Tuesday, March 15, 2022

သစ်ထူးလွင်

သစ်ထူးလွင်


ပေါက်မြို့က နာမည်ကြီး ပျူစောထီး သေနတ်ပစ်ခံရပြီး သေဆုံး

Posted: 14 Mar 2022 10:57 AM PDT

ပေါက်၊ မတ် ၁၄၊ ၂၀၂၂။မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သီးခြောက်ရွာက နာမည်ကြီးပျူစောထီး ဒလန်အကြီးစားဆိုသူ အောင်အောင်(ခ) ငအောင်ကို ပခုက္ကူ PDF ၂ ဖွဲ့က မတ်လ ၁၃ ရက်နေ့က သေနတ်နဲ့ ပစ်သတ်၍ရှင်းခဲ့တယ်လို့ Pakokku Revolution Front တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။"မနေ့က မနက် ၉ နာရီလောက်ကဝင်ရှင်းခဲ့တာဗျ။ သူ့ရဲ့ရွာမှာပဲ ရှင်းခဲ့တာ သူ့ကိုအတိုနဲ့ပစ်ခဲ့တာ။ ကျနော်တို့ ရမ်းသမ်းပြီးတော့မလုပ်ပါဘူး။ သတင်းခိုင်လုံမှလုပ်တာ

ပြည်သူများ​၏စပါးများကို ဓါးပြတိုက်လာသော စကစကားနှစ်စီးအား ပြောက်ကျားအဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်၊ စကစတပ်သား (၄) ဦးသေဆုံးကာ သေနတ် (၅) လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိ

Posted: 14 Mar 2022 10:50 AM PDT

မတ် ၁၄စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပုဏ္ဏကားဘက်မှ ပြည်သူများ​၏စပါးများကို လူမဆန်စွာ ဓါးပြတိုက် ခိုးယူလာပြီး တန့်ဆည်မြို့ ဒေါင်းမင်းဆန်စက်သို့ ပို့ဆောင်မည့် စစ်ကောင်စီ စကပ်ပြာ ကား (၂) စီးအား မတ်လ ၁၂ ရက်နေ့ နေ့လည်ပိုင်းက စိမ်းစားကျေးရွာအနီးတွင် ဓူဝံပြောက်ကျား (မြောက်ပိုင်းမဟာမိတ်အဖွဲ့ )‌ ရေဦး၊ ရွေဘိုခရိုင် တပ်ရင်း(၇) တန့်ဆည်ဖီးနစ်နှင့် TSO အဖွဲ့သားများ မှ ပူပေါင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိ

ကသာမှာ စကစ သင်္ဘောနှစ်စီးကို ရှော့တိုက်ဒုန်းနဲ့ တိုက်ခိုက်မှု စကစ (၃၀)ကျော်သေဟုဆို

Posted: 14 Mar 2022 10:47 AM PDT

စစ်ကောင်စီ ထောက်ပို့သင်္ဘောကို ပစ်ခတ်ခဲ့တဲ့ လက်နက်များနင့် စကစ သင်္ဘောကို ဝက်လက် PDF က တိုက်ခိုက်စဉ်/Photo - ကသာ ပကဖ ၊ ဝက်လက် PDFမတ် - ၁၄စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ ထောက်ပို့ သင်္ဘောနှစ်စီးကို ရှော့တိုက်ဒုန်း နှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ချက်ကောင်းထိပြီး သင်္ဘောအတွင်းပိုင်းထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စကစ (၃၀)ထက်မနည်း သေတယ်လို့ ကသာ

မန္တလေး (၆၂)လမ်းမှာ စစ်အုပ်စု ဗုံးထုခံရပြီးနောက် လမ်းသွားလမ်းလာ ပြည်သူတစ်ဦးကို ပစ်သတ်ဟုဆို

Posted: 14 Mar 2022 10:45 AM PDT

မန္တလေးမြို့ (၆၂)လမ်းပေါ်က သူနာပြုတက္ကသိုလ်/Photo – Wikiမတ် - ၁၄မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် (၆၂)လမ်း၊ သူနာပြုကျောင်းရှေ့မှာ အစောင့်ကျနေတဲ့ စစ်အုပ်စု ဒီကနေ့ မနက်ပိုင်းက ဗုံးထုတိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက လမ်းသွားလမ်းလာ ပြည်သူတစ်ဦးကို ပစ်သတ်လိုက်တယ်လို့ ဒေသခ့တွေက ဆိုပါတယ်။ဒီကနေ့ မတ်(၁၄)ရက် မနက်(၁၁)နာရီဝန်းကျင်က Mandalay Black King Scorpion PDF နဲ့ Guerilla Force of Mandalay မဟာမိတ်

