သစ္ထူးလြင္ |
- သာကေတရေတပ်စခန်းအနီး ဗုံးနှစ်လုံးပေါက်
- ပုလဲမြို့ မြို့ပေါ်တွင် စစ်တပ်ကနေအိမ်များကိုမီးရှို့နေ
- မင်းကင်းတိုက်ပွဲတွင် တပ်ရင်း(၁၀၁)သုံးပွင့်ဗိုလ်အဆင့်ရှိသူသေဆုံး၊ဖြစ်သလိုအလောင်းကိုစောင်နှင့်ပတ်၍ မြေမြှုပ်သဂြိုလ်၊စစ်ကောင်စီတပ်သားများ၏အလောင်း ဆက်လက်ရှိနိုင်ဟုဆို
- ပြင်သာရွာတိုက်ပွဲတွင်း ကျဆုံးသည့် PDF တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများအား စစ်ကောင်စီတပ်မှ ကျေးရွာနေပြည်သူများအား အတင်းအဓ္ဓမကြည့်ခိုင်း
- လောက်ကိုင်မြို့ ကလပ်တခု ရဲနှင့် စစ်သားပါ ရန်ပွဲ မှ သေနတ်ပစ်ခတ်၊ သေဆုံးသူရှိ
- စစ်ကောင်စီတပ်ရင်းမှူးတစ်ဦး ဖားကန့်မြို့နယ် ကပ်မှော်တိုက်ပွဲတွင် သေဆုံး
- ရွှေကူမြို့ ဆင်တပ်ကျေးရွာမှ တပ်ထောက်ခံသူ ပျူစောထီးတစ်ဦး သတ်ဖြတ်ခံရ
- ရှားလှရွာတိုက်ပွဲတွင် စကစ လက်ပါးစေ ၉ ဦးသေ၊ ပြည်သူ့စွမ်းအားတပ်ပေါင်းစု ဆေးခန်းနှင့် ဆေးဝါးများ ဖျက်ဆီးခံရ
- ကလေးမြို့နယ်အတွင်း ပြင်သာရွာတွင် PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီး အပါအဝင် (၁၀)ဦးအထက်မနည်း သေဆုံးပြီး PDF ဘက်က (၇)ဦး ကျဆုံး
- ကရင်နီတပ်မတော်နှင့်နယ်စပ်တွင်တိုက်ပွဲဖြစ်၍စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအောင်မင်းဦးအပါအဝင်အနည်းဆုံး ၇ဦးသေ
- တိုက်ပွဲမဖြစ်ဘဲ စစ်ကိုင်းတိုင်း ငါးမြို့နယ်က ဒေသခံ ပြည်သူ (၄၀)ခန့်ကို စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်၊
- တံတားဦးမှ ထွက်လာသည့် စကစယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦး ဒဏ်ရာပြင်းထန်ပြီး ဆေးရုံရောက်
- တစ်နိုင်ငံလုံး၌ တိုက်ပွဲများပြင်းထန်လာနိုင်ပြီး NUG အစိုးရကို ဝန်းရံရန်လိုအပ်ကြောင်း KIO ဥက္ကဌဆို
- ကနီမြို့နယ်တွင် စစ်ကောင်စီစခန်းချနေထိုင်သော အထကကျောင်းနှင့် နယ်မြေရဲစခန်းအား PDF များဝင်ရောက်တိုက်ခိုက်ရာ စကစတပ်သား (၂၅) ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ
- ကလေးမြို့နယ်တွင် စာသင်ကျောင်းအတွင်း တပ်စွဲထားသော စကစတပ်များ ပစ်ခတ်တိုက်ခိုက်ခံရ၍ စကစဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် (၁၆) ဦးသေဆုံး၊ ပြည်သူ့ကာကွယ်ရေးတပ်မှ (၇) ဦးကျဆုံး
- ကေအဲန်ယူတပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီတပ် လေယာဥ်ဖြင့် ဗုံးကြဲသဖြင့် အရပ်သား ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ
- လောင်းရှည်မှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ကို လောင်း ရှည်-PDFနှင့် YDFပူးပေါင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်အဆင့်ပါ ၂ ဦးသေ
- We Love Kyaukse တည်ထောင်သူ ကိုဖြိုးသီဟဇင်ကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းကို လမ်းဘေးတွင် စွန့်ပစ်
- ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ကိုင်းတွင်း နှင့် လှော်ကားကြီးရွာကို မီးရှို့ဖျက်ဆီးခဲ့
- ဇနီးသည်ကို အရပ်ဝတ်နဲ့ သွားကြိုတဲ့ ရဲတဦးကို ပုလဲဂျိုကာ PDF က ဖမ်းဆီး
- မြင်းခြံမှာ KBZ ဘဏ်ခွဲတခုဖောက်ခွဲခံရလို့ ATM စက် ၂လုံးပျက်စီး
သာကေတရေတပ်စခန်းအနီး ဗုံးနှစ်လုံးပေါက် Posted: 05 Feb 2022 08:41 AM PST ဖေဖော်ဝါရီ ၅ ရက်သာကေတမြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီ ၏ ရေတပ်စခန်းအနီး ဗုံးပေါက်ကွဲ မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ယနေ့(ဖေဖော်ဝါရီ ၅ ရက်) ည ၇ နာရီခွဲခန့်တွင် သာကေတ၊ ၄ရပ်ကွက်၊ယမုံနာလမ်းမ၊ ရေတပ်စခန်းဝန်း အနီးတစ်ဝိုက်တွင် ပြင်းထန်သောပေါက်ကွဲမှုဖြစ်ခဲ့ပြီး ည ၉နာရီ ခွဲ ခန့်၌ ဒုတိယအကြိမ်ပေါက်ကွဲ ခဲ့သည်ဟု ဒေသခံများကပြောသည်။"ဗုံးပေါက်တဲ့ နှစ်ကြိမ်မှာ ပထမ တစ်ကြိမ်က တော်တော်လေး |
ပုလဲမြို့ မြို့ပေါ်တွင် စစ်တပ်ကနေအိမ်များကိုမီးရှို့နေ Posted: 05 Feb 2022 08:32 AM PST ဓာတ်ပုံ-creditဖေဖော်ဝါရီ၅ ၊မုံရွာစစ်ကိုင်းတိုင်း၊ပုလဲမြို့ (လမ်းဆုံ)နှင့်ပြည်သူ့ဆေးရုံကြီးအနီးတွင် အကြမ်းဖက်စစ်တပ်ကနေအိမ်များကို ယနေ့ည၁၀နာရီဝန်းကျင်ခန့်က မီးတင်ရှို့နေကြောင်း ဒေသခံများထံမှ ကနဦးသတင်းရရှိသည်။ နှစ်ဦးနှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေပြီး ပုလဲမြို့ပေါ်ရှိနေအိမ်များကို အကြမ်းဖက်စစ်တပ်ကမီးရှို့နေကြောင်း သိရှိရပါသည်။ Chindwin Yoma Media |
Posted: 05 Feb 2022 08:31 AM PST ဖေဖော်ဝါရီ၅၊ မုံရွာစစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ-မြစ်ရိုးအောက်ဒေသ(ပကဖ)နှင့်စစ်ကောင်စီတပ်တို့ ဇန်နဝါရီ၃၁ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ သုံးပွင်ဗိုလ်အဆင့်ရှိသူတစ်ဦးသေဆုံး၍ အလောင်းကိုစောင်နှင့်ပတ်၍ ဖြစ်သလိုမြေမြှုပ်သဂြိုလ်သွားကြောင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြစ်ရိုးအောက်ဒေသ(ပကဖ)အဖွဲ့က သတင်းထုတ်ပြန်သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများသေဆုံးမှုများပြား |
Posted: 05 Feb 2022 05:58 AM PST Feb 5,2022စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ပြင်သာကျေးရွာတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း ကျဆုံးသွားသည့် ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ၏ရုပ်အလောင်းများအား စစ်ကောင်စီတပ်မှ ပြင်သာစာသင်ကျောင်းတွင်ထားရှိကာ ကျေးရွာနေပြည်သူများအား အတင်း အဓ္ဓမလာကြည့်ခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။"ပြင်သာရွာနှင့် တောင်အူရွာက ကျေးရွာနေပြည်သူတွေကို လာကြည့်ခိုင်းတာပါ တစ်အိမ်ကိုတစ်ယော က်မဖြစ်မနေလာကြည့်ခိုင်းပါ |
