Wednesday, March 2, 2022

သစ်ထူးလွင်

သစ်ထူးလွင်


မိုးဗြဲမြို့ လွယ်ယင်းမင်္ဂလာရပ်ကွက်နေ ပြည်သူ ၄ ဦးအား စစ်ကောင်စီတပ်များ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်

Posted: 01 Mar 2022 08:34 AM PST

မိုးဗြဲ၊ မတ်လ ၁ ရက်ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ လွယ်ယင်းမင်္ဂလာရပ်ကွက်နေ ပြည်သူ ၄ ဦးအား ဖေဖော်ဝါရီလ ၂၇ နေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်များ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ ဒေသခံပြည်သူ ၄ ဦးမှာ တိုက်ပွဲ ခေတ္တရပ်နားချိန်တွင် ၎င်းတို့၏ နေအိမ်၌ ပစ္စည်းလာရောက် ယူဆောင်စဥ် စစ်ကောင်စီတပ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။" ၂၇

မန္တလေးမြို့သစ် အောင်သာယာ အုပ်ချုပ်ရေးမှူးရုံး သေနတ်ဖြင့် ခြောက်ချက်ပစ်ခံရ

Posted: 01 Mar 2022 08:31 AM PST

မတ် - ၁ မန္တလေး မြို့သစ်ပိုင်းရှိ အောင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ယနေ့မွန်းလွဲပိုင်းက သေနတ်ဖြင့် ခြောက်ချက် အပစ်ခံခဲ့ရကြောင်း သတင်းရရှိသည်။ ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်း(၁၁၀ လမ်း)၊ ၄၅ × ၄၆ ကြားရှိ အောင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ မွန်းလွဲ (၁၂)နာရီခွဲခန့်က ၁၁၀ × ၄၅ လမ်းထောင့်ဘက်မှနေ၍ ရောက်လာပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ‌စစ်ကောင်စီ ရဲတပ်ဖွဲ့နှင့် နီးစပ်သူအချို့ထဲမှ သိရသည်။ ထိုသို့ အ

ဝက်လက် ကျောက်တိုင်ရွာကို စစ်အုပ်စုက ရဟတ်ယာဉ်လေးစီးနဲ့ ပစ်ခတ်စီးနင်း၊ ဒေသခံ လူ(၅၀)လောက်ကို အသေခံ လူသားဒိုင်းအဖြစ် ဖမ်းခေါ်ထားပြီး ထင်တိုင်းကျဲ သောင်းကျန်းနေ

Posted: 01 Mar 2022 08:29 AM PST

မတ် - ၁စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ကျောက်တိုင်ရွာကို စစ်အုပ်စုက ဒီကနေ့ မတ်လ(၁)ရက် နေ့လည်ပိုင်းမှာ ရဟတ်ယာဉ်လေးစီးနဲ့ ပစ်ခတ်စီးနင်းပြီး ကျေးရွာအတွင်း ထင်တိုင်းကျဲ သောင်းကျန်းနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။"လူငယ်တွေကို အကုန်ဖမ်းနေတာ။ ခွေးတွေက ရုတ်တရက် ဝင်လာတာဆိုတော့ ရွာထဲမှာက တော်တော်များများ ပိတ်မိနေကြတယ်။ နေ့လယ် (၂)နာရီကျော်က ရဟတ်ယာဉ် လေးစီးနဲ့ ကျွန်းလှ ဝေလမူက အပြန်

ဒီး​မော့ဆိုနယ် ကျွန်း​တောရွာတိုက်ပွဲ စစ်​ကောင်စီတပ် သား ၂၄ဦး​သေ

Posted: 01 Mar 2022 08:26 AM PST

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျွန်းတော ကျေးရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၄ ဦးသေဆုံးပြီး တင့်ကားတစ်စီးပျက်စီးကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ရေးသတင်းတွင် ဖော်ပြသည်။ယနေ့(မတ်လ ၁ ရက်) နေ့လယ်၂နာရီခန့်က ကျွန်းတော ကျေးရွာတွင် အင်အား ၄၀၀ခန့်ရှိသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီပြည်သူ့ကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှ စစ်ကောင်စီတပ်သား ၂၀