ထားဝယ်တွင် KNU အရာရှိဟောင်းဦးဆောင်သည့် အဖွဲ့က စစ်ကောင်စီတပ်ကို တိုက်ခိုက် စစ်ကောင်စီတပ်မှ ​လေးဦးထက်မနည်းသေ၊ လက်နက်ခဲယမ်းများရရှိ

Posted: 14 Mar 2022 10:42 AM PDT

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) အရာရှိ​ဟောင်းတစ်ဦး ဦးဆောင်သည့် အဖွဲ့က အကြမ်းဖက်စစ်ကောင်စီတပ်ကို ယမန်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း ကြားသိရသည်ဟု KNU တပ်မဟာ(၄) တာဝန်ရှိသူတစ်ဦးက ပြောသည်။မတ်လ ၁၃ရက်က ထားဝယ်မြို့နယ် ဝါးတောရွာနှင့်ထိုင်းနယ်စပ်ကြားတစ်နေရာတွင် အကြမ်းဖစ်စစ်ကောင်စီတပ်ကို ကော်လာဖိုးအဖွဲ့က ကြားဖြတ်

နောင်ချိုတိုက်ပွဲ စစ်ကြောင်းမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးသေဟု NUGကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

Posted: 14 Mar 2022 10:38 AM PDT

ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် စစ်ကောင်စီတပ်တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး  စစ်ကြောင်းမှုးအပါ အဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀)ဦး သေဆုံးကာ ၁၅ ဦး ခန့် ဒဏ်ရာ ရရှိခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။မတ်လ(၁၃)ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး အပါအဝင် ၂၅ဦး သေဆုံးကာ ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း၊ ယနေ့ မတ်လ ၁၄ရက်မနက်

မန္တလေးတွင် ပြည်သူများအား ဖမ်းဆီးငွေညစ်သည့် စကစ လက်ပါးစေစခန်းချ နေရာအချို့ ဗုံးခွဲခံရ

Posted: 14 Mar 2022 04:26 AM PDT

မန္တလေး၊ မတ် ၁၄မန္တလေးမြို့၌ စစ်ကောင်စီကင်းတဲနှင့် ပြည်သူများအား ဖမ်းဆီးငွေညှစ်နေသည့်နေရာတချို့မှာ ယနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနည်းဆုံး ၃ ဦး သေဆုံးကြောင်း မြို့ခံများ ထံကသိရသည်။ယနေ့နံနက် ၁၀နာရီဝန်းကျင်က အောင်မြေသာစံမြို့နယ် ၈၂လမ်းနှင့် လမ်း၂၀ထောင့်ရှိ စစ်ကောင်စီကင်း စခန်းတစ်ခု ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ တစ်ဦး

လွိုင်ကော်မြို့ ထီတရိကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇ ဦးထိသေဆုံး

Posted: 14 Mar 2022 04:25 AM PDT

လွိုင်ကော်၊ မတ် ၁၄ လွိုင်ကော်မြို့နယ် ထီတရိကျေးရွာအနီးတွင် မတ်လ(၁၁)ရက်နှင့် ယနေ့ (မတ်လ ၁၄) တွင်  အကြမ်းဖက်စစ်ကောင်စီနှင့် ဒေသခံတော်လှန်ရေး တပ်များအကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ၇ ဦးထိသေဆုံးခဲ့ကြောင်း လွိုင်ကော်  PDF က ယနေ့ ထုတ်ပြန်သည်။မတ်လ (၁၁)ရက်က လွိုင်ကော် PDF နှင့် KNDF တပ်ဖွဲ့များက လင်ဖုံလမ်းခွဲတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီကိုသွားရောက်တိုက်ခိုက်ခဲ့ပြီး

စစ်ကောင်စီလက်အောက်ခံ BGF တပ်သား (၂)ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ အချင်းချင်း ပစ်ခတ်၍ သေကြောင်း ဒေသခံများဆို

