သစ္ထူးလြင္ |
- ပြင်ဦးလွင် စစ်တက္ကသိုလ်ဂိတ်ပေါက်ကို လက်ပစ်ဗုံးနဲ့ ထု
- မဟာအောင်မြေထွေအုပ်ရုံးနှင့် ရပ်ကွက်ရုံးတစ်ခုကို တိုက်ခိုက်ရာ စစ်အုပ်စုက သုံးယောက်သေ
- တောင်သာမြို့နယ်က စစ်ကောင်စီထောက်တိုင် လုပ်ငန်းရှင်၂၃ဦးအမည်စာရင်း ဒေသကာကွယ်ရေးတပ် ငါးဖွဲ့ ထုတ်ဖော်
- လာပို့ဒေသတွင် စစ်လက်နက်များတင်ဆောင်လာသည့် စစ်ကောင်စီတပ်ကားလေးစီးတိုက်ခိုက်ခံရပြီး ၁၀ဦးသေဟု ကနီ PDF ပြော
- အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်ပွဲသုံး စစ်ရဟတ်ယာဉ်တွေကို ပြန်ဆော်ဖို ၁၀ ရက်ကမ်ပိန်းပြုလုပ်နေ
- မန္တလေးရှိ "စ"သုံးလုံး အငြိမ်းစားတစ်ဦး သေနတ်ဖြင့် (၃) ချက်ပစ်ခံရပြီး သေဆုံး
- မိုင်းရှင်းလာတဲ့စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြိး ၂ ဦးသေဆုံး
- ရေစကြိုနယ်မှာ ဓါးပြတိုက်လုယက်နေတဲ့ အဖွဲ့ကို ရေစကြို PDF ဖမ်းဆီးစစ်ဆေးနေ
- သတင်းပေါက်ကြားမှုများအား စိုးရိမ်ထိတ်လန့်နေသဖြင့် မပေါက်ကြားစေရန် စကစလက်အောက်ခံ ပြည်ထဲရေးဝန်ကြီး၏ ညွှန်ကြားသည့် လျှို့ဝှက်ကြေးနန်းစာ ထပ်မံပေါက်ကြား
- ပခုက္ကူတက္ကသိုလ်ဝန်းအတွင်း ရှော့ပြောင်းအကြီးစားဖြင့် တိုက်ခိုက်ခံရ၍ ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်သား (၅)ဦး သေဆုံး
- ရေဖြူ အထက်တန်းကျောင်းမှာ ဗုံးပေါက်ကွဲ
- ဖာပွန်မြို့ရှိ တံတားတစ်စင်းအားဖျက်ဆီး၊ တပ်မဟာ(၅) ၏ တိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း BGF နှင့် စစ်ကောင်စီ ၁၀ဦးထက်မနည်းသေ
- ဖရူဆိုတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး လေးဦးသေဟု KNDF ပြေ
- ဆားလင်းကြီးရဲစခန်းကို PDF (၈)ဖွဲ့ ပေါင်းပြီး လက်နက်ကြီး၊ စိန်ပြောင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်
- စဉ့်ကိုင်မြို့နယ်ရှိ စစ်အုပ်စုစခန်းကို မြစ်ငယ် PDF ဝင်တိုက်၊ စကစ (၃)ဦး ပွဲချင်းပြီးသေ
- စစ်ကောင်စီနဲ့ မပူးပေါင်းရန် လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့ သေနတ်ပစ်ဖောက် သတိပေး
- ထားဝယ်-ထီးခီးလမ်းက ရမ္မဇူရွာအနီး ဘောက်ဆာကား နှစ်စီးမီးရှို့ခံရ
- စစ်ကောင်စီ၏ သင်္ကြန်တွင် ပြည်သူများမပါဝင်ကြရန် အင်းစိန်ဗဟိုထောင်ရှိ နိုင်ကျဥ်းရဲဘော်များဆို
- တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက ရွာထဲလက်နက်ကြီးပစ်
- ကော့သောင်းမြို့က စစ်ကောင်စီတပ် ညပတ်ကင်းလှည့်ရာတွင် အောက်ခြေတပ်သားများ၏ဇနီးများပါ ပါဝင်နေ
- ကရင်နီပြည်နယ်တွင် မတ်လ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီတပ်သား ၂၃ ဦး သေဆုံးကာ KNDF တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး
- စစ်ကောင်စီ၏ ရိက္ခာတင် စက်လှေများအား မြို့လှ PDF မှ ကြားဖြတ်တိုက်ခိုက်
