Sunday, February 20, 2022

သစ်ထူးလွင်

သစ်ထူးလွင်


ထားဝယ်ချောင်ရဲစခန်း ဗုံးပစ်ခံရ၊ စစ်ကူလာသည့်ကားပါ တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်ပါးစေ ၁၀ ဦးခန့် သေဆုံးနိုင်

Posted: 19 Feb 2022 09:55 AM PST

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ မြောက်ဒဂုံမြို့နယ်၊ ထားဝယ်ချောင်ရဲစခန်းကို ယနေ့ ဖေဖော်ဝါရီ ၁၉ ရက် ည ၇ နာရီဝန်းကျင်က ၄၀ မမဗုံးသီး ၂ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထပ်မံ၍ စစ်ကူလာသည့်စစ်ကောင်စီယာဉ်ကိုပါ ဗုံးခွဲတိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက် စစ်ကောင်စီလက်ပါးစေ ၁၀ ဦးခန့် သေဆုံးနိုင်ကြောင်း စစ်ဆင်ရေးဖော်ဆောင်ခဲ့သည့်အဖွဲ့ကထုတ်ပြန်သည်။အဆိုပါစစ်ဆင်ရေးကို People's Force (Yangon)အဖွဲ့နှင့်  Spring Brothers Force

လပွတ္တာမြို့တွင် ပျူစောထီးအဖွဲ့ဝင်တဦး အသတ်ခံရ

Posted: 19 Feb 2022 09:45 AM PST

ဖေဖော်ဝါရီ ၁၉ ရက်။ဧရာဝတီတိုင်စ၊ လပွတ္တာမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပျူစောထီးအဖွဲ့ဝင်တဦး အသတ်ခံရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။အထက်ပြွန်ကျေးရွာမှ ရာအိမ်မှူး ပျူစောထီးအဖွဲ့ဝင် ဦးသံချောင်းဆိုသူအား မြို့ပြပြောက်ကျားတပ်ဖွဲ့မှ သူပိုင်သည်စက်လှေပေါ်တွင် ညနေ ၃ နာရီခန့်က ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။" သူကပြောရရင် ဒလန်အကြီးစား ရာအိမ်မှူးလည်ဟုတ်တယ် ပျူစောထီးလည်းဟုတ်တယ် ပြီး

ချောင်းဦးမြို့နယ် ထူးနီရွာ ပျူစောထီးအဖွဲ့ဝင် မောင်စံ ဓားဖြင့်ခုတ်သတ်ခံရ

Posted: 19 Feb 2022 09:44 AM PST

(ချောင်းဦး)ဖေဖော်ဝါရီ ၁၉ ရက်စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ထူးနီရွာ က ပျူစောထီးအဖွဲ့ဝင် မောင်စံ ဆိုသူ မုံရွာစက်မှုဇုံအတွင်း ဖေ ဖော်ဝါရီလ ၁၈ ရက် ညနေ ၃ နာရီ ၃၀ မိနစ် ဝန်းကျင်အချိန်တွင် အသတ်ခံရကြောင်း ဒေသခံများထံက သိရသည်။စစ်ကောင်စီထံသို့ မုံရွာ၊ချောင်းဦးနယ်တဝိုက် PDF များကို စုံစမ်း၍ သတင်းပေး(ဒလန်)လုပ်နေသည့်အပြင် ပျူစောထီးအဖွဲ့ဝင်တဦးဖြစ်သဖြင့်ရှင်းလင်းရခြင်း ဖြစ် ကြောင်း ဗိုလ်စနေ ဒလန်

သင်္ဃန်းကျွန်း၊ စံပြစျေးအနီး မြဝတီဘဏ်ရှေ့တွင် တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့အား လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ပြီး ၅ ယောက်သေဆုံး

Posted: 19 Feb 2022 09:34 AM PST

သင်္ဃန်းကျွန်း၊ စံပြစျေးအနီး မြဝတီဘဏ်ရှေ့တွင် တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့အား လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ပြီး ၅ ယောက်သေဆုံးကြောင်း တော်လှန်ရေးအဖွဲ့များက ယနေ့ညတွင် ထုတ်ပြန်ထားသည်။MeKong News - မဲခေါင်သတင်း

