Friday, January 7, 2022

သစ်ထူးလွင်

သစ်ထူးလွင်


ကန့်ဘလူ ဇီးကုန်းတွင် စခန်းမှူး ပါသည့် ကားကို နှစ်ကြိမ် မိုင်းဆွဲ၊ စကစများ အထိအခိုက်ရှိ၊

Posted: 06 Jan 2022 09:21 AM PST

ဇန်နဝါရီ - ၆စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် ဇီးကုန်းမြို့ စခန်းမှူး လိုက်ပါလာပြီး ကင်းလှည့်နေသော ကားကို ယနေ့ နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစများ အထိအခိုက် ရှိကြောင်း Kanbalu Underground Warriors – KBU UG ပြောက်ကျားတပ်က သတင်းထုတ်ပြန်သည်။ယနေ့ ဇန်နဝါရီ (၆)ရက် ညနေ(၆)နာရီဝန်းကျင်က ကန့်ဘလူမြို့နယ် ဇီးကုန်း - ထန်းကုန်း - ကန့်ဘလူ လမ်းတလျှောက် လှည့်လည် ကင်းပတ်နေသော စကစ လက်အောက်ခံ ဇီးကုန်း

တိုးဂိုက်ဘဝမှ လက်နက်ထုတ်လုပ်ရေးမှူး ဖြစ်လာသူ (သို့မဟုတ်) မြောင် CDSOM က ကိုအေးချမ်း

Posted: 06 Jan 2022 09:20 AM PST

ရိုက်ကူး - ထွန်းတောက်လင်းနွေဦးတော်လှန်ရေးရဲ့ အားသာချက်က တီထွင်ဖန်တီးနိုင်မှုလို့ ပြောဆိုကြပါတယ်။ စစ်အာဏာရှင် ကျဆုံးရေး လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့  တော်လှန်ရေး တပ်ဖွဲ့တွေဟာလည်း နှစ်(၇၀)ကျော်ကြာ တည်ဆောက်ထားတဲ့ အာဏာသိမ်း စစ်အုပ်စုကို ခုခံတွန်းလှန်နိုင်ဖို့ လပိုင်းအတွင်းမှာပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လက်နက်မျိုးစုံကို တီထွင်ဖန်တီး ထုတ်လုပ်ကြပါတယ်။အခုဆိုရင် တော်လှန်ရေးတပ်ဖွဲ့တချို့မှာ လက်လုပ်မိုင်းတွေ

စစ်ကိုင်းတိုင်း ကလေးမြို့ကနေ မကွေးတိုင်း ဂန့်ဂေါ လမ်းပိုင်းကို အသွားအလာ မလုပ်ကြဖို့လည်း ထုတ်ပြန်

Posted: 06 Jan 2022 09:18 AM PST

ဇန်နဝါရီ ၆ ရက်ချင်းပြည်နယ် ဖလမ်းမြို့ကနေ ဝေဘူလမြို့သို့ စစ်ကြောင်းထိုးလာတ​ဲ့ စစ်ကောင်စီနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ပြင်းထန်နေပါတယ်။CNDF, ဇိုမီး PDF, RKDF၊ ပကဖ (ကလေး)နဲ့ ကလေးမြို့နယ် PDF တို့က စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေပြီး စစ်တပ်ဘက်က ကလေးနည်းပညာတက္ကသိုလ်ကနေ အဝေးပစ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြောင်း ကလေး PDF က ဒီနေ့လယ် ၂ နာရီကျော်မှာ ထုတ်ပြန်ထားပါတယ်။စစ်ရေးအခြေအနေအရ

ဆော PDF နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲမှာ စစ်တပ်ဘက်က (၂၂)ဦး သေ

Posted: 06 Jan 2022 09:16 AM PST

ဇန်နဝါရီ ၆ ရက်၊ ဆောမကွေးတိုင်း ဆောမြို့နယ် PDF နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအတွင်း စစ်တပ်ဘက်က (၂၂)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။၂၀၂၁ ခုနှစ် မေလကနေ နိုဝင်ဘာလအထိ တိုက်ပွဲမှာ သေဆုံးခဲ့သူတွေဖြစ်ပြီး ဆော PDF ဘက်ကတော့ ၃ ဦး ကျဆုံးခဲ့တယ်လို့ ဆော PDF က ဇန်နဝါရီ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။တိုက်ပွဲအတွင်း ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့ (YDF)က ဆော PDF နဲ့ ၂ ကြိမ် ပါဝင်တိုက်ခိုက်ခဲ့ပြီး LSRPDF၊ မင်းတပ်၊ ကန်ပက်လက်