ပြင်ဦးလွင် စစ်တက္ကသိုလ်ဂိတ်ပေါက်ကို လက်ပစ်ဗုံးနဲ့ ထု Posted: 01 Apr 2022 10:49 AM PDT ဓာတ်ပုံ၊ PDF POL ဧပြီ - ၁ စစ်ကောင်စီ ဗိုလ်လောင်းများ မွေးထုတ်ပေးနေသည့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့လယ်ရှိ စစ်တက္ကသိုလ် စာပေ (၂) ဂိတ်ပေါက်ကို ယနေ့ ညပိုင်း၌ လက်ပစ်ဗုံးဖြင့် အထုခံရကြောင်း သတင်းရရှိသည်။ ဧပြီလ (၁)ရက် ည (၇း၂၀)နာရီခန့်၌ အောင်မြင်စွာ ဖောက်ခွဲနိုင်ခဲ့ပြီး PDF POL နှင့် MMUGR တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေကို မသိရ |
မဟာအောင်မြေထွေအုပ်ရုံးနှင့် ရပ်ကွက်ရုံးတစ်ခုကို တိုက်ခိုက်ရာ စစ်အုပ်စုက သုံးယောက်သေ Posted: 01 Apr 2022 10:48 AM PDT မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့များ၏ စစ်ဆင်ရေးနှစ်ဆမြှင့်တင်မှု စတင်၊ ဧပြီ - ၁ မန္တလေးအခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့များ၏ စစ်ဆင်ရေး နှစ်ဆမြှင့်တင်မှု စတင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ စစ်ရေးလှုပ်ရှားမှုများအဖြစ် ယနေ့ ဧပြီလ (၁)ရက် ညနေပိုင်း၌ ၄၃ လမ်း၊ ၆၅ × ၆၆ ကြားရှိ မဟာအောင်မြေမြို့နယ် ထွေအုပ်ရုံးတွင် တပ်စွဲထားသည့် စစ်အုပ်စုကို သေနတ်ဖြင့် နှစ်ချက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နောက်ဆက်တွဲ ထိခိုက် |
Posted: 01 Apr 2022 10:40 AM PDT ▪️ပြည်သူ့ဘက်တော်သား မည်သူ့အဖွဲ့စည်းမဆို အလျဉ်းသင့်သလို ဝင်ရောက်ဆုံးမပေးကြရန် တောင်းဆိုမန္တလေးတိုင်း တောင်သာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီထောက်တိုင် ၂၃ဦးကို အမည်၊ အလုပ်အကိုင်နှင့်တကွ ထုတ်ဖော်ကြေညာပြီး စစ်တပ်ထောက်တိုင်လုပ်ရပ်များ ရပ်တန်းကရပ်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ငါးဖွဲ့က သတိပေးသည်။မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် နေထိုင်ပြီး အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင်အဖြစ် စစ်ကျွန်ခံနေသော လုပ်ငန်းရှင် |
Posted: 01 Apr 2022 10:39 AM PDT (KPDF ရဲဘော်များကို တွေ့ရစဥ်)စစ်ကိုင်းတိုင်း ကနီမြို့နယ် လာပို့ဒေသတွင် စစ်လက်နက်များ တင်ဆောင်လာသည့် စစ်ကားလေးစီးပါ ယာဉ်တန်းနှင့် စစ်အုပ်စုကို ပဒေသာမိုင်း၊ရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီနှင့် ပျူစောထီး ၁၀ဦးသေဆုံးနိုင်ကြောင်း ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -၂ (KPDF-2) က ထုတ်ပြန်သည်။ယနေ့(ဧပြီ ၁ရက်) နံနက် ၇နာရီခန့်တွင် မုံရွာ-ယာကြီး- ကလေးဝကားလမ်း (၆၇)မိုင်မှ လာပို့ဒေသသို့ စစ် |
အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်ပွဲသုံး စစ်ရဟတ်ယာဉ်တွေကို ပြန်ဆော်ဖို ၁၀ ရက်ကမ်ပိန်းပြုလုပ်နေ Posted: 01 Apr 2022 06:16 AM PDT ဧပြီလ ၁ ရက်အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူတွေကို သတ်ဖြတ်ရာမှာအသုံးပြုနေတဲ့ တိုက်ပွဲသုံး စစ်ရဟတ်ယာဉ် တွေကို ပြန်ဆော်ဖိုဆိုပြီးတော့ အလှူငွေကောက်တဲ့ ကမ်ပိန်းကို ပြုလုပ်နေပါတယ်။ကမ်ပိန်းပြုလုပ်နေသူတွေက "ကျွန်တော်တိုကို လေကြောင်းကအနိုင်ကျင့်နေတဲ့ ငတိတွေကို ဆော်ဖိုအချိန်တန် ပါပြီခင်ဗျာ။ သိန်းပေါင်းတသောင်းသုံးထောင်ကို ဆယ်ရက်အတွင်းစုပေးရမှာပါခင်ဗျာ ပြည်သူတွေဟာ အောင်ပွဲကိုဘယ်လောက်ထ်ိ ဆာလောင်နေကြပြီဆိုတာ ပြည် |
