Friday, February 18, 2022

သစ်ထူးလွင်

သစ်ထူးလွင်


ရှေ့တန်းမှ တော်လှန်ရေးရဲဘော်များအား ကုသမှုပေးနေသည့် ဒေါက်တာအောင်ကြီး မိုးဗြဲတိုက်ပွဲ၌ ကျဆုံး

Posted: 17 Feb 2022 09:43 AM PST

ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)အဖွဲ့ဝင် ဒေါက်တာအောင်ကြီးသည် ယနေ့ ဖြစ်ပွားခဲ့သည့် မိုးဗြဲတိုက်ပွဲ၌ ရှေ့တန်းမှ ဒဏ်ရာပြင်းထန် ရဲဘော်များအား ကူညီပေးရင်း အသက်ဆုံးရှုံးခဲ့ရကြောင်း KDFက ထုတ်ပြန်သည်။ဒေါက်တာအောင်ကြီးသည် ယနေ့(ဖေဖော်ဝါရီ၁၇ရက်) ညနေ ၅နာရီတွင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ KDF အနေဖြင့် အဖွဲ့၏အားကိုးရသော ဆရာဝန်တစ်ယောက်ဆုံးရှုံး ခဲ့ရသောကြောင့် ဆရာ၏ မိသားစုနှင့်အတူ ထပ်တူဝမ်နည်းကြောင်း ဖော်ပြသည်။ဒေါက်တာ

မိုးဗြဲတိုက်ပွဲ KGZ တပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၁ဦးသေ

Posted: 17 Feb 2022 09:42 AM PST

ဖယ်ခုံမြို့နယ် မိုးဗြဲတိုက်ပွဲတွင် Karenni Generation Z (KGZ) အဖွဲ့၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၁ဦးသေဆုံးပြီး၅ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KGZ က ယ​နေ့ (​ဖေ​ဖော်ဝါရီ ၁၇) ညတွင် သတင်းထုတ်ပြန်သည်။ မိုးဗြဲမြို့နှင့် အနီးတဝိုက်သို့အင်အားအများအပြား ဖြည့်တင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ဒေသတွင်း PDFများ၊ KGZ၊ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ ကရင်နီဒီမိုကရက်တစ်တပ်ဦး(

မိုးမောက်တွင် စစ်ကောင်စီတပ်နှင့် KIA တို့ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွား

Posted: 17 Feb 2022 09:40 AM PST

Feb 17.2022ကချင်ပြည်နယ် မိုးမောက်မြို့ ခါနန်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နေ့လယ်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်နာရီကျော် ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်ခန့် KIA တပ်စွဲထားသည့် မိုးမောက်မြို့ ခါနန်ရပ်ကွက်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့်ကို ဝဝမ်ကျေးရွာ နှင့် ခါနန်ရပ်ကွက်ကြား

လွိုင်ကော်မြို့ စကစတပ်တွေရဲ ကင်းပုန်းတစ်ခုကို ဝင်​ရာက်တိုက်ခိုက်ပြီး စကစတပ်သား ၄ဦးသေဆုံး၊

Posted: 17 Feb 2022 09:36 AM PST

Photo - KDFဖေဖော်ဝါရီလ ၁၆ ရက် ည ၈နာရီ၃၀ အချိန်တွေမှာ ကရင်နီပြည်၊လွိုင်ကော်မြို့၊ ဒေါ်ဉခူရပ်ကွက် အနောက်ပိုင်းစပ်နား စစ်ကောင်စီတပ်ရဲ့ ကင်းပုန်းနေတဲ့နေရာကို မဟာမိတ်ညီနောင် မြို့ပြပျောက်ကျားအဖွဲ့ဖြစ်တဲ့ KDF၊ GZ-21၊ လွိုင်ကော် PDF တို့မှ ဝင်ရောက်တိုက်ခဲ့ကြောင်းသိရပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း KDF ကနေ သတင်းထုတ်ပြန်ထားပါတယ်။တိုက်ပွဲတစ်နာရီကျော်ကြာမြင့်ခဲ့ပြီးစစ်ကောင်စီတပ်တွေက

