သစ္ထူးလြင္ |
- မြင်းမူတွင်စစ်ကောင်စီတပ်က PDF အယောင်ဆောင်ပြီးနေအိမ်များဖျက်ဆီး၍ ပြည်သူများအလွယ်တကူမယုံဘဲ မသကာ်စရာကြုံလျှင်သတင်းပေးရန်MMU-PDF အသိပေး
- ပူတာအိုတွင် ဒေသခံများကို စစ်ကောင်စီက လူသားဒိုင်းအဖြစ်ပြုလုပ်ထား၊ ရွာပြင်ထွက်လျင် ပစ်သတ်မည်ဟု ခြိမ်းခြောက်
- ဗန်းမော်မြို့ဝင် ၊ မြို့ထွက် စစ်ဆေးရေးဂိတ်များကို KIA နှင့် ပူးပေါင်း၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်းနှင့် စစ်ကောင်စီအဖွဲ့ဝင်များအား စစ်မျက်နှာစဖွင့်လိုက်ပြီဖြစ်ကြောင်း ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - BPDF ထုတ်ပြန်
- မိုးမိတ်မြို့မှာ လူငယ် ၂ ဦးကို စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ်လို့ တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ၊ သတင်းဖုံးကွယ်ဖို့ ကြိုးစားနေ
- စစ်ပွဲကာလ ကလေးငယ်တွေကို ပြုစုစောင့်ရှောက်ဖို့အတွက် အကြံပြုချက် (၁၀)ချက်
- မန္တလေး၌ ရပ်ကွက်အုပ်ကြီးဟောင်း ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံရ၊ သေမသေ မသိရသေး၊
- စစ်ကောင်စီဘက်မှအယောင်ဆောင်မြို့ပြပြောက်ကျားအဖွဲ့ပေါ်နေ၍ ရှင်းလင်းမည်ဟု မုံရွာတော်လှန်ရေးအဖွဲ့များထုတ်ပြန်
- လှိုင်သာယာမြို့မရဲစခန်း ၄၀ မမဗုံးသီးဖြင့် အထုခံရ
- ရှမ်း - ကယားနယ်စပ် လွိုင်ကော်မြို့နယ်အတွင်း လင်ဖုံလေးလမ်းခွတွင် စစ်ကောင်စီတပ်ကို ပြည်သူ့ဘက်တော်သားများက ပြောက်ကျားနည်းဖြင့် ဝင်တိုက်
- ဘားအံမြို့နယ် ညောင်ကုန်းရွာအနီး KNU နှင့်တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် BGF ဘက်မှ (၂)ဦးသေ
- ဆော-ကျောက်ထုလမ်းပိုင်းကို သွားလာခြင်းမပြုရန် ဒေသကာကွယ်ရေးအဖွဲ့များပြော
- PDF (KALAY)က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၀ ခန့် သေ ၊ တင်သားရွာ ပြည်သူ ၁၀ဦးဒဏ်ရာရ၊ နေအိမ် ၅လုံး မီးလောင်
- ကျောက်ထုတွင် စစ်ကောင်စီယာဉ်တန်းများ တိုက်ခိုက်ခံရပြီး တစီးမိုင်းထိ
- ကလေးတွင်တိုက်ပွဲ ၃ ကြိမ်ဖြစ် စစ်ကောင်စီဘက်က ၁၇ ဦးသေဆုံးပြီး CNDF ရဲဘော်တဦးကျဆုံး
- KIA တပ်မဟာ ၁၀ မိုင်းယော်ဒေသမှာ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွား
- ပူတာအိုမှာ ဆီတစ်ဂါလံ ကျပ်တစ်သောင်း အထိမြင့်တက်
- မိုင်းယော်တိုက်နယ် မြောက်ပိုင်းမဟာမိတ်နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်၊ စကစ ဘက် လေကြောင်းဖြင့်တိုက်ခိုက်
- စစ်ကောင်စီဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးအကြိုညှိနှိုင်းဆွေးနွေးပွဲ မတက်ရောက်နိုင်ဟု ကေအဲန်ယူပြော
- ဖားကန့်လမ်းမှာ ကျဆုံးသွားတဲ့ စစ်ကောင်စီတပ် ရုပ်အလောင်းတွေကို ယနေ့ ထုတ်ယူ
- ပုလဲမြို့ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် အုပ်ချုပ်ရေးမှူးအိမ်များကို ပုလဲ PDF တစ်ချိန်တည်း ဝင်တိုက်