Posted: 14 Mar 2022 04:22 AM PDT

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကိုးတိုင် - ကြာအင်းဆိပ်ကြီးလမ်းမကြီး၊ ဝိဇ္ဇာကုန်းကျေးရွာ အဝင်လမ်းထိပ်ဇရပ်တွင် ခရီးသွားယာဉ်များအား မတရားဂိတ်‌ကြေးကောက်ခံနေသည့် စစ်ကောင်စီလက်အောက်ခံ BGF တပ်သားများ ယနေ့မတ်လ (၁၄)ရက်၊ မနက်ပိုင်းက ပစ်ခတ်ခံရပြီး (၂)ဦးသေကြောင်း ဒေသခံများထံမှ သိရသည်။၎င်းနေရာသည် အကြမ်းဖက်စစ်ကောင်စီတပ်က နေရာယူထားသည့် နယ်မြေဖြစ်ပြီး BGF များက ဂိတ်ကြေးကောက်ခြင်း၊ လောင်းကစားဝိုင်းများ ဖွင့်လှစ်

ရန်ကုန် - မန္တလေး အမြန်လမ်းတွင် စစ်ကောင်စီ ယာဉ်တန်းကို ကျောက်ဆည်ခရိုင်ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲ

Posted: 14 Mar 2022 04:20 AM PDT

ရန်ကုန် - မန္တလေး(အမြန်လမ်း)တွင် မောင်းနှင်လာသည့် အကြမ်းဖက်စစ်‌ကောင်စီယာဉ်တန်းကို ယနေ့ မတ်လ(၁၄)ရက်နေ့ နေ့လည်(၁)  နာရီခွဲဝန်းကျင်က အမြန်လမ်းမိုင်တိုင်(၃၃၆)မိုင်၊ (၁)ဖာလုံအရောက်တွင် ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)မှ မိုင်းဆွဲ တိုက်တိုက်ခဲ့ကြောင်း သိရသည်။ယင်းမိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား သေဆုံး၊ ထိခိုက်မှုအခြေအနေကိုမူ မသိရသေးပေ။မတ်လ(၉)ရက်ကလည်း ကျောက်ဆည်သို့ရောက်လာ

မတူပီမြို့နယ်တွင် နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် အနည်းဆုံး ၈ ဦးသေဆုံး

Posted: 14 Mar 2022 04:17 AM PDT

၁၄ မတ် ၂၀၂၂ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လဲန်းပီမြို့ကနေ မတူပီ-ပလက်ဝကားလမ်းပေါ်မှာရှိတဲ့ ထယ်ဘွေ့တပ်စခန်းဘက်ကို စစ်ကြောင်းထိုး ချီတက်လာတဲ့ အင်အား ၁၅၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တို့ မတ်လ ၁၂ ရက်က စပြီး တိုက်ပွဲတောက်လျှောက်ဖြစ်ပွားခဲ့ပြီး နှစ်ရက်အတွင်း စစ်ကောင်စီဘက် အနည်းဆုံး ၈ ဦးသေဆုံးခဲ့ တယ်လို့ သိရပါ တယ်။စစ်ကောင်စီတပ်ဖွဲ့တွေဟာ လိုင်လဲန်းပီမြို့ကနေ မတူပီနယ် ထယ်ဘွ

ပုလဲတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး PDF ရဲဘော် ၃ ဦးကျဆုံး

Posted: 14 Mar 2022 04:14 AM PDT

ပုလဲ၊ မတ် ၁၃၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တုံးကန်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ မတ်လ ၁၂ ရက် မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ညနေ ၃ နာရီလောက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦးသေဆုံးခဲ့သလို PDF ရဲဘော် ၃ ဦးလည်း ကျဆုံးခဲ့တယ်လို့ Pale People's Defence Force Headquarters တာဝန်ခံက ပြောပါတယ်။ "ကျနော်တို့ PDFအဖွဲ့တွေ အပေါ် ဒရုန်းဝဲတာမှာ

