Tuesday, February 15, 2022

သစ်ထူးလွင်

သစ်ထူးလွင်


တိုက်ပွဲဝင်ရင်း စားနပ်ရိက္ခာအတွက် တတ်သလောက် ပညာရပ်ဖြင့် အစဥ်ပြေသလိုရုန်းကန်နေသည့် DMO PDF တပ်ရင်း A

Posted: 14 Feb 2022 06:32 AM PST

ဓာတ်ပုံ-DMO PDF တပ်ရင်း - Aဖေဖော်ဝါရီ ၁၄ ရက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒီးမော့ဆို DMO PDF တပ် ရင်း A က တိုက်ပွဲဝင်ရင်း စားနပ်ရိက္ခာအတွက် တတ်သလောက် ပညာရပ်ဖြင့် အစဥ်ပြေသလိုရုန်းကန်နေသည့်   အဆိုပါ တပ်ရင်းA၏ ယနေ့ မြင်ကွင်းများဖြစ်ပါသည်။"နိုင်ငံရေးမပြေလည်သည့် ယခုချိန်ကာလမျိုးတွင် ၀မ်းစာအတွက်လုံးပန်းနေရသော မိဘပြည်သူစစ်ရှောင်များနှင့် ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ် DMO PDF ရဲဘော်များ၏ အခက်အခဲများသည်

တန့်ဆည်တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူများ၏နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီး

Posted: 14 Feb 2022 06:22 AM PST

တန့်ဆည် - ဖေဖော်ဝါရီ ၁၄၊ ၂၀၂၂။ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကာပေါင်းကျ‌ကျေးရွာတွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစတင်ကာ လေးရက်တိုင် ဝင်ရောက်တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ အင်အား ၁၀၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းက နေအိမ်အလုံး ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။  "

မန္တလေး-မိုးကုတ်လမ်းပေါ် ဂွေးပင်ရွာရှိ စစ်ကောင်စီ တပ်စခန်း တိုက်ခိုက်ခံရ

Posted: 14 Feb 2022 06:17 AM PST

ဖေဖော်ဝါရီ ၁၄ ရက်၊ မိုးကုတ်ဒီနေ့မနက် အစောပိုင်း ၄ နာရီကျော်ကနေ စတင်ပြီးတော့ ၈ နာရီခွဲအထိ မန္တလေးတိုင်းဒေသ မိုးကုတ်မြို့နယ် ဂွေးပင်ကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ တပ်စခန်းကို လက်နက်ကိုင်အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ဘယ်တပ်ဖွဲ့က လာရောက် ပစ်ခတ်လဲဆိုတာကိုတော့ အတည်မပြုနိုင်သေးဘဲ တိုက်ပွဲအတွင်း လက်နက်ကြီးတွေလည်း အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။"အသံကတော့ ငြိမ်သွားပြီ။ ဖြစ်

"အဒေါ်လေ သူတို့အသည်းကိုအစိမ်းစားပြလိုက်ချင်တယ်"

Posted: 14 Feb 2022 06:11 AM PST

(ဓာတ်ပုံ - PDF သင်တန်းဆင်းပွဲကို အဝေးက ကြည့်နေသည့် အညာဒေသခံများ)ဒေါ်ကြင်နှင့်ကျွန်တော်သည် ကန္တာရပင်၏အရိပ်အောက်တွင်တူတူထိုင်နေကြသည်။ကျွန်တော်တို့ရှေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) အလံနီက တလွင့်လွင့်လှုပ်ယမ်းနေပြီး တပ်ဖွဲ့ဝင်များက သစ္စာရေကို တစ်ယောက်စီ မော့သောက်နေချိန်ဖြစ်သည်။        အဝါရောင် ကောက်ရိုးပြတ်များ၊ ထန်းပင်ရှည်ရှည်ကြီးများဝန်းရံထားသော  မြေကွက်လပ်တွင်  အခြေခံစစ်သင်တန်းဆင်းပွဲတစ်ခုပြုလုပ်

ဂျပန်အ​ဖျော်ယမကာကုမ္ပဏီKirin စစ်​ကောင်စီနှင့်လမ်းခွဲပြီး မြန်မာနိုင်ငံမှထွက်ခွာ​တော့မည်

