သစ္ထူးလြင္ |
- "ပြန်လည်စုရုံး နှစ်ခြောက်လုံး" "ကျေးလက်ပုန်ကန် မြို့ပြဖီဆန်"
- ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရဲစခန်းကို အဆပလအဖွဲ့က M79 ဗုံးဗစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်
- မိုးဗြဲ၊ဝါရီဆူးပလိုင်ကျေးရွာမီးရှို့ခံရမှုမှတ်တမ်း
- မြောက်ဒဂုံမြို့နယ်က ထားဝယ်ချောင်းရဲစခန်းမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်
- ခင်ဦးတိုက်ပွဲ ကျဆုံး ပြည်သူ့ရဲဘော် ငါးဦးသည် ရပ်ရွာ ကာကွယ်ရေး အဖွဲ့ဝင်များ ဖြစ် လက်နက်ကြီးထိမှန်ကာ ကျဆုံးခြင်းဟုဆို၊
- မန္တလေးမြို့ ပြည်ကြီးတံခွန် (ဂ)ရပ်ကွက် ရာအိမ်မှူး ပစ်သတ်ခံရ
- စစ်ကောင်စီအခွန်ရနေသည့် ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးဝင်းအတွင်း CPDF(ပဲခူး) သတိပေးဖောက်ခွဲ
- လင်ဖုံးလေး လမ်းခွဲတောင်ကုန်းရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိဟု လွိုင်ကော် PDF အသိပေး
- ကန့်ဘလူ ပေလည်ရွာကို စကစ စီးနင်းပြီး ရွာသူရွာသားတွေကို သတ်ဖြတ်နေ၊ (၇)ဦးခန့် သေဆုံးဟုဆို၊
- ကနီနယ် အိုင်တောင်အနောက်ရွာအား စကစ မီးရှို့နေ၊
- ကနီတွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီတပ်က ချိုင်ရွာမှပြည်သူတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်
- စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ရန် ၁၀ရက်ကြာစောင့်ဆိုင်းခဲ့ရသည့် Mission အောင်မြင်ပြီး သေဆုံးမှုများနိုင်ဟု ပြောက်ကျားတပ်ဖွဲ့ပြော
- ဗမာ့ဇာမဏီ အဖွဲ့မှ အများပြည်သူသို့ သတိပေးကြေငြာချက်
- ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာ ရဲစခန်းကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်
- လောင်းရှည်ဒေသ ၂ ရက်ကြာ တိုက်ပွဲတွင် စစ်ကောင်စီလက်ပါးစေ ၄ ဦး သေဆုံး
- ကလေးမြို့ နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး
- ကြို့ပင်ကောက်မြို့နယ် လျှပ်စစ်ရုံးကို GBK PDF ဗုံးခွဲ
- စစ်ကောင်စီလေယာဥ်ဖြင့် ပစ်ချတဲ့စစ်လက်နက်ပစ္စည်း ဖယ်ခုံPDFရရှိ
- ပူတာအိုမြို့နယ် ရှိန်ဂတ်ဘွမ်က စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေနှင့် PDF တွေ သွားရောက် တိုက်ခိုက်နေ
"ပြန်လည်စုရုံး နှစ်ခြောက်လုံး" "ကျေးလက်ပုန်ကန် မြို့ပြဖီဆန်" Posted: 20 Feb 2022 12:10 PM PST "ပြန်လည်စုရုံး နှစ်ခြောက်လုံး""ကျေးလက်ပုန်ကန် မြို့ပြဖီဆန်"ရဲဘော်ပြည်သူတို့ရေ ၂၀၂၂ခုနှစ်ထဲမှာ တော်လှန်ရေးကို ဘက်ပေါင်းစုံက အရှိန်မြှင့်ကြဖို့လိုတာ အားလုံးအသိဖြစ်မှာပါ။ လက်နက်ကိုင် တော်လှန်ရေးသမားတွေက လွတ်မြောက်နယ်မြေတွေရအောင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေကြသလို လက်နက်မကိုင်ထားတဲ့ ပြည်သူလူထုကြီးကလည်း ရရာနည်းလမ်းတွေနဲ့ တစုတစည်းတည်း လူထုတိုက်ပွဲတွေ ဆင်နွှဲနေရမှာပါ။လက်နက်မဲ့သပိတ် |