လောက်ကိုင်မြို့ ကလပ်တခု ရဲနှင့် စစ်သားပါ ရန်ပွဲ မှ သေနတ်ပစ်ခတ်၊ သေဆုံးသူရှိ Posted: 05 Feb 2022 05:55 AM PST ဖေဖော်ဝါရီလ ၅ သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ရှိ နိုက်ကလပ် တစ်ခုတွင် ရဲ နှင့် စစ်သားပါဝင်သော ရန်ပွဲတစ်ခုဖြစ်ပွားပြီး သေနတ်ပစ်ခတ်မှုထိ ဖြစ်ပွားခဲ့ကာ ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း သတင်းသိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် လောက်ကိုင်မြို့ ဆင်ဖြူအဝိုင်းနား၊ မြင်ကြွယ်ဟိုတယ် အရှေ့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲတစ်ဦး ကျည်ထိမှန်သည်ကိုတွေ့ရကြောင်း ဒေသခံထံမှ သိရသည်။"ဗမာ |
စစ်ကောင်စီတပ်ရင်းမှူးတစ်ဦး ဖားကန့်မြို့နယ် ကပ်မှော်တိုက်ပွဲတွင် သေဆုံး Posted: 05 Feb 2022 05:59 AM PST 5 February 2022ဖားကန့်၊ နန့်ယား ကပ်မော်တွင် စစ်ကောင်စီ အမှတ်(၁၁၁)ခ.လ.ရတပ်နှင့် ကေအိုင်အေ အမှတ်(၄၄) တပ်ရင်းတို့ ယနေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရင်းမှူးတစ်ဦး သေဆုံးသည့်အပြင် စစ်ကောင်စီတပ် ကျဆုံးမှုများကြောင်း သိရသည်။တိုက်ပွဲသည် နံနက် ၈နာရီတွင်တစ်ကြိမ်၊ ၁နာရီတွင်တစ်ကြိမ်၊ ၃နာရီကျော်တွင်တစ်ကြိမ် သုံးကြိမ်ဖြစ်ပွား ခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။နန့်ယားမှ စစ်ကောင်စီတပ်သည် တိုက်ပွဲ |
ရွှေကူမြို့ ဆင်တပ်ကျေးရွာမှ တပ်ထောက်ခံသူ ပျူစောထီးတစ်ဦး သတ်ဖြတ်ခံရ Posted: 05 Feb 2022 05:48 AM PST Photo: CJ5 February 2022 ကချင်ပြည်နယ် ရွှေကူမြို့ ဆင်တပ်ကျေးရွာမှ တပ်ထောက်ခံသူ ပျူစောထီးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ် (PDF)တို့မှ ၃ ကြိမ်တိုင်သတိပေးပြီးနောက် လိုက်နာခြင်းမရှိသည့်အတွက် ဖေဖော်ဝါရီလ၂ရက်နေ့ည၌ သတ်ဖြတ်ခံရကြောင်း သိရသည်။ "PDF မှ ၃ကြိမ်တိုင်သတိပေးတယ်။ လိုက်နာခြင်းမရှိဘူး။ အရေးယူရန် နီးစပ်ရာ PDF တွေက ငဲ့ညှာနေတဲ့အတွက် အထက်အဆင့်မှ သုတ်သင်လိုက်တယ်"ဟု ဒေသခံတစ်ဦးကပြောသည်။သတ်ဖြတ်ခံရသူ၏ အမည်မှာ |
Posted: 05 Feb 2022 05:42 AM PST ဓာတ်ပုံ- ဖျက်ဆီးခံရသည့် ဆေးခန်းနှင့်ဆေးဝါးကုသရေးပစ္စည်းများဆိပ်ဖြူ၊ ဖေဖော်ဝါရီ ၅မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ရှားလှရွာအနီး၌ အကြမ်းဖက်စစ်ကောင်စီနှင့် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များ အ ကြား ဖေဖော်ဝါရီ ၂ ရက်မှ ၄ ရက်နေ့အထိ တိုက်ပွဲတွင် ပြည်သူ့စွမ်းအားတပ်ပေါင်းစု၏ ဆေးခန်းနှင့်ဆေးဝါးကုသရေးပစ္စည်းများ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ပြည် သူ့စွမ်းအားတပ်ပေါင်းစုက ယနေ့ထုတ်ပြန်သည်။တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ |
