သစ္ထူးလြင္ |
- NUCC ညီလာခံ ထောက်ခံသည်ဆိုကာ သာကေတ အမှတ်(၂)ရဲစခန်းကို ဗုံးသီးဖြင့် ပစ်၍ တိုက်ခိုက်
- မုံရွာမြို့နယ်က ရွာတရွာကို စစ်ကောင်စီမီးရှို့နေလို့ PDF ၄ဖွဲ့က မြို့အနှံ့ တရက်တည်း ဗုံး၂၅လုံးဖောက်ခွဲ
- ရေယိုကျေးရွာအတွင်း အသတ်ခံရတဲ့ ရုပ်အလောင်း ၆ခုကို အိမ်သာကျင်းထဲ တွေ့ရှိ
- မီတာခ မဆောင်သည့် ဆိုင်ခန်းနှင့် အိမ်များ မီးလိုက်ဖြတ်နေဆဲ
- ရေဦးမြို့၊အောင်ဆုမွန် ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင်၏ နေအိမ် စစ်ကောင်တပ်မှ နိုင်ငံတော်ပိုင်အဖြစ်သိမ်း
- ကွတ်ခိုင်မြို့အနီး စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွား
- ပေါက်မြို့နယ်မှာ စစ်ကောင်စီကို လိုက်ကြည့်တယ်ဆိုတဲ့ အချက်နဲ့ ပြည်သူ ၁ဦး သတ်ခံရ
- လယ်ဇင်ရွာ PDF စခန်း ဝင်စီးခံရပြီး ရွာသား ၆ ဦးကိုဖမ်းဆီးကာ လူ ၂ ဦး ကို ပစ်သတ်
- ကန့်ဘလူနယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦးကို သူတစ်ဦးတည်းနိုင်သည်ဟု ကြုံးဝါးခဲ့သည့် ပျူစောထီးခေါင်းဆောင်ကို ပြောက်ကျားတပ်က ရှင်းလင်း
- တမူးမြို့အဝင် (၄) မိုင် စစ်ဆေးရေးဂိတ် အလစ်အငိုက် တိုက်ခိုက်ခံရပြီး စကစ သုံးဦးသေ၊ ဒဏ်ရာရသူ များစွာရှိ
- မင်းတပ်- မတူပီလမ်း (၁၆)မိုင်ကြား သွားလာခြင်းမပြုရန် သတိပေး
- NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်ကို အကြမ်းဖက်စစ်ကောင်စီ ပြန်လွှတ်ပေး
- မန္တလေးရှိ ဘီယာဆိုင် သုံးဆိုင်နှင့် KTV တစ်ခု လက်လုပ်မိုင်းပစ်၊ မီးရှို့၍ သတိပေးခံရ
- အမရပူရမြို့နယ်မှ အကွက်မှူးတစ်ဦး အသတ်ခံရ
- "အောင်ချမ်းသာကျေးရွာတွင် ဖမ်းဆီးနှိပ်စက်ထား၍ လမ်းတောင်မလျှောက်နိုင်သောလူငယ်ကို အကြမ်းဖက်စစ်တပ်က ကတုံးတုံးပြီး ခေါ်ဆောင်သွား"
- ပရဒတ်ရွာမှာ ပြည်သူတစ်ဦးကို ပျူစောထီးအဖွဲ့ပစ်သတ်
- အသံတိတ်သပိတ်နေ့မှာ ဌာနဆိုင်ရာဝန်ထမ်းတွေ နံနက် ၁၀ နာရီခွဲမှရုံးတက်ပြီး ညနေ ၃ နာရီခွဲရုံးပြန်ဖို့ ညွှန်ကြား
- အကြမ်းဖက်စစ်ကောင်စီတပ်သား (၂၀) ကျော်သေဆုံးခဲ့သော ချင်းတွင်းမြစ်ကြောင်းတစ်လျောက်တိုက်ပွဲ (ရုပ်သံ)
- ကျွန်းလှမြိုနယ်နှင့် တန့်ဆည်နယ်အစပ်တွင် စစ်ကောင်စီအုပ်စုအား ကျွန်းလှ PDF က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စနိုက်ပါသမားအပါအဝင် (၆) ဦးသေဆုံး
- စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကူညီပေးသည့် မည်သည့် ယာဥ်မျိုးကိုမဆို အရေးယူမည်ဟု ရေဦး PDF ထုတ်ပြန်