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရဲစခန်းကို အဆပလအဖွဲ့က M79 ဗုံးဗစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက် Posted: 20 Feb 2022 11:56 AM PST မဲခေါင်၊ ဖေဖော်ဝါရီ ၂၀ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရဲစခန်းကို ယနေ့၊ နံနက်ပိုင်းအချိန်က M79 ဗုံးဗစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ - ACPLF က ထုတ်ပြန်ကြေညာထားသည်။ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် ၂လမ်းမကြီးပေါ်ရှိ တောင်/မြောက်လမ်းဆုံရဲစခန်းအား ယနေ့နံနက် ၅နာရီ၊ ၁၈မိနစ်အချိန်က M79ဗုံးဗစ်လောင်ချာဖြင့် ဗုံးသီး |
မိုးဗြဲ၊ဝါရီဆူးပလိုင်ကျေးရွာမီးရှို့ခံရမှုမှတ်တမ်း Posted: 20 Feb 2022 11:54 AM PST ဓာတ်ပုံ - မိုးဗြဲမြို့၊ ဝါရီဆူပလိုင်ကျေးရွာတွင်း နေအိမ်များ ဖျက်ဆီးခံရပုံဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ ဖယ်ခုံမြို့နယ်၊ မိုးဗြဲတွင် စစ်ကောင်စီတပ်နှင့်တော်လှန်ရေး အင်အားစုများအကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ (၅) ရက်နေ့မြောက်အထိ ရောက်ရှိလာပြီဖြစ်သည်။တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လွိုင်ကော်မြို့ အမြောက်တပ်မှ လက်နက်ကြီးများ ၊ ဖယ်ခုံမြို့ စကခ ၇ တပ်မှ လက်နက်ကြီးများ၊ မိုးဗြဲမြို့ ၄၂၂ တပ်မှ လက်နက်ကြီးများ |
မြောက်ဒဂုံမြို့နယ်က ထားဝယ်ချောင်းရဲစခန်းမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ် Posted: 20 Feb 2022 11:51 AM PST ရန်ကုန်၊ဖေဖော်ဝါရီ ၂၀မြောက်ဒဂုံမြို့နယ်မှာ မနေ့ညပိုင်းက ထားဝယ်ချောင်ရဲစခန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့လာရောက်ပစ်ခတ်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။မြောက်ဒဂုံမြို့နယ် ၄၈ ရပ်ကွက် ဘုရင့်နောင်လမ်းနှင့် အောင်ဆန်းသူရိယလှသောင်းလမ်းထောင့်မှာရှိတဲ့ ထားဝယ်ချောင်းနယ်မြေရဲစခန်းကို မနေ့ည ၇ နာရီက ပမည်မသိလက်နက်ကိုင်ဆောင်ထားသူတွေက လာရောက်ပစ်ခတ်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်မှု |
Posted: 20 Feb 2022 11:36 AM PST ခင်ဦး သရက်ကန်ရွာ တိုက်ပွဲတွင် ဆုံးရှုံးခဲ့သည့် ပြည်သူ့ရဲဘော်များ၏ လက်နက်ခဲယမ်းများ/Photo – SSဖေဖော်ဝါရီ - ၂၀ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်း သရက်ကန်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များကြား ယနေ့ မနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးထိမှန်ကာ ပြည်သူ့ရဲဘော် ငါးဦးကျဆုံးခဲ့ကြောင်း ခင်ဦးနယ် ဒေါင်းစစ်သည်အဖွဲ့မှ ရဲဘော်တစ်ဦးက MFP သို့ ပြောသည်။ အဆိုပါ ကျဆုံးသည့် |
မန္တလေးမြို့ ပြည်ကြီးတံခွန် (ဂ)ရပ်ကွက် ရာအိမ်မှူး ပစ်သတ်ခံရ Posted: 20 Feb 2022 11:34 AM PST ဖေဖေါ်ဝါရီ - ၂၀စစ်ကောင်စီက ရပ်ကွက်အတွင်း အဝင်အထွက် ပိတ်ဆို့ကာ ဒေသခံပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီး သတ်ဖြတ် နှိပ်ကွပ်နေတဲ့ တချိန်တည်းမှာပဲ စစ်ကောင်စီကို ထောက်ပံ့ကူညီနေတဲ့ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဂ)ရပ်ကွက်က ရာအိမ်မှူးတစ်ဦး ယနေ့ မနက်ပိုင်းမှာ ပစ်သတ်ခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ယနေ့ ဖေဖေါ်ဝါရီ(၂၀)ရက် မနက်(၁၀)နာရီခွဲလောက်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ) |