ရန်ကုန်နှင့် မန္တလေးတွင် စစ်ဆေးရေးဂိတ်များ တိုက်ခိုက်ခံရ၊ စစ်​ကောင်စီတပ်သား နှစ်ဦးသေ ငါးဦးထိခိုက်

Posted: 01 Mar 2022 08:24 AM PST

(နေပြည်တော်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုအားတွေ့ရစဥ်)ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များ တိုက်ခိုက်ခံရပြီး စစ်​ကောင်စီတပ်သားနှစ်ဦးသေဆုံးကာ ငါးဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့(မတ် ၁)ထုတ်ပြန်သည်။ရန်ကုန်မြို့ မှော်ဘီမြို့နယ် သဲဖြူစစ်မှုထမ်းဟောင်းကျေးရွာထိပ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ယနေ့နံနက် ၈ နာရီခန့်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်း

မှော်ဘီမြို့နယ်အတွင်းရှိ ကင်းစခန်းကို မိုင်းခွဲ၊ ရဲနှင့်စစ် (၂)ဦးသေဆုံး

Posted: 01 Mar 2022 08:19 AM PST

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ သဲဖြူစစ်မှုထမ်းဟောင်းကျေးရွာထိပ်ရှိ  အာဏာသိမ်း စစ်ကောင်စီတပ်၏ ကင်းစခန်းတစ်ခုကို  YGN Urban Guerrilla Army ( YUGA )က ယနေ့ မတ်လ(၁)ရက် နံနက်(၈)နာရီဝန်းကျင်အချိန်က  အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ယင်းတိုက်ခိုက်မှုတွင် YUGA ရဲဘော်များ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ရဲတစ်ဦး၊ စစ်ကောင်စီတပ်သားတစ်ဦးသေကြောင်း ထုတ်ပြန်သည်။Tachileik News Agency

စစ်ကောင်စီတပ်များ ဂန့်ဂေါမြို့နယ်ကို စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို ရွာလုံးကျွတ်မီးတင်ရှို့နေ

Posted: 01 Mar 2022 08:18 AM PST

ဓာတ်ပုံ - ဒီဇင်ဘာလအတွင်းက မီးရှို့ခံခဲ့ရသည့် စန်းမြို့ကျေးရွာ (CJ)ဂန့်ဂေါ၊ မတ်လ (၁)စစ်ကောင်စီတပ်များက ဂန့်ဂေါမြို့နယ်ကို စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို ရွာလုံးကျွတ်မီးရှို့နေကြောင်း ဒေသခံကာကွယ်ရေးတပ်များထံက သိရသည်။"ဒေသခံတချို့လည်း အသတ်ခံထားရတယ်။ လက်ရှိကျွန်တော်တို့အလောင်း (၇) လောင်းတွေ့ထားတယ်။ အခုစစ်ကြောင်းထပ်ထိုးနေလို့ အသေးစိတ်ပြောမရသေးဘူး။ ဘေးရွာတွေကိုပါ မီးထပ်ရှို့မယ့်အနေအထားရှိတယ်။"ဟု ဂ

ရန်ကုန်မြို့ရှိ နိုက်ကလပ်၊ ဘားနှင့် ကေတီဗီများကို ဆက်လက်တိုက်ခိုက်မည်ဟု Justice Bringer Force-JBF အဖွဲ့ဆို

Posted: 01 Mar 2022 08:16 AM PST

ရန်ကုန်၊ မတ်လ ၁ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်ရှိ TRANSPORTER BAR ကို တရားမျှတမှုယူဆောင်သူ တပ်ဖွဲ့(JBF)က ယမန်နေ့ညပိုင်းကတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့ရှိ နိုက်ကလပ်၊ ဘားနှင့် ကေတီဗီများကို တိုက်ခိုက်မှုများဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ကသတင်းထုတ်ပြန်ခဲ့သည်။အဆိုပါ TRANSPORTER BAR ကို တိုက်ခိုက်မှုပြုလုပ်ရာတွင် အများပြည်သူအသက်အန္တရာယ်မထိခိုက်စေရန်