အကြမ်းဖက်စစ်ကောင်စီထံ PDF လှုပ်ရှားမှုသတင်းများ ပေးပို့သူ ၂ ဦး ပစ်သတ်ခံရ

Posted: 14 Mar 2022 04:14 AM PDT

ဖောင်းပြင်၊ မတ်လ ၁၄ဖောင်းပြင်မြို့နယ်၊ ရွှေထီးကုန်းကျေးရွာတွင်နေထိုင်သည့် အမျိုးသားနှစ်ဦးက PDF အဖွဲ့များ လှုပ်ရှားမှု သတင်းများကို အကြမ်းဖက်စစ်ကောင်စီထံ တိုင်ကြားထားသည့် အထောက်အထားများ ဖုန်းအတွင်းမှ ရှာဖွေ တွေ့ရှိသဖြင့် စစ်ဆေးနေစဉ် ထွက်ပြေးသဖြင့် မလွှဲမရှောင်သာ ပစ်သတ်ခဲ့ရကြောင်း ပင့်ကူနက် Black Spider အဖွဲ့က ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။သေဆုံးသူအမျိုးသားနှစ်ဦးသည် ရွှေထီးကုန်းကျေးရွာတွင်

သဲတောကျေးရွာကို စစ်ကောင်စီမီးရှို့ချိန် ထွက်မပြေးနိုင်သူများ မီးလောင်သေဆုံးမှုရှိဟုဆို

Posted: 14 Mar 2022 04:13 AM PDT

ဓာတ်ပုံ - မီးမရှို့ခံရမီ Google Earth မှ မြင်ရသည့် သဲတောကျေးရွာပခုက္ကူ၊ မတ်လ (၁၄)မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲ‌တောကျေးရွာကို ယနေ့ မတ်လ (၁၄) နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများက မီးရှို့ဖျက်ဆီးခဲ့ပြီး သက်ကြီးရွယ်အိုများနှင့် ထွက်မပြေးနိုင်သည့် လူမမာများ မီးလောင်သေဆုံးမှုရှိခဲ့သည်ဟု ပခုက္ကူလူထုတိုက်ပွဲကော်မတီမှ သိရသည်။"ဒီနေ့မနက်ပိုင်းမှာ ဝင်ပြီးဖျက်ဆီးတာ သက်ကြီးရွယ်အိုနဲ့မပြေးနိုင်

မော်လိုက်မှာ အမည်မသိအဖွဲ့က တိုက်ခိုက်လို့ စစ်ကောင်စီ ၁ ဦးနဲ့ပျူ ၂ ဦးသေ

Posted: 14 Mar 2022 04:07 AM PDT

မော်လိုက်၊ မတ် ၁၄၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ် ထော်သာကျေးရွာမှာ ဒီကနေ့မနက် ၄ နာရီလောက်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့က ဝင်ရောက်တိုက်ခိုက်လို့ စစ်ကောင်စီ ၁ ဦးနဲ့ ပျူစောထီး ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။အဲဒီကျေးရွာမှာ စစ်ကောင်စီက သင်တန်းပေးပြီးကျောထောက်နောက်ခံပေးထားတဲ့ ပျူစောထီးတွေက လူထုအပေါ်အနိုင်ကျင့် ဗိုလ်ကျဆပ်ကြေးကောက်နေတယ်လို့လည်း သိရပါတယ်။ "ဘယ်အဖွဲ့ကဝင်တိုက်တာလဲတော့

မန္တလေးမြို့ပေါ်မှာ ဖမ်းဆီးငွေညှစ်နေတဲ့ စစ်ကောင် စီတပ်ဖွဲ့ဝင်တွေ လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခံရပြီး ၄ ဦး ဒဏ်ရာပြင်းထန်

Posted: 14 Mar 2022 04:06 AM PDT

မန္တလေး၊ မတ် ၁၄၊ ၂၀၂၂။မန္တလေးမြို့က ဖမ်းဆီးငွေညှစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဒီကနေ့မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ Guerilla Of Mandalay ကထုတ်ပြန်ပါတယ်။မန္တလေးမြို့ ၆၂ လမ်းနဲ့သိပ္ပံလမ်းထောင့်မီးပွိုင့်က မှာဖမ်းဆီးစစ်ဆေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ၂ ဦး၊ ရဲ ၁ ဦးနဲ့ ယာဥ်

ကြာအင်းဆိပ်ကြီးမြို့ စစ်ကောင်စီ၏ ခလရ ၃၂ တပ်ရင်းရှေ့ တိုက်ပွဲပြင်းထန်နေ

Posted: 14 Mar 2022 04:00 AM PDT

Photo_ပုံဟောင်း (ကေအိုင်စီ)မတ်လ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်၊ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း-ခလရ ၃၂ တပ်ရင်းစခန်းရှေ့အနီးတွင် ယနေ့ မတ်လ ၁၄ ရက် နံနက်အချိန်က နှစ်ဖက်ပစ်ခတ်မှု ပြင်းထန်နေကြောင်း မြို့ခံများထံမှ သိရသည်။တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းမနှင့် ကော့ကရိတ်မြို့သို့ သွားသည့် လမ်းကြောင်းများ သွားလာရေးပြတ်တောက်လျက်ရှိပြီး မြို့ခံလူထုများ