Posted: 14 Feb 2022 06:04 AM PST

အာဏာသိမ်းစစ်​ကောင်စီနှင့်လက်တွဲပြီး မြန်မာဘီယာထုတ်လုပ်နေသည့် ဂျပန်အဖျော်ယမကာကုမ္ပဏီ Kirin ကမြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။ အကြမ်းဖက်စစ်တပ်ပိုင် မြန်မာစီးပွားရေးဦးပိုင်လီမိတက်နှင့် တနှစ်ကြာညှိနှိုင်းခဲ့သော်လည်း ဖြေရှင်းနိုင်သည့် အလားအလာမရှိသောကြောင့် မြန်မာနိုင်ငံတွင်လည်ပတ်နေသည့်လုပ်ငန်းများ ရပ်ဆိုင်းရန် ဆုံးဖြတ် ချက်ချခဲ့ခြင်းဖြစ်သည်ဟု ဂျပန်သတင်းဌာနတစ်ခုဖြစ်​

မဂ်လာဒုံမြို့နယ်ရှိ စစ်ကောင်စီထောက်လှမ်းရေးတပ်ဝင်း တိုက်ခိုက်ခံရ

Posted: 14 Feb 2022 05:53 AM PST

ရန်ကုန်၊ ဖေဖော်ဝါရီ-၁၄မဂ်လာဒုံမြိုနယ်၊အောင်မဂ်လာအဝေးပြေးဝင်းရှေ့ရှိ စစ်ကောင်စီထောက်လှမ်းရေးတပ်ဝင်းအတွင်း ယမန်နေ့ညက ၄၀မမ ဗုံးပစ်လောင်ချာဖြင့်ပစ်ခတ်ံခံရကြောင်း သိရသည်။အဆိုပါ တိုက်ခိုက်မူကို  Dictator Revolt Front(DRF)အဖွဲ့က ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်း အမှတ်အဖြစ်တိုက်ခိုက်ခြင်းဖြစ်သည်ဟုဆိုသည်။ဗုံးပစ်ခံရခြင်းကြောင့်စစ်ကောင်စီတပ်အတွင်းထိခိုက်မူအခြေအနေမသိရသေးဘဲ ယနေ့မနက်တွင်တပ်ဝင်းတလျှောက်

ဒဂုံမြို့သစ်(တောင်ပိုင်း) ၇၀ ရပ်ကွက်ရုံး ဗုံးပစ်သွင်း ခံရ

Posted: 14 Feb 2022 05:51 AM PST

ရန်ကုန်အ​ရှေ့ပိုင်းခရိုင်အတွင်း ဒဂုံမြို့သစ်(တောင်ပိုင်း)  (၇၀)ရပ်ကွက်ရုံးကို ယနေ့ ဖေဖော်ဝါရီလ (၁၄)ရက်၊ ညနေ(၅)နာရီခွဲဝန်းကျင်က ဗုံးပစ်သွင်းခံရကြောင်း ဒေသခံများထံမှ သိရသည်။ယင်းတိုက်ခိုက်မှုကို SSUG PDF(တောင်ပိုင်းပြည်သူကာကွယ် ရေးအင်အားစု)အဖွဲ့နှင့် Black Peacock အဖွဲတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။၎င်းအဖွဲ့သည် ဒဂုံမြို့သစ်(တောင်ပိုင်း) (၂၅)ရပ်ကွက်၊ စည်ပင်လမ်းနှင့် သရက်

စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရ

Posted: 14 Feb 2022 05:49 AM PST

ဖေဖေါ်ဝါရီ ၁၄စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်မှုကို ပျောက်ကြားတပ်ဖွဲ့တဖွဲ့မှ လုပ်ဆောင်ခဲ့ပါတယ်။ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၃ရက် ည ၈:၃၀နာရီအချိန်ခန့်က ရွှေမင်းဝံရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်မှုကို Dragon King ပျောက်ကြားတပ်ဖွဲ့ကလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဖေဖေါ်ဝါရီလ ၁၃ရက်နေ့ ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်‌အနေနဲ့လုပ်ဆောင်ခဲ့တာဖြစ်ပြီး သတိပေးရုံသာ

