Monday, February 7, 2022

သစ်ထူးလွင်

သစ်ထူးလွင်


ကျိုင်းတောင်းမြို့ သင်္ကန်းခြုံ ဘုန်းကြီးဟန်ဆောင်ပြီး ပြည်သူများကိုလိုက်ခြိမ်းခြောက်နေ

Posted: 07 Feb 2022 03:31 AM PST

သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့တွင် သင်္ကန်းခြုံ ဘုန်းကြီးဟန်ဆောင်ပြီး ပြည်သူများကို လိုက်သတ်မည်ဟု လိုက်လံခြိမ်းခြောက်နေသည် ဟု သတင်းရရှိသည်။အဆိုပါ သင်္ကန်းခြုံ ဘုန်းကြီးဟန်ဆောင်ထားသူထံတွင်  ဓား၊ ဂွ၊ ကျောက်ခဲများ တွေ့ရှိရကြောင်း၊  ဒေသခံပြည်သူများ၏ နေအိမ်ကို ညအချိန်တွင် ကျောက်ခဲနဲ့လိုက်လံပစ်ခတ်နေလျက်ရှိကြောင်း ကျိုင်းတောင်းမြို့နေထိုင်သူများထံ သိရသည်။" ဘုန်းကြီးက ဘုန်းကြီးအတုဖြစ်တယ်။ အရင်ည

မိုင်းယော်တိုက်နယ် မြောက်ပိုင်းမဟာမိတ်နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်၊ စကစ ဘက် လေကြောင်းဖြင့်တိုက်ခိုက်

Posted: 07 Feb 2022 03:18 AM PST

ဖေဖော်ဝါရီ (၇) ရက် ၂၀၂၂သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်း မြောက်ပိုင်း မဟာမိတ် နှင့် စစ်ကောင်စီ တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေယာဉ် (၂) စီးဖြင့် လာရောက် တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ယနေ့ (ဖေဖော်ဝါရီ ၇) ရက် မနက် (၁၀) နာရီခွဲချိန်မှ စတင်ပြီး စစ်ကောင်စီဘက်က လေကြောင်းလိုင်းဖြင့် လာရောက်တိုက်ခိုက်ပြီး လက်ရှိ သတင်းရေးသားချိန်ထိ တိုက်ပွဲဖြစ်ပွားနေ

ပူတာအို လုံရှာယာန်တွင် ကေအိုင်အေ၊ PDF ပူးပေါင်းတပ်တို့နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

Posted: 07 Feb 2022 03:15 AM PST

ပူတာအိုမြို့မှ ဆင်းလာသည့် စစ်ကောင်စီတပ်နှင့် လက်အောက်ခံပြည်သူ့စစ်တပ်သား (၃၀၀)ခန့်ကို ယနေ့နံနက် ၇နာရီခန့်က ကေအိုင်အေနှင့် PDF ပူးပေါင်းတပ်တို့မှ တိုက်ခိုက်ခဲ့ပြီး လုံရှာယာန်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။ မချမ်းဘော့မြို့ရှိ စစ်ကောင်စီတပ်ရင်း ၁၃၇မှလည်း လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲကြောင့် လုံရှာယာန်ကျေးရွာအနီးတွင် လက်နက်ကြီးလက်နက်ငယ်များ ကျရောက်သည့်အတွက် ဒေသခံ

ဗန်းမော်မြို့ဖန်းခါးကုန်းက စစ်ကောင်စီရဲစခန်း တိုက်ခိုက်ခံရပြီး စစ်ရှောင်စခန်းထဲ လက်နက်ကျရောက်

Posted: 07 Feb 2022 03:13 AM PST

ဗန်းမော်မြို့ ဖန်းခါးကုန်းကျေးရွာရှိ စစ်ကောင်စီ ရဲစခန်းဂိတ်ကို ယနေ့နံနက် ၄နာရီခန့်တွင် အမည်မသိအဖွဲ့တစ်ခုမှ လာရောက်ပစ်ခတ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ပစ်ခတ်မှု​ကြောင့်  ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်သည်ကို မသိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ပစ်ခတ်ခံရသည့်အတွက် စစ်ကောင်စီ ရဲစခန်းမှ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ဖန်းခါးကုန်း စစ်ရှောင်စခန်းတွင်

KIA တပ်မဟာ ၁၀ မိုင်းယော်ဒေသမှာ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွား

Posted: 07 Feb 2022 03:11 AM PST

ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၁၀ တပ်ရင်း ၁၇ နယ်မြေဖြစ်သော လားရှိုးမြို့နယ် မိုင်းယော်(Mung Yaw) ဒေသတွင် စစ်ကောင်စီတပ် နှင့် ကိုးကန့် MNDAA ၊ KIA တို့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လေယာဉ်နှင့် လာရောက် ပစ်ခတ်နေကြောင်း သိရသည်။ယနေ့မနက် ၉ နာရီခွဲမှစတင်ပြီး လုံဗစ်ကျေးရွာအနီးတွင် ကိုးကန့် MNDAA နှင့် KIA ရှိရာသို့ စစ်ကောင်စီ တပ်မ ၉၉ စစ်အင်အား ၁၀၀ ခန့် တက်လာသဖြင့် တိုက်ပွဲပြင်းထန်ပြီး

ဖားကန့်လမ်းမှာ ကျဆုံးသွားတဲ့ စစ်ကောင်စီတပ် ရုပ်အလောင်းတွေကို ယနေ့ ထုတ်ယူ

Posted: 07 Feb 2022 03:35 AM PST

ဖားကန့်တိုက်ပွဲ စကစ အများအပြား သေဆုံးပြီး အလောင်းများ လာကောက်နေ၊ လက်နက်ခဲယမ်းများစွာ KIA မှ သိမ်းဆည်းရမိဖားကန့် လမ်းမပေါ်မှာ စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲဖြစ်ပွားနေတာ ၄ ရက်လောက်ကြာတဲ့ ဒီနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီက ဖားကန့်လမ်းကိုပိတ်ပြီးတော့ တိုက်ပွဲမှာ သေဆုံးသွားတဲ့ အလာင်းတွေကို လာရောက်ထုတ်ယူနေတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၂ရက်နေ့ကနေ ၅ရက်နေ့အထိ ဆိုင်းဖရာကျေးရွာ

ပါမောက္ခ Sean Turnell လွတ်မြောက်သတင်းမမှန်ကန်ဟု မြန်မာစစ်ကောင်စီပြောခွင့်ရတုံ့ပြန်

Posted: 07 Feb 2022 03:05 AM PST

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးဖြစ်သူ ပါမောက္ခ Sean Turnell လွတ်မြောက်တယ်ဆိုတဲ့သတင်း မမှန်ကန်ဘူးလို့ မြန်မာစစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။ပါမောက္ခ Sean Turnell ဟာ မနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြန်လည်လွတ်မြောက်လာပြီလို့ ခမာတိုင်းသတင်းဌာနက ကနဦးရေးသားခဲ့တာပါ။ ပါမောက္ခ Sean Turnell ကို ပြန်လွှတ်ပေးတဲ့အပေါ်မှာ ဝန်ကြီးချုပ်ဟွ

ရွှေကူမြို့မရဲစခန်းအနီး ပစ်ခတ်မူဖြစ်ပွားနေ

Posted: 06 Feb 2022 08:40 AM PST

Photo- crdFebruary 6,2022ယနေ့ည ၉နုရီဝန်းကျင်ချိန်မှစကာ ‌ကချင်ပြည်နယ်၊ ရွှေကူမြို့ရှိ ရွှေကူမြို့မရဲစခန်းအနီး လက်နက်ကြီးသံ သေနတ်သံများဖြင့် ပစ်ခတ်မူဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။" ရဲစခန်းကိုလာပစ်‌နေတာလက်နက်ကြီး ၁၀ချက်ကျော်ပီပစ်နေတုန်း ဒီတိုင်းလာလာပစ်နေတဲ့သဘောပဲ ဒီနေ့က ပစ်ချက်များတယ် နားလိုက်ပစ်လိုက်ဘဲ " ဟု ဒေသခံတစ်ဦးကပြောသည်။ဒေသခံများ၏ ပြောပြချက်အရ ရွှေကူမြို့မှရဲစခန်းပစ်ခံရသည်မှာ