မန္တလေးရှိ "စ"သုံးလုံး အငြိမ်းစားတစ်ဦး သေနတ်ဖြင့် (၃) ချက်ပစ်ခံရပြီး သေဆုံး Posted: 01 Apr 2022 06:13 AM PDT ဓာတ်ပုံ - မန္တလေးရှိ "စ"သုံးလုံးရုံးအား ယခင်ကတွေ့ရစဉ်မန္တလေး၊ ဧပြီ (၁)မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်ရှိ "စ"သုံးလုံး အငြိမ်းစားဦးဝင်းနိုင်ဆိုသူ သေနတ်နှင့် ပစ်သတ်ခံရ၍ သေဆုံးသွားကြောင်း မြို့ခံများထံက သိရသည်။ယမန်နေ့ ညနေက အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ (၃၁) လမ်းနှင့် (၈၆) လမ်း ရွှေတချောင်းအနီးရှိဓာတ်မြေဩဇာနှင့် မြေဆီရောင်းဝယ်ရေးဆိုင်ရှင် အသက်(၅၀)ကျော်အရွယ် ဦးဝင်းနိုင်ဆို |
မိုင်းရှင်းလာတဲ့စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြိး ၂ ဦးသေဆုံး Posted: 01 Apr 2022 06:08 AM PDT ရွှေဘို၊ ဧပြီ ၁၊ ၂၀၂၂။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း မိုင်းရှင်းလင်းရေးလာတဲ့ စစ်ကောင်စီတပ်သားတွေ မတ်လ ၃၁ ရက် မနေ့ကမနက် ၁၀ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ ရွှေဘိုမြို့နယ်၊ မင်္ဂလာရွာနဲ့ ဇီးကုန်းရွာကြားရှိ ဂျိုက်ကာကွင်းထိပ်မှာ မိုင်းရှင်းနေတဲ့စစ်သားတွေကို ရှေ့ထွက်မိုင်း ၂ လုံး၊ ပါဆယ်မိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Snake Eyes PDF |
ရေစကြိုနယ်မှာ ဓါးပြတိုက်လုယက်နေတဲ့ အဖွဲ့ကို ရေစကြို PDF ဖမ်းဆီးစစ်ဆေးနေ Posted: 01 Apr 2022 06:06 AM PDT ပုံစာ - ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးရေစကြို၊ ဧပြီ၁၊ ၂၀၂၂။ရေစကြိုမြို့နယ်မှာ ဓားထောက်လုယက်နေတဲ့ အဖွဲ့တခုကို ရေစကြို PDF ကဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်၊အဲ့ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လ ၂၉ရက်က ရေစကြိုမြို့က ကံပွင့်လုပ်ငန်းပိုင် ပလက်စတစ်စက်ရုံကို မီးရှို့ဖျက်ဆီးပြီး စက်ရုံမန်နေဂျာကို ဖမ်းဆီးသွားခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။" သူတို့က PDF လည်းမဟုတ်ဘူး ဓားထောက်လုယက်နေတဲ့ အဖွဲ့ |
Posted: 01 Apr 2022 06:03 AM PDT တပ်တွင်းဖရဲသီး၏ သတင်းပေးချက်အရ ရုံးစာများ၊ အရေးကြီးသတင်းများ၊ ထူးခြားဖြစ်စဉ်များမှာ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ပေါက်ကြားလျက်ရှိနေရာ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးမှ သတင်းပေါက်ကြားမှုများအား စိုးရိမ်ထိတ်လန့်နေသဖြင့် တိုင်း/ပြည်နယ်ရဲတပ်ဖွဲ့မှူးများအား ထူးခြားဖြစ်စဉ်နှင့် အရေးကြီးသတင်းများပေးပို့ရာတွင် ပြည်ထဲရေးဝန်ကြီး၏ဖုန်းနံပါတ်သို့လည်းကောင်း၊ ၎င်း၏ PSO ဖုန်းနံပါတ်သို့လည်းကောင်း |
