သစ္ထူးလြင္ |
- ကော့ကရိတ်အာရှလမ်း၌ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် တစ်နေ့လုံးပစ်ခတ်
- အင်္ဂပူမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာက ပျူစောထီးခေါင်းဆောင် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံး
- စစ်ကောင်စီအား သတင်းပေးသည်ဆိုသော ထွေ/အုပ်စာရေးအပါဝင် ၃ ယောက်အား စေတန် အဖွဲ့မှ ရှင်းလင်း
- မြိတ်မှာ စစ်ကားတစ်စီး မိုင်းဆွဲခံရ၊ စစ်ကောင်စီတပ်သား ၁၀ ဦး ဝန်းကျင်သေ
- ကသာနယ်မှာ ပကဖနဲ့ ABSDF ပူးပေါင်းပြီး စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်၊ မုန့်ဟင်းခါး (၁၀)ပွဲကျော်ရဟုဆို
- ယင်းမာပင်တွင် စစ်ကောင်စီတပ် မိုင်းကွင်းထဲတည့်တည့်ရောက်၍ ၃၂ ဦးစလုံးသေဟု ချင်းတွင်းရိုးမတပ်ပေါင်းစုထုတ်ပြန်
- ပခုက္ကူတွင်ရွာကိုမီးရှို့နေသော အကြမ်းဖက်စစ်တပ်နှင့်ပျူစောထီးများကို PDFများတိုက်ခိုက် ၊ပျူသုံးဦးကိုအရှင်ဖမ်းမိ
- အမရပူရမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးနှင့် ပုသိမ်ကြီးမြို့နယ် လျှပ်စစ်ရုံး ဗုံးပေါက်ကွဲ
- အကြမ်းဖက်စစ်သားများ လိုက်ပါလာသည့် ရထားတွဲကို မိုင်းခွဲတိုက်ခိုက်
- စစ်ကောင်စီအား သုံးစွဲသူအချက်အလက်များပေးပို့သည်ဆိုသည့် KBZ ဘဏ်၏ ATM မီးရှို့ဖျက်ဆီးခံရ
- ပိဋကတ်ကျရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် သုံးဦးသေဟု ရေဦး PDFပြော
- စစ်တပ်ထုတ်ကုန်ရောင်းဝယ် ဖောက်ကား သူံးစွဲခြင်းမပြုရန် ဗုံးခွဲတိုက်ခိုက်သတိပေး
- ကသာသို့ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘော (၂)စီး အပစ်ခံရပြီးနောက် ကျေးရွာများကို လက်နက်ကြီးဖြင့် ရမ်းသန်းပစ်နေ
- အာဏာရှင်ဟောင်းနေဝင်းမြေးပိုင်ဆိုင်သည့် YBSယာဉ် ဗုံးခွဲခံရ
- စစ်ကိုင်းတိုင်းမှာ စစ်အင်အားတိုးချဲ့ထားပေမယ့် ယင်းမာပင်မှာ စစ်ကောင်စီတပ်တွေ အကျအဆုံးများနေ
- ဝက်လက်မှာ ၃ ရက်ကြာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံး
- ဒီမော့ဆိုကို စစ်ကောင်စီက လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်လာ
- ကျောက်တန်းမြို့ မီးပြစံပြကျေးရွာတွင် ယနေ့မနက် အကြမ်းဖက်စစ်တပ်မှ ကင်းလှည့်ဖို့ထွက်ခွာလာစဥ် လမ်းတစ်နေရာ၌ သေနတ်ကျည်ထွက်ပြီး တပ်ရင်းမှူးတစ်ဦး နံရိုးထိမှန်
- ပြည်မြို့မှာ စိတ်ဝေဒနာသည်တဦးကို စစ်ကောင်စီက သေနတ်နဲ့ ပစ်လို့ သေဆုံး
- မြန်မာ့စီးပွားရေးဘဏ်မှာ လုံခြုံရေးယူနေတဲ့စစ်အုပ်စု ဗုံးခွဲခံရလို့ စစ်သား ၄ ဦး ဒဏ်ရာရ
- စစ်ကောင်စီတပ်၏ စက်လှေတစ်စီး တိုက်ခိုက်ခံရ တပ်ဖွဲ့ဝင်အချို့ရေထဲခုန်ချ
- ဆော-ကျောက်ထုကြားတွင် စစ်ကောင်စီတပ် နှစ်ရက် ဆက်တိုက်ခိုက်ခံရပြီး ၁၅ဦးထက်မနည်းသေဆုံးဟု ဆော PDF ပြော
- ရေးမြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်ကို MSRO အဖွဲ့က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ
- ပုလဲနယ် ဇီးဖြူကုန်းရွာမှ ပျူအုပ်စုက အနီးအနားက နှောရိုးရွာကို မီးတင်ရှို့နေ
- ရွှေဘိုတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ တစ်ဦးသေပြီး အများအပြားထိခိုက်ဟု PDF ပြော
ကော့ကရိတ်အာရှလမ်း၌ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် တစ်နေ့လုံးပစ်ခတ် Posted: 11 Mar 2022 05:41 AM PST ▪️KNUက တံတားတစ်စင်းဖောက်ခွဲဖျက်ဆီးဟု ဒေသခံပြော၊ ကော့ကရိတ်တောင်ပိုင်းကို လေယာဉ်ဖြင့် ကင်းထောက်နေဟုဆိုကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ ကော့ကရိတ်မြို့နယ်ရှိ ကော့နွယ်အုပ်စုတွင် ယနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးများ တစ်နေ့လုံးပစ်ခတ်ခဲ့ကြောင်း ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။"အာရှလမ်းမှာ မနက် ၇နာရီခွဲက KNUနဲ့ စစ်ကောင်စီနဲ့ ထိပ်တိုက်ပွဲတွေဖြစ်သွားတယ်။ အဲဒါ ၉၇ တပ် |
အင်္ဂပူမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာက ပျူစောထီးခေါင်းဆောင် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံး Posted: 11 Mar 2022 05:38 AM PST အင်္ဂပူ ၊ မတ်လ ၁၁ ရက်ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာက ပျူစောထီးခေါင်းဆောင် လှိုင်ဝင်းအောင်ဆိုသူဟာ ယနေ့မနက် ၃ နာရီခန့်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး သေဆုံးသွားတယ်လို့ဒေသခံတွေထံကနေသိရပါတယ်။"ဒီနေ့ မနက်၃နာရီလောက်က ပစ်သွားတာ ။ ချက်ခြင်းမသေဘူး။ ဟင်္သာတဆေးရုံရောက်မှသေတာ။ သူက ပျူစောထီးသင်တန်းဆင်း ရဲ၀တ်စုံတောင်၀တ်ပြီး ပြည်သူတွေကိုဖမ်းနေတာ။ နာမည်ကြီးပဲ။ အရင် ကြံ့ဖွတ်ဝန်ကြီးချုပ် ဦး |
စစ်ကောင်စီအား သတင်းပေးသည်ဆိုသော ထွေ/အုပ်စာရေးအပါဝင် ၃ ယောက်အား စေတန် အဖွဲ့မှ ရှင်းလင်း Posted: 11 Mar 2022 05:35 AM PST မဲခေါင် ၊ မတ် ၁၁စစ်ကိုင်းတိုင်းဒေသကြီး ၊ ဆားလင်းကြီးမြို့နယ် တွင် သတင်းပေး ဒလန်လုပ်နေသည်ဟုဆိုသော အထွေထွေအုပ်ချုပ်ရေးရုံးဝန်ထမ်း ၃ ယောက် အား Monywa Satan အဖွဲ့မှ ရှင်းလင်းခဲ့ကြောင်း ယနေ့မတ် ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။ရှင်းလင်းခဲ့သည့် ၃ ယောက်မှာ လက်ပံကျွန်းရွာမှ မောင်မြင့် ၄၅ နှစ်(ထွေအုပ်စာရေး)၊ မျိုမျိုး ၄၀ နှစ်ခန့် (ထွေအုပ်စာရေး)၊ ဝင်းကျော် ၅၀ နှစ်ခန့် တို့ ဖြစ်ပြီး ဝင်းကျော်ဆိုသူမှ ထွေအုပ်စာရေး၂ |
မြိတ်မှာ စစ်ကားတစ်စီး မိုင်းဆွဲခံရ၊ စစ်ကောင်စီတပ်သား ၁၀ ဦး ဝန်းကျင်သေ Posted: 11 Mar 2022 05:32 AM PST တနင်္သာရီတိုင်းမ်၊ မတ် ၁၁ စစ်ကားတစ်စီးနဲ့ဆိုင်ကယ်နှစ်စီး မိုင်းဆွဲခံရပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သား ၁၀ ဦးဝန်းကျင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က မြိတ်မြို့နယ်၊ ဘဲမဒီရွာနဲ့ကျောက်လုံးကြီးရွာအကြားမှာ မိုင်းနှစ်လုံးဆွဲပြီးတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးတပ်(MPFF) တာဝန်ရှိသူက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို KNU၊ မြိတ်ပြည်သူ့ |