ဒလန်ဆိုသူတွေ အများစုနေတဲ့ရွာကို ကနီ PDF က ဒရုန်းနဲ့တိုက်ခိုက်

Posted: 06 Feb 2022 08:33 AM PST

ကနီ၊ ဖေဖော်ဝါရီ ၆၊ ၂၀၂၂။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ဒလန်ဆိုသူတွေအများစုနေတဲ့ ရေလည်ကျွန်းရွာကို ဖေဖော်ဝါရီ ၆ ရက် ဒီနေ့မနက် ၁၀ နာရီခွဲလောက်မှာ ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ KLG PDF ဆီက သိရပါတယ်။ "အဲ့ဒီရွာက ပျူရွာလေ၊ ဘေးနားမှာရှိတဲ့ ရွာတွေကိုလည်း စစ်ကောင်စီနဲ့ပေါင်းပြီး အနိုင်ကျင့်နေတာ၊ ဘေးနားရွာက သူတွေလည်း မနေရဲတော့ဘူး၊ ရွာသားတွေအကုန် ထွက်ပြေးနေရတယ်။ အဲ့ဒါကြောင့် တိုက်ခိုက်ခဲ့တာ။" လို့

မလှိုင်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခံရပြီးသေဆုံး

Posted: 06 Feb 2022 08:31 AM PST

မလှိုင်၊ ဖေဖော်ဝါရီ ၆၊ ၂၀၂၂။ မလှိုင်မြို့နယ်က  စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတဦး ဖေဖော်ဝါရီ ၆ ရက် ဒီနေ့မနက် ၇ ခွဲလောက်မှာ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်ဟာ စစ်ကောင်စီနဲ့ပက်သက်ဆက်နွယ်မှုတွေလုပ်နေတာကြောင့် သူရဲ့နေအိမ်မှာပဲ သေနတ်နဲ့ပစ်ပြီးသုတ်သင်ခဲ့တာလို့  Underground For Mahlaing − UGFM ရဲ့ အဖွဲ့ဝင်တ

အကြမ်းဖက်စစ်တပ်က ပြည်သူတွေနေတဲ့ရွာတွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကေအိုင်အေပြော

Posted: 06 Feb 2022 08:29 AM PST

ဖေဖော်ဝါရီ ၆ ၊ ၂၀၂၂ကချင်ဒေသတိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေနေထိုင်ရာရွာတွေကိုလေကြောင်းက နေပစ်မှတ်ထားတိုက်ခိုက်နေလို့အရပ်သားပြည်သူတွေထိခိုက်သေဆုံးမှုရှိနေတယ်လို့ဒေသခံအချို့နဲ့ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းနဲ့ပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။KIAနဲ့ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းပြီးတော့ ဖေဖော်ဝါရီ၁ရက် ကစတင်ကာကချင် ပြည်နယ် ပူတာအို၊ဖားကန့်နဲ့မိုးညှင်းမြို့နယ်

ဖာပွန်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ၂၀ ထက်မနည်း ဒဏ်ရာရ

Posted: 06 Feb 2022 08:27 AM PST

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၆)ဖာပွန်ခရိုင် KNLA တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲမှာ အာဏာသိမ်းစစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ၂၀ဦး ထက်မနည်း ဒဏ်ရာရှိခဲ့တယ်လို့ KNU မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။အခုနှစ် ဇန်နဝါရီလမှ ဖေဖေါ်ဝါရီ ၅ ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီက KNLA တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲက ပြည်သူလူထုတွေ နေထိုင်ရာကျေးရွာတွေထဲကို လက်နက်ကြီး အချက်ပေါင်း ၁၈၀ ကျော်

ခြိမ်းခြောက်မှုတွေ လုပ်နေတဲ့ Non CDM ဝန်ထမ်းတွေကို အရေးယူဖို့ NUG အစိုးရ ပြင်ဆင်နေ

Posted: 06 Feb 2022 08:25 AM PST

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၆)CDM ဝန်ထမ်းတွေကို ဖိအားပေးခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ပညာရေးဌာနက Non CDM ဝန်ထမ်းတွေကို သက်သေအပြည့်အစုံနဲ့ တရားစွဲ အရေးယူဖို့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ဝန်ထမ်း အခွင့်အရေးတွေနဲ့ နိုင်ငံတကာလူ့ အခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ Non-CDM ဝန်ထမ်းတွေရဲ့ ကျူးလွန်မှုတွေကို စာနဲ့ အသံဖိုင် အစရှိတဲ့

CDM မလုပ်သည့် စစ်ကောင်စီ၏ သစ္စာခံ ဝန်ထမ်းများကို အဆင့်လိုက် အရေးယူမှုများ အရှိန်မြှင့်မည်ဖြစ်ကြောင်း သတိပေး

