ကျွန်တော် ၂၀၀၄ ခုနှစ်က လောက် THS Electric စက်မှုသင်တန်း တက်ခဲ့ တယ် တချို့ကတော့ ကျောင်းနေ ကျောင်းစား တချို့က အိမ်က တက်ရတယ်
အဲကျောင်းမှာ Inverter 1000 watts တစ်လုံးကို စာတွေ့ ၃ လ လက်တွေ့ ၃ လ အထိသင်ရတယ်
Inverter ကို ဘာလို့ ၆ လအချိန်ပေးပြီး သင်ရတာလဲ ဆိုတာကို စာမေးပွဲ စစ်ပြီးသွားလို့ ကျောင်းသားအိမ်ပြန်သွားကြတယ် မသိကြသေးဘူး
အခုခေတ်မှာ YouTube က အချိန်တစ်နာရီလောက်ပေးကြည့်ရင် အကုန်နားလည်နေကြပြီ
ဘယ်အချိန်မှာ Inverter အကြောင်း သေချာ သိလာသလဲလို့
Inverter ဆိုတာက အများ သိကြသလို
AC မှ DC သို့လည်းကောင်း DC မှ AC သို့ လည်းကောင်း Rectified လုပ်ပေးတာ လို့ပဲ ထင်ခဲ့ကြတယ်
ကျွန်တော်တို့ လုပ်ခဲ့တဲ့ 1000 Watts Inverter သည် စျေးကွက်ထဲမှာ တွေ့နေရတဲ့ Inverter နဲ့အတူတူပါပဲ
သို့သော် THS စက်မှုသင်တန်းကျောင်းက ဂျပန်တွေရဲ့ Syllabus ဆိုတော့ Inverter ကိုပဲသင်တယ်
အမှန်တော့ ကျွန်တော်တို့ သင်လိုက်တာက Inverter မဟုတ်ဘူး Inverting နည်းပညာကို သင်လိုက်ရမှန်းကို အလုပ်ခွင် ထဲရောက်တဲ့အခါ သိလိုက်ရတယ်
Inverter တခုကို ခုခေတ်မှာ မိမိကိုယ်တိုင်တပ်ဆင်ချင်ရင် အားလုံး Ready Made တွေ ဝယ်လို့ရပြီ
Inverter type တွေက အများကြီးရှိတယ် Singal Phase Inverter ကို အများအားဖြင့် လူတိုင်းလိုလို လုပ်ကိုင်နားလည်ကြတယ်
Three Phases Inverter ဆိုရင် ဘာမှသိမှာ မဟုတ်ကြဘူး Wave Form ကို ၁၂၀ ဒီဂရီ ထွက်အောင် လုပ်ရမယ်အဲလိုမျိုးကြတော့ ရမယ်မထင်ဘူး
ပြောချင်တာက Inverter အကြောင်းကို သွယ်ပြီး ပြေးစက်အကြောင်းကို ပြောမှာ
ကိုယ်တွေ လုပ်တုန်းကဆို inverter အတွက် 1000Watts transformerဆို အလေးကြီးထမ်းရတယ်
အခုခေတ် inverter တွေမှာ Transforms ဘယ်ရောက်သွားလဲမသိ Transformer Less Inverter တွေ ဖြစ်နေပြီ
ဒါဟာ Inverting ကို အခြေခံပြီ လုပ်ထားတာ ဖြစ်တယ်
Inverter တွေဟာ 1 kg လောက်လေးတဲ့ Transformers အတုံးကြီးတွေ Transformer Less ဘာလို့ဖြစ်သွားရတာလဲ အံ့ဩစရာမဟုတ်ပေ့မယ် SMPS Power Supply နဲ့ Inverting လုပ်လိုက်တာဖြစ်တယ်
ခုခေတ် ၂၀၂၂ ခုနှစ်အထိ အီလက်ထရောနစ်စျေးကွက်မှာ Digital Inverter Technology ကို အသုံးပြုပြီး လျှပ်စစ်ပစ္စည်းတွေ အများကြီးဖြစ်နေကြပါပြီ
Air Conditioner, Washing Machine တွေဆို Digital Inverter Technology ကို တကယ့်အသုံးချထားတယ်
DC to AC ရဲ့ Inverter စနစ်နဲ့ Air Conditioningရဲ့ inverter စနစ်ကတော့ မတူပေ့မယ် Inverting ကိုအခြေခံထားတယ်
Air conditioning Inverter စနစ်ကျတော့ Sensor Detect အပေါ်မူတည်ပြီး Compressor, DC motor indoor/ outdoor တွေက လျှပ်တပြက်အတွင်း အလုပ်လုပ်သွားမှာပါ
Digital Inverter Technology မှာ သုံးတဲ့ Motor တွေသည် DC 300 Voltage အထိရှိတဲ့ စနစ်တွေသာဖြစ်သည်
Treadmill နဲ့ သွယ်ပြီးပြောရရင်တော့ Treadmill မှာ AC MOTOR စနစ်ရှိတယ် DC MOTOR စနစ်ရှိတယ်
DC motor စနစ်ကျတော့ Inverter စနစ်ပါပဲ Human Comment ပေးရတာရယ် Sensor Detection ကို အလိုက် အလုပ်လုပ်သွားတာရယ် အဲတာပဲကွာသွားတာပါ
DC High Voltage ကိုအခြေခံပြီး အလုပ်လုပ်တဲ့ စနစ်ကို Inverter နည်းပညာနဲ့သာ အသုံးပြုနိုင်တာဖြစ်တယ်
AC MOTOR စနစ်ကျတော့ VFD နည်းပညာနဲ့ အသုံးပြုထားတာဖြစ်တယ်
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.