သဲကုန်းမြို့ရှိ စစ်ကောင်စီသတင်းပေးအဖြစ် နာမည်ကြီးနေသူ ပစ်သတ်ခံရ

Posted: 17 Feb 2022 09:31 AM PST

ဓာတ်ပုံ- ဒလန်ဇော်လေးကို အကြမ်းဖက်စစ်ကောင်စီဝင်တစ်ဦးနှင့် တွေ့ရစဉ်သဲကုန်း၊ ဖေဖော်ဝါရီ ၁၇သဲကုန်းမြို့နယ်တွင် စစ်ကောင်စီသတင်းပေးအဖြစ် နာမည်ကြီးသည့် ဇော်လေးဆိုသူကို ယနေ့နံနက်ပိုင်း၌ အမည်မသိအဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၅ နာရီအချိန်ခန့်တွင် ဈေးဆိုင်ထွက်ရန်လာသည့်ဇော်လေးကို မြကေသီလမ်း၌ သေနတ်ဖြင့်ပစ်သွားခြင်းဖြစ်ပြီး ယင်းနေရာ၌ ပွဲချင်းပြီးသေဆုံး

PDF-Sawက မိုင်းဆွဲလို့ စစ်သား၃ဦးသေ၊ ၆ဦးဒဏ်ရာရ၊ စစ်တပ်က ရဟတ်ယာဉ်နဲ့အမိန့်ပြန်တမ်း လာထုတ်

Posted: 17 Feb 2022 09:28 AM PST

ဓာတ်ပုံ- ယခင်မှတ်တမ်း/PDF-Sawဂန့်ဂေါ ဖေဖေါ်ဝါရီ ၁၇၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်က ဆောမြို့မှ လောင်းရှည်ဘက်သို့ ဦးတည် ထွက်ခွာလာတဲ့ စစ်ကား ၁၆ စီးနှင့် အင်အား ၂၅၀ ခန့် ခက်ရင်းခွသဏ္ဍာန်ဖော်ကာ စစ်ကြောင်းထိုး ချီတက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို PDF-SAW က မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ယောက်သေပြီး ၆ ယောက်ခန့် ဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်နေ့ နေ့လယ်ပိုင်းမှာ ကျဆုံးစစ်သား ရုပ်

မင်းအောင်လှိုင် နေထိုင်သည့် နေပြည်တော်တွင် ကင်းလှည့်ပြီး ပြန်လာသည့် စစ်ကောင်စီတပ် မိုင်းခွဲခံရပြီး (၃)ဦးထက် မနည်းသေဆုံး

Posted: 17 Feb 2022 09:24 AM PST

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် နေထိုင်သည့် နေပြည်တော်တွင် ယ‌နေ့ ဖေဖော်ဝါရီလ(၁၇)ရက်နေ့ နံနက်ပိုင်းက ကင်းလှည့်ပြီး ပြန်လာ‌သည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ချိန်ကိုက်မိုင်းခွဲခံရပြီး (၃)ဦးထက်မနည်းသေကြောင်း နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ရေနီအရှေ့တံတားဂိတ်မှ အကြမ်းဖက်စစ်ကောင်စီတပ်များ ကင်းလှည့်၍ ပြန်လာပြီး ကင်းစခန်းပြန်အရောက်တွင် နေပြည်တော်  PDF တပ်ရင်း(၈၀၂)၊ တပ်ခွဲ (၅)မှ

ပုသိမ် - မုံရွာကားလမ်းတွင် မိုင်းဆွဲခံရသည့် စစ်ကောင်စီတပ်က ရွာကိုဝင်ပြီး နေအိမ်ကို မီးရှို့