သာကေတမှာ ဆီဖြည့်လာတဲ့လှည့်ကင်းယာဉ်တန်း ပစ်ခတ်ခံရ ရဲနှစ်ဦးဒဏ်ရာရရှိ

Posted: 19 Feb 2022 09:29 AM PST

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့၊ ၂၀၂၂ ရန်ကုန်တိုင်း သာကေတမြို့နယ် ၇ ရပ်ကွက် ၇ ဈေးအနီးမှာ ဒီကနေ့ နေ့လယ်ပိုင်းက ဆီလာဖြည့်သောလှည့်ကင်းယာဉ်တစ်စီးကို အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက တိုက်ခိုက်ခဲ့ရာ ရဲနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရသည်။သာကေတမြို့နယ် ၇ ရပ်ကွက် ၇ ဈေးအနီးမှာ ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲက ဆီဖြည့်ရန်လာသောလှည့်ကင်းယာဉ်တစ်စီးကို အမည်မသိလက်နက်ကိုင်ဆောင်ထားသူတွေက  သေနတ်ဖြင့်ပစ်ခတ်ရာမှ

တနင်္သာရီမြို့နယ်က ပဝရွာမှာ ဒေသခံအမျိုးသားနှစ်ဦး ပစ်သတ်ခံရ

Posted: 19 Feb 2022 09:27 AM PST

တနင်္သာရီတိုင်းမ်၊ ဖေဖော်ဝါရီ ၁၉ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က ပဝကျေးရွာမှာဒေသခံအမျိုးသားနှစ်ဦး ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီနေ့မနက်စောစောက စစ်ကောင်စီတပ်တွေ ပစ်သတ်ခဲ့တာဖြစ်ပြီး ဒေသခံသုံးဦးသေနတ်ထိမှန်ခဲ့တဲ့အနက် နှစ်ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။ သေဆုံးသူနှစ်ဦးကတော့ အသက် ၄၀ ဝန်းကျင်အရွယ် ဦးမိုးအောင်နဲ့ ဦး

ဖေဖော်ဝါရီ လဝက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က (၆၀)ကျော် သေဆုံးပြီး (၅၀)ကျော် ဒဏ်ရာရ

Posted: 19 Feb 2022 09:22 AM PST

ဖေဖော်ဝါရီ ၁၉ ရက်၊ ဘားအံဖေဖော်ဝါရီ ၁ ရက်ကနေ ၁၅ ရက်အထိ စစ်ကောင်စီနဲ့ ကရင်တပ်မတော် (KNU/KNLA)ရဲ့ တပ်မဟာ(၅)တို့အကြား လဝက်ကြာ တိုက်ပွဲအတွင်း စစ်တပ်ဘက်က (၆၁)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။တိုက်ပွဲပေါင်း (၁၅၆)ကြိမ် ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးသူအပြင် (၅၆)ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ KNU-Mutraw News က ဖေဖော်ဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။သေဆုံးသူထဲမှာ တပ်ခွဲမှူး ၂ ဦး၊ တပ်ကြပ်ကြီးတစ်ဦးနဲ့ ဆေးတပ်သားတစ်

ဆောနဲ့ လောင်းရှည်မြို့နယ်ထဲက တိုက်ပွဲမှာ စစ်တပ်ဘက်က (၂၂)ဦး သေဆုံး

Posted: 19 Feb 2022 09:21 AM PST

ဖေဖော်ဝါရီ ၁၉ ရက်၊ ဆောမကွေးတိုင်း ဆောနဲ့ လောင်းရှည်မြို့နယ်ထဲ စစ်ကောင်စီတပ်နဲ့ ချင်းတပ်မတော်ပ်မတော် (CNA), YDF, CDF, PDF တို့အကြားက တိုက်ပွဲမှာ စစ်တပ်ဘက်က (၂၂)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ဖေဖော်ဝါရီ ၄ ရက် တိုက်ပွဲမှာ ယောဒေသ ကာကွယ်ရေးတပ်-YDF (Saw & Kyaukhtu)၊ လောင်းရှည် PDF (LSRPDF)အဖွဲ့ ပူးပေါင်းပြီး လောင်းရှည်မြို့ မီးသတ်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ပွ

မုံရွာ နမခ တိုင်းစစ်ဌာနချုပ်နှင့် မုံရွာလေတပ်စခန်း ဌာနချုပ်ကို ရှော့တိုက်ဒုံး ခြောက်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊

