သစ္ထူးလြင္ |
- ပြည်အကျဥ်းထောင် မှ နိုင်ငံရေးအကျဥ်းသားမပါဘဲ ရဲပြေးနှင့်စစ်ပြေးများအပါ ပြစ်ဒဏ်ချခံနေရသူ ၁၃ ဦးလွတ်
- စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ပစ်ခံရလို့ စစ်ကောင်စီဘက်က အနည်းဆုံး ၅ဦး ထိခိုက်
- ဒဂုံမြို့သစ်တောင်ပိုင်း (၂၅)ရပ်ကွက်အတွင်းရှိ စစ်ကောင်စီတပ်၏ ကင်းတဲကို SSUG PDF က ဗုံးခွဲတိုက်ခိုက်
- ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ်NUG က အခွန်တံဆပ်ခေါင်း ငါးမျိုးထုတ်ဝေမည်
- CDMတပ်အရာရှိများဦးဆောင်ဖွဲ့စည်းထားသော PDF.CEU ဒလန်ရှင်းလင်း ရေးစတင်၊ တမူးနယ်မှ ပျူခေါင်းဆောင် ရှင်းလင်းခံရ
- ပြည်ထောင်စုနေ့အကြို စဉ့်ကိုင် ထွေအုပ်ရုံးရှိ စကစများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ၊
- တံတားဦးမြို့ဝင်ဂိတ် တိုက်ခိုက်မှု စကစရဲ ဒု-တပ်ကြပ်မြင့်ဇော်၊ တပ်သားရှိုင်းမိုးသုနှင့် တပ်သားယေရမိ တို့ သုံးဦး ပွဲချင်းပြီးသေ၊ တပ်ကြပ်တင်မြင့်ဝင်းနှင့် တပ်သားသန်းရွှေတို့လည်း ဒဏ်ရာရ၊
- မန္တလေး ကမ်းနားလမ်းတွင် သတင်းပေးအဖြစ် နာမည်ထွက်သူ သေနတ်ဖြင့် အပစ်ခံရ သုံးကြိမ်မြောက် လုပ်ကြံခံရခြင်းဖြစ်
- ကျောက်ဂူမှာ RCSSနဲ့ SSPPကြားတိုက်ပွဲကြား အရပ်သား ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့
- သထုံမြို့နယ် ဇီးဝန်းကျေးရွာမှာ စစ်ကောင်စီနှင့် KNLA အကြားတိုက်ပွဲဖြစ်၊ စစ်ကောင်စီဖက်မှ ၃ ဦးသေ၊ ၃ ဦးဒဏ်ရာရ
- တောင်ငူတွင် မီးလိုက်ဖြတ်သည့် လျှပ်စစ်ဝန်ထမ်း သေနတ်ဖြင့် ၃ ချက် ပစ်သတ်ခံရ
- ပျူစောထီးအဖွဲ့၏ စားသောက်ကုန်များအား မင်းကင်း PDF ဖမ်းဆီးပြီး စစ်ကောင်စီမီးရှို့ခဲ့သည့် ရွာများသို့ ပေးပို့
- အာဏာသိမ်းစစ်ကောင်စီရဲ့ ဗိုလ်ရှုခံပွဲကို လှိုင်သာယာမြို့၌ စစ်ကားအား ဗုံးဖောက်ခွဲ၍ ကြိုဆိုပေး
- ဖျာပုံခရိုင် ၃ မြို့နယ်အတွင်း စစ်ကောင်စီရုံးဌာနများအပါအဝင် နေရာ ၄ခုတွင် ဗုံးပေါက်ကွဲ
- ပုသိမ်မြို့တွင် ဆိုင်ကယ်၊ကားများအား တားဆီးစစ်ဆေးရာ ဆိုင်ကယ်ရပ်မပေး၍ ရဲတပ်ဖွဲ့က လူငယ် ၂ ဦးအား ပစ်ခတ်ဖမ်းဆီး
- (၁၂.၂.၂၀၂၂) ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ
- စစ်ကောင်စီလက်ချက်နဲ့ ဗိုလ်ကျန်ရစ် သေဆုံးတဲ့သတင်း မမှန်ဟု YPDF ထုတ်ပြန်
- ရွာလုံးကျွတ် မီးရှို့ခံရသော ပုလဲနယ်က ဒေသခံများ စစ်အာဏာရှင် ကျဆုံးရေး ဆန္ဒပြ၊
- မတ္တရာမြို့တွင် စစ်ကောင်စီအင်အား (၃၀) ကျော် မိုင်းဆွဲခံရ အသေအပျောက်များနိုင်
- စစ်ကောင်စီတပ်ဖွဲ့နှင့် ယာဉ်များအနီး မည်သည့်အကြောင်းနှင့်မျှ နီးကပ်စွာ မနေရန် ဟိုပင် PDF ထုတ်ပြန်
- မနက်ဖြန် ညနေ၅နာရီတွင် အသံနှင့်အလံကို နားစွင့်၍ လူထုလှုပ်ရှားမှုပြုလုပ်ရန် တော်လှန်ရေးအင်အားစုများ တောင်းဆို
- မင်းကင်း မောက်တက်နှင့် မုဿာရွာ အိမ်ခြေ(၃၀၀)ကျော်ကို စစ်အုပ်စုက မီးရှို့ဖျက်ဆီး၊ တန့်ဆည်နယ် ရွာ(၄)ရွာကိုလည်း (၉)ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး
