သစ္ထူးလြင္ |
- သထုံမြို့နယ် သိမ်ဆိပ်၊ ပိန္နဲတောလမ်းမှာ စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရ
- စခန်းသိမ်းပိုက်ခံရသည့် ဖားကန့် ဂျာရာယန်ကျေးရွာသို့လည်း စစ်ကောင်စီတပ်သည် လေကြောင်းမှ လာရောက်ပစ်ခတ်ခဲ့
- စစ်ကောင်စီတပ်သည် ဆွမ်ပီယန်တပ်စခန်းကို လက်လွတ်သွားပြီးနောက် လေကြောင်းမှ လာရောက်ပစ်ခတ်
- ဒီပဲယင်းမြို့နယ်မှ Non CDM ဝန်ထမ်းများ ဖေဖော်ဝါရီ ၁၅ မတိုင်ခင်ရုံးနှင့်အိမ်များမှအပြီးထွက်ခွာသွားရန်နှင့်CDM ပြုလုပ်ကြရန် သတိပေး
- မတူပီမှလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို မင်းတပ် CDF တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ၆ ဦးသေဟုထုတ်ပြန်
- ကလေးမြို့တောင်ပိုင်းတွင် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနဲ့ စကစ၊ ပျူစောထီးတို့တိုက်ပွဲဖြစ်ပွား
- လူနာတင်ကားစီးပြီး မြင်းမူကိုလာတဲ့ စစ်အုပ်စု မိုင်းဆွဲခံရပြီး အနည်းဆုံး စစ်သား ၅ ဦးသေဆုံးနိုင်
- ဆာလင်းကြီး မိုင်တဲလ်တိုင်ကိုဖြိုချ၊ အစိတ်အပိုင်းအချို့ကို လက်နက်လုပ်ရန် PDF တွေယူဆောင်
- မြန်မာ့မီးရထားက CDM ဝန်ထမ်းမိသားစုတွေကို လိုင်းခန်းကဖယ်ရှားဖို့ နို့တစ်စာထုတ်
- အာဏာသိမ်း စစ်ကောင်စီ ကျဆုံးခန်းကို ရောက်နေပြီလို့ KNU ထိပ်ပိုင်းခေါင်းဆောင်တွေ ပြော
- ဘီးလင်းမှာ တိုက်ပွဲ ပြင်းထန်၊ ကား ရာနဲ့ချီ ပိတ်မိနေ
- ညောင်ပင်ရှည်ရွာ ပျူစောထီးခေါင်းဆောင်ကို PAFD မှ ရှင်းလင်း
- ညောင်ဦးမြို့တွင် ပျူစောထီးအဖွဲ့ဝင် စစ်ကောင်စီသတင်းပေး အုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရပြီးနောက် ဒေသခံ (၅၀)ဝန်းကျင် ဖမ်းဆီး နှိပ်စက်ခံနေရ
- ကနီ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ ဒရုန်းဖြင့် (၂)ကြိမ် ဗုံးကြဲ
- မတူပီမှပြန်ဆင်းလာသော စကစယဉ်တန်းကို CDF-MINDATမှ မင်းတပ်-မတူပီ လမ်းပေါ် တွင် ဆက်လက်ချုံခိုတိုက်ခိုက်
- လေတပ်ဗိုလ်မှူးကြီးအိမ် အပါအဝင် စစ်ကောင်စီတပ်နှင့် စစ်ရေးပစ်မှတ် ၁၄ ခုကို တိုက်ခိုက်ခဲ့ဟု ရန်ကုန်စစ်ဒေသခွဲ ထုတ်ပြန်
- မကွေးတိုင်းမှရဲနှစ်ဦး CDM ပြုလုပ်ကာ ပြည်သူနှင့်ပူးပေါင်း
- ဒေါ်အောင်ဆန်းစုကြည် ခေါင်းမူးအော့အန်ဝေဒနာ ခံစားနေရ၊ ဆရာဝန်က အနားယူခိုင်းသဖြင့် တရားရုံးချိန်းများ ခွင့်တိုင်ထား
- မြင်းမူနယ် ထီးဆောင်းကျေးရွာအနီးတွင် မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် အနီးဝန်းကျင်ကို စကစ ဝင်မွှေ
