သစ္ထူးလြင္ |
- ဘုရားသုံးဆူမှာ စွန့်ပစ်အသားလုံးကောက်စားမိတဲ့ ကလေးငယ် (၁၆) ဦး ဆေးရုံတက် ကုသခဲ့ရ
- ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာကို ဖန်တီးခွင့်အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်ထူထောင်ရန် ကတိပိုင်းဖြတ်ထားဟု NUG ယာယီသမ္မတပြော
- ယင်းမာပင်-ပုလဲလမ်းတွင်စစ်ကောင်စီတပ်ကားကိုမိုင်းပဒေသာဖြင့်တိုက်ခိုက်ရာ ၂၂ ဦးခန့်ထိ့ခိုက်သေဆုံးနိုင်ဟုထုတ်ပြန်
- တော်လှန်ရေးတပ်ဖွဲ့များ၏ လက်နက်သိုလှောင်ရုံများကို စစ်တပ်က GPS သုံး၍ လိုက်ဖမ်းဆီးနေ
- စကစခန့် သတင်းပေးဒလန်အုပ်ကြီး ပစ်သတ်ခံရ
- NLD ပါတီဝင်များနှင့်ပြည်သူများ၏ အိမ်များကို ချိတ်ပိတ်အောင်တိုင်ခဲ့သည့် အုပ်ချုပ်ရေးမှူး သေနတ်နဲ့အပစ်ခံရ
- ကလေးမြို့ ၂ ရက်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၇ ဦးသေဆုံးပြီး CNDF မှ ၁၉ နှစ်ရွယ်တပ်ဖွဲ့ဝင် တဦးကျဆုံး
- ဆိပ်ခွန်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်၍ ဝင်ရောက်စီးနင်း၊ ဒေသခံများထွက်ပြေးနေရ
- စစ်ယာဉ်တန်းကို ရှေ့ထွက်မိုင်းများဖြင့်တိုက်ခိုက်၊ သုံးဦးပွဲချင်းပြီးသေ
- စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်သား ၄၀ခန့်လိုက်ပါလာသည့် ၁၂ဘီးကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများနိုင်
- တာမွေက Mytelရုံး ဖောက်ခွဲခံရ
- အမရပူရတွင် အသက်(၅၀)ဝန်းကျင် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာ ခုနှစ်ချက်ဖြင့် သေဆုံးနေ၊
- မန္တလေး - မတ္တရာ - မိုးကုတ်လမ်းရှိ စစ်ကောင်စီတပ်ဆွဲထားသောဂိတ်များနှင့် အဝေးဆုံးနေကြရန် PDF မေတ္တာရပ်ခံ
- မိုင်းယော်မှာ စစ်ကောင်စီနဲ့ညီနောင်မဟာမိတ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေ၊ စစ်ကောင်စီ လေယာဉ်အသုံးပြုတိုက်ခိုက်
- ကေအဲန်ယူ-ဖားအံမြို့နယ်မှ မြို့နယ်အတွင်းရှိ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရည်ညွှန်းသည့် ကြေငြာချက်ထုက်ပြန်
- တိုက်ပွဲတွင်သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်း ၄၀ ကျော်ကို ပြန်လည်သယ်ထုတ်
- တနိုင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေတိုက်ခိုက်သိမ်းယူ
- စစ်ကောင်စီတပ်၏ လက်နက်နှင့် ရိက္ခာသယ်ယူနေသော တံတားတစ်စင်း ဖောက်ခွဲခံရ (ရုပ်သံ)
- သန်လျင်မြို့ အကြမ်းဖက်စစ်တပ်ဒေါက်တိုင် ရဲမှူးဟောင်း ခရိုင်ကော်မရှင်ဥက္ကဌ၊သန်လျင်မြို့စစ်မူထမ်းဟောင်းဥက္ကဌကျော်မိုးကြည် နေအိမ်၌ ဗုံးပေါက်ကွဲခဲ့ကြောင်းသိရ
- ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း တစ်လတာတိုက်ပွဲသတင်း
- စစ်ကောင်စီနှင့် ပျူစောထီးများ ဖမ်းဆီးသွားသော ကလေးမြို့ခံတစ်ဦး သေဆုံး
