Sunday, April 3, 2022

သစ်ထူးလွင်

သစ်ထူးလွင်


ပုသိမ်ကြီး ပြည်ခိုင်ဖြိုးပါတီရုံးဝင်း ဗုံးထုခံရ

Posted: 02 Apr 2022 08:33 AM PDT

 ဧပြီ - ၂ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးဝင်းကို ယနေ့နံနက်ပိုင်းက ဗုံးထုခံရကြောင်း သတင်းရရှိသည်။ နံနက် (၁၁)နာရီခန့်က မြို့မရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီ ရုံးဝင်းအတွင်း ရေကန်အနီး၌ လက်လုပ်ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုမရှိဟု နီးစပ်သူများထံမှ သိရသည်။ စစ်အာဏာသိမ်းပြီးနောက် ပုသိမ်ကြီးမြို့နယ်အတွင်းမှ စစ်အာဏာရှင်ဆန့်ကျင်သူများကို

မြောက်ဒဂုံမှ ပျူစောထီးအဖွဲ့၀င် သတင်းပေးဆိုသူ သေနတ်ဖြင့်ပစ်သတ်ခံရ

Posted: 02 Apr 2022 08:32 AM PDT

ရန်ကုန်၊ ဧပြီ ၂ စစ်ကောင်စီထံ သတင်းပေးနေသည့် မြောက်ဒဂုံမှ ပျူစောထီးအဖွဲ့၀င် သတင်းပေး ဆန်းမင်းထွန်းကို သေနတ်ဖြင့် ၆ ချက်ပစ်သတ်ခဲ့သည်ဟု Spring Brothers Force က ထုတ်ပြန်သည်။ဧပြီလ ၂ ရက် နေ့လယ်ပိုင်းတွင် ဆန်းမင်းထွန်းကို အထက်ပါအဖွဲ့က သူ၏နေအိမ်တွင် သွားရောက်ပစ်ခတ်ခဲ့ ခြင်းဖြစ်သည်။ စန်းမင်းထွန်းသည် မြောက်ဒဂုံ ၃၂ ရပ်ကွက်မှ ဆယ်အိမ်မှူးတစ်ဦးဖြစ်သည်။ မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦး၏ အဆိုအရ ဆန်းမင်း

Black Wolf PDF အဖွဲ့က ပျူ​ခေါင်း​ဆောင်တစ်ဦးကိုရှင်းလင်း

Posted: 02 Apr 2022 08:32 AM PDT

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ကျောက်မြောင်းမြို့နယ်ခွဲရှိ ထွေအုပ်ဧည့်ရိပ်သာတွင်ရှိနေသော ပျူစောထီးအဖွဲ့အား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် သေဆုံးသွားကြောင်း BLACK WOLF - PDF အဖွဲ့က သတင်းထုတ်ပြန်သည်။မတ်လ ၃၁ ရက် ညပိုင်းက ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့နယ်ခွဲရှိ ထွေအုပ်ဧည့်ရိပ်သာအတွင်းရှိနေသော ပျူစောထီးခေါင်းဆောင်တစ်ဦးအား ဝင်ရောက်ရှင်းလင်း သုတ်သင်ရာ အနီးအနားတွင်ရှိသော ပျူစောထီးများ

CDF မတူပီ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် အရာရှိအပါအဝင် ၉ဦးထပ်မံသေဆုံး

Posted: 02 Apr 2022 08:30 AM PDT

ချင်းပြည်နယ် မတူပီမြို့နယ် တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် ကိုးဦးသေဆုံးကြောင်း CDF -Matupi က ယနေ့(ဧပြီ ၂ ရက်) ထုတ်ပြန်သည်။တိုက်ပွဲဖြစ်စဥ်များအရ ယမန်နေ့(ဧပြီ ၁ ရက်) နေ့လယ် ၁နာရီခန့်က မတူပီ-မင်းတပ် လမ်းပိုင်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ အရာရှိတစ်ဦး အပါအဝင် အနည်းဆုံးသုံးဦးသေဆုံးကာ ပြင်းထန်ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။ထို့နောက် ယနေ့(ဧပြီ ၂ ရက်)

