Tuesday, March 1, 2022

သစ်ထူးလွင်

သစ်ထူးလွင်


ယင်းမာပင်မှာ စစ်တပ်က ဒေသခံ ၈ ဦးကိုသတ်ပြီး၊ ၃ ဦးကို ဖမ်းဆီးသွား

Posted: 28 Feb 2022 10:02 AM PST

ယင်းမာပင်၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ယင်မားပင်မြို့နယ်၊ ချင်းပုန်းရွာက ဒေသခံအချို့ကို  ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်မှာ စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး၊ အချို့ဒေသခံတွေကိုတော့ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၁ ဦး စုစုပေါင်း ၈ ဦးကိုသတ်ဖြတ်ခဲ့တာဖြစ်ပြီး၊ အမျိုးသား ၃ ဦးကိုတော့ ဓားစာခံအဖြစ်ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရသူတွေရဲ့ နောက်ဆက်တွဲအခြေနေတွေကိုတော့ မသိရ

ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ တိုက်ခိုက်ပြီး မီးရှို့နေ

Posted: 28 Feb 2022 10:00 AM PST

ဓါတ်ပုံ - ယင်းမာပင်မြိုနယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ယင်းမာပင်၊ ဖေဖေါ်ဝါရီ၂၈၊၂၀၂၂။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲကကျေးရွာတွေကို စစ်ကောင်စီက ဖေဖေါ်ဝါရီ ၂၈ရက် ဒီနေ့မနက်မှာ ရဟတ်ယာဥ်တွေနဲ့လိုက်လံပစ်ခတ်ကာ ကျေးရွာတွေကို မီးရှို့ဖျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ကျောက်ပြုတ်ရွာ ဝါးစိမ်းတောင်ဒေသနဲ့ သပြေအေးကျေးရွာကို Mi35 ၂စီး၊ ရိုးရိုးရဟတ်ယာဥ်၂စီးနဲ့ ပစ်ခတ်ပြီးမှ သပြေအေးရွာနဲ့ ချင်းပုန်းရွာကို

မုံရွာမြို့နယ်အတွင်း စစ်ကောင်စီကားများနှင့် နီးကပ်စွာသွားလာခြင်းမပြုရန် နယ်ခံ PDF သတိပေး

Posted: 28 Feb 2022 09:57 AM PST

ဓာတ်ပုံ- မုံရွာအခြေစိုက် MPDF တပ်ဖွဲ့ဝင် တစ်ဦးမုံရွာ၊ ဖေဖော်ဝါရီ၂၈မုံရွာမြို့နယ်အတွင်းသို့ အကြမ်းဖက် စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာခြင်းကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့နှင့် နီးကပ်စွာသွားခြင်း မပြုကြရန် Monywar People Defence Force-MPDF က ယနေ့ထုတ်ပြန်သည်။အကြမ်းဖက်စစ်ကောင်စီတပ်သားများပါသည့် ကားများနှင့်၎င်းတို့နှင့် ဆက်နွယ်သည့် ဆီဘောက်ဆာကားများ၊ ရိက္ခာကားများသည် ချောင်းဦး-မုံ

အမြန်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီထောက်ပို့ယာဥ် မိုင်းဆွဲတိုက်ခိုက်ခံရ

Posted: 28 Feb 2022 09:44 AM PST

မန္တလေးမြို့အနီး ရန်ကုန်-မန္တလေး အမြန်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့ ယာဥ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F)က သတင်းထုတ်ပြန်သည်။ယနေ့(ဖေဖော်ဝါရီလ ၂၈ ရက်)နံနက် ၁၁နာရီ ၅၀မိနစ်အချိန်က ရန်ကုန်-မန္တလေး(အမြန်လမ်း) အတိုင်း အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့ယာဥ် တစ်စီးသည် မန္တလေးသို့ဦးတည် မောင်းနှင်သွားကြောင်း သတင်းရရှိ သောကြောင့် အမြန်လမ်းမိုင်တိုင် ၃၃၃