- တံတားဦးနှင့် ငါန်းဇွန်မြို့နယ် ကျေးရွာအချို့ကို စစ်အုပ်စု ဝင်မွှေသောင်းကျန်း၊ မြစ်တဖက်ခြမ်း စစ်ကိုင်း၊ မြင်းမူနယ်အထိ စစ်အုပ်စု မွှေမည့် အခြေအနေရှိနေ၊
- တန်ဆည်တွင် အိမ်များဖျက်ဆီးပြီးပြန်လာ သောစစ်ကောင်စီတပ် မိုင်းပဒေသာမိ၍ ၁၀ဦးထက်မနည်းသေဆုံး
- စစ်ကောင်စီက မနက်ဖြန်တွင် နံနက် ၄ နာရီမှည ၁၁အထိ အင်တာနက်ဖြတ်မည်
ပြည်အကျဥ်းထောင် မှ နိုင်ငံရေးအကျဥ်းသားမပါဘဲ ရဲပြေးနှင့်စစ်ပြေးများအပါ ပြစ်ဒဏ်ချခံနေရသူ ၁၃ ဦးလွတ် Posted: 12 Feb 2022 09:15 AM PST ပြည်၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၂။ပဲခူးတိုင်းဒေသကြီး၊ ပြည်အကျဉ်းထောင်ကြီးမှ ရဲအက်နှင့် စစ်စည်းကမ်းဥပဒေများနှင့် ပြစ်ဒဏ်ချခံနေရသူများ ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်နွယ်နေသူများ စုစုပေါင်း ၁၃ ဦးကိုလွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်ပေးလိုက်ကြောင်း တရားရေးအသိုင်းအဝန်း ထံကသိရသည်။အဆိုပါ ၁၃ ဦးကို ဖေဖော်ဝါရီလ ၁၂ ရက်၊ ပြည်ထောင်စုနေ့ ယနေ့တွင်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်ပေးလိုက်ခြင်းဖြစ်ပြီး အာဏာသိမ်းမှုအလိုမရှိ |
စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ပစ်ခံရလို့ စစ်ကောင်စီဘက်က အနည်းဆုံး ၅ဦး ထိခိုက် Posted: 12 Feb 2022 09:13 AM PST သဲကုန်း၊ ဖေဖော်ဝါရီ၁၂၊ ၂၀၂၂။ပဲခူတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့က စစ်ကောင်စီရဲ့ စစ်ဆေးရေး ဂိတ်ကို သဲကုန်းပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီနေ့ မနက် ၅နာရီဝန်းကျင်မှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အနည်းဆုံး စစ်သား ၅ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်သား၅ဦး လမ်းပေါ်မှာ လဲကျနေတာကို ဒေသခံတွေက မြင်တွေ့ရပြီး စစ်ကားနဲ့ တင်ခေါ်သွားတယ်လို့ သဲကုန်းပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ |
ဒဂုံမြို့သစ်တောင်ပိုင်း (၂၅)ရပ်ကွက်အတွင်းရှိ စစ်ကောင်စီတပ်၏ ကင်းတဲကို SSUG PDF က ဗုံးခွဲတိုက်ခိုက် Posted: 12 Feb 2022 09:10 AM PST ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၂၅)ရပ်ကွက်တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ ကင်းတဲကို SSUG PDF (တောင်ပိုင်းပြည်သူ့ကာကွယ်ရေး အင်အားစု)က လက်ပစ်ဗုံး ပစ်သွင်းကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ည(၇)နာရီဝန်းကျင်အချိန်က (၂၅)ရက်ကွက်၊ မြိတ်လမ်းနှင့် ပုလဲရတနာလမ်းထောင့် (၂၅) ဘောလုံးကွင်းထောင့်အနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ကင်းတဲအတွင်းသို့ |
ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ်NUG က အခွန်တံဆပ်ခေါင်း ငါးမျိုးထုတ်ဝေမည် Posted: 12 Feb 2022 09:09 AM PST အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် စာချုပ်စာတမ်းပြုလုပ်ရာတွင် အသုံးပြုနိုင်ရန် အခွန် တံဆိပ်ခေါင်း ၅ မျိုးကို ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ထုတ်ဝေလိုက်ကြောင်း NUG က ယနေ့ထုတ်ပြန်သည်။၂၀၂၂ဖေဖော်ဝါရီ ၁၂ ရက်သည် တိုင်းရင်းသားခေါင်းဆောင်များပါဝင်သည့် ပင်လုံညီလာခံ၌ ပင်လုံစာချုပ်ချုပ်ဆိုသည့်မှာ ၇၅ နှစ်မြောက်ခဲ့ပြီး ယင်း အထိမ်းအမှတ်အဖြစ် NUGက တံဆိပ်ခေါင်းများစတင် ထုတ်ဝေရောင်းချ |
Posted: 12 Feb 2022 09:06 AM PST စစ်တပ်မှ CDM အရာရှိများဦးဆောင်ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးတပ်မတော် - စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့(PDF-CEU)မှ ဒလန်ရှင်းလင်းရေးစတင်ပြီဖြစ်ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၁၂ ရက်) ထုတ်ပြန်သည်။ပျူစောထီးများနှင့် ဒလန်ရှင်းလင်းရေးစတင်သည့် ယနေ့တွင် စစ်ကိုင်းတိုင်း နမူးမြို့နယ် ကွန်တောင်းရွာမှ ပျူစောထီးခေါင်းဆောင်တစ်ဦးကို ရှင်းလင်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ရှင်းလင်းခံရသူမှာ စစ်ကောင်စီ |
ပြည်ထောင်စုနေ့အကြို စဉ့်ကိုင် ထွေအုပ်ရုံးရှိ စကစများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ၊ Posted: 12 Feb 2022 09:04 AM PST ဖေဖေါ်ဝါရီ - ၁၂စစ်အုပ်စု ခိုင်းစေသည့်အတိုင်း ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပမည့် စဉ့်ကိုင်မြို့နယ် ထွေအုပ်ရုံးအတွင်း အစောင့်ချထားသော စကစများကို ယမနေ့ ညပိုင်းတွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း စဉ့်ကိုင်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ - LPDF စဉ့်ကိုင်က သတင်းထုတ်ပြန်သည်။ဖေဖေါ်ဝါရီ(၁၁)ရက် ည(၈)နာရီခွဲက စဉ့်ကိုင်မြို့နယ် ထွေအုပ်ရုံးအတွင်း ပြည်ထောင်စုနေ့ အခမ်းအနားအတွက် လုံခြုံရေး ယူနေ |
Posted: 12 Feb 2022 09:03 AM PST ဖေဖေါ်ဝါရီ - ၁၂မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ တံတားဦး-မြို့သာလမ်းပေါ်ရှိ သာယာဦး မြို့အဝင်ဂိတ်တွင် အစောင့်ကျနေသော စကစများ ယမန်နေ့ မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲ ဒု-တပ်ကြပ်မြင့်ဇော်၊ တပ်သားရှိုင်းမိုးသုနှင့် တပ်သားယေရမိ တို့ သုံးဦး ပွဲချင်းပြီးသေကာ တပ်ကြပ်တင်မြင့်ဝင်းနှင့် တပ်သားသန်းရွှေတို့ သေနတ်မှန် ဒဏ်ရာများ ရရှိကြောင်း စစ်ကောင်စီ အသိုင်းအဝိုင်းက MFP သို့ ပြောသည်။ယမန်နေ့ ဖေဖော်ဝါရီ(၁၁) |