Posted: 11 Mar 2022 05:09 AM PST မတ် - ၁၁စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာမြို့နယ်အတွင်း စစ်ကြောင်း ထိုးလာတဲ့ စစ်အုပ်စုကို ဒီကနေ့ မနက်ပိုင်းအချိန် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာမှာ စကစ (၁၀)ဦးထက်မနည်း သေတယ်လို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ - ပကဖ က သတင်းထုတ်ပြန်ပါတယ်။ဒီကနေ့ မတ်(၁၁)ရက် မနက်(၇)နာရီလောက်က ကသာမြိုကနေ တက်လာတဲ့ စစ်အုပ်စုကို နွားကူးရွာဟောင်းအနီးမှာ ကသာမြို့နယ် (ပ-က-ဖ)နဲ့ ကျောင်းသားတပ်မတော် (ABSDF)တို့ ပူးပေါင်းတပ်တွေက မိူ |
Posted: 11 Mar 2022 05:07 AM PST (အကြမ်းဖက်စစ်ကောင်စီတပ်သားများ ။ (ပုံအဟောင်းဖြစ်ပါသည်) )●ယင်းမာပင်တွင်စစ်ကြောင်းထိုးနေသောတပ်ကိုဒေသခံPDFများ၏ခုခံတိုက်ပွဲများနေစဥ်ဖြစ်နေစစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ပြည်သူ ၁၂ဦးအားသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်အားယနေ့နံနက်တွင် ပဒေသာမိုင်း ၁၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား သုံးဆယ်ကျော်သေဆုံးသွားကြောင်း ချင်းတွင်းရိုးမမဟာမိတ်တပ်ပေါင်းစုက သတင်းထုတ်ပြန်သည် |
Posted: 11 Mar 2022 05:05 AM PST (စစ်ကိုင်းတိုင်းရှိကျေးရွာတစ်ရွာတွင် ပျူစေားထီးများကိုအကြမ်းဖက်စစ်တပ်ကစစ်သင်တန်းပေးစဥ်။ ဓါတ်ပုံ-CJ)ပခုက္ကူတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ကျေးရွာတစ်ရွာအား မီးရှို့ ဖျက်ဆီးနေစဉ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ပြီးနောက် ပျူစောထီးသုံးဦးအား အရှင်ဖမ်းဆီးထားသည်။စစ်ကောင်စီကို ဆန့်ကျင်နေသည့် ကျေးရွာတစ်ရွာကို အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများက မတ်လ ၉ရက်ညတွင် |
အမရပူရမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးနှင့် ပုသိမ်ကြီးမြို့နယ် လျှပ်စစ်ရုံး ဗုံးပေါက်ကွဲ Posted: 11 Mar 2022 05:03 AM PST မန္တလေး၊ မတ် ၁၁ မန္တလေးမြို့ အမရပူရမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနရုံးနှင့် ပုသိမ်ကြီးမြို့နယ် လျှပ်စစ်ရုံးတွင် ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ယနေ့နံနက် ၇နာရီခွဲခန့်က ပုသိမ်ကြီးမြို့နယ် လျှပ်စစ်ရုံးဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်မှုကို အသေးစိတ်မသိရှိရသေးပေ။"ဗုံးပေါက်ပြီး စခ၂၀လောက်ရောက်လာတယ်။ ခဏလျှောက်ပစ်နေကြသေးတယ်။အဝင်ပေါက်မှာဖြစ်တာ။အထိအခိုက်ကိုမကြားရဘူး"ဟု ပုသိမ်ကြီး |