Posted: 17 Feb 2022 09:22 AM PST

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ပုသိမ် - မုံရွာကားလမ်း၌ မိုင်းဆွဲခံရသည့် အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာများကို မီးရှို့နေ သဖြင့် နေအိမ်(၃)လုံးမီး‌လောင်နေကြောင်း အမိမြေ-တော်လှန်ရေးတပ်ဖွဲထံမှ သိရသည်။ယနေ့ ဖေဖော်ဝါရီလ(၁၇)ရက်က ပုသိမ် - မုံရွာကားလမ်း၌ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သည် ယင်း နေရာအနီးရှိ အုံတုံပင်နှင့် ကျေးစာကျရွာကြား ကားလမ်းဘေးအိမ်များကို မီးတင်ရှို့နေခြင်း

ခင်ဦးနယ် ကံကြီးကုန်းရွာအနီးတိုက်ပွဲတွင် လက်နက်အင်အားမမျှ၍ ​ဒေသခံPDF ၁၀ဦးထက်မနည်းကျဆုံးခဲ့ရ

Posted: 17 Feb 2022 08:30 AM PST

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကံကြီးကုန်းရွာအနီး တိုက်ပွဲတွင် ​ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းကျဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။ယနေ့(ဖေဖော်ဝါရီ ၁၇ ရက်) နေ့လယ် ၂နာရီခန့်က ခင်ဦး- ရေဦးကားလမ်း မြို့သစ်ရွာနှင့် ကံကြီးကုန်းရွာကြား လယ်ကွင်းပြင်တွင် အကြမ်းဖက်စစ်ကောက်စီတပ်နှင့်  ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။"သတ္တိ ရှိပေမ

မိုးဗြဲတိုက်ပွဲ စစ်ကောင်စီတပ်သား အများအပြားသေဆုံးပြီး တင့်ကားတစ်စီးပျက်စီးဟု ထုတ်ပြန်

Posted: 17 Feb 2022 08:28 AM PST

▪️ပြည်သူ့ရဲဘော်အချို့ကျဆုံးပြီး အရပ်သားပြည်သူ ၆ဦးထက်မနည်းဒဏ်ရာရဟုဆိုမိုးဗြဲမြို့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကအများအပြားသေဆုံးခဲ့သည့်အပြင် တင့်ကားတစ်စီး ပျက်စီးခဲ့ကြောင်း ဒေသတွင်းမဟာမိတ်တပ်ဖွဲ့ဝင်တစ်ခုဖြစ်သည့် ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။ရှမ်းနှင့် ကယားနယ်စပ် ဖယ်ခုံမြို့နယ်၊ မိုးဗြဲနှင့် ဝှါရီဆူးပလိုင်ကျေးရွာအကြားတွင် တင့်ကား(၂)စီးအပါအဝင် အင်အားအလုံးအရင်းဖြင့်

တနင်္သာရီမြို့နယ်မှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သားတစ်ဦးသေ

Posted: 17 Feb 2022 08:24 AM PST

ဓာတ်ပုံ - ပဝကျေးရွာတနင်္သာရီတိုင်း၊ ဖေဖော်ဝါရီ ၁၇ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က ပဝကျေးရွာအနီးမှာ ဒီကနေ့မနက် ၆ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။ ပဝကျေးရွာအနီး၊ သက်ကယ်ဂျွန်၊ ဂုံမင်းတော၊ပိန်းတော စတဲ့ ရွာတွေနဲ့ အနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ၁ နာရီကျော် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ပစ်ခတ်သံတွေလည်း ၁၀ ချက်ခန့်ကြားရတယ်လို့ ဒေသခံတွေက

ပုလဲတွင် စစ်ကောင်စီစစ်ကြောင်းကို PDF ပူးပေါင်းတပ်များတိုက်ခိုက်သဖြင့် ၁၅ ဦးသေဆုံးဟုဆို

