Friday, February 11, 2022

သစ်ထူးလွင်

သစ်ထူးလွင်


ကျောက်ထုကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု PDF ထောင်ထားတဲ့မိုင်းနင်းမိလို့ သေဆုံးသူများနိုင်

Posted: 10 Feb 2022 07:35 AM PST

 ကျောက်ထု၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၂။မကွေးတိုင်း၊ ကျောက်ထုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေ ကံကြီးရွာ နဲ့ ချောင်းခွရွာ ကြား မှာ PDF တွေထောင်ထားတဲ့မိုင်းတွေကို နင်းမိခဲ့တယ်လို့ သိရပါတယ်။ အင်အား ၁၀၀ ကျော်ပါတဲ့ အဲ့ဒီစစ်ကောင်စီတပ်တွေဟာ PDFတွေထောင်ထားတဲ့ မိုင်းကွင်းအတွင်းကို ဝင်ရောက်မိပြီး ဖေဖော်ဝါရီ ၈ ရက် နဲ့ ၉ ရက်အတွင်း မိုင်း ၈ လုံးနင်းမိခဲ့တာကြောင့်  စစ်ကောင်စီဘက်ကသေဆုံးသူတွေများနိုင်

ဂန့်ဂေါ စစ်ကောင်စီဂိတ်တဲကို PDF များက လက်လုပ် ၆၀ မမ ဖြင့်ပစ်ခတ် ပျူစောထီး ၁၀ ဦးသေဆုံး

Posted: 10 Feb 2022 07:34 AM PST

ဂန့်ဂေါ၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၂။ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရမ်းရွာတွင်  ကင်းစောင့်နေသော စစ်ကောင်စီနှင့်ပျူစောထီးများရှိရာဂိတ်တဲသို့  PDF မိတ်ဖက်အဖွဲ့များမှ လက်လုပ်လက်နက်ကြီးဖြစ်သော ၆၀ မမဖြင့် ပစ်ခတ်ခဲ့ရာ ပျူစောထီး ၁၀ ဦးသေဆုံးကြောင်း  People's Defence Force-Gangaw Battalion တာဝန်ခံက‌ မြေလတ်အသံကိုပြောပါတယ်။ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်ခန့်က ၆၀ မမ ဖြင့် ၆ လုံးပစ်ခတ်ခဲ့ရာ သေဆုံးသူများအပြင်

မန္တလေး ရတနာပုံ တက္ကသိုလ်အတွင်းရှိ အကြမ်းဖက် စစ်အုပ်စုကို ဗုံးထု၊ သုံးဦး သေနိုင်ဟုဆို၊

Posted: 10 Feb 2022 07:24 AM PST

ဖေဖေါ်ဝါရီ - ၁၀မန္တလေးမြို့ အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ်အတွင်း အထိုင်ချနေသော အကြမ်းဖက် စစ်အုပ်စုကို ယနေ့ မနက်ပိုင်းတွင် ဗုံးထု တိုက်ခိုက်ခဲ့ပြီး စကစ သုံးဦး သေမည်ဟု ခန့်မှန်းကြောင်း မန္တလေးမြိုပြ ပြောက်ကျားတပ်ဖွဲ့ Dragon Warrior အဖွဲ့ က သတင်းထုတ်ပြန်သည်။ယနေ့ ဖေဖော်ဝါရီ(၁၀)ရက်၊ နံနက်(၁၀)နာရီကျော်က Dragon Warrior အဖွဲ့နှင့် Yadanarbon Phoenix Guerilla Force အဖွဲ့တို့ ပူးပေါင်း၍ ရတနာပုံ

ရွှေဘိုနယ်တွင် သောင်းကျန်းနေသော စစ်အုပ်စုကို မိုင်းဆွဲ၊ (၂၀)ခန့် ထိခိုက်သေဆုံးဟုဆို၊ မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုက အနီးအနားတွင် ရန်ပြုစရာ လူမရှိသဖြင့် ကောက်ရိုးပုံနှင့်တဲများကို မီးရှို့ဟုဆို၊