အကြမ်းဖက်စစ်သားများ လိုက်ပါလာသည့် ရထားတွဲကို မိုင်းခွဲတိုက်ခိုက် Posted: 11 Mar 2022 05:03 AM PST ပြင်ဦးလွင်၊ မတ် ၁၁အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် မန္တလေးမှ ပြင်ဦးလွင်သို့ ဆန်တက်လာသည့် ရထားတွဲကို ပြင်ဦးလွင်မြို့နယ် ဆင်လမ်းအနီး၌ မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ပြင်ဦးလွင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူကပြောသည်။"လူစီးတွဲမှာ လူမပါပါဘူး။ ရဲခွေး ၅ ယောက်ကတော့ ရထားပေါ်မှာ အမြဲပါတယ်။ စစ်ကောင်စီနဲ့ NON CDM မီးရထား၀န်ထမ်းတွေကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။စက် |
စစ်ကောင်စီအား သုံးစွဲသူအချက်အလက်များပေးပို့သည်ဆိုသည့် KBZ ဘဏ်၏ ATM မီးရှို့ဖျက်ဆီးခံရ Posted: 11 Mar 2022 05:02 AM PST ဓာတ်ပုံ - မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အကြမ်းဖက်စစ်ကောင်စီအား သုံးစွဲသူအချက် အလက်များထောက်ပံ့ပေးပို့နေသည်ဆိုသည့် ကမ္ဘောဇဘဏ်၏ ATM စက်ကို ဓာတ်ဆီလောင်း၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း Special Task Agency of Burma (STA) အဖွဲ့က အသိပေးထုတ်ပြန်သည်။ ယနေ့(မတ်လ ၁၁ရက်)နံနက် ၄နာရီခွဲခန့်က ရန်ကုန်မြို့ သုဝဏ္ဏစုပေါင်းမှတ်တိုင်ရှေ့ရှိ KBZ ATM ကို ဓာတ်ဆီလောင်း မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း STAက ထုတ်ပြန်ထားသည်။ " |
Posted: 11 Mar 2022 05:01 AM PST စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ပိဋကတ်ကျကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် သုံးဦးသေဆုံးကြောင်း ရေဦး PDFက ထုတ်ပြန်သည်။ မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် ခင်ဦးမြို့နယ် မူးသာကျေးရွာမှ မူးမြစ်အနောက်ဘက်မှတစ်ဆင့် ယနေ့(မတ်လ ၁၁ ရက်) နံနက်ပိုင်းတွင် ဝင်ရောက်လာခဲ့သည်ဟု ဆို သည်။ "မနက် ၃နာရီကတည်းက |
စစ်တပ်ထုတ်ကုန်ရောင်းဝယ် ဖောက်ကား သူံးစွဲခြင်းမပြုရန် ဗုံးခွဲတိုက်ခိုက်သတိပေး Posted: 11 Mar 2022 04:57 AM PST မတ် ၁၀စစ်ကိုင်းမြို့နီလာဦးရပ်ကွက်ရှိ Classic 3 KTV နှင့် C One Nine KTV တို့ကို မတ်လ ၁၀ရက်နေ့ ည ၈:၂၀နာရီအချိန်ဝန်းကျင်က Dragon King ပျောက်ကြားတပ်ဖွဲ့မှ ဗုံးခွဲတိုက်ခိုက်သတိပေးမှု ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။စစ်ကိုင်းမြို့အတွင်းရှိ စတိုးဆိုင်၊ ဘီယာဆိုင်၊ KTV နှင့် ဖုန်းဆိုင်များ အားလုံး စစ်ကောင်စီထုတ်ကုန်မှန်သမျှရောင်းချခြင်း၊ ဝယ်ယူခြင်းမပြုရန် Dragon King ပျောက်ကြားတပ်ဖွဲ့မှအထူးမေတ္တာရပ်ခံပါတယ်လို့ |