Posted: 17 Feb 2022 08:21 AM PST

ပုလဲ - ဖေဖော်ဝါရီ ၁၇၊ ၂၀၂၂ ။ပုလဲမြို့မှ ချီတက်လာသော စစ်ကောင်စီစစ်ကြောင်းကို ပုပ္ပါကျေးရွာနှင့် တမာပင်ခွကျေးရွာကြားတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ဆရာစံ - PDF ပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။အင်အား ၆၀ ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်း တပ်စွဲထားသောနေရာကို သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆရာစံ - PDF မှာ တာဝန်ရှိသူတစ်ဦးက

ငါးတစ်ကောင်လောက်ပင် တန်ဖိုးထားမခံရတော့တဲ့ စစ်ကောင်စီ လေတပ်က လေယာဉ်မှူး

Posted: 17 Feb 2022 08:17 AM PST

စစ်တက္ကသိုလ်ဆင်းတွေဟာ ငါးတစ်ကောင်လောက်ပင် တန်ဖိုးမရှိတော့ကြောင်း ပြည်သူများက သဘောထားမှတ်ချက်ပြုနေကြသည်။ စစ်တက္ကသိုလ် အပါတ်စဉ် ( ၅၁) မှ ဗိုလ်ကြီးသေဆုံးမှုတွင် "သေသွားတဲ့သူထက် အင်းထဲကငါးတွေကို ပိုနှမျောမိတယ်" ဟုပင်  ပြည်သူများက လှောင်ပြောင်သရော်ကြသည်။နိုင်ငံတော်အတွက် လေယာဉ်မှူးတစ်ဦးကို ပြုစုပျိုးထောင်ရသည်မှာ မလွယ်ကူပေ။ အချိန်များစွာကုန်၏။ အခွန်အခများစွာကိုလည်း သုံးရပြန်၏။ ပုံမှန်အားဖြင့်ဆိုလျင်

လောင်းရှည်တွင် စစ်ယာဉ်တန်းအား ဆော PDF မိုင်းဆွဲတိုက်ခိုက်၊ ၆ ယောက်သေပြီး ချက်ချင်းသင်္ဂြိုလ်

Posted: 17 Feb 2022 08:15 AM PST

ပုံစာ။ ။ PDF - SAW တပ်ဖွဲ့ဝင်များမဲခေါင်၊ ဖေဖော်ဝါရီ ၁၇မကွေးတိုင်း၊ ဆောမြို့နယ်မှ လောင်းရှည်မြို့သို့ ထွက်ခွာလာသည့် စစ်ကား ၁၆ စီးပါ စစ်ကောင်စီယာဉ်တန်းအား PDF - SAW ဖေဖော်ဝါရီ ၁၆ တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ပွင့်နှင့်ဒုဗိုလ်အပါအဝင် ၆ ယောက် သေဆုံးကြောင်း ဆော PDF က ထုတ်ပြန်သည်။သေဆုံးခဲ့သည့် စစ်ကောင်စီ ၆ ယောက်အား ယနေ့ ( ဖေဖော်ဝါရီ ၁၇) လောင်းရှည်မြို့တွင် သဂြိုလ်ခဲ့ပြီး ရဟတ်ယာဉ်ဖြင့် လာရောက်

မိုးဗြဲမြို့​ပေါ်မှာ တိုက်ပွဲ​​တွေဆက်လက်ဖြစ်ပွား​နေပြီး မ​နေ့ကတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက် သေဆုံးမှုတွေရှိခဲ့ဟုထုတ်ပြန်

Posted: 17 Feb 2022 08:10 AM PST

(ဖေဖော်ဝါရီလ ၁၇ ရက်)​ကယား(ကရင်နီပြည်နယ်) မိုးဗြဲမြို့အတွင်းနေရာ အနှံ့မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်​တွေနဲ့ ဖယ်ခုံ PDF၊ မိုးဗြဲ PDF၊လွိုင်​ကော် PDF၊ KNDF၊ KA၊ KGZ၊ ဒီး​မော့ဆို PDF ပူးပေါင်းတပ်ဖွဲ့တို့ မ​နေ့ ​ဖေ​​ဖော်ဝါရီလ ၁၆ရက်​နေ့က တစ်​နေကုန်နီးပါးတိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်​ကောင်စီဘက်က (၇)ဦး​သေဆုံးခဲ့ကြောင်း KNDF B03 က​နေ သတင်းထုတ်ပြန်ထားပါတယ်။အဆိုပါတိုက်ပွဲတွင် ပြည်သူ့ကာကွယ်​ရေး