ပိန်းကန်ရဲစခန်းတိုက်ခိုက်ခံရမှု စစ်​ကောင်စီတပ်သား ၂၀ခန့်​သေဟု ခရမ်းPDF ​ပြော

Posted: 28 Feb 2022 09:43 AM PST

(ခရမ်းမြို့တွင် ပြီးခဲ့သည့် ၂၀၂၁ ​ဖေ​ဖော်ဝါရီက စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြသူများအား ဖြိုခွင်ရန်ပြင်ဆင်​နေ​သော စစ်​ကောင်စီတပ်သားများကို ​တွေ့ရစဥ်)ခရမ်းမြို့နယ် ပိန်းကန်ရဲစခန်းတိုက်ခိုက်မှုနှင့် ယင်းနေရာသို့ စစ်ကူလာသည့် အကြမ်းဖက်စစ်ကောင်စီကားများကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ခန့်​သေဆုံးကြောင်း ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယ​နေ့(ဖေဖော်ဝါရီ ၂၈

ဝက်လက်နှင့် အရာတော်တွင် စစ်အုပ်စုကို နှစ်ကြိမ် မိုင်းဆွဲရာ ဒု-အရာခံဗိုလ် အပါအဝင် စကစ (၇)ဦးသေ

Posted: 28 Feb 2022 09:40 AM PST

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း သောင်းကျန်းနေသော စကစများကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဉ်/Photo - Sဖေဖေါ်ဝါရီ - ၂၈စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နှင့် အရာတော်မြို့နယ်တွင် ယနေ့ မနက်ပိုင်းက စစ်အုပ်စုကို နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ဒု-အရာခံဗိုလ်အဆင့်နှင့် တပ်ကြပ်အဆင့် အပါအဝင် စကစ (၇)ဦး သေကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ - တပ်ရင်း(၁)က သတင်းထုတ်ပြန်သည်။ယနေ့ ဖေဖေါ်ဝါရီ(၂၈)

မတ္တရာမြို့ပေါ် ညအချိန် လှည့်ပတ်သောင်းကျန်းနေသော စကစများ မိုင်းဆွဲတိုက်ခိုက်ခံရ၊

Posted: 28 Feb 2022 08:54 AM PST

ဖေဖေါ်ဝါရီ - ၂၈မန္တလေးတိုင်း မတ္တရာမြို့ ကျေးလက်ဖွံ့ဖြိုးရေးရုံးအနီး၌ ယနေ့ ညပိုင်းတွင် စကစများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။ယနေ့ ဖေဖေါ်ဝါရီ(၂၈)ရက် ည(၈)နာရီခွဲဝန်းကျင်က မတ္တရာမြို့ ကျေးလက်ဖွံ့ဖြိုးရေးရုံးအနီး  စကစတပ်ဖွဲ့ဝင် (၁၀)ဦးကျော် ရှိနေသော မန်ကျည်းသုံးပင် စကစစစ်ဆေးရေးအဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရခြင်းဟု ဆိုသည်။မတ္တရာမြိုက

အိမ်ရှေ့ပြင်မီးပွိုင့်အနီး အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေပစ်သတ်

Posted: 28 Feb 2022 08:50 AM PST

ဓာတ်ပုံ - အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်(ပုံဟောင်း)တနင်္သာရီတိုင်းမ်၊ ဖေဖော်ဝါရီ ၂၈ ထားဝယ်မြို့နယ်၊ အိမ်ရှေ့ပြင်ကျေးရွာမှာ  ဆိုင်ကယ်စီးလာသူအမျိုးသားတစ်ဦးကို စစ်တပ်ကပစ်သတ်လိုက်တယ်လို့သိရပါတယ်။ ဖေဖော်ဝါရီလ ၂၅ ရက် ည သန်းခေါင်ကျော် ၁ နာရီ ဝန်းကျင်လောက်မှာ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်ကိုဆိုင်ကယ်နဲ့ ဖြတ်နေစဥ် ဂိတ်မှာရှိနေတဲ့စစ်ကောင်စီတပ်သားတွေက ပစ်သတ်လိုက်တာလို့ရွာခံတွေကပြောပါတယ်။ "သေနတ်အတွဲလိုက်ပစ်သံကြားတယ်

