Friday, January 21, 2022

သစ်ထူးလွင်

သစ်ထူးလွင်


စစ်​ကောင်စီတပ်ကမြိုင်မှ ​ရေနံကျင်းများကိုမီးရှို့ဖျက်ဆီး

Posted: 20 Jan 2022 07:10 PM PST

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ရေနံမှော်များမှ ရေနံကျင်းများအား အကြမ်းဖက်စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းဒေသခံများကပြောသည်။ယမန်နေ့ (ဇန်နဝါရီလ ၂၀ရက်) နံနက် ၉နာရီမှ ၁၂နာရီအချိန်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ မြိုင်မြို့နယ်အတွင်းရှိ သပြေညိုရေနံမှော်မှ လက်ပံတိုရေနံမှော် လမ်းတစ်လျှောက်ရှိ ရေနံကျင်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း နွေဦးတော်လှန်ရေး-မြိုင် က ယ​နေ့သတင်းထုတ်ပြန်သည်။"

ပင်လည်ဘူးမြို့တိုက်ပွဲစစ်ကောင်စီတပ်အများအပြားသေဆုံးပြီး ၆ဦးအရှင်ဖမ်းမိ၊ လက်နက်အချို့ရ ဟု NUG ထုတ်ပြန်

Posted: 20 Jan 2022 07:06 PM PST

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ရှိ စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အများအပြားသေဆုံးထိခိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ဇန်နဝါရီ ၁၈ရက် နံနက် ၃နာရီ ၄၅ မိနစ်ခန့်တွင် ပင်လည်ဘူးမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ် ရေးတပ်မတော်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.