အောင်မင်္ဂလာအဝေးပြေးဝင်းရှိ ကားဂိတ်တစ်ခုတွင် ပေါက်ကွဲမှုဖြစ်

Posted: 14 Feb 2022 05:47 AM PST

ဓာတ်ပုံ - Khin Saw Htwe (အောင်မဂ်လာအဝေးပြေးဝင်းတစ်နေရာကိုတွေ့ရစဥ်)ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ မဂ်လာဒုံမြို့နယ်၊အောင်မင်္ဂလာအဝေးပြေးဝင်းရှိ High Class ကားဂိတ်တွင်ယနေ့မနက်ပိုင်းက ပေါက်ကွဲမူဖြစ်ခဲ့ကြောင်း အဝေးပြေးဝင်းအတွင်းနေထိုင်သူများထံမှသိရသည်။ ယနေ့မနက် ၁၀ နာရီခန့်က အဆိုပါ ကားဂိတ်တွင် ပေါက်ကွဲမှုဖြစ်ပွါးခဲ့ကာ စစ်ကောင်စီ လုံခြုံရေးတပ်များရောက်ရှိလာပြီးလမ်းများပိတ်ဆို့၍ လက်ကျန်ဗုံးများရှိမရှိရှာဖွေခြင်း

စဉ့်ကူးမြို့နယ်ရှိ ပင်လယ်ကြီးစစ်ဆေးရေးဂိတ်ကို PDF အဖွဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဒုရဲအုပ်တစ်ဦးအပါအဝင် ၂ ဦးသေဆုံး

Posted: 14 Feb 2022 05:43 AM PST

ဓာတ်ပုံ- စဉ့်ကူး PDF စဉ့်ကူး၊ ဖေဖော်ဝါရီ ၁၄စဥ့်ကူးမြို့နယ် လက်ပန်လှကျေးရွာအနီး မန္တလေး-မိုးကုတ်ကားလမ်းမပေါ်ရှိ ပင်လယ်ကြီးစစ်ဆေးရေးဂိတ်ကို စဥ့်ကူး PDF က ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဒုရဲအုပ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။ပင်လယ်ကြီးစစ်ဆေးရေးဂိတ်ကို ယနေ့ နံနက် ၄ နာရီခန့်၌  ဝင်ရောက်ပစ်ခဲ့ခြင်းဖြစ်ပြီး ဒုရဲအုပ်မိုးဝင်းနှင့် တပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။"

ယောဒေသမှ ဝန်ထမ်များ CDM လုပ်လျှင် ဝန်ခံကတိကြိုပေးမှသာ လက်ခံတော့မည်

Posted: 14 Feb 2022 05:40 AM PST

Photo : CJဂန့်ဂေါ၊ ဖေဖော်ဝါရီ (၁၄)စစ်ကောင်စီလက်အောက်မှ နုတ်ထွက်မည့် ဝန်ထန်းများအနေဖြင့် ဝန်ခံကတိ ကြိုတင်ပေးပို့မှသာ စိစစ်လက်ခံသွားတော့မည်ဟု ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲက အသိပေးကြေညာလိုက်သည်။ကတိဝန်ခံချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရကို သစ္စာခံမည်ဖြစ်ကြောင်းနှင့် စစ်ကောင်စီကို သွယ်ဝိုက်၍ သော်လည်းကောင်း တိုက်ရိုက်သော်လည်းကောင်း ကူညီခြင်း၊ တာဝန်ထမ်းဆောင်ခြင်းများ ပြုလုပ်တော့မည်မဟုတ်ကြောင်း

မွန်ပြည်နယ်မှာ စစ်ကောင်စီက ပြန်လွှတ်ပေးတဲ့ အကျဉ်းသားတွေထဲ နိုင်ငံရေးအကျဉ်းသား မပါဝင်

Posted: 14 Feb 2022 05:38 AM PST

ဓါတ်ပုံအညွှန်း - ၂၀၁၉ ခုနှစ်က မော်လမြိုင်အချုပ်ထောင်ကနေ အကျဉ်းသားများပြန်လွှတ်ပေးခဲ့သည့်ပုံမော်လမြိုင်၊ ဖေဖော်ဝါရီ ၁၄မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဆိုပြီး အကျဉ်းသား အယောက် ၇၀ ကို ပြန်လွှတ်ပေးခဲ့တာပါ။ပြန်လွှတ်ပေးခဲ့တဲ့ အကျဉ်းသားတွေဟာ မွန်ပြည်နယ်အတွင်းက အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရသူတွေ ဖြစ်ပြီး အဲဒီထဲမှာတော့

သထုံမှာ နယ်မြေကျော်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ၂ ဦး သေဆုံး ၃ ဦးထက်မနည်း ဒဏ်ရာရ

Posted: 14 Feb 2022 05:36 AM PST

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၄သထုံမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာ သချိုင်္င်းကုန်းအနီးမှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက်ပိုင်းက နယ်မြေကျော်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံခဲ့ရတယ်လို့  KNLA တပ်မဟာ(၁)ထံက သိရပါတယ်။ဒီကနေ့ မနက် ၇ နာရီကျော်ခန့်မှာ KNLA တပ်မဟာ(၁)ထိန်းချုပ်နယ်မြေထဲ နယ်ကျော်လှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ကို KNLA တပ်မဟာ(၁)၊ တပ်ရင်း(၁)နဲ့ ဒေသ PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တိုက်ခိုက်ခံရတာ