ဆောမြို့နယ်နှင့် ကန်ပက်လက်မြို့နယ်ကြားတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား အနည်းဆုံး (၁၀) ဦးသေဆုံး

Posted: 28 Feb 2022 08:48 AM PST

ဖေဖော်ဝါရီ ၂၈ဆောမြို့နယ်၊ ဆွဲလွဲကျင်းရွာနှင့် ကန်ပက်လက်မြို့နယ်၊မဆာတွီကျေးရွာအကြားတွင် ယနေ့ နံနက် ၈ နာရီခွဲခန့်မှစ၍ ညနေ ၄ နာရီအထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF Kanpetlet နှင့်အကြမ်းဖက်စစ်ကောင်စီတို့တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ အနည်းဆုံး (၁၀) ဦးခန့်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြကြောင်းသိရသည်။အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် အဆိုပါသေဆုံးသောစစ်ကောင်စီတပ်သားအလောင်းများအား လမ်းဘေးရှိတဲအိမ်

တိုက်ကြီးမှာ ဆိုင်ကယ်စီးလာသူနှစ်ဦးကို စစ်တပ်က ပစ်ခတ် တစ်ဦးသေ၊ တစ်ဦးဖမ်းဆီးခံရ

Posted: 28 Feb 2022 08:46 AM PST

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့၊ ၂၀၂၂ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက လုံခြုံရေးလှည့်ကင်းကားနောက်က ဆိုင်ကယ်စီးလာသူနှစ်ဦးကိုစစ်တပ်ပစ်ခတ်ခဲ့ရာ တစ်ဦးသေပြီးတစ်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။တိုက်ကြီးမြို့နယ် ဗောဓိကုန်းရပ်ကွက် အာဂမ ၂ လမ်းထိပ်မှာ  ဒီကနေ့ မနက် ၁၀ နာရီ ၄၅ မိနစ်က လှည့်ကင်းကားနောက်မှ ဆိုင်ကယ်စီးလာသူနှစ်ဦးကို စစ်တပ်က ပစ်ခတ်ခဲ့တာလို့ မြို့ခံတစ်ဦးက ပြော

ချင်းပုန်းရွာရှိစစ်သားများထွက်ခွာသွားပြီးနောက် သေဆုံးအလောင်းများတွေ့ရပြီး ကလေးငယ်တချို့လည်း ပျောက်ဆုံးနေ

Posted: 28 Feb 2022 08:41 AM PST

ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။ယင်းမာပင်မြို့နယ် ချင်းပုန်းရွာတွင် တပ်စွဲထားသော စစ်သားများကို ယနေ့နံနက်၁၁နာရီခွဲကျော်အချိန်၌ ထွက်ခွာသွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။အဆိုပါစစ်သားများအား နမခမှ MI-35 ၂စီးနှင့် ချင်းပုန်းရွာ၌ ရှိနေသည့် လေယာဉ်၂စီး စုစုပေါင်း လေယာဉ် ၄စီးဖြင့် တပ်ဖွဲ့ဝင်များကိုခေါ်ထုတ်သွားသည်ဟု သိရသည်။"ဒီမနက်မှာ သူတို့လာတုန်းကအတိုင်းပဲ လေယာဥ်နဲ့အရင်ဆုံး ပစ်ခတ်ရှင်းလင်းမှုတွေလုပ်ပြီး

သပြေအေးကျေးရွာကို လေကြောင်းမှပစ်ခတ်ပြီးနောက် ဘုန်းကြီးကျောင်းအပါအ​ဝင် အိမ်များကိုစစ်တပ်ကမီးရှို့ဖျက်​ဆီး