- စစ်ကောင်စီယန္တရား၌ ပါဝင်နေသည့် ဝန်ထမ်းများ ဖေဖော်ဝါရီ ၁၀ရက်မတိုင်မီ မြိုင်မြို့နယ်မှ ထွက်ခွာရန် မြိုင် ပအဖ ကြေညာ
- စစ်ကောင်စီတပ်က မြင်းမူမြို့နယ်တွင် ပြည်သူ ၂၀ ဦးခန့်ကို မီးရှို့သတ်ဖြတ်
- မြင်းမူနယ် ပဒတ္ထိုင်းရွာတွင် ဒေသခံ (၂၀) ကျော် မီးရှို့သတ်ဖြတ်ခံရ
- မန္တလေး ညောင်ကွဲရပ်ရှိ ဒလန်ဟု သတင်းထွက်သူ စစ်မှုထမ်းဟောင်းတစ်ဦး သေနတ်ဖြင့် သုံးချက်ပစ်ခံရပြီးသေ
- မြောက်ဒဂုံက ဗိုလ်မှူးဟောင်း နေအိမ်မှာ လုပ်ကြံသတ်ဖြတ်ခံရ
- ပုလောတိုက်ပွဲမှာ ဖမ်းမိခဲ့တဲ့ PDF ရဲဘော်တစ်ဦးကို စစ်ကောင်စီတပ်က သတ်ပစ်ခဲ့
သထုံမြို့နယ် သိမ်ဆိပ်၊ ပိန္နဲတောလမ်းမှာ စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရ Posted: 03 Feb 2022 08:09 AM PST ဓာတ်ပုံ - KNLA တပ်မဟာ ၁ တပ်ဖွဲ့ဝင်တချို့ကိုတွေ့ရစဉ်။ (Photo: Supplied)ဖေဖော်ဝါရီလ ၃ ရက်နေ့၊ ၂၀၂၂မွန်ပြည်နယ် သထုံမြို့နယ် သိမ်ဆိပ် ပိန္နဲတောလမ်း ထုံးဘိုလေး ထုံးဘိုကြီးကြား ရွှေဘိုတံတားတွင် ဝီရော်မှ ပိန္နဲတော့စစ်ကော်စီတပ်စခန်းသို့ ခြေလျှင်ဖြင့် တက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့တို့ကို ယနေ့မနက် ၅ နာရီ ၁၅ မိနစ်အချိန်တွင် KNLA တပ်ရင်း ၁ တပ်ခွဲ ၁ တပ်ဖွဲ့နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ် |
စခန်းသိမ်းပိုက်ခံရသည့် ဖားကန့် ဂျာရာယန်ကျေးရွာသို့လည်း စစ်ကောင်စီတပ်သည် လေကြောင်းမှ လာရောက်ပစ်ခတ်ခဲ့ Posted: 03 Feb 2022 08:04 AM PST ပုံဟောင်းဖြစ်သည်။3 February 2022ယနေ့နံနက်ပိုင်းတွင် ကေအိုင်အေနှင့် PDF တို့မှ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဂျာရာယန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နေ့လယ် ၁၂နာရီအချိန်တွင် စစ်ကောင်စီက ဂျက်လေယာဉ်နှစ်စင်းဖြင့် လက်နက်ကြီးများ လာရောက်ပစ်ခတ်သွားကြောင်း ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သည် ဖေဖေါ်ဝါရီလ ၁ရက်နေ့က လက်လွတ်သွားခဲ့သော ဆွမ်ပီယန်သို့လည်း ယနေ့ညနေ |
စစ်ကောင်စီတပ်သည် ဆွမ်ပီယန်တပ်စခန်းကို လက်လွတ်သွားပြီးနောက် လေကြောင်းမှ လာရောက်ပစ်ခတ် Posted: 03 Feb 2022 08:03 AM PST ပုံ။ ဖေဖေါ်ဝါရီလ ၁ရက်နေ့က ဆွမ်ပီယန်စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ခံရစဉ်။3 February 2022 ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဆွမ်ပီယာန်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ယနေ့ ညနေပိုင်း ၄နာရီခန့်တွင် လာရောက်ပစ်ခတ်သည့်အတွက် အဖွားအရွယ်အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးသွားကြောင်း သိရသည်။ စစ်ကောင်စီ၏ ဂျက်လေယာဉ်ဖြင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ၏ နေအိမ်နှစ်အိမ်ပျက်စီးသွားကြောင်း သိရသည်။ ဒေသခံပြည် |