စစ်ရဟက်ယာဥ် နဲ့ တင့်ကားတွေကိုပစ်နိုင်တဲ့ လက်နက်တွေကို ဝယ်ယူနိုင်ခဲ့ပြီလို့ PRA ဆို

Posted: 14 Feb 2022 05:34 AM PST

မကွေး၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၂။စစ်ရဟက်ယာဥ်နဲ့ တင့်ကားတွေအထိပါ ပစ်ခတ်နိုင်တဲ့ လက်နက်နဲ့ ကျည်ဆံတွေကို ဝယ်ယူနိုင်ခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်မတော် − PRA ရဲ့ ပြောရေးဆိုခွင့်ရှီသူ ဗိုလ်ဂျပန်က ပြောပါတယ်။ M 16 ကျည်အပါအဝင် စနှိုက်ပါကျည်နဲ့ အခြားလက်နက်အချို့ပါဝယ်ယူခဲ့တာဖြစ်ပြီး စုစုပေါင်းတန်ဖိုး သိန်း ၃၀၀ လောက်ရှိတယ်လို့ သူကပြောပါတယ်။ " ဒီလက်နက်အတွက် M ၁၆ ကျည်ရယ်၊ စနှိုက်ပါကျည်ရယ် မှာလိုက်တာ၊ ဒီကောင်ရဲ့

ရဲတပ်ကြပ်တဦး လူစည်ကားရာ မြို့လည်ခေါင်မှာ သေနတ်နဲ့ ပစ်သတ်ခံရ

Posted: 14 Feb 2022 05:32 AM PST

ကြို့ပင်ကောက်၊ ဖေဖေါ်ဝါရီ ၁၄၊ ၂၀၂၂။ပဲခူတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့ဝင် ရဲတပ်ကြပ်ဝင်းဦးကို ကြို့ပင်ကောက်မြို့ ရန်ကုန်-ပြည်လမ်းမပေါ်  ဒီကနေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ဆိုင်ကယ်မောင်းနှင်လာတဲ့ အမည်မသိလူနှစ်ဦးက သေနတ်နဲ့ ပတ်ခတ်ခဲ့ရာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံး ခဲ့ကြောင်း ဒေသခံတွေဆီကသိရပါတယ်။မြေလတ်အသံ - Myaelatt Athan 

စစ်အာဏာရှင်မှန်သမျှကို အမြစ်ပြတ်ချေမှုန်းဖြိုလဲမယ်လို့ KSCC အသိပေး

Posted: 14 Feb 2022 05:27 AM PST

နှစ်ပေါင်း (၇၀)ကျော်ကြာ ကြီးစိုးလွှမ်းမိုးခဲ့တဲ့ စစ်အာဏာရှင်နဲ့ အာဏာရှင်မှန်သမျှကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ အမြစ်ပြတ်ချေမှုန်းရာမှာ ၎င်းတို့ရဲ့ ယန္တယား လည်ပတ်နိုင်အောင် ထောက်ကူပြုနေတဲ့ ထောက်တိုင်အားလုံးကို ချေမှုန်းဖြိုလဲသွားမယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)က ယမန်နေ့(ဖေဖော်ဝါရီလ ၁၃ရက်) က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်မှူး

အောင်ပန်းမြို့ပြပြောက်ကျားတပ်စုကို ဖွဲ့စည်း၊စည်ပင်ရုံး ပထမဆုံးတိုက်ခိုက်

Posted: 14 Feb 2022 05:23 AM PST

သျှမ်းတောင်ပိုင်း အောင်ပန်းမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သစ်အဖြစ် အောင်ပန်းမြို့ပြပြောက်ကျားတပ်စု(UTS-Aung Ban)ကို ဖေဖော်ဝါရီလ ၁၃ ရက်က ဖွဲ့စည်းပြီး မြို့စည်ပင်ရုံးကို ပထမဆုံးတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း UTS-Aung Banက  ထုတ်ပြန်ကြေညာထားသည်။ကလောမြို့နယ်အတွင်းရှိ ပြည်သုလူထုကို စစ်အာဏာရှင်၏ ရန်မှ ကာကွယ်ပေးနိုင်ရန်အတွက် Urban Task Force-Aung Banကို စတင်ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ၎င်းတပ်ဖွဲ့