သပြေအေးရွာကို အာဏာသိမ်းစစ်တပ်က မီးရှို့သွား

Posted: 01 Mar 2022 08:11 AM PST

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေအေးရွာကို ယမန်နေ့ ဖေဖော်ဝါရီလ(၂၈)ရက်နေ့က ကြမ်းဖက်စစ်ကောင်စီတပ်များသည် ရဟတ်ယာဉ် (၂)စီးဖြင့် ပစ်ခတ်ကာ ရွာကိုမီးရှို့ခဲ့သည့်အ‌ခြေအနေကို ယနေ့ မတ်လ(၁)ရက်တွင် ဒေသတော်လှန်ရေးအဖွဲ့က ထုတ်ပြန် ဖော်ပြလာသည်။အကြမ်းဖက်စစ်ကောင်စီတပ်များက သပြေအေးရွာကို မီးရှို့သဖြင့် ရွာတစ်ဝက်နီးပါး အိမ်ခြေများ မီးလောင်ပြာကျခဲ့ရသည်။စစ်ကောင်စီတပ်သည် စစ်ကိုင်းအတွင်းရှိ ကျေးရွာများတွင်

ခမရ ၃၅၁ ၏ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ပြည်သူနှင့်အတူ ပူးပေါင်းကာ CDM ပြုလုပ်

Posted: 01 Mar 2022 08:10 AM PST

ပဲခူးတိုင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ကျောက်ကြီးတပ်နယ်မှ အမှတ်(၃၅၁) ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းသည် အာဏာသိမ်းစစ်ကောင်စီလက်အောက်မှထွက်ပြီး  ပြည်သူနှင့်ပူးပေါင်းလာကြောင်း ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းက Tachileik News Agency သို့ အတည်ပြုသည်။အဆိုပါ တပ်ရင်းမှူးသည် ယမန်နေ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့က  လွတ်မြောက်နယ်မြေကို ရောက်ရှိ‌နေပြီ

စစ်ကိုင်းတွင် ပျူစောထီး ဒလန် ၂ဦးကို ရှင်းလင်း

Posted: 01 Mar 2022 08:08 AM PST

မတ် ၁ စစ်ကိုင်းမြို့နယ် မအူပင် အရှေ့ရွာမှ ပျူစောထီးရက်ရှည်သင်တန်းဆင်း ကိုမင်းထိုက်နှင့် စစ်ကောင်စီသတင်းပေး ကိုမင်းဇော် တို့ နှစ်ဦးကို ယနေ့ မတ်လ ၁ ရက်နေ့ ညနေ ၄:၄၅နာရီအချိန်က ဇေယျာညီနောင်ပျောက်ကြားတပ်ဖွဲ့မှ ရှင်းလင်းလိုက်တယ်လို့သိရပါတယ်။ဇေယျာညီနောင်ပျောက်ကြားတပ်ဖွဲ့မှ စစ်ကောင်စီလက်အောက်မှ နှုတ်ထွက်ကြရန် အသိပေးထားပြီးဖြစ်တဲ့ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကိုလဲ အလျဉ်းသင့်သလို

မြစ်သားမြို့နယ်သမရုံး ဗုံးခွဲခံရ

Posted: 01 Mar 2022 07:59 AM PST

မြစ်သား၊ မတ် ၁၊ ၂၀၂၂။ မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ သမဝါယမဦးစီးဌာနရုံးမှာ ဖေဖော်ဝါရီ ၂၈ ရက် မနေ့ကမနက် ၁၁ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီရုံးဟာ ချေးငွေတောင်းခံရမှာ စစ်ကောင်စီ၊ စစ်ကောင်စီသတင်းပေးအပါအဝင် Non- CDM ဝန်ထမ်းတွေနဲ့ပူးပေါင်းပြီး အကြမ်းဖက် ခြိမ်းခြောက်တောင်းခံတာတွေလုပ်တာကြောင့် ခုလိုဖောက်ခွဲလိုက်တာဖြစ်ပြီး၊  ပေါက်ကွဲမှုကြောင့် ဝန်ထမ်းတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့

