Friday, March 18, 2022

သစ်ထူးလွင်

သစ်ထူးလွင်


စစ်အုပ်စုနှင့် ဆက်စပ်သူတစ်ဦး ကမ်းနားလမ်းညဈေးအိမ်သာအနီး၌ ပစ်ခံရ

Posted: 17 Mar 2022 10:18 AM PDT

ပုံစာ၊ ကမ်းနားလမ်းညဈေးမြင်ကွင်း/ ပုံဟောင်း မတ် - ၁၇ မန္တလေးမြို့၌ စစ်အုပ်စုနှင့် ဆက်စပ်သူတစ်ဦးကို ကမ်းနားလမ်း ညဈေးအိမ်သာအနီးတွင် ယနေ့ညနေပိုင်း၌ သေနတ်ဖြင့် ပစ်ခတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။ မဟာအောင်မြေမြို့နယ်၊ ကမ်းနားလမ်းနှင့် (၄၁)လမ်းထောင့်ရှိ ကုန်စိမ်းညဈေး(ဝေယံထွန်းဈေး) မြောက်ဘက်ခြမ်းရှိ ဈေးအိမ်သာ အနီးတွင်  လူတစ်ဦးကို သေနတ်ဖြင့် သုံးချက် အပစ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။သေနတ်ဖြင့်

နွားထိုးကြီး မင်းစုံတောင်အနီးမှာ စစ်အုပ်စု မိုင်းဆွဲခံရပြီး (၂)ဦးသေ၊ (၂)ဦးဒဏ်ရာရဟုဆို

Posted: 17 Mar 2022 10:17 AM PDT

မတ် - ၁၇မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် မင်းစုံတောင်အနီးမှာ ဆိုင်ကယ်နဲ့ သွားလာနေတဲ့ စစ်အုပ်စုကို ဒီကနေ့ နေ့လယ်ပိုင်းအချိန် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စကစ (၂)ဦး သေကာ (၂)ဦး ဒဏ်ရာရသွားတယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - NPDF က သတင်းထုတ်ပြန်ပါတယ်။ဒီကနေ့ မတ်(၁၇)ရက် နေ့လယ်(၂)နာရီလောက်က နွားထိုးကြီးမြို့ပေါ်ကနေ ဆိုင်ကယ်နဲ့ ပြန်လာတဲ့ ကန်နားရဲစခန်းက စစ်အုပ်စုကို မိုင်း

စဥ့်ကူးတွင် စစ်​ကောင်စီတပ်ကား မိုင်းဆွဲခံရပြီး ငါးဦး​သေဟု နတ်​တောင်နဂါးတပ်​ပြော

Posted: 17 Mar 2022 10:16 AM PDT

မန္တလေးတိုင်း စဉ့်ကူးမြို့တွင် ယနေ့(မတ်လ ၁၇ ရက်)၊ နံနက် ၉နာရီခွဲခန့်က အကြမ်းဖက်စစ်ကောင်စီကား မိုင်းဆွဲခံရပြီး ငါးဦးသေဆုံးကြောင်း နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။ "ရွာတော်လေးနဲ့ ငွေတောင်ရွာ ကြားကနေ စခ ကားတွေ ဖြတ်နေကြမို့ ကျွန်တော်တို့ အရန်သင့်မိုင်းတွေ ဆင်ထားခဲ့တယ်။ဒီနေ့ ထွက်လာမယ့် ကားကို ကြိုသတင်းရလို့ စောင့်ပြီး မိုင်းဆွဲခဲ့တယ်။ဆင်ထားတဲ့ မိုင်း ၁၈ လုံး စလုံး ခွဲတာ အောင်မြင်ခဲ့