ကသာမြို့ Non CDM ကျောင်းဆရာမ နေအိမ် မိုင်းခွဲတိုက်ခိုက်ခံရ

Posted: 14 Feb 2022 05:20 AM PST

Feb 14.2022အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မုန်းတီးရေးအကြောင်းကို စာသင်ခန်းထဲ ပြောဆိုနေသည့် ကသာမြို့ ရပ်ကွက် ၄ ရှိ Non CDM ကျောင်းဆရာမတစ်ဦး၏နေအိမ် ယနေ့ နံနက်ပိုင်း ၅ နာရီခန့်တွင် မိုင်းခွဲခံရကြောင်း သိရသည်။နေအိမ် မိုင်းခွဲခံရသော ဆရာမသည် CDM ဆရာ/မ များအပေါ်  ဖိအားပေးပြောဆိုမှုများ ရှိနေသောကြောင့် သတိပေးခြင်းဖြစ်သည်ဟု ကသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာန

မြစ်ကြီးနားမှာ လူငယ်တစ်ဦးပစ်သတ်ခံရ၊ ကျန် ၅ ​ယောက် ဖမ်းဆီးခံ‌နေရ

Posted: 14 Feb 2022 05:17 AM PST

ပုံ။ ​စစ်​ကောင်စီရဲ့ ပစ်သတ်ခံရသည့် လူငယ်အမျိုးသမီး14 February 2022ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းအနီးက အဝိုင်းပတ်အနီးတွင် သေနတ်ထိမှန်သေဆုံးခဲ့သည့် အသက် (၂၄)နှစ်အရွယ် လူငယ်အမျိုးသမီးတစ်ဦး၏ အလောင်းကို ယနေ့ထုတ်ယူပြီး သဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။ဖေဖော်ဝါရီလ ၁၁ရက်နေ့ည ၁၁နာရီခန့်တွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်း အဝိုင်းပတ်အနီး ကားဖြင့်ဖြတ်လာသည့် လူငယ် ၆ဦးခန့်ကို စစ်

နေပြည်တော်အတွင်း နေရာ ၃ ခုမှာဗုံးပေါက်ကွဲ၊ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး၊ ဗိုလ်ရူးတာကိုဂုဏ်ပြုပေးဖို့ဗုံးခွဲတာလို့ ပြောက်ကျားအဖွဲ့တွေဆို

Posted: 13 Feb 2022 06:06 AM PST

ဖေဖော်ဝါရီ ၁၃ ရက်စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ကောင်စီနယ်မြေ မှာ မနေ့ ဖေဖော်ဝါရီ ၁၂ ရက် နေ့လည်ပိုင်းက ပျဥ်းမနားမြို့ နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလုံခြုံရေးယူနေတဲ့ နေရာတွေကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော်မြို့ ပြပြောက်ကျား မဟာမိတ်တပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။ပျဥ်းမနားမြို့နယ်၊ ယောက်သွားအင်းအုပ်ချုပ်ရေးမှူးရုံးနဲ့ မြဝတီဘဏ်တို့ကို ဗုံးပစ်တိုက်ခိုက်ခဲ့လို့ အုပ်ချုပ်ရေးမှူးရုံးမှာရှိ

ချင်းပြည်နယ် မတူပီနှင့် ဖလမ်မြို့နယ်များတွင် CDFနှင့် CNDF တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၉ ဦး သေဆုံး

Posted: 13 Feb 2022 06:04 AM PST

ဖေဖော်ဝါရီ ၁၃ ရက်ဖေဖော်ဝါရီ(၁၁)ရက်နေ့တွင် ချင်းပြည်နယ် မတူပီနှင့် ဖလမ်မြို့နယ်များတွင် CDFနှင့် CNDF တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ - NUG က သတင်းထုတ်ပြန်ထားသည်။ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက် ၁၁နာရီ ၁၅ မိနစ်အချိန်ခန့်က မတူပီမြို့နယ်၊မတူပီ-ပလက်ဝ လမ်းပေါ်ရှိ ထယ်ဘွေးကျေးရွာ အခြေစိုက် စကစတပ်စခန်းကို CDF-Matupiမှ ဝင်ရောက်တိုက်ခိုက်ရာ စစ်

လှိုင်သာယာမြို့နယ်အတွင်း စစ်တပ်ထုတ်ကုန်ရောင်းချနေသော အရောင်းဆိုင်နှင့်စားသောက်ဆိုင်များကို မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးတောင်းဆိုစာများပေးပို့

