သစ္ထူးလြင္ |
- ကြက်စားပြင်ရပ်ကွက်နေထိုင်သူ ပျူစောထီးသားဖနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်အဖွဲ့မှ ရှင်းလင်း
- တင့်ကားပါသောစစ်ကောင်စီတပ်ယာဉ်တန်းအား ဟိုပင် PDFတိုက်ခိုက်၊ စစ်ကောင်စီတပ်၁၀ဦးထက်မနည်း သေဆုံး
- မန္တလေး၌ စကစ ရဲသတင်းပေးတစ်ဦး သေနတ်သုံးချက် ပစ်ခတ်ခံရ၊ မသေ၊
- ဝမ်းတွင်းမြို့နယ် ခံတောရွာ စကစခန့်အုပ်ချုပ်ရေးမှူး အသတ်ခံရ၊
- လွိုင်ကော်တွင် စစ်ရှောင်ပြည်သူများ၏ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
- မြောင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းအား မဟာမိတ် PDF များ ပူးပေါင်းတိုက်ခိုက်ရာ စကစတပ်သား (၄) ဦး နေရာတွင်သေဆုံးပြီး (၂၀) ဝန်းကျင်ဒဏ်ရာရ
- ဘာအံခရိုင် ဝါးဘိုးတောလမ်းမှာ စစ်ကောင်စီကားတိုက်ခိုက်ခံရ၊ ၂ ဦးသေဆုံး
- ကျောင်းကုန်းရွာနှင့် ကုန်းဆွတ်ကျေးရွာ အနီးတိုက်ပွဲ၌ စစ်ကောင်စီတပ်များ ထိခိုက်ကျဆုံးမှုများဟု လွိုင်ကော် PDF ထုတ်ပြန်
- စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်ခဲ့သည့် လွိုင်ကော် ထူဒူငံသမှ သားမိနှစ်ဦးသည် စိတ်ပုံမှန် မရှိကြသူများဟု ဆို
- တာချီလိတ်လွှတ်တော်အမတ် အပါအဝင် ၅ ဦးကို သေဒဏ်ချနိုင်သည့် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲထားကြောင်း ဘုတ်ထောင်ကာ စစ်ကောင်စီကြေညာ
- နတ်တလင်းတွင် အသံတိတ်သပိတ် မလုပ်ရန် လော်စပီကာဖြင့် လိုက်အော်သူ သေနတ် ၃ ချက် ပစ်ခတ်ခံရ
- လှိုင်သာယာမြို့နယ်က EPC ရုံး (၂) ရုံးကို မဟာမိတ် (၄)ဖွဲ့ပေါင်း၍ ပူးပေါင်းတိုက်ခိုက်
- ပုသိမ်တွင် စစ်ကောင်စီက မီတာခ အတင်းအကြပ်ကောက်ခံနေပြီး မပေးသည့် နေအိမ်များမှ မီတာများလိုက်ဖြုတ်နေ
ကြက်စားပြင်ရပ်ကွက်နေထိုင်သူ ပျူစောထီးသားဖနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်အဖွဲ့မှ ရှင်းလင်း Posted: 28 Jan 2022 10:25 AM PST ထားဝယ် ၊ဇန်နဝါရီလ ၂၈ ရက်ထားဝယ်မြို့၊ကြက်စားပြင်ရပ်ကွက်၊ဘူတာလမ်းနေထိုင်သူ ပျူစောထီးသားဖနှစ်ဦး ယနေ့နံနက်ပိုင်းက သတ်ခံရသည်။ဇန်နဝါရီ(၂၈)ရက်၊နံနက်(၁၀)နာရီခန့်က အဖေဖြစ်သူ ဦးမောင်လေး၊သားဖြစ်သူ ကိုသန့်ဇင်စိုး (ခ)ဘဲခမ်း ဆိုသူသားဖနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်အဖွဲ့ကရှင်းလင်းသုတ်ခဲ့ကြောင်းထုတ်ပြန်ထားပါသည်။ယင်းပျူစောထီးသားဖနှစ်ဦးသည် ရပ်ကွက်အတွင်းဆိုးသွင်း၍ဒုစရိုက်အမျိုးစုံလုပ်ဆောင်နေပြီးအရင် |
