သစ္ထူးလြင္ |
- ရွှေဘိုနယ်ထဲ မွှေနေတဲ့ စစ်အုပ်စုကို ရှေ့ထွက်မိုင်း၊ ပါဆယ်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်
- မင်းကင်း ကျော်ရွာမှာ စစ်အုပ်စုက အဓမ္မပြုကျင့်လို့ ဒေသခံအမျိုးသမီးတွေ ကိုယ့်ကိုယ်ကို အဆုံးစီရင်
- မလှိုင် ရဲစခန်းကို ၄၀(မမ)ဖြင့်ပစ်ခတ်ရာ ရဲလေးဦးအရေးပေါ်ကားဖြင့် သယ်ဆောင်သွားရဟု တောင်သာPDF ပြော
- ကျိုက်ထိုတွင် စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီ တပ် ၁၀ဦးခန့်သေ
- CDF မတူပီ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ယခုချိန်ထိ စစ်သား (၁၆) ဦး သေဆုံး
- အကြမ်းဖက်စစ်ကောင်စီကို ထောက်ပံ့နေသည့် ဒလန်တိုးမောင် အနီးကပ်ပစ်သတ်ခံရ
- မန္တလေး-ကသာ အသွားအပြန်လုပ်သည့် အကြမ်းဖက်စစ်ကောင်စီ စစ်သင်္ဘော ပစ်ခတ်ခံရပြီးနောက် လုံခြုံရေးတိုးမြှင့်
- စစ်တပ်မဲဝိုင်စခန်းအတွက် ရိက္ခာနှင့်လက်နက်ခဲယမ်းများ လေယာဉ်ဖြင့် လာကျဲချမှု KNU တပ်မဟာ ၅ က ကြားဖြတ်တိုက်၊ စစ်လေယာဉ်များကို ပစ်ခတ်ပြီး ကျဲချသည့် ရိက္ခာနှင့်လက်နက်များကို KNU က သိမ်းယူ
- မုံရွာမြို့ဆည်မြောင်းရုံးမှာ တပ်စွဲထားတဲ့စစ်အုပ်စု လက်ပစ်မိုင်းနဲ့ ပစ်ခတ်ခံရ
- မြို့လှ PDFတိုက်ခိုက်လို့ စစ်ကောင်စီစစ်ကြောင်း အကျအဆုံးရှိနိုင်
- ဖရူဆိုမှာ ရဲစခန်းအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အရာရှိတစ်ဦးအပါအဝင် ၈ဦးသေဆုံး
- ကျောက်မဲ စည်ပင် ဗုံးပေါက်ပြီးနောက် စကစမှ ပြည်သူတစ်ဦးကို ရိုက်နှက် သေဆုံး
- KNU တပ်မဟာ ၁နှင့် စစ်ကောင်စီတို့ မုပ္ပလင်လမ်းဆုံ တိုက်ပွဲတွင် စစ်ကောင်စီတပ် ၆ ဦးကျဆုံး
- ကသာနယ် ချောင်းဝဘက်မှထွက်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ
ရွှေဘိုနယ်ထဲ မွှေနေတဲ့ စစ်အုပ်စုကို ရှေ့ထွက်မိုင်း၊ ပါဆယ်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက် Posted: 31 Mar 2022 04:40 AM PDT စကစ နှစ်ဦး သေပြီး ဆိပ်ခွန် စခန်းမှူးကား ပျက်စီးဟုဆို၊မတ် - ၃၁စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ထဲ ကျေးရွာတွေကို စီးနင်းပြီး မွှေနှောက်သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒီကနေ့ မတ်(၃၁)ရက်မှာ ရှေ့ထွက်မိုင်း၊ ပါဆယ်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘို ဗိုလ်မိကျောင်းနှင့် ဗိုလ်ကျားပျံအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ဒီကနေ့ မတ်(၃၁)ရက်မှာ ရွှေဘိုမြို့နယ် မင်္ဂလာရွာနှင့် ဇီးကုန်းရွာကြား ဂျိုက်ကာကွင်းထိပ် |