Posted: 10 Feb 2022 07:22 AM PST

ဖေဖေါ်ဝါရီ - ၁၀ရွှေဘိုခရိုင်အတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ လူသတ်၊ ဓားပြတိုက်၊ နေအိမ်မီးရှိုခြင်းများ ကျူးလွနတ်နေသော အကြမ်းဖက် စစ်အုပ်စု ယာဉ်တန်းကို ယနေ့ နေ့လည်ပိုင်းက ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - SBDF က သတင်းထုတ်ပြန်သည်။ယနေ့ ဆေဖဖေါ်ဝါရီ(၁၀)ရက် နေ့လည်(၁၂)နာရီခွဲ ဝန်းကျင်က ရွှေဘို-မြစ်ကြီးနားလမ်းအတိုင်း ရေဦးဘက်မှ ခင်ဦးဘက်သို့

မိုးကုတ်မြို့နယ်မှာ အင်တာနက်ပြန်ဖွင့်မပေးရင် တာဝါတိုင်တွေ ဖောက်ခွဲမယ်လို့ Red Wolve Of Mogok သတိပေး

Posted: 10 Feb 2022 07:17 AM PST

ဖေဖော်ဝါရီလ ၁ဝရက်၊ မိုးကုတ်မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့အတွင်း စစ်ကောင်စီအာဏာသိမ်းပြီးနောက် အင်တာနက်လိုင်းတွေ မကြာခဏပြတ်တောက်ပြီး အင်တာနက်ပြန်ဖွင့်ပေးဖို့အတွက် မနေ့ ဖေဖော်ဝါရီလ ၉ ရက်က Red Wolve Of Mogok အဖွဲ့က တောင်းဆိုလိုက်ပါတယ်။အင်တာနက်မဖွင့်ပေးပါက ဖုန်းတာဝါတိုင်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်သွားမယ်လို့လည်း သတိပေးဖော်ပြထားပါတယ်။မိုးကုတ်မြို့ခံတစ်ဦးက "အခု ဝိုင်ဖိုင်ပဲရနေတယ်။ ဝိုင်ဖိုင်ဆို

ထားဝယ်မြို့ပေါ်ဟိုတယ်တစ်ခုမှာ အဖမ်းခံခဲ့ရတဲ့ ကိုဝင်းသီဟကို စစ်ကြောရေးမှာဓားနဲ့ထိုးပြီးနှိပ်စက်

Posted: 10 Feb 2022 07:13 AM PST

တနင်္သာရီတိုင်းမ်၊ ဖေဖော်ဝါရီ ၁၀ ထားဝယ်မြို့ပေါ်က ဟိုတယ်တစ်ခုမှာ အဖမ်းခံခဲ့ရတဲ့ ကိုဝင်းသီဟဆိုတဲ့အမျိုးသားကိုစစ်ကြောရေးမှာ ဓားနဲ့ထိုးပြီး နှိပ်စက်ခဲ့တယ်လို့ မိတ်ဆွေဖြစ်သူနဲ့နီးစပ်သူတွေထံကသိရပါတယ်။ ကိုဝင်းသီဟကို ဖေဖော်ဝါရီလ ၇ ရက်ညက ထားဝယ်မြို့၊ ရှမ်းမလည်ဆွဲရပ်ကွက်က New Light ဟိုတယ်မှာ စစ်ကောင်စီလက်အောက်ခံစရဖအဖွဲ့တွေက လာရောက်ဖမ်းဆီးခဲ့တယ်လို့ နီးစပ်သူတွေကဆိုပါတယ်။ ကိုဝင်းသီဟကို စစ်ကြောရေးမှာ ရိုက်

ဖားကန့်တိုက်ပွဲအတွင်း မပြေးနိုင်သည့် ဒုက္ခိတတစ်ဦးကို စစ်ကောင်စီက ဦးခေါင်းတွင် ပစ်သတ်ပြီး အလောင်းဖျောက်