Posted: 19 Feb 2022 09:19 AM PST

မုံရွာ နမခ နှင့် မုံရွာ လေတပ်စခန်း ဌာနချုပ်သို့ ရှော့ဒုံးများဖြင့် ပစ်ခတ်ခဲ့သည့် FRF ရဲဘော်များ/ Photo – FRFဖေဖေါ်ဝါရီ - ၁၉မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)နှင့် မုံရွာလေတပ်စခန်း ဌာနချုပ်တို့ကို ယမန်နေ့ ညနေပိုင်းက (၁၀၇ မမ) ရှော့တိုက်ဒုံး ခြောက်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ တော်လှန်ရေး အင်အားစုများက သတင်းထုတ်ပြန်သည်။ယမန်နေ့ ဖေဖေါ်ဝါရီ(၁၈)ရက် ညနေ(၆)နာရီခွဲ ဝန်းကျင်က ဒေသခံ

သာကေတ စစ်ဆင်ရေး စစ်ကောင်စီတပ်သား လေးဦးဒဏ်ရာရပြီး နှစ်ဦးသေနိုင်ဟု WWSTF ပြော

Posted: 19 Feb 2022 09:15 AM PST

(သာကေတ(၇)ဈေး မီးလောင်မှုဖြစ်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - ဇွဲရန်နိုင်)သာကေတမြို့နယ်တွင် ယနေ့ပြုလုပ်ခဲ့သည့် စစ်ဆင်ရေး၌ စစ်ကောင်စီတပ်ဖွဲ့ ဝင်လေးဦး ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးသေဆုံးနိုင်ကြောင်း Wolf Warriors STF(WWSTF)က ထုတ်ပြန်သည်။WWSTF အဖွဲ့အနေဖြင့် ဖေဖော်ဝါရီ ၁၉ နေ့လယ် ၁၂ နာရီခန့်တွင် ကင်းလှည့်နေသည့်စစ်ကောင်စီတပ်သားများ၏ ကားကို ဗုံးဖြင့်တိုက်ခိုက်ခဲ့ပြီး တစ်ချိန်တည်းတွင် စစ်ကောင်စီတပ်စွဲထားသည့် သာ

မန္တလေး အိုးဘိုထောင်ပေါက် အစောင့်ကျနေသော စကစများကို ဗုံးထုတိုက်ခိုက်၊

Posted: 19 Feb 2022 09:13 AM PST

ဖေဖေါ်ဝါရီ - ၁၉စစ်ကောင်စီက ဥပဒေမဲ့ ဖမ်းဆီးထားပြီး ဖိနှိပ်နေသော အကျဉ်းထောင်အတွင်းရှိ ပြည်သူများအတွက် မန္တလေး ဗဟိုအကျဉ်းထောင် (အိုးဘို) တောင်ဘက်ပေါက်ရှိ စကစ ကင်းတဲကို ယနေ့ ညနေပိုင်းတွင် ဗုံးထုတိုက်ခိုက်ခဲ့ကြောင်း Guerilla Force of Mandalay – GFM က သတင်းထုတ်ပြန်သည်။ယနေ့ ဖေဖေါ်ဝါရီ(၁၉)ရက် ညနေ(၄)နာရီခန့်က မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ အိုးဘိုထောင် တောင်ဘက်အပေါက်ရှိ စကစကင်းတဲကို Guerilla Force

ကန့်ဘလူ ချပ်သင်းရဲစခန်းကို တိုက်ခိုက်ရာ စကစ (၁၇)ဦးသေ၊

Posted: 19 Feb 2022 09:12 AM PST

စစ်ကူလာသောကားကို မိုင်းဆွဲရာ ပျူ ငါးကောင်သေပြီး စစ်အုပ်စုက အနီးအနား ရွာများကို ဝင်မွှေသောင်းကျန်း၊ဖေဖေါ်ဝါရီ - ၁၉စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်သင်းရဲစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တပ်ပေါင်းစုများက ယနေ့ မနက်ပိုင်းတွင် စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ စကစ (၁၇)ဦး သေပြီး အများအပြား ထိခိုက် ဒဏ်ရာရကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ယနေ့ ဖေဖေါ်ဝါ

ကနီမြို့နယ်မှ စစ်​ကောင်စီလက်​အောက်ခံဝန်ထမ်းများ ​ဖေ​ဖော်ဝါရီ ၂၈ နောက်ဆုံးထား CDMပြုလုပ်ရန် PDFကနီ သတိ​ပေး