- မတူပီ-မင်းတပ်လမ်းပေါ်၌ စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
- တာချီလိတ် ဈေးဆိုင်ခန်းများ ဖေဖော်ဝါရီလ ၁ ရက် မပိတ်ရန် လက်မှတ်လိုက်ထိုးခိုင်း
- အသံတိတ်သပိတ်တွင် မပါဝင်ရန် ဈေးဆိုင်နှင့် လုပ်ငန်းများကို ရှမ်းစည်ပင်ညွှန်မှူး ညွှန်ကြား၊ ပါဝင်ပါက အရေးယူမည်ဟု ခြိမ်းခြောက်
- လွိုင်ကော်တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ တပ်သား ၁ဦးသေ
- မြန်မာစစ်တပ်ဆက်စပ်နေသော စီးပွါးရေးလုပ်ငန်းများနှင့် အကျိုးတူပူးပေါင်းမှုများ မပြုလုပ်ရန် အမေရိကန် သတိပေး
NUCC ညီလာခံ ထောက်ခံသည်ဆိုကာ သာကေတ အမှတ်(၂)ရဲစခန်းကို ဗုံးသီးဖြင့် ပစ်၍ တိုက်ခိုက် Posted: 27 Jan 2022 09:32 AM PST အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၏ ပထမအကြိမ် ပြည်သူ့ညီလာခံကိုထောက်ခံသည့်အနေဖြင့် သာကေတမြို့နယ် အမှတ် (၂) ရဲစခန်းကို ဗုံးသီးဖြင့် ပစ်၍တိုက်ခိုက်ခဲ့ကြောင်း အာဏာရှင်တော်လှန်ရေးတပ်ဦး က သတင်းထုတ်ပြန်သည်။ယနေ့(ဇန်နဝါရီ ၂၇) ည ၈ နာရီ ၁၂ မိနစ်တွင် အာဏာရှင်တော်လှန်ရေးတပ်ဦးအဖွဲ့ဝင်များနှင့် The Boys LPDF တပ်ဖွဲ့ဝင်များသည် ဧရာဝဏ်လမ်းမကြီးပေါ်ရှိ အမှတ် (၂) ရဲစခန်းကို ၄၀(မမ) ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ |
Posted: 27 Jan 2022 09:25 AM PST မုံရွာ၊ ဇန်နဝါရီ၂၇၊ ၂၀၂၂။မုံရွာမြို့နယ်က ရွာတရွာကို စစ်ကောင်စီမီးရှို့နေလို့ ဒီနေ့မနက် ၉နာရီဝန်းကျင်လောက်ကစပြီး ည ၈နာရီခွဲလောက်အထိ မုံရွာမြို့က ၁၂နေရာ နီးပါးကို ဗုံး ၂၅ လုံးနဲ့ ဖောက်ခွဲခဲ့တယ်လို့ ACF Monywa အဖွဲ့တာဝန်ခံဆီက သိရပါတယ်။အဲ့ဒီနေရာတွေထဲမှာ EPC ရုံးနဲ့ မိုင်တဲ တာဝါတိုင်တွေအပါအဝင် စစ်ကောင်စီတပ်သားတွေရှိတဲ့ နေရာတွေမှာ ဖောက်ခွဲခဲ့တာလို့ ACF Monywa အဖွဲ့တာဝန်ခံက ပြောပါတယ်။"ခွေးများက အရပ်သား |
ရေယိုကျေးရွာအတွင်း အသတ်ခံရတဲ့ ရုပ်အလောင်း ၆ခုကို အိမ်သာကျင်းထဲ တွေ့ရှိ Posted: 27 Jan 2022 09:21 AM PST Photo - CJကရင်နီပြည် လွိုင်ကော်မြို့နယ် ရေယိုကျေးရွာက နေအိမ်တစ်အိမ်ရဲ့ အိမ်သာကျင်းထဲမှာ အသတ်ခံတဲ့ ရုပ်အလောင်း ၆ခုကို ဒီကနေ့ (ဇန်နဝါရီလ ၂၇ရက်နေ့) မှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ " စိန်မာတင် ဘိုဘွားရိပ်သာ နောက်လမ်း/လူ အိုရုံ လမ်းဗျ။ အဲ့နားက အိမ်တစ်အိမ်ရဲ့ ခြံဝန်းထဲမှာ အမည်မသိ ရုပ်အလောင်း ကျား၆ ဦး အိမ်သာကျွင်းထဲ မှာ ပစ်သတ်ပြီးတော့ ထည့်ထားတာဗျ။" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အသတ်ခံရတဲ့ |