Posted: 03 Feb 2022 07:59 AM PST ဖေဖော်ဝါရီလ (၁၅) ရက်နေ့မတိုင်မီ ဒီပဲယင်းမြို့နယ်မှ အရာထမ်း၊အမှုထမ်းများ မိမိတို့ရုံး၊ဌာန ၊နေအိမ်များမှ အပြီးတိုင် စွန့်လွှတ်ထွက်ခွာသွားရန်နှင့် CDM ပြုလုပ်ရန် ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၃ ရက်)တွင် ထုတ်ပြန်သည်။လိုက်နာခြင်းမရှိသူများကို ၎င်းတို့၏ ပိုင်ဆိုင်မူနှင့် မိသားစုများ၏ လုံခြုံရေးကိုပါ အာမခံချက် ရှိပေးနိုင်မည်မဟုတ်ကြောင်းလည်း သတိပေးသည်။"တော်လှန်ရေးရဲ့နောက်တဆင့် |
မတူပီမှလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို မင်းတပ် CDF တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ၆ ဦးသေဟုထုတ်ပြန် Posted: 03 Feb 2022 07:58 AM PST မတူပီ - မင်းတပ်လမ်းပေါ်တွင် စစ်ကောင်စီတပ်ကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ ထပ်မံချုံခို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်မှု များနိုင်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)က သတင်းထုတ်ပြန်သည်။မတူပီမှ ပြန်ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို ဖေဖော်ဝါရီ ၃ရက်နေ့လယ်၂နာရီခန့်က မိုင်တိုင် ၂၈ ဝန်းကျင်၌ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။စစ်ကောင်စီတပ်မှ အထိအခိုက်များနိုင်ပြီး CDF |
ကလေးမြို့တောင်ပိုင်းတွင် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနဲ့ စကစ၊ ပျူစောထီးတို့တိုက်ပွဲဖြစ်ပွား Posted: 03 Feb 2022 06:18 AM PST ကလေးနယ်တောင်ပိုင်း၊ ကြံသာရွာတွင် တပ်စွဲထားသည့် အကြမ်းဖက် စကစတပ်ဖွဲဝင်များနှင့် ၎င်းတို၏လက်ပါးစေ ပျူစောထီးအဖွဲဝင်များကို CDF - KKG၊ CDF - Hakha၊ PDF - Kalay တပ်ရင်း (၄) / (၇)၊ RKDF နှင့် ပကဖပူးပေါင်းတပ်ဖွဲတိုမှ ယနေ့ ဖေဖော်ဝါရီ ၃ ရက် နံနက် ၆ နာရီခွဲအချိန်မှစတင်ပြီး တိုက်ခိုက်ခဲ့ကြရာ တိုက်ပွဲပြင်းထန်ခဲ့သည်။တိုက်ပွဲအတွင်း ဂန့်ဂေါမြိုနယ်မြောက်ပိုင်း၊ ဟံသာဝတီရွာစာသင်ကျောင်းတွင်တပ်စွဲထားသည့် စကစတပ်မှ |
