သစ္ထူးလြင္ |
- လေးကေ့ကော်တိုက်ပွဲတွင် CDM တပ်ကြပ်ကြီးတစ်ဦး ကျဆုံး
- စဉ့်ကူး - မတ္တရာလမ်းတွင် စစ်ကား မိုင်းဆွဲမှု စကစ (၁၃)ဦး ထိဟု မတ္တရာ ပ.က.ဖ အတည်ပြု
- CDM စစ်သားများ ထုတ်လုပ်သည့် မိုင်းနှင့် ဒရုန်းတပ် ဗုံးများကို မန္တလေးနှင့် စစ်ကိုင်းတိုင်းသို့ ဖြန့်ဝေပေးမည်
- လေးကေ့ကော်မြို့သစ်တွင် တိုက်ပွဲထပ်မံဖြစ်ပွား အာဏာသိမ်းစစ်ကောင်စီတပ်မှ (၄)ဦးသေဆုံး
- စစ်ကောင်စီ လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် အင်းတော်တွင် ကလေးသူငယ်အပါအဝင် အမျိုးသမီးလေးဦးသေဆုံး
- ပုလဲမြို့နယ်မှလာသော စကစယာဉ်တန်းအား PDF များက နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် စကစတပ်သား (၅၂) ဦးသေဆုံး
- စစ်ကြောင်းထိုးလာသော စကစတပ်နှင့် ကရင်နီတပ်မတော် KAတို့ တိုက်ပွဲဖြစ်ပွား၍ ဒုရင်းမှုးအပါအဝင် စကစတပ်သား (၁၆) ဦးသေဆုံး
- ဖာပွန်မြို့နယ် နို့ဖောထီးရွာအနား စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရ၊ ၄ ဦးသေ၊ ၆ ဦးဒဏ်ရာရဟုဆို
- KNU နယ်မြေမှာ ဒီဇင်ဘာလအတွင်း တိုက်ပွဲ ၃၀၀ ကျော်ဖြစ်ပွား၊ စစ်ကောင်စီ ၂၆၀ ကျော်သေဆုံး၊ ၁၈၀ ကျော်ဒဏ်ရာရဟုဆို
- မင်းတပ်ရှိ ဒေါက်တာ အငြိမ်းဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ် ဖျက်ဆီး
- အဆပလအဖွဲ့က မြောက်ဒဂုံရှိ ရထားသံလမ်းချောင်းကူးတံတားကို အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲ
- ဒရုန်းနဲ့တပ်ဆင် တိုက်ခိုက်နိုင်တဲ့ UVA ဗုံးအမြောက်အမြားထုတ်လုပ်နေပြီလို့ PSPTထုတ်ပြန်
- ရှမ်းမြောက် နမ့်ခမ်း တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ထက်မနည်း သေဆုံး၍ (၆) ဦးဒဏ်ရာရ
- မိုးညိုမြို့နယ်ကစည်ပင်ရုံးနှင့် ထွေအုပ်ရုံးတွေဗုံးခွဲတိုက်ခိုက်ခံရ
- ဖယ်ခုံ ကြံ့ခိုင်ရေးရုံး ဗုံးပေါက် NLD ပြည်နယ်လွှတ်တော်အမတ်နေအိမ်ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်
- နမ့်ခမ်းမြို့အနီး TNLA နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ် တနှစ်သားကလေး အပါအဝင် အရပ်သား(၆)ဦး ထိခိုက်ဒဏ်ရာရ
- မင်းကင်းရှိ စကစဂိတ်ကို တိုက်ခိုက်၊ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး စကစ လေး ဦး သေဟုဆို
- ပုလဲ - ယင်းမာပင် လမ်းတွင် ယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုက လယ်ငေါက်ရွာကို မီးရှို့
- တာမွေတွင် ယမန်နေ့ညဗုံးခွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်မှ သုံးဦးထက်မနည်းသေဟုဆို
- မတူပီ CDF တိုက်ခိုက်၍ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် သုံးဦးထပ်မံသေဆုံးဟု ထုတ်ပြန်
- စောဖျားရွား ပျူးစောထီးအဖွဲ့ဝင် အမျိုးသားတစ်ဦး လည်ပင်း ပြတ်ရှဒဏ်ရာဖြင့် သေဆုံး
- ပခုက္ကူ PDF က အကြမ်းဖက်စစ်ကောင်စီ ၁၀၁ တပ်တွင်းသို့ ရှော့ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်