အဝင်အထွက်လမ်းတွေပိတ်ဆို့ခံထားရတဲ့ တောင်ပျောက်တိုက်နယ်မှာ ရိက္ခာပြတ်

Posted: 06 Jan 2022 09:12 AM PST

တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၆ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်က တောင်ပျောက်တိုက်နယ်မှာ အဝင်အထွက်လမ်းနှစ်ခုစလုံးကို အကြမ်းဖက်စစ်ကောင်စီတပ်တွေပိတ်ဆို့ထားတဲ့အတွက် ရိက္ခာပြတ်နေပြီလို့ ဒေသခံတွေကပြောပါတယ်။ တောင်ပျောက်တ်ုက်နယ်အဝင်လမ်းတစ်ခုဖြစ်တဲ့ သဲချောင်းကြီးရွာမှာ စက်တင်ဘာလကတည်းက တပ်စွဲထားပြီး နောက်အဝင်လမ်းတစ်ခုဖြစ်တဲ့စော်ဖျားရွာလမ်းကိုလည်း ဒီဇင်ဘာလ ၂၃ ရက်နေ့က ပိတ်လိုက်တာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၃ ရက်မ

ဖားကန့် စည်ပင်ရုံးအနီး မိုင်းကွဲ

Posted: 06 Jan 2022 09:10 AM PST

ဖားကန့် - ဇန်နဝါရီ ၆ ၊ ၂၀၂၂။ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ဝမ်းရပ်ကွက်ရှိ စည်ပင်သာယာရေးရုံးအနီး ယနေ့နံနက် ၆နာရီခန့်က မိုင်းပေါက်ကွဲခဲ့ကြောင်းသိရသည်။ရုံးတက်နေသူများရှိသောကြောင့် မိုင်းခွဲခြင်းဖြစ်နိုင်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။"စည်ပင်ရုံးလမ်းအကွေ့နားမှာ ဟုတ်တယ်။ ဘာကြောင့်လည်းဆိုတော့ ရုံးတက်နေလို့ဖြစ်မှာ။" ဟုသူကပြောသည်။မိုင်းပေါက်ကွဲပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူနှင့် ပျက်စီးမှုမ

ရေးမြို့မှ မော်လမြိုင်ဘက်သို့လာသော စကစယာဉ်တန်းအား ပြည်သူ့ကာကွယ်ရေးတပ်များမှ ကြားဖြတ်တိုက်ခိုက်ရာ စကစတပ်သား (၁၂) ဦးသေဆုံး

Posted: 06 Jan 2022 08:46 AM PST

ဇန်နဝါရီ ၆ရေးမြို့မှ မော်လမြိုင်ဘက်သို့ဦးတည်လာသော စစ်ကောင်စီယာဉ်တန်းအား YPDF North ရေးမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စကစတပ်သား (၁၂) ဦးသေဆုံး၍ အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။အဆိုပါပစ်ခတ်တိုက်မှုအပြီး YPDF North တပ်ဖွဲ့ဝင်များ အန္တာရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ရေးမြောက်ပိုင်း ပကဖ မှထုတ်ပြန်သည်။PDF Newsflash

ပြည်တွင်းပြည်ပ အလှုရှင်များကြောင့် စစ်ကောင်စီတပ်အားတိုက်ခိုက်ရန် ချိုမိုင်မိုင်အဖွဲ့သားများ စိန်ပြောင်းများထုတ်လုပ်အောင်မြင်

Posted: 06 Jan 2022 08:45 AM PST

ဇန်နဝါရီ ၆ပြည်ပရောက်မြန်မာများနှင့် ပြည်တွင်းအလှူရှင်များ၏ တော်လှန်ရေးအဓိဌာန်များကို ဖြည့်ဆည်းပေးရန် စိန်ပြောင်းအကြမ်းထည်ကြီးများ ထုတ်လုပ်မှု ပြီးမြောက်အောင်မြင်ပြီးစီးကြောင်း ချိုမိုင်မိုင်ယင်းမာပင်ကနီ မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်လိုက်ပါတယ်။" အလှုရှင်များ​၏ဆန္ဒကို အစွမ်းကုန်ဖြည့်ဆည်းပေးနေပြီး အကြမ်းဖက်စကစများ၏ အိမ်မက်ဆိုးများတွင် ချိုမိုင်မိုင်အဖွဲ့သားများ ပါဝင်ခြောက်လှန့်နိုင်ဖို့ ပြည်သူ့