Posted: 05 Feb 2022 05:38 AM PST စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများတပ်စွဲနေသည့် ပြင်သာရွာကို ပြည်သူ့ကာကွယ်ရေးတပ်များမှ ဖေဖော်ဝါရီလ (၄)ရက်၊ ညပိုင်းက ဝင်တိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးအများအပြားသေကြောင်း ကလေး PDF က ယနေ့ဖေဖော်ဝါရီလ(၅)ရက်တွင် သတင်းထုတ်ပြန်လာသည်။ပျူစောထီးအဖွဲ့နှင့် အကြမ်းဖက် စစ်ကောင်စီတပ်သား(၄)ဦး ထိုင်နေသည့် ပြင်သာစာသင်ကျောင်းအခန်းထဲသို့ လက်ပစ်ဗုံးပစ်သွင်းခဲ့ရာ ၎င်းတို့ |
Posted: 05 Feb 2022 05:35 AM PST ကရင်နီတပ်မတော်(KA)နှင့် စစ်ကောင်စီတပ်တို့ မြန်မာ-ထိုင်းနယ်စပ် တစ်နေရာ၌တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ဦးအပါအဝင် ၇ဦးသေဆုံးပြီး၄ဦးဒဏ်ရာရခဲ့သည်ဟု Karenni Army Center က ဖော်ပြသည်။မြန်မာ- ထိုင်းနယ်စပ်တစ်နေရာတွင် ဖေဖော်ဝါရီ ၃ရက်ကနာရီဝက်ကြာတိုက်ပွဲဖြစ်ခဲ့ကြောင်း၊စစ်ကောင်စီတပ်မှသေဆုံးခဲ့သည့် အရာရှိမှာဗိုလ်ကြီး အောင်မင်းဦးဆိုသူ ဖြစ်ကြောင်းဖော်ပြထားသည်။ တိုက်ပွဲတွင် ကရင်နီတပ်ဖွဲ့ဝင်များ |
တိုက်ပွဲမဖြစ်ဘဲ စစ်ကိုင်းတိုင်း ငါးမြို့နယ်က ဒေသခံ ပြည်သူ (၄၀)ခန့်ကို စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်၊ Posted: 05 Feb 2022 05:31 AM PST စစ်အုပ်စုက ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် မြင်းမူ ပဒတ္ထိုင်းရွာနှင့် စစ်ကိုင်း ညောင်ပင်ဝန်းရွာမှ ဒေသခံပြည်သူများ/ Photo – CJဖေဖေါ်ဝါရီ - ၅စစ်ကိုင်းတိုင်းအတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်းနေသော စစ်ကောင်စီသည် ယခု ဖေဖေါ်ဝါရီလ လေးရက်တာ အတွင်း တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိဘဲ မြို့နယ် ငါးမြို့နယ်မှ ဒေသခံပြည်သူ(၄၀)ခန့်ကို ဖမ်းဆီး သတ်ဖြတ် ခဲ့သည်။စစ်အုပ်စုသည် အခု ဖေဖော်ဝါရီ(၁)ရက်မှ (၄)ရက်အတွင်း စစ်ကိုင်းတိုင်း |
တံတားဦးမှ ထွက်လာသည့် စကစယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦး ဒဏ်ရာပြင်းထန်ပြီး ဆေးရုံရောက် Posted: 05 Feb 2022 05:26 AM PST ဖေဖော်ဝါရီ - ၅ မန္တလေးတိုင်း တံတားဦးမြို့မှ ထွက်ခွာလာသည့် ကားခြောက်စီးပါ စကစယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ သုံးဦး ဒဏ်ရာပြင်းထန်ပြီး ဆေးရုံရောက်သွားကြောင်း သတင်းရရှိသည်။ ယနေ့ ဖေဖော်ဝါရီ (၅) ရက်တွင် တံတားဦးမြို့မှလာသည့် ကားခြောက်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( Myaung People`s Defense Force TGR) က ထုတ်ပြန်သည်။ TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( Myaung People` |