လေယာဉ်ဆီတင်သွင်းနေသည်ဟုဆိုသည့် ငွေဗျိုင်းဖြုဆီဆိုင်ကို ဗုံးခွဲသော်လည်း ဗုံးမကွဲ

Posted: 17 Mar 2022 09:34 AM PDT

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ (၅)ကွေ့မှတ်တိုင်အနီးရှိ အာဏာသိမ်းစစ်ကောင်စီအား လေယာဉ်ဆီတင်သွင်းနေသည့် ခရိုနီ သိန်းဝင်းဇော် ပိုင်ဆိုင်သည့် ငွေဗျိုင်းဖြူဆီဆိုင်အား ယနေ့မတ်လ(၁၇) ရက်နေ့ ညနေပိုင်းက ဖောက်ခွဲခဲ့‌သော်လည်း မိုင်း မကွဲခဲ့ကြောင်းသိရ သည်။တော်လှန်ရေးတပ်ဖွဲ့များက ဆိုင်အတွင်းဝင်ရောက်ကာ ဆိုင်ဝန်ထမ်းများအား သတိပေးပြီး ဆိုင်အားဗုံးခွဲရန် ဗုံးတပ်ဆင်ကာ ဖောက်ခွဲခဲ့သော်လည်း နည်းပညာချို့ယွင်းခြင်းကြောင့်

ဒီးမော့ဆိုမြို့နယ်အတွင်း အိုးခူးရီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်ရာ အရာရှိတစ်ဦး အပါအဝင် (၆)ဦး သေဆုံး

Posted: 17 Mar 2022 09:32 AM PDT

ကရင်နီ(ကယား)ပြည်နယ်အတွင်း ဒီးမော့ဆိုမြို့နယ်  အိုးခူးရီးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်အား ယနေ့မတ်လ(၁၇) ရက်နေ့က စနိုက်ပါဖြင့် ပစ်ခတ်ရာ အရာရှိတစ်ဦးအပါအဝင် (၆)ဦး သေကြောင်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။၎င်းတိုက်ခိုက်မှုကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး စနိုက်ပါအဖွဲ့နှင့် လွိုက်ကော် PDF စနိုက်ပါအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။သေဆုံး

ကျောက်ထုPDFကတိုက်ခိုက်လို့ စစ်သား ၈ ယောက်ခန့်သေ

Posted: 17 Mar 2022 09:30 AM PDT

ဂန့်ဂေါ မတ် ၁၇၂၀၂၂ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့၊ နေ့လယ်ပိုင်းက ပခုက္ကူဘက်မှတက်လာတဲ့ စစ်ကောင်စီ ရိက္ခာယာဥ်တန်းရှည်အား အကြိုလာတဲ့ ရှေ့ပြေးကား ၃ စီးကို ကျောက်ထု-ပခုက္ကူလမ်းပိုင်းတစ်နေရာ၌ ကျောက်ထု PDF မှမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ကားနှစ်စီးထိခိုက်ပြီး တစ်စီးမှာ ကားဖြင့်ဆွဲသွားရသည်အထိပျက်စီးသွားတယ်လို့ သိရပါတယ်။ အဆိုပါနေရာတွင် ပွဲချင်းပြီးသေဆုံးသွားတဲ့ စစ်သား ၈ ယောက် အလောင်းများနှင့် ပြင်းထန်ဒဏ်ရာ (

သန်လျင်တံတား လုံခြုံရေး ရဲကင်းစခန်းကို ပြောက်ကျားတပ်ဖွဲ့က ဗုံးခွဲခဲ့ရာ စစ်ကောင်စီ တပ်သား နှစ်ဦးသေ

Posted: 17 Mar 2022 09:28 AM PDT

ရန်ကုန်၊ မတ် ၁၇ သန်လျင်မြို့နယ်၊ သန်လျင်တံတားအဆင်းတံတားလုံခြုံရေးရဲကင်းစခန်းကို မတ်လ၁၆ရက် ညပိုင်း၌ ပြောက်ကျားတပ်ဖွဲ့မှ ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်ပါးစေနှစ်ဦး သေဆုံးကြောင်း Dark Shadow(ygn) အဖွဲ့မှသိရသည်။"အနည်းဆုံး(၂)ယောက်မသာပေါ်မှာ ကျိန်းသေတယ်သူ။ သူတို့ဘန်ကာရဲ့အနီးဆုံးကိုထိတာ။ ပစ္စည်းပြင်းအားက ပေ၂၀ကနေ   ၃၀ ပတ်လည်ထိရောက်တယ်။ ပေါက်ကွဲမှုဖြစ်ပြီးတော့ တံတားကိုပိတ်ချပြီး စစ်ဆေးမှု