စစ်ကောင်စီရမ်းသမ်းပစ်ခတ်ခဲ့လို့ ဘီးလင်းမြို့နယ်ကျသောင်းဆိပ်ရွာသားတစ်ဦးလက်နက်ကြီးကျည်စထိမှန်

Posted: 06 Jan 2022 08:41 AM PST

ဓာတ်ပုံ - KNLA တပ်မဟာ ၁ စစ်သားတွေကိုတွေ့ရစဉ်။ (Photo: Supplied) ဇန်နဝါရီလ ၆ ရက်နေ့၊ ၂၀၂၂မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကျသောင်းဆိပ်ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့်တပ်စခန်းမှာ တပ်စွဲထားသည့်စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့တို့ က ယနေ့မိုးလွှဲ ၃ နာရီကျော်အချိန်မှာ KNLA နှင့် KNDO ပူးပေါင်းတပ်ဖွဲ့တို့ သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့က ရွာထဲကိုရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ဒီ

KNLAနှင့် စစ်ကောင်စီတို့ တိုက်ပွဲ (၂)နေရာဖြစ်ပွား၊ စစ်ကောင်စီ(၇)ဦးသေ၊ (၉)ဦးဒဏ်ရာရ

Posted: 06 Jan 2022 08:39 AM PST

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၆ရက်နေ့ ဇန်နဝါရီ (၄)ရက်နေ့ နံနက် ၅ နာရီ ၅၀ မိနစ်တွင် ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၃)ပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်း စစ်ကောင်စီ ခလရ (၂)တို့ ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် အင်ဂဘိုကျေးရွာအနီး ကားလမ်းဘေး ဇရပ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က (၅)ဦးသေ (၆)ဦးဒဏ်ရာရခဲ့ကာ KNLAဖက်မှ ထိခိုက်မှုမရှိကြောင်းသိရသည်။ဇန်နဝါရီလ ၄ ရက်နေ့ ညနေ ၂ နာရီ ၃၅ မိနစ်တွင်

တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်

Posted: 06 Jan 2022 08:38 AM PST

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့။လွိုင်ကော်မြို့နယ်၊ ကယန်းသာယာကျေးရွာအနီး၊ အကြမ်းဖက်စစ်ကောင်စီတပ်၏ ကင်းပုန်း စခန်းတစ်ခုကို ယနေ့မနက် (၃း၃၀)နာရီတွင် ကရင်နီတပ်မတော် (KA)၊ KNDF နှင့် PDF ပူးပေါင်းအဖွဲ့မျာမှ ပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်။ တိုက်ပွဲမှာ နှစ်နာရီခန့်ကြာမြင့်ခဲ့ပြီး၊ အကြမ်းဖက်စစ်ကောင်စီ တပ်ဘက်မှ (၁၅) ဦးသေဆုံးကာ၊ အများအပြားထိခိုက်ခန့်ဒဏ်ရာရခဲ့ပါသည်။ ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီနှင့် (၅)

လွိုင်ကော်မြို့တွင်း တိုက်ပွဲ အကြမ်းဖက်စစ်ကောင်စီတပ် အထိနာဟုဆို၊ နေအိမ်အချို့ မီးရှို့ဖျက်ဆီးခံရ

Posted: 06 Jan 2022 08:31 AM PST

လွိုင်ကော်၊ ဇန်နဝါရီ ၆ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်နှင့် ပန်ကန်း ရပ်ကွက်များအတွင်း ယနေ့ ဇန်နဝါရီလ ၆ ရက် နံနက် ၁၀ နာရီခွဲမှ စ၍ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ အထိနာခဲ့ကာ လွိုင်ကော်နှင့် ဒီးမော့ဆိုကြား ၅ မိုင်၊ ၆ မိုင်ရှိ အများပြည်သူနေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးကြောင်း သတင်းရရှိသည်။