- စစ်ကား ခုနစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ၊ တပ်သား ၃၀ ထိခိုက်ဒဏ်ရာရ
- စေတုတ္ထရာမြို့နယ်၊ လက်ဖွဲဆိုင် ကျေးရွာအနီးရှိ စစ်တပ်ပိုင် MyTel တာဝါတိုင်အား LSRPDF မှ မြေပေါ် ဖြိုလှဲဖျက်ဆီး
- ပုသိမ်မြို့မှာ ရဲနဲ့ကညနပေါင်းပြီးဖမ်းဆီးခံထားတဲ့နိုင်ငံရေးအကျဥ်းသားတွေရဲ့ ဆိုင်ကယ်တွေကို ရောင်းစားနေ
- ဆောမြို့နယ် ကြားကာလပြည်သူ့ရဲတပ်ဖွဲ့ဖွဲ့စည်း
ဘုရားသုံးဆူမှာ စွန့်ပစ်အသားလုံးကောက်စားမိတဲ့ ကလေးငယ် (၁၆) ဦး ဆေးရုံတက် ကုသခဲ့ရ Posted: 08 Feb 2022 09:32 AM PST ဓာတ်ပုံ - စျေးကွက်အတွင်း ရောင်းချနေတဲ့ယိုးဒယားနိုင်ငံထုတ်အသားလုံးများဘုရားသုံးဆူ၊ ဖေဖော်ဝါရီ ၈ ဘုရားသုံးဆူမြို့နယ်မှာ စွန့်ပစ်ထားတဲ့ ထိုင်းထုတ်အသားလုံးတွေကို ကောက်ယူစားသုံးမိတဲ့ ကလေးအရွယ် ၁၆ ဦးဆေးရုံပို့ဆောင်ကုသပေးခဲ့ရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ကျေးရွာအမှိုက်ပုံးတစ်ခုမှာ စွန့်ပစ်ထားတဲ့ ထိုင်းနိုင်ငံထုတ်အသားလုံးအထုတ်တွေကို ကောက်ယူကြော်စားခဲ့တဲ့ ကလေးငယ် ၁၆ ဦး အသက်ရှုကြပ်ကာ ဆေးရုံတင်ခဲ့ရတာလို့ |
Posted: 08 Feb 2022 09:28 AM PST ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာကို ဖန်တီးခွင့်အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို ထူထောင်ရန်ကတိပိုင်းဖြတ်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။NUG အစိုးရအဖွဲ့အစည်းအဝေးကို ယနေ့(ဖေဖော်ဝါရီ ၈ ရက်) နံနက်ပိုင်းတွင် ကျင်းပရာ ယာယီသမ္မတက မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့ကာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ |
Posted: 08 Feb 2022 09:26 AM PST စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ပုလဲလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကားများ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုများနိုင်ကြောင်း ဒေသတွင်းညီနောင်မဟာမိတ်ပူးပေါင်းအဖွဲ့များကယနေ့ညတွင် သတင်းထုတ်ပြန်သည်။ယနေ့ (ဖေဖော်ဝါရီ၈ ရက်နေ့ )နေ့လယ် ၂နာရီအချိန်ခန့်က ယင်းမာပင်-ပုလဲ လမ်းပိုင်း အရှေ့မှ အနောက်သို့ မောင်းနှင်လာသော အကြမ်းဖက်စစ်အုပ်စု ယာဉ်အား CGYDF နှင့် Yinmarbin Local PDF၊ MTOF၊ Triple Two၊ SRDF၊ |
တော်လှန်ရေးတပ်ဖွဲ့များ၏ လက်နက်သိုလှောင်ရုံများကို စစ်တပ်က GPS သုံး၍ လိုက်ဖမ်းဆီးနေ Posted: 08 Feb 2022 07:14 AM PST ရန်ကုန်၊ ဖေဖော်ဝါရီ (၈)ရန်ကုန်မြို့၊ တောင်ဥက္ကလာနှင့် မြောက်ဒဂုံမြိုနယ်ရှိ တော်လှန်ရေးအင်အားစုများ၏ လက်နက်သိုလှောင်သည့် နေရာ (၂) ခုကိုအကြမ်းဖက်စစ်တပ်က GPS အသုံးပြု၍ ဝင်ရောက်စီးနင်းခဲ့သည်ဟု တော်လှန်ရေးအဖွဲ့ဝင်များထံက သိရသည်။ယခင်က ဖမ်းမိသည့်သူများကို ဖုန်းဆက်ချိန်းဆိုခိုင်းကာ လက်နက်သိုလှောင်သည့်နေရာများကို စစ်ကောင်စီက လိုက်လံဖော်ထုတ်ခဲ့ခြင်း ဖြစ်သော်လည်း ယခုနည်းလမ်းပြောင်းလိုက်ခြင်း ဖြစ်သည်။"အခုလူမ |