ရေနီမြို့ စစ်တပ်စစ်ဆေးရေးတံတားဂိတ်ကို ချိန်ကိုက်မိုင်းခွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်းထိခိုက်

Posted: 17 Feb 2022 08:08 AM PST

ဖေဖော်ဝါရီ ၁၇ ရက်ပဲခူးတိုင်း၊ ရေနီမြို့နယ်အရှေ့ဘက်က စစ်ကောင်စီတပ်စစ်ဆေးရေးတံတားဂိတ်ကို ယနေ့မနက်ပိုင်းက ချိန်ကိုက်မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော် -PDF က ထုတ်ပြန်ပါတယ်။အဲ့ဒီစစ်ဆေးရေးဂိတ်ကနေ စစ်ကောင်စီတပ်သားများကင်းလှည့်ဖို့ထွက်ခွာသွားချိန် မိုင်းဆင်ထားခဲ့တာဖြစ်ပြီး ၄င်းတို့ပြန်ရောက်လာချိန် ချိန်ကိုက်မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် ၃ ဦးထက်မနည်းထိခိုက်ခဲ့တယ်လို့ဆိုပါတယ်။'' ဒီမနက် ၆နာရီ  ၄၅

ညောင်တုန်းမြို့၌ KTV တွင် မိန်းကလေးလုရင်း ဒုရဲအုပ်တဦးဓါးထိုးခံရပြီးသေဆုံး၊ မိန်းကလေးကို ဖမ်းဆီးထား

Posted: 17 Feb 2022 08:06 AM PST

ညောင်တုန်း၊ ဖေဖော်ဝါရီ ၁၇ ရက်ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၊ ဗိုလ်မြတ်ထွန်းတံတားအဆင်းမှာ ဖွင့်လှစ်ထားတဲ့ မန်းကေသီ KTV ဆိုင်မှာ ဖေဖော်ဝါရီလ ဒုရဲအုပ်တဦး ဓါးထိုးခံရပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။လိုင်းကြေးတောင်းဖို့လာရင်း KTV မှာသီချင်းဝင်ဆိုရာမှ ခေါ်နေကျ မိန်းကလေးအား ခေါ်စဉ် တဖက်ခန်းက ဧည့်သည်ခေါ်ထားတာကြောင့် စကားအချေအတင်များရာကနေ ဓါးနဲ့အထိုးခံရပြီး သေဆုံးခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်

ရခိုင်ပြည်တပ်မတော် ANC/AA အပါအဝင် မဟာမိတ် ၃ ဖွဲ့ ပူးပေါင်း၍ စစ်ကောင်စီလက်နက်ကြီး စခန်းအားသိမ်းပိုက်

Posted: 17 Feb 2022 08:00 AM PST

ဖေဖော်ဝါရီ ၁၇ ရက်ရခိုင်ပြည်တပ်မတော် ANC/AA၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNU/KNLA တပ်ရင်း ၂၇ တပ်ခွဲ ၂ နှင့် PDF တပ်ဖွဲ့များ ပူးပေါင်း၍ ‌ဖေဖော်ဝါရီ ၁၆ ရက် ညနေ ၄ နာရီကျော်အချိန်ခန့်တွင် ကရင်ပြည်၊ မြဝတီမြို့နယ်၊ ဖလူးကြီးကျေးရွာအပြင်ဖက် ကိုက် ၁၅၀၀ အကွာ၊ ဘုရားကုန်းရှိ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် နယ်ခြားစောင့် (BGF) တပ်များစခန်းချထားသော ယာယီလက်နက်ကြီး ပစ်ကူစခန်းအား သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