Posted: 10 Feb 2022 07:11 AM PST

ဖားကန့် - ဖေဖော်ဝါရီ ၁၀၊ ၂၀၂၂။ဦးခေါင်းပွင့်ဒဏ်ရာဖြင့် သေဆုံးနေသည့် ခြေမသန်စွမ်း ဒေသခံအမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့ မွန်းလွှဲပိုင်းက ဖားကန့်မြို့နယ်၊ ဆိုင်းဖရာကျေးရွာတွင် တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။ပစ်သတ်ခံရသော အဆိုပါမသန်စွမ်းအမျိုးသားတွင် ဦးခေါင်းပွင့် ဒဏ်ရာများတွေရှိခဲ့ပြီး ယနေ့ ကောင်းမွန်စွာ မြုပ်နှံ သင်္ဂြိုလ်ပေးခဲ့ကြောင်း ဆိုင်းဖရာကျေးရွာ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media

ကြံသာရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်၊ စကစတပ်သားနှင့် ပျူ (၁၅) ဦးထက်မနည်းသေဆုံး

Posted: 10 Feb 2022 07:10 AM PST

ဖေဖော်ဝါရီ ၁၀စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကြံသာရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် လက်ပါးစေပျူစောထီးများအား  ယနေ့နံနက် ၆ နာရီခွဲအချိန်မှစတင်၍ PDF-Kalay၊ CDF-KKG၊ CDF-Hakha၊ RKDF နှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ၃ နာရီခန့်ကြာမြင့်ခဲ့ကြောင်းသိရသည်။ပြည်သူ့ကာကွယ်ရေးတပ်များ​၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့်

မင်းကင်းမောက္ကတော် စစ်ကောင်စီတပ်စခန်းအား မဟာမိတ်တပ်များ တိုက်ခိုက်၊ စစ်သားနှင့်ပျူများသေ

Posted: 10 Feb 2022 07:07 AM PST

ဖေဖော်ဝါရီလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ် မောက္ကတော်ရွာအကြမ်းဖက်စစ်ကောင်စီတပ်စခန်းအား မဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ယနေ့ဖေဖော်ဝါရီလ ၁၀ ရက်တွင် မင်းကင်းနွေဦးတော်လှန်ရေးအဖွဲ့က ဖော်ပြထားသည်။ မင်းကင်းမြို့နယ် မြစ်ရိုးအောက်ဒေသ၊ မောက္ကတော်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပျူစောထီးများ တပ်စွဲထားသော  စခန်းတစ်ခုကို မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရတပ် တပ်ရင်း (၂)

အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို ပဒေသာမိုင်း ၁၅ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်

Posted: 10 Feb 2022 07:05 AM PST

ဖေဖော်ဝါရီလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။ကျောက်ထုဘက်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ် အင်အား (၃၀၀) ကျော်နှင့် စစ်ကား (၁၆) စီးအား YDF(Saw&Kyaukhtu) က ယနေ့တွင်မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF က ဖော်ပြထားသည်။မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ခုဖြစ်သည့် YDF( Saw&Kyaukhtu)အဖွဲ့ဝင်များသည် အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းအား ၄ ရက်တိတိ

စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့စခန်းချသည့် ရှားတော- ပေါက်အိုင်ရွာမှ နေအိမ် ၁၂ လုံး ဖျက်ဆီးသွား၊ ရွှေနှင့်ငွေသားများ ခိုးယူ

Posted: 10 Feb 2022 06:41 AM PST

မဲခေါင်၊ ဖေဖော်ဝါရီ ၁၀မင်းကင်းမြို့နယ်၊ တောင်လက်ဒေသ ရှားတော-ပေါက်အိုင်ရွာတွင် စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့များ ဇန်နဝါရီ ၃၀ မှစတင်ကာ ယမန်နေ့ကအထိ စခန်းချသွားပြီး နေအိမ် ၁၂ လုံးကိုဖျက်ဆီး၊ တရွာလုံးရှိ နေအိမ်များကိုလည်း ၀င်ရောက်မွှေနှောက်ကာ ဓားပြတိုက်သွားကြသည်။ ကြံ့ခိုင်ရေးအမာခံအိမ်နှင့် စစ်တပ်‌အားပေးသည့် နေအိမ်သုံးလုံးကိုသာချန်ထားခဲ့ပြီး ယခု လက်ရှိ သိရသည်မှာ ရွှေ ၉ကျပ်သား၊ ငွေကျပ် ၉ သိန်း၊ နွား ၁