Posted: 01 Apr 2022 06:01 AM PDT မကွေးတိုင်း၊ ပခုက္ကူတက္ကသိုလ်ကျောင်းဝန်းအတွင်း ကင်းစောင့်နေသည့် အာဏာသိမ်းစစ်ကောင်စီ တပ်သား(၅)ဦးကို ရှော့ပြောင်းအကြီးစား (၂) လုံးဖြင့် ဧပြီလ(၁)ရက်နေ့ နံနက်(၁)နာရီဝန်းကျင်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၃)ဦးသေကြောင်း PKU N PDF က သတင်းထုတ်ပြန်လာသည်။ဆက်လက်၍ နောက်ထပ် ကင်းဂိတ်တစ်ခုအား သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။တိုက်ခိုက်မှု |
ရေဖြူ အထက်တန်းကျောင်းမှာ ဗုံးပေါက်ကွဲ Posted: 01 Apr 2022 05:45 AM PDT ပုံစာ - ရေဖြူအထက်တန်းကျောင်း(ပုံအဟောင်း) ဓာတ်ပုံ - ဇမ္ဗူအရိပ်ပရဟိတအသင်းတနင်္သာရီတိုင်းမ်၊ ဧပြီ ၁ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် အထက်တန်းကျောင်းအတွင်းမှာ ဒီနေ့မနက်၈နာရီ၄၀မိနစ်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီနေ့ဟာ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်ဘာသာဖြေတဲ့ရက်ဖြစ်ပြီးကျောင်းသားတွေ စာမေးပွဲအခန်းထဲကို ဝင်ရောက်ဖို့လုပ်နေစဉ်မှာပဲ ကျောင်းဆောင်အနီး ပေါက်ကွဲသံ ထွက်ပေါ်လာတာလို့ သိရပါ |
Posted: 01 Apr 2022 05:45 AM PDT ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်မြို့ရှိ စစ်ကောင်စီတပ် လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ ပို့ဆောင်ရန် အသုံးပြုသည့် တံတားတစ်စင်းအား ဖျက်ဆီးနိုင်ခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။မတ်လ ၃၀ရက်က ဖာပွန်မြို့၊ ရှမ်းကိုင်းရပ်ကွက်ရှိတံတားကို ဖျက်ဆီးချေမှုန်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ယင်းနေ့၌ပင် ထီးကဆောမဲ(ဆင်စွယ်)ဒေသရှိ အကြမ်းဖက်စစ်ကောင်စီတပ်အတွက် ရိက္ခာပို့ ပြန်လာသည့် ကရင်နယ်ခြားစောင့်တပ်(BGF) |
ဖရူဆိုတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး လေးဦးသေဟု KNDF ပြေ Posted: 01 Apr 2022 05:43 AM PDT ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာအနီး စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်တပ်နှင့် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်သားလေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသည်ဟု ကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၅ က ယနေ့(ဧပြီ ၁ ရက်) ထုတ်ပြန်သည်။အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်သည် ဒီမော့ဆိုမြို့နယ် ထူလွှီးဘီလာကျေးရွာဘက်မှ စစ်ကြောင်းထိုးလာစဥ် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNDF |
ဆားလင်းကြီးရဲစခန်းကို PDF (၈)ဖွဲ့ ပေါင်းပြီး လက်နက်ကြီး၊ စိန်ပြောင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက် Posted: 01 Apr 2022 05:40 AM PDT ဧပြီ - ၁စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ရဲစခန်းကို မနေ့က ညပိုင်းက ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF (၈)ဖွဲ့ ပေါင်းပြီး လက်နက်ကြီးတွေ၊ စိန်ပြောင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brother Defense Force က သတင်းထုတ်ပြန်ပါတယ်။မနေ့က မတ်(၃၁)ရက် ည(၉)နာရီကျော်က ဆားလင်းကြီးမြို့ ရဲစခန်းထဲကို စိန်ပြောင်း (၈) လက်၊ (၆၀) မမ အဖူး (၃၅)လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။"ရဲစခန်းနှင့် စကစများ ကင် |
စဉ့်ကိုင်မြို့နယ်ရှိ စစ်အုပ်စုစခန်းကို မြစ်ငယ် PDF ဝင်တိုက်၊ စကစ (၃)ဦး ပွဲချင်းပြီးသေ Posted: 01 Apr 2022 05:38 AM PDT ဧပြီ - ၁ မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်ရှိ သစ်ခေါက်အုပ်စု ဖလံဗိုလ်ရွာ၌ တပ်စွဲထားသည့် စစ်အုပ်စုစခန်းကို မြစ်ငယ် PDF က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ မတ်လ (၃၀)ရက် နံနက် (၃)နာရီအချိန်၌ လက်နက်ကြီးဖြင့် နှစ်ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စကစ (၃)ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။ ယင်းအပြင် ရာထူးအကြီးပိုင်းထဲမှာ တစ်ဦးသည် ဒဏ်ရာပြင်းထန်သဖြင့် ခိုးကြောင်ခိုးဝှက် ဆေးကုသ |
စစ်ကောင်စီနဲ့ မပူးပေါင်းရန် လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့ သေနတ်ပစ်ဖောက် သတိပေး Posted: 01 Apr 2022 05:25 AM PDT တနင်္သာရီတိုင်းမ်၊ ဧပြီ ၁ လောင်းလုံးမြို့နယ်မှာ မနေ့ညက နေရာအနံ့အပြားမှာ ဆက်တိုက်ထွက်ပေါ်ခဲ့တဲ့ ပေါက်ကွဲသံနဲ့ သေနတ်သံတွေဟာ စစ်ကောင်စီ၊ ပျူစောထီးနဲ့ ဒလန်တို့ကိုသတိပေးတဲ့ အသံဖြစ်တယ်လို့ လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်မှာ ဧပြီလ (၁)ရက်နေ့ကစ ပြီး စစ်ကောင်စီနဲ့ ဆက်လက် ပူးပေါင်းလုပ်ဆောင်နေဆဲဆိုရင် ကျွန်တော်တို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က လုံးဝတာဝန်ယူမှာ |
ထားဝယ်-ထီးခီးလမ်းက ရမ္မဇူရွာအနီး ဘောက်ဆာကား နှစ်စီးမီးရှို့ခံရ Posted: 01 Apr 2022 05:24 AM PDT ဓာတ်ပုံ - CJတနင်္သာရီတိုင်းမ်၊ ဧပြီ ၁ ထားဝယ်-ထီးခီးလမ်းမပေါ်က ရမ္မဇူရွာနဲ့ လိပ်ကြယ်ပြောင်ရွာအကြား ဘောက်ဆာကားနှစ်စီးမီးရှို့ခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီနေ့နံနက် ပိုင်းကတည်းက မေတ္တာဘက်ကနေ ထားဝယ်မြို့ဘက်ကိုမောင်းနှင်လာတဲ့ ဘောက်ဆာကားနှစ်စီးကို ရမ္မဇူရွာအနီး တားဆီးခံခဲ့ရပြီး ယာဥ်မောင်းနှစ်ဦးထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။ နေ့လယ် ၁၂ နာရီနောက်ပိုင်းမီးရှို့ခံခဲ့ရပြီး လေယာဥ်ဆီလို့ ယူဆကာ |
စစ်ကောင်စီ၏ သင်္ကြန်တွင် ပြည်သူများမပါဝင်ကြရန် အင်းစိန်ဗဟိုထောင်ရှိ နိုင်ကျဥ်းရဲဘော်များဆို Posted: 01 Apr 2022 05:21 AM PDT ဧပြီ ၁၊ ၂၀၂၂ ခုနှစ်။မြန်မာသင်္ကြန်ကာလတွင် အင်းစိန်အကျဉ်းဦးစီးအပါအဝင် စစ်ကောင်စီ လက်ပါးစေများက ထောင်တွင်းထောင်ပြင် ပျော်ပွဲရွှင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း အင်းစိန်ဗဟိုအကျဥ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားများက ပူးတွဲသဘောထားထုန်ပြန်ခဲ့သည်။နိုင်ငံရေးအချုပ်အနှောင်ခံများသည် ထောင်တွင်းသင်္ကြန်အား လုံးဝ (လုံးဝ) ပူးပေါင်းပါဝင်မည် မဟုတ်သလို တော်လှန်ရေးအင်အားစုများ |
တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက ရွာထဲလက်နက်ကြီးပစ် Posted: 01 Apr 2022 05:17 AM PDT Photo: KNDFမဲခေါင်၊ ဧပြီ ၁ဒီးမော့ဆိုမြို့နယ်၊ ကွိုင်ငံရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်မှလက်နက်ကြီးများဖြင့် ယနေ့နံနက် ၁ နာရီတွင် ပစ်ခတ်ခဲ့ပြီး ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၀ ကျော်အမျိုးသားတစ်ဦးဒဏ်ရာအပြင်းအထန်ရခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာများနှင့် လူနေကျေးရွာရပ်ကွက်များသို့ လက်နက်ကြီးများဖြင့် |
ကော့သောင်းမြို့က စစ်ကောင်စီတပ် ညပတ်ကင်းလှည့်ရာတွင် အောက်ခြေတပ်သားများ၏ဇနီးများပါ ပါဝင်နေ Posted: 01 Apr 2022 05:15 AM PDT ဓာတ်ပုံ - စစ်ကောင်စီတပ်သားများ၏မိန်းမများ(ပုံဟောင်း)(ကော့သောင်း)ဧပြီလ ၁ ရက်တနင်္သာရီတိုင်း၊ကော့သောင်းမြို့အတွင်း စစ်ကောင်စီတပ်သားများကားဖြင့်ညကင်းလှည့်ရာတွင် ၄င်းတို့ ၏ မိန်းမများကိုပါအသုံးပြု၍ကင်းပတ်နေရကြောင်း ဒေသ ခံများထံကသိရသည်။စစ်ကောင်စီတပ်သားများက ကော့သောင်းမြို့ လူ စည် ကားသည့်လမ်းမများပေါ်တွင် ညစဥ်ကားဖြင့် ကင်းလှည့်လည်ခြင်းများလုပ်ဆောင်နေပြီး သေနတ်နှင့်ယူနီဖောင်းဝတ်ဆင်ထားသည့် ၄င်းတို့စစ် |
Posted: 01 Apr 2022 05:11 AM PDT ဧပြီလ ၁ ရက်ကရင်နီပြည်နယ်တွင် မတ်လ နောက်ဆုံးပတ်အတွင်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား ၂၃ ဦး သေဆုံးပြီး KNDF တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။စစ်ကောင်စီတပ်များသည် ဒီးမော့ဆိုမြို့နယ် စံပြ (၆) မိုင်ကျေးရွာ၊ (၅) မိုင်ကျေးရွာမှ ထူလွှီးဘီလာ၊ ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်တို့အထိ စစ်ကြောင်းထိုးလျက်ရှိပြီး ရှမ်းပြည်နယ်မှ ကရင်နီပြည်သို့ ယာဥ်တန်း အစီး(၄၀) စေလွတ် |
စစ်ကောင်စီ၏ ရိက္ခာတင် စက်လှေများအား မြို့လှ PDF မှ ကြားဖြတ်တိုက်ခိုက် Posted: 01 Apr 2022 05:07 AM PDT ဧပြီ၊၁ကချင်ပြည်နယ်၊ ရွှေကူမြို့ ကျောက်ကြီးရွာမှ ထွက်လာသည့် စစ်ကောင်စီ၏ ရိက္ခာတင် စက်လှေ (၆) စီးကို မြို့လှ PDF များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ရွှေကူမြို့ ဒေသခံတစ်ဦးထံမှ သိရသည်။ယနေ့ ဧပြီလ (၁) ရက်နေ့ နံနက်ပိုင်း (၈) နာရီခွဲအချိန်ခန့်က ကျောက်ကြီးရွာမှ မြို့လှဘက်သို့ စုန်ဆင်းလာသည့် စစ်ကောင်စီ ရိက္ခာတင်စက်လှေ (၆) စီးကို မြို့လှ PDF များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။" (၈) နာရီခွဲလောက်က စကစ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.