- လှိုင်သာယာမြို့နယ် ရပ်ကွက်ဧည့်စာရင်းရုံး ဗုံးပေါက်ကွဲ၍ ရာအိမ်မှူးအပါအဝင် (၄)ဦး ထိမှန်
- ကန့်ဘလူ ဇီးကုန်းသကြားစက်မှ ထွက်လာသော စကစများကို မိုင်းဆွဲ၊ စကစ သုံးဦးထိ
- ရေဦးမြို့ အင်တောရွာမှ စစ်ဘေးရှောင် အမျိုးသားနှစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးသတ်ဖြတ်၊ မီးရှို့ အလောင်းဖျောက်
လေးကေ့ကော်တိုက်ပွဲတွင် CDM တပ်ကြပ်ကြီးတစ်ဦး ကျဆုံး Posted: 05 Jan 2022 10:20 AM PST လေးကေ့ကော်မြို့သစ် ခုခံစစ်တိုက်ပွဲတွင် ပြည်သူနှင့်အတူပူးပေါင်းခဲ့သည့် CDM တပ်ကြပ်ကြီးတစ်ဦး ကျဆုံးသွားကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ယနေ့(ဇန်နဝါရီ ၅)ထုတ်ပြန်သည်။စစ်ကောင်စီတပ်နှင့်တိုက်ပွဲတွင် ကျဆုံးသွားသည့် ပြည်သူ့ဘက်တော်သား အသက် ၃၂နှစ်အရွယ် CDM တပ်ကြပ်ကြီးစာရေး ကိုကျော်ကြီးမှာ ယမန်နေ့(ဇန်နဝါရီ ၄) တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။"CDM ဝင်ရုံသာမက စစ်အာဏာရှင်ကို |
စဉ့်ကူး - မတ္တရာလမ်းတွင် စစ်ကား မိုင်းဆွဲမှု စကစ (၁၃)ဦး ထိဟု မတ္တရာ ပ.က.ဖ အတည်ပြု Posted: 05 Jan 2022 10:19 AM PST ဇန်နဝါရီ - ၅စဉ့်ကုးဘက်မှ ဆင်းလာသော အကြမ်းဖက် စစ်ကောင်စီ၏ ကားများကို ဇန်နဝါရီ(၄)ရက် မနက်ပိုင်းက မတ္တရာမြို့နယ်အတွင်း မိုင်းနှစ်လုံးခွဲ၍ တိုက်ခိုက်ခဲ့ရာ စကစ (၁၃)ဦး ထိခိုက်မှုရှိကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပ.က.ဖ မတ္တရာက အတည်ပြုသည်။"အင်အား(၁၅)ဦးလိုက်ပါတဲ့ စကစကားမှာ နှစ်ဦးပဲ ပြန်ထိုင်လိုက်နိုင်တာကို တွေ့ရပါတယ်။ (၁၃)ဦး ထိမယ်လို့ ခန့်မှန်းရပြီး အကျအဆုံး စာရင်းကိုတော့ ကျွန်တော်တို့ |
Posted: 05 Jan 2022 10:17 AM PST PSPT က ထုတ်လုပ်ထားသော မိုင်းအချို့/ Photo – PSPTဇန်နဝါရီ - ၅ပြည်သူ့စစ်သား စစ်လက်နက် ထုတ်လုပ်ရေးအဖွဲ့ - People Soldiers' Production Team (PSPT) သည် ရှေ့ထွက်မိုင်း၊ ကားမိုင်းများနှင့် ပဒေသာမိုင်းများ ထပ်မံ ထုတ်လုပ်ထားပြီး အဆိုပါ စစ်လက်နက်များကို မန္တလေးနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ LDF၊ PDF နှင့် UG တပ်ဖွဲ့များထံ ဖြန့်ဝေ ပေးအပ်မည်ဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။PSPT အဖွဲ့ကို စစ်တက္ကသိုလ်(DSTA) |
လေးကေ့ကော်မြို့သစ်တွင် တိုက်ပွဲထပ်မံဖြစ်ပွား အာဏာသိမ်းစစ်ကောင်စီတပ်မှ (၄)ဦးသေဆုံး Posted: 05 Jan 2022 10:14 AM PST ဇန်နဝါရီ ၅၊ ၂၀၂၂။ ဒူးပလာယာယမန်နေ့ နံနက် (၄)နာရီခွဲအချိန်ခန့်တွင် အာဏာသိမ်းစစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံ ခလရ- ၂၀၇ တပ်ရင်းနှင့် KNLA တပ်ရင်း (၂၇)တို့ ကေအဲန်ယူ- ဒူးပလာယာခရိုင်၊ လေးကေးကော် ရက်ကွက် (၃) တွင် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်၊၊ တိုက်ပွဲဖြစ်ပွားချိန်တွင် အာဏာသိမ်းစစ်ကောင်စီ တပ်မှ လေးကေ့ကော်မြို့သစ် ရပ်ကွက်(၃) ထဲတွင် လက်နက်ကြီး အချက်(၃၀)ကျော်ခန့်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများ |
စစ်ကောင်စီ လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် အင်းတော်တွင် ကလေးသူငယ်အပါအဝင် အမျိုးသမီးလေးဦးသေဆုံး Posted: 05 Jan 2022 10:09 AM PST အင်းတော် - ဇန်နဝါရီ ၅၊ ၂၀၂၂။ စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် အင်းတော်မြို့နယ်တွင် ယမန်နေ့က အမျိုးသမီးလေးဦး သေဆုံးခဲ့ကြောင်းသိရသည်။သေဆုံးသွားသူ အမျိုးသမီးလေးဦးမှာ ဂဟဲကျေးရွာတွင်နေထိုင်ကြသူများဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။ "အမျိုးသမီး လေးယောက် ဆုံးတယ်။ ဂဟဲရွာသူတွေပါ။ အဲ့ထဲက သုံးယောက်က အသက်မပြည့်သေးဘူး။ ညီအစ်မသုံးယောက်ပါ ၁၆အောက်တွေ။ ၁၆နှစ်က |
Posted: 05 Jan 2022 10:07 AM PST ဇန်နဝါရီ ၅စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှထွက်ခွာလာသော အင်အားအပြည့်ဖြင့် ကား (၃၈) စီးပါ စစ်ကောင်စီယာဉ်တန်းအား ယမန်နေ့ ဇန်နဝါရီ ၄ ရက်နေ့က သရက်ကန်ရွာကြားအရောက်တွင် PDF များမှ မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီးခါးပြတ်ထွက်သွားပြီး တပ်ကြပ်ကြီး တစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား (၂၀) ခန့် သေဆုံးခဲ့ကြောင်းသိရသည်။ထို့နောက် ညပိုင်းတွင် သရက်ကန်ရွာ၌ တပ်စွဲထားပြီး ယနေ့ နံနက် ၇ နာရီတွင် စတင်ထွက်လာရာ ယင်းမာပင်မြို့နယ် |
Posted: 05 Jan 2022 10:06 AM PST Photo - ကရင်နီတပ်မတော် KA တပ်ဖွဲ့ဝင်များဇန်နဝါရီ ၅ရှားတောသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စကစအင်အား (၃၀၀) ကျော်သည် ယမန်နေ့မွန်းလွဲ ၁ နာရီချိန်တွင် ပွန်ချောင်းရွာကျော်ပြီး စစ်ဝန်တောင်အတက် လမ်းမကြီးပေါ်၌ ကရင်နီတပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ ၂ နာရီနီးပါး ဖြစ်ခဲ့ပွားခဲ့ပြီး စကစဘက်မှ ဒုရင်းမှူးအဆင့်ရှိ ကျော်သူစိုး အပါအဝင် အနည်းဆုံး (၁၆) ဦးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရ |
ဖာပွန်မြို့နယ် နို့ဖောထီးရွာအနား စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရ၊ ၄ ဦးသေ၊ ၆ ဦးဒဏ်ရာရဟုဆို Posted: 05 Jan 2022 10:03 AM PST ဇန်နဝါရီလ ၅ ရက်နေ့ ၊ ၂၀၂၂ကရင်ပြည်နယ် ဖာပွန်မြို့နယ် နို့ဖောထီးကျေးရွာအထက်နားတွင် ယနေ့ နေ့လယ် ၁၂နာရီမိနစ် ၄၀ အချိန်မှာ ကတိုင်တိမှတက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ကို KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၆ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိတယ်လို့ KNLA နဲ့နီးစပ်သူ ကတိုင်တိရွာသားတစ်ဦးကပြောဆိုပါတယ်။Salween Press |
