သစ္ထူးလြင္ |
- ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၆)ဦး လက်နက်အပြည့်အစုံဖြင့် PDF Zoland ထံ ဆက်သွယ်ကာ CDM ပြုလုပ်လာ
- မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး အသုံးပြုမှု ခေတ္တရပ်နားထားကြဖို့ မြဝတီ PDF သတိပေး
- မြန်မာအရေးကူညီဖို့ အမေရိကန်က ဒေါ်လာ ၁၃၆ သန်းကျော်ပံ့ပိုးမည်
- စစ်ရေးအရအရေးပါတဲ့ ဒေါငံခါးကို ကရင်နီတပ်များယာယီလက်လွှတ်လိုက်ရ
- စစ်ကောင်စီ မီးဝင်ရှို့တဲ့ ချောင်းရိုးရွာနဲ့ စိမ်းစားရွာမှာ ပြည်သူ ၃ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံး
- ခရမ်းမြို့ ပြည်သူများအနေဖြင့် လမ်းတွင် မိုင်းများ၊ ထူးဆန်းသည့်အရာများတွေ့ရှိပါက မစပ်စုကြရန်၊ မမြင်ချင်ယောင်ဆောင်သွားကြရန် ခရမ်း-PDF မေတ္တာရပ်ခံ
- ခရမ်း-PDF က ယနေ့ စစ်ကောင်စီအား တိုက်ခိုက်ခဲ့သော မြို့ပြပျောက်ကျား တိုက်ခိုက်မှု သတင်းထုတ်ပြန်ကြေညာ
- ရေစကြိုမြို့ ပျူစောထီးခေါင်းဆောင်နေအိမ်အား မဟာမိတ်အဖွဲ့ ၅ ဖွဲ့ ပူးပေါင်းတိုက်ခိုက်
- ပုလဲတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး PDF ရဲဘော် ၃ ဦးကျဆုံး
- တန့်ဆည်မှာ စစ်ကားကို တိုက်ခိုက်ရာ စကစ သုံးဦးသေ၊ တစ်ဦး အရှင်မိပြီး မောင်းပြန် ငါးလက် သိမ်းပိုက်ရရှိ၊ စစ်အုပ်စုက အနီးအနားက ရွာတွေကို လက်နက်ကြီးနဲ့ထု၊ မီးရှို့လို့ ဒေသခံတချို့ သေဆုံး
- ဝက်လက်မှာ PDF တွေ ထောင်ထားတဲ့ မိုင်းတွေ လိုက်ဖြုတ်နေတဲ့ ပျူတစ်ဦး မိုင်းထိပြီးသေ
- ထိန်ကြီးကျေးရွာမှာ ပျူစောထီးအဖွဲ့ဝင်တစ်ဦးသေနတ်နဲ့ပစ်သတ်ခံရ
- မိုင်းခွဲခံရတဲ့ Mytel တာဝါတိုင်ကို လာစစ်ဆေးတဲ့ ရဲတပ်ဖွဲ့မိုင်းဆွဲတိုက်ခိုက်ခံရ
- ဖာပွန်တိုက်ပွဲ စစ်ကောင်စီတပ်သား (၃) ဦးသေဆုံးပြီး (၁၆) ဦး အရှင်ဖမ်းမိခဲ့သည့်အပြင် လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့
- စစ်ကိုင်းမြို့တွင် ဆေးရုံစောင့် စစ်မှုထမ်းဟောင်းများ အချင်းချင်းစကားများ၍ ပစ်ခတ်ကြရာ (၂) ဦးသေဆုံးပြီး (၁) ဦးအရေးပေါ်အခြေအနေတွင်ရှိနေ
- ရွာသာအေးကျေးရွာ ဆီဆိုင်အနီး စစ်ကောင်စီတပ်များ မိုင်းမိပြီး ၅ ယောက် သေဆုံး
- ဝက်လက် PDF နှင့် ပ.က.ဖ အဖွဲ့များပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်၊ ၆ ယောက်သေပြီး ၁၇ ယောက် ဒဏ်ရာရ
- The Youth Force (Saw&Kyaukhtu) အဖွဲ့ ပဒေသာမိုင်းကြောင့် စစ်ကောင်စီ ၂ ယောက်သေ
- မအူပင်မြို့စခန်းမှူးတပည့် သေနတ်ဆော့ရာမှ ရဲတဦး ကျည်ထိမှန်သေဆုံး
- ဦးပိုင်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထုတ်ပေးရမည့်အမြတ်ငွေ ကျပ်သန်းပေါင်း ၅ သောင်းဝန်းကျင်ရှိနေပြီး အကြောင်းအမျိုးမျိုးပြ၍ ငွေထုတ်မပေးဘဲ အချိန်ဆွဲနေ