လေးကေကော်မြို့သစ်တွင် စစ်ကောင်စီတပ်များ အခြေချနေရာယူပြီး ဒေသခံနေအိမ်များမှ ပစ္စည်းများအား ယူဆောင်နေ

Posted: 14 Mar 2022 03:58 AM PDT

Photo_CJမတ်လ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကောင်စီတပ်များ နှင့် နယ်ခြားစောင့်တပ် -BGF ပူးပေါင်းတပ်ဖွဲ့များသည် တကျော့ပြန် တိုက်ခိုက် နေမှုများ ဖြစ်ပွားနေသည့် လေးကေကော်မြို့သစ် ရပ်ကွက်များပတ်လည်တွင် ခြေကုပ်စခန်းချ နေထိုင် နေရာယူပြီး ရပ်ကွက်လူနေအိမ်များအတွင်းရှိ စစ်ရှောင်ပြည်သူများ၏ အသုံး အဆောင် ပစ္စည်းများအား နေ့စဉ်ယူဆောင်မှုများ လုပ်ဆောင်နေကြောင်း လေးကေကော် စစ်ရှောင်ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ 

လှိုင်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရပြီး Mytel တာဝါတိုင်ပါ ဗုံးဖောက်ခွဲခံရ

Posted: 13 Mar 2022 01:16 PM PDT

(မတ်လ ၁၃ ရက်) ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်က အုပ်ချုပ်ရေးမှူးထွက်ပြေးသွားတာကြောင့် ရာအိမ်မှူးကနေ အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက်လုပ်ကိုင်နေသူတစ်ဦး ယမန်နေ့ မတ်လ (၁၂)ရက် ည (၈:၃၀)ဝန်းကျင်အချိန်ခန့်က သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။အဆိုပါပစ်ခတ်ခံရသူမှာ အုပ်ချုပ်ရေးမှူးတာဝန်ယူတာ ၃ရက်သာ ရှိသေးတဲ့ ဦးပြုံးချို ဆိုသူဖြစ်ပြီး သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခဲ့ရတာဖြစ်တယ်လို့ ဒေသခံ

လှိုင်မြို့နယ်၊ ၆ ရပ်ကွက် ၃ ရက်သား အုပ်ကြီးအသစ်ပစ်သတ်ခံရ

Posted: 13 Mar 2022 01:14 PM PDT

ဓာတ်ပုံ - လှိုင်မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတခုမတ်လ ၁၃ ရက်ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၆ ရပ်ကွက် စစ်ကောင်စီခန့်အုပ် ချုပ်ရေးမှူး မနေ့ညပိုင်းကပစ်သတ်ခံခဲ့ရတယ် လို့ ဒေသ ခံတွေက ဆီကသိရပါတယ်။ပစ်သတ်ခံရသူဟာ ၆ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးပြုံးချိုဆိုသူဖြစ်ပြီး ၆ ရပ်ကွက်အပိုင် ဗေဒါစုလမ်းထိပ်မှာ ပစ်သတ်ခံလိုက်ရတာလို့ဆိုပါတယ်။ဦးပြုံးချိုဟာ ယခင်က ၆ ရပ်ကွက် လမ်းမှူး(ရာအိမ်မှူး)တဦးဖြစ်ပြီးတော့ စစ်တပ်

မအူပင်မြို့မရဲစခန်းမှူး တပည့်ဖြစ်သူမှ စခန်းလာတဲ့ ရဲတပ်သားသစ်ကို သေနတ်နဲ့ပစ်သတ်

Posted: 13 Mar 2022 01:12 PM PDT

ဓာတ်ပုံ - သေဆုံးသွားသူ မင်းမင်းထက်မအူပင်၊ မတ်လ ၁၃ ရက်ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ မတ်လ ၁၂ ရက်နေ့ ညပိုင်းက မြို့မရဲစခန်းမှူးရဲ့နေအိမ်မှာ သေနတ်ပေါက်ထွက် ပြီး ရဲတဦးသေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းတွေလွှင့်ခဲ့ပါတယ်။စခန်းမှူးနေအိမ်မှာနေတဲ့ တပည့်ဖြစ်သူအရပ်သားက မအူပင်ရဲတပ်ဖွဲ့အတွက် ရဲတပ်သားသစ်အဖြစ်စုဆောင်းခံ ထားရတဲ့သူကို စကားများရန်ဖြစ်ရာကနေ သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေထံက သိရပါတယ် ။