လက်နက်ဝယ်ရန် ငွေကြေးလိုအပ်သဖြင့် မုံရွာ PDF တပ်ခွဲမှူးနေအိမ် လေလံတင်ရောင်းရန်စီစဉ်နေ

Posted: 17 Mar 2022 09:26 AM PDT

ဓာတ်ပုံ- လေလံတင်ရောင်းချရန် စီစဉ်ထားသော ဗိုလ်သံမဏိပိုင်ဆိုင်သည့် နေအိမ်မုံရွာ၊ မတ် ၁၇စစ်လက်နက်၀ယ်ယူရန်အတွက် ငွေကြေးလိုနေသောကြောင့် မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ တပ်ရင်း ၁ ၊ သံမဏိတပ်ခွဲ တပ်ခွဲမှူးက ၎င်း၏နေအိမ်ကို လေလံတင်ရောင်းချမည်ဟု ယနေ့ကြေညာခဲ့သည်။၎င်းအနေဖြင့် တစ်ခုတည်းသောပိုင်ဆိုင်မှု ဖြစ်သည့် ချိတ်ပိတ်ခံထားရသည့်နေအိမ်ကို စစ်လက်နက်၀ယ်ယူရန် ကြမ်းခင်းဈေးသိန်း ၄၀၀ ဖြင့် လေလံတင်ရောင်းချမည်

ယင်းမာပင်မှာ ခရီးသွားကားကို စစ်ကောင်စီ ပစ်ခတ်လို့ ၅ နှစ်အရွယ်ကလေး သေဆုံး

Posted: 17 Mar 2022 09:18 AM PDT

ယင်းမာပင်၊ မတ် ၁၇၊ ၂၀၂၂။စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဖိုလ်ဝင်တောင်လမ်းခွဲအနီးက နှစ်ထပ်တက်အဆင်းမှာ ဒီနေ့မနက် ၉ နာရီလောက်က ခရီးသွားကားတွေကို စစ်ကောင်စီက ပစ်ခတ်လို့ ၅ နှစ်အရွယ် ကလေးတဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ဒီနေ့မနက်စောစော ထွက်လာတဲ့ စစ်ကောင်စီတွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်လို့ ကားအတွင်းက ၅ နှစ်အရွယ်ကလေးရဲ့ ဦးခေါင်းကိုကျည်ထိ သေဆုံးခဲ့တာလို့ ဆိုပါတယ်။"ကလေးက ၅ နှစ်အရွယ် မိန်းကလေး

ကလေးတိုက်ပွဲ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးမှုကြောင့် ဒေသခံအချို့ကိုသတ်ဖြတ်ကာ နေအိမ်များကိုမီးရှို့

Posted: 17 Mar 2022 09:17 AM PDT

ကလေး ၊မတ် ၁၇၊ ၂၀၂၂။ကလေးမြို့နယ်၊ ဟားခါးလေးကျေးရွာအနီး တိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့သည့်အတွက် ဒေသခံအချို့ကိုသတ်ဖြတ်ခြင်းနှင့် နေအိမ်များကို မီးရှို့ခြင်းများကို ပြုလုပ်ခဲ့ကြောင်းဆိုသည်။မတ်လ ၁၆ ရက် နေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၄၀၊ ၆၀ မမများ အသုံးပြုတိုက်ခိုက်ခဲ့ပြီး CNDF၊  PDF-Kalay ပူးပေါင်းတပ်တို့မှ  ခုခံကာကွယ်တိုက်ခိုက်ရာ ၁ နာရီကျော်ကြာ

ပုလောကုန်းတိုက်ပွဲအပြီး သေဆုံးအလောင်းများ စစ်ကောင်စီ လာမကောက်သေး၊ ရွာချင်းဆက်လမ်းများ ပိတ်ဆို့ထားဆဲ