ဒီမော့ဆိုမြို့နယ် စစ်ဘေးရှောင်အများအပြားရှိသည့် နေရာအား စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

Posted: 10 Feb 2022 06:40 AM PST

မဲခေါင်၊ ဖေဖော်ဝါရီ ၁၀ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ​​မြလဲ​ကျေးရွာအုပ်စုအတွင်း အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့သည် ယ​နေ့ ဖေ​ဖော်ဝါရီလ(၁၀)​ရက်​​နေ့ နံနက်(၃)နာရီ(၁၀)မိနစ်အချိန်တွင် လက်နက်ကြီးဖြင့် (၅)လုံးခန့်ပစ်ခတ်ခဲ့သည်။ပစ်ခတ်လိုက်သည့် လက်နက်ကြီး​​ကြောင့်  စစ်​ဘေး​ရှောင်ပြည်သူ အသက်(၄၅)နှစ်အရွယ် အမျိုးသားတစ်ဦး ထိမှန်ခဲ့သည့်အပြင်  ခရစ်ယာန်ဘုရား​ကျောင်း(၁)လုံး၊  စပါးကျီ(၁)လုံး၊ ​နေအိမ်(၁)လုံးနှင့်

စစ်ကောင်စီက PDF အင်အား ကောင်းသည့်ဒေသများရှိ နယ်မြေရဲစခန်းများနှင့် ရဲကင်းစခန်းများပတ်လည်တွင် မိုင်းများထောင်ရန်ညွှန်ကြား

Posted: 10 Feb 2022 06:38 AM PST

ဖေဖော်ဝါရီ ၁၀ ရက်စစ်ကောင်စီက စစ်ကိုင်းတိုင်းအပါအဝင် PDF အင်အား ကောင်းသည့်ဒေသများတွင် ၄င်းတို့လက်အောက်ခံ ရဲ ကင်းစခန်းများနှင့် နယ်မြေရဲစခန်းများ ၏ ပတ်လည်တွင် မိုင်းထောင်ရန်  ညွှန်ကြားထားကြောင်း ရဲတပ်ဖွဲ့အသိုင်း အဝိုင်းထံက ပေါက်ကြားလာသည့် ရဲကြေးနန်းစာအရ သိရသည်။စစ်ကိုင်းတိုင်းအပါအဝင် PDFအင်အားကောင်းသည့်နေ ရာဒေသများတွင် စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနှင့်နယ်မြေရဲစခန်းများမကြာခဏဝင်ရောက်စီးနင်းခံရမှုများ

ဟင်္သာတမြို့တွင် လေတပ်ဗိုလ်မှူးမိသားစုနေအိမ်ကို အမျိုးသမီး PDF တပ်ဖွဲ့ ဗုံးခွဲသတိပေး

Posted: 10 Feb 2022 06:36 AM PST

ဟင်္သာတ၊ ဖေဖော်ဝါရီ ၈ ရက်ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီမှာ တာဝန်ထမ်းဆောင် နေတဲ့ လေတပ်ဗိုလ်မှူး ဇော်မင်းထင်ကျော်ရဲ့ မိသားစုနေအိမ်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ရွှေစေတီလမ်းမှာ လေ ၂၉၂၅ ဗိုလ်မှူး ဇော်မင်းထင်ကျော်ရဲ့ မိသားစုဝင်တွေနေထိုင်တဲ့အိမ်ကို မနက် ၅ နာရီ ၁၀ မိနစ်မှာ ဟင်္သာတ အမျိုးသမီး PDF တပ်ဖွဲ့က ဗုံးခွဲသတိပေးခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ

စစ်ကောင်စီကင်းပုန်းစခန်းတစ်ခုကို KNDF နှင့် KA တို့ပူးပေါင်းတိုက်ခိုက်၊ ၂ ယောက်သေ