စကစခန့် သတင်းပေးဒလန်အုပ်ကြီး ပစ်သတ်ခံရ Posted: 08 Feb 2022 07:10 AM PST ပုံစာ - KRF ၏ ထုတ်ပြန်ချက်၊ စာအမှတ် - ၈/၂၀၂၂။ကျိုက်ထို၊ ဖေဖော်ဝါရီလ ၈ ရက်ယနေ့ညနေ ၅:၄၅ အချိန်တွင် ကျိုက်ထိုမြို့ ဘိုရားကြီးကျေးရွာ စကစခန့် အုပ်ချုပ်ရေးမှူး ဦးခင်ထွန်းအား ကော့ထင်းကျေးရွာ သင်္ချိုင်းကုန်းရှေ့တွင် KRF မှ စစ်ရေးပစ်မှတ်ထား သုတ်သင်ခဲ့တယ်လို့ သိရသည်။ တစ်ဆက်တည်းမှာပင် တခြား ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများလည်း စကစအလိုကျ မလုပ်ဆောင်ရန်နှင့် ပြည်သူနဲ့အတူ ပူးပေါင်းပါဝင် နုတ်ထွက်ကြရန် |
Posted: 08 Feb 2022 06:58 AM PST မင်းလှ၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၂။ပဲခူတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ပုအုပ်စု အုပ်ချုပ်ရေးမှူး ဝင်းနိုင်အား ၎င်းနေထိုင်ရာ ကျွဲတဲကုန်းကျေးရွာတွင် သေနတ်ဖြင့် ဘယ်ဘက်ရင်အုံ ကိုနှစ်ချက်ပစ်ခတ်ခဲ့ကြောင်း မင်းလှပြည့်သူကာကွယ်ရေးတပ်-MH.PDF ထံကသိရသည်။ပစ်ခတ်မှုကို ဖေဖော်ဝါရီလ ၆ ရက်နေ့ည ၇ နာရီခန့်က ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အပေါင်းအပါများက လေသေနတ်ဖြင့်ပြန်လည်ပစ်ခတ်ခဲ့ခြင်းကြောင့် |
Posted: 08 Feb 2022 06:56 AM PST ဓါတ်ပုံ- CNDF ဘက်မှကျဆုံးတပ်ဖွဲ့ဝင်ဆလိုင်းလားတန်ပီးကလေး၊ ဖေဖာ်ဝါရီ ၈၊ ၂၀၂၂။ကလေးတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့နှင့် ၇ ရက်နေ့များတွင် ထိတွေ့တိုက်ပွဲ ၄ ကြိမ်မြောက်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား ၃၇ ဦးသေဆုံးခဲ့ပြီး CNDF မှ ၁၉နှစ်အရွယ် တပ်ဖွဲ့ဝင် ဆလိုင်းလားတန်ပီး ကျဆုံးခဲ့ခြင်းဖြစ်သည်။ဖေဖော်ဝါရီလ ၆ ရက်နေ့ ကလေးနည်းပညာတက္ကသိုလ်ဘက်မှ ကလေးမြို့ဘက်သို့ ဦးတည်ထွက်ခွါလာပြီး ဇင်းကလင်းရွာနှင့် ချင်းဆိုင်ရွာအကြား |
ဆိပ်ခွန်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်၍ ဝင်ရောက်စီးနင်း၊ ဒေသခံများထွက်ပြေးနေရ Posted: 08 Feb 2022 06:53 AM PST ရွှေဘို၊ ဖေဖော်ဝါရီ (၈)စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ဆိပ်ခွန်ရွာကို ယနေ့ မနက်ပိုင်းတွင် စစ်ကောင်စီနှင့် ပျူစောထီးများက လက်နက်ကြီးများ ပစ်ခတ်ကာ ဝင်ရောက်စီးနင်း နေကြောင်း ဒေသခံများထံက သိရသည်။ယနေ့ ဖေဖေါ်ဝါရီ (၈)ရက် မနက်(၇)နာရီခန့်က စ၍ ထိုကဲ့သို့ ဝင်ရောက်စီးနင်းနေခြင်းဖြစ်ကြောင်း သိရသည်။"မနက် (၇) နာရီထဲက ပစ်ပြီးဝင်လာတယ်။ ရွာထဲကဆန်စက်တွေမှာလည်း တပ်ဆွဲထားတယ်။ အခုတော့တစ်ရွာလုံး ဝရုန်းသုန်းကားပြေး |