Posted: 12 Feb 2022 09:02 AM PST ပုံစာ၊ သေနတ်ဖြင့် အပစ်ခံရသည့်နေရာဝန်းကျင်ကို Google မြေပုံဖြင့် မြင်ရစဉ်။ဖေဖော်ဝါရီ - ၁၂ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် အနောက်ခြမ်းရှိ ဧရာထွန်းပန်းခြံ အနီးတွင် အမျိုးသားတစ်ဦးအား ယနေ့နေ့လယ် (၁) နာရီ ဝန်းကျင်တွင် သေနတ်ဖြင့် အပစ်ခံခဲ့ရကြောင်း ဒေသခံအချို့က MFP သို့ ပြောသည်။သေနတ်ဖြင့် အပစ်ခံရသူမှာ ဧရာထွန်းရပ်ကွက်တွင် နေထိုင်သည့် ကိုပေါက်စီ ဆိုသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။"ပစ်တာတော့ ငါးချက် |
ကျောက်ဂူမှာ RCSSနဲ့ SSPPကြားတိုက်ပွဲကြား အရပ်သား ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ Posted: 12 Feb 2022 08:59 AM PST ဓာတ်ပုံ _ CJ (ကျောက်ဂူတိုက်နယ်ထဲက စစ်ကောင်စီတပ်သားများ)ဖေဖော်ဝါရီလ ၁၂ ရက်၊ ရပ်စောက်ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာအုပ်စု ဖေဖော်ရီလ ၉ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ RCSS/SSA နဲ့ SSPP/SSAတို့ ပြင်းထန်တဲ့တိုက်ပွဲကြောင့် အုန်းကျော်ကျေးရွာက ရွာခံတွေ လက်နက်ထိမှန်ပြီး ၁ ဦးသေဆုံးကာ ၃ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။ တိုက်ပွဲကြားညှပ်သွားရာကနေ လက်နက်တွေထိမှန်ခဲ့တာကြောင့် အသက် (၄၇)အရွယ် |
Posted: 12 Feb 2022 08:51 AM PST ဓာတ်ပုံ - ရှေ့တန်းထွက်သည့် KNLA တပ်ဖွဲ့ဝင်တချို့ကိုတွေ့ရစဉ်။ (Photo: Salween Press) ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ၊ ၂၀၂၂မွန်ပြည်နယ် သထုံမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စု ဇီးဝန်းကျေးရွာ ထီးဖိုးညလိခီးနေရာမှာ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ ညနေ ၃ နာရီကျော်မှာ စစ်ကောင်စီအမြောက်တပ်တပ်ဖွဲ့နှင့် KNLA တပ်ဖွဲ့ဝင်တို့ ထိပ်တိုက်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိတယ်လို့ KNLA တပ်ရင်း ၂ |
တောင်ငူတွင် မီးလိုက်ဖြတ်သည့် လျှပ်စစ်ဝန်ထမ်း သေနတ်ဖြင့် ၃ ချက် ပစ်သတ်ခံရ Posted: 12 Feb 2022 08:48 AM PST မဲခေါင်၊ ဖေဖော်ဝါရီ ၁၂မီတာခမဆောင်သူများကို လျှပ်စစ်မီးလိုက်လံဖြတ်တောက်နေသည့် တောင်ငူမြို့မှ လျှပ်စစ်ဝန်ထမ်းတစ်ဦး ဖေဖော်ဝါရီလ ၁၂ရက် နေ့လည်ပိုင်းတွင် သေနတ်ဖြင့် ၃ချက် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။တောင်ငူမြို့တွင်းမှ လျှပ်စစ်မီတာခ မဆောင်သည့် နေအိမ်များကို စစ်တပ်အစောင့်အရှောက်ဖြင့် လိုက်လံ မီးဖြတ်နေစဉ် အုတ်ကျွတ်တန်းဘက်အရောက် သေနတ်ဖြင့် ၃ချက် ပစ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက |
Posted: 12 Feb 2022 08:47 AM PST မဲခေါင်၊ ဖေဖော်ဝါရီ ၁၂ချင်းတွင်းမြစ်အတွင်း ရေယာဥ်ဖြင့်သယ်ဆောင်လာသည့် ပျူစောထီးအဖွဲ့ဝင်များ၏ လူသုံးကုန်၊ စားသောက်ကုန်နှင့် ရေနံပေပါများအား မင်းကင်း PDF က ဖမ်းဆီးပြီး စစ်ကောင်စီမီးရှို့ခဲ့သည့် ကျေးရွာများသို့ ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်သည်။မင်းကင်းမြို့နယ် ပန်းဆက်၊ တောင်ဖြူရွာနှင့် အခြားကျေးရွာများမှ ပျူစောထီးအဖွဲ့ ဝယ်ယူထားသော ပစ္စည်းများအား ဖေဖော်ဝါရီ ၁၁ တွင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အရက်ဖာများအား |