တင့်ကားပါသောစစ်ကောင်စီတပ်ယာဉ်တန်းအား ဟိုပင် PDFတိုက်ခိုက်၊ စစ်ကောင်စီတပ်၁၀ဦးထက်မနည်း သေဆုံး Posted: 28 Jan 2022 10:12 AM PST ( ရုပ်သံဖိုင် ဟိုပင်-PDF )ကချင်ပြည်နယ်မိုးညှင်းမြို့မှ မိုးကောင်းမြို့သို့ တက်လာသည့် တင့်ကားများပါဝင်သောစစ်ကောင်စီတပ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဟိုပင်)က ယနေ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း PDF(ဟိုပင်) ကထုတ်ပြန်သည်။ ယနေ့ (ဇန်နဝါရီ ၂၈ရက်) နံနက် ၁၁ နာရီခန့်တွင် တင့်ကားပါသည့် စစ်ယာဉ်တန်းကို ငါးမိုင်နှင့် ကြာကြီးကွင်း တွင် မိုင်းဆွဲ |
မန္တလေး၌ စကစ ရဲသတင်းပေးတစ်ဦး သေနတ်သုံးချက် ပစ်ခတ်ခံရ၊ မသေ၊ Posted: 28 Jan 2022 10:08 AM PST ဇန်နဝါရီ - ၂၈မန္တလေးမြို့၌ စကစ ရဲများအတွက် နယ်မြေခံ သတင်းပေး (အင်ဖော်မာ)အဖြစ် လုပ်ကိုင်နေသူ အမျိုးသားတစ်ဦး ယနေ့ ညနေပိုင်းက မဟာအောင်မြေမြို့နယ် (၉၂)လမ်း နှင့် (၄၁)လမ်းအနီးတွင် သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခံရသော်လည်း အသက်မသေသေးကြောင်း ဒေသခံသတင်းရင်းမြစ်များက MFP သို့ ပြောသည်။"သေနတ်နဲ့ သုံးချက်ပစ်တာ၊ မသေဘူး။ လက်မောင်း နဲ့ ပေါင် မှန်တယ်လို့ ကြားတယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။ယနေ့ ဇန်နဝါရီ(၂၈)ရက် ညနေ(၄)နာရီ |
ဝမ်းတွင်းမြို့နယ် ခံတောရွာ စကစခန့်အုပ်ချုပ်ရေးမှူး အသတ်ခံရ၊ Posted: 28 Jan 2022 10:07 AM PST ဇန်နဝါရီ - ၂၈မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်၊ ခံတောကျေးရွာ စကစခန့် အုပ်ချုပ်ရေးမှူးကို ယနေ့ ညနေပိုင်းတွင် သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဝမ်တွင်းမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ - WTRF က သတင်းထုတ်ပြန်သည်။အဆိုပါ ခံတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သန်းသည် သတိပေး တားမြစ်ချက်ကို မလိုက်နာဘဲ စကစနှင့် ပူးပေါင်းကာ ဒေသခံပြည်သူများကို ဒုက္ခပေးနေသဖြင့် ယနေ့ ဇန်နဝါရီ(၂၈)ရက် ညနေပိုင်းတွင် ရှင်းလင်းသုတ်သင်ခဲ့ခြင်း |
လွိုင်ကော်တွင် စစ်ရှောင်ပြည်သူများ၏ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး Posted: 28 Jan 2022 10:02 AM PST လွိုင်ကော် - ဇန်နဝါရီ ၂၈ ၊ ၂၀၂၂ ။ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်အတွင်းရှိ နေအိမ်ငါးလုံး ယနေ့ နံနက် ကိုးနာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့ကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားခဲ့သော ဒေါဥခူရပ်ကွက်တွင် စစ်ကောင်စီစစ်ကြောင်းက တပ်စွဲခဲ့ကြောင်း ယုံကြည်ထိုက်သည့် ရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။ "ကျွန်တော်တို့ကို ငယ်ငယ်က စာသင်ပေးတဲ့ ဆရာမအိမ်ပါသွားတယ်။ အားလုံးပေါင်း |
