သစ္ထူးလြင္ |
- ကလေးမြို့တွင်တိုက်ပွဲဖြစ်နေ၊ လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံများတစ်မြို့လုံးကြားနေရ
- စစ်ကောင်စီဖမ်းထားတဲ့ ရွာသားတရာကျော်ကို ပေါက် PDF က ကယ်ထုတ်
- မတူပီ-မင်းတပ်လမ်း(Feb 2ရက်)နေ့ တိုက်ပွဲ၌ စကစထံမှ MA3 တစ်လက်ကို စွန့်စားပြီးလုယူနိုင်ခဲ့
- လေးမျက်နှာမြို့တွင် အသံတိတ်သပိတ်နေ့က ကျင်းပခဲ့သော တပ်ထောက်ခံပွဲ၌ မူးရူးကာ ဆိုင်ကယ်ဖြင့်အချင်းချင်းဝင်တိုက်မိခဲ့သော စစ်သားနှင့်ရဲ ရှေ့ဆင့်နောက်ဆင့်သေဆုံး
- မြင်းခြံနယ်၌ ဘောလုံးပြိုင်ပွဲသို့ လာသည့် စကစများကို မိုင်းဆွဲ၊ အရာရှိ အပါအဝင် သုံးဦးဒဏ်ရာရဟုဆို၊
- မုံရွာ နမခ တိုင်းစစ်ဌာနချုပ်ကို ရှော့ဒုန်းဖြင့် ပဟ်ခတ်တိုက်ခိုက်၊
- မတူပီမှလာသောစစ်ကောင်စီတပ်ကိုCDF (မင်းတပ်)ထပ်မံတိုက်ခိုက် စစ်ကောင်စီတပ် ၇ ဦးသေဟုထုတ်ပြန်
- ရှစ်တန်းကျောင်းသားအပါအဝင် ညီအစ်ကိုသုံးဦးကို စစ်ကောင်စီတပ်သတ်ဖြတ်
- ဖားကန့်တွင် စစ်ကောင်စီတပ်ဖွဲ့ လေကြောင်းလိုင်းဖြင့် တိုက်ခိုက်မှုကြောင့် ကျေးရွာ ၃ခု ထွက်းပြေးတိမ်းရှောင်နေရ၊ ၂ဖက်တပ် ထိခိုက်မှုများ
- သျှမ်း - မန္တလေးစပ်ကြား စစ်ကောင်စီ ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
- ဆွမ်ပီယန်ရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပစ်ခတ်မှုကြောင့် ရွာသားများထိခိုက်မှုရှိပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ
- CDM မလုပ်ပဲ သစ်ခိုးထုတ်နေတဲ့ တောခေါင်းရုံးကို PDF ၃ဖွဲ့ မီးရှို့ဖျက်ဆီး
- ပခုက္ကူရှိ အင်းဝဘဏ်မှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို PDF တိုက်ခိုက်လို့ ၂ ဦးသေဆုံး
- အစင်ကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက် ရွေး/ကော်အဖွဲ့ဝင် အပါအဝင် ၁၀ ဦး ဖမ်းဆီးခံရ
- ဆောမြို့ရှိ မြို့မရဲစခန်းအပါအဝင် ကြံ့ခိုင်ရေးရုံးနှင့် စစ်ကောင်စီလက်အောက် ခံ ရုံးဌာနတချို့ကို PDFများ တိုက်ခိုက်
- မြင်းများသယ်လာသည့် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး (၁၅) ဦးထက်မနည်းသေဆုံး
- ခရမ်းမြို့ မနေ့ည ဇွဲတွန်စစ်ဆေးရေးဂိတ်ဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုစာရင်း အတည်ပြုထုတ်ပြန်ခြင်း။
- ပုလိပ်မြို့မှစစ်ကောင်စီထောက်တိုင် BOC ဆီဆိုင်ကို မိုင်းခွဲ၊ ဝန်ထမ်းများအား ရှောင်ခိုင်းပြီးမှ တိုက်ခိုက်ခြင်းဖြစ်
- မြို့ပြပျောက်ကြားအဖွဲ့များက လှိုင်သာယာတွင်ကင်းလှည့်နေသည့် စစ်ကားသုံးစီးကို ဗုံးခွဲ၊ စစ်ကောင်စီဝင်အချို့ ထိခိုက်ဒဏ်ရာရ
- ပြည်ကြီးတံခွန် လျှပ်စစ်ရုံး တိုက်ခိုက်ခံရ
- စစ်ကောင်စီနှင့် ပတ်သက်နေသည့်နေရာများကို အရှိန်မြင့်တိုက်ခိုက်သွားမည်ဟု မြန်မာအစ္စလာမ်ဘာသာဝင်များ ပြောက်ကျားတပ်ဖွဲ့ သတိပေး