Posted: 11 Mar 2022 04:51 AM PST ဝက်လက်၊ မတ်လ (၁၁)မန္တလေးမှ ကသာမြို့ဘက်သို့ ဆန်တက်လာသည့် စစ်ကောင်စီ၏ သင်္ဘော(၂)စီးကို ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်များက ပစ်ခတ်ခဲ့ရာ အနီးနားကျေးရွာများကိုပါ စစ်ကောင်စီလက်ပါးစေများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။ယမန်နေ့ မတ်လ (၁၀) ရက်နေ့ ညနေက မန္တလေးမှ ကသာမြို့ဘက်သို့ ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘော (၂) စီးကို ဒေသခံ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပေါင်း |
အာဏာရှင်ဟောင်းနေဝင်းမြေးပိုင်ဆိုင်သည့် YBSယာဉ် ဗုံးခွဲခံရ Posted: 11 Mar 2022 04:50 AM PST ဓာတ်ပုံ- ရန်ကုန်အနောက်ပိုင်းခရိုင် ကုန်တင်ယာဉ်ရပ်နားကွင်းတွင် ရပ်နားထားသည့် Omni Focus ပိုင် YBS ၂၀ ယာဉ်အချို့ရန်ကုန်၊ မတ် ၁၁အာဏာရှင်ဟောင်းဦးနေဝင်း၏မြေး ကျော်နေဝင်းပိုင်ဆိုင်သည့် Omni Focusကုမ္ပဏီလက်အောက်ရှိ YBSကားတစ်မှာ ယနေ့ ညနေပိုင်းတွင် ဗုံးခွဲခံရကြောင်း ဒေသခံများထံမှသိရသည်။ဖြစ်စဉ်မှာ ယနေ့ ညနေပိုင်းတွင် လှိုင်သာယာမြို့နယ်၊ ရန်ကုန် - ပုသိမ်လမ်းပေါ် ၊ ရဲတပ်ရင်း (၉)အနီးရှိYBS ယာဉ်ရပ်နားစခန်းဂိတ် |
စစ်ကိုင်းတိုင်းမှာ စစ်အင်အားတိုးချဲ့ထားပေမယ့် ယင်းမာပင်မှာ စစ်ကောင်စီတပ်တွေ အကျအဆုံးများနေ Posted: 11 Mar 2022 04:40 AM PST ယင်းမာပင်၊ မတ် ၁၁၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီရဲ့တပ်တွေကို ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုရဲ့ ဗိုလ်သူရိန်တပ်ရင်းက ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ အနည်းဆုံး ၃၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေက ယင်းမာပင်မြို့နယ် လက်ပံတောရွာမှာ ပြည်သူ ၁၂ ဦးကို သတ်သွားခဲ့တဲ့ တပ်ဖွဲ့တွေဖြစ်ပြီး၊ ဒီနေ့မနက် ၉ နာရီဝန်းကျင် ကျွဲကျရွာအနီးမှာ ပဒေသာမိုင်း ၁၂ လုံး ဖောက်ခွဲ |
ဝက်လက်မှာ ၃ ရက်ကြာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံး Posted: 11 Mar 2022 04:39 AM PST ဝက်လက်၊ မတ် ၁၁၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ တောင်ကုန်းရွာ စာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ၃ ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အင်အား ၆၀ ကျော်ရှိတဲ့စစ်ကောင်စီတပ်တွေကို ဝက်လက် PDF အပါအဝင် မဟာမိတ်အဖွဲ့တွေက ပြီးခဲ့တဲ့ မတ်လ ၈ ရက်ကနေ ၁၀ ရက်နေ့အထိ တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အဲ့ဒီ သုံးရက်အတွင်း စစ်ကောင်စီဘက်က ၃ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet |
ဒီမော့ဆိုကို စစ်ကောင်စီက လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်လာ Posted: 11 Mar 2022 04:39 AM PST ဒီမော့ဆို၊ မတ် ၁၁ကရင်နီ(ကယားပြည်နယ်)၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်ကို စစ်ကောင်စီက မတ်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာ တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ထပ်မံ လုပ်ဆောင်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဝတ်ပြု ဘုရားကျောင်း အပါအဝင် သီလရှင် လူအိုရုံ ထိခိုက်ပျက်စီးခဲ့သလို ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တာပါ။ကရင်နီ (ကယားပြည်နယ်) |