Posted: 13 Mar 2022 09:32 AM PDT ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် (၆) ဦး PDF Zoland နှင့် ဆက်သွယ်ကာ ယခုတစ်ပတ်အတွင်း လက်နက်အပြည့်အစုံဖြင့် ပြည်သူနှင့် လာရောက်ပူးပေါင်းလာကြောင်း PDF Zoland က ယနေ့မတ်လ(၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။၎င်းတို့သည် မတ်လ(၆)ရက်နေ့က လာရောက်ပူးပေါင်းကြခြင်းဖြစ်ပြီး ဒုတပ်ကြပ်တစ်ဦးနှင့် ရဲတပ်သား(၄)ဦးပါဝင်ကာ ကျန်တစ်ဦး၏ ရာထူးကိုဖော်ပြထားခြင်း မရှိပေ။ပူးပေါင်းလာသူများမှာ ရဲဒုတပ်ကြပ် Thian |
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး အသုံးပြုမှု ခေတ္တရပ်နားထားကြဖို့ မြဝတီ PDF သတိပေး Posted: 13 Mar 2022 09:24 AM PDT မြဝတီ၊ မတ် ၁၃စစ်ရေးတင်းမာနေတဲ့အတွက်ကြောင့် မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးမှာ ခရီးသွားပြည်သူတွေအနေနဲ့ လမ်းအသုံးပြုမှု ခေတ္တရပ်နားထားကြဖို့ မြဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့က မတ်လ ၁၂ ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှာ မတ်လ ၁၂ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်အင်အား ၁၀၀ နီးပါး စစ်ကြောင်း ထိုးလာပြီးနောက် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။အဲဒီပစ်ခတ်မှုအတွင်း ခရီးသည်ကား တစ်စီးနဲ့ |
မြန်မာအရေးကူညီဖို့ အမေရိကန်က ဒေါ်လာ ၁၃၆ သန်းကျော်ပံ့ပိုးမည် Posted: 13 Mar 2022 09:23 AM PDT မော်လမြိုင်၊ မတ် ၁၃မြန်မာ့နွေဦးတော်လှန်ရေးအတွက် ပံ့ပိုးကူညီနိုင်ဖို့ဆိုတဲ့ အခန်းကဏ္ဍပါဝင်တဲ့ အမေရိကန်အစိုးရရဲ့ ၂၀၂၁-၂၀၂၂ ဘက်ဂျက်ကို ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့မှာ အမေရိကန် ကွန်ဂရက်လွှတ်တော်က အတည်ပြုလုပ်ပါတယ်။ဒီဘက်ဂျက်ထဲမှာတော့ မြန်မာ့နွေဦးတော်လှန်ရေးကို ပံ့ပိုးဖို့ဆိုပြိး အမေရိကန်ဒေါ်လာ ၁၃၆ သန်းကျော် ထည့်သွင်းထားတာဖြစ်ပါတယ်။အဓိက ထောက်ပံ့မှုရမယ့်အကြောင်းအရာတွေကတော့ ကချင်၊ ချင်း၊ မွန်၊ ကရင်၊ ကရင်နီ၊ |
စစ်ရေးအရအရေးပါတဲ့ ဒေါငံခါးကို ကရင်နီတပ်များယာယီလက်လွှတ်လိုက်ရ Posted: 13 Mar 2022 09:20 AM PDT ဓါတ်ပုံ- စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆက်မပြတ်ပစ်ခတ်သော လက်နက်ကြီးများ ဒေါငံခါးတွင်ကျကွဲစဉ်ကယား၊ မတ် ၁၃၊ ၂၀၂၂။ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရွာကိုယာယီလက်လွှတ်လိုက်ရပြီး ယင်းနေရာမှာ စစ်ရေးအရအရေးပါတဲ့တနေရာဖြစ်ပါတယ်။မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းကလက်လွှတ်လိုက်ရတာဖြစ်ပြီး ဒေါငံခါးရွာထဲကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်နေတာ၊ လေယာဉ်နဲ့တရစပ်ဗုံးကြဲတာတွေကြောင့် လက်လွှတ်လိုက်ရတယ်လို့ ကရင်နီ |