Posted: 28 Feb 2022 08:40 AM PST

ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။  စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာ၊ကျောက်ပြုတ်ကျေးရွာနှင့်ဝါးစိမ်းတောင်ဒေသကိုယနေ့နံနက်တွင် စစ်အကြမ်းဖက်အုပ်စုက mi35၂စီး ရိုးရိုးရဟက်ယာဥ်၂စီးစုစုပေါင်း၄စီးဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ထို့နောက် သပြေအေးကျေးရွာကိုအင်အား(၆၀)ဝန်းကျင်ဖြင့် ကျေးရွာဘုန်းကြီးကျောင်းအပါအဝင် ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်ဟု သိရသည်။" ချင်းပုန်းရွာကနေခေါ်သွားတဲ့

ယင်းမာပင်တွင် သင်တန်းဆင်းပွဲပြုလုပ်စဉ် စစ်ကောင်စီ လေယာဉ်အသုံးပြု တိုက်ခိုက်၊ လူငယ် ၁၀ ဦး သေဆုံး

Posted: 28 Feb 2022 08:34 AM PST

မဲခေါင် ၊ ဖေဖော်ဝါရီ ၂၈ ရက် ယင်းမာပင်မြို့နယ်၊ သပြေအေးကျေးရွာ၊ ကျောက်ပြုတ်ရွာနှင့် ဝါစိမ်းတောင်ဒေသအား အကြမ်းဖက် စစ်ကောင်စီတပ် မှ ဖေဖော်ဝါရီ ၂၆ ရက် တွင် ရဟက်ယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ထိုးစစ်ဆင်ခဲ့ကြောင်း ယင်းမာပင်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ သိရသည်။ယနေ့ ဖော်ဖော်ဝါရီ ၂၈ ရက် ညနေ ၄ နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီတပ်ဘက်မှ လေယာဥ်များနှင့် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။"ဒီကနေ့က အကြီးဆုံး

ကန်ပက်လက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးကာ ၃ ဦး ပြင်းထန်ဒဏ်ရာရ

Posted: 28 Feb 2022 08:30 AM PST

ဖေဖော်ဝါရီ ၂၈ ရက်ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း CDF(ကန်ပက်လက်) နှင့် စစ်ကောင်စီတပ်များ ယမန်နေ့က တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးကာ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း CDF (ကန်ပက်လက်)က သတင်းထုတ်ပြန်ထားသည်။ကန်ပက်လက်မြို့နယ် မောချောင်းရွာနှင့်မဆာတွီရွာအကြားတွင်ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF Kanpetlet နှင့် စစ်ကောင်စီတပ်များ အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်ပြီး CDF Kanpetlet

စစ်ကောင်စီက စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မြင့်နိုင်ကို ထောင်ဒဏ် ၂၁ နှစ်ချမှတ်

Posted: 28 Feb 2022 08:28 AM PST

ဓာတ်ပုံ - NLD ပါတီဖေဖော်ဝါရီ ၂၈ ရက်အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့ဖမ်းဆီးထိမ်းသိမ်းထားသည့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မြင့်နိုင်ကို အဂတိအမှု ၇ မှုဖြင့် ထောင်ဒဏိ ၂၁ နှစ် ချမှတ်ခဲ့ကြောင်း တရားရုံးအသိုင်းအဝိုင်းထံက သိရသည်။စစ်ကောင်စီ၏ မုံရွာအကျဥ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်မှာ အဂတိမှုများကို ၎င်းကျူးလွန်ခြင်းမရှိဟု ငြင်းဆိုခဲ့ကြောင်း သိရ