Posted: 28 Jan 2022 10:00 AM PST ဇန်နဝါရီ ၂၈စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းမှ ထွက်ခွာလာသော အင်အား (၅၀) ခန့်သည် တမဆေးကန်ရွာ၌ ညအိပ်တပ်စွဲ၍ ပြန်လည်ထွက်ခွာလာရာ နဘက်တာတစ်နေရာတွင် 27 Revolution Forces (မြင်းခြံ)၊ Myaung Special People's Defense Force – MSPDF၊ Myaung Generation Guerilla Force (MGGF) ညီနောင်မဟာမိတ်(၃)ဖွဲ့မှ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအား မိုင်း (၃)လုံးခွဲ၍ ဆီးကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။" ထို |
ဘာအံခရိုင် ဝါးဘိုးတောလမ်းမှာ စစ်ကောင်စီကားတိုက်ခိုက်ခံရ၊ ၂ ဦးသေဆုံး Posted: 28 Jan 2022 09:58 AM PST ဓာတ်ပုံ - KNLA စစ်သားတချို့ကို ရှေ့တန်းတနေရာမှာတွေ့ရစဉ်။ (Photo: Salween Press) ဇန်နဝါရီလ ၂၈ ရက်နေ့၊ ၂၀၂၂ကရင်ပြည်နယ် ဘားအံခရိုင် ဝါးဘိုးတောနှင့်ကမမောင်းလမ်းပေါ်ရှိ နိုးကွာရွာအောက်ဖက်နားတွင် ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်၂ နာရီခွဲအချိန်တွင် ရိက္ခာတင်ဆောင်လာသည့်စစ်ကောင်စီကားတစ်စီးကို KNLA တပ်ရင်း ၁ တပ်ဖွဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ကားတစ်စီးလုံးဝပျက်စီးပြီးစစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးတယ်လို့ |
Posted: 28 Jan 2022 09:55 AM PST ဇန်နဝါရီလ ၂၈ရက်တွင် ကျောင်းကုန်းရွာနှင့် ကုန်းဆွတ်ကျေးရွာ အနီး စစ်ကြောင်းထိုးဝင်လာသော စစ်ကောင်စီ အကြမ်းဖက် ၁၅၀ ခန့် နှင့် ပြည်သူ့တပ်များထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။လွိုင်ကော် PDF ၏ တပ်ခွဲ (၅) နှင့် KNDF တို့ ပါဝင်တိုက်ခိုက်ခဲ့ကြပြီး ညနေ ၃ နာရီ ဝန်းကျင်ခန့်မှ စ တင်ဖြစ်ပွားကာ ၃ နာရီ ၄၅ မိနစ်ခန့်ထိ ကြာမြင့်ခဲ့သည်။ ယင်းတိုက်ပွဲတွင် အကြမ်းဖက်အဖွဲ့ဝင်များ အလစ်အငိုက် အတိုက်ခိုက်ခံလိုက်ရပြီး |
Posted: 28 Jan 2022 09:52 AM PST ဓာတ်ပုံ - ရွှေညောင်ပင်လူမှုကူညီရေးအသင်း။ဇန်နဝါရီ ၂၈ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်နီပြည် (ကယားပြည်နယ်) လွိုင်ကော်မြို့နယ် ထူဒူငံသရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်ခဲ့သော သားမိနှစ်ဦးမှာ စိတ်အခြေအနေ ပုံမှန်မရှိသူများဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။စစ်ကောင်စီတပ်များ ဝင်ရောက်စစ်ကြောင်းထိုးခဲ့ပြီး မွှေနှောက်ဖျက်ဆီးခဲ့သည့် ထူဒူငံသရွာတွင် သေဆုံးသားမိနှစ်ဦး၏ ရုပ်အလောင်းကို ယနေ့ ဇန်ဝါရီလ ၂၈ရက်၌ တွေ့ရှိခဲ့ရ |