မီတာခ မဆောင်သည့် ဆိုင်ခန်းနှင့် အိမ်များ မီးလိုက်ဖြတ်နေဆဲ Posted: 27 Jan 2022 09:16 AM PST ဇန်နဝါရီ ၂၇ သျှမ်းပြည်တောင်ပိုင်း ရွှေညောင်မြို့နယ်အတွင်း မီတာခ မဆောင်သည့် ဆိုင်ခန်းနှင့် အိမ်များကို ကြိုတင် သတိပေးမှုမရှိဘဲ မီးလိုက်ဖြတ်နေဆဲဖြစ်ကြောင်း သတင်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၇)ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် ရွှေညောင်မြို့ မင်္ဂလာအောင်မြေ ရပ်ကွက်အတွင်း လျှပ်စစ်ရုံးမှ အမျိုးသား ၅ ဦးသည် ကားတစ်စီးနှင့် ရောက်ရှိလာပြီး မီတာစာရွက်များ ဝေကာ ကျသင့်ငွေများကို ချက်ချင်းပေးဆောင်ခိုင်းကြောင်း |
Posted: 27 Jan 2022 09:13 AM PST January 27,2022 စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ အောင်ဆန်းရပ်ကွက် ၇လမ်းနှင့်၈လမ်းကြားရှိ အောင်ဆုမွန်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာဦးကျော်ဝင်းအား စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားပြီးနောက် ယနေ့တွင် နေအိမ်ပါ ချိတ်ပိတ်ကာ နိုင်ငံတော်ပိုင်အဖြစ်သိမ်းယူသည့် စာသားလာကပ်သွားကြောင်း ဒေသခံများမှ သိရသည်။"ဒီနေ့အဲအိမ်ကို ချိတ်လာပိတ်သွားပြီ သိမ်းပြီဆိုတဲ့သဘောပေါ့ ဘယ်သူမှနေခွင့်မရှိတော့ဘူး ပြီးတော့ ဆရာကျော်ဝင်းကိုလည်း |
ကွတ်ခိုင်မြို့အနီး စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွား Posted: 27 Jan 2022 09:11 AM PST January 27,2022ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ခန့်မှစကာရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အနီး ကုန်းဆာ ကချင်ရွာနဲ့ ပန်ဆေး ပလောင်ရွာကြားတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။"မနောကွင်းကနေလည်း ကြားရတယ်။ ခုန အိမ်ရောက်တဲ့ ထိ သေနတ် ပစ်သံ တွေ ကြားနေရတယ်။ ဒီ စစ်တပ် ၂၄၁ ကနေ ပစ်ကူပေးနေတယ်။ သေနတ်သံတော့ကြားနနီးနီးလေး ဖြစ်နေတယ်ဆိုတာတော့ သိ |