မုံရွာမှပြည်သူများ ယနေ့နေ့လယ်ကစ၍ အပြင်မထွက်ကြရန် တော်လှန်ရေးအဖွဲ့များသတိပေး

Posted: 01 Mar 2022 07:58 AM PST

မုံရွာ၊ မတ်လ ၁စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌နေထိုင်သည့် ပြည်သူများအနေဖြင့် ယနေ့ မတ်လ (၁) ရက်‌နေ့ နေ့လယ် (၁) နာရီမှစ၍ အရေးကြီးကျန်းမာရေးကိစ္စမှလွဲ၍ အပြင်မထွက်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၇) ဖွဲ့က အရေးပေါ် ထုတ်ပြန်လိုက်သည်။ပြည်သူကာကွယ်ရေးတပ်များအနေဖြင့် ယနေ့စစ်ဆင်ရေးရှိသည့်အတွက် ထိုသို့အသိပေးခြင်းဖြစ်ပြီး လမ်းပေါ်တွင်သွားလာနေသည့် အိမ်စီးကားများ အနေဖြင့်လည်း မှန်ချမောင်းနှင်ကြရန် ထုတ်ပြန်ချက်၌

နယ်မြေရှင်းလင်းရန်လာသည့် အကြမ်းဖက်စစ် ကောင်စီတပ်သားများကို စနိုက်ပါဖြင့်ပစ်ခတ်ရာ တစ်ဦးသေဆုံး

Posted: 01 Mar 2022 07:57 AM PST

စစ်ကိုင်း၊ မတ် ၁နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုးလာသည့် အ ကြမ်းဖက်စစ်ကောင်စီတပ်သားများကို စနိုက်ပါဖြင့်ပစ်ခတ်ရာ တစ်ဦးသေဆုံး ခဲ့ကြောင်း Burmese Guerilla Force- BGFက တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆီမီးခုံရွာမှတဆင့် စစ်ကိုင်းတိုင်း မြောင်သို့ အင်အား ၅၀ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။"ကျွန်တော်တို့က ကြားကဖြတ်တိုက်တာ

ပေါင်းတည်က တက်ကြွလူပ်ရှားသူရဲ့ နေအိမ်တွင်း ပစ္စည်းတွေကို စစ်ကောင်စီခိုးသွား

Posted: 01 Mar 2022 07:50 AM PST

ပေါင်းတည်၊ မတ်လ ၁၊ ၂၀၂၂။ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ မှတ်တိုင်နယ်မြေ ကျောင်းစုရွာက နိုင်ငံရေးတက်ကြွလူပ်ရှားသူတဦးရဲ့နေအိမ်အတွင်းက ပစ္စည်းတွေကို  ပိုင်ရှင်မရှိပဲ စစ်ကောင်စီက ဝင်ရောက်ခိုးယူသွားတယ်လို့ သိရပါတယ်။ဖေဖေါ်ဝါရီ ၂၈ ရက်နေ့မနက်က စစ်ကောင်စီတွေဟာ ဖောကားတစီးနဲ့ အိမ်ထောင်ပရိဘောဂပစ္စည်းတွေကို ဝင်ရောက်ခိုးယူခဲ့တာလို့ သိရပါတယ်။"ဗီဒို၊ ကုတင်၊ ဆက်တီ စားပွဲနဲ့ တန်းလျားတစုံအပြင် အိမ်တွင်း

ဂန့်ဂေါနယ်မှာ အမျိုးသား ၂၀ ကျော်ကို စစ်အုပ်စုကသေနတ်နဲ့ပစ်သတ်

Posted: 01 Mar 2022 07:49 AM PST

ဂန့်ဂေါ၊ မတ် ၁၊ ၂၀၂၂။မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၂ ရွာက အမျိုးသား ၂၀ ဦးကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၈ ရက် မနေ့ကမနက်ပိုင်းမှာ သေနတ်နဲ့ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ရေသာရွာနဲ့ ရွှေဘိုရွာက အမျိုးသားတွေကို ခုလို သတ်ဖြတ်ခဲ့တာဖြစ်ပြီး၊ အဲ့ဒီကျေးရွာအနီးက ရွာတွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေလုပ်တာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်းထွက်ပြေးနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ "

ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်က ရွာ ၅ ရွာကိုမီးရှို့ပြီး အရပ်သား ၇ ဦးသတ်ဖြတ်ဟုသိရ

Posted: 01 Mar 2022 07:47 AM PST

 March 1, 2022 မကွေးတိုင်း၊ ဂန့်ဂေါမြိုနယ်မှ ရွှေဘိုရွာ၊ သင်တောရွာ၊ မြင်သားရွာ၊ ရေသာရွာနဲ့ စန်းမြို့ကျေးရာက လူနေအိမ်တွေကို ဖေဖော်ဝါရီလ ၂၈ ရက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှို့ပြီး အရပ်သား ၇ ဦးကို သတ်ဖြတ်ကြတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ဖေဖော်ဝါရီလ ၂၈ ရက်တွင် ရွှေဘိုရွာက လူနေအိမ် ၅ အိမ်လောက်၊ သင်တောရွာက လူနေအိမ်အများအပြား၊ ရေသာရွာ၊ စန်းမြို့ရွာနဲ့ ကုန်းရွာ (မြောက်)က လူနေအိမ် ၅၀ လောက်မီးရှို့

ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူတစ်ဦးကိုဖမ်းဆီးပြီး မျက်လုံးဖောက်ကာ လည်လှီးသတ်ဖြတ်ခံရ

Posted: 01 Mar 2022 07:45 AM PST

March 1, 2022 ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဖလမ်း-ဟားခါးလမ်းပေါ်ရှိ တားလ်ရွာနဲ့ တလန်ဇာရွာကြားတွင် ဒီနေ့ မတ် ၁ ရက်က အာဏာသိမ်းစစ်ကောင်စီတပ်က မျက်စိဖောက်ကာ လည်လှီးသတ်ဖြတ်ခံရတဲ့ အမည်မသိ အရပ်သားပြည်သူတစ်ဦးရဲ့အလောင်းကို ရွာသားတွေကတွေ့ရှိကြတယ်လို့သတင်းရရှိပါတယ်။ဖြစ်စဉ်မှာ အမည်မသိ လူငယ်တစ်ဦးဟာ ဖေဖော်ဝါရီ ၂၇ ရက်ညနေပိုင်းက ဖလမ်းမြို့ကနေ ဟားခါးဘက်သို့ ဆိုင်ကယ်တစ်စီးနဲ့ အရှိန်ပြင်းပြင်းမောင်းလာကာ အာဏာသိမ်းစစ်

သုံးရက်စာ စားနပ်ရိက္ခာကို ပြင်ဆင်ထားကြဖို့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ ထုတ်ပြန်ကြေငြာ

Posted: 01 Mar 2022 07:42 AM PST

ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပွားနိုင်တဲ့အတွက် စစ်ရှောင်နေရတဲ့ ပြည်သူလူထုတွေ သုံးရက်စာ စားနပ်ရိက္ခာကို ကြိုတင်ပြင်ဆင်ထားကြဖို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဒီကနေ့ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ကရင်နီပြည်နယ်အတွင်း နေရာတိုင်းမှာ စစ်ဘေးကြုံတွေ့နိုင်တာကြောင့် အရေးပေါ် ပြေးလွှားချိန် သယ်ယူနိုင်ဖို့ စားနပ်ရိက္ခာတွေကို ပြင်ဆင်ရမယ်လို့ (KSCC) လက်အောက်ရှိ လူသားချင်းစာနာထောက်ထားမှု