စစ်ယာဉ်တန်းကို ရှေ့ထွက်မိုင်းများဖြင့်တိုက်ခိုက်၊ သုံးဦးပွဲချင်းပြီးသေ Posted: 08 Feb 2022 06:49 AM PST ရွှေဘို၊ ဖေဖော်ဝါရီ ၈ရွှေဘိုဖက်သို့ဦးတည်မောင်းနှင်လာသည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ရှေ့ထွက်မိုင်းများဖြင့်တိုက်ခိုက်ခဲ့ခြင်းကြောင့် အကြမ်း ဖက်စစ်ကောင်စီလက်ပါးစေ သုံး ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း နေလစကြာ်(ရွှေဘို) PDF က ဖေဖော်ဝါရီ ၈ ရက်တွင်သတင်းထုတ်ပြန်သည်။ ရွှေဘို - ကျောက်မြောင်းလမ်းပိုင်း၊ ကျောက်မြောင်းဘက်မှ ရွှေဘိုဘက်သို့မောင်းနှင်လာသည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ဖေဖော်ဝါရီ ၇ ရက် |
Posted: 08 Feb 2022 06:47 AM PST ဖေဖေါ်ဝါရီ ၈စစ်ကိုင်းမြို့နယ်အတွင်း စစ်ကိုင်း-ရွှေဘိုကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ၁၂ဘီးကားတစီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ဆားတောင်မြို့ ညောင်ငုပ်တိုရွာအနီးကို တောနင်းခဲ့ပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၄၀ခန့်က ဒိုင်နာတစီးနှင့် အိမ်စီးကား၄စီး အသုံးပြုပြီး ဆားတောင်အရောက်မှာ ၁၂ဘီးကားပြောင်းပြီး စစ်ကိုင်းဘက်ထွက်လာရာ ယနေ့ဖေဖေါ်ဝါ |
တာမွေက Mytelရုံး ဖောက်ခွဲခံရ Posted: 08 Feb 2022 06:37 AM PST ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်ဖြစ်သော Mytel Show Room ကို ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း ဗမာ့လူငယ်ကွန်ရက် (မြို့ပြပျောက်ကြားစစ်)အဖွဲ့က ထုတ်ပြန်သည်။ယနေ့(ဖေဖော်ဝါရီ ၈ရက်) နံနက် ၅နာရီခွဲခန့်တွင် Mytel Show Room ကိုဖောက်ခွဲခဲ့သည့် ဖြစ်စဥ်ကြောင့် မီးစက်တစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း ကနဦးသိရသည်ဟု ဆိုသည်။"လမ်းတွေပိတ်ပြီး အကြမ်းဖက်စစ်တပ်က စစ်ဆေးတယ်။ပြီးတော့ |
အမရပူရတွင် အသက်(၅၀)ဝန်းကျင် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာ ခုနှစ်ချက်ဖြင့် သေဆုံးနေ၊ Posted: 08 Feb 2022 06:34 AM PST ဖေဖေါ်ဝါရီ - ၈မန္တလေးမြို့၊ အမရပူရမြို့နယ် ယက္ကန်းတော်ရပ်နေ အသက်(၅၀)ဝန်းကျင်အရွယ် အမျိုးသား ခန္ဓာကိုယ်အနှံ့ သေနတ်ဒဏ်ရာ ခုနှစ်ချက် ရရှိကာ သေဆုံးခဲ့ကြောင်း စစ်ကောင်စီ ရဲအသိုင်းအဝိုင်းက ဆိုသည်။ယနေ့ ဖေဖေါ်ဝါရီ(၈)ရက် မနက်(၇)နာရီဝန်းကျင်က အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမူရွာ၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၆၁/၄)အနီးတွင် အထက်ပါအတိုင်း သေနတ်ဒဏ်ရာ ခုနှစ်ချက်ဖြင့် သေဆုံးနေသည့် အမျိုးသားကို တွေ့ရှိ |