ပေါက်မြို့နယ်မှာ စစ်ကောင်စီကို လိုက်ကြည့်တယ်ဆိုတဲ့ အချက်နဲ့ ပြည်သူ ၁ဦး သတ်ခံရ Posted: 27 Jan 2022 07:39 AM PST ပေါက်၊ ဇန်နဝါရီ ၂၇၊ ၂၀၂၂။မကွေးတိုင်း ပေါက်မြို့နယ်က ကျေးရွာတခုက အသက် ၄၀ဝန်းကျင် အမျိုးသားတဦးကို စစ်ကောင်စီက သူတို့ကို လိုက်ကြည့်လို့ဆိုတဲ့ အချက်နဲ့ သတ်ပြီး သုဿန်မှာ ပစ်ထားခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။ဇန်နဝါရီ ၂၆ရက် မနေ့က နေ့လယ် ၂နာရီဝန်းကျင်က သတ်ခံလိုက်ရတာဖြစ်ပြီး အမျိုးသား ၂ဦးကို လည်း အကြောင်းမဲ့ဖမ်းသွားတယ်လို့ ပေါက်မြို့နယ် ကုက္ကိုစုကျေးရွာ ဒေသခံတဦးက ပြောပါတယ်။" ဘာကြောင့်လဲဆိုရင် သူကတဲ့ သူ |
လယ်ဇင်ရွာ PDF စခန်း ဝင်စီးခံရပြီး ရွာသား ၆ ဦးကိုဖမ်းဆီးကာ လူ ၂ ဦး ကို ပစ်သတ် Posted: 27 Jan 2022 07:37 AM PST ဓာတ်ပုံ- ယနေ့ ဝင်ရောက်စီးနင်းခံရသည့် လယ်ဇင်ရွာ PDF စခန်းတခုမုံရွာ၊ ဇန်နဝါရီ ၂၇မုံရွာမြို့နယ် လယ်ဇင်ရွာဘက်မှ PDF စခန်းတစ်ခုကို ယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့၌ အကြမ်း ဖက်စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံရွာသား ၆ ဦးကို ဖမ်းဆီးကာ အမည် မသိလူနှစ်ယောက်ကိုလည်း ပစ်သတ် ခဲ့ကြောင်း လယ်ဇင်ရွာဒေသခံများထံမှ သိရသည်။"အခုသိသလောက်က ၆ ယောက် အဖမ်းခံထားရတယ်။ အဲဒီထက်လည်းများနိုင်တယ်။ နှစ်ယောက်သေဆုံးတယ် ဖမ်းခံထားရ |
Posted: 27 Jan 2022 07:31 AM PST ဇန်နဝါရီ - ၂၇စစ်ကိုင်းတိုင်း ကန့်ဘလူနယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦးကို သူတစ်ဦးတည်းနိုင်သည်ဟု ကြုံးဝါးခဲ့သည့် ပျူစောထီးခေါင်းဆောင်ကို KBU UG ပြောက်ကျားတပ်ကရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။ယနေ့ ဇန်နဝါရီ (၂၇) ရက် မနက် (၆) နာရီခွဲအချိန်တွင် ကန့်ဘလူနယ်၊ ပျဥ်းတော်ကျေးရွာနေ ပျူစောထီးခေါင်းဆောင် ကျော်မိုးကို ရှင်းလင်းခဲ့ကြောင်း KBU UGကဆိုသည်။" PDF ငါးယောက် သူတစ်ယောက်ထဲ နိုင်တယ်ဆိုတဲ့ ပျဉ်းတော် ပျူ |
တမူးမြို့အဝင် (၄) မိုင် စစ်ဆေးရေးဂိတ် အလစ်အငိုက် တိုက်ခိုက်ခံရပြီး စကစ သုံးဦးသေ၊ ဒဏ်ရာရသူ များစွာရှိ Posted: 27 Jan 2022 07:30 AM PST ဇန်နဝါရီ - ၂၇စစ်ကိုင်းတိုင်း တမူးမြို့အဝင် (၄) မိုင် စစ်ဆေးရေးဂိတ်ကို ပကဖ တမူးနှင့် ကျောင်းသားတပ်ဖွဲ့ BSO တို့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် သုံးဦးသေပြီး အများအပြား ထိခိုက်ဒဏ်ရာရကြောင်း သတင်းရရှိသည်။ ယနေ့ ဇန်နဝါရီ (၂၇) ရက် မနက် (၁၀) နှင့် (၁၁) နာရီကြားအချိန်တွင် တမူးမြို့အဝင် (၄) မိုင်စစ်ဆေးရေးဂိတ်ရှိ စကစတပ်များကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ |
မင်းတပ်- မတူပီလမ်း (၁၆)မိုင်ကြား သွားလာခြင်းမပြုရန် သတိပေး Posted: 27 Jan 2022 07:28 AM PST ချင်းပြည်နယ် မင်းတပ်မြို့နှင့် မင်းတပ်-မတူပီလမ်း (၁၆)မိုင်အကြား သွားလာခြင်းမပြုရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ (ဇန်နဝါရီ ၂၇ ရက်)တွင် ထုတ်ပြန်သည်။ "မင်းတပ်မြို့နေ ပြည်သူများအနေဖြင့် ယနေ့ (Jan 27 ရက်) နေ့လည် ၁၂ နာရီမှစ၍ လုံခြုံဘေးကင်းမှုမရှိသောကြောင့် မင်းတပ်မြို့နဲ့ ၁၆ မိုင်အကြား သွား လာခြင်း မပြုကြပါရန် ပန်ကြားအပ်ပါသည်"ဟု မင်းတပ်မြို့နယ် ပ.အ.ဖ က ဆိုသည်။ မင်းတပ်မြို့အနောက်ရပ်ကွက် |
NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်ကို အကြမ်းဖက်စစ်ကောင်စီ ပြန်လွှတ်ပေး Posted: 27 Jan 2022 07:27 AM PST (ဦးဟံသာမြင့်ကို အခန်းအနားတစ်ခုတွင်တွေ့ရစဥ်။ ဓါတ်ပုံ-NLD)အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်အများအပြားကို ထိန်းသိမ်းထားဆဲဖြစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်ကို အကြမ်းဖက်စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။အကြမ်းဖက်စစ်တပ်က တရားမဝင်အာဏာသိမ်းမှု တစ်နှစ်နီးပါးရှိလာချိန် |
မန္တလေးရှိ ဘီယာဆိုင် သုံးဆိုင်နှင့် KTV တစ်ခု လက်လုပ်မိုင်းပစ်၊ မီးရှို့၍ သတိပေးခံရ Posted: 27 Jan 2022 07:21 AM PST ဇန်နဝါရီ - ၂၇ မန္တလေးမြို့ရှိ စစ်အုပ်စုထောက်တိုင်ဟု နာမည်ထွက်သည့် ဘီယာဆိုင်သုံးဆိုင်နှင့် KTV တစ်ခုကို လက်လုပ်မိုင်းပစ်၊ မီးရှို့ခြင်းတို့ဖြင့် သတိပေးခံခဲ့ရကြောင်း သတင်းရရှိသည်။ အဆိုပါဆိုင်များ အပါအဝင် မန္တလေးမြို့ရှိ ဘီယာဆိုင်များနှင့် KTV များသို့ စစ်အုပ်စုနှင့် မပတ်သက်ရန် ဇန်နဝါရီလ (၂၄)ရက်နေ့တွင် အသိပေးစာ ထုတ်ပြန်ခဲ့ပြီး မလိုက်နာသည့်ဆိုင်များကို သုံးရက်စောင့်ကြည့်ခဲ့ကြောင်း Justice Mandalay |
အမရပူရမြို့နယ်မှ အကွက်မှူးတစ်ဦး အသတ်ခံရ Posted: 27 Jan 2022 07:18 AM PST ဇန်နဝါရီ - ၂၇ မန္တလေး အမရပူရမြို့နယ်မှ အကွက်မှူးတစ်ဦး ယနေ့ အသတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။ ရဲလွန်းကျော်အုပ်စု၊ ဘုံးအိုးကျေးရွာ အနောက်ရပ်ကွက်၏ အကွက်မှူး အသက် (၅၅)နှစ်အရွယ် ဦးခင်မောင်ဌေးဆိုသူ အသတ်ခံရခြင်းဖြစ်ပြီး ဘယ်ဘက်မျက်စိ၊ ညာဘက်နားတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် ပြုလုပ်သည်ကို မသိရသေးဘဲ ဘုံးအိုးကျေးရွာနှင့် ရဆနာဂူ့ |