Posted: 10 Feb 2022 06:34 AM PST

Photo-KNDF B-14မဲခေါင်၊ ဖေဖော်ဝါရီ ၁၀ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အထွက်၊ ၃ မိုင် ပကြဲ​ကျေးရွာနှင့် မော်ချီးစုစည်းရွာအနီး စစ်ကောင်စီကင်းပုန်းစခန်းတစ်ခုကို KNDF B-2၊ B-12၊ B-14 နှင့် KA တပ်ဖွဲ့တို့ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၂ ဦး​သေဆုံးခဲ့သည်ဟု KNDF BO - 14 က ထုတ်ပြန်သည်။ယနေ့ နေ့လည်ကလည်း ဖားတီမာကျေးရွာ အနီးတစ်ဝိုက်တွင် နှစ်ဖက်ထပ်မံထိတွေ့မှုရှိပြီး ထိခိုက်ဒဏ်ရာရမှုအခြေနေကို

ကျောက်ဂူအနီးတိုက်ပွဲ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ရေရာစွာမသိရသေးကြောင်း RCSS တုံ့ပြန်၊ တိုက်ပွဲအခြေအနေ တင်းမာနေဆဲဟုဆို

Posted: 10 Feb 2022 06:33 AM PST

မဲခေါင်၊ ဖေဖော်ဝါရီ ၁၀ရှမ်းပြည်နယ်အခြေစိုက် လက်နက်ကိုင်များကြား ဖြစ်ပွားနေသည့် ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်အနီးတဝိုက် တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီဘက်မှ တိုက်လေယာဉ်ဖြင့် ဝင်ရောက်ဗုံးကျဲတိုက်ခိုက်မှုအပေါ် ရေရာစွာ မသိရသေးကြောင်း RCSS ဘက်က ဖေဖော်ဝါရီလ ၁၀ရက်က တုံ့ပြန်ပြောဆိုသည်။ဖေဖော်ဝါရီလ ၉ ရက်က ကျောက်ဂူတိုက်နယ်အနီးဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတိုက်လေယာဉ်များ လာရောက်ဗုံးကျဲတိုက်ခိုက်

မြောင်နှင့်မင်းကင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံး၊ လက်နက်များ သိမ်းဆည်းရမိတယ်လို့ ကာကွယ်တပ်ဖွဲ့ကထုတ်ပြန်

Posted: 10 Feb 2022 06:31 AM PST

မြောင်/မင်းကင်းတိုက်ပွဲ(ဖေဖော်ဝါရီလ ၁၀)စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နှင့်မင်းကင်းမြို့နယ်တို့တွင် ယမန်နေ့ ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်က မြောင်မြို့နယ်မှ ဆင်းလာသော စစ်ကောင်စီအင်အား ၅၀ ခန့်တို့နှင့် ဒေသကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာ လက်နက်များသိမ်းဆည်းရမိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

ပြည်သူပိုင်ပစ္စည်းများ ခိုးယူဖောက်ထွင်း​နေ​သည့် စစ်​ကောင်စီတပ်ကို ဒီးမော့ဆို PDF သွား​ရောက်တိုက်ခိုက်

Posted: 10 Feb 2022 06:28 AM PST

ဖေဖော်ဝါရီ ၁၀ ရက်ကရင်နီ(ကယား)ပြည်နယ်၊ ဒီး​မော့ဆိုမြို့နယ်၊ ​ငွေ​တောင်အုပ်စု၊ ​အောင်ချမ်းသာကျေးရွာတွင် ပြည်သူပိုင်ပစ္စည်းများခိုးယူ​​ဖောက်ထွင်း​နေသော စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF)တပ်ဖွဲ့က ယ​နေ့ ​ဖေ​ဖော်ဝါရီလ(၁၀)ရက်​​နေ့တွင် သွား​ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။၁ နာရီကြာ တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်ဖက်မှ(၃)​ဦးခန့် စနိုက်ဘာလက်ချက်ဖြင့် သေဆုံးခဲ့ပြီး