Posted: 13 Feb 2022 05:59 AM PST

( ဖော်ဖော်ဝါရီလ ၁၃ ရက် )ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းမှာရှိတဲ့ စစ်တပ်ထုတ်ကုန်များဝယ်ယူရောင်းချနေသော အရောင်းဆိုင်နှင့် စားသောက်ဆိုင်တွေကို မြို့ပြပြောက်ကျားတပ်ဖွဲ့က ဒီကနေ့မှာပဲ ဆိုင်နာမည်များနဲ့တကွ သတိပေးတောင်းဆိုစာတွေအသီးသီးပေးပို့ ခဲ့ကြပြီး စာတွေလည်းရောက်ရှိလာတယ်လို့ ဆိုင်ရှင်များထံမှသိရပါတယ်။" ကျွန်တော်တို့အနေနဲ့က စစ်တပ်ကို အဓိကဝင်ငွေစီးဆင်းနေတဲ့ စီးပွားရေးလုပ်ငန်းတွေ တားဆီး

စစ်ကိုင်း ညောင်ပင်ဝန်းရွာ သတင်းပေးအဖြစ် နာမည်ကြီးသူ “၁၂မီးထွန်းနိုင်” အသတ်ခံရ၊

Posted: 13 Feb 2022 05:57 AM PST

ညောင်ပင်ဝန်းရွာနေ ၁၂မီး ခေါ် ထွန်းနိုင် ဆိုသူ အသုံးပြုသော ဖေ့စ်ဘွတ်ခ်အကောင့်/ Photo - ပေးပို့ဖေဖေါ်ဝါရီ - ၁၃စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာနေ စစ်ကောင်စီ သတင်းပေးဒလန်အဖြစ် နာမည်ကြီးသော "၁၂မီးထွန်းနိုင်" ဆိုသူ ယနေ့ ဖေဖေါ်ဝါရီ(၁၃)ရက် မနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။အဆိုပါ ၁၂မီး ခေါ် ထွန်းနိုင် ဆိုသူသည် စစ်အုပ်စုနှင့် ပူးပေါင်းကာ ဒေသခံများကို

PDF ၃ ဖွဲ့ စစ်ကောင်စီတပ်ရင်းများအနီး ပြည်သူများနှင့်တွေ့ဆုံမိတ်ဆက်

Posted: 13 Feb 2022 05:57 AM PST

မဲခေါင်၊ ဖေဖော်ဝါရီ ၁၃မွန်ပြည်နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် MSRU၊ ရေးဘီလူး၊ YSTF စသည့် PDF ၃ ဖွဲ့သည် မော်လမြိုင် - ထားဝယ်ကားလမ်းပေါ်တွင် ယနေ့နံနက်ပိုင်းက ပြည်သူများနှင့်တွေ့ဆုံမိတ်ဆက်ခဲ့သည်။ပြည်သူများနှင့်တွေ့ဆုံမိတ်ဆက်စဉ် စစ်အာဏာရှင်ဆန့်ကျင်ရေးသင်္ကေတဖြစ်သည့် လက်သုံးချောင်းထောင်ခဲ့ကြပြီး ယင်းမိတ်ဆက်သည့်နေရာသည့် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ၁၀၆၊ ၅၈၈ နှင့် တပ်ရင်း ၃၄၃၊ ၅၈၇ တို့

ပဲခူးကာကွယ်ရေးတပ်ဖွဲ့ BCRFတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး ကျဆုံး

Posted: 13 Feb 2022 05:55 AM PST

မဲခေါင်၊ ဖေဖော်ဝါရီ ၁၃ရက်ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သော Bago City Rainger Force _BCRF မှ တပ်ဖွဲ့ဝင် ရဲဘော် ကျော်လမင်းကိုသည် ယနေ့ ဖေဖော်ဝါရီ၁၃ရက် KNU တပ်မဟာ( ၁) နယ်မြေတွင် ကောင်စီတပ်နှင့် ထိတွေ့ မူဖြစ်စဉ် ကျဆုံးသွားခဲ့ကြောင်း BCRF မှ ထုတ်ပြန်ထားသည်။အသက် ၂၂ နှစ် အရွယ်ရှိ  လမင်းကိုသည် ယနေ့ အာဏာသိမ်းစစ်ကောင်စီ နှင့် တိုက်ပွဲတွင် တိုင်းပြည်အတွက် အသက်ပေးခဲ့ရခြင်း

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.