- PPDFက ပခုက္ကူအင်းဝဘဏ်အစောင့်စစ်ကောင်စီတပ်သားများကို တိုက်ခိုက်စစ်ကောင်စီတပ်သား ၂ဦးသေ၊၃ ဦးဒဏ်ရာရ
- စစ်ကောင်စီတပ်ကိုတိုက်ခိုက်၊ဖြစ်စဥ်ကိုလာစစ်ဆေးသောယာဥ်တန်းကိုပါထပ်မံတိုက်ခိုက်သဖြင့်အနည်းဆုံး ၄ဦးသေဆုံးဟု နွားထိုးကြီးPDFထုတ်ပြန်
- ပုလဲနယ် မင်းတိုင်ပင်ရွာတွင် ဒေသခံ သုံးဦးကို စစ်ကောင်စီ မီးရှို့သတ်ဖြတ်
- နွားထိုးကြီး လက်ဝဲရွာတွင် ညပိုင်း မူးရူးသောင်းကျန်းနေသော စစ်အုပ်စုကို ပစ်ခတ်၊ လေးဦး သေဟုဆို၊
ကလေးမြို့တွင်တိုက်ပွဲဖြစ်နေ၊ လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံများတစ်မြို့လုံးကြားနေရ Posted: 04 Feb 2022 09:30 AM PST (ကလေးမြို့တွင် ဖော်ဖော်ဝါရီ ၁ ရက်က အသံတိတ်သပိတ်ကို တစ်မြို့လုံးပါဝင်ဆင်နွှဲခဲ့သည်။ ဓါတ်ပုံ-CJ)ကလေးမြို့တွင် ယနေ့ညတိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သံများနှင့် ပေါက်ကွဲသံများကျယ်လောင်စွာကြားနေရကြောင်းဒေသခံများကပြောသည်။ ထို့အပြင်အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်အရွှေ့အပြောင်း အမြောက်အများပြုလုပ်နေကြောင်းလည်း ကလေးမြို့ခံများကပြောသည်။ ယနေ့ည ၇ နာရီခန့်မှစတင်ပြီး ကလေးမြို့ |
စစ်ကောင်စီဖမ်းထားတဲ့ ရွာသားတရာကျော်ကို ပေါက် PDF က ကယ်ထုတ် Posted: 04 Feb 2022 09:27 AM PST ဆိတ်ဖြူ၊ ဖေဖော်ဝါရီလ ၄၊ ၂၀၂၂။ဖေဖော်ဝါရီလ ၂ ရက်နေ့က စစ်ကောင်စီတပ်တွေက ဆိတ်ဖြူမြို့နယ် ရှားလှရွာကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး အဖွားအိုတဦးကို ပစ်သတ်ကာ ရွာသားတရာကျော်ကို ဖမ်းဆီးသွားခဲ့ရာ ပေါက် PDF က ပြန်လည်ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။အဘွားအ်ိုကို ပစ်သတ်သွားတဲ့ စစ်ကောင်စီက အင်အားနည်းတာကို အခွင့်ကောင်းယူကာ ရွာသားတွေကို ကယ်ထုတ်ခဲ့တာလို့ သိရပါတယ်။"မနက် ၁၁ နာရီမှာ ကျနော်တို့တပ်ရင်းက ဗိုလ်နား |
မတူပီ-မင်းတပ်လမ်း(Feb 2ရက်)နေ့ တိုက်ပွဲ၌ စကစထံမှ MA3 တစ်လက်ကို စွန့်စားပြီးလုယူနိုင်ခဲ့ Posted: 04 Feb 2022 09:24 AM PST Feb 2 ရက်နေ့ ညနေ ၄ နာရီခွဲက မိုင် ၃၀ တိုက်ပွဲမှာ စကစ ၃ ဦးခန့် ကျဆုံးပြီး သေဆုံးသူ စကစဆီကနေ CDF-MINDAT က MA 3 တစ်လက် ကောက်ယူနိုင်ခဲ့ပါတယ်။ လမ်းအကွေ့မှာ စကစရှေ့ကင်းသမားကို လွှတ်ပေးပြီး နောက်ကတက်လာမဲ့ စကစတွေကို ကာပစ်ပေးနေချိန်မှာ လမ်းဘေးမြောင်းထဲက ချုံခိုစောင့်နေတဲ့ CDF ပြောက်ကျား ၂ ယောက်က စကစရှေ့ကင်းသမားကို အသေပစ်၊ သေနတ်ကိုအလောင်းဆီကလုပြီး လမ်းအောက်ပြေးဆင်းတာပါ။ တိုက်ပွဲက ၅ မိနစ်ပဲ ကြာတယ်။ စကစ |