အာဏာသိမ်းစစ်ကောင်စီရဲ့ ဗိုလ်ရှုခံပွဲကို လှိုင်သာယာမြို့၌ စစ်ကားအား ဗုံးဖောက်ခွဲ၍ ကြိုဆိုပေး Posted: 12 Feb 2022 08:43 AM PST (ဖေဖော်ဝါရီလ ၁၂ ရက်)ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အနောက်ပိုင်း ရန်ကုန်-ပုသိမ် လမ်းမပေါ်တွင် ရဲတပ်ရင်း (၉)သို့ မောင်းနှင်လာသောစစ်ကားကို ဒီကနေ့ နံနက်အစောပိုင်းက မြို့ပြညီနောင်မဟာမိတ် (၂)ဖွဲ့ပူးပေါင်း၍ ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ဒီကနေ့ ဖော်ဖော်ဝါရီလ ၁၂ ရက် နံနက် (၅:၁၀)အချိန်ခန့်က ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်တွင် ကင်းလှည့်၍ ရဲတပ်ရင်း (၉)သို့ မောင်းနှင်လာသော စစ်ကားကို အဝေးထိန်းဗုံး(၂) |
ဖျာပုံခရိုင် ၃ မြို့နယ်အတွင်း စစ်ကောင်စီရုံးဌာနများအပါအဝင် နေရာ ၄ခုတွင် ဗုံးပေါက်ကွဲ Posted: 12 Feb 2022 08:42 AM PST ဖျာပုံခရိုင် ဖေဖဝါရီ ၁၂ ရက် ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ဖျာပုံမြို့၊ကျိုက်လတ်မြို့နှင့် ဘိုကလေးမြိနယ်များအတွင်း ယမန်နေ့ ဖေဖော် ဝါရီ ၁၁ ရက်ညပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ကြေငြာသည်။ကျိုက်လတ်မြို့အဝင် စစ်ဆေးရေးဂိတ်၊ ဖျာပုံမြို့ အမှတ် ၁၀ ရပ်ကွက်ရုံးနှင့် ဘိုကလေးမြို့တွင် မြန်မာ့စီးပွားရေးဘဏ်ရှေ့ ၊သစ်တောရုံးရှေ့များတွင် ဒေသအလိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ |
Posted: 12 Feb 2022 08:41 AM PST ပုသိမ်၊ ဖေဖော်ဝါရီ ၁၂ ရက်။ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ ဒီနေ့နေ့လည်ပိုင်းက စစ်ကောင်စီက ကား၊ဆိုင်ကယ်တွေကိုစစ်ဆေးနေရာမှာ ဆိုင်ကယ်ရပ်မပေးလို့သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ဒီနေ့နေ့လည် ၁၂ နာရီ မိနစ် ၂၀ ဝန်းကျင်အချိန်က ပုသိမ်မြို့၊ အမှတ်(၃) ရပ်ကွက်၊တောရကျောင်းလမ်းထိပ်မှာ ကားတွေဆိုင်ကယ်တွေကို စစ်ကောင်စီတပ်သားများက တားဆီးစစ်ဆေးခဲ့ပြီး ဆိုင်ကယ်ရပ်ဖို့အရှိန်လွန်သွားတဲ့လူငယ်၂ဦး စီးလာတဲ့ဆိုင် |
(၁၂.၂.၂၀၂၂) ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ Posted: 12 Feb 2022 08:37 AM PST (၁၂.၂.၂၀၂၂)အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိသည်။ သတင်းအချက်အလက်များအရ(၁၁.၂.၂၀၂၂) ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် - ၈၉ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ - ၃၁ ဦး အထိ ခုခံတိုက်ခိုက်နိုင်ခဲ့သည်။ |