ချောင်းဦးမြို့နယ်မှ ပျူစောထီး သတင်းပေး အမျိုးသမီး (၁)ဦး သတ်ခံရ

Posted: 28 Feb 2022 08:18 AM PST

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ၊၂၈ရက်စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကုလားကြီးကျေးရွာ ပျူစောထီးအဖွဲ့ဝင် ဒေါ်စောဝင်းအားဖေဖော်ဝါရီလ၊၂၈ရက် နေ့လည် ၁၂နာရီ၅၅မိနစ်ခန့်  တွင် ဗိုလ်တောက်ပနှင့်အဖွဲ့သားများက ​‌ေသနတ်ဖြင့် သုတ်သင်ရှင်းလင်းခဲ့ကြောင်းသိရသည်။​ေသဆုံးသူ ပျူစောထီး ဒေါ်စောဝင်း မှာ ယခင်ကတောင်သူလုပ်ကိုင်ပြီး ကုလားကြီးကျေးရွာအုပ်စု ပျူစောထီးခေါင်းဆောင် စစ်ကောင်စီခန့် ကုလားကြီးကျေးရွာအုပ်ချုပ်ရေးမှူး၊ ကံ

ခရမ်းမြို့ ပိန်းကန်ရဲစခန်း ပစ်ခတ်မှုဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ မြေပြင်တွင် ၅ ဦးသေဆုံး ဆေးရုံရောက် ၁ ဦးထပ်သေဆုံး၊ သို့သော်အတည်မပြုနိုင်သေးပေ

Posted: 28 Feb 2022 08:16 AM PST

(ဖေဖော်၀ါရီ ၂၇)ခရမ်းမြို့နယ် ပိန်းကန်ကျေးရွာ ပိန်းကန်ရဲစခန်းကို ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan) မှ ယနေ့ညနေ ၃ နာရီက ၄၀ မမ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းအတွင်းမှ ရဲများ ရမ်းသမ်းပြန်လည်ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားများ နှင့် ခရမ်း-PDF တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသည်။ ထိုဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအများအပြားရှိနေပြီး ခရမ်းချန်နယ်မှ စုံစမ်းချက်

ခရမ်းမြို့ ယနေ့ ပိန်းကန်ရဲစခန်းနှင့် တမံကြီးကျေးရွာဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုစာရင်း အတည်ပြုထုတ်ပြန်ခြင်း။

Posted: 28 Feb 2022 08:14 AM PST

ခရမ်းမြို့ ယနေ့ ပိန်းကန်ရဲစခန်း ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုဖြစ်စဥ်တွင်သေဆုံး = ၅ ဦး (ရဲတပ်သားများ)(မြေပြင်သေဆုံး ၅ ဦး + ဆေးရုံရောက်သေဆုံး ၁ ဦး)။ဒဏ်ရာရ =  ၃ ဦး (၁ ဦးပြင်းထန်)။ခရမ်းမြို့ ယနေ့ တမံကြီးကျေးရွာတွင် စစ်ကားများ မိုင်းခွဲခံရယူမှုဖြစ်စဥ်တွင်သေဆုံး = ၆ ဦး (​စစ်သားများ)(မြေပြင်သေဆုံး ၄ ဦး + ဆေးရုံရောက် ၂ ဦး)။ဒဏ်ရာရ =  ၉ ဦး (၇ ဦးပြင်းထန်)(ဗျူဟာမှူးပါ၀င်)။ခရမ်းမြို့ ယနေ့ဖြစ်စဥ်

ပဝရွာပြည်သူပိုင်နေအိမ်များ မီးရှို့ဖျက်ဆီးခံရ

Posted: 27 Feb 2022 12:30 PM PST

ထားဝယ် ၊ ဖေဖော်ဝါရီလ ၂၇ ရက်မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ပဝရွာတွင် NLDပါတီရုံးနှင့် နေအိမ်သုံးဆောင်ထက်မနည်း ယနေ့မွန်းလွဲပိုင်းက မီးရှို့ဖျက်ဆီးခံရသည်။ဖေဖော်ဝါရီ(၂၇)ရက်၊မွန်းလွဲ(၁၂)နာရီခန့်က အမျိုးသားဒီမိုကရေစီNLD ပါတီရုံးနေအိမ်မှစမီးရှို့ခံရပြီး အနီးအနားရှိနေအိမ်များမီးကူး၍ ပျက်စီးသွားကြောင်း ဒေသခံတစ်ဦးကဆိုသည်။ "စစ်တပ်နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့လို့တရွာလုံးစစ်ဘေးရှောင်နေကြရ