စစ်ကောင်စီ မီးဝင်ရှို့တဲ့ ချောင်းရိုးရွာနဲ့ စိမ်းစားရွာမှာ ပြည်သူ ၃ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံး Posted: 13 Mar 2022 09:18 AM PDT တန့်ဆည်၊ မတ်၁၃၊ ၂၀၂၂။စစ်ကိုင်းတိုင်း တည်ဆည်မြို့နယ် ချောင်းရိုးရွာနဲ့ စိမ်းစားရွာတွေကို မတ်လ ၁၂ရက် မနေ့က နေ့လည်ပိုင်းမှာ စစ်ကောင်စီက PDF တွေရှိတယ် အထင်နဲ့ ဝင်မီးရှို့ခဲ့ပြီး ထွက်ပြေးသူတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၃ဦး သေဆုံးခဲ့ပါတယ်။စစ်ကောင်စီတပ်သားတွေက စိမ်းစားရွာကို အရင်မီးဝင်ရှို့ခဲ့ပြီး အမျိုးသမီးငယ်တဦးကို သေနတ်နဲ့ ပစ်ခဲ့သလို ချောင်းရိုးရွာကိုလည်း မီးဝင်ရှို့ခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက |
Posted: 13 Mar 2022 09:17 AM PDT (မတ် ၁၃)ခရမ်းမြို့နယ်နေ ပြည်သူများအနေဖြင့် မိမိသွားရာလမ်းများတွင် မိုင်းများ၊ ထူးဆန်းနေသည့်အရာများတွေ့ရှိပါက မစပ်စုကြပါရန်၊ မမြင်ချင်ယောင်ဆောင်သွားကြပါရန် ခရမ်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan) အဖွဲ့က ယနေ့ မေတ္တာရပ်ခံထားပါသည်။ခရမ်းမြို့ ယနေ့ နံနက်ပိုင်းတွင် ကံသာရွာ ဘုန်းကြီးကျောင်းသို့ သွားသည့် စစ်ကောင်စီတပ် ပြန်လာချိန် ဖောက်ခွဲရန် ထောင်ထားသည့်မိုင်းကို ပြည်သူ တစ်ဦးက တွေ့ရှိပြီး စစ်ကောင်စီ |
ခရမ်း-PDF က ယနေ့ စစ်ကောင်စီအား တိုက်ခိုက်ခဲ့သော မြို့ပြပျောက်ကျား တိုက်ခိုက်မှု သတင်းထုတ်ပြန်ကြေညာ Posted: 13 Mar 2022 09:16 AM PDT ဓာတ်ပုံ - PDF Khayan(မတ် ၁၃)ခရမ်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan) က ယနေ့ စစ်ကောင်စီအား တိုက်ခိုက်ခဲ့သော မြို့ပြပျောက်ကျား တိုက်ခိုက်မှု တိုက်ပွဲသတင်းအား အတည်ပြုထုတ်ပြန်ကြေညာခဲ့ပါသည်။ယနေ့ နေ့လည် (၁၁း၂၀)နာရီတွင် ခရမ်းမြို့ `အထွေထွေအုပ်ချုပ်ရေးမှူးရုံး´ အတွင်းသို့ ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မြို့အဝင်အထွက်များကို ပိတ်ဆို့၍ ပြည်သူလူထုကို ဒုက္ခပေးနေသည့် စစ်ခွေးများကို |
ရေစကြိုမြို့ ပျူစောထီးခေါင်းဆောင်နေအိမ်အား မဟာမိတ်အဖွဲ့ ၅ ဖွဲ့ ပူးပေါင်းတိုက်ခိုက် Posted: 13 Mar 2022 09:25 AM PDT ရေစကြို၊ မတ် ၁၃၊ ၂၀၂၂။ရေစကြိုမြို့နယ် စည်သာအုပ်စု ဂွေးချိုရွာ ပျူစောထီးခေါင်းဆောင်နေအိမ်အား မတ်လ ၁၃ ရက်နေ့တွင် မဟာမိတ်အဖွဲ့ ၅ ဖွဲ့ပူးပေါင်း၍ဝင်ရောင်စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီးအဖွဲ့များထွက်ပြေးသွားကြောင်း Phoenix အထူးပြောက်ကျားတပ်ဖွဲ့တာဝန်ခံမှ သိရသည်။"ကျနော်တို့ ရေစကြို တောင်ဘက်အခြမ်းမှာဆိုရင် ပျူစောထီးအင်အားကောင်းတယ်၊ ပြည်သူတွေကိုလည်း တော်တော်နှိပ်စက်နေတာလည်းများတယ်၊ အဲဒီဘက်မှာ ပျူစောထီး |
ပုလဲတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး PDF ရဲဘော် ၃ ဦးကျဆုံး Posted: 13 Mar 2022 09:10 AM PDT ပုလဲ၊ မတ် ၁၃၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တုံးကန်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ မတ်လ ၁၂ ရက် မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ညနေ ၃ နာရီလောက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦးသေဆုံးခဲ့သလို PDF ရဲဘော် ၃ ဦးလည်း ကျဆုံးခဲ့တယ်လို့ Pale People's Defence Force Headquarters တာဝန်ခံက ပြောပါတယ်။ "ကျနော်တို့ PDFအဖွဲ့တွေ အပေါ် ဒရုန်းဝဲတာမှာ |
Posted: 12 Mar 2022 01:25 PM PST မတ် - ၁၂စစ်ကိုင်းတိုင်း တန့်ဆည်နယ် တန့်ဆည် - ရေဦး လမ်းမှာ ဒီကနေ့ နေ့လယ်ပိုင်းက စစ်ကားတစ်စီးကို အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာမှာ စကစ သုံးဦးသေပြီး တစ်ဦး အရှင်ဖမ်းမိသလို အော်တိုသေနတ် ငါးလက်နှင့် လက်နက်ခဲယမ်း တချို့ သိမ်းပိုက်ရရှိခဲ့တယ်လို့ တန့်ဆည်ဖီးနစ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - Phoenix Defence Force – Taze က သတင်းထုတ်ပြန်ပါတယ်။ဒီကနေ့ မတ်(၁၂)ရက် နေ့လယ်(၁၁)နာရီခွဲက တန့်ဆည်မြို့နှင့် ရေဦးမြို့ကြား |
ဝက်လက်မှာ PDF တွေ ထောင်ထားတဲ့ မိုင်းတွေ လိုက်ဖြုတ်နေတဲ့ ပျူတစ်ဦး မိုင်းထိပြီးသေ Posted: 12 Mar 2022 01:23 PM PST ဝက်လက်မြို့ပေါ်မှာ တွေ့ရတဲ့ စကစ တချို့/Photo – Sမတ် ၊ ၁၂စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ ဒီကနေ့ မတ်(၁၂)ရက် ညနေပိုင်းက PDF တွေ ထောင်ထားတဲ့ မိုင်းတွေကို လိုက်ဖြုတ်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး တစ်ဦး မိုင်းဖောက်ခွဲခံရပြီး သေတယ်လို့ နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေး ပျောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ဒီကနေ့ ညနေ (၃)နာကျော်လောက်က ဝက်လက်မြို့အရှေ့ဘက် သရိုင်-မင်းကုန်း အထွက်လမ်းမှာ စစ်အုပ်စုနဲ့ |
ထိန်ကြီးကျေးရွာမှာ ပျူစောထီးအဖွဲ့ဝင်တစ်ဦးသေနတ်နဲ့ပစ်သတ်ခံရ Posted: 12 Mar 2022 01:18 PM PST ဓာတ်ပုံ - ဦးဥာဏ်ရီတနင်္သာရီတိုင်းမ် ၊ မတ် ၁၂ ပျူစောထီးအဖွဲ့ဝင် ဦးဥာဏ်ရီဆိုသူဟာ ထိန်ကြီးကျေးရွာမှာ သေနတ်နဲ့ပစ်သတ်ခံလိုက်ရပါတယ်။ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ၊နဘုလည်ဒေသ ၊ ထိန်ကြီးကျေးရွာမှာ ပျူစောထီးအဖွဲ့ဝင်လို့နာမည်ကြီးတဲ့ အသက် ၄၅ နှစ်အရွယ် ဦးဥာဏ်ရီဟာ ဒီနေ့မွန်းလွဲ ၂နာရီဝန်းကျင်လောက်က ပစ်သတ်ခံရလို့သေဆုံးသွားတယ်လို့သိရပါတယ်။ သူဟာ ရွာသားတွေကိုလက်နက်အားကိုးနဲ့ အမျိုးမျိုး ဒုက္ခပေးသူဖြစ်ပြီး အပြစ် |