စစ်ကောင်စီလက်ချက်နဲ့ ဗိုလ်ကျန်ရစ် သေဆုံးတဲ့သတင်း မမှန်ဟု YPDF ထုတ်ပြန် Posted: 11 Feb 2022 08:59 AM PST ရေး ၊ ဖေဖော်ဝါရီ ၁၁ရေးမြို့နယ်က စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေတဲ့ ရေးပြောက်ကျားတပ်ဖွဲ့ YGF က ဗိုလ်ကျန်ရစ် သေဆုံးတယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ဘူးလို့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ထုတ်ပြန်ချက်ရဲ့ အောက်ဆုံးညာဘက်မှာ ဗိုလ်ကျန်ရစ် လက်မှတ်ရေးထိုးထားပြီး ဗိုလ်ကျန်ရစ် (စဆရ) နာမည်နဲ့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လို့ ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ |
ရွာလုံးကျွတ် မီးရှို့ခံရသော ပုလဲနယ်က ဒေသခံများ စစ်အာဏာရှင် ကျဆုံးရေး ဆန္ဒပြ၊ Posted: 11 Feb 2022 08:49 AM PST Photo - ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီရွာလုံးကျွတ် မီးရှို့ခံရသော စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ ဒေသခံများက စစ်အာဏာရှင် ကျဆုံးရေး ယနေ့ ဖေဖေါ်ဝါရီ(၁၁)ရက်တွင် ချီတက်ဆန္ဒပြခဲ့သည်။"ရွာကိုပဲမီးရှို့လို့ရမယ် စိတ်ဓါတ်နဲ့ မြေကို မီးရှို့မရဘူး"ဟူသော ကြွေးကြော်သံနှင့်အတူ ချီတက်ဆန္ဒပြခဲ့ခြင်း ဖြစ်သည်ဟု ပုလဲလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဖော်ပြသည်။အကြမ်းဖက် စစ်ကောင်စီသည် ပုလဲ |
မတ္တရာမြို့တွင် စစ်ကောင်စီအင်အား (၃၀) ကျော် မိုင်းဆွဲခံရ အသေအပျောက်များနိုင် Posted: 11 Feb 2022 08:48 AM PST ဖေဖော်ဝါရီ - ၁၁ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် သဖန်းကိုင်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီဝင်များကို ယနေ့နေ့လယ် (၂) နာရီခွဲအချိန်တွင် မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် သဖန်းကိုင်းရွာသို့ တပ်ဆွဲရန် ရောက်ရှိခဲ့ပြီး ယနေ့တွင် စစ်ကောင်စီများအပြန် ကျပ်ပြင်ရွာတွင် |
စစ်ကောင်စီတပ်ဖွဲ့နှင့် ယာဉ်များအနီး မည်သည့်အကြောင်းနှင့်မျှ နီးကပ်စွာ မနေရန် ဟိုပင် PDF ထုတ်ပြန် Posted: 11 Feb 2022 08:46 AM PST စစ်ကောင်စီတပ်သားများ၊ စစ်ကောင်စီယာဉ်တန်းများနှင့် မည်သည့် အကြောင်းနှင့်မျှ အနီးကပ်မနေရန် အထူးသတိပြု ဂရုစိုက်ကြရန် အသိပေးကြောင်း မိုးညှင်းမြို့နယ်ရှိ ဟိုပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ယနေ့ ထုတ်ပြန်သည်ဖေဖော်ဝါရီ ၁၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် အများပြည်သူများ အထူးလိုက်နာ ပေးရန် သတိပေးချက်တွင် ပြည်သူများ၊ လယ်လုပ်ကိုင်သူများ အနေဖြင့် ယနေ့ညနေ ၅နာရီခွဲမှစ၍နန့်ရင်းချောင်း တစ်ဖက်ကမ်းသို့မည်သည့် |