လွိုင်ကော် ကယန်းသာယာလမ်းခွ၌ မဟာမိတ် သုံးဖွဲ့တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၇ ဦးသေဆုံး

Posted: 06 Jan 2022 08:31 AM PST

ပုံစာ-ယနေ့တိုက်ပွဲတွင်း၌ သိမ်းဆည်းရမိသော ကျည်ဆံနှင့် ပစ္စည်းများကရင်နီပြည် (ကယားပြည်နယ်) လွိုင်ကော်မြို့နယ် ကယန်းသာယာလမ်းခွ၌ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းကို မဟာမိတ်သုံးဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်ကြီး ၂ ဦး အပါအဝင် ၁၇ ဦးသေဆုံးခဲ့သည်ဟု KNDF ဖယ်ခုံဇုန် B-03 တပ်ရင်းက ထုတ်ပြန်ထားသည်။ ယနေ့ ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းတွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်  KNDF B02 တပ်ရင်း ၊ KNDF  03 တပ်ရင်း

သထုံ ကမ္ဘာ့ရတနာဘဏ်တွင် ကျပ်သိန်း ၁၀၀၀ ဝန်းကျင် ဓားပြတိုက်ခံရ

Posted: 06 Jan 2022 08:30 AM PST

သထုံမြို့နယ်၊  ကျိုက္ကော်ရပ်ကွက်စျေးရှေ့ရှိ ကမ္ဘာ့ရတနာဘဏ်တွင် ကျပ်သိန်း ၁၀၀၀ ဝန်းကျင် ဓားပြတိုက်ခိုက်ခံလိုက်ရသည်ဟု ဒေသခံများထံမှ သိရသည်။ ယနေ့ ဇန်နဝါရီလ ၆ ရက် နံနက် ၁၀ နာရီကျော်ခန့်တွင် ကားတစ်စီးသည် ကမ္ဘာ့ရတနာ ဘဏ်အတွင်းသို့ဝင်လာ၍ လူ ၃ဦးက လက်နက်ဖြင့် ခြိမ်းခြောက်ပြီး ဓားပြတိုက်ခဲ့ကြောင်းသိရသည်။"ကမ္ဘာ့ရတနာ ဘဏ်ဝန်ထမ်းနဲ့ မန်နေဂျာတွေက NLDကို အဓိကဝန်းရံတဲ့သူတွေ ဒီဇင်ဘာ ၂၇ တုန်းကလည်း မြန်မာ့ရှေ့ဆောင်

လွိုင်ကော်မှာ စစ်အုပ်စုရဲ့ ကင်းပုန်းတစ်ခု အတိုက်ခံရပြီး ဗိုလ်ကြီးအဆင့်အပါအဝင် ၁၅ဦးခန့်သေ

Posted: 06 Jan 2022 08:25 AM PST

ဓာတ်ပုံ- KNDF B-03ဇန်နဝါရီ ၆၊ ၂၀၂၂ကယားပြည်နယ် (ကရင်နီ) လွိုင်ကော်မြို့ ကယန်းသာယာလမ်းလမ်းခွမှာ ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုရဲ့ စခန်းတစ်ခု အတိုက်ခံရပြီး ဗိုလ်ကြီးအဆင့် ၂ဦးနဲ့ တပ်သား ၁၅ဦးခန့် သေဆုံးသွားတယ်လို့ KNDF B-03က သတင်းထုတ်ပြန်လိုက်ပါတယ်။ဒီကနေ့ ဇန်နဝါရီလ ၆ရက်နေ့ မနက်ပိုင်းမှာ KNDF B-02၊ KNDF B-03နဲ့ အရှေ့ဘက်ကမ်း PDFတို့ သုံးဖွဲ့ပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။KNDF B-03ရဲ့

စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး KNU တပ်မဟာ ၅ ထံတွင် ယနေ့ လက်နက်ချ အလင်းဝင်

Posted: 06 Jan 2022 08:34 AM PST

ဇန်နဝါရီ ၆၊ ၂၀၂၂မင်းအောင်လှိုင်၏ အကြမ်းဖက်စစ်တပ်တွင် တာဝန်မထမ်းဆောင်လိုတော့သည့် စစ်ကောင််စီတပ်ဖွဲ့ဝင် ၃ ဦးသည် ယနေ့ KNU တပ်မဟာ ၅ ထံတွင် လက်နက်ချ အလင်းဝင်လာကြောင်း KNU တပ်မဟာ ၅ က တရားဝင် သတင်းထုတ်ပြန်သည်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအတွင်း KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ထိန်းချုပ်ရာနေရာများသို့ အလင်းဝင်ရောက်လာသူ ၄၇ ဦးထိ ရှိလာပြီဖြစ်ကြောင်း KNU/ KNLA အမှတ် ၅ တပ်မဟာ မှတ်တမ်းများ အရ သိရ