Posted: 04 Feb 2022 08:02 AM PST ဖေဖော်ဝါရီ ၄ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့တွင် ဖေဖော်ဝါရီ ၁ ရက် အသံတိတ်သပိတ်နေ့က ကျင်းပခဲ့သော တပ်ထောက်ခံပွဲတွင် အရက်မူးကာ ဆိုင်ကယ်ဖြင့် အချင်းချင်းဝင်တိုက်မိခဲ့သော စစ်သားနှင့် ရဲမှာ ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှတဆင့်သိရသည်။" စစ်သားပွဲချင်းပြီးသေတာ။ ရဲကနောက်နေ့မှသေတာ။ နှစ်ယောက်လုံအဲ့ဒီနေ့က မူးနေကြတာ။ အသုဘကို အိမ်ကလူတွေမျက်စီနဲ့ကိုယ်တိုင်မြင်ခဲ့တယ် " ဟု လေးမျက်နှာမြို့နယ် |
မြင်းခြံနယ်၌ ဘောလုံးပြိုင်ပွဲသို့ လာသည့် စကစများကို မိုင်းဆွဲ၊ အရာရှိ အပါအဝင် သုံးဦးဒဏ်ရာရဟုဆို၊ Posted: 04 Feb 2022 07:52 AM PST ပုံစာ - မြင်းခြံခရိုင် စကစ လက်အောက်ခံ ဝန်ထမ်းများဖေဖော်ဝါရီ - ၄မန္တလေးတိုင်း မြင်းခြံမြို့နယ် အနိမ့်ရွာ၌ စစ်ကောင်စီ အလိုကျ ပြုလုပ်သော ဘောလုံးပြိုင်ပွဲသို့ လာရောက်သည့် စကစများ နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အရာရှိအဆင့် အပါအဝင် စကစ လက်နက်ကိုင် သုံးဦး အပြင်းအထန် ဒဏ်ရာရသွားကြောင်း Myingyan 35 - မြင်းခြံ ၃၅ ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ယနေ့ ဖေဖော်ဝါရီ(၄)ရက်တွင် မြင်းခြံမြို့နယ် အနိမ့် |
မုံရွာ နမခ တိုင်းစစ်ဌာနချုပ်ကို ရှော့ဒုန်းဖြင့် ပဟ်ခတ်တိုက်ခိုက်၊ Posted: 04 Feb 2022 07:51 AM PST ဖေဖေါ်ဝါရီ - ၄မုံရွာ နမခ ခေါ် မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ယမန်နေ့ ညနေပိုင်းက ရှော့ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People's Guerillas Commando – Myinmu – ပြည်သူ့ပြောက်ကျားကွန်မန်ဒိုတပ်ဖွဲ့ - မြင်းမူ က သတင်းထုတ်ပြန်သည်။ဖေဖော်ဝါရီ(၃)ရက် ညနေ(၅)နာရီခွဲ ဝန်းကျင်က မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ဝင်းအတွင်းသို့ ညီနောင် မဟာမိတ် |
မတူပီမှလာသောစစ်ကောင်စီတပ်ကိုCDF (မင်းတပ်)ထပ်မံတိုက်ခိုက် စစ်ကောင်စီတပ် ၇ ဦးသေဟုထုတ်ပြန် Posted: 04 Feb 2022 07:48 AM PST ချင်းပြည်နယ် မတူပီ-မင်းတပ် လမ်းရှိ မိုင်တိုင် ၂၀ တွင် စစ်ကောင်စီတပ်နှင့် လျင်းဒေသကာကွယ်ရေးတပ်-CDF(မင်းတပ်) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၇ ဦး မိုင်းထိ သေဆုံးခဲ့ကြောင်း မင်းတပ်မြို့ပြည်သူအုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ မတူပီမှ ပြန်ဆင်းလာသည့်အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ယနေ့(ဖေဖော်ဝါရီ ၄ ရက်) နေ့လယ် ၂ နာရီနှင့် ၃ နာရီခွဲအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု |
ရှစ်တန်းကျောင်းသားအပါအဝင် ညီအစ်ကိုသုံးဦးကို စစ်ကောင်စီတပ်သတ်ဖြတ် Posted: 04 Feb 2022 07:46 AM PST စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရွာရှိ ရှစ်တန်းကျောင်းသားအပါအဝင် အပြစ်မဲ့ညီအကို သုံးဦးအား အကြမ်းဖက်စစ်ကောင်စီတပ်များက သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ယမန်နေ့ (ဖေဖော်ဝါရီလ ၃ ရက်နေ့)က စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာမှ ညီအစ်ကို ၃ဦးအား အကြမ်းဖက်စစ်တပ်မှ လမ်းပြအဖြစ်ဖမ်းဆီးခါ်ဆောင်သွားပြီး မြင်းမူမြို့နယ် မဓုရကျေးရွာတွင် မဓုရရွာသား၁ဦးနှင့်အတူ နှိပ်စက်သတ်ဖြတ်လိုက်ခြင်း |