- စစ်ကောင်စီတပ်စခန်းတစ်ခု ထပ်မံသိမ်းပိုက်ရရှိမှု KIA အတည်ပြု တစ်ပတ်အတွင်း တပ်စခန်းသုံးခုထက်မနည်း KIA သိမ်းပိုက်ထား၊
- စစ်ကောင်စီ တပ်အချင်းချင်းမှားပစ်၍ ၂ ဦးထက်မနည်းသေဆုံးဟု KNU ထုတ်ပြန်
Posted: 07 Feb 2022 01:33 PM PST စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ကျေးရွာတစ်ရွာသို့ဝင်ရောက်စီးနင်းစဥ် PDFဟုပြောဆိုကာ နေအိမ်များအားဖျက်ဆီးပြီး တန်ဖိုးရှိပစ္စည်းများယူဆောင်သွားကြောင်း မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။ဖေဖော်ဝါရီလ ၃ ရက်နေ့က ပျော့ရွာ-မကျီးကန်လမ်းအတိုင်း ဝင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များမှာ အပြစ်မဲ့ပြည်သူများအား ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားပြီး မကျီးကန်ရွာအတွင်းရှိ |
Posted: 07 Feb 2022 01:31 PM PST ပုံ - ၂၀၁၉ ခုနှစ်က ကချင်ပြည်နယ် နမ်ဆန်ယန်ကျေးရွာတွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ပူတာအို - ဖေဖော်ဝါရီ ၇၊ ၂၀၂၂။ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဖတ်မာကျေးရွာအတွင်းရှိဒေသခံ ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအပြင်ထွက်လျှင် ပစ်ခတ်သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ထားကြောင်း ဒေသခံများထံက သိရသည်။စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကားသုံးစီးဖြင့် ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက ဝင်ရောက်လာခြင်းဖြစ်ပြီး |
Posted: 07 Feb 2022 01:27 PM PST ဖေဖော်ဝါရီလ ၇ ရက် ၊ ၂၀၂၂ ခုနှစ် ။ ဗန်းမော်မြို့ဝင် ၊ မြို့ထွက် စစ်ဆေးရေးဂိတ်များကို KIA နှင့် ပူးပေါင်း၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်းနှင့် စစ်ကောင်စီအဖွဲ့ဝင်များအား စစ်မျက်နှာ စဖွင့်လိုက်ပြီဖြစ်ကြောင်း ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - BPDF ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ ယနေ့ ဖေဖော်ဝါရီလ ၇ရက်နေ့၌ ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - BPDF တပ်ဖွဲ့သည် ကချင် |
Posted: 07 Feb 2022 09:26 AM PST ဖေဖော်ဝါရီ ၇ ရက်၊ မိုးမိတ်ရှမ်းမြောက် မိုးမိတ်မြို့မှာ ဆိုင်ကယ်စီးနင်းလာတဲ့ လူငယ်အမျိုးသား ၂ ဦးကို စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ်လို့ တစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီးတော့ တစ်ဦးကတော့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် ည ၉ နာရီခွဲကျော်မှာ စစ်တပ်ရဲ့ဂိတ်ကို ၎င်းလူငယ် ၂ ဦးက ဖြတ်လာပြီး ရပ်ခိုင်းပေမယ့် မရပ်ပေးတာကြောင့် သေနတ်နဲ့ လှမ်းပစ်လိုက်တယ်လို့ ဆိုပါတယ်။အမည်မဖော်လိုသူ မိုး |