မင်းကင်း ကျော်ရွာမှာ စစ်အုပ်စုက အဓမ္မပြုကျင့်လို့ ဒေသခံအမျိုးသမီးတွေ ကိုယ့်ကိုယ်ကို အဆုံးစီရင် Posted: 31 Mar 2022 04:38 AM PDT MFP ၊ မတ် - ၃၀စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကျော်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒေသခံ အမျိုးသမီး သုံးဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး အဓမ္မပြုကျင့်ခံရတဲ့ အဲဒီ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။စစ်ကောင်စီတပ်ဟာ အခုလ(၁၇)ရက်က စတင်ပြီး မင်းကင်းနယ် တောင်တွင်းချောင်ဒေသ ကျော်ရွာမှာ ပျူစောထီးနဲ့ စစ်ကောင်စီ ပူးပေါင်းတပ်စွဲထားတာပါ။ စစ် |
မလှိုင် ရဲစခန်းကို ၄၀(မမ)ဖြင့်ပစ်ခတ်ရာ ရဲလေးဦးအရေးပေါ်ကားဖြင့် သယ်ဆောင်သွားရဟု တောင်သာPDF ပြော Posted: 31 Mar 2022 04:36 AM PDT မိထ္တီလာခရိုင် မလှိုင်မြို့ရဲစခန်းကို ၄၀(မမ)ဖြင့်ပစ်ခတ်ရာ ရဲလေးဦး အရေးပေါ် ကားဖြင့် သယ်ဆောင်သွားရကြောင်း တောင်သာPDF ယနေ့(မတ်လ ၃၁) ထုတ်ပြန်သည်။ယမန်နေ့(မတ်လ ၃၀)ည ၇နာရီခွဲခန့်က မလှိုင်မြို့ရဲစခန်း၏ ရဲများနေသော နှစ်ထပ်ဆောင်အား ဝင်ရောက် ပစ်ခတ်ရာ ပစ်မှတ်ကို ထိမှန်ခဲ့သည်ဟု တောင်သာPDF တာဝန်ရှိသူက ဆိုသည်။"မျက်မြင်အရဆို အရေးပေါ်ကားလာတယ်။တော်တော်ထိထားတဲ့ ရဲလေး ယောက်ကို ခေါ်သွားတာ။ရှေ့လျှောက် အပြစ်မဲ့ပြည် |
ကျိုက်ထိုတွင် စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီ တပ် ၁၀ဦးခန့်သေ Posted: 31 Mar 2022 04:34 AM PDT (ယနေ့နံနက်တိုက်ပွဲဖြစ်ပြီးနောက် ရန်ကုန်-မော်လမြိုင် ကားလမ်းတွင် ယာဥ်များပိတ်မိနေစဉ်။ဓာတ်ပုံ - CJ)ပူးပေါင်းအဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးပြီး ခြောက်ဦးဒဏ်ရာရဟုဆိုမွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို KNLA ဦးဆောင်သည့် PDF ပူးပေါင်းတပ်များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန် ရေးအင်အားစု (KRF)က အတည်ပြုသည်။ယနေ့(မတ် ၃၁)နံနက် ၅နာရီခွဲခန့်တွင် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင် |
CDF မတူပီ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ယခုချိန်ထိ စစ်သား (၁၆) ဦး သေဆုံး Posted: 31 Mar 2022 04:31 AM PDT တိုက်ပွဲ ပြင်းထန်တာကြောင့် အထိနာနေတဲ့ စကစဟာ မတူပီမြို့ပေါ်က ပြည်သူပိုင် ကျောက်သယ်ကားတွေကို သုံးပြီး အင်အား(၅၀) ခန့် ဖြည့်တင်းနေကြောင်း သိရသည်။CDF မတူပီ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ယခုချိန်ထိ စစ်သား (၁၆) ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရကြကြောင်းသိရသည်။CDF-Matupi ရဲဘော်များ ဘေးကင်းကြပါစေ 𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬 |
အကြမ်းဖက်စစ်ကောင်စီကို ထောက်ပံ့နေသည့် ဒလန်တိုးမောင် အနီးကပ်ပစ်သတ်ခံရ Posted: 31 Mar 2022 04:26 AM PDT ဇလွန်၊ မတ် ၃၁ အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏ သတင်းကို အကြမ်းဖက်စစ်ကောင်စီအား လက် ထောက်ချကာ အကြမ်းဖက်စစ်ကောင်စီအပေါ် ထောက်ပံ့ပေးနေသည့် ဒလန်တိုးမောင်ကို မတ်လ ၃၀ ရက်နေ့က သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခဲ့ကြောင်း နတ်စစ်သည်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ဇလွန်မြို့နယ်၊ ရေလဲတိုက်နယ်အတွင်းရှိ ရေကာတာပေါ်တွင် ဒလန်တိုးမောင်အား သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ခဲ့ ခြင်းဖြစ်ပြီး ဦးခေါင်းတစ် |