Posted: 05 Jan 2022 09:54 AM PST ဓာတ်ပုံ - ရှေ့တန်းက KNLA စစ်သားနှစ်ဦးကိုတွေ့ရစဉ်။ (Photo: Salween Press) ဇန်နဝါရီလ ၆ ရက်နေ့၊ ၂၀၂၂ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေအတွင်းတွင် အာဏာသိမ်းစစ်ကောင်စီနှင့် KNU တပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု ၃၁၀ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ တပ်ခွဲမှူး၊ ဒုတပ်ခွဲမှူး၊ ဆေးမှူး၊ ဗိုလ်၊တပ်ကြပ်ကြီးတွေ အပါအဝင် ၂၆၇ ဦးသေဆုံးပြီး |
မင်းတပ်ရှိ ဒေါက်တာ အငြိမ်းဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ် ဖျက်ဆီး Posted: 05 Jan 2022 09:51 AM PST လက်ရှိအာဏာသိမ်းကာလ၌ ပြည်သူများ၏ လှူဒါန်းမှုများဖြင့် တည်ဆောက်ထားသော ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းက ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်များက ယနေ့ ဇန်နဝါရီလ ၅ ရက်တွင် ဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ " တော်လှန်ရေး ကာလမှာ အများပြည်သူအတွက် ဒေါက်တာအငြိမ်းမှ ဦးစီး၍ မင်းတပ်မြို့နယ်တွင် တည်ဆောက်ထားသည့် ရှားရှားပါးပါး ဆေးရုံကို စကစ တပ်များမှ ဝင်ရောက်ဖျက်စီး။ အိမ်ခြေတိုင်အားလုံး ခုတ်၊ စစ်ဘေး |
အဆပလအဖွဲ့က မြောက်ဒဂုံရှိ ရထားသံလမ်းချောင်းကူးတံတားကို အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲ Posted: 05 Jan 2022 09:49 AM PST မဲခေါင်၊ ဇန်နဝါရီ ၅အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(အဆပလ) – ACPLF က မြောက်ဒဂုံရှိ ရထားသံလမ်းချောင်းကူးတံတားကို ယနေ့၊ နံနက်အစောပိုင်းအချိန်က အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း ယနေ့၌ ထုတ်ပြန်ထားသည်။အဆိုပါအဖွဲ့က အာဏာလုစစ်ကောင်စီ၏ ထောက်ပို့ရထားများ အဓိကအသုံးပြုနေရာလမ်းကြောင်းဖြစ်သည့် မြောက်ဒဂုံမြို့နယ်၊ အမှတ်၂လမ်းနှင့်အပြိုင် ကျန်စစ်သားလမ်းအနီးရှိ ရထားသံလမ်းချောင်းတံတား |
ဒရုန်းနဲ့တပ်ဆင် တိုက်ခိုက်နိုင်တဲ့ UVA ဗုံးအမြောက်အမြားထုတ်လုပ်နေပြီလို့ PSPTထုတ်ပြန် Posted: 05 Jan 2022 09:47 AM PST ဓါတ်ပုံ - PSPTရန်ကုန် | ဇန်နဝါရီ ၅ဒရုန်းနဲ့တပ်ဆင်ပြီး ဝေဟင်ကနေတိုက်ခိုက်နိင်တဲ့ UVA ဗုံးအမြောက်အများ ထုတ်လုပ်နေပြီလို့ CDM စစ်သားတွေနဲ့ အဓိကထားဖွဲ့စည်းထားတဲ့ People Soldiers' Production Team (PSPT)က ဒီကနေ့ (ဇန်နဝါရီလ ၅ရက်)မှာ ထုတ်ပြန်ပါတယ်။PSPT အနေနဲ့ သက်ဆိုင်ရာဒေသကာကွယ်ရေးတပ်ဖွဲ့ LDF PDF တွေနဲ့ပူးပေါင်းဆောင်ရွက်နေပြီး ထုတ်လုပ်တဲ့ခဲယမ်းလက်နက်တွေကို LDF PDF တွေနဲ့ မြေအောက်ပျောက်ကြားတပ်ဖွဲ့တွေကို |
ရှမ်းမြောက် နမ့်ခမ်း တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ထက်မနည်း သေဆုံး၍ (၆) ဦးဒဏ်ရာရ Posted: 05 Jan 2022 09:42 AM PST (ဇန်နဝါရီလ ၅ ရက်)ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်တွင်း ဒီကနေ့ ဇန်နဝါရီလ (၅) ရက်တွင် အကြမ်းစစ်ကောင်စီတပ်များနှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ (၅) ဦးထက်မနည်း သေဆုံးခဲ့ပြီး (၆) ဒဏ်ရာရှိခဲ့သိရပါတယ်။အဆိုပါတိုက်ပွဲသည် ဒီနေ့နံနက်ပိုင်းထဲကစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တအာင်းတပ်မတော် TNLA တပ်ဖွဲ့တွေ မြို့ထဲဝင်လာနေတယ်ဆိုသော အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က |