Posted: 06 Feb 2022 08:19 AM PST

အကြမ်းဖက် စစ်ကောင်စီ သစ္စာခံ ဝန်ထမ်းများကို အဆင့်လိုက် အရေးမှုများ  အရှိန်မြှင့် လုပ်ဆောင်တော့မည် ဖြစ်ကြောင်း Myingyan Twenty one Guerilla Force - MTGF က ယနေ့ ဖေဖော်ဝါရီလ(၆)ရက်တွင် ထုတ်ပြန် သတိပေးလိုက်သည်။အကြမ်းဖက်စစ်ကောင်စီကို သစ္စာခံ၍ အလုပ် လုပ်နေကြသော ဝန်ထမ်းများအား CDM ပြုလုပ်ခြင်းဖြင့် ပြည်သူလူထုနှင့်ပူးပေါင်းရန် တော်လှန်ရေးအင်အားစုများက စည်းရုံးမှုပြုလုပ်လာခဲ့သည်မှာ တစ်နှစ်ကျော်ခဲ့ပြီ ဖြစ်

CDF-Matupi တပ်ရင်း (၄) ထံသို့ မတူပီမြို့ အခြေစိုက် ခမရ (၃၀၄) တပ်ရင်းမှ ဒုတပ်ကြပ် ဆန်းလင်းထွေး လက်နက်အပြည့်အစုံဖြင့် အလင်းဝင်

Posted: 06 Feb 2022 08:17 AM PST

Feb 6ချင်းပြည်နယ် မတူပီမြို့ အခြေစိုက် ခမရ(၃၀၄) တပ်ရင်းမှ ကိုယ်ပိုင် အမှတ် တ/၁၂၇၈၈ ဒုတပ်ကြပ် ဆန်းလင်းထွေးသည် အကြမ်းဖက် စစ်ကော်စီ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိသောကြောင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်တွင် CDF-Matupi တပ်ရင်း (၄) ထံသို့ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။ ထိသို့ အလင်းဝင်လာခဲ့သော ဆန်းလင်းထွေးကို CDF-Matupi မှ လွတ်မြောက်နယ်မြေသို့ ကောင်းမွန်စွာ ပို့ဆောင်

ရေးမြို့ပြောက်ကျားတပ်ဖွဲ့၏ ရဲဘော် (၄) ဦး အဖမ်းခံထားရသည့်အပြင် တစ်ဦးအသတ်ခံရပြီး ကျဆုံး

Posted: 06 Feb 2022 08:16 AM PST

ရေး၊ ဖေဖော်ဝါရီ (၆)မွန်ပြည်နယ်၊ ရေးမြို့နယ်၌ တော်လှန်ရေးရဲဘော်တစ်ဦးကို စစ်ကောင်စီက ပစ်သတ်ခဲ့ပြီး ၎င်း၏မိသားစုဝင်များကိုလည်း ဖမ်းဆီးထားကြောင်း ရေးမြို့နယ် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။ဖေဖောဝါရီလ (၃) ရက် ညပိုင်းက စစ်ဆင်ရေးတစ်ခုမှ ပြန်လာစဉ် ရေးမြို့ပြင်တစ်နေရာ၌ စစ်ကောင်စီတပ်၏ ချောင်းမြောင်းပစ်ခတ်ခြင်းကြောင့် ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး ရဲဘော်တစ်ဦးဖမ်းဆီးခံခဲ့ရကြောင်း

မောင်တော၌ RSO နှင့် အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲစဖြစ်ပြီး စစ်ကောင်စီတပ်သား (၈) ဦးသေ ဟုဆို

Posted: 06 Feb 2022 08:14 AM PST

မောင်တော၊ ဖေဖော်ဝါရီ (၆)ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာအနီး၌ ဖေဖေါ်ဝါရီ (၄) ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ (RSO) တို့ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်ပါးစေ (၈) ဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့ကြောင်း RSO မှ ဗိုလ်မှူးကျော်မြင့်ထွန်းက လူငယ့်ခေတ်သို့ ပြောသည်။"မြန်မာစစ်တပ် ခမရ (၃၅၂) နဲ့တိုက်ပွဲဖြစ်တာပါ။ ကင်းလှည့်နေရင်းနဲ့