ပူတာအို အင်စီယာန်ကျေးရွာဘက်ကို စစ်ကောင်စီ လေကြောင်းဖြင့်လာပစ်

Posted: 01 Mar 2022 07:40 AM PST

1 March 2022တိုက်ပွဲဖြစ်ပွားနေသည့် ပူတာအိုမြို့နယ် အင်စီယာန်နှင့် ဆွမ်ပီယာန်ကျေးရွာကြားသို့ စစ်ကောင်စီတပ်က ယနေ့မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ဂျက်လေယာဉ်နှစ်စင်းဖြင့် လာပစ်နေကြောင်း ဒေသခံတစ်ဦးက ဆိုပါသည်။ရှိန်ဂတ်ဘွမ်ဘက်သို့ ကေအိုင်အေနှင့် စစ်ကောင်စီတပ်တို့ ယနေ့နံနက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက လာပစ်ခဲ့ကြောင်း ဒေသခံတစ်ဦးကဆိုသည်။"လေယာဉ်နှစ်စင်းနဲ့လာပစ်တယ်။ အကြိမ်ရေအများကြီးပဲ။

တောင်ကြီး နယ်ထိန်းရဲ နေအိမ် ဗုံးပေါက်ကွဲမှုဖြစ်

Posted: 01 Mar 2022 07:38 AM PST

မတ်လ (၁) ရက် ၂၀၂၂သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက် နယ်ထိန်းရဲ နေအိမ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နေအိမ် အနည်းငယ် ပျက်စီးသွားကြောင်း စုံစမ်းသိရှိရသည်။ယမန်နေ့ ဖေဖော်ဝါရီ (၂၈) ရက်နေ့ ည (၆) နာရီ ဝန်းကျင်ခန့်က ၎င်းတို့နေအိမ်တွင် ဗုံး နှစ်လုံး လာရောက်ပစ်ရာ တစ်လုံးကွဲသွားပြီး အိမ်အဖီ နဲ့ မီးဖိုဆောင်ခေါင်မိုးပွင့်ထွက်သွားကြောင်း တောင်ကြီးဒေသခံ တစ်ဦး ကပြောသည်။"Click ဘီးတစ်စီး

ရှိန်ဂတ်ဘွမ့်တွင် KIA နှင့် PDF ရှိသည့် နေရာသို့ စစ်ကောင်စီတပ်ဖွဲ့ ဂျက်လေယာဥ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

Posted: 01 Mar 2022 07:36 AM PST

ပုံဟောင်းအသုံးပြုထားသည်။Mar 1,2022ပူတာအိုမြို့နယ် တိုက်ပွဲဖြစ်ပွားနေသည့် ရှိန်ဂတ်ဘွမ့်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဥ် ၂စီးဖြင့် ယနေ့ညနေပိုင်း ၂နာရီခွဲဝန်းကျင်တွင် ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်သွားကြောင်းသိရသည်။ရှိန်ဂတ်ဘွမ့်အနီးရှိသော အင်စီးယန်နှင့် ဆွမ်ပီယန် ကျေးရွာ ၂ခုကြား KIA နှင့် PDF ရှိသည့်နေရာကို ဦးတည်ပြီး ၁၀ ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်သွားသည်ဟု အင်စီးယန် ဒေသခံတစ်ဦးက KNG သတင်းဌာနကို

စိုက်ခင်းအတွင်း မီးရိူ့ထားသည့် စစ်ကောင်စီတပ်သားအလောင်း ၄ လောင်းတွေ့ရှိ

Posted: 01 Mar 2022 07:35 AM PST

March 1,20220စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်ရှိ ရွာသာကျေးရွာအနီးရှိ စိုင်ခင်းတစ်ခုတွင် စစ်ကောင်စီတပ်သားအလောင်း ၄လောင်းကိုဖေဖော်ဝါရီလ ၂၇ရက်နေ့တွေ့ရှိခဲ့ကြောင်းသိရသည်။သေဆုံးနေသည့် အလောင် ၄လောင်းမှာ ထီးချိုင့်နယ်၊ရွာသာကျေးရွာနှင့် ဆပ်ပြေးရွာကြားရှိ ယူကလစ်စိုက်ခင်းထဲတွင်တွေ့ရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား၏ရုပ်အလောင်းများဖြစ်သည်ဟု ထီးချိုင့်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.