မိုးညိုမြို့နယ်ကစည်ပင်ရုံးနှင့် ထွေအုပ်ရုံးတွေဗုံးခွဲတိုက်ခိုက်ခံရ Posted: 05 Jan 2022 09:39 AM PST မိုးညို၊ ဇန်နဝါရီ ၅၊ ၂၀၂၂။ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနဲ့ စည်ပင်သာယာရေးရုံးတွေကို ယမန်နေ့ည ၁၂ နာရီခွဲခန့်က ဗုံးခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ထွေအုပ်ရုံးနဲ့ စည်ပင်ရုံးတွေကို ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ စည်ပင်ရုံးကဗုံးကတော့ အသံဗုံးအမျိုးအစားဖြစ်တယ်လို့လည်းသိရပါတယ်။ဗုံးနှစ်လုံးခွဲတာကို ထွေအုပ်ရုံးမှာထောင်တဲ့တလုံး |
ဖယ်ခုံ ကြံ့ခိုင်ရေးရုံး ဗုံးပေါက် NLD ပြည်နယ်လွှတ်တော်အမတ်နေအိမ်ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ် Posted: 05 Jan 2022 03:28 AM PST သျှမ်းသံတော်ဆင့်၊ ဇန်နဝါရီ ၅သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ကြံ့ခိုင်ရေးရုံး ဗုံးပေါက်ကွဲပြီးနောက်ပိုင်း NLD လွှတ်တော်အမတ်နေအိမ်ကို လက်နက်ကြီး ပစ်ခတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဒီဇင်ဘာ ၄) ည ၁၁ နာရီဝန်းကျင်က ဖယ်ခုံ ကြံ့ခိုင်ရေးရုံး အပါအဝင် (၃)နေရာမှာ ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် NLD ပြည်နယ်လွှတ်တော်အမတ် ဒေါ်မေရီနျို့ ၏ နေအိမ်ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ |
နမ့်ခမ်းမြို့အနီး TNLA နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ် တနှစ်သားကလေး အပါအဝင် အရပ်သား(၆)ဦး ထိခိုက်ဒဏ်ရာရ Posted: 05 Jan 2022 03:26 AM PST သျှမ်းသံတော်ဆင့်၊ ဇန်နဝါရီ ၅သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့အနီး စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားပြီး ၁ နှစ်အရွယ်ကလေး အပါအဝင် အရပ်သား (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ယနေ့ ဇန်နဝါရီ (၅)ရက် မနက် (၁၀)နာရီခွဲမှစပြီး လက်ရှိ သတင်းရေးသားချိန်ထိ နမ့်ခမ်းမြို့အနီး လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံများ ကြားနေရကြောင်း နမ့်ခမ်းဒေသခံများက ပြောဆိုကြသည်။"ဟိုနားကျေးရွာက နေအိမ်တွေ |
မင်းကင်းရှိ စကစဂိတ်ကို တိုက်ခိုက်၊ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး စကစ လေး ဦး သေဟုဆို Posted: 05 Jan 2022 03:24 AM PST MFP ၊ ဇန်နဝါရီ - ၅စစ်ကိုင်းတိုင်း အထက်ပိုင်း မင်းကင်းမြို့နယ်ရှိ အကြမ်းဖက် စကစ၏ စစ်ဆေးရေးဂိတ်တစ်ခုကို ယနေ့ မနက်ပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး စကစ ဘက်က လေးဦး သေသည်ဟု ဒေသခံ ကာကွယ်ရေး မဟာမိတ်အဖွဲ့တစ်ခုက သတင်းထုတ်ပြန်သည်။ယနေ့ ဇန်နဝါရီ(၅)ရက် မနက်(၇)နာရီခွဲ ဝန်းကျင်က ခရီးစွားပြည်သူများထံမှ ငွေတောင်းကြမ်းနေသော မင်းကင်းမြို့နယ် အောင်ချမ်းသာ စစ်ဆေးရေးဂိတ်ကို တန့်ဆည် ပြည် |