စစ်ပွဲကာလ ကလေးငယ်တွေကို ပြုစုစောင့်ရှောက်ဖို့အတွက် အကြံပြုချက် (၁၀)ချက် Posted: 07 Feb 2022 09:24 AM PST ဖေဖေါ်ဝါရီ - ၇စစ်ဖြစ်ချိန်အတွင်း ကလေးသူငယ်တွေကို စနစ်တကျ ပြုစုစောင့်ရှောက်နိုင်ဖို့ အမေရိကန်နိုင်ငံ စိတ်ပညာရှင်များ အဖွဲ့အစည်း (American Psychological Association)က မိဘနှင့် ဆရာတွေအတွက် ထုတ်ပြန်ထားတဲ့ အကြံပြုချက် (၁၀)ချက်ကို MFP ပရိတ်သတ်တွေအတွက် ပြန်လည်ဖော်ပြလိုက်ပါတယ်။(၁) ကလေးနှင့် စကားပြောပါ။ ကလေးတွေမေးတဲ့ မေးခွန်းတွေကို သူတို့ တကယ်လက်ခံနိုင်လာအောင် အမှန်အတိုင်း ရိုးရှင်းစွာဖြေပါ။ သူတို့ရဲ့ |
မန္တလေး၌ ရပ်ကွက်အုပ်ကြီးဟောင်း ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံရ၊ သေမသေ မသိရသေး၊ Posted: 07 Feb 2022 09:22 AM PST ဖေဖော်ဝါရီ - ၇ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက်ရပ်ကွက်ရှိ စကစ သတင်းပေးဒလန်အဖြစ် နာမည်ထွက်သူ ရပ်ကွက်အုပ်ချုပ်ရေးမှုးဟောင်း တစ်ဦး ယနေ့ မနက်ပိုင်းတွင် ဦးခေါင်းကို သေနတ်ဖြင့် အပစ်ခံရကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။ယနေ့ ဖေဖေါ်ဝါရီ(၇)ရက် မနက်(၁၁)နာရီခွဲဝန်းကျင်က အဆိုပါ မဟာအောင်မြေမြို့နယ်၊ သံလျက်မော် နောက်ရပ်ကွက်၊ တောင်ငံပြာရည်ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ |
Posted: 07 Feb 2022 09:20 AM PST စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် စစ်ကောင်စီဘက်မှအယောင်ဆောင် မြို့ပြ ပြောက်ကျားအဖွဲ့အသုံးပြုလာ၍ မုံရွာမြို့ပြပြောက်ကျား၁၀ဖွဲ့မှရှင်းလင်းမည်ဟုယနေ့ညတွင်ထုတ်ပြန်ကြေညာလိုက်သည်။ မုံရွာမြို့တွင် မြို့ပြUGပြောက်ကျားအဖွဲ့များနှင့်အပြိုင် စစ်ကောင်စီဘက်မှ အယောင်ဆောင်UGအဖွဲ့များကို မုံရွာမြို့ပေါ်တွင် အသုံးပြုလျက်ရှိပြီး အယောင်ဆောင် UGအဖွဲ့များကို ရှင်းလင်းသုတ်သင်မည်ဟုမုံရွာမြို့ပြပြောက်ကျား၁၀ဖွဲ့မှ |
လှိုင်သာယာမြို့မရဲစခန်း ၄၀ မမဗုံးသီးဖြင့် အထုခံရ Posted: 07 Feb 2022 09:19 AM PST လှိုင်သာယာမြို့မရဲစခန်းကို ယနေ့ညဦးပိုင်း ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ Dictator Revolt Front(DRF)က လူထုနွေဦးသို့ အတည်ပြုသည်။ယနေ့ည ၇ နာရီခန့်က လှိုင်သာယာ (၅)ထိပ်မှတ်တိုင်နှင့် ရုံးရှေ့မှတ်တိုင်ကြားရှိ စစ်ကောင် စီလက်အောက်ခံ မြို့မရဲစခန်းအား ဗုံးပစ်လောင်ချာနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း DRF က ပြောသည်။"၄၀ မမ ဗုံးပစ် လောင်ချာနဲ့ ပစ်ခဲ့တာပဲ။ အထိ |
Posted: 07 Feb 2022 09:16 AM PST ရှမ်း - ကယားနယ်စပ် လွိုင်ကော်မြို့နယ်၊ ကုန်းသာရွာအနီး၊ လင်ဖုံလေးလမ်းခွတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၇) ရက်နေ့ နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ သေဆုံးမှု ဆယ်ဂဏန်းနီးပါးရှိသည်ဟု ဖယ်ခုံ PDF က သတင်းထုတ်ပြန်သည်။ဖယ်ခုံ PDF နှင့် KNDF တို့ ပူးပေါင်းပြီး ပြောက်ကျားဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ပြည်သူ့ကာကွယ်ရေး |