သူရဲတောင်ရွာနှင့်ကင်းရှေ့ရွာကြား ဆက်သွယ်ထားသောတံတား မီးရှို့ဖျက်ဆီးခံရ

Posted: 27 Feb 2022 12:28 PM PST

ပုံစာ - မီးရှို့ဖျက်ဆီးခံရသောတံတားဖြစ်ပါသည်။ထားဝယ် ၊ဖေဖော်ဝါရီလ ၂၇ ရက်သရက်ချောင်းမြို့နယ်၊ သူရဲတောင်ရွာနှင့်ကင်းရှေ့ရွာကို ဆက်သွယ်ထားသော တံတားကို ဖက်ဆစ်တပ်က ယနေ့ညပိုင်းလာရောက် မီးရှို့ဖျက်ဆီးသွားသည်။ဖေဖော်ဝါရီ(၂၇)ရက်၊ ည(၈)နာရီ​ကျော်ခန့်က ဖက်ဆစ်တပ်နှင့်ပျူစောထီးတို့ရောက်လာပြီး တံတားကိုမီးရှို့ဖျက်ဆီးကာ သေနတ်ကျည်ဆက်တိုက်မိုးပေါ်ထောင်ပစ်သွားကြောင်း ဒေသခံတစ်ဦးကဆိုသည်။"အဲလမ်းကတောလမ်းဖြစ်လို့လူသွားလာ

CDM ဆရာမနေအိမ်အား ဖျက်ဆီးရန် ဦးဆောင်ခေါ်လာသူ ပျူစောထီးအဖွဲ့ဝင်တစ်ဦး ရှင်းလင်းခံရ

Posted: 27 Feb 2022 12:08 PM PST

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ၊၂၇ရက်မုံရွာမြို့နယ်၊ ထနောင်းတောမြောက်ရွာရှိ CDMဆရာမတစ်ဦး၏ နေအိမ်အား ဝင်ရောက်ဖျက်ဆီးရန်အတွက် စစ်ကောင်စီတပ်သားများကို ဦးဆောင်ခေါ်လာသူတစ်ဦးဖြစ်တဲ့ ပျူစောထီး သင်တန်းဆင်း ဇော်မိုးလွင် အသက်၄၃နှစ်ကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ မနက်၆နာရီတွင် ဗိုလ်စနေအဖွဲ့က နေအိမ်၌ သွားရောက်ဖမ်းဆီးကာ ဓားဖြင့် ရှင်းလင်းပြီး ချင်းတွင်းမြစ်ထဲသို့ ငါးစာကြွေးခဲ့ကြောင်း ဗိုလ်စနေ အဖွဲ့၏ ပြောပြချက်အရ သိရှိရ

ဘက်ပေါင်းစုံ အောက်စည်းရောက်နေတဲ့ စစ်ပွဲကို ဆက်တိုက်ချင်နေတဲ့ မြန်မာစစ်ကောင်စီ

Posted: 27 Feb 2022 11:59 AM PST

ရေးသားသူ - ဘာ​တေးလ်လင့်နာအာဏာသိမ်းမှုအပြီး နိုင်ငံအနှံ့ ပေါ်ပေါက်လာတဲ့ တော်လှန်ရေး အင်အားစုတွေကို ချိုးနှိမ်ဖို့အတွက် မြန်မာစစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတဲ့ နည်းလမ်းဟောင်းကိုပဲ ပြန်အသုံးပြုလာပါတယ်။ ပြည်တွင်းက လက်နက်ကိုင် ခုခံရေး လှုပ်ရှားမှုတွေကို တိုက်ခိုက်ဖို့ ပုံသေ သုံးစွဲနေတဲ့ ဒီနည်းလမ်းဟာ တကယ်တမ်းကျတော့ စစ်တပ်ရဲ့ အင်အားထက် ညံ့ဖျင်းမှုကို ပိုမိုပေါ်လွင်နေစေပါတယ်။နိုင်ငံအရှေ့ပိုင်းက အာဏာသိမ်း