တစ်နိုင်ငံလုံး၌ တိုက်ပွဲများပြင်းထန်လာနိုင်ပြီး NUG အစိုးရကို ဝန်းရံရန်လိုအပ်ကြောင်း KIO ဥက္ကဌဆို Posted: 05 Feb 2022 05:23 AM PST 5 February 2022 KIO သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း အများပိုင်းနှင့် ပူးပေါင်းစည်းရုံးနေပြီဖြစ်ကြောင်း ယနေ့ကျရောက်သည့် ၆၁ နှစ်ပြည့်တော်လှန်ရေးနေ့ မိန့်ခွန်း၌ KIO ဥက္ကဌက ပြောကြားလိုက်သည်။ ယခုနှစ်တွင် တစ်နိုင်ငံလုံး၌ တိုက်ပွဲများပြင်းထန်လာနိုင်ကြောင်းလည်း ပါရှိပါသည်။စစ်အာဏာရှင်၏ပေးကမ်းမှုကြောင့် ရရှိနေသည့် အခွင့်အရေးများသည် ရေရှည်မခံနိုင်ကြောင်းကို အားလုံးနားလည် |
Posted: 05 Feb 2022 05:17 AM PST Photo - ကနီ PDF တပ်ရင်း (၁) တပ်ဖွဲ့ဝင်များ ဖေဖော်ဝါရီ ၅စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဝင်မနားနယ်မြေရဲစခန်းနှင့် ဝင်မနား အ.ထ.က ကျောင်း၌ စခန်းချနေသော စစ်ကောင်စီတပ်များအား ယမန်နေ့ ည ၁၀ နာရီခွဲအချိန်က KPDF-1 (Kani)၊ M&K The Boys၊ ဒီပဲယင်း PDF၊ ကနီ PDF၊ ရွှေတြိဂံတပ်ရင်း၊ မဟူရာနဂါးတပ်ရင်း ဒေသတွင်းမဟာမိတ်ညီနောင်များ၊ မဟာမိတ်ညီနောင် EAOများ၊ ဒေသခံပ.က.ဖအဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ကာ တိုက်ပွဲပြင်းထန်ခဲ့ |
Posted: 05 Feb 2022 05:15 AM PST Photo - ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ထမင်းဝိုင်း ဖေဖော်ဝါရီ ၅စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ယမန်နေ့ ည ၇ နာရီခွဲခန့်က ပြင်သာရွာ စာသင်ကျောင်းအတွင်း တပ်စွဲထားသော စကစတပ်များအား ကလေး ပကဖ တပ်ရင်း (၆) နှင့် တပ်ရင်း (၇) တို့ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စကစဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင် စကစနှင့် ပျူစောထီး (၁၆) ဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှလည်း ရဲဘော် (၇) ဦးကျဆုံးခဲ့ကြောင်း သိ |
Posted: 05 Feb 2022 05:03 AM PST ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၂၂ခုနစ် ။ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေအတွင်းရှိ ကရင်ပြည်နယ် ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်ကို စစ်ကောင်စီတပ်က ညအချိန်မတော် လေယာဥ်ဖြင့် လာရောက် ဗုံးကြဲခဲ့သောကြောင့် တဒွံခို့ကျေးရွာမှ လင်မယားနှစ်ဦး သေဆုံးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်း (ယနေ့ ဖေဖော်ဝါရီလ ၅ ရက် နံနက်အစောပိုင်း ၁နာရီခန့်) တွင် တဒွံခို့ကျေးရွာကို လေယာဥ်ဖြင့် ဗုံး ၂ လုံးကြဲချခဲ့သောကြောင့် |
Posted: 05 Feb 2022 04:58 AM PST ဖေဖော်ဝါရီ ၅ ရက်မကွေးတိုင်း၊ ဆောမြို့နယ်၊လောင်းရှည်ဒေသ၊ လောင်းရှည် ရဲကုန်းနှင့်မီးသတ်ကုန်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ ဖေဖော်ဝါရီ ၄ ရက် မနက် ၇ နာရီဝန်းကျင်က လောင်းရှည်ဒေသကာကွယ်ရေးတပ်ဖွဲ့- LSRPDF နှင့် YDF(ဆော/ ကျောက်ထု)တပ်ဖွဲ့တို့က ပူး ပေါင်းတိုက်ခိုက်ခဲ့ကြောင်း LSRPDF ကသတင်းထုတ် ပြန်သည်။လောင်းရှည်မြို့အတွင်းစစ်ကောင်စီတပ်၏ကပစ (၂၅) တပ်ကအခိုင်အမာတပ်စွဲထားခြင်းဖြစ်ပြီး အဆိုပါ ရဲ စခန်း |