Posted: 07 Feb 2022 09:14 AM PST မွန်ပြည်နယ်၊ ဘားအံမြို့နယ်၊ ညောင်ကုန်းကျေးရွာအနီးတွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့က KNLA နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်မှ (၂)ဦးသေ၊ (၃) ဦးဒဏ်ရာရသွားကြောင်း KNU/KNLA က ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ထုတ်ပြန်သည်။KNLA တပ်ရင်း(၁)လက်အောက်ခံတပ်များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အာဏာသိမ်းစစ်ကောင်စီနှင့် BGF |
ဆော-ကျောက်ထုလမ်းပိုင်းကို သွားလာခြင်းမပြုရန် ဒေသကာကွယ်ရေးအဖွဲ့များပြော Posted: 07 Feb 2022 09:11 AM PST ဂန့်ဂေါ ဖေဖေါ်ဝါရီ ၇ စစ်ရေးတင်းမာနေတဲ့ ဆော-ကျောက်ထုလမ်းပိုင်းကို အသုံးမပြုကြဖို့ YDF(Saw& Kyaukhtu)က ထုတ်ပြန်ထားပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက ဆောဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဆောမြို့ပေါ်က စစ်ကောင်စီထောက်တိုင်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီဌာနဆိုင်ရာရုံးအတော်များများကို ဖျက်ဆီးနိုင်ခဲ့ကြပါတယ်။ Gangaw Youths Voice |
Posted: 07 Feb 2022 09:29 AM PST ဂန့်ဂေါ ဖေဖေါ်ဝါရီ ၇ ဖေဖော်ဝါရီလ ၆ ရက် ကလေးမြို့နယ်တောင်ပိုင်းကြံသာရွာနှင့် ဟံသာဝတီရွာတို့တွင် တပ်စွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များဟာ နံနက် ၉ နာရီခွဲမှ ၁၁ နာရီအချိန်ခန့်ထိ တင်သားရွာသို့ဦးတည်၍ အဝေးပစ်အမြောက်လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်ခဲ့ရာ တင်သားရွာမှ အပြစ်မဲ့ပြည်သူ ၁၀ ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ပြီး ၄ ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။ ဒဏ်ရာပြင်းထန်သူများအနက် အသက် ၉ နှစ် |
ကျောက်ထုတွင် စစ်ကောင်စီယာဉ်တန်းများ တိုက်ခိုက်ခံရပြီး တစီးမိုင်းထိ Posted: 07 Feb 2022 09:04 AM PST ကျောက်ထု၊ ဖေဖော်ဝါရီ ၇၊ ၂၀၂၂။ကျောက်ထုအမြှောက်တပ်မှထွက်လာသည့် ယာဉ်တန်းနဲ့ ပခုက္ကူဘက်မှ ထွက်လာသည့်ယာဉ်တန်းအား ဖေဖော်ဝါရီလ ၆ ရက်နေ့က ကျောက်ထု PDF အဖွဲ့မှ ၂ နေရာခွဲတိုက်ခဲ့ရာ ကား ၁ စီးမိုင်းထိသွားကြောင်း Kyaukhtu Regional People Defence Force တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။ပခုက္ကူမှ ကား ၂၄ စီး၊ ကျောက်ထုအမြှောက်တပ်ထဲကနေ ၁၄ စီး ထွက်ခွါခဲ့ခြင်းဖြစ်ပြီး၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ် |
ကလေးတွင်တိုက်ပွဲ ၃ ကြိမ်ဖြစ် စစ်ကောင်စီဘက်က ၁၇ ဦးသေဆုံးပြီး CNDF ရဲဘော်တဦးကျဆုံး Posted: 07 Feb 2022 09:03 AM PST ကလေး၊ ဖေဖော်ဝါရီ ၇၊ ၂၀၂၂။ကလေးမြို့နယ်အတွင်းစစ်ကောင်စီယာဉ်တန်းအား ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကလေးPDFအဖွဲ့များကပဒေသာမိုင်းများဖြင့် ၃ ကြိမ်ဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၁၇ ဦးသေဆုံးပြီး CNDF ရဲဘော်တဦးလက်နက်ကြီးထိ၍ သေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း People's Defence Force Kalay တာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။ယာဉ်တန်းတွင် ကား (၈) စီးပါဝင်ကာ စပါးတင်ကား၊ နွားတင်ကား၊ တပ်သားများသယ်လာသောကား များဖြစ်ပြီး |