Posted: 04 Feb 2022 07:36 AM PST Feb 4,2022ဖားကန့်မြို့နယ် မာနော့မှော်(Ma Naw Maw) အနီးတိုက်ပွဲဖြစ်ပွားမှုတွင် စစ်ကောင်စီတပ်ဘက်က လေကြောင်းလိုင်းဖြင့် လာရောက်တိုက်ခိုက်နေသောကြောင့် ဖားကန့်လမ်းပေါ် တွင်ရှိသော ကျေးရွာ ၃ခုမှာ လက်ရှိထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။ယနေ့ညနေ ၆နာရီဝန်းကျင်အထိ မာနော့ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KIA တို့တိုက်ပွဲပြင်းထန်လျက်ရှိနေပြီး KIA ဘက်က စစ်ကောင်စီတပ်သား ၈၀ ဝန်းကျင်ခန့်ကို မာနော့ကျေးရွာ |
သျှမ်း - မန္တလေးစပ်ကြား စစ်ကောင်စီ ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ Posted: 04 Feb 2022 07:34 AM PST ဖေဖော်ဝါရီ ၄သျှမ်း နှင့် မန္တလေးစပ်ကြား ရွာငံ - ဟန်မြင့်မိုရ်လမ်းပိုင်း၊ သံရွာနှင့် ဟန်မြင့်မိုရ်ကြားတွင် စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သတင်းသိရသည်။ယနေ့ ဖေဖော်ဝါရီလ ၄ ရက် မနက် ၉ နာရီဝန်းကျင်တွင် သျှမ်းပြည်တောင်ပိုင်းမှ တောင်တော်စစ်တပ်ဆီ ဦးတည်သွားနေသည့် စစ်ယာဥ်တန်းကို ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)နှင့် Black Wolf PDF(MDY) ပူးပေါင်းတပ်ဖွဲ့မိုင်းခွဲ |
Posted: 04 Feb 2022 07:32 AM PST ပုံ။ ဆွမ်ပီယန်ရွာ၊ ပုံဟောင်း။4 February 2022 ကချင်ပြည်နယ် ပူတာအိုမြို့ရှိ ဆွမ်ပီယာန်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ရွာလုံးကျွတ် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။စစ်ကောင်စီ၏ လေယာဥ်လာမည်ဟု ဆိုသည့်အတွက် ၈နှစ်အရွယ်ကလေးငယ်နှင့် မိသားစုထဲက ပေါင်ထိခိုက်ဒဏ်ရာရထားသည့်သူနှင့်အတူ တောထဲသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။"ဘာမှမရှိ |
CDM မလုပ်ပဲ သစ်ခိုးထုတ်နေတဲ့ တောခေါင်းရုံးကို PDF ၃ဖွဲ့ မီးရှို့ဖျက်ဆီး Posted: 04 Feb 2022 07:29 AM PST ပေါက်၊ ဖေဖော်ဝါရီ ၄၊ ၂၀၂၂။မကွေးတိုင်း၊ ပေါက်မြို့နယ် ၊ ထန်းတောကုန်းရွာအရှေ့မြောက်ဘက်ရှိ စစ်ကောင်စီလက်အောက်ခံ တောခေါင်းရုံးကို ဖေဖော်ဝါရီ ၃ ရက် မနေ့က ညပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ King Fighter- SGF ဆီက သိရပါတယ်။ သစ်တောဌာနပိုင် တောခေါင်းရုံးဖြစ်ပြီး အဲ့ဒီရုံးကဝန်ထမ်းအားလုံးနီးပါးက သစ်ခိုးထုတ်တဲ့ဖြစ်စဥ်တွေမှာ ပါဝင်နေသလို CDM လည်းမလုပ်တဲ့အတွက် ဝန်ထမ်းတွေကို သတိပေးလုပ်ဆောင်ဖို့သွားခဲ့ပေမယ့် |