Posted: 11 Mar 2022 04:35 AM PST Photo - KyaukTan Information(မတ် ၁၁)ကျောက်တန်းမြို့နယ် မီးပြစံပြကျေးရွာတွင် ယနေ့မနက် ၈ နာရီခွဲ၀န်းကျင်တွင် အကြမ်းဖက်စစ်တပ်မှ ကင်းလှည့်ရန်ထွက်ခွာလာစဥ် မီးပြကျေးရွာ ရွာလယ် လမ်းမတစ်နေရာ၌ သေနတ်ကျည်ဆံ ထွက်ပြီး တပ်ရင်းမှူးတစ်ဦး နံရိုးကျည်ထိမှန်ခဲ့ကြောင်း သိရပါသည်။ဖြစ်စဥ်မှာ အကြမ်းဖက်စစ်တပ်မှ စစ်ဗိုလ်တစ်ဦးသည် ကျည်ညှပ်နေသော သေနတ်ကို ကျည်ဆံထုတ်ရန် အဖြုတ်အတပ်လုပ်နေစဥ် ကျည်ထွက်ပြီး တပ်ရင်းမှူး နံရိုးအား |
ပြည်မြို့မှာ စိတ်ဝေဒနာသည်တဦးကို စစ်ကောင်စီက သေနတ်နဲ့ ပစ်လို့ သေဆုံး Posted: 11 Mar 2022 04:28 AM PST ပြည်၊ မတ် ၁၁၊ ၂၀၂၂။ပဲခူးတိုင်း၊ ပြည်မြို့မှာ မတ်လ ၁၀ ရက် မနေ့ကည ၁၁ နာရီဝန်းကျင်က တုတ်ကိုင်ထားတဲ့ စိတ်ဝေဒနာသည် အမျိုးသား တဦးကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်ခဲ့လို့ စစ်ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။တုတ်ကိုင်ဆောင်လာတဲ့ စိတ်ဝေဒနာသည်ကို တုတ်ချမပေးလို့ဆိုပြီး ပြည်ဘူတာကြီးမှာ လုံခြုံရေးစောင့်နေတဲ့ စစ်ကောင်စီတပ်သားတဦးက သေနတ်နဲ့ပစ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။"ဗိုလ်ချုပ်လမ်း UAB Bank ရှေ့ |
မြန်မာ့စီးပွားရေးဘဏ်မှာ လုံခြုံရေးယူနေတဲ့စစ်အုပ်စု ဗုံးခွဲခံရလို့ စစ်သား ၄ ဦး ဒဏ်ရာရ Posted: 11 Mar 2022 04:27 AM PST ပခုက္ကူ၊ မတ် ၁၁၊ ၂၀၂၂။မကွေးတိုင်း၊ ပခုက္ကူမြို့မြန်မာ့စီးပွားရေးဘဏ် (ပခုက္ကူဘဏ်ခွဲ ) မှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်တွေ မတ်လ ၁၀ ရက် မနေ့က ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ မနက်ပိုင်း ၁၁ နာရီလောက်မှာ စတင် ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အဲ့ဒီနောက် အပြန်အလှန်ပစ်ခတ်မှုတွေလည်း ရှိခဲ့တာကြောင့် စစ်ကောင်စီဘက်က ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ PKU မြို့ပြပျောက်ကြားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်တမာက ပြောပါတယ်။ " |
စစ်ကောင်စီတပ်၏ စက်လှေတစ်စီး တိုက်ခိုက်ခံရ တပ်ဖွဲ့ဝင်အချို့ရေထဲခုန်ချ Posted: 11 Mar 2022 04:22 AM PST March 11,2022မတ်လ ၁၁ရက်နေ့ နံနက် ၁၀နာရီဝန်းကျင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ချောင်းဝရွာတွင်တပ်စွဲထားနေထိုင်ထားသည့် စစ်ကောင်စီတပ်များသည် ဗန်းမော်မြို့ရှိတပ်နှင့် တပ်ချိန်းရန်ချောင်းဝရွာမှ ထွက်လာစဉ် လုတ်တိုင်းချောင်းအနီး မြို့လှ PDF တပ်များမှ စောင့်ကြိုတိုက်ခိုက်လိုက်ကြောင်း မြို့လှ PDF တပ်ဖွဲ့မှသိရသည်။" "သူတို့ ဗန်းမော်တပ်ဘက်ကို တပ်ပြောင်းဖို့ထွက်လာတယ်ဆိုတာကို သတင်းရလို့ ကျနော်တို့ကြိုတင် |