Posted: 27 Jan 2022 07:14 AM PST ဇန်နဝါရီ(၂၅)ရက်နေ့က အကြမ်းဖက်စစ်တပ် အရာတော်မြောက်ပိုင်း၊ အောင်ချမ်းသာကျေးရွာသို့ ရောက်ရှိလာပြီး ရွာထိပ် ရာပြည့်ဘုရားဝင်းတွင် တပ်စွဲစခန်းချကာ ရွာခံပြည်သူများကို ဖမ်းဆီးစစ်ဆေးခဲ့သည်။ ထိုသို့ နှိပ်စက်စစ်ဆေးရာတွင် အသက်(၂၃)နှစ်အရွယ် အောင်ချမ်းသာရွာခံ၊မောင်သော်ဇင်ထွန်း(ခ)ငသော် သည် ဆိုးဆိုးဝါးဝါးနှိပ်စက်ခံထားရကြောင်း ပြန်လည်လွတ်မြောက်လာသူများထံမှ သိရှိရသည်။"သွေးတွေရဲနေတာပဲ။ ဓားနဲ့ မွှမ်းပြီး သူ့ကို PDF |
ပရဒတ်ရွာမှာ ပြည်သူတစ်ဦးကို ပျူစောထီးအဖွဲ့ပစ်သတ် Posted: 27 Jan 2022 07:12 AM PST တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၂၇ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ပရဒတ်ရွာမှာ အသက် ၄၆ နှစ်အရွယ်အမျိုးသားတစ်ဦးကို ပျူစောထီးအဖွဲ့က သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီနေ့ နံနက် ၁၀ နာရီဝန်းကျင်က ပရဒတ်ရွာမှာရှိတဲ့ ဥယျဥ်ခြံမှာ သစ်ပင်ရေလောင်းနေတဲ့ ဦးကျော်ဝင်း (ရွာခေါ်နာမည် ဖပလက်) ကို ပျူစောထီးအဖွဲ့ဝင်တွေလာရောက်ပစ်သတ်ခဲ့လို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။ "မနက်၁၀နာရီ ၁၅လောက်မှာ |
Posted: 27 Jan 2022 07:10 AM PST တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၂၇ အသံတိတ်သပိတ်ပြုလုပ်မယ့် ဖေဖော်ဝါရီလ ၁ ရက်မှာ ထားဝယ်မြို့က ဌာနဆိုင်ရာဝန်ထမ်းတွေကို နံနက် ၁၀ နာရီခွဲမှ ရုံးတက်ဖို့နဲ့ ညနေ ၃ နာရီခွဲမှာ ရုံးဆင်းဖို့ ဖုန်းဆက်ညွှန်ကြားတာတွေရှိနေတယ်လို့ သိရပါတယ်။ ထားဝယ်မြို့မှာရှိတဲ့ ဌာနဆိုင်ရာအသီးသီးကို ထားဝယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဖုန်းဆက်ညွှန်ကြားနေတာဖြစ်တယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းကနေသိရပါတယ်။ အာဏာသိမ်းတစ်နှစ်ပြည့်နေ့ |
အကြမ်းဖက်စစ်ကောင်စီတပ်သား (၂၀) ကျော်သေဆုံးခဲ့သော ချင်းတွင်းမြစ်ကြောင်းတစ်လျောက်တိုက်ပွဲ (ရုပ်သံ) Posted: 27 Jan 2022 07:01 AM PST ဇန်နဝါရီ ၂၇ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ဆန်တက်လာသော စကစရေယာဥ်များအား ယနေ့ မနက် ၁၁ နာရီခန့်က ကဲဒေါင်ရွာနှင့် ရေသာရွာသစ်ရွာကြားတွင် KLG PDF -Kani နှင့် ဒေသတွင်း မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။အဆိုပါတိုက်ပွဲအတွင်း " စကစဘက်မှ အနည်းဆုံး (၂၀) ခန့် မရဏလမ်းသို့ ပေးပို့နိုင်ခဲ့ကြောင်းနှင့် စကစစက်လှေတစ်စီး KLG PDFအဖွဲ့ရဲ့ လက်လုပ်40စာမိပီး မီးများဆွဲလောင်နေ |