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် အကြောက်ဆုံးကဘာလဲ

Posted: 27 Feb 2022 11:56 AM PST

ဖေဖော်ဝါရီ ၂၇ ရက်နေ့၊ ၂၀၂၂ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မင်းအောင်လှိုင်အတွက် အိပ်မက်ဆိုးတွေလာပြီလို့ ပြည်သူ့ဖက်ကရပ်တည်နေတဲ့ CDM စစ်သားတွေက အခုရက်ပိုင်းမှာပြောလာကြပါတယ်။ မကြာသေးခင်ရက်ပိုင်းက တပ်ရင်းမှူးတာဝန်ထမ်းဆောင်နေတဲ့ ဒုတိယဗိုလ်မှူးကြီးတချို့ပြည်သူ့ဖက်ရပ်တည်လာတဲ့အခါအခုလိုပြောလာတာပါ။ နောက်ထပ်ဒုတိယဗိုလ်မှူးကြီးနဲ့အထက် တပ်မတော်အရာရှိကြီးများလည်း ပြည်သူ့ဖက်ရပ်တည်ကာ CDM လုပ်လာဖို့ရှိတယ်လို့လည်း

စစ်ကိုင်း-မုံရွာကားလမ်းတွင် လူငယ်လေးဦးကို PDF ဟု စွပ်စွဲကာ စစ်အုပ်စုက ဖမ်းဆီး

Posted: 27 Feb 2022 09:29 AM PST

စစ်ကိုင်းမြို့နယ် စစ်ကိုင်း - မန္တလေး ကားလမ်းပေါ်တွင် ဆိုင်ကယ်နှစ်စီးဖြင့် သွားလာနေသော လူငယ်လေးဦးကို PDF ဟု စွပ်စွဲကာ စစ်အုပ်စုက ဖမ်းဆီးထားကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။"မနေ့က ညောင်ပင်ဝန်းဘက်မှာ အဖမ်းခံလိုက်ရတာလို့ ကြားတယ်။ ကလေး မိဘတွေ ဘာတွေနဲ့တော့ ဘာမှ အဆက်အသွယ် မရသေးဘူး" ဟု စစ်ကိုင်းဒေသခံ တစ်ဦးက ဆိုသည်။ယမန်နေ့ ဖေဖေါ်ဝါရီ(၂၆)ရက် နံနက်(၇)နာရီက စစ်ကိုင်း-မုံရွာ ကားလမ်းပေါ်တွင်

ရေဦးမြို့တွင် ယနေ့ တိုင်းရင်းဆေးရုံဝင်းတိုက်ခိုက်ခံရမှု စစ်ကောင်စီတပ်မှ ၉ဦးသေ

Posted: 27 Feb 2022 09:23 AM PST

ရေဦးမြို့ရှိ တိုင်းရင်းဆေးရုံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်မှ ၉ဦးသေဆုံးသွားကြောင်း ရေးဦး(ပကဖ)က အသိပေး ထုတ်ပြန်သည်။ယနေ့(ဖေဖော်ဝါရီ ၂၇)နံနက်ပိုင်းက တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်များကို YEU - PDF ၊ ရေဦး(ပကဖ)၊ ပလဖတော်လှန်ရေး အဖွဲ့များ ပူးပေါင်းပြီး အဝေးပစ်လက်နက်ဖြင့် ခြောက်လုံးပစ်သွင်း၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။တိုက်ခိုက်မှုအတွင်း ဒေသကာကွယ်ရေး

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.