မောင်တောတွင် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲထပ်မံဖြစ်ပွါး

Posted: 06 Feb 2022 08:11 AM PST

ဖေဖော်ဝါရီ ၆ ရက်ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးတိုက်ကျေးရွာ၏ အရှေ့မြောက်ဖက်တွင် ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့တွင်လည်းရက္ခိုင့်တပ်တော် AAနှင့် မြန်မာ့စစ်တပ်တို့အကြားတိုက်ပွဲထပ်မံဖြစ်ပွါးခဲ့ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါတိုက်ပွဲများမှာ ယနေ့ နေ့ခင်း ၃ နာရီကနေ ၄ နာရီလောက်ထိ တစ်ကြိမ်၊ ၄ နာရီကျော်ကနေ ၆ နာရီလောက်ထိတစ်ကြိမ် ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်သည့် နေရာမှာလည်း ၂ နေရာ ဖြစ်နိုင်သည်ဟု အမည်

ကန်ပေါင်ခုံးတံတားပေါ် ဆန္ဒပြသည့်လူငယ်များကို စစ်ကောင်စီက သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးလူငယ်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရပြီး ဖမ်းဆီးခံရ

Posted: 06 Feb 2022 08:05 AM PST

(ပုံအဟောင်းကို အသုံးပြုထားပါသည်)ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် အင်းလျားကန်ပေါင် လူကူးခုံးကျော်တံတားပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့်လူငယ်လေးကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက သေနတ်ဖြင့်ပစ်ခတ် ဖမ်းဆီးရာ လူငယ်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့သည်။ယနေ့ ညနေပိုင်း၌ ခုံးကျော်တံတားပေါ်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း စာတန်းချိတ်ဆွဲ ဆန္ဒပြသည့် လူငယ်လေးဦးကို စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် လိုက်လံ

"တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ချင်ရင်တိုက်ပါ။ လေယာဉ်တွေနဲ့ တိုက်ရင်လည်းတိုက်ပါ၊ ဒါပေမယ့် ရွာတွေကို ဒီလိုမျိုးတော့ မလုပ်သင့်ဘူး၊ သူတို့က တော်တော်ကို လူမဆန်တဲ့သူတွေဖြစ်နေပြီ"

Posted: 06 Feb 2022 08:03 AM PST

"တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ချင်ရင်တိုက်ပါ။ လေယာဉ်တွေနဲ့ တိုက်ရင်လည်းတိုက်ပါ၊ ဒါပေမယ့် ရွာတွေကို ဒီလိုမျိုးတော့ မလုပ်သင့်ဘူး၊ သူတို့က တော်တော်ကို လူမဆန်တဲ့သူတွေဖြစ်နေပြီ" MRDA - ဗိုလ် ဈာန်ရဲစစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ အိမ်ခြေ(၈၀၀)ကျော်ရှိသော လှော်ကားကြီးကျေးရွာကို စစ်ကောင်စီက ဖေဖေါ်ဝါရီ(၄)ရက် ညပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့သည်။ အဆိုပါ မီးလောင်မှုကြောင့် အိမ်ခြေရာနှင့်ချီကာ မီးလောင်ပြာကျခဲ့

မန္တလေးရှိ ကျောင်းတိုက်တစ်တိုက်အား စစ်ကောင်စီ ချိတ်ပိတ်ပြီး သံဃာများအား ကျောင်းပေါ်မှ နှင်ချ၊

Posted: 06 Feb 2022 07:57 AM PST

မန္တလေး သံဃသမဂ္ဂ ဆရာတော်များ/ Photo - သံဃသမဂ္ဂ - မန္တလေးအဆိုပါ ကျောင်း၌ သံဃသမဂ္ဂ သံဃာတော်တစ်ပါး သတင်းသုံးဖူးသည်ဟုဆိုကာ စစ်အုပ်စု ချိတ်ပိတ်ခြင်းဖြစ်၊ဖေဖော်ဝါရီ - ၆မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ ၀ိဇိတာရာမကျောင်းတိုက်၊ တေဇာလင်္ကာရကျောင်းရှိ သံဃာတော်များအား ကျောင်းပေါ်မှ နှင်ချကာ စစ်ကောင်စီက ယမန်နေ့ ဖေဖေါ်ဝါရီ(၅)ရက်တွင် ကျောင်းအား ချိတ်ပိတ်သွားကြောင်း မန္တလေး သံဃသမဂ္ဂ ဆရာတော်များက