Posted: 17 Mar 2022 09:14 AM PDT

မတ်လ ၁၇ ရက်၊ ၂၀၂၂ခုနှစ်။ ယမန်နေ့က တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်း ဒေသတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီ၊ ပျူစောထီး ပူးပေါင်းတပ်နှင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲအပြီး ထိခိုက်သေဆုံးသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်အလောင်းများ လာမကောက်သေးကြောင်းနှင့် ပျူစောထီးများမှ ရွာချင်းဆက် လမ်းမျာကို ပိတ်ထားကြောင်း ၎င်းဒေသခံ အမျိုးသမီး တစ်ဦးက ကေအိုင်စီ

KIO ဗဟို ဌာနချုပ်အနီး ကားလမ်းဖောက်ရန် စစ်ကောင်စီ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲ ပြင်းထန်

Posted: 17 Mar 2022 09:12 AM PDT

March 17, 2022KIO ဗဟိုဌာနချုပ်နဲ့ နီးတဲ့ ဖလပ်ဘွမ်ဘက်ကို စစ်ကောင်စီတပ်တွေဟာ လမ်းဖောက်စက် ယန္တရားတွေနဲ့အတူ တက်လာတာကြောင့် မတ်လ ၁၂ ရက်နေ့ ညနေပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားလာတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဝိုင်းမော်မြို့နယ် ဆမားကနေ  တရုတ်နယ်စပ်အနီးက ပုန်းလိန်စခန်းအထိ လမ်းဖောက်ဖို့ အခုလို ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက  KNG ကို ပြောပါတယ်။"အဲဒီနေရာက

ယင်းမာပင်နှင့် ခင်ဦးမြို့နယ်ထဲမှ လူနေအိမ် ၁၅၀ ကျော်အား စစ်ကောင်စီတပ်မှ တစ်ရက်တည်းတွင် မီးရှို့ဖျက်ဆီးခဲ့

Posted: 17 Mar 2022 09:10 AM PDT

March 17, 2022စစ်ကိုင်းတိုင်းဒေသကြီးရှိ ယင်းမာပင်မြို့နယ်နှင့် ခင်ဦးမြို့နယ်အတွင်းမှ လူနေအိမ် ၁၅၀ကျော်ကို စစ်ကောင်စီတပ်က တစ်ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။ယမန်နေ့ မတ်လ ၁၆ ရက်နေ့က မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ပြီး ယင်းမာပင်မြို့နယ်အတွင်းရှိ ထန်းဇင်ကျေးရွာအတွင်းမှ  အဆောက်အအုံ ၂၅ လုံးမီးရှို့ခံရသည့်အပြင် လူနေအိမ် ၁၄ လုံးပါဝင်ပြီး ခင်ဦးမြို့နယ်အတွင်းရှိ ကုလားလူးကျေးရွာမှ လူနေအိမ် ၇၅လုံး

အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ဝင်ချင်း မှားပစ်၍ ဒဏ်ရာရသူအချို့ရှိ

Posted: 16 Mar 2022 06:47 AM PDT

(လက်ပံ​တောင်း​တောင်​ကြေးနီစီမံကိန်းနှင့် အနီးဝန်းကျင်ကို ​ဂြိုဟ်တုပုံရိပ်မှ​တစ်ဆင့်တွေ့ရစဥ်။ ဓါတ်ပုံ-EJA)စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မြန်မာဝမ်ပေါင်စီမံကိန်းအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း မှားယွင်းပစ်ခတ်မိရာ တစ်ဦးပြင်းထန်​ဒဏ်ရာများ ရရှိသွားကြောင်း ဒေသတွင်းအခြေစိုက် လူမှုကွန်ရက် စာမျက်နှာများက ရေးသားသည်။ယမန်နေ့( မတ်လ ၁၅ ရက်နေ့) ညနေ ၆ နာရီဝန်းကျင်တွင်ဆားလင်းကြီးမြို့နယ်

ဟိုပင်မြို့လက်ဖက်ရည်ဆိုင်တွင်ရဟန်းပြည်ရှစ်ဦးကို​သေနတ်ဖြင့်ပစ်သတ်ခဲ့​သောအဖွဲ့မှပျူ​ခေါင်း​ဆောင်ကို PDF သုတ်သင်