Posted: 05 Feb 2022 04:57 AM PST ကျောက်ဆည်၊ ဖေဖော်ဝါရီ ၅ ရက်We love Kyaukse တည်ထောင်သူ ကိုဖြိုးသီဟဇင်သည် မနေ့က ညပိုင်းတွင် စစ်ကာင်စီတပ်များ၏ ဖမ်းဆီးခဲ့မှုကိုခံခဲ့ရပြီး ဒီကနေ့နံနက်ပိုင်းတွင် ၎င်း၏သေဆုံးနေသောရုပ်လောင်းကို မြို့ရှောင်လမ်းဘေးတွင် တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။ကိုဖြိုးသီဟဇင်အလောင်းကို ကျောက်ဆည်မြို့ရှောင်လမ်းတစ်နေရာတွင် တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး အလောင်းတွင် နှိပ်စက်ခံထားရသည့် ဒဏ်ရာများတွေ့ရှိရကြောင်းမျက်မြင်တစ် |
Posted: 05 Feb 2022 04:54 AM PST ဖေဖော်ဝါရီ ၅ယမန်နေ့က နေ့လည်၁နာရီခွဲလောက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ ဒေသခံပျူစောထီးများက ပုလဲမြို့နယ် ကိုင်တွင်းရွာကို သေနတ်ပစ်ဖောက်ဝင်ရောက်လာခဲ့တာပါ။တစ်ရွာလုံး ဝင်ရောက်မွှေနှောက် လိုချင်တာတွေ ယူဆောင်ခဲ့ပြီး ည၇နာရီလောက်မှာ မီးစတင်ရှို့ခဲ့ရာ အိမ်ခြေ(၁၄၀)ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။ဆိုင်ကယ်များ၊သုံးဘီးလယ်ထွန်စက်များ၊ဆန်စက်၃၊ဆန်စပါးစတဲ့ ကောက်ပဲသီးနှံများ ပျက်စီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန် |
ဇနီးသည်ကို အရပ်ဝတ်နဲ့ သွားကြိုတဲ့ ရဲတဦးကို ပုလဲဂျိုကာ PDF က ဖမ်းဆီး Posted: 05 Feb 2022 04:51 AM PST ပုလဲ၊ ဖေဖော်ဝါရီ ၅၊ ၂၀၂၂။မကွေးတိုင်း၊ ပခုက္ကူမြို့ကို ခရီသွားတဲ့ ဇနီးကိုသွားကြိုတဲ့ ရဲတပ်သားတဦးကို မနေ့က စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲမှာ ပုလဲဂျိုကာ PDF က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။"သူက ဒီဘက်ကိုသူရဲ့အမျိုးသမီးကို လာကြိုတာလို့ပြောတယ်ခင်ဗျ။ ကျနော်တို့ စစ်ဆေးရင်းနဲ့တွေ့လို့ ဖမ်းတာဗျ၊ သူက ရန်ကုန်ကနေပြီးတော့ နေပြည်တော်ကို အပြောင်းကျတယ်လို့ ပြောတယ်ခင်ဗျ။ ပခုက္ကူသူ့ဇာတိကို ပြန်တာလို့ပြောတယ်ခင်ဗျ။ အဲဒီ |
မြင်းခြံမှာ KBZ ဘဏ်ခွဲတခုဖောက်ခွဲခံရလို့ ATM စက် ၂လုံးပျက်စီး Posted: 05 Feb 2022 04:49 AM PST မြင်းခြံ၊ ဖေဖော်ဝါရီ ၅၊ ၂၀၂၂။မြင်းခြံမြို့က ကမ္ဘောဇဘဏ်ခွဲတခုကို ဒီနေ့မနက် ၆နာရီကျော်က ဗုံးဖောက်ခွဲခဲ့ပြီး ATM စက်၂လုံး ပျက်စီးသွားတယ်လို့ မြင်းခြံရိန်းဂျား PDF အဖွဲ့ဆီက သိရပါတယ်။ပြည်သူတွေရဲ့ ဘဏ်အကောင့်တွေကို သက်သေအထောက်အထားမရှိပဲ လက်လွတ်စပယ် Freeze လုပ်နေတဲ့ KBZ bank ရဲ့ ဘဏ်ခွဲတစ်ခုဖြစ်တဲ့ မြင်းခြံဘဏ်ခွဲအမှတ် ၃ ကို ဖောက်ခွဲခဲ့တာလို့ Myingyan Ranger တာဝန်ခံက ပြောပါတယ်။" နောက်နောင်ဆင်ခြင်နိုင်ရန် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.