနက် ၁၀ နာရီ ၁၅

တိုက်ပွဲပြင်းထန်နေသည့် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်များက အပြစ်မဲ့ပြည်သူ ၂ ဦးအား စနိုက်ပါဖြင့် ပစ်ခတ်သတ်ဖြတ်

Posted: 21 Jan 2022 07:22 AM PST

လွိုင်ကော်၊ ဇန်နဝါရီ ၂၁ ရက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော်နှင့် PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေသည့် ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၌ ယနေ့တွင် စစ်ကောင်စီတပ်များက အပြစ်မဲ့ပြည်သူ ၂ ဦးအား စနိုက်ပါဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။သေဆုံးသူ ၂ ဦးမှာ တိုက်ပွဲများ ဖြစ်ပွားနေစဥ်အတွင်း စစ်ကောင်စီတပ်များ၏ စနိုက်ပါဖြင့် ပစ်ခတ်ခံခဲ့ရသူ ဒေါဥခူရပ်ကွက်နေ ပြည်သူ ၂ ဦးဖြစ်​

မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို PDF များက လက်ပစ် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

Posted: 21 Jan 2022 07:20 AM PST

ဇန်နဝါရီ ၂၁ ရက်ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပြည်လမ်းကြီးဘေးရှိ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်အဓိကဝင်ပေါက် တွင် လုံခြုံရေးတာဝန်ယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အာဏာရှင်တော်လှန်ရေးတပ်ဦး - DRF က ယနေ့ နေ့လည်ပိုင်းတွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင် စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရမှုကို အတိအကျ မသိရသေး

လွိုင်ကော်တွင် KNDF စနိုက်ပါရဲဘော်တစ်ဦး ယနေ့ ကျဆုံး

Posted: 21 Jan 2022 07:19 AM PST

ကရင်နီပြည်(ကယားပြည်နယ်)လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်တိုက်ပွဲ၌ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF မှ စနိုက်ပါ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ အဆိုပါ ကျဆုံးသွားခဲ့သောရဲဘော်သည် KNDF တပ်ရင်း ၆ မှ ရဲဘော်တစ်ဦးဖြစ်ပြီး စနိုက်ပါအချင်းချင်း ပစ်ခဲ့ရာမှ ကျဆုံးခြင်းဖြစ်ကြောင်း နှင့် ၎င်းကျဆုံးကြောင်းကို ဒေသခံသတင်းအရင်းအမြစ်များက ညနေ ၃ နာရီကျော်ကျော်အချိန်၌ ဖော်ပြထားသည်။ " သူက စနိုက်ပါထိ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.