Posted: 31 Mar 2022 04:24 AM PDT ဓာတ်ပုံ- ယမန်နေ့က မန္တလေး-ကသာ သွားလာခဲ့သည့် အကြမ်းဖက်စစ်ကောင်စီသင်္ဘောမန္တလေး၊ မတ် ၃၁မန္တလေး-ကသာသို့အသွားအပြန်လုပ်နေသည့် စစ်သင်္ဘော ပစ်ခတ်ခံရပြီးနောက် မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများတွင် စစ်တပ်က လုံခြုံရေးချထားကြောင်း ဒေသခံများထံကသိရသည်။မတ်လ ၁၀ ရက်နေ့က ဝက်လက်မြို့နယ် နတ်တောင်နဂါးအဖွဲ့နှင့်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မန္တလေးမှ ကသာသို့ ထွက်ခွာလာသည့် စစ်သင်္ဘောကို ပစ်ခတ်မှုဖြစ်ပွားခဲ့ |
Posted: 31 Mar 2022 04:22 AM PDT ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ။ရန်ကုန်၊ မတ် ၃၁ KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိနေသော စစ်ကောင်စီတပ်စခန်းဖြစ်သော မဲဝိုင်စခန်းသို့ စစ်လေယာဉ်များဖြင့် ရိက္ခာနှင့်လက်နက်ခဲယမ်း လာကျဲချရာတွင် KNU က စစ်တပ်လေယာဉ်များကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ပြီး ကျဲချသည့် ရိက္ခာနှင့်လက်နက်များကို ယူဆောင်လိုက်ကြောင်း KNU တပ်မဟာ ၅ မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။ မတ်လ ၂၉ရက်နေ့တွင် |
မုံရွာမြို့ဆည်မြောင်းရုံးမှာ တပ်စွဲထားတဲ့စစ်အုပ်စု လက်ပစ်မိုင်းနဲ့ ပစ်ခတ်ခံရ Posted: 31 Mar 2022 04:20 AM PDT မုံရွာ၊ မတ် ၃၁၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာရုံးအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ မတ်လ ၃၀ ရက် မနေ့ကညပိုင်းမှာ မိုင်းခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ စစ်တပ်က အင်အား ၂၀၀ ကျော်နဲ့တပ်စွဲထားတဲ့ အဲ့ဒီရုံးအတွင်းကို ည ၆ နာရီခွဲလောက်မှာ လက်ပစ်မိုင်း ၂ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ Unity Force Monywa တာဝန်ခံ ကိုအောက်ဆွဲကပြောပါတယ်။ " ကျနော်တို့ ၆ |
မြို့လှ PDFတိုက်ခိုက်လို့ စစ်ကောင်စီစစ်ကြောင်း အကျအဆုံးရှိနိုင် Posted: 31 Mar 2022 04:19 AM PDT မြို့လှ၊ မတ်၃၁၊၂၀၂၂။ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မြို့လှမြို့၊ သမန်းဒေါင့်ရွာဖက်ကို မတ်လ ၃၁ ရက် ဒီနေ့မနက်ပိုင်းက ခြေလျှင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို မြို့လှ PDF က မိုင်း ၃လုံးနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။မနက် ၆ နာရီခွဲလောက်မှာ ခမရ ၄၁၅ တပ်ရဲ့ အင်အား ၇၈ ဦးပါ အဖွဲ့က မြို့လှပြည်သူ့ကာကွယ်ရေးတပ်ရင်း နယ်မြေအတွင်း ချောင်းဝရွာကနေ ခြေလျင်စစ် ကြောင်းထိုးလာတာကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ စစ် |