Posted: 11 Feb 2022 08:44 AM PST မနက်ဖြန် (ဖေဖော်ဝါရီ ၁၂ ရက်) ညနေ ၅နာရီတွင် "ပင်လုံစာချုပ်ချုပ်ဆိုတဲ့ (၇၅)နှစ်ပြည့်"အဖြစ် ပြည်သူများ အနေဖြင့် အကြမ်းဖက် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုပြုလုပ်ရန် သပိတ်အင်အားစုများက တောင်းဆိုလိုက်သည်။" မနက်ဖြန်မှာဆိုရင် နှစ်ပေါင်း ၆၀တိတိ ပြည်သူကို ကျွန်ပြုပြီး ၎င်းတို့အကျိုးစီးပွားအတွက် လိမ်လည်ကာ "ပြည်ထောင်စုနေ့"ရယ်လို့ သတ်မှတ်ပြီး တကယ့်အနှစ် သာရဖြစ်တဲ့ "ပင်လုံစာချုပ် ချုပ်ဆိုခဲ့ခြင်း |
Posted: 11 Feb 2022 08:42 AM PST မင်းကင်းနယ် မောက်တက်နှင့် မုဿာရွာရှိ နေအိမ်အလုံး (၃၀၀)ကျော်ကို အကြမ်းဖက် စစ်အုပ်စုက မီးရှို့ဖျက်ဆီးစဉ်/ Photo - CJဖေဖေါ်ဝါရီ - ၁၁စစ်ကိုင်းတိုင်း အထက်ပိုင်း မင်းကင်းမြို့နယ် မောက်တက်နှင့် မုဿာရွာရှိ နေအိမ် (၃၀၀)ကျော်ကို အကြမ်းစစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။အကြမ်းဖက် စစ်အုပ်စုသည် ဖေဖေါ်ဝါရီ(၁၀)ရက် မနက်ပိုင်းမှ စတင်ကာ မင်းကင်းမြို့နယ် မောက်တက်နှင့် မုဿာရွာသို့ စီးနင်းဝင် |
Posted: 11 Feb 2022 08:38 AM PST ဖေဖေါ်ဝါရီ - ၁၁မန္တလေးတိုင်း တံတားဦးနှင့် ငါန်းဇွန်မြို့နယ်ရှိ ကျေးရွာအချို့သို့ ယနေ့ ညနေပိုင်းတွင် စစ်အုပ်စု ဝင်ရောက်မွှေနှောက် သောင်းကျန်းနေပြီး ဧရာဝတီမြစ် တဖက်ကမ်းရှိ စစ်ကိုင်းနှင့် မြင်းမူနယ်များအထိ မွှေနှောက်သောင်းကျန်းမည့် အခြေအနေရှိကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။ယနေ့ ဖေဖေါ်ဝါရီ(၁၁)ရက်တွင် တံတားဦးမြို့နယ် မြေငူ၊ ပုဏ္ဍားခြံ၊ ပေါက်တော၊ ပေါက်မြိုင် စသည့် ကျေးရွာများသို့ စစ် |
တန်ဆည်တွင် အိမ်များဖျက်ဆီးပြီးပြန်လာ သောစစ်ကောင်စီတပ် မိုင်းပဒေသာမိ၍ ၁၀ဦးထက်မနည်းသေဆုံး Posted: 11 Feb 2022 08:37 AM PST တန့်ဆည်မြို့တွင် ပြည်သူလူထူနေအိမ်များအား စစ်ကြောင်းထိုးဖျက်ဆီးပြီး ပြန်လာသော အကြမ်းဖက်စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းပဒေသာခွဲတိုက်ခိုက်ရာ ဆယ်ဦးထက်မနည်း သေဆုံးသွားကြောင်း သတင်းရရှိသည်။တန့်ဆည်မြို့ ပေချောင်နှင့် ခရုတောကျေးရွာများကို စစ်ကြောင်းထိုးပြီး ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၁၁ရက်)နေ့လယ်တွင် |
စစ်ကောင်စီက မနက်ဖြန်တွင် နံနက် ၄ နာရီမှည ၁၁အထိ အင်တာနက်ဖြတ်မည် Posted: 11 Feb 2022 08:36 AM PST အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီ ၁၂ရက် (မနက်ဖြန်)တွင် တစ်နိုင်ငံလုံးရှိ မြို့နယ်အများစုတွင် နံနက် ၄နာရီမှ ည ၁၁နာရီအထိ အင်တာနက်လိုင်းများဖြတ်တောက်ရန် မိုဘိုင်းအော်ပရေတာကုမ္ပဏီများညွန့်ကြားထားကြောင်း သိရသည်။ အင်တာနက်ဖြတ်တောက်ရာတွင် မိုဘိုင်းအင်တာနက်များသာပါဝင်ပြီး Wifiအင်တာနက်များမပါဝင်ဟု အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီဝန်ထမ်းများထံမှ သိရသည်။ မနက်ဖြန် (ဖေဖော်ဝါရီ ၁၂ ရက်)တွင် ဒီမိုကရေစီလို လားသူများက " |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.