ပခုက္ကူရှိ အင်းဝဘဏ်မှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို PDF တိုက်ခိုက်လို့ ၂ ဦးသေဆုံး Posted: 04 Feb 2022 07:27 AM PST ပခုက္ကူ၊ ဖေဖော်ဝါရီ ၄၊ ၂၀၂၂။ မကွေးတိုင်း၊ ပခုက္ကူမြို့၊ မြို့မလမ်းပေါ်ရှိ အင်းဝဘဏ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၄ ရက် ဒီနေ့ည ၇ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Pakokku People Defence Force – PPDF ရဲ့ တာဝန်ခံက ပြောပါတယ်။ သေနတ်နဲ့ ၁၁ ချက်လောက်ပစ်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူအပြင် ထိခိုက်ဒဏ်ရာရသူ ၃ ဦးလည်း ရှိခဲ့တယ်လို့ ပခုက္ကူ PDF တာဝန်ခံက ပြော |
အစင်ကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက် ရွေး/ကော်အဖွဲ့ဝင် အပါအဝင် ၁၀ ဦး ဖမ်းဆီးခံရ Posted: 04 Feb 2022 07:24 AM PST ရေး၊ ဖေဖော်ဝါရီ ၄မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်စံပြကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် အပါအဝင် ၁၀ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမောင်မြင့်ဟာ ဖေဖော်ဝါရီ ၂ ရက်နေ့ မနက်ပိုင်းက ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်မှာ ပြုလုပ်တဲ့ နိုင်လွန်ကတ္တရာ လမ်းဖွင့်ပွဲအပြန်မှာ သေနတ်ဖြင့် ပစ်သတ် |
Posted: 04 Feb 2022 07:23 AM PST Photo- People defence Force - Saw Townshipမကွေး၊ ဖေဖော်ဝါရီ ၄မကွေးတိုင်း ဆောမြို့ရှိ မြို့မရဲစခန်းအပါအဝင် ကြံ့ခိုင်ရေးရုံးနှင့် စစ်ကောင်စီလက်အောက်ခံ ရုံးဌာနတချို့ကို ဖေဖော်ဝါရီလ ၄ ရက်တွင် တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။ဆောမြို့ မြို့မရဲစခန်းရှိ ဂတ်စာရေးရုံးကို တိုက်ခိုက်ဖျက်ဆီးနေစဉ် စစ်ကောင်စီ ၏ တပ်သားများသည် မြို့နယ် ခန်းမအတွင်းသို့ ထွက်ပြေးပုန်းခိုခဲ့ |
မြင်းများသယ်လာသည့် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး (၁၅) ဦးထက်မနည်းသေဆုံး Posted: 04 Feb 2022 07:21 AM PST Photo : CJ ( အင်တာနက်တွင် ပျံ့နှံ့နေသည့် မြင်းများသယ်နေသည့် စစ်ကောင်စီတပ်ဖွဲ့များပုံ )မြင်းမူ၊ ဖေဖော်ဝါရီ ၄မြင်းများသယ်ဆောင်ပြီး စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ဘက်သို့ ထွက်လာသည့် စစ်ကောင်စီ၏ယာဉ်တန်းကို ယနေ့ ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။ယာဉ်တန်း၏ ရှေ့ပြေးယာဉ်တန်း အစီး (၃၀) ကို မြင်းမူမြို့နယ်၊ ထီးဆောင်းရွာနှင့် မူးဝရွာ |