လူနာတင်ကားစီးပြီး မြင်းမူကိုလာတဲ့ စစ်အုပ်စု မိုင်းဆွဲခံရပြီး အနည်းဆုံး စစ်သား ၅ ဦးသေဆုံးနိုင် Posted: 03 Feb 2022 06:16 AM PST မြင်းမူ၊ ဖေဖော်ဝါရီ ၃၊ ၂၀၂၂၊ မြင်းမူမြို့နယ်အတွင်း လူနာတင်ကားစီးလာတဲ့ စစ်ကောင်စီတပ်သားတွေ ဖေဖော်ဝါရီ ၂ ရက် မနေ့က နေ့လည်၃ နာရီလောက်မှာ မိုင်းဆွဲခံရပြီး စစ်သား ၅ ဦးသေဆုံးတယ်လို့ People's Defence Force Myinmu-MMU PDF ဆီကသိရပါတယ်။ စစ်သားအင်အား ၁၅ ဦးလောက်စီးလာတဲ့ လူနာတင်ကား ၂ စီးကို စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာနဲ့ ရေပိုးစားရွာအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူ |
ဆာလင်းကြီး မိုင်တဲလ်တိုင်ကိုဖြိုချ၊ အစိတ်အပိုင်းအချို့ကို လက်နက်လုပ်ရန် PDF တွေယူဆောင် Posted: 03 Feb 2022 06:15 AM PST ဆာလင်းကြီး၊ ဖေဖော်ဝါရီလ ၃၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံကျွန်းကျေးရွာတောင်ဘက်ရှိ Mytel တာဝါတိုင်ကို ဒေသခံပူးပေါင်းအဖွဲ့တွေ ဖျက်စီးပစ်နိုင်ခဲ့ပြီး အစိတ်အပိုင်းအချို့ကို လက်နက်လုပ်ဖို့ ယူဆောင်ခဲ့တယ်လို့ ကိုယ်တိုင်ပါဝင်ခဲ့သူတဦးက ပြောပါတယ်။ဇန်နဝါရီ ၃၁ ရက်နေ့က ဖြိုလှဲခဲ့တာဖြစ်ပြီး တာဝါတိုင်ထဲက စက်ပစ္စည်းအချို့ဟာ တော်လှန်ရေးအတွက် မိုင်းဆင်တဲ့နေရာမှာ အသုံးပြုရကြောင်းလည်း သိရပါတယ်။"ကျ |
မြန်မာ့မီးရထားက CDM ဝန်ထမ်းမိသားစုတွေကို လိုင်းခန်းကဖယ်ရှားဖို့ နို့တစ်စာထုတ် Posted: 03 Feb 2022 06:11 AM PST ဖေဖော်ဝါရီ ၃ ၊ ၂၀၂၂မြန်မာ့မီးရထားက မလွှကုန်းမီးရထားရပ်ကွက်မှာနေထိုင်တဲ့ CDM ဝန်ထမ်းတွေရဲ့ မိသားစုတွေကို လိုင်းန်းပေါ်က တစ်ပတ်အတွင်း ဖယ်ပေးရမယ်ဆိုတဲ့ စာတွေလာကပ်သွားတယ်လို့ သိရပါတယ်။စာလာကပ်တဲ့ အချိန်ကစပြီးတော့ တစ်ပတ်အတွင်းနေရာက ဖယ်ရှားပေးရမယ်ဆိုပြီးတော့ နို့တစ်စာကပ်ပြီး တာဝန်ရှိတယ်ဆိုတဲ့လူတွေက အောက်မှာလက်မှတ်ဝိုင်းထိုးထားကြတာပါ။အမျိုးသားညီညွတ်ရေးအစိုးရက CDM မလုပ်ဘဲ ဝန်ထမ်းတွေကို ဖိနှိပ်နေတဲ့သူတွေ |
အာဏာသိမ်း စစ်ကောင်စီ ကျဆုံးခန်းကို ရောက်နေပြီလို့ KNU ထိပ်ပိုင်းခေါင်းဆောင်တွေ ပြော Posted: 03 Feb 2022 06:09 AM PST Photo - KNUမော်လမြိုင် ၊ ဖေဖော်ဝါရီ (၃)စစ်တပ် အာဏာသိမ်းတာ တစ်နှစ်ပြည့်ပြီဖြစ်ပေမယ့် တိုင်းပြည်ကို မထိန်းချုပ်နိုင်တာကြောင့် စစ်ကောင်စီရဲ့ အခြေအနေဟာ ကျဆုံးခန်းရောက်နေပြီလို့ ကရင်အမျိုးသားအစည်းအရုံး KNU ထိပ်ပိုင်းခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။အာဏာသိမ်း စစ်တပ်ဟာ တိုင်းပြည်ကို လက်နက်အားကိုးနဲ့ မတရား အာဏာသိမ်းယူခဲ့တာ အခုဆိုရင် တစ်နှစ်ပြည့်မြောက်သွားပြီး ဖြစ်ပါတယ်။ဒါပေမယ့် စစ်ကောင်စီဟာ လက်ရှိအချိန် |