စစ်ကောင်စီအခွန်ရနေသည့် ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးဝင်းအတွင်း CPDF(ပဲခူး) သတိပေးဖောက်ခွဲ Posted: 20 Feb 2022 11:39 AM PST ပဲခူးတိုင်း ပဲခူးမြို့ပေါ်ရှိ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးဝင်းအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး စစ်ကောင် စီ၏ အခွန်ဘဏ္ဍာဆက်သရာ နေရာတစ်ခုအဖြစ်ပါဝင်နေသည့်အတွက်ကြောင့် သတိပေးရခြင်းဖြစ်ကြောင်း အရပ်ဖက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပဲခူး)-CPDF (ပဲခူး)က ထုတ်ပြန် ကြေညာသည်။ယနေ့ (ဖေဖော်ဝါရီ ၂၀ ရက်) နံနက် ၁၀နာရီ ၅၀မိနစ်ခန့်က နန်းတော်ရာဝင်းအတွင်း သတိပေး ဖောက်ခွဲမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း၊ ပဲခူးမြို့၏ ကမ္ဘောဇသာ |
Posted: 20 Feb 2022 11:31 AM PST (ယမန်နေ့က ဖြစ်ပွားသည့် လွိုင်ကော်မြို့ တိုက်ပွဲတစ်နေရာ မြင်ကွင်းဖြစ်ပါသည်)ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ် လင်ဖုံလေးလမ်းခွဲအနီးရှိ တောင်ကုန်းတွင်တပ်စွဲကာ မြို့အဝင်၊အထွက်ကို ထိန်းချုပ်ရန် ကြိုးစားနေသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြောက်ကျားဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု လွိုင်ကော် PDFက ယနေ့ (ဖေဖော်ဝါရီ ၂၀)တွင် ထုတ်ပြန်သည်။တိုက်ပွဲ ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၁၉ရက် နေ့ခင်းပိုင်းအချိန်တွင် ပစ်ခတ်ခြင်း |
ကန့်ဘလူ ပေလည်ရွာကို စကစ စီးနင်းပြီး ရွာသူရွာသားတွေကို သတ်ဖြတ်နေ၊ (၇)ဦးခန့် သေဆုံးဟုဆို၊ Posted: 20 Feb 2022 11:31 AM PST ကန့်ဘလူနယ်အတွင်း ဝင်မွှေသောင်းကျန်းနေတဲ့ စကစ (ပုံဟောင်း)/Photo – CJဖေဖေါ်ဝါရီ - ၂၀စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပေလည်ရွာကို မနေ့ ဖေဖေါ်ဝါရီ(၁၉)ရက်မှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေ စီးနင်းဝင်ရောက်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သလို ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် ရွာသူရွာသား (၇)ဦးလောက် သေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။အိမ်ခြေ(၁၀၀)ဝန်းကျင်ရှိတဲ့ ပေလည်ရွာကို စစ်ကောင်စီနှင့် |
ကနီနယ် အိုင်တောင်အနောက်ရွာအား စကစ မီးရှို့နေ၊ Posted: 20 Feb 2022 11:29 AM PST ဖေဖော်ဝါရီ - ၂၀ စစ်ကိုင်းတိုင်းအထက်ပိုင်း ကနီမြို့နယ် အိုင်တောင်အနောက်ရွာကို ယနေ့ ညနေ(၆)နာရီကျော်မှ စတင်ကာ စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။ယနေ့ ဖေဖော်ဝါရီ(၂၀)ရက် နေ့လယ်ပိုင်းကတည်းက အိုင်တောင် အနောက်ရွာသို့ စစ်အုပ်စု စီးနင်းဝင်ရောက်လာခြင်း ဖြစ်ပြီး ညနေပိုင်းတွင် ကျေးရွာတွင်းရှိ နေအိမ်များကို မီးတင်ရှို့နေခြင်းဟု ဆိုသည်။"စခအင်အား (၅၀)လောက် နေရာသုံး |
ကနီတွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီတပ်က ချိုင်ရွာမှပြည်သူတစ်ဦးကို သေနတ်ဖြင့်ပစ်သတ် Posted: 20 Feb 2022 11:24 AM PST (အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့)စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဝင်ရောက်လာ၍ ထွက်ပြေးသည့်ပြည်သူများအား စစ်တပ်ကလိုက်လံပစ်ခတ်ရာ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။အကြမ်းဖက်စစ်ကောင်စီတပ်သည် ယမန်နေ့ (ဖေဖော်ဝါရီ၁၉ ရက်)နံနက် ၁၁နာရီဝန်းကျင်က ကနီမြို့နယ်၊ ချိုင်ကျေးရွာသို့ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းမှ ဝင်ရောက်လာခဲ့ကြောင်း၊ ရွာသူရွာသားများသည် စစ်ကောင်စီတပ်သား |
Posted: 20 Feb 2022 11:21 AM PST စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်သို့ ဦးတည်လာသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကားတစ်စီးမီးလောင်းကာ စစ်ကောင်စီတပ်သား အများအပြားသေဆုံးနိုင်ကြောင်း Triple Two ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။ယနေ့ (ဖေဖော်ဝါရီ ၂၀) နေ့လည် ၁နာရီခွဲခန့်က ကား ခြောက်စီးပါ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ကားတစ်စီးလမ်းဘေးထိုးကျ မီးလောင်သွားပြီး ကျန်ရှိသည့် ယာဥ်ငါးစီးအနက် လေးစီးသည်လည်း |
ဗမာ့ဇာမဏီ အဖွဲ့မှ အများပြည်သူသို့ သတိပေးကြေငြာချက် Posted: 20 Feb 2022 11:02 AM PST ကြေငြာချက်အမှတ် ၆/၂၀၂၂ရက်စွဲ။ ။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၀ရက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၀ရက် နေ့လည် ၃နာရီမိနစ်၂၀အချိန်တွင် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ KBZ ဘဏ်အား မိမိတို့ ဗမာ့ဇာမဏီအဖွဲ့မှ ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ဘဏ်ရှိ ATM စက်နှင့် ဘဏ်မှအသုံးပြုသောကား တို့ ထိခိုက်ပျက်စီးခဲ့ပါသည်။ လူထိခိုက်မှု မရှိခဲ့ပါ။ KBZ ဘဏ်အနေဖြင့် အကြမ်းဖက် စစ်ကောင်စီဘက်မှရပ်တည်၍ |
ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာ ရဲစခန်းကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက် Posted: 20 Feb 2022 11:00 AM PST စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၀စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာ ရဲစခန်းကို ယမန်နေ့ (ဖေဖေါ်ဝါရီ၁၉ရက်) က ဒေသခံတော်လှန် ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါးစေ (၄၆) ဦးသေဆုံးခဲ့ကြောင်း ဖောင်းဒိုင်းအဖွဲ့ကယနေ့ထုတ်ပြန်သည်။အဆိုပါသေဆုံးသူများတွင် အကြမ်းဖက်စစ်ကောင်စီဖက်မှ စစ်ကောင်စီလက် ပါးစေ ရဲတပ်သားနှင့် ပျုစောထီးများ ပါဝင်ကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။"ပျူ |
လောင်းရှည်ဒေသ ၂ ရက်ကြာ တိုက်ပွဲတွင် စစ်ကောင်စီလက်ပါးစေ ၄ ဦး သေဆုံး Posted: 20 Feb 2022 10:55 AM PST ချင်း၊ ဖေဖော်ဝါရီ ၂၀ချင်း-စစ်ကိုင်းနယ်စပ် လောင်းရှည်ဒေသ ဆွဲလွဲကျင်းကျေးရွာ၌ အကြမ်းဖက်စစ်ကောင်စီနှင့်ဒေသခံတော်လှန်ရေးတပ် အကြား ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ နှင့် ၁၉ ရက်အတွင်း နှစ်ရက်တာတိုက်ပွဲဖြစ်ပွါးခဲ့ရာ စစ်ကောင်စီလက်ပါးစေ ၄ ဦး သေဆုံးခဲ့ကြောင်း Laung She Regionanl People's Defence Force မှ ယနေ့ ထုတ်ပြန်သည်။Laung She Regionanl People's Defence Force နှင့် ခေါနူးမဟာမိတ်တပ်ဖွဲ့တို့ပူးပေါင်းပြီး |