Posted: 19 Feb 2022 09:05 AM PST

(PDF(ကနီ)တပ်ဖွဲ့ဝင်များ စစ်သင်တန်းဆင်းပွဲပြုလုပ်​နေစဥ်။  ဓါတ်ပုံ-PDF(ကနီ)စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ Non CDMဝန်ထမ်းများ ဖေဖော်ဝါရီ ၂၈ ရ​က် ညနေ၄ နာရီအချိန် နောက်ဆုံးထား CDM ပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီမြို့နယ်)က သတိပေးလိုက်သည်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီမြို့နယ်)က ယနေ့ (ဖေဖော်ဝါရီ ၁၉ ရက်)တွင် NON-CDM ဝန်ထမ်းများနှင့်ပတ်သက်၍ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့

ကန်ပက်မြို့နယ်တိုက်ပွဲ စစ်​ကောင်စီတပ် ၄ဦး​သေ

Posted: 19 Feb 2022 09:04 AM PST

(CDF ကန်ပက်လက် တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ-CDF)မင်းတပ်နှင့် ကန်ပက်လက်တွင်တစ်ရက်တည်း စစ်​ကောင်စီတပ် ၇ဦး​သေ၊ CDF ထိခိုက်ကျဆုံးမှုမရှိချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ယနေ့(ဖေဖော်ဝါရီ ၁၉) ရက်တွင် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်CDF-ကန်ပက်လက်က သတင်းထုတ်ပြန်သည်။ အကြမ်းဖက်စစ်ကောင်စီဘက်မှာ လက်နက်ကြီးများ

CDF-Mindat နှင့် စကစ စခကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ခွေး(၃)ကောင်သေဆုံး

Posted: 19 Feb 2022 09:02 AM PST

Source: မင်းတပ် တိုက်နယ်(၁)သတင်းမှန်ပြန်ကြားရေးFeb 19, 2022 (16:00Pm)ယနေ့ ဖေဖော်ဝါရီ ၁၉ရက်၊ နေ့ခင်း(13:20)ချိန်ခန့် တွင် စကစများ လှိယော ကျေးရွာကို ဝင်ရောက်ပြီး အွယ်ရေးရွာထဲဝင်ရောက် လာရာCDF-Mindat နှင့် ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။စကစဘက်မှ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ပေမယ့် CDF-Mindat ဘက်မှ ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း၊ CDF-Mindat ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် စကစ စစ်ခွေး(

မှော်ဘီလေတပ်ဌာနချုပ်အတွင်း ဗုံးခွဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ တပ်တွင်း သတင်းပို့မှုအသံဖိုင် ထွက်ပေါ်

Posted: 19 Feb 2022 08:58 AM PST

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ လေတပ်ဌာနချုပ်အတွင်း  People's force (Yangon) အဖွဲ့က ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့ ညပိုင်းက ဝင်ရောက်ဗုံးခွဲတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ တပ်တွင်း သတင်းပေးပို့နေမှု အသံဖိုင် ပေါ်ထွက်လာသည်ကို တွေ့ရသည်။အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် သပြေခက်ဖြင့် ရေပက်ပေးထားသည့်  YAK 130 တိုက်လေယာဉ် အမှတ် 1802 နှင့် 1803 တို့ကို တိုက်ခိုက်ခံရခြင်း

မုံရွာ - ရေဦးလမ်းပိုင်းနှင့် ရွှေဘို - အရာတော် လမ်းပိုင်းတွင် ဘေးကင်းရေးအတွက် ဆန်စပါးကားများ ဖြတ်သန်းခြင်း ယာယီရပ်တန့်ထားကြရန် ဒီပဲယင်း PDF မေတ္တာရပ်ခံ

Posted: 19 Feb 2022 08:53 AM PST

စစ်ကိုင်းတိုင်းအတွင်း မုံရွာ - ရေဦးလမ်းပိုင်းနှင့် ရွှေဘို - အရာတော် လမ်းပိုင်းတို့တွင် ဆန်စပါးကားများ ဖြတ်သန်းခြင်းကို ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့မှစ၍ ယာယီရပ်တန့်ထားကြရန် ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြည်သူလူထုကို မေတ္တာရပ်ခံထားပြီး ဖြတ်သန်းရန် အဆင်ပြေသည့်နေ့ကို ပြန်လည်ထုတ်ပြန်ပေးမည်ဟု အသိပေးထားသည်ကို တွေ့ရသည်။"ဒီထုတ်ပြန်ချက်ဟာ ပြည်သူလူထုလုံခြုံရေးနဲ့ တော်လှန်ရေး အကျိုးစီးပွားအတွက်