မိုင်းခွဲခံရတဲ့ Mytel တာဝါတိုင်ကို လာစစ်ဆေးတဲ့ ရဲတပ်ဖွဲ့မိုင်းဆွဲတိုက်ခိုက်ခံရ Posted: 12 Mar 2022 01:17 PM PST တနင်္သာရီတိုင်းမ်၊ မတ် ၁၂ မိုင်းခွဲဖျက်ဆီးခံရတဲ့ Mytel တာဝါတိုင်ကို လာရောက်စစ်ဆေးတဲ့ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေ ဒီနေ့မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ မတ်လ ၁၁ ရက်ညက ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဧကနိရွာမှာရှိတဲ့ Mytel တာဝါတိုင်မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေထံကသိရပါတယ်။ မတ်လ ၁၂ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်မှာ တာဝါတိုင်ကိုစစ်ဆေးပြီးပြန်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေစီးလာတဲ့ |
Posted: 12 Mar 2022 01:15 PM PST မတ် ၁၂ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မယ်ပေါ်ထဒေသ၌ KNU တပ်မဟာ (၅) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၃) ဦးသေဆုံးကာ (၁၆) ဦးကိုမူ လက်နက်ခဲယမ်းမျိုးစုံနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း KNU သတင်းရင်းမြစ်များမှ ထုတ်ပြန်သည်။ဒွယ်လိုးမြို့နယ်၊ မယ်ပေါ်ထဒေသတွင် KNU တပ်မဟာ (၅) နှင့် ကော့ကရိတ်အခြေစိုက် စစ်ကောင်စီတပ်၏ ခလရ (၉၇) တပ်တို့ ယမန်နေ့ မနက် ၁၁ နာရီမှစ၍ ညနေ ၅ နာရီ |
Posted: 12 Mar 2022 01:13 PM PST မတ် ၁၂စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ကုတင် ၂၀၀ ဆံ့ ဆေးရုံ အစောင့်အဖြစ် စစ်ကောင်စီကခန့်အပ်ထားသော စစ်မှုထမ်းဟောင်းများသည် ယနေ့ မနက်ပိုင်းက အချင်းချင်းစကားများပြီး ပစ်ခတ်ကြရာ (၂) ဦးသေဆုံးခဲ့ပြီး (၁) ဦး အရေးပေါ်အခြေအနေတွင်ရှိနေကာ အသက်အန္တာရာယ်စိုးရိမ်ရကြောင်း စစ်ကိုင်းမြို့သတင်းရင်းမြစ်ကထုတ်ပြန်သည်။စစ်ကိုင်း ကုတင် ၂၀၀ ဆံ့ဆေးရုံ အစောင့်အဖြစ် စစ်မှုထမ်းဟောင်းသက်ကြီးရွယ်အိုများအား စစ်ကောင်စီက နေ့စား |
ရွာသာအေးကျေးရွာ ဆီဆိုင်အနီး စစ်ကောင်စီတပ်များ မိုင်းမိပြီး ၅ ယောက် သေဆုံး Posted: 12 Mar 2022 01:10 PM PST မတ်လ ၁၂၊ ၂၀၂၂ ခုနှစ်။မတ်လ ၁၁ ရက် နံနက် ၈ နာရီအချိန်တွင် မုံရွာ-ချောင်းဦးလမ်း၊ ရွာသာအေးရွာရှိ အောင်ရတနာဆီဆိုင်အနီးတွင် အကြမ်းဖက် စစ်ကောင်စီတပ်များ မိုင်းမိပြီး ၅ ဦး သေဆုံးကာ ခြေပြတ်လက်ပြတ်ထိခိုက်သူများရှိကြောင်း ချောင်းဦး PDF က သတင်းထုတ်ပြန်သည်။ချောင်းဦးမြို့နယ် ပြည်သူ့တပ်ဖွဲ့ CHUPDF တပ်ခွဲ (၁) မှ ရဲဘော်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရာထူးကြီးအကြမ်းဖက်စစ်သားတစ်ဦးနှင့် စစ်ကောင်စီတပ်သား ၄ ဦး |