ပုလဲ - ယင်းမာပင် လမ်းတွင် ယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုက လယ်ငေါက်ရွာကို မီးရှို့ Posted: 05 Jan 2022 03:22 AM PST MFP ၊ ဇန်နဝါရီ - ၅ပုလဲ-ယင်းမာပင် ကားလမ်းတွင် စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စကစများ ယင်းမာပင်မြို့နယ် လယ်ငေါက်ရွာအတွင်းသို့ စီးနင်းဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက MFP သို့ ပြောသည်။ယနေ့ ဇန်နဝါရီ(၅)ရက် နံနက်(၈)နာရီဝန်းကျင်က စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လက်တောင်းကြီးရွာနှင့် လယ်ငေါက်ရွာ အကြားတွင် ပုလဲ - ယင်းမာပင် လမ်းအတိုင်း မုံရွာဘက်သို့ သွား |
တာမွေတွင် ယမန်နေ့ညဗုံးခွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်မှ သုံးဦးထက်မနည်းသေဟုဆို Posted: 05 Jan 2022 03:16 AM PST (ယမန်နေ့ညက မြတ်မေတ္တာမွန်ဆီဆိုင် ဗုံးပေါက်ကွဲမှုဖြစ်နေစဥ်)တာမွေမြို့နယ်အတွင်း ယမန်နေ့(ဇန်နဝါရီ ၄)ညဗုံးခွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား သုံးဦးထက်မနည်းသေဆုံးကြောင်း အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွှတ်မြောက်ရေးအဖွဲ့ (ACPLF)က ထုတ်ပြန် သည်။ အဆိုပါတိုက်ခိုက်မှုကို တာမွေမြို့နယ် မလွှကုန်းဘူတာအနီးရောက်ရှိနေသည့် စစ်ကောင်စီတပ်များနှင့် မလှမ်းမကမ်းနေရာတွင် ယမန်နေ့ည ၇ နာရီခွဲခန့်က ဗုံးခွဲ |
မတူပီ CDF တိုက်ခိုက်၍ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် သုံးဦးထပ်မံသေဆုံးဟု ထုတ်ပြန် Posted: 05 Jan 2022 03:14 AM PST မတူပီ-ဟာခါးလမ်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် သုံးဦးသေဆုံးခဲ့သည်ဟု မတူပီ ချင်းကာကွယ် ရေးတပ်ဖွဲ့(CDF)က သတင်းထုတ်ပြန်သည်။ဇန်နဝါရီ ၄ရက် နံနက်က မတူပီ-ဟာခါးလမ်းပေါ်ရှိ ဖနိုင်နှင့် ငလိုင်ရွာကြားသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ်ကို CDFက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ အထိနာပြီးပြန် လည် ဆုတ်ခွာသွားကြောင်း ဖော်ပြထားသည်။" |
စောဖျားရွား ပျူးစောထီးအဖွဲ့ဝင် အမျိုးသားတစ်ဦး လည်ပင်း ပြတ်ရှဒဏ်ရာဖြင့် သေဆုံး Posted: 05 Jan 2022 03:11 AM PST တနင်္သာရီတိုင်း ဒေသကြီး ၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၊ စောဖျားရွာတွင် ပျူးစောထီးအဖွဲ့ဝင်အမျိုးသားတစ်ဦးသည် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ပျူးစောထီးဆိုသူ ဦးအေးချို(ခ)ကိုဘိတ်သည် ဇန်နဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ့ခန့်က ကျောက်လှေကားရွာတွင် လည်ပင် ပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ "လက်ကိုကြိုးတုတ်ပြီးလည်ပင်းကို ဓားနဲ့လှီးထားတယ် ။ လမ်း |