Posted: 27 Jan 2022 06:55 AM PST Photo - အကြမ်းဖက်စစ်သားများ (ပုံဟောင်း) ဇန်နဝါရီ ၂၇စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်နှင့် တန့်ဆည်နယ်အစပ် ညောင်ကိုင်း အင်တိုင်းရွာအနီးတွင် အကြမ်းဖက်စစ်အုပ်စုအား ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်နေ့က ကျွန်းလှ PDF မှ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စနိုက်ပါသမားအပါအဝင် စကစတပ်သား (၆) ဦးသေဆုံးပြီး (၂၆) ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။" စနိုက်ပါသမားမှာ ကျွန်းလှဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ |
စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကူညီပေးသည့် မည်သည့် ယာဥ်မျိုးကိုမဆို အရေးယူမည်ဟု ရေဦး PDF ထုတ်ပြန် Posted: 27 Jan 2022 06:53 AM PST ဇန်နဝါရီ ၂၇၊ ၂၀၂၂။စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကူညီပေးသည့် မည်သည့်ယာဥ်မျိုးကိုမဆို အရေးယူတော့မည်ဖြစ်ကြောင်း ရေဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်လိုက်သည်။ယနေ့ ဇန်နဝါရီလ ၂၇ ရက် နံနက် ၁၀ နာရီကျော်ခန့်တွင် ရေဦးမြို့နယ် သရက်ပင်ရွာ၌ ဒဏ်ရာရရှိထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကူညီပို့ဆောင်ပေးခဲ့သော ပုညကုသလနာရေးအသင်းအား စတင်သတိပေးလိုက်ခြင်း ဖြစ်သည်။"ကျွန်တော်တို့ဘက် |
Posted: 27 Jan 2022 06:51 AM PST မတူပီ-မင်းတပ်လမ်းပေါ်၌ စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ဟု မတူပီ CDF က ယနေ့ ဇန်နဝါရီလ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။ယမန်နေ့ ဇန်နဝါရီလ ၂၆ရက် နံနက် ၉ နာရီတွင် မတူပီ-မင်းတပ် လမ်းမ အတိုင်း မတူပီတပ်စခန်းမှ စတင်ထွက်ခွာလာသော စစ်ယာဉ်တန်းကို CDF Matupi မှ မိုင်တိုင် (၈၀) အရောက်၌ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း |