Posted: 08 Feb 2022 06:30 AM PST ဖေဖော်ဝါရီ - ၈ မန္တလေး - မတ္တရာ - မိုးကုတ်လမ်း၌ စစ်ကောင်စီတပ်ဆွဲထားသော နေရာများတွင် ပြည်သူများအနေဖြင့် အဝေးဆုံးနေကြရန် မတ္တရာပြည်သူ့ကာကွယ်ရေးတပ်က ပြောသည်။ အဆိုပါ လမ်းနေရာများတွင် မတ္တရာ ပြည်သူ့ကာကွယ်ရေးတပ်က စစ်ကောင်စီယာဉ်တန်းနှင့် ဂိတ်ချထားသောနေရာများကို တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း PDF က ဆိုသည်။" ခုနောက်ပိုင်းခပ်စိပ်စိပ် တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်သွားမှာမို့လို့ မေတ္တာရပ်ခံ |
Posted: 08 Feb 2022 06:24 AM PST ဓာတ်ပုံ - ရွှေဖီမြေဖေဖော်ဝါရီလ ၈ ရက်၊ မိုင်းယော်မနေ့ ဖေဖော်ဝါရီ ၇ရက်နေ့ကနေ စတင်ဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ညီနောင်မဟာမိတ်အဖွဲ့ဖြစ်တဲ့ AA၊MNDAAဝTNLAတို့ တိုက်ပွဲဟာ ဒီနေ့ ဖေဖော်ဝါရီလ ၈ ရက်ထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။အဲတိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဉ်ပျံ ၂စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။"အသံစထွက်တာကတော့ မနက် ၉နာရီကျော်မှာ စထွက်တယ်။ နေ့လည်ပိုင်းကျတော့ လေယာဉ် ၂စီးနဲ့ |
Posted: 08 Feb 2022 06:20 AM PST ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၈ရက်၊ သထုံခရိုင်။ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်-ဖားအံမြို့နယ်မှ မြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရည်ညွှန်းသည့် ကြေငြာချက် တစ်စောင်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့ ရက်စွဲဖြင့် ထုက်ပြန်ကြေငြာလိုက်သည်။ကြေငြာထုက်ပြန်ရခြင်း၏ ရည်ရွယ်ချက်မှာ မြို့နယ်အတွင်း ရှိနေသော စစ်ကောင်စီ လက်အောက်ခံ စစ်ဖက်၊ အရပ်ဖက် ဝန်ထမ်းများအားလုံး ပြည် |
တိုက်ပွဲတွင်သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်း ၄၀ ကျော်ကို ပြန်လည်သယ်ထုတ် Posted: 08 Feb 2022 06:14 AM PST ဖားကန့် - ဖေဖော်ဝါရီ ၈၊ ၂၀၂၂။ ဖားကန့်မြို့နယ်၊ မနော့မှော်နှင့် ကပ်မှော်ကျေးရွာအနီးဖြစ်ပွားခဲ့သော တိုက်ပွဲတွင် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်၏ ရုပ်အလောင်းကို ယမန်နေ့ နေ့လယ်က စစ်ကောင်စီတပ်ဖွဲ့များ သယ်ထုတ်သွားကြောင်း သိရသည်။လေးရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့သောနေရာမှ ရာထူးကြီးပိုင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းကို သယ်ထုတ်သွားပြီး တပ်သားများကို ထိုနေရာတွင်သာ မြေမြုပ်ခဲ့သည်ဟု ခိုင်လုံ |