ဘီးလင်းမှာ တိုက်ပွဲ ပြင်းထန်၊ ကား ရာနဲ့ချီ ပိတ်မိနေ Posted: 03 Feb 2022 06:08 AM PST မော်လမြိုင်၊ ဖေဖေါ်ဝါရီ ၃ ဘီးလင်းမြို့နယ်နဲ့သထုံမြို့နယ်ကြားထဲ ဖေဖေါ်ဝါရီလ ၃ ရက်နေ့ နေ့လည်ပိုင်းက တိုက်ပွဲဖြစ်နေတာကြောင့် ခရီးသွားကား ရာချီ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒီကနေ့ နေ့လည်ပိုင်း ၂နာရီဝန်းကျင်ခန့်က ဘီးလင်းမြို့နယ်နဲ့သထုံမြို့နယ်အစပ်နေရာ အနီးမှာ လက်နက်ကြီးသံတွေ အဆက်မပြတ်ကြားနေရပြီး လက်နက်ငယ်သံတွေလဲ ကြားနေရတယ်လို့ ဆိုပါတယ်။ပစ်ခတ်သံတွေကြောင့် ဘီးလင်းအဝင်နား ရန်ကုန်-မော်လမြိုင်ကား |
ညောင်ပင်ရှည်ရွာ ပျူစောထီးခေါင်းဆောင်ကို PAFD မှ ရှင်းလင်း Posted: 03 Feb 2022 05:58 AM PST ဖေဖေါ်ဝါရီ ၃စစ်ကိုင်းမြို့နယ် ညောင်ပင်ရှည်ရွာ ပျူစောထီးခေါင်းဆောင်ဇော်ဝင်း အား အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)မှ ယနေ့မနက်၈နာရီအချိန် သာဇင်ကျေးရွာနှင့် အိုင်းဓမ္မကျေးရွာကြားမှာ တူမီးသေနတ်ဖြင့် သုံးချက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဇော်ဝင်းသည် PDFများအား စုံစမ်း၍ အကြမ်းဖက်စစ်ကောင်စီကို သတင်းပေးခြင်း၊ ပျူစောထီးများ များပြားလာစေရန်ဆောင်ရွက်နေသူဖြစ်တယ်လို့သိရပါတယ်။စစ်ကိုင်းမြို့နယ် |
Posted: 03 Feb 2022 05:56 AM PST ညောင်ဦးမြို့တွင် ပျူစောထီးအဖွဲ့ဝင် စစ်ကောင်စီသတင်းပေး အုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရပြီးနောက် စစ်တပ်က ဒေသခံပြည်သူ (၅၀)ဝန်းကျင်ကို ဖမ်းဆီး နှိပ်စက်နေကြောင်း သိရသည်။ညောင်ဦးမြို့ အမှတ်(၁) နယ်မြေအုပ်ချုပ်ရေးမှူးဟောင်း ဒလန် ဦးတင်စိုးကို ဇန်နဝါရီလ(၃၀)ရက်နေ့က ပုဂံပြည် ဘီလူးတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့သုံးဖွဲ့က ရှင်းလင်းခဲ့ပြီးနောက် ဒေသခံများကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်နေခြင်းဖြစ်ကြောင်းသိရသည်။" |
ကနီ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ ဒရုန်းဖြင့် (၂)ကြိမ် ဗုံးကြဲ Posted: 03 Feb 2022 05:54 AM PST စစ်ကိုင်းတိုင်း၊ ကနီမြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့ ဖေဖော်ဝါရီလ(၃)ရက်၊ ညနေပိုင်းက ဒရုန်းဖြင့် (၂)ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း KLG PDF က သတင်းထုတ်ပြန်လာသည်။ယင်းတိုက်ခိုက်မှုကို KLG PDF နှင့် မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရဲများ အထိအခိုက်အကျအဆုံးကို မသိရသေးဟု ဆိုသည်။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စစ်မှုထမ်းဟောင်းများ |