ဖရူဆိုမှာ ရဲစခန်းအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အရာရှိတစ်ဦးအပါအဝင် ၈ဦးသေဆုံး Posted: 31 Mar 2022 04:17 AM PDT ဓာတ်ပုံ- phruso PDF( မတ်လ ၃၀ရက်)မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကနေပြီး ဖရူဆိုမြို့နယ် ရဲစခန်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် ၈ဦးသေဆုံးခဲ့တယ်လို့ ဖရူဆိုPDFက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။မွန်းလွဲ ၂နာရီ ၂၀မိနစ်မှာ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲ ၁နာရီကျော်ကြာခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေး |
ကျောက်မဲ စည်ပင် ဗုံးပေါက်ပြီးနောက် စကစမှ ပြည်သူတစ်ဦးကို ရိုက်နှက် သေဆုံး Posted: 31 Mar 2022 04:15 AM PDT မတ်လ ၃၁ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် စည်ပင်သာယာရေးရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီမှ ပြည်သူများကို ရိုက်နှက်စစ်ဆေးမှုပြုလုပ်ခဲ့သဖြင့်အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၂၉ ရက် ညနေပိုင်းတွင် ကျောက်မဲ စည်ပင်သာယာရေးရုံးအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မြို့တွင်း နေရာတော်တော်များများတွင် လမ်းသွားလမ်းလာပြည်သူများအား စစ်ကောင်စီတို့မှ စစ်ဆေး |
KNU တပ်မဟာ ၁နှင့် စစ်ကောင်စီတို့ မုပ္ပလင်လမ်းဆုံ တိုက်ပွဲတွင် စစ်ကောင်စီတပ် ၆ ဦးကျဆုံး Posted: 31 Mar 2022 04:13 AM PDT Photo_KNLAမတ်လ ၃၁ ရက်၊ ၂ဝ၂၂ ခုနှစ်မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံတွင် ယနေ့ မတ်လ ၃၁ ရက်နေ့နံနက်က ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA တပ်မဟာ-၁ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၆ ဦး ကျဆုံးခဲ့သည်ဟု KNU ဘက်က ပြောသည်။ မုပ္ပလင်လမ်းဆုံတွင် အခြေစိုက်ထားသည့် စစ်ကောင်စီဂိတ်စခန်းရှိ တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တို့ ယနေ့ နံနက် ၅ |
ကသာနယ် ချောင်းဝဘက်မှထွက်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ Posted: 31 Mar 2022 04:12 AM PDT Photo ~ CrdMarch 31, 2022စစ်ကိုင်းတိုင်းဒေသကြီး ကသာနယ် ချောင်းဝရွာမှ သမန်းဒေါင့်ဘက်သို့ ခြေလျှင်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် ယနေ့နံနက် ၆နာရီဝန်းကျင်တွင် ဒေသကာကွယ်ရေးတပ်များများ၏ မိုင်းဆွဲတိုင်ခိုက်ခံရကြောင်းသိရသည်။စစ်အင်အား ၈၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ် ခမရ ၄၁၅ တပ်ရင်းက ချောင်းဝရွာမှ သမန်းဒေါင့်ရွာဖက်သို့ ခြေလျှင်စစ်ကြောင်းထိုးလာစဥ် ဒေသကာကွယ်ရေးတပ်မှ စောင့်ကြိုကာ ၃ကြိမ်ထက်မနည်း |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.