တာချီလိတ် ဈေးဆိုင်ခန်းများ ဖေဖော်ဝါရီလ ၁ ရက် မပိတ်ရန် လက်မှတ်လိုက်ထိုးခိုင်း Posted: 27 Jan 2022 06:49 AM PST မဲခေါင်၊ ဇန်နဝါရီ ၂၇စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ် - Silent Strike ပြုလုပ်မည့် ဖေဖော်ဝါရီလ ၁ ရက်တွင် တာချီလိတ်မြို့ရှိ ဈေးဆိုင်များ မပိတ်ရန် စည်ပင်၊ ရဲနှင့် ထွေအုပ်ပေါင်းကာ ဇန်နဝါရီလ ၂၇ ရက်က လက်မှတ်လိုက်ထိုးခိုင်းနေကြောင်း သိရသည်။တာချီလိတ်မြို့နယ်အတွင်းရှိ ဈေးများမှ ဆိုင်ခန်းများသာမက ပြင်ပတွင်ဖွင့်လှစ်ထားသည့် ဈေးဆိုင်နှင့် လုပ်ငန်းများကိုပါ မပိတ်ရန် လက်မှတ်လိုက်ထိုးခိုင်းခြင်းဖြစ်ကြောင်း |
Posted: 27 Jan 2022 06:47 AM PST မဲခေါင်၊ ဇန်နဝါရီ ၂၇စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းပြသသည့် အသံတိတ်သပိတ်တွင် ရှမ်းပြည်နယ်အတွင်းမှ ဈေးဆိုင်နှင့် လုပ်ငန်းများ ပါဝင်ခြင်းမပြုရန် ရှမ်းပြည်နယ်စည်ပင် ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ဇန်နဝါရီလ ၂၆ ရက်က ညွှန်ကြားချက်ထုတ်ပြန်ထားသည်။အသံတိတ်သပိတ်တွင် ဈေးဆိုင်များ၊ လုပ်ငန်းများပိတ်ကာ ပါဝင်ခြင်းမပြုနိုင်ရန်အတွက် ရည်ရွယ်ကာ ပုံမှန်ပိတ်ရက်များမှအပ အခြားရက်များတွင် မပိတ်ရန်နှင့် စစ်အာဏာရှင်ဆ |
လွိုင်ကော်တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ တပ်သား ၁ဦးသေ Posted: 27 Jan 2022 06:45 AM PST မဲခေါင်၊ ဇန်နဝါရီ ၂၇ကယားပြည်နယ်၊ လွိုင်ကော်မြို့ နယ်၊ မှုံပြာကန် အနီးသို့ စစ်ကောင်စီတပ်များက ယနေ့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့်အတွက် ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ - ဒီမောဆို - DMO – PDF ဖြင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း DMO-PDF က သတင်းထုတ်ပြန်သည်။စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့်အတွက် DMO-PDF က ခုခံတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ဦး စနိုက်ပါထိမှန် သေဆုံးသွားကြောင်း ထုတ်ပြန် |
Posted: 27 Jan 2022 06:44 AM PST ဓာတ်ပုံ_CJ - "မြန်မာပြည်ကိုကယ်တင်ရေး စစ်ကောင်စီကို ငွေမပေး" ကမ်ပိန်းတွင် ပါဝင် ဆန္ဒပြခဲ့ကြသော ပြည်ပရောက် မြန်မာနိုင်ငံသားများ (အဟောင်း)ဇန်နဝါရီ ၂၇ ရက် စစ်အာဏာသိမ်းပြီး တစ်နှစ်ခန့်ကြာချိန်အထိ မြန်မာနိုင်ငံအတွင်း စစ်တပ်နှင့်ဆက်စပ်နေသော စီးပွါးရေးလုပ်ငန်းများနှင့် အကျိုးတူပူးပေါင်းလုပ်ဆောင်ခြင်းများသည် အန္တရာယ်များလွန်းသည်ဟု အမေရိကန်အစိုးရမှ ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်နေ့က သတိပေးချက်ထုတ်ပြန်ခဲ့သည်။ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.