မုံရွာတွင် ခိုးဆိုးလုနှိုက်၃ဦးအား Monywa Satanအဖွဲ့မှ သုတ်သင်ရှင်းလင်း

Posted: 17 Feb 2022 07:58 AM PST

ဖေဖော်ဝါရီ၁၇၊ မုံရွာစစ်ကိုင်းတိုင်း၊မုံရွာမြို့ စက်မှုဇုံ(၁)ရပ်ကွက်မှ နေအိမ်တစ်အိမ်ကို ဖောက်ထွင်းခိုးယူနေသော ခိုးဆိုးလုနှိုက်၃ဦးအား မြို့ပြပြောက်ကျား Monywa Satanအဖွဲ့မှ သုတ်သင်ရှင်းလင်းလိုက်ကြောင်း သိရသည်။အဆိုပါခိုးဆိုးလုနှိုက်၃ဦးတို့သည် နေအိမ်အတွင်းကို ဖောက်ထွင်းခိုးယူပြီးနောက် မြို့ပြပြောက်ကျား Satan အဖွဲ့မှ ဖမ်းဆီးရမိ၍ ၎င်းတို့သုံးဦးကို ရှင်းလင်းသုတ်သင်လိုက်ကြောင်း သတင်းထုတ်ပြန်ကြေညာသည်။ဒါ့

ကြည့်မြင်တိုင်၌ ကားဖြင့်တိုက်ပြီး အဖမ်းခံခဲ့ရသူတစ်ဦး နှိပ်စက်ခံရသဖြင့် ဦးနှောက်သွေးကြောမျှင်များပြတ်

Posted: 16 Feb 2022 02:11 PM PST

● အင်းစိန်ထောင်အတွင်း လူအခွင့်အရေးနှင့် ဆေးကုသခွင့်ဆုံးရှုံးနေရန်ကုန်၊ ဖေဖော်ဝါရီ ၁၆အင်းစိန်အကျဉ်းထောင်အတွင်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ လူ့အခွင့်အရေးနှင့် ဆေးကုသခွင့် ဆုံးရှုံးနေကြောင်း မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးပေးပို့သည့် စာအရသိရသည်။ အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးပြီးနောက် စစ်ကြောရေးစခန်းတွင် နှိပ်စက်ခံခဲ့ရသည့်သည့်အတွက် အာရုံကြောထိခိုက်ခဲ့သည့်

မိုးဗြဲမှာ ဒီကနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူနေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့

Posted: 16 Feb 2022 02:08 PM PST

ဓာတ်ပုံ - CJ(ဖေဖော်ဝါရီလ ၁၆ရက်) ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှာ လက်နက်ကြီးရမ်းသမ်းပစ်ခတ် ပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီနဲ့ မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဒီးမော့ဆိုPDF၊ KNDF၊ KGZ ပူးပေါင်းတပ်ဖွဲ့တို့  ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ မိုးဗြဲPDFက သတင်းထုတ်ပြန်ပါတယ်။နံနက် ၁၁နာရီဝန်းကျင်ကနေ ညနေ ၄နာရီ ဝန်းကျင်ထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေပိုင်းအချိန်ထိ စစ်ကောင်စီဖက်က လက်နက်ကြီး ရမ်းသမ်း

ယင်းမာပင်ဆရာစံPDFနဲ့ ပူးပေါင်းအဖွဲ့တွေ စောင့်ကြိုတိုက်ခိုက်လို့ စစ်ကောင်စီ ၃၀ နီးပါးသေ