တနိုင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေတိုက်ခိုက်သိမ်းယူ Posted: 08 Feb 2022 06:11 AM PST တနိုင်း - ဖေဖော်ဝါရီ ၈ ၊ ၂၀၂၂။တနိုင်းမြို့နယ် နမ်ကောမ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ဖေဖော်ဝါရီ ၆ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။ကေအိုင်အေ တပ်ရင်း ၁၄ နယ်မြေ နမ်ကောမ်ကျေးရွာရှိ တပ်စခန်းကို ၂၀၁၈ ခုနှစ်တွင် စစ်ကောင်စီက သိမ်းပိုက်ခဲ့ရာမှ ပြန်လည်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ကချင်လွတ်မြောက်ရေးတပ် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က The |
စစ်ကောင်စီတပ်၏ လက်နက်နှင့် ရိက္ခာသယ်ယူနေသော တံတားတစ်စင်း ဖောက်ခွဲခံရ (ရုပ်သံ) Posted: 08 Feb 2022 06:10 AM PST ဖေဖော်ဝါရီ ၈ရေးမြို့နယ်၊ တောင်ဘုံကျေးရွာအနီး ရန်ကုန်-ရေး-ထားဝယ် ရထားလမ်းပိုင်းမှ တံတားတစ်စင်းအား ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့ - MSRU မှ မိုင်းခွဲဖျက်စီးခဲ့ကြောင်း သိရသည်။အဆိုပါတံတားသည် အကြမ်းဖက်စစ်ကောင်တပ်၏ လက်နက်နှင့် ရိက္ခာသယ်ယူနေသော တံတားဖြစ်ကြောင်း ဒေသခံများတဆင့်သိရသည်။PDF Newsflash |
Posted: 08 Feb 2022 06:07 AM PST ဖေဖော်ဝါရီလ ၈ရက်နေ့ ၂၀၂၂သန်လျင်မြို့ ယနေ့ည ၇နာရီ၅၀မိနစ်အချိန်တွင် အကြမ်းဖက်စစ်တပ်ဒေါက်တိုင် ရဲမှူးဟောင်း ခရိုင်ကော်မရှင်ဥက္ကဌ၊သန်လျင်မြို့စစ်မူထမ်းဟောင်းဥက္ကဌ၊ ပျူစောထီးများကို လှိုဝှက်ထောက်ပံပေးနေသူ ကျော်မိုးကြည် (ကျိုက်ခေါက်ဘုရားဂေါပကအယောင်ဆောင်) ၏နေအိမ်၌ ဗုံးပေါက်ကွဲမူဖြစ်ခဲ့ကြောင်းသိရပါသည်။ အဆိုပါပေါက်ကွဲမူကို Urban Guerrilla Force - U.G.F Thanlyin မှာပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရပါသည်။Thanlyin |
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း တစ်လတာတိုက်ပွဲသတင်း Posted: 08 Feb 2022 06:04 AM PST ၈ ဖေဖော်ဝါရီ ၂၀၂၂ ကေအဲန်ယူ - ဗဟို၂၀၂၂ ခုနှစ် ဇန်နဝါရီလ တစ်လတာတွင် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နှင့် အာဏာသိမ်း စစ်ကောင်စီတပ် ၊ နယ်ခြားစောင့်တပ် BGF တို့အကြား ထိတွေ့ပစ်ခတ်မှုပေါင်း (၄၃၅) ကြိမ် ဖြစ်ပွားခဲ့ကာ အာဏာသိမ်း စစ်ကောင်စီ၏ တပ် နှင့် နယ်ခြားစောင့်တပ် BGF တို့ဘက်မှ (၃၉၉) ယောက် |
စစ်ကောင်စီနှင့် ပျူစောထီးများ ဖမ်းဆီးသွားသော ကလေးမြို့ခံတစ်ဦး သေဆုံး Posted: 08 Feb 2022 05:56 AM PST ဖေဖော်ဝါရီ ၈၊ ၂၀၂၂။ စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ ဖမ်းဆီးခေါ်ဆောင်သွားသည့် ကလေးဒေသခံ ပြည်သူတစ်ဦး စစ်ကြောရေးတွင် သေဆုံးသွားသည်ဟု ဒေသခံပြည်သူများထံမှ သိရသည်။"ပြန်လွှတ်တယ် ထင်တာ မလွှတ်ဘဲနဲ့ စစ်တပ်စစ်ကြောရေးကို ခေါ်သွားပြီး စစ်ကြောရေးမှာ ကျတယ်ပေါ့နော်။ အိမ်ကိုတော့ အလောင်းပြန်ထုတ်ခိုင်းတယ်" ဟု ဒေသခံတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။အောင်ဇေယျရပ်ကွက်တွင် |