မိုးဗြဲ တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ၏ ထိုးစစ်ကြောင့် နေအိမ်(၁၀)လုံးအထက် မနည်း မီးလောင်ဆုံးရှုံးပြီး စစ်ဘေးရှောင်စခန်းပေါ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရ

Posted: 19 Feb 2022 08:51 AM PST

 ရှမ်း - ကရင်နီ(ကယား)နယ်စပ်တွင်  ဝါရီဆူးပလိုင်၊ လေဝိုး၊ ဝီသဲကူး (မြောက်ရွာ)တို့တွင် ယနေ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု (၉)ကြိမ်ဖြင့်ပါ တစ်နေကုန် အပြင်းအထန် တိုက်ခိုက်မှုအတွင်း အရပ်သား နေအိမ် (၁၀)လုံးထက်မနည်း မီးလောင်ဆုံးရှုံးခဲ့သည့်အပြင် စစ်ဘေးရှောင်စခန်းပေါ် လက်နက်ကြီး (၅)လုံး ကျရောက်ပေါက်ကွဲသည်။အာဏာသိမ်းစစ်ကောင်စီတပ်က အင်အား အလုံးအရင်း

ရှမ်း-ကယားနယ်စပ်တိုက်ပွဲတွင် ဆက်ပြင်းထန်​နေပြီး အကြမ်းဖက်စစ်​ကောင်စီတပ်အထိနာ၍ တိုက်​လေယာဥ်ဖြင့်ထပ်မံဗုံးကြဲခဲ့

Posted: 19 Feb 2022 06:03 AM PST

၂၀၂၂ခုနှစ်၊ ​ဖေ​ဖော်ဝါရီလ ၁၉ ရက်။ ရှမ်း-ကယားနယ်စပ်ရှိ ​ဝါှရီဆူးပလိုင်၊ လေဝိုး​၊ ဝီသဲကူး​(မြောက်ရွာ) (၃)​နေရာတွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ​သောအကြမ်းဖက်စစ်​ကောင်စီတပ်ကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-Local PDF)၊ မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဖယ်ခုံ PDF၊ KA ၊ KNDF၊ KGZ ၊JPDF ၊GZ-21 နှင့် အခြား မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး ယ​​နေ့ဖေဖော်ဝါရီ ၁၉ ရက်​နေ့တွင် တ​နေကုန်နီးပါး

အကြမ်းဖက် စ.က.စ က ပြည်သူတွေကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်

Posted: 19 Feb 2022 05:59 AM PST

Photo - MB PDFဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေ (၄)နာရီဝန်းကျင်မှစတင်ပြီး ရှမ်းကယားနယ်စပ်၊ မိုးဗြဲမြို့အနီး၊ လွယ်စတုံး​ကျေးရွာအနီးမှာ MB PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း MB PDF မှ ရဲဘော်(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ (၁၅)ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လက်နက်ကြီးတွေ အဆမတန် အသုံးပြုခဲ့တဲ့အပြင်

မင်းတပ် နဲ့ ကန်ပက်လက်တွင် ဒီ‌ကနေ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

Posted: 19 Feb 2022 05:57 AM PST

ချင်းပြည်နယ် မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်မှာ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်က တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားတယ်လို့သတင်းရရှိပါတယ်။ ယနေ့နေ့ခင်း(1:20)ချိန်ခန့် မင်းတပ်မြို့နယ်၊ လှိယော ကျေးရွာမှာ စစ်ကောင်စီတပ်သားများဝင်ရောက်ပြီးအွယ်ရေးရွာထဲဝင်ရောက် လာရာCDF-Mindatဖြင့် ပြင်းထန်စွာတိုက်ပွဲဖြစ်ရာ စကစမှလက်နက်ကြီးဖြင့်ဆက်တိုက်ပစ်ခတ်ခဲ့ ပေမယ့် CDF-Mindat ထိခိုက်ကျဆုံးမှုမရှိပါ။CDF-Mindat ၏ တန်ပြန်တိုက်ခိုက်မှု