KIA တပ်မဟာ ၁၀ မိုင်းယော်ဒေသမှာ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွား Posted: 07 Feb 2022 08:39 AM PST February 7, 2022ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၁၀ တပ်ရင်း ၁၇ နယ်မြေဖြစ်သော လားရှိုးမြို့နယ် မိုင်းယော်(Mung Yaw) ဒေသတွင် စစ်ကောင်စီတပ် နှင့် ကိုးကန့် MNDAA ၊ KIA တို့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လေယာဉ်နှင့် လာရောက် ပစ်ခတ်နေကြောင်း သိရသည်။ယနေ့မနက် ၉ နာရီခွဲမှစတင်ပြီး လုံဗစ်ကျေးရွာအနီးတွင် ကိုးကန့် MNDAA နှင့် KIA ရှိရာသို့ စစ်ကောင်စီ တပ်မ ၉၉ စစ်အင်အား ၁၀၀ ခန့် တက်လာသဖြင့် တိုက်ပွဲ |
ပူတာအိုမှာ ဆီတစ်ဂါလံ ကျပ်တစ်သောင်း အထိမြင့်တက် Posted: 07 Feb 2022 08:37 AM PST Feb 7.2022 ကချင်ပြည်နယ် ပူတာအိုမြို့တွင် ယနေ့ ညနေပိုင်းက ဓာတ်ဆီတစ်ဂါလံ ကျပ်တစ်သောင်းနှုန်းအထိ မြင့်တက်နေပြီဖြစ်ကြောင်း သိရသည်။ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညပိုင်းမှ စတင်ကာ ၉၂ တစ်လီတာ ၂၅၀၀၊ ၉၅ တစ်လီတာ ၂၁၀၀ နှုန်းဖြင့် ၉၂ တစ်ဂါလံ ၁၀၀၀၀ ကျပ်နှင့် ၉၅ တစ်ဂါလံ ၉၀၀၀ ကျပ်အထိ စျေးမြင့်တက်နေကြောင်း ပူတာအိုဒေသခံတစ်ဦးက ဆိုသည်။''ဒီနေ့ပဲ ချက်ချင်းကြီးစျေးတက်သွားတယ် မနေ့ကတော့။ ဆီတွေထပ်ရောက်လာဖို့ မရှိတာကြောင့် |
Posted: 07 Feb 2022 08:36 AM PST ဖေဖော်ဝါရီ (၇) ရက် ၂၀၂၂သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်း မြောက်ပိုင်း မဟာမိတ် နှင့် စစ်ကောင်စီ တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေယာဉ် (၂) စီးဖြင့် လာရောက် တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ယနေ့ (ဖေဖော်ဝါရီ ၇) ရက် မနက် (၁၀) နာရီခွဲချိန်မှ စတင်ပြီး စစ်ကောင်စီဘက်က လေကြောင်းလိုင်းဖြင့် လာရောက်တိုက်ခိုက်ပြီး လက်ရှိ သတင်းရေးသားချိန်ထိ တိုက်ပွဲဖြစ်ပွားနေ |
စစ်ကောင်စီဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးအကြိုညှိနှိုင်းဆွေးနွေးပွဲ မတက်ရောက်နိုင်ဟု ကေအဲန်ယူပြော Posted: 07 Feb 2022 08:34 AM PST ဖေဖော်ဝါရီ ၇ ရက်၊ ၂၀၂၂ ခုနှစ်အာဏာသိမ်းစစ်ကောင်စီ ဦးဆောင်ကျင်းပမည့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် EAOs တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအနေဖြင့် တက်ရောက်ရန်နှင့် ထာဝရငြိမ်းချမ်းရေးအကြိုညှိနှိုင်းဆွေးနွေးပွဲ လုပ်ဆောင်သွားရန် စစ်ကောင်စီ၏ ဖိတ်ကြားမှုအပေါ် တက်ရောက်ဆွေးနွေးရန်မရှိကြောင်း ကေအဲန်ယူ ဗဟိုနိုင်ငံ ခြားရေးဌာန တာဝန်ခံပဒိုစောတောနီးက ပြောသည်။ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပမည့် |