အချိန်အခါမဟုတ် ရွာသည့်မိုးကြောင့် ကရင်စစ်ဘေးရှောင်များ အခက်ကြုံ

Posted: 06 Feb 2022 07:53 AM PST

Photo-MawSiကရင်၊ ဖေဖေါ်ဝါရီ ၆။ဖေဖော်ဝါရီလ ၄ နှင့် ၅ ရက် ညပိုင်းက ရွာသည့် အချိန်ခါမဟုတ်မိုးကြောင့် သောင်းရင်းမြစ်ကမ်းနဘေး၌ နေထိုင်နေကြသော စစ်ဘေးရှောင်ပြည်သူအများအပြား နေရာထိုင်ခင်းပျက်ဆီးကာ အစားအသောက်များရေစိုပျက်ဆီးမှုများဖြစ်ပွားခဲ့သည်၊၊ထိုမိုးရွာသွန်းမှုကြောင့် စစ်ဘေးရှောင်းများ၏ ယာယီတဲများပျက်ဆီးခဲ့ပြီး ဆန်နှင့်အခြားအစာခြောက်အများအပြားရေစို ပျက်ဆီးခဲ့သည်၊၊ ထို့ပြင် မိုးမိသောကြောင့် ကလေးငယ်

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KNLA တပ်တို့ မြဝတီအာရှလမ်းမ၌ တိုက်ပွဲဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်

Posted: 06 Feb 2022 07:51 AM PST

ဖေဖော်ဝါရီ ၆၊ ၂၀၂၂။ ယမန်နေ့ နံနက် (၈)နာရီခန့်တွင် ကေအဲန်ယူ- ကော့ကရိတ်မြို့နယ် မြဝတီအာရှလမ်းမ၌ အာဏာသိမ်းစစ်ကောင်စီတပ် နှင့် KNLA တပ်တို့ (၅)မိနစ်ကြာ တိုက်ပဲဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ထိုတိုက်ပွဲဖြစ်ပွားပြီး နာရီဝက်ခန့်အကြာတွင် ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ဘက်ခြမ်းရှိ ရွာကလေးကျေးရွာ မြောက်ဘက်၌ အာဏာသိမ်းစစ်ကောင်စီတပ်မှ စခန်းချနေထိုင်သော ခမရ- ၃၅၅ တပ်မှ ရွာကလေးကျေးရွာအတွင်းသို့ လက်နက်ကြီး  (၆) ချက်ခန့်

စစ်စခန်းအချို့လက်လွတ်ခဲ့ရသည့် စစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်လာ

Posted: 06 Feb 2022 07:41 AM PST

ဖေဖော်ဝါရီ ၆၊ ၂၀၂၂။ ကချင်ပြည်နယ်တွင် ယခုလဆန်းမှစတင်ကာ စစ်စခန်းနှင့် ရဲစခန်းအချို့တိုက်ခိုက်သိမ်းပိုက်ခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှတဆင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်လာသည်။ ဖားကန့်နှင့် ပူတာအိုမြို့နယ်များရှိ စစ်စခန်းအချို့ကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးခဲ့ပြီးနောက် အဆိုပါမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် လေကြောင်းမှတဆင့်

တိုက်လေယာဉ်ဗုံးစမှန်သဖြင့် ခြေထောက်ဖြတ်တောက်ခဲ့ရသည့်အမျိုးသမီး မြစ်ကြီးနားဆေးရုံတွင် ကွယ်လွန်

Posted: 06 Feb 2022 07:40 AM PST

မြစ်ကြီးနား - ဖေဖော်ဝါရီ ၆၊ ၂၀၂၂။စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် လေယာဉ်ဗုံးထိမှန်ခဲ့သဖြင် ခြေထောက်တစ်ဖက်ဖြတ်တောက်ခဲ့ရသည့် အမျိုးသမီးတစ်ဦး ယနေ့ ည ၇ နာရီခွဲခန့် ဆေးရုံတွင် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် ဆုံးပါးသွားကြောင်း သိရသည်။ ဗုံးထိမှန်ခဲ့သည့် ဖားကန့်မြို့နယ်၊ ကပ်မှော်ရွာမှအမျိုးသမီးမှာ ယနေ့ညနေ ၄ နာရီခွဲခန့်တွင် ခွဲစိတ်မှုပြုလုပ်ခဲ့ပြီးနောက် ဆုံးပါးသွားခြင်းဖြစ်သည်ဟု

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.