ပခုက္ကူ PDF က အကြမ်းဖက်စစ်ကောင်စီ ၁၀၁ တပ်တွင်းသို့ ရှော့ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက် Posted: 05 Jan 2022 03:09 AM PST ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် PPDF က ပခုက္ကူမြို့ အကြမ်းဖက်စစ်ကောင်စီ တပ်မ (၁၀၁)အတွင်းသို့ ရှော့ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၄ ရက် ည ၈နာရီချိန်ခန့်တွင် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ PPDF ၏ မြေပြင် တိုက်ခိုက်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်သိင်္ခနှင့်အဖွဲ့၀င်များသည် ပခုက္ကူမြို့ရှိ တပ်မ(၁၀၁)အတွင်းသို့ ရှော့ဒုံး ၂ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ယင်းတိုက် |
လှိုင်သာယာမြို့နယ် ရပ်ကွက်ဧည့်စာရင်းရုံး ဗုံးပေါက်ကွဲ၍ ရာအိမ်မှူးအပါအဝင် (၄)ဦး ထိမှန် Posted: 05 Jan 2022 03:07 AM PST HTY Information (ဇန်နဝါရီလ ၅ ရက်)ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ၊ အမှတ်(၂၀) ရပ်ကွက် ၊ အပိုင်(၂) ရှိ ရပ်ကွက်ဧည့်စာရင်းရုံးကို ယမန်နေ့ ဇန်နဝါရီလ (၄) ရက် ည (၈:၄၀)ဝန်းကျင်အချိန်ခန့်က ဗုံးပစ်တိုက်ခိုက်ခံရပြီး ရာအိမ်မှူးအပါအဝင် (၄) ဦးထိခိုက်ခဲ့ကြောင်းသိရသည်။" ထိတာက စုစုပေါင်း (၄) ဦး အဲ့ရပ်ကွက်က ရာအိမ်မှူး ဖိုးဖွားရယ် ၊ ဧည့်စာရင်းစာရေးရယ်၊ နောက်ထပ် အမျိုးသမီး (၂)ဦးရယ် ထိသွားတယ် ရာအိမ်မှူးကလွဲပြီး |
ကန့်ဘလူ ဇီးကုန်းသကြားစက်မှ ထွက်လာသော စကစများကို မိုင်းဆွဲ၊ စကစ သုံးဦးထိ Posted: 05 Jan 2022 03:02 AM PST MFP ၊ ဇန်နဝါရီ - ၅စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းသကြားစက်အတွင်းမှ ထွက်လာသော အကြမ်းဖက် စကစများကို ယနေ့ မနက်ပိုင်းတွင် အဝေးထိန်းမိုင်း ငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စကစ သုံးဦး ထိခိုက်ပြီး နောက်ကြောင်း ပြန်လှည့်သွားကြောင်း Kanbalu Underground Warriors – KBU – UG က သတင်းထုတ်ပြန်သည်။ယနေ့ ဇန်နဝါရီ(၅)ရက် မနက်(၁၁)နာရီဝန်းကျင်က ဇီးကုန်မြို့ရှိ စစ်တပ်ဦးပိုင်၏ MEC သကြားစက်အတွင်းမှ ထွက်လာမည့် |
Posted: 05 Jan 2022 03:01 AM PST MFP ၊ ဇန်နဝါရီ - ၅စစ်ကိုင်းတိုင်း ရေဦးမြို့နယ် အင်တောရွာမှ စစ်ဘေးရှောင် အမျိုးသားနှစ်ဦးကို အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးထားပြီးနောက် သတ်ဖြတ်ကာ မီးရှို့ ဖျောက်ဖျက်ခံထားရသည့် အရိုးစုများ ယနေ့ ဇန်နဝါရီ(၅)ရက်တွင် တွေ့ရှိကြောင်း ဒေသခံများက ပြောသည်။ဇန်နဝါရီ(၁)ရက်မှ စတင်ကာ ရေဦးမြို့နယ် အင်တောရွာသို့ အကြမ်းဖက် စကစများ စီးနင်းဝင်ရောက်ကာ မွှေနှောက်သောင်းကျန်းသဖြင့် ဒေသခံများ ထွက်ပြေးခဲ့ရကြောင်း၊ ထို့နောက် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.