Posted: 04 Feb 2022 07:16 AM PST ခရမ်းမြို့ မနေ့ည ဇွဲတွန်စစ်ဆေးရေးဂိတ် ပေါက်ကွဲမှု နှင့် ပစ်ခတ်မှုဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှသေဆုံး = ၅ ဦး (ရဲ ၃ ဦး + စစ်သား ၂ ဦး)။ဒဏ်ရာရ = ၃ ဦး (မပြင်းထန်)။ ခရမ်းမြို့ မနေ့ညပေါက်ကွဲမှုဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ ၅ ဦးသေ၊ ၃ ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြပြီး စုစုပေါင်း ၈ ဦးအထိ ထိခိုက်ကျဆုံးမှုရှိကြောင်း ခရမ်းချန်နယ်မှ အတည်ပြုရရှိထားသည်။သို့သော် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၎င်းတို့ထိခိုက်သေဆုံး |
Posted: 04 Feb 2022 07:04 AM PST ပုလိပ်မြို့ရှိ စစ်ကောင်စီထောက်တိုင် BOC စက်သုံးဆီအရောင်းဆိုင်အား မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြပျောက်ကျားတပ်ဖွဲ့ Mandalay Ranger Force (MRF)က ယနေ့ (ဖေဖော်ဝါရီ ၄)ထုတ်ပြန်သည်။အဆိုပါတိုက်ခိုက်မှုကို ဖေဖော်ဝါရီ ၁ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး BOC ဆီဆိုင်သည် စစ် တပ်ထောက်တိုင်အဖြစ် ရပ်တည်နေသောကြောင့် ဆိုင်ကိုသာအဓိကထား တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။"ဝန်ထမ်းများ |
Posted: 04 Feb 2022 07:01 AM PST ပုံစာ - ၂၀၂၁ ဖေဖော်ဝါရီ လလယ်က ဆန္ဒပြများကို ဖြိုခွဲရန်စောင့်ကြည့်နေသော စစ်ကောင်စီတပ်သားများ။ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် ကင်းလှည့်နေသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကား သုံးစီးကို မြို့ပြပျောက်ကြားတပ်ဖွဲ့များက ယနေ့ (ဖေဖော်ဝါရီ ၄ ရက်) ညနေပိုင်းတွင် ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိဖွယ်ရှိကြောင်း From Zero To Hero (ZTH) က ထုတ်ပြန်သည်။ယနေ့ ညနေ ၄ နာရီခွဲ ဝန်းကျင် |
ပြည်ကြီးတံခွန် လျှပ်စစ်ရုံး တိုက်ခိုက်ခံရ Posted: 04 Feb 2022 06:59 AM PST ဓာတ်ပုံ၊ Mandalay Ranger Force - PDF ဖေဖော်ဝါရီ - ၄ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် လျှပ်စစ်ရုံးကို ယနေ့ညနေပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း Mandalay Ranger Force - PDF သတင်းထုတ်ပြန်သည်။ " ပြည်သူများကို ခြိမ်းခြောက်ပြီး မီတာကြေး အဓမ္မ ကောက်နေသော ပြည်/ခွန် လျှပ်စစ်ရုံးအား နာနတ်သီး တစ်လုံး ဒူးရင်းသီးတစ်လုံးအသီး ၂ လုံး ကျွေးခဲ့ပါတယ် " ဟု ဖော်ပြထားသည်။ ရဲဘော်များ အန္တရာယ်ကင်းစွာဖြင့် ဆုတ်ခွာနိုင် |
Posted: 04 Feb 2022 06:58 AM PST ဖေဖော်ဝါရီ - ၄ မန္တလေးတိုင်းအတွင်း စစ်ကောင်စီနှင့် ပတ်သက်နေသည့် နေရာများ၊ ထောက်တိုင်များကို အရှိန်မြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြန်မာအစ္စလာမ်ဘာသာဝင်များ ပြောက်ကျားတပ်ဖွဲ့ (Myanmar Islamic Commando-PDF) က ယနေ့ သတိပေးချက် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ (၂)ရက်နေ့က ကျောက်ဆည်မြို့နယ် ဆူးလေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် သတိပေးဖောက်ခွဲမှုပြုလုပ်အပြီး ယခုကဲ့သို့ သတိပေးချက် ထုတ်ပြန်လာခြင်း |