စစ်တပ်ပိုင် မြဝတီဘဏ်စောင့် စစ်အုပ်စု ယနေ့ သေနတ် (၈) ချက်ပစ်ခံရ

Posted: 02 Apr 2022 08:26 AM PDT

မန္တလေး၊ ဧပြီ (၂)ရန်ကုန် - မန္တလေးလမ်းပေါ်ရှိ စစ်တပ်ပိုင် မြဝတီဘဏ်ကို စောင့်နေသည့် စစ်အုပ်စုကို သေနတ်ဖြင့် (၈)ချက် ပစ်ခတ်ခဲ့ကြောင်း အဖွဲ့ (၆) ဖွဲ့ပါသည့် တော်လှန်ရေး တပ်ပေါင်းစုက ထုတ်ပြန်သည်။ယနေ့ ညနေ (၇) နာရီခန့်က (၇၈) လမ်း စစ်ကိုင်း-မန္တလေးလမ်းပေါ်ရှိ စစ်အုပ်စုကို ပစ်ခတ်ခဲ့ပြီး တစ်ဦးမြေပြင်ပေါ်လဲသွားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။"တစ်ကောင်သေနိုင်တယ်"ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် Ranger Of

KNU တပ်မဟာ ၅ နယ်မြေ၌ တစ်လအတွင်းဖြစ်ပွားခဲ့သည့်တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီနှင့် BGF တပ်သား ၁၁၈ ဦးသေဆုံး

Posted: 02 Apr 2022 08:24 AM PDT

ပုံစာ- KNU တပ်မဟာ ၅ နယ်မြေ၌ မတ်လ အတွင်း ဖြစ်ပွါးခဲ့သောတိုက်ပွဲများမှ သိမ်းဆည်းရမိသော လက်နက်များနှင့် အခြားထိခိုက်ပျက်စီးခဲ့မှုများကိုတွေ့ရစဥ်ကရင်ပြည်နယ်၊ ဧပြီ ၂ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေတွင် မတ်လအတွင်း တိုက်ပွဲပေါင်း ၃၅၀ ကျော်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် BGF ကြေးစားတပ်သား ၁၁၈ ဦးသေဆုံးသွားခဲ့ကြောင်း ကေအဲန်ယူ-မူတြော်က ယနေ့သတင်းထုတ်ပြန်သည်။အကြမ်းဖက်စစ်ကောင်စီတပ်၏သေဆုံး

အများပြည်သူပိုင် နေရာတွေမှာ မိုင်းထောင်ဖောက်ခွဲတာတွေ လုပ်ဖို့ စစ်ကောင်စီက ရဲနဲ့ တပ်ကို တာဝန်ပေးထား

Posted: 02 Apr 2022 08:23 AM PDT

မော်လမြိုင် ၊ ဧပြီ (၂)အများပြည်သူပိုင် ဈေး၊ အဆောက်အဦး၊ လမ်းတံတားနဲ့ စာသင်ကျောင်း အပါအဝင် လူစည်းကားနေတဲ့ နေရာတွေမှာ မိုင်းထောင်ဖောက်ခွဲတာတွေ လုပ်ဖို့ စစ်ကောင်စီက ရဲနဲ့ တပ်ကို တာဝန်ပေးအပ်ထားတယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။စစ်ကောင်စီကတော့ အဲဒီမိုင်းထောင်ဖောက်ခွဲမှုတွေကို ဒေသပြည်သူ့ကာကွယ်ရေးတပ် PDF အပါအဝင် စစ်တပ်ဆန့်ကျင်သူတွေက နိုင်ငံမငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်တယ်ဆိုပြီး လိမ်လည် သတင်းထုတ်ပြန်နိုင်

စစ်ကောင်စီတပ်ရင်း ခမရ ၅၈၅ မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်နှင့် တပ်သား ၁ ဦး လက်နက်များနှင့်အတူ KNLA ထံ အလင်းဝင်

Posted: 02 Apr 2022 08:20 AM PDT

ရန်ကုန်၊ ဧပြီ ၂ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသသို့ ထိုးစစ်ဆင်နေသော အကြမ်းဖက်စစ်ကောင်စီတပ်၏ ခမရ ၅၈၅ မှ ဒု-တပ်ရင်းမှူး ဗိုလ်မှူး တင်လင်းအောင်နှင့် တပ်သားဟိန်းမင်းထွေးတို့ ၂ ဦးသည် KNLA ကော်ဘရာစစ်ကြောင်းထံ သေနတ် ၃ လက်နှင့်အတူ အလင်းဝင်လာကြောင်း သိရှိရသည်။ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်နှင့် တပ်သားသည် MA3 ၁ လက်၊ MA1 ၁ လက်၊ ပစ္စတို ၁ လက်နှင့်အတူ ကော်ဘရာ

အရာတော်က စစ်အုပ်စုတပ်စခန်းကို PDF သိမ်းပိုက်ခဲ့ပြီး၊ စစ်သား ၇ ဦးပါရှင်းလင်းနိုင်ခဲ့