မိုး​မောက်က ပြည်သူနှစ်ဦး စစ်​ကောင်စီ၏ ပစ်သတ်ခြင်းခံရ

Posted: 19 Feb 2022 05:55 AM PST

19 February 2022ကချင်ပြည်နယ် မိုးမောက်မြို့ရှိ စစ်ကောင်စီတပ်  အမှတ် (၄၃၇)တပ်ရင်းရှေ့၌ ဖေဖော်ဝါရီလ ၁၈ရက်နေ့ည ၉နာရီခွဲခန့်အချိန်တွင် ဖြတ်လာသည့် အရပ်သားပြည်သူနှစ်ဦးကို စစ်ကောင်စီတပ်မှ ပစ်သတ်ခဲ့​ကြောင်း ​​ဒေသခံတစ်ဦးကဆိုသည်။ ၎င်းတို့နှစ်ဦး ဆိုင်ကယ်နှင့် ဖြတ်လာချိန် စစ်ကောင်စီတပ်မှ ရပ်ခိုင်းသည်ကို မရပ်သည့်အတွက် ပစ်သတ်ခံရကြောင်း ဒေသခံတစ်ဦးက ပြောသည်။"သူတို့နှစ်ယောက် ဆိုင်ကယ်နဲ့ ဖြတ်လာတဲ့အချိန် စစ်တပ်

ဆွမ်ပီယာန်အနီး ရှိန်ဂတ်ဘွမ်တွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ

Posted: 19 Feb 2022 05:54 AM PST

ပုံ​ - ဟောင်းဖြစ်ပါသည်။19 February 2022ကချင်ပြည်နယ် ပူတာအိုမြို့ရှိ ဆွမ်ပီယန်ကျေးရွာအနီးက ရှိန်ဂတ်ဘွမ်က စစ်ကောင်စီတပ်စခန်းကို  ကေအိုင်အေနှင့် PDF ပူးပေါင်းတပ်တို့က သွား​ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ယ​နေ့တိုက်ပွဲတွင် စစ်​ကောင်စီတပ်ဘက်က တပ်သား ၅ ဦး ​သေဆုံး​ကြောင်းလည်း သိရသည်။ ရှိန်ဂိတ်ဘွမ်ရှိ စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေတပ်နှင့် PDF ပူးပေါင်းတပ်တို့ ယ​နေ့ နံနက်ပိုင်း ၁၁ နာရီမှစတင်

ပူတာအိုတိုက်ပွဲ ငါးကြိမ်အတွင်း စစ်ကောင်စီတပ်မှ ၇၀ ခန့်သေဆုံးနိုင်ဟု PDF ခန့်မှန်း

Posted: 18 Feb 2022 11:49 AM PST

ပူတာအို PDF မှတစ်​ယောက်မျှထိခိုက်ကျဆုံးခဲ့ခြင်းမရှိပူတာအို ပြည်သူ့ကာကွယ်ရေးတပ်(PDF) အနေဖြင့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၅ကြိမ်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ဦးခန့်သေဆုံးနိုင်သည်ဟု ခန့်မှန်းရကြောင်း ပူတာအို PDF စည်းရုံးရေးမှူး ကိုအယုံက ပြောကြားသည်။ကချင်ပြည်နယ်အ​ခြေစိုက်သတင်းဌာန The  74 Media က ကိုအယုံ အား မေးမြန်းထားသည့် အင်အာဗျူး၌ အထက်ပါအတိုင်း ဖြေကြားထားခြင်းဖြစ်သည်။"ကျွန်တော်တို့

မန္တလေးမြို့ ပြည်ကြီးတံခွန် (စ)ရပ်ကွက်ရုံးကို သတိပေး ဗုံးဖောက်ခွဲ၊

Posted: 18 Feb 2022 11:48 AM PST

ဖေဖေါ်ဝါရီ - ၁၈စစ်ကောင်စီ အလိုကျ ဧည့်စာရင်းစစ်နေသော မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (စ)ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ယနေ့ ညနေပိုင်းတွင် လက်လုပ်မိုင်းဖြင့် သတိပေး ဖောက်ခွဲခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်သော Guerilla Force of Mandalay - GFM က သတင်းထုတ်ပြန်သည်။ယနေ့ ဖေဖေါ်ဝါရီ(၁၈)ရက် ညနေ(၄)နာရီဝန်းကျင်က ပြည်ကြီးတံခွန်မြို့နယ် (၅၈)လမ်းနှင့် (၁၂၃)လမ်းထောင့်ရှိ (စ)ရပ်ကွက်ရုံးကို

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.