စစ်ကိုင်းတွင် ရဲစခန်းမှူးနှင့် ဒလန်ကို စစ််တပ်ကင်းပုန်းမှ မှားယွင်းပစ်ခတ်သဖြင့် စခန်းမှူးဒဏ်ရာရကာ၊ ဒလန်ဖြစ်သူသေဆုံး

Posted: 06 Jan 2022 08:13 AM PST

ဓာတ်ပုံ_အဟောင်း - စစ်ကိုင်းတိုင်းအဝင်အထွက်တွင် ကားများ ဆိုင်ကယ်များကို စစ်ဆေးနေသော စစ်ကောင်စီအဖွဲ့ဝင်များဇန်နဝါရီ ၆ ရက်စစ်ကိုင်းတိုင်း၊ မန္တလေး - မုံရွာလမ်းပေါ်ရှိ၊ နုံးတွင်းကျေးရွာနှင့် ညောင်ပင်ဝန်းရွာများ အနီးတွင် ယမန်နေ့ ည ၁၀ နာရီဝန်းကျင်က ကင်းပုန်းစောင့်နေသော အကြမ်းဖက်စစ်သားများမှ အမျိုးသား ၃ ဦးကို ပစ်ခတ်သဖြင့် ထိမှန်သူတစ်ဦး ပွဲချင်းပြီး သေဆုံးကာ၊  နှစ်ဦးမှာ ဒဏ်ရာဖြင့် ဆေးရုံတင်ကုသနေရသည်ဟု သိ

ဒီးမော့ဆို ၆ မိုင်တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှ အနည်းဆုံး ၈ ဦးသေဆုံးပြီး၊ သံချပ်ကာကားများအပြင် အင်အားအလွန်အကျွံသုံးကာ တိုက်ခိုက်လျက်ရှိ

Posted: 06 Jan 2022 08:11 AM PST

ဇန်နဝါရီ ၆ ရက်ကရင်နီပြည်နယ်၊ ဒီးမော့ဆို ၆ မိုင်နှင့် ဒေါပိုးစီကျေးရွာများကို ယနေ့မနက် ၄:၄၅ ဝန်းကျင်မှ စတင်ကာ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ပြီး၊ မနက်  ၈:၃၀ ခန့်မှစ၍ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွါးခဲ့သည်ဟု သိရသည်။မြေပြင် တိုက်ပွဲအတွင်း အထိနာသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် လွိုင်ကော်မှ သံချပ်ကား ၃ စီး၊ အင်အားအပြည့်ပါသော စစ်သုံးကား ၂ စီးဖြင့် စစ်ကူ

သတိပေးနေသည့်ကြားမှ မီတာခဆက်လက်ကောက်ခံနေမှုကြောင့် ဖောက်ခွဲခဲ့ကြောင်း KRF ထုတ်ပြန်

Posted: 06 Jan 2022 08:09 AM PST

ကျိုက်ထို၊ ဇန်နဝါရီလ ၆ ရက်ယနေ့ ညနေ ၄:၀၅ အချိန်က ကျိုက်ထိုမြို့နယ် လျှပ်စစ်မီတာခ ကောက်ခံနေသော EPC ရုံးကို စစ်ရေးပစ်မှတ်ထား ဖောက်ခွဲခဲ့သည်။မီတာခကောက်ခံနေ‌မှုကြောင့် ၂၃.၁၀.၂၀၂၁၊ စာအမှတ် - ၁၄/၂၀၂၁ အရ KRF အနေဖြင့် သတိပေးချက် ထုတ်ပြန်မှုအပေါ် လိုက်နာခြင်းမရှိပဲ စစ်ကောင်စီထောက်တိုင် မီတာခဆက်လက်ကောက်ခံနေမှုကြောင့် ယခုလို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားသည်။ ဒါ့အပြင် ယခုကစပြီး ထပ်မံကောက်ခံနေပါက

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.