Posted: 28 Jan 2022 09:50 AM PST မဲခေါင်၊ ဇန်နဝါရီ ၂၈တာချီလိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းစွမ်အပါအဝင် ၅ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ)ဖြင့် အမှုဖွင့်ထားပြီး တွေ့ရှိပါက အကြောင်းကြားရန် အာဏာသိမ်းစစ်ကောင်စီက ဘေလ်ဘုတ်ထောင်ကာ ဇန်နဝါရီလ ၂၈ ရက်က ကြေညာထားသည်။တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်းတွင် ဘေလ်ဘုတ်ထောင်ကြေညာထားခြင်းဖြစ်ပြီး ဦးဝင်းစွမ်၊ နိုင်မင်းထွန်း၊ ကောင်းဆက်၊ နေမျိုးဦးနှင့် ရှာမွေလှတို့ ၅ ဦးကို |
နတ်တလင်းတွင် အသံတိတ်သပိတ် မလုပ်ရန် လော်စပီကာဖြင့် လိုက်အော်သူ သေနတ် ၃ ချက် ပစ်ခတ်ခံရ Posted: 28 Jan 2022 09:48 AM PST ဇန်နဝါရီ ၂၈ ရက်ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ တံခွန်တိုင်ရွာတွင် ယနေ့ မနက်ပိုင်းက ဖေဖော်ဝါရီ ၁ ရက်နေ့ အသံတိတ်သပိတ်ကို ပြည်သူများပါဝင်ပါက အရေးယူခံရမည်ဖြစ်ကြောင်း လော်စပီကာဖြင့် လိုက်လံအော်နေသူတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု ဒေသတွင်း သတင်းများမှ သိရသည်။ပစ်ခတ်ခံရသူမှာ တံခွန်တိုင်အရှေ့စုနေ စစ်တပ်သတင်းပေး ဒလန် ကျော်မင်းသူ ဆိုသူဖြစ်ပြီး၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဆိုင်များမဖွင့်ပါက အရေးယူမည် |
လှိုင်သာယာမြို့နယ်က EPC ရုံး (၂) ရုံးကို မဟာမိတ် (၄)ဖွဲ့ပေါင်း၍ ပူးပေါင်းတိုက်ခိုက် Posted: 28 Jan 2022 09:46 AM PST ( ဇန်နဝါရီလ ၂၈ ရက် )ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်း EPC ရုံးနှင့် ဓာတ်အားထိန်းရုံဖြစ်သော စက်မှုဇုန် EPC ရုံး (၂)ရုံးကို ဒီကနေ့ည အချိန်က မဟာမိတ် (၄)ဖွဲ့ပေါင်း၍ ပူပေါင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။အဆိုဖောက်ခွဲတိုက်ခိုက်ခြင်းကို ဒေသအခြေစိုက်အဟာမိတ်အဖွဲ့များဖြစ်ကြသော Ferr Tiger Ranger၊ Black Eagle Ranger၊ Spring Revolution Flames (SRF) နှင့် Gods Of Death (GOD) တို့က |
ပုသိမ်တွင် စစ်ကောင်စီက မီတာခ အတင်းအကြပ်ကောက်ခံနေပြီး မပေးသည့် နေအိမ်များမှ မီတာများလိုက်ဖြုတ်နေ Posted: 28 Jan 2022 09:45 AM PST ပုသိမ်၊ ဇန်နဝါရီ ၂၈ ရက်ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီက မီတာခတွေ အတင်းတောင်းခံနေပြီး မပေးတဲ့နေအိမ်တွေကို မီတာ ဖြုတ်တာတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။စစ်ကောင်စီက ဇန်နဝါရီလဆန်းပိုင်းက စတင်ကာ အမှတ် ၂ ရပ်ကွက်ထဲက နေအိမ်တွေကို မီတာလိုက်ဖြုတ် နေတာလို့ ဒေသခံတွေက ပြောပါတယ်။" မီတာကောက်တာက အရင်အကျွေးတွေပါ ပေါင်းကောက်တာ မဆောင်ခဲ့တဲ့ဟာတွေရော ကိုဗစ်တုန်းက လျော့ပေးထားတဲ့ဟာတွေပါ ကောက်တော့ မပေးနိုင်ကျတော့ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.