မတူပီမှပြန်ဆင်းလာသော စကစယဉ်တန်းကို CDF-MINDATမှ မင်းတပ်-မတူပီ လမ်းပေါ် တွင် ဆက်လက်ချုံခိုတိုက်ခိုက် Posted: 03 Feb 2022 05:53 AM PST Feb 3, 2022 7:50p.mမတူပီမှပြန်ဆင်းလာသော စကစယဉ်တန်းကို CDF-MINDATမှ မင်းတပ်-မတူပီ လမ်းပေါ် တွင် ဆက်လက်ချုံခိုတိုက်ခိုက်ခဲ့ရာ ယနေ့ နေ့လည် ၂ နာရီ ဝန်းကျင်တွင် မိုင်တိုင် ၂၈ ဝန်းကျင်၌ တိုက်ပွဲဖြစ်ခဲ့သည်။ စကစဘက်မှ ထိခိုက်မှုများရှိမည်ဟု ခန့်မှန်းရပြီး အကျအဆုံးမသိရပေ။ ယင်းတိုက်ပွဲတွင် CDF ရဲဘော်တစ်ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။ စကစယဉ်တန်းသည် လက်ရှိတွင် ၂၃ မိုင်၌ ရောက်နေပြီး ထိုနေရာတွင် ညအိပ်မည်ဟု |
Posted: 03 Feb 2022 05:50 AM PST ရန်ကုန်တိုင်းတွင် သုံး ရက်အတွင်း စစ်ကောင်စီလေတပ်ဗိုလ်မှူးကြီးအိမ်အပါအဝင်စစ်ကောင်စီတပ်နှင့် စစ်ရေးပစ်မှတ် ၁၄ ခုကို တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၃)ထုတ်ပြန်သည်။တိုက်ခိုက်မှုများကို ဖေဖော်ဝါရီ ၁ ရက်မှ ၃ ရက်နေ့အတွင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကျောက် တံတား၊ တွံတေး၊ ဥက္ကံ၊ တောင်ဒဂုံ၊ ဒေါပုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ရန်ကင်းနှင့် မြောက်ဥက္ကလာပမြို့နယ်များရှိ စစ် |
မကွေးတိုင်းမှရဲနှစ်ဦး CDM ပြုလုပ်ကာ ပြည်သူနှင့်ပူးပေါင်း Posted: 03 Feb 2022 05:47 AM PST မကွေးတိုင်းအတွင်းမှရဲတပ်သားနှစ်ဦး CDM ပြုလုပ်ကာ YDF (ဆော ၊ ကျောက်ထု) တွင်ခိုလှုံလာခဲ့ကြောင်းယောဒေသကာကွယ်ရေးတပ် YDFက ယနေ့ (ဖေဖော်ဝါရီ ၃ ရက်)တွင် ထုတ်ပြန်သည်။CDM ရဲတပ်သားနှစ်ဦးသည် ဖေဖော်ဝါရီလ (၁) ရက်တွင် တာဝန်မှရပ်နားပြီးနောက်ပြည်သူ့ရင်ခွင်သို့ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။ရဲတပ်သားနှစ်ဦးအား နွေးထွေးစွာကြိုဆို၍ ကောင်းမွန်စွာကျွေးမွေးစောင့်ရှောက်ထားပြီး ယနေ့ (ဖေဖော်ဝါရီလ ၃ ရက်) |
Posted: 03 Feb 2022 05:46 AM PST ဖေဖော်ဝါရီ - ၃ စစ်အုပ်စုက ဖမ်းဆီးထားသည့် အသက် (၇၀)ကျော်အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဖေဖော်ဝါရီ (၃)ရက် နံနက်ပိုင်းက ခေါင်းမူးအော့အန် ဝေဒနာများ ဖြစ်ပွားခဲ့သဖြင့် ဆရာဝန်က အနားယူခိုင်းထားကြောင်း နေပြည်တော်ရှိ တရားရုံးအသိုင်းအဝိုင်းမှ သိရှိရသည်။ ထို့ကြောင့် ယနေ့ပြုလုပ်မည့် တရားရုံးချိန်းကို ခွင့်တိုင်ထားသည်ဟုလည်း အဆိုပါအသိုင်းအဝိုင်းက ဆိုသည်။ စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁ |
မြင်းမူနယ် ထီးဆောင်းကျေးရွာအနီးတွင် မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် အနီးဝန်းကျင်ကို စကစ ဝင်မွှေ Posted: 03 Feb 2022 05:44 AM PST ပုံစာ၊ မုံရွာ - မန္တလေးလမ်းပေါ်၌ ရပ်စောင့်နေရသည့် မော်တော်ယာဉ်များနှင့် စကစ ထုတ်ပြန်သည့် မိုင်းများ/ ဓာတ်ပုံ - ပေးပို့ ဖေဖော်ဝါရီ - ၃ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာအနီးတွင် မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းများ ကြုံရသဖြင့် အနီးဝန်းကျင်ကို စကစ က ဝင်မွှေကြောင်း ဒေသခံတို့က ပြောသည်။ ယနေ့ ဖေဖော်ဝါရီလ (၃)ရက် မွန်းလွဲပိုင်း၌ အဆိုပါ မန္တလေး-မုံရွာလမ်းပိုင်းသို့ ဖြတ်သန်းသွားသည့် |
Posted: 03 Feb 2022 05:43 AM PST ◉ ဒေသခံ ဝန်ထမ်းများလည်း ဖေဖော်ဝါရီ ၁၀ရက်နောက်ဆုံးထား CDM ပြုလုပ်ရန် အသိပေးစစ်ကောင်စီ ယန္တရားတွင် ပါဝင်ဆောင်ရွက်နေသည့် မြိုင်မြို့နယ်မှ အရာထမ်း၊ အမှုထမ်းများ ဖေဖော်ဝါရီ ၁၀ရက်နေ့ မတိုင်မီ မိမိတို့ ရုံးဌာန၊ နေအိမ်များမှ ရရာနည်းဖြင့် အပြီးတိုင်စွန့်လွှတ်ထွက်ခွာရန် မြိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့ထုတ်ပြန်သည်။ မြိုင်မြို့နယ် ဒေသခံ ဝန်ထမ်းများ အနေဖြင့်လည်း ဖေဖော်ဝါရီ ၁၀ရက် နောက်ဆုံးထား |
စစ်ကောင်စီတပ်က မြင်းမူမြို့နယ်တွင် ပြည်သူ ၂၀ ဦးခန့်ကို မီးရှို့သတ်ဖြတ် Posted: 03 Feb 2022 05:40 AM PST ပုံစာ - မီးရှို့သတ်ဖြတ်ခံထားရသော ပြည်သူအချို့ / (ဓါတ်ပုံ-PVTV)စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ပဒတ္ထိုင်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဒေသခံ၂၀ဦးခန့် မီးရှိူ့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၃၁ ရက် မနက်ပိုင်း ၁၁နာရီဝန်းကျင်က မြင်းမူမြို့နယ်အနောက်မြောက်ပိုင်း ပဒတ္ထိုင်းကျေးရွာသို့ လေကြောင်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ကျေးရွာ |