စစ်ကား ခုနစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ၊ တပ်သား ၃၀ ထိခိုက်ဒဏ်ရာရ Posted: 08 Feb 2022 05:54 AM PST Video Credit -Thaton People's Guerillasဖေဖော်ဝါရီ ၈၊ ၂၀၂၂။မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ကမာဆိုင်ကွက်သစ်ကျေးရွာအနီးတွင် စစ်ကောင်စီယာဉ်တန်း ခုနစ်စီးကို မိုင်းကြီး သုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲသည်ဟု သထုံပြည်သူ့ပြောက်ကျားတပ်ဖွဲ့ဝင်များ (Thaton People's Guerillas) က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ဘီးလင်းပြည် |
Posted: 08 Feb 2022 05:45 AM PST ပုံ - ယခင်ပုံအဟောင်းအား အသုံးပြုထားပါသည်။ဖေဖော်ဝါရီ ၈ ရက်မကွေးတိုင်းဒေသကြီး၊ စေတုတ္ထရာမြို့နယ် လက်ဖွဲဆိုင် ကျေးရွာအနီးရှိ စစ်တပ်ပိုင် MyTel တာဝါတိုင်အား ဖေ ဖော်ဝါရီလ ၅ ရက်နေ့ နေ့လည် ၃ နာရီအချိန်က LSRPDF မှ မြေပေါ် ဖြိုလှဲဖျက်ဆီးခဲ့ကြောင်း LSRPDF က သတင်းထုတ်ပြန်ထားသည်။LSRPDF မှာ မကွေးတိုင်း၊ဆောမြို့နယ်၊ လောင်းရှည်မြို့အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး ၎င်းတို့အ နေဖြင့် စစ်တပ် |
ပုသိမ်မြို့မှာ ရဲနဲ့ကညနပေါင်းပြီးဖမ်းဆီးခံထားတဲ့နိုင်ငံရေးအကျဥ်းသားတွေရဲ့ ဆိုင်ကယ်တွေကို ရောင်းစားနေ Posted: 08 Feb 2022 05:44 AM PST ပုသိမ်၊ ဖေဖော်ဝါရီ ၈ ရက်ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင့်မှုကြောင့် ဆိုင်ကယ်နဲ့အတူဖမ်းဆီးခံထားရတဲ့ သူတွေရဲ့ဆိုင်ကယ်တွေကို ရဲနဲ့ကညနပေါင်းပြီးလိုင်စင်၀င်ကာရောင်းစားနေတယ်လို့ ကညနရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းထံမှ သိရပါတယ်။"လိုင်စင်တစ်ခါ၀င်ရင် ၁၀စီးလောက်လာ၀င်တယ်။ ကညနရုံးကို ရဲတွေကိုယ်တိုင်အရပ်၀တ်တွေနဲ့စီးလာတာ ပြီးရင်ပွဲစားကတစ်ဆင့်ရောင်းစားနေတာ။ ရဲနဲ့ကညန ဝေစားနေကြတာ"လို့ ကညနရုံးနဲ့ |
ဆောမြို့နယ် ကြားကာလပြည်သူ့ရဲတပ်ဖွဲ့ဖွဲ့စည်း Posted: 08 Feb 2022 05:43 AM PST မဲခေါင်၊ ဖေဖော်ဝါရီ ၈မကွေးတိုင်း၊ ဆောမြို့နယ်တွင် ကြားကာလပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းကြောင်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ကြေညာသည်။မြို့နယ်အတွင်း ဥပဒေမဲ့လုပ်ရပ်များအတွက် အပြစ်ပေးအရေးယူနိုင်ရန် CDM ရဲဝန်ထမ်းများဖြင့် ဖွဲ့စည်းခြင်းဖြစ်ပြီး ပြည်သူ့လုံခြုံရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။MeKong News - မဲခေါင်သတင်း |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.