KNUနှင့်တိုက်ပွဲတွင် အထိနာခဲ့သည့် ခလရ(၉၇)တပ်မှ အရာရှိ စစ်သည်များ၏ဇနီးများ ဆောက်တည်ရာမရဖြစ်နေ၍ ဗျူဟာမှူးကိုယ်တိုင်ထိန်းနေရဟုဆို

Posted: 13 Mar 2022 11:23 AM PDT

▪️ယာယီတပ်ရင်းမှူးအပါအဝင် ရှေ့တန်းထွက်သည့် တပ်ရင်းတစ်ရင်းလုံးနီးပါး သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းဆီးခံရကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ၌ ဖြစ်ပွားသည့် တိုက်ပွဲတွင် အထိနာခဲ့သည့် ခလရ(၉၇)တပ်မှ စစ်ကောင်စီတပ်၏ အရာရှိစစ်သည်များ၏ဇနီးများ ၎င်းတို့၏ ယောကျ်ာများ ရှေ့တန်း၌မရှုမလှရှုံံးနိမ့်ပြီး သေဆုံးထိခိုက်မှု၊ ဖမ်းဆီးခံရသည့်အပေါ်  ဆောက်တည်ရာမရဖြစ်နေကြောင်း တပ်တွင်းသတင်းပေးတစ်ဦးကို ကိုးကားပြီး သတင်းပေး

ရွှေဘိုနယ်မှာ စစ်အုပ်စုက အသက်(၁၆)ဝန်းကျင် လူငယ်သုံးဦးကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်၊ အလောင်းတွေကို လမ်းဘေး စွန့်ပစ်

Posted: 13 Mar 2022 11:18 AM PDT

စစ်အုပ်စုရဲ့ အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်တာကို ခံလိုက်ရတဲ့ ရွှေဘိုနယ်က လူငယ်သုံးဦး/Photo - ရွှေဘိုမြေပြင်သတင်းအဖွဲ့မတ် - ၁၃စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာအနီးမှာ မနေ့က ည(၇)နာရီလောက်က ဒေသခံ အရပ်သားပြည်သူ လူငယ် သုံးဦးကို စစ်အုပ်စုက အကြောင်းမဲ့ ဖမ်းဆီ သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။မတ်(၁၂)ရက် နေ့လယ်(၂)နာရီလောက်က ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာဘက် မွှေနှောက်သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ

တန့်ဆည်မှာ စစ်ကားကို တိုက်ခိုက်ရာ စကစ လေးဦးသေ၊ မောင်းပြန် ငါးလက် သိမ်းပိုက်ရရှိ၊ စစ်အုပ်စုက ရွာ(၄)ရွာကို ဝင်မွှေမီးရှို့ပြီး အမျိုးသမီးတွေ အပါအဝင် ဒေသခံ(၈)ဦးကို သတ်ဖြတ်၊

Posted: 13 Mar 2022 11:16 AM PDT

သိမ်းပိုက် ရရှိခဲ့တဲ့ လက်နက်များ/pHOTO - တန့်ဆည် ဖီးနစ်မတ် - ၁၂စစ်ကိုင်းတိုင်း တန့်ဆည်နယ် တန့်ဆည် - ရေဦး လမ်းမှာ မနေ့က နေ့လယ်ပိုင်းက စစ်ကားတစ်စီးကို အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာမှာ စကစ လေးဦးသေပြီး  အော်တိုသေနတ် ငါးလက်နှင့် လက်နက်ခဲယမ်း တချို့ သိမ်းပိုက်ရရှိခဲ့တယ်လို့ တန့်ဆည်ဖီးနစ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - Phoenix Defence Force – Taze က သတင်းထုတ်ပြန်ပါတယ်။မတ်(၁၂)ရက် နေ့လယ်(၁)နာရီခွဲက  တန့်ဆည်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.