Posted: 16 Mar 2022 06:44 AM PDT

(ပြီးခဲ့သည့်နိုဝင်ဘာလက မျက်နှာဖုံးစွပ်​သေနတ်သမားများပစ်ခတ်မှု​​ကြောင့်​သေဆုံး ၊ဒဏ်ရာ ရသူများကို သယ်ယူရန်ပြင်ဆင်​နေစဥ်။ ဓါတ်ပုံ-CJ)ကချင်ပြည်နယ် ၊ဟိုပင်မြို့ရှိ လက်ဖက်ရည်ဆိုင်တွင်သံဃာတော်တစ်ပါးနှင့်က​လေးငယ်နှစ်ဦးအပါအဝင်အရပ်သားခုနှစ်ဦးအား​သေဆုံး​စေခဲ့ပြီးအများအပြားဒဏ်ရာရရှိ​စေခဲ့​သော ပျူစောထီးခေါင်းဆောင်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ သုတ်သင်လိုက်သည်။ဟိုပင်မြို့တွင် ပျူစောထီးခေါင်းဆောင်အဖြစ်

ပုလောကုန်း ပျူစောထီးများကို စစ်ကူလာတိုက်ပေးသည့် အာဏာသိမ်းတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၍ သေဆုံးသူများပြားနိုင်

Posted: 16 Mar 2022 06:41 AM PDT

တနင်္သာရီတိုင်း၊ ပုလောမြို့ ပုလောကုန်းကျေးရွာရှိ ပျူစောထီးများကို  စစ်ကူလာသည့် အာဏာသိမ်း စစ်ကောင်စီတပ်ကို ယနေ့ ၂၀၂၂ ခုနှစ် မတ်လ(၁၆)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အာဏာသိမ်းတပ်မှ (၂၀) ဝန်းကျင် သေသည်ဟု ခန့်မှန်းထုတ်ပြန်ထားသည်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းအဖွဲ့နှင့် အာဏာသိမ်းတပ် လက်အောက်ခံ ပျူစောထီးများကြား ယနေ့ နံနက်(၆)နာရီမှ (၉)နာရီအထိ တိုက်ပွဲဖြစ်နေချိန်

ကြည်မြင်တိုင်မြို့နယ်၊ သရက်တော(၅)လမ်းရှိ အုပ်ချုပ်ရေးမှူး မြင့်ထွေးဆိုသူ၏ နေအိမ်ကို ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့များက လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့

Posted: 16 Mar 2022 06:38 AM PDT

ရန်ကုန်တိုင်း၊ ကြည်မြင်တိုင်မြို့နယ်၊ သရက်တော(၅)လမ်းရှိ အုပ်ချုပ်ရေးမှူး မြင့်ထွေးဆိုသူ၏ နေအိမ်ကို ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့များက လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့ပြီး၊ ၎င်း၏ ကားကိုပါ ချိန်ကိုက်မိုင်း တပ်ဆင် ဖောက်ခွဲခဲ့ကြောင်း သိရသည်။အဆိုပါ အုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီ၏ ထောက်တိုင် အဖြစ် လုပ်ကိုင်နေခြင်း၊ သပိတ်လူငယ်များအား ဖမ်းဆီးရာတွင်ပါဝင်ခြင်း တို့ကြောင့် ထိုသို့ပြုလုပ်ခြင်းဖြစ်ကြောင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က စစ်ကောင်စီရဲ့အဖွဲ့စုံ စစ်ဆေးရေးဂိတ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၁)နဲ့ PDF ပူးပေါင်းအဖွဲ့က ၄၀ မမနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့

Posted: 16 Mar 2022 06:37 AM PDT

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က စစ်ကောင်စီရဲ့အဖွဲ့စုံ စစ်ဆေးရေးဂိတ် တစ်ခုဖြစ်တဲ့ မရမ်းချောင်းစစ်ဆေးရေးဂိတ်ကို မတ်လ ၁၄ ရက်နေ့ နေ့လယ်ပိုင်းမှာ သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ KNU တပ်မဟာ(၁) သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ပြောပါတယ်။အဲဒီမရမ်းချောင် စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၁)နဲ့ PDF ပူးပေါင်းအဖွဲ့က  ၄၀ မမနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။အဲဒီ