PPDFက ပခုက္ကူအင်းဝဘဏ်အစောင့်စစ်ကောင်စီတပ်သားများကို တိုက်ခိုက်စစ်ကောင်စီတပ်သား ၂ဦးသေ၊၃ ဦးဒဏ်ရာရ Posted: 04 Feb 2022 06:55 AM PST ပခုက္ကူမြို့ရှိ အင်းဝဘဏ်စောင့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယနေ့ည တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ပခုက္ကူပြည်သူ့ကာကွယ်ရေးအဖွဲ့ (PPDF)က သတင်းထုတ်ပြန်သည်။အင်းဝဘဏ် လုံခြုံရေးအဖွဲ့ကိုယနေ့(ဖေဖော်ဝါရီ ၄ရက်) ည နေ ၆ နာရီခွဲကျော်တွင် တိုက်ခိုက်ခဲ့ခြင်းဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က အဖွဲ့ဝင်တစ်ဦးကပြောသည်။"အခုတိုက်ခဲ့တဲ့နေရာမှာဝတ်စုံအပြည့် |
Posted: 04 Feb 2022 07:08 AM PST မန္တလေးတိုင်း၊ နွားထိုးကြီးမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ပစ်ခတ်ခံရပြီး လာရောက်စစ်ဆေးသည့် ယာဥ်တန်းပါမိုင်းဆွဲခံရကြောင်း ဒေသခံများကပြောသည်။နွားထိုးကြီးမြို့နယ်၊ လက်ဝဲကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယမန်နေ့ (ဖေဖော်ဝါရီလ ၃ ရက်)ညပိုင်းက ၎င်းတို့ထုတ်ပြန်ထားသော ညမထွက်ရအမိန့်အား လိုက်နာမှုမရှိဘဲ ညအချိန်မတော်မူးရူးရမ်းကားနေသောကြောင့် နွားထိုးကြီး PDFအဖွဲ့ကတာဝန်သိတတ်စွာဖြင့် |
ပုလဲနယ် မင်းတိုင်ပင်ရွာတွင် ဒေသခံ သုံးဦးကို စစ်ကောင်စီ မီးရှို့သတ်ဖြတ် Posted: 04 Feb 2022 06:53 AM PST ဖေဖော်ဝါရီ - ၄ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာတွင် စစ်ကောင်စီသည် ရွာထဲကို ဝင်ရောက်သောင်းကြမ်းပြီး ဒေသခံရွာသား သုံးဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ ယမန်နေ့ ဖေဖော်ဝါရီ (၃) ရက်က စစ်ကောင်စီတပ်သည် မင်းတိုင်ပင်ရွာကို ဝင်ရောက်သောင်းကြမ်းပြီး ရွှေဆိုင်မှ ရွှေများကို လုယက်ခိုးယူခြင်း၊ ငွေကြေးများအားခိုးယူခြင်း၊ စတိုးဆိုင်များများ အစားအသောက် |
နွားထိုးကြီး လက်ဝဲရွာတွင် ညပိုင်း မူးရူးသောင်းကျန်းနေသော စစ်အုပ်စုကို ပစ်ခတ်၊ လေးဦး သေဟုဆို၊ Posted: 04 Feb 2022 06:51 AM PST ဖေဖေါ်ဝါရီ - ၄မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် လက်ဝဲကျေးရွာတွင် အထိုင်ချနေထိုင်ပြီး ညပိုင်းတွင် မူးယစ်သောက်စား သောင်းကျန်းနေသော အကြမ်းဖက် စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ရာ စကစ လေးဦး သေသည်ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - PDF က သတင်းထုတ်ပြန်သည်။ဖေဖေါ်ဝါရီ(၃)ရက် ညပိုင်းက နွားထိုးကြီး မြို့နယ် လက်ဝဲရွာရှိ မူးရူးသောင်းကျန်းနေသော စစ်အုပ်စုကို သတိပေးသည့်အနေဖြင့် ပစ်ခတ်ခဲ့ရာ စကစများ ထိ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.