ကရင်နီပြည်နယ်ထဲက ထွက်ပြေးနေတဲ့ စစ်ကောင်စီဝန် ထမ်းတွေ ရုံးပြန်တက်ဖို့ စစ်ကောင်စီ ညွှန်ကြား၊ ပြန်လာတက်ရင်အရေးယူမယ်လို့ကရင်နီပြည်ထဲရေးထုတ်ပြန်

Posted: 10 Feb 2022 06:43 AM PST

ဖေဖော်ဝါရီ ၁၀ ရက်တိုက်ပွဲများကြောင့် ထွက်ပြေးနေသည့် ကရင် နီ(ကယား) ပြည််နယ်က စစ်ကောင်စီဝန်ထမ်းတွေကို စစ်ကောင်စီက မူလတာဝန်များ ဖေဖော်ဝါရီလ (၂၅) ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်တာဝန်ထမ်းဆောင်ကြရန် စစ်ကောင်စီဒုဥက္ကဌက ညွှန်ကြားခဲ့ကြောင်း သိရသည်။ယင်းကဲ့သို့ စစ်ကောင်စီဝန်ထမ်းများ ရုံးပြန်တက်ဖို့ ဒု-စစ်ခေါင်းဆောင် စိုးဝင်းက ၄င်း၏ ခရီးစဥ်အတွင်း ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဝန်ထမ်းများ ပြန်လာတာဝန်ထမ်း

ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ

Posted: 10 Feb 2022 06:23 AM PST

(၁၀.၂.၂၀၂၂)အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိသည်။ သတင်းအချက်အလက်များအရ(၉.၂.၂၀၂၂) ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် - ၆၈ ဦး သေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူ - ၂၃ ဦး အထိ ခုခံတိုက်ခိုက်နိုင်ခဲ့သည်။ 

KIA အုပ်ချုပ်ရေးအတွေ့အကြုံများ ရှင်းလင်းမျှဝေခြင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် တက်ရောက်

Posted: 10 Feb 2022 06:21 AM PST

၁၀ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၂ခုနှစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်သည် ယနေ့နံနက် ၁ဝး၀၀ နာရီတွင်ကျင်းပပြုလုပ်သော မဟာမိတ် KIA ၏ အုပ်ချုပ်ရေး အတွေ့အကြုံများ ရှင်းလင်းမျှဝေခြင်း‌ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ ဆွေးနွေးပွဲတွင် ပထမဦးစွာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အဖွင့်အမှာစကား ပြောကြားခဲ့

ဒီပဲယင်း၊ စိုင်းပြင်၊ တန့်ဆည်မြို့များမှ Non-CDM ဝန်ထမ်းများ ​ရေဦးသို့ စုလာ၍ ရုံးတက်လျှင်အ​ရေးယူမည်ဟု PDF သတိ​ပေး

Posted: 09 Feb 2022 02:12 PM PST

ဒီပဲယင်းအပါအဝင် နယ်ချင်းကပ်နေသော မြို့များမှ စစ်​ကောင်စီလက်​အောက်ခံ Non CDM ဝန်ထမ်းများက၎င်းတို့၏မြို့များတွင် မနေရဲတော့သဖြင့် ရေဦးမြို့ရှိ ရုံးများ၌ စုပေါင်းရုံးတက်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိထားပြီး ​ရေဦးသို့လာပါက အရေးယူသွားမည်ဟု ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးချက် ထုတ်ပြန်သည်။ဒီပဲယင်း၊ စိုင်ပြင်နှင့်တန့်ဆည်မြို့မှဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဝန်ထမ်းများက ၎င်း

တန့်ဆည်မြို့နယ် ကံထူးမရဲစခန်းကို ​ဒေသခံPDFများတိုက်ခိုက် ရဲနှင့်စစ်သား​သေဆုံးထိခိုက်မှုများနိုင်

Posted: 09 Feb 2022 02:13 PM PST

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရဲစခန်းကိုဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်သည်။ယနေ့ ဖေဖော်ဝါရီလ ၉ ရက် နံနက်၄နာရီ ၂၅မိနစ်ဝန်းကျင်က စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ကံထူးမ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.