ကမ္ဘောဇဘဏ် ATM စက်ကိုဖောက်ခွဲသည့် PDF အဖွဲ့ဝင်ကို ဘဏ်အနီးရှိပြည်သူအချို့ကပါဖမ်းဆီးရန်ကြိုးပမ်းခဲ့မှုအပေါ်ဝမ်းနည်းကြောင်း TGF ဆို

Posted: 16 Mar 2022 06:34 AM PDT

တောင်ကြီး၊ မတ် ၁၆တောင်ကြီးမြို့ ကမ္ဘောဇဘဏ်(၂)ရှိ ATM စက်ကို မတ်လ ၁၅ ရက်၊ ည ၇ နာရီဝန်းကျင်က TGF အဖွဲ့ကဖောက်ခွဲခဲ့ရာ ဖောက်ခွဲသည့် အဖွဲ့ဝင်များကို အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ဝင်များအပြင် ဘဏ်အနီးရှိပြည်သူအချို့ကပါ ဝိုင်းဝန်းဖမ်းဆီးရန် ကြိုးပမ်းခဲ့သဖြင့် အလွန်ဝမ်းနည်းကြောင်း စစ်ဆင်ရေးဖော်ဆောင်ခဲ့သည့် Taunggyi Guerilla Force(TGF)အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိသော် လည်း 

အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ပစ်ခတ်မှုကြောင့် မန္တလေးတွင် ၂ ရက်အတွင်း ပြည်သူ သုံးဦးသေဆုံး

Posted: 16 Mar 2022 06:32 AM PDT

မန္တလေး၊ မတ် ၁၆ အကြမ်းဖက်စစ်အုပ်စုက အကြောင်းမဲ့ပစ်သတ်မှုကြောင့် မန္တလေးမြို့တွင် ၂ရက် အတွင်းပြည်သူ သုံးဦးသေဆုံးခဲ့ကြောင်း မြို့ခံများထံကသိရသည်။မတ်လ၁၄ရက်နေ့လည်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ ၆၂လမ်းနှင့်သိပ္ပံလမ်းထောင့် တွင် စစ်ဆေးနေသည့် မော်တော်ပီကယ် များနှင့်ရဲများဗုံးပစ်ခံရပြီးနောက် လမ်းသွားလမ်းလာများကိုရမ်းသမ်းပစ်ခတ်ခဲ့ရာ အမျိုးသားနှစ် ဦးသေဆုံးခဲ့သည်။ "တစ်ဦးက ဆိုင်ကယ်ကယ်ရီဆွဲတာပွဲချင်းပြီးသေ

စခန်းမီးရှို့ခံရပေမယ့် ပိုကောင်းတဲ့ဗျူဟာတွေနဲ့ ပြန်လာမယ်လို့ HERO TIGER FORCE ပြော

Posted: 16 Mar 2022 06:09 AM PDT

ယင်းမာပင်၊ မတ် ၁၆၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက HERO TIGER FORCEအဖွဲ့ရဲ့ စခန်းတခုဖျက်စီးခံလိုက်ရပေမယ့် စိတ်ဓါတ်မကျအောင် အားတင်းပြီး ပိုကောင်းတဲ့ ဗျူဟာတွေနဲ့ တက်ညီလက်ညီ  ပြန်လာနိုင်ဖို့ ကြိုးစားနေ​တယ်လို့  HERO TIGER FORCE အဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။ပြီးခဲ့တဲ့မတ်လ ၁၂ ရက်နေ့မှာ စစ်ကောင်စီက အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာပြီး၊ စခန်းကို ဖျက်စီးမီးရိူ့ခဲ့တာကြောင့် လက်ရှိမှာ