ကလေးမြို့ နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး Posted: 20 Feb 2022 10:52 AM PST ကလေး၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၂၂။ကလေးမြို့နယ်တောင်ပိုင်း ကြာအင်းကျေးရွာမှ ချီတက်လာသော စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၀၀ ဝန်းကျင်အား ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ မနက် ၁၀ နာရီခန့်လောက်က နတ်ချောင်းကျေးရွာအနီး CDF ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Chinland Defense Force - Kalay Kabaw တာဝန်ခံထံက သိရပါတယ်။"ကြာအင်းကျေးရွာမှ ထွက်လာတဲ့အဖွဲ့ဗျ၊ ကလေးနယ်တောင်ပိုင်း၊ နတ်ချောင်းရွာအနီးမှာ တိုက်ပွဲဖြစ်တာ၊ လွန်ခဲ့ |
ကြို့ပင်ကောက်မြို့နယ် လျှပ်စစ်ရုံးကို GBK PDF ဗုံးခွဲ Posted: 20 Feb 2022 10:50 AM PST ကြို့ပင်ကောက်၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၂၂။ ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ် လျှပ်စစ်ရုံးမှာ ဖေဖော်ဝါရီ ၂၀ ရက် ဒီကနေ့ ညနေ ၇ နာရီလောက်က ဗုံးခွဲခံရတယ်လို့ သိရပါတယ်။ ဒီဖောက်ခွဲမှုကို ကြို့ပင်ကောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - GBK PDF က လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ ရုံးဝန်ထမ်းတွေအနေနဲ့ ပြည်သူတွေဆီက မီတာခတွေကို အတင်းအကြပ် ကောက်ခံနေတာကြောင့် အခုလို ဗုံးခွဲသတိပေးခဲ့တာလို့ အဲ့ဒီအဖွဲ့ရဲ့တာဝန်ခံက ပြော |
စစ်ကောင်စီလေယာဥ်ဖြင့် ပစ်ချတဲ့စစ်လက်နက်ပစ္စည်း ဖယ်ခုံPDFရရှိ Posted: 20 Feb 2022 10:49 AM PST ဖေဖော်ဝါရီလ ၂၀ရက်နေ့ နံနက်အစောပိုင်း မိုးဗြဲမြို့အနီးမှာ စစ်ကောင်စီ လေယာဉ်ဖြင့် လာရောက်ပစ်ချသွားတဲ့ စစ်လက်နက်ပစ္စည်းအချို့ကို ဖယ်ခုံpdf က သိမ်းပိုက်ရရှိတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) ကာကွယ်ရေး ဝန်ကြီးဌာနက ဒီကနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ဂျပ်ဖာ ၄ ဖာရရှိတဲ့အနက် ၇၉ အသီး(၉၆) လုံး ရရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီကနေ့တိုက်ပွဲအတွင်း ဖယ်ခုံ PDFရဲ့ စနိုက်ပါပစ်ခတ်မှုကြောင့် စစ်ကောင်စီ |
Posted: 20 Feb 2022 10:47 AM PST 20 February 2022ပူတာမြို့နယ် ဆွမ်ပီယာန် ကျေးရွာအထက် အင်စီယာန် ကျေးရွာအနီးရှိ ရှိန်ဂတ်ဘွမ်က စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေနှင့် PDF တို့ ယနေ့ ၅နာရီမှစတင်ပြီး သွားရောက်တိုက်နေပြီး တိုက်ပွဲပြင်းထန် နေကြောင်း သတင်းရရှိသည်။"လက်နက်ကြီးတွေနဲ့ပါသွားပစ်နေကြတယ်။ တိုက်ပွဲတော်တော်ပြင်းထန်နေတယ်။ လက်နက်ကြီးသံတွေ လုံရှာယာန်ကပါကြားနေရတယ်။"ဟု ဒေသခံတစ်ဦးကဆိုသည်။ ရှိန်ဂတ်ဘွမ်ရှိ စစ်ကောင်စီ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.