မြင်းမူနယ် ပဒတ္ထိုင်းရွာတွင် ဒေသခံ (၂၀) ကျော် မီးရှို့သတ်ဖြတ်ခံရ Posted: 03 Feb 2022 05:34 AM PST ဓာတ်ပုံ၊ CJ ဖေဖော်ဝါရီ - ၃ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဥ်များဖြင့် ဝင်ရောက်စီးနင်း ပစ်ခတ်ပြီး ဒေသခံ (၂၀) ကျော်ကို ဖမ်းဆီးနှိပ်စက် မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသခံတို့က ပြောသည်။ ဇန်နဝါရီ (၃၁) ရက်က PDF သင်တန်းဆင်းပွဲကို ပဒတ္ထိုင်းရွာတွင် ကျင်းပနေစဥ် ရဟတ်ယာဥ်များဖြင့် ပစ်ခတ်ပြီး ရွာတွင် ကျန်ခဲ့သည့် ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ရာ လက်ရှိတွင် ပျောက်ဆုံးနေသူ |
မန္တလေး ညောင်ကွဲရပ်ရှိ ဒလန်ဟု သတင်းထွက်သူ စစ်မှုထမ်းဟောင်းတစ်ဦး သေနတ်ဖြင့် သုံးချက်ပစ်ခံရပြီးသေ Posted: 03 Feb 2022 05:32 AM PST ဓာတ်ပုံ၊ ပေးပို့ ဖေဖော်ဝါရီ - ၃ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ရှိ ဒလန်ဟု သတင်းထွက်သူ စစ်မှုထမ်းဟောင်းတစ်ဦးသည် ယနေ့မွန်းလွဲပိုင်း၌ သေနတ်ဖြင့် သုံးချက် အပစ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ အသက် (၇၀) ဝန်းကျင်အရွယ် ဦးစံလှိုင်သည် ၈၈ လမ်း၊ (၈×၉) လမ်းကြားရှိ သမီးဖြစ်သူ၏ နေအိမ်ရှေ့ ဈေးဆိုင်တွင် ထိုင်နေစဉ် အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် ဘယ်ဘက်ရင်အုံနှင့် |
မြောက်ဒဂုံက ဗိုလ်မှူးဟောင်း နေအိမ်မှာ လုပ်ကြံသတ်ဖြတ်ခံရ Posted: 03 Feb 2022 05:28 AM PST ရန်ကုန်၊ မြောက်ဒဂုံတွင် ယနေ့ ဖေဖော်ဝါရီလ ၃ ရက် ညနေပိုင်းက စစ်ကောင်စီတပ်တွင် တာဝန် ထမ်းဆောင်ခဲ့သည့် အငြိမ်းစား ဗိုလ်မှူးဟောင်း တစ်ဦး နေအိမ်အတွင်း အသတ်ခံခဲ့ရကြောင်း သိရသည်။အသတ်ခံရသူသည် စစ်ကောင်စီ ခလရ (၂၄၁) တပ်တွင် နောက်ဆုံး တာဝန် ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးတင်မောင်အေး ဖြစ်ပြီး ၎င်းသည် စစ်တပ်အား သတင်းပေးခြင်း၊ PDF များအား ခြေရာခံကာ ရန်ကုန်တိုင်း စစ်ဌာနချုပ်သို့ သတင်းပေးပို့ခြင်းနှင့် ခရိုင်အုပ်ချုပ် |
ပုလောတိုက်ပွဲမှာ ဖမ်းမိခဲ့တဲ့ PDF ရဲဘော်တစ်ဦးကို စစ်ကောင်စီတပ်က သတ်ပစ်ခဲ့ Posted: 03 Feb 2022 05:24 AM PST ဓာတ်ပုံ - MPAတနင်္သာရီတိုင်းမ်၊ ဖေဖော်ဝါရီ ၃ မြိတ်ခရိုင်၊ ပုလောမြို့နယ်က KNU ဧရိယာမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ အဖမ်းခံခဲ့ရတဲ့PDF ရဲဘော်တစ်ဦးကို စစ်တပ်ဘက်က အနီးကသတ်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မနက်က KNU ဧရိယာမှာပါဝင်တဲ့ ဆားခဲကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေနဲ့ KNU၊ PDF၊ PRDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ပုလောဒေသကာကွယ်ရေးအဖွဲ့ (PRDF) တာဝန်ရှိသူတစ်ဦးကပြော |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.