Posted: 02 Apr 2022 08:18 AM PDT

ဓါတ်ပုံ - Zero ပြောက်ကျားတပ် ( မြင်းခြံ )အရာတော်၊ ဧပြီ ၂၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သစ်ကျင်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဧပြီ ၁ ရက် မနေ့က စခန်းသိမ်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စစ်သားနဲ့ ပျူစောထီးအဖွဲ့တွေပေါင်းပြီး တပ်စွဲထားတဲ့ အဲ့ဒီစခန်းကို မနေ့ကနေ့လည် ၁၂ နာရီလောက်ကစလို့ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အပြန်အလှန်တိုက်ခိုက်ချိန် ၂

ရန်ကုန်နေရာအနှံ့ကသန်းခေါင်ယံဖေါက်ခွဲမှုများတွင် တပ်မတော်သားအချို့ပူးပေါင်းပါဝင်ခဲ့

Posted: 02 Apr 2022 08:16 AM PDT

ရန်ကုန်၊ ဧပြီ ၂၊ ၂၀၂၂။ရန်ကုန်မြို့ရဲ့ နေရာအနှံ့မှာ ယမန်နေ့ည  သန်းခေါင်ယံကပေါက်ကွဲပစ်ခတ်မူတွေ ပြုလုပ်ပြီးကျဆုံးသူတွေကို ဂုဏ်ပြုခဲ့တဲ့ People Defense and Guerrilla Vangaurd-PDGV အဖွဲ့မှာ တပ်မတော်သားအချို့ပါဝင်နေလို့ သူတို့ရဲ့လုံခြုံရေးအတွက် တိုက်ခိုက်မှုတိုင်းကို ထုတ်ပြန်တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။စတင်ဖွဲ့စည်းတဲ့ ၂၀၂၁ ခုနှစ်၊ မတ်လ၂၇ ရက်နေ့ကတည်းက အကြီးစားတိုက်ခိုက်မူတွေပြုလုပ်ခဲ့ပေမယ့် ကြေညာခဲ့

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNDF တို့ ထီးသော်ကူးကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ လေးဦးသေဆုံး

Posted: 02 Apr 2022 08:12 AM PDT

ဒီးမော့ဆိုမြို့နယ် ထူးလွှီးဘီလာကျေးရွာကနေ ဖရူဆိုဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာမှာ KNDF  တို့က ပျောက်ကျားတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့တယ်လို့ KNDF B-15 တာဝန်ရှိသူ တစ်ဦးထံကနေ သိရပါတယ်။" ဖြစ်တာကတော့ ၁၀နာရီဝန်းကျင်ပေါ့နော။ ကျမတို့က အခုက ပျောက်ကျားစနစ်နဲ့ပဲ သွားတာပေါ့နော။ ၁၀နာရီတစ်ခါ ညနေ ၆နာရီတစ်ခါတော့ လုပ်ဖြစ်တယ်။ တစ်ရက်ထဲကို နှစ်ကြိမ်

ခင်ဦးမြို့နယ် လူနေအိမ် ၁၀၀ ကျော် ထပ်မံမီးရှို့ ဖျက်ဆီးခံရပြီး ပြည်သူ ၂၀၀၀ ကျော်လည်း ထွက်ပြေးနေရ

Posted: 02 Apr 2022 08:09 AM PDT

April 2, 2022စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရှိ ကုလားလူးကျေးရွာနှင့် ရှားလွင်ကျေးရွာတွင် ယမန်နေ့က စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီး လူနေအိမ် ၁၀၀ ကျော်ကို ဒုတိယအကြိမ်ထပ်မံမီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ပြည်သူ လူထု ၂၀၀၀ ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။မီးရှို့ဖျက်ဆီးဆီးခံရသော နေအိမ်များမှာ ကုလားလူးကျေးရွာမှ ၄၇ လုံး နှင့် ရှားလွင်ကျေးရွာမှ ၃၄ လုံးဖြစ်ပြီး စုစုပေါင်း လူနေအိမ်

ဗန်းမော် တက္ကသိုလ်ရှေ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

Posted: 02 Apr 2022 08:08 AM PDT

Photo - CrdApril 2.2022ဗန်းမော်မြို့  တက္ကသိုလ်ဝင်းရှေ့ ယနေ့နံနက် ၈ နာရီ ဝန်းကျင်ခန့်တွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါ စစ်ယာဥ်တန်းသည် မိုးမောက်မြို့ဘက်မှ ဆင်းလာချိန် ဗန်းမော်မြို့အဝင် နမ့်ဖားကျေးရွာရှိ ဗန်းမော် တက္ကသိုလ် ကျောင်းရှေ့တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဗန်းမော်မြို့နေ အမျိုးသားတစ်ဦး ပြောသည်။''အသံတော့ အကျယ်ကြီးပဲကြားလိုက်တယ်။

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.