စစ်တပ်ကအရာရှိ ဦးစီးပြီး လက်နက်သယ်လာတဲ့ယာဥ်တန်း မိုင်းဆွဲခံရလို့ ၅ ဦးသေဆုံး

Posted: 16 Mar 2022 06:06 AM PDT

စေတုတ္တရာ၊ မတ် ၁၆၊ ၂၀၂၂။ စစ်တပ်ကအရာရှိပိုင်း ဦးစီးပြီး လက်နက်ခဲယမ်းတွေသယ်လာတဲ့ 4W ကား ၁၀ စီးကို မတ်လ ၁၅ ရက် မနေ့ကညနေပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ လောင်းရှည်အခြေစိုက် ကပစ ၂၅ ကို လက်နက်ခဲယမ်းတွေလာပို့တဲ့ အဲ့ဒီကားတွေကို မကွေးတိုင်း၊ စေတုတ္တရာမြို့နယ် နဲ့ လောင်းရှည်နယ်ခြားဒေသရှိ ကြံစိမ့်ကျေးရွာနဲ့ ညောင်ပင်ကျင်းကျေးရွာကြားမှာတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊

မင်းကင်းနယ်မှာ Non CDM ဆေးရုံလက်ထောက် ဆရာမအပါအဝင် တစ်ရက်တည်း လေးယောက်အသတ်ခံရ

Posted: 16 Mar 2022 06:05 AM PDT

မတ် ၁၆စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကြွေကျေးရွာ တိုက်နယ်ဆေးရုံဝန်းအတွင်းမှာ နေတဲ့ Non CDM ဆေးရုံ လက်ထောက်ဆရာမ အပါအဝင် တစ်ရက်တည်း( ၄) ယောက်အသတ်ခံရတယ်လို့ သိရပါတယ်။မတ်လ ၁၆ ရက် ဒီကနေ့ မနက်ပိုင်းမှာ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဘယ်အဖွဲ့က သတ်သွားတယ်ဆိုတာကိုတော့မသိရသေးပါဘူး။ အင်အား ၇၀ ၀န်းကျင်ရှိတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုကို ည ၁၂ နာရီ၀န်းကျင်က မြင်တွေ့လိုက်ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။သတ်ဖြတ်ခံရသူတွေက

ပိက္ခယားကျေးရွာကို စစ်ကောင်စီတပ်သားများ ဝင်ရောက်ကာအပစ်မဲ့ပြည်သူ ၁ ဦးအားပစ်သတ်သွား

Posted: 16 Mar 2022 06:00 AM PDT

ဓါတ်ပုံ  ပိက္ခယားကိုမီးရှို့ခဲ့စဥ်မတ်လ ၁၆စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တောင်တွင်းဒေသ တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးအောင်ထွန်းလွင်နေထိုင်တဲ့ ပိက္ခယားကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက ဝင်ရောက်ကာ အသက် (၇၀) ကျော် အပစ်မဲ့ပြည်သူတစ်ဦးကိုပစ်သတ်သွားတယ်လို့ သိရပါတယ်။ မတ်လ ၁၅ ရက်နေ့က  အင်အား ၄၀ ကျော်နဲ့ မြို့မရွာကနေ ကင်းပုန်ဝပ်ထွက်ခဲ့ကာ မတ်လ ၁၆ ရက်ဒီကနေ့မနက်( ၄)နာရီခန့်မှာ ဝင်ရောက်ဆီနင်းခဲ့ပြီး အ

သန်လျင် ပကဖ မှ သန်လျင်နှင့် ခရမ်းကြားရှိ ဖားကူးရဲစခန်းအား ယနေ့ ဝင်ရောက်ပစ်ခတ်

Posted: 16 Mar 2022 05:58 AM PDT

(မတ် ၁၆)သန်လျင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) မှ သန်လျင်မြို့နှင့် ခရမ်းမြို့ကြားရှိ ဖားကူးကျေးရွာ ဖားကူးရဲစခန်းအား ယနေ့မနက် ၂ နာရီအချိန်က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။သန်လျင် ပကဖ မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ဖားကူးရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့မှုကြောင့် နှစ်ဦးနှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း သိရပါသည်။ သန်လျင် ပကဖ မှ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.