ဖားကန့်လမ်းမှာ ကျဆုံးသွားတဲ့ စစ်ကောင်စီတပ် ရုပ်အလောင်းတွေကို ယနေ့ ထုတ်ယူ Posted: 07 Feb 2022 08:33 AM PST February 7, 2022ဖားကန့် လမ်းမပေါ်မှာ စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲဖြစ်ပွားနေတာ ၄ ရက်လောက်ကြာတဲ့ ဒီနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီက ဖားကန့်လမ်းကိုပိတ်ပြီးတော့ တိုက်ပွဲမှာ သေဆုံးသွားတဲ့ အလာင်းတွေကို လာရောက်ထုတ်ယူနေတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၂ရက်နေ့ကနေ ၅ရက်နေ့အထိ ဆိုင်းဖရာကျေးရွာ မြောက်ဘက် မာနော့မှော်အနီး လယ်တောတစ်နေရာမှာ ကားမိုင်းဘက်က တက်လာတဲ့ စစ်ကောင်စီတပ်သား ၈၀ |
ပုလဲမြို့ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် အုပ်ချုပ်ရေးမှူးအိမ်များကို ပုလဲ PDF တစ်ချိန်တည်း ဝင်တိုက် Posted: 07 Feb 2022 08:31 AM PST Feb 7,2022စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့ရှိ မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်ကို ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တစ်ချိန်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးအဖွဲ့နှင့် ဗျူစောထီးအဖွဲ့ဝင်များ သေဆုံးခဲ့ကြောင်း သိရသည်။ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညပိုင်းက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ပွဲတွင် ယင်းမာပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးကော်မတီမှ |
Posted: 07 Feb 2022 08:29 AM PST ကချင်ပြည်နယ် နေရာအများအပြား၌ စစ်ရေးလှုပ်ရှားမှုရှိဟုဆိုကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ စစ်ကောင်စီ၏ နမ့်ကောန့်တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက လူထုနွေဦးသို့ အတည်ပြုသည်။ဖေဖော်ဝါရီ ၆ရက် နံနက်က တနိုင်း ပယင်းနှင့် ရွှေမှော်များ ရှိရာနေရာ တဝိုက်၌ တပ်စွဲထား သည့် စစ်ကောင်စီ၏ နမ့်ကောန့် တပ်စခန်းကို KIAနှင့် ပြည်သူ့ |
စစ်ကောင်စီ တပ်အချင်းချင်းမှားပစ်၍ ၂ ဦးထက်မနည်းသေဆုံးဟု KNU ထုတ်ပြန် Posted: 07 Feb 2022 08:39 AM PST (စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-KNU)ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ်တွင် ဖေဖော်ဝါရီ ၄ရက်က စစ်ကောင်စီ တပ်များ အချင်းချင်းမှားယွင်းပစ်ခတ်ခဲ့ကြပြီး ၂ ဦးထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း KNU ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ညပိုင်း၌ ထုတ်ပြန်သည်။ပဲခူးဖက်မှ သထုံဖက်သို့ ဦးတည်မောင်းနှင်လာသော စစ်ကောင်စီ ယာဉ်တန်းအား ကရင့်အမျိုးသားလွတ်မြောက်ရေး |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.