Posted: 12 Mar 2022 01:08 PM PST မဲခေါင်၊ မတ် ၁၂ဝက်လက်မြို့မှ တောင်ကုန်းရွာဘက်သို့စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ် အင်းအား ၃၀ ဝန်းကျင်နှင့် ဝက်လက် PDF တပ်ရင်း(၂)နှင့် ပ.က.ဖ ပူပေါင်းတပ်ဖွဲ့တို့ မတ်လ ၁၁ ရက်တွင် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဝက်လက် PDF က ထုတ်ပြန်သည်။ပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီတပ်ကို ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ည ၁၀ လောက်ထိ ပိတ်မိနေ၍ စစ်ကောင်စီတပ်ဘက်မှ ၆ ဦးသေ ၁၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။ |
The Youth Force (Saw&Kyaukhtu) အဖွဲ့ ပဒေသာမိုင်းကြောင့် စစ်ကောင်စီ ၂ ယောက်သေ Posted: 12 Mar 2022 01:06 PM PST မဲခေါင်၊ မတ် ၁၂ဆောမြို့နယ်၊ ပေါက်တောရွာဘက်မှ လယ်ကြီးအိုင့်ကျေးရွာဘက်သို့ ပြန်လည် ဆုတ်ခွာသွားခဲ့သည့် စစ်ကောင်စီအဖွဲ့အား The Youth Force ( Saw& Kyaukhtu) က မတ်လ ၁၁ ရက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် ၂ ယောက် သေဆုံးကြောင်း အတည်ပြုထုတ်ပြန်သည်။ပဒေသာမိုင်း (၂) လုံးပေါက်ကွဲပြီး အကြမ်းဖက်စစ်ကောင်စီ တပ်ဘက်မှ (၁) ဦး သေဆုံး၍ (၁) ဦး ပြင်းထန်ဒဏ်ရာရပြီး ကျေးရွာအတွင်းသယ်ဆောင်စဥ် ဒဏ်ရာရရှိသူ ၁ ဦးပါ |
မအူပင်မြို့စခန်းမှူးတပည့် သေနတ်ဆော့ရာမှ ရဲတဦး ကျည်ထိမှန်သေဆုံး Posted: 12 Mar 2022 12:59 PM PST မအူပင်၊ မတ်လ ၁၂ ရက်ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ မတ်လ ၁၂ ရက် ယနေ့ ညပိုင်းက ရဲတပ်သားတဦး သေနတ်ကျည်ဆံထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။စခန်းမှူးအိမ်မှာနေတဲ့ တပည့်ဖြစ်သူက စခန်းမှူးသေနတ်ယူဆော့ရာမှ ကျည်ထွက်ပြီး လည်ပင်းထိမှန်သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းကသိရပါတယ်။" ည ၇ နာရီခွဲကျော်လောက်ကဖြစ်သွားတာ စခန်းမှူးအိမ်မှာနေတဲ့ ကောင်လေးက သေနတ်ဆော့တာ။ အဲ့မှာကျည်ထွက်သွားပြီးတော့ လည်ပင်းထိ သေသွားတာ''လို့ |
Posted: 12 Mar 2022 12:58 PM PST မတ်လ ၁၂ ရက်အာဏာသိမ်းစစ်တပ်ပိုင်မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဦးပိုင်လီမိတက်က ၂၀၂၁ ခုနှစ်အတွက် စစ်ကောင်စီတပ် ဖွဲ့ဝင်အရာရှိ၊ စစ်သည်များကို ပြန်လည်ထုတ်ပေးရမည့် ဦးပိုင်အမြတ်ငွေသည် ခန့်မှန်းချေ ကျပ် သန်းပေါင်း ၅ သောင်းဝန်းကျင်ရှိကြောင်းစစ်ကောင်စီတပ်အသိုင်း အ ဝိုင်းထံက သိရသည်။ဦးပိုင်လီမိတက်အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထည့်ဝင်ငွေပမာဏ၏ ၃၀ ရာခိုင်နှုန်းကို အတိုးနှုန်း အ ဖြစ် တနှစ်တကြိမ်ပြန်လည် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.