Posted: 16 Feb 2022 09:45 AM PST

ယင်းမာပင်၊ဖေဖေါ်ဝါရီ၁၆၊၂၀၂၂။စစ်ကိုင်းတိုင်းပုလဲနယ်ဘက်တက်လာတဲ့စစ်ကောင်စီတွေကို ပုပ္ပါရွာနဲ့ တမာပင်ခွရွာကြားက ဆည်မြောင်းလက်တံအမှတ်၅အနီးမှာ ဖေဖေါ်ဝါရီ၁၆ရက်ဒီနေ့နေ့လယ်က ပူးပေါင်းတိုက်ခိုက်ကြလို့ စစ်ကောင်စီ၃၀လောက်သေပြီးအများအပြားဒဏ်ရာရခဲ့တယ်လို့ ယင်းမာပင်ဆရာစံPDFဆီကသိရပါတယ်။မိုင်တဲလ်တာဝါတိုင်ကရရှိတဲ့အစိတ်အပိုင်းတွေနဲ့ပြုလုပ်ထားတဲ့Mytel mmနဲ့ပါပစ်ခတ်ခဲ့ပြီးအပြန်အလှန်ပစ်ကြတာ လို့သိရပါတယ်။ "မဟာမိတ်အဖွဲ့က

ပုသိမ်ကြီးကိုဖြတ်သွားတဲ့ စစ်အုပ်စုကား ၃၀ ကျော် တိုက်ခိုက်ခံရ

Posted: 16 Feb 2022 09:44 AM PST

ပုသိမ်ကြီး၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၂၂။ ကားအစီးရေ ၃၀ ကျော်ပါတဲ့ စစ်ကောင်စီယာဥ်တန်းကို ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့မနက် ၉ နာရီမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပုသိမ်ကြီးမြို့နယ်တော်လှန်ရေးအင်အားစု − PRF ဆီက သိရပါတယ်။ အဲ့ဒီယာဥ်တန်းကို မန္တလေးတိုင်း၊ ပုသိမ်းကြီးမြို့နယ်၊ နှောပင်ရွာအနီးမှာ မိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်ဆက်တွဲအခြေအနေတွေကိုတော့ အတိအကျမသိရသေးဘူးလို့ PRF ရဲ့တာဝန်ခံကပြောပါတယ်။ "

CDF-Matupi မှ တိုက်ပွဲသတင်းထုတ်ပြန်ချက်

Posted: 16 Feb 2022 09:38 AM PST

ဖေ‌ဖော်ဝါရီလ (၁၆) ရက်နေ့* မတူပီ-ပလက်ဝ လမ်းပေါ်ရှိ ထယ်ဘွေး တပ်စခန်းအား ၁၆.၂.၂၀၂၂ ရက်နေ့၊ နေ့လည် (၁၂:၅၀) ခန့်တွင် CDF-MATUPI မှ အလစ်အငိုက် ပစ်ခတ်ရာ စကစ တပ်သား (၁) ဦး သေဆုံးကြောင်း သတင်းရရှိသည်။* ထယ်ဘွေးကျေးရွာနေ ပြည်သူ(၁)ဦး သည် ၁၆.၂.၂၀၂၂ ရက်နေ့၊ မနက်(၉:၀၀) ခန့်တွင်စကစ ခွေးများ ထောင်ထားသော နင်းမိုင်းကို နင်းမိသောကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိကြောင်း သတင်းရရှိသည်။𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧

ကလေးမြို့နယ် ရန်ကြီးအောင်ရွာရှိ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ခြောက်ဦးသေ

Posted: 16 Feb 2022 09:31 AM PST

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း ရန်ကြီးအောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို အလစ်အငိုက်ဝင်တိုက်ခဲ့ကြောင်း CDF - KKGက ယနေ့ (ဖေဖော်ဝါရီ ၁၆) ထုတ်ပြန်သည်။အဆိုပါတိုက်ခိုက်မှုကို ယနေ့ညနေ ၄နာရီခန့်တွင် CDF - KKG နှင့်CDF - Hakha တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိတွေ့တိုက်ပွဲ ၁နာရီခန့်ကြာမြင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။"တိုက်ပွဲဖြစ်စဥ်သည် ၁နာရီခန့်ကြာမြင့်ခဲ့ပြီး စကစဘက်မှ ခြောက်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.