ဆော-ကျောက်ထုကြားတွင် စစ်ကောင်စီတပ် နှစ်ရက် ဆက်တိုက်ခိုက်ခံရပြီး ၁၅ဦးထက်မနည်းသေဆုံးဟု ဆော PDF ပြော Posted: 10 Mar 2022 01:32 PM PST ဓာတ်ပုံ - The Youth Force (Saw&Kyaukhtu)မကွေးတိုင်း ဆောမြို့နယ်မှ ကျောက်ထုမြို့သို့ ဦးတည်ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဆောပြည်သူ့ကာကွယ်ရေးတပ်(PDF)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း ဆော PDFက သတင်းထုတ်ပြန် သည်။မတ်လ ၇ရက်မှ ဆောမှ ကျောက်ထုမြို့သို့ ဦးတည်လာသည့် အင်အား ၁၅၀ကျော်ပါ စစ်ကောင်စီတပ်ကို မတ်လ ၈ရက်နှင့် ၉ရက်တို့တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ |
ရေးမြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်ကို MSRO အဖွဲ့က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ Posted: 10 Mar 2022 01:31 PM PST ရေး ၊ မတ် ၁၀ရေးမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့နေအိမ်ကို ဒီကနေ့ ညနေ ၅ နာရီ မိနစ် ၄၀ ခန့်မှာ မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့ (MSRO) က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲမှု ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။ထုတ်ပြန်ချက်အရ စစ်ကောင်စီထောက်တိုင် မြို့နယ်အုပ်ချုပ်ရေးမှူးဟာ ပြည်သူလူထုကို နည်းမျိုးစုံနဲ့ အနိုင်ကျင့်ဒုက္ခပေးနေတာာကြောင့် နေအိမ်ကို ဖောက်ခွဲရတာလို့ MSRO |
ပုလဲနယ် ဇီးဖြူကုန်းရွာမှ ပျူအုပ်စုက အနီးအနားက နှောရိုးရွာကို မီးတင်ရှို့နေ Posted: 10 Mar 2022 10:44 AM PST ပုလဲနယ် ဇီးဖြူကုန်းရွာခံတွေကို မြတ်ကျော်နဲ့ သန်းထိုက်တို့က ထောက်ပံ့ပေးနေစဉ်/Photo - Sမတ် - ၁၀စစ်ကိုင်းတိုင်း စကစ ဝန်ကြီးချုပ် မြတ်ကျော်နဲ့ နမခ တိုင်းမှူး သန်းထိုက်တို့ မကြာခဏ သွားရောက်ပြီး အားပေးအားမြှောက် လုပ်နေတဲ့ ပုလဲမြို့နယ် ဇီးဖြူကုန်းရွာက ပျူစောထီးအုပ်စုဟာ ဒီကနေ့ ည(၈)နာရီလောက်က စတင်ပြီး အနီးအနားက နှောရိုးကျေးရွာကို မီးတင်ရှို့ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ဒီကနေ့ မတ်(၁၀)ရက် မနက်(၁၀) |
Posted: 10 Mar 2022 10:43 AM PST စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း BLACK WOLF PDF အဖွဲ့က ထုတ်ပြန်သည်။ယမန်နေ့(မတ်လ ၉ ရက်)ည ၁၀ နာရီခန့်က ရွှေဘိုမြို့ မြို့ရှောင်လမ်းတွင် စစ်သုံး FAW ကားဖြင့် ကင်းပတ်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များအား ရွှေဘိုနယ်အခြေစိုက် နတ်တောင်နဂါးအဖွဲ့၊ Ghost Rider အဖွဲ့နှင့် စစ်ကိုင်းအခြေစိုက် BLACK WOLF |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.