သစ္ထူးလြင္ |
- သန်လျင်ပကဖ မှ သန်လျင်မြို့ဟောင်းအရှေ့ အုပ်ကြီး ရဲထွဋ်အား သုတ်သင်ရှင်းလင်း
- ခရမ်း-PDFမှ မက္ကသံကျေးရွာသို့ အကြွေးလာတောင်းပေးသော စစ်အုပ်စုအား ခရမ်း-PDF မှ ၄၀ မမ အပြင်းစားဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်
- ကဝမြို့နယ်တွင် စစ်ကောင်စီတပ်သားများရှိနေသော နေရာ ၃ နေရာကို KPDF က ယနေ့ အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်
- မန္တလေးမှ စစ်တပ်သတင်းပေးဒလန်ဆိုသူ အသတ်ခံရ
- KNU တပ်မဟာ(၆)နယ်မြေတွင် ကော်ဘရာစစ်ကြောင်း လက်ဖြောင့်တပ်သား ပစ်ခတ်၍ စစ်ကောင်စီတပ် နှစ်ဦးသေ
- စစ်တပ်နှင့်နှီးနွှယ်သော Honey Nest Bar ဖောက်ခွဲတိုက်ခိုက်ခံရ၊ ထိရောက်စွာဖောက်ခွဲနိုင်ခဲ့ဟုဆို
- ဒေါက်တာခင်ခင်ကြီး ဒုတိယအကြိမ် သတိပေးခံရ
- ရန်ကုန်တွင် ပုဂ္ဂလိက သင်္ကြန် မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားသူ မရှိ
- ပခုက္ကူမှာ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ပညာရေးမှူး ပစ်သတ်ခံရ
- ခလယ်-တံခွန်တိုင်ရဲစခန်းရှေ့ ည ၇ နာရီကျော် ဖြတ်သန်းသွားလာပါက ပစ်မည်ဟု စစ်ကောင်စီပြော
- ရေးမြို့နယ်တွင် Mytel ဖုန်းတာဝါတိုင် ၃ ခုမီးရှိူ့ဖျက်ဆီးခံရပြီးနောက် ကျေးရွာတွင်း ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်
- မတ္တရာမြို့နယ်မှာလည်း စစ်ရေးလှုပ်ရှားမှုအရှိန်မြှင့်မှာဖြစ်လို့ စစ်အုပ်စုရဲ့သင်္ကြန် မပျော်ကြဖို့ PDF သတိပေး
- ပုသိမ်ကြီးမြို့နယ်က အုပ်ကြီးဟောင်း၊ ပြည်ခိုင်ဖြိုးပါတီ ပြန်ကြားရေးတာဝန်ခံ ရေချိုးနေစဉ် သေနတ်ပစ်ခံရပြီး သေ
- ပခန်းကြီးမြို့ဟောင်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးမှုရှိဟု ရေစကြို PDF ပြော
- ဘန့်ဘွေးရွာ တပ်စခန်းဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ကိုးဦးသေ၊ ၁၅ဦးဒဏ်ရာရဟု ဗိုလ်နဂါးပြော
- မတ္တရာ ကင်းရွာမှာ စကစနှင့်နွယ်တဲ့ ကျောင်းထိုင်ဘုန်းကြီး အသတ်ခံရပြီးနောက် စစ်အုပ်စုက ကျောင်းတာဝန်ခံ ဆရာတော်အား ဖမ်းဆီးသတ်ဖြတ်၊
- ရေစကြို ရေလယ်ကျွန်းဒေသ သုံးဖွဲ့ခွဲ ဝင်မွှေတဲ့ စစ်အုပ်စုကို PDF (၂၂)ဖွဲ့ ပေါင်းပြီး ခုခံတိုက်ခိုက်၊သုံးရက်တာ တိုက်ခိုက်မှုအတွင်း ဗိုလ်အဆင့်တွေ အပါအဝင် စကစ (၁၀)ဦးခန့် သေ၊
- ကျောက်မဲမှာ နေအိမ် ၃ အိမ်ထဲ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ လူတစ်စုက ဝင်ရောက်မွှေနှောက်ပြီး ငွေ ယူသွား
- တောင်ပျောက်တိုက်နယ်မှာ စစ်ကောင်စီတပ်တွေ နေအိမ် ၁၅ လုံးကို မီးရှို့ခဲ့တဲ့အပြင် ကား၊ ဆိုင်ကယ်တွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့၊ ငွေသားနဲ့ ရွှေတွေယူသွား
- သင်္ကြန်မဏ္ဍပ်တွေအနီး မသွားကြဖို့ တနင်္သာရီပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သတိပေး
- KIA ဌာနချုပ် လိုင်ဇာမြို့အနီး စစ်ရေးတင်းမာနေ
- မကွေးတိုင်း ယောနယ်မှာ စစ်ကောင်စီတပ်က အကြမ်းဖက်၊ မုဒိမ်းကျင့်၊ လူသတ်၊ မီးရှို့မှုတွေပြုလုပ်နေ
- ပင်းတယမြို့ဝင် စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ
- စစ်တပ်သတင်းပေးဆိုသူ အုပ်ချုပ်ရေးမှူးနှင့်ဇနီးအား သာယာဝတီခရိုင် PDF ပစ်သတ်
- တောင်ဒဂုံမြို့နယ် က ကြံ့ခိုင်ရေးပါတီဝင် သတင်းပေး(ဒလန်) အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး
သန်လျင်ပကဖ မှ သန်လျင်မြို့ဟောင်းအရှေ့ အုပ်ကြီး ရဲထွဋ်အား သုတ်သင်ရှင်းလင်း Posted: 05 Apr 2022 09:02 AM PDT Photo - Thanlyin Channel(ဧပြီ ၅)ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှုး ရဲထွဋ်အား သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ ယနေ့ နံနက် ၇ နာရီ ၃၉ မိနစ် အချိန်တွင် သေနတ် ၃ ချက်ပစ်ခတ်၍ သုတ်သင်ရှင်းလင်းလိုက်ကြောင်း သိရပါသည်။မြို့ဟောင်းအရှေ့ အုပ်ကြီး ရဲထွဋ် သည် ဒေသခံ လူထု၏ တိုင်ကြားချက်များစွာကြောင့် သန်လျင် ပကဖ မှ ၎င်း၏ ပြစ်မှုများအား စုံစမ်းစစ်ဆေးခဲ့ပါ |
Posted: 05 Apr 2022 08:59 AM PDT (ဧပြီ ၅)ခရမ်းမြို့ မက္ကသံကျေးရွာလမ်းတွင် ယနေ့ညနေ ၄နာရီခန့်က အကြွေးလာတောင်းပေးသော ရခအုပ်စုအား ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan) မှ ၄၀ မမ အပြင်းစား ဗုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။ထိုပစ်ခတ်မူ့တွင် ပြည်သူများ ဝင်ရောက်လာတာကြောင့် ပစ်မှတ်အား အပေါ်သို့ ထောင်၍ ပစ်ခတ်ခဲ့ရကြောင်း၊ ထိုသို့ပစ်ခတ်ခဲ့ရသောကြောင့် ပစ်မှတ်နှင့် အနီးသို့သာ ကျရောက် ပေါက်ကွဲခဲ့သည်ဟု ခရမ်း-PDF က ပြောသည်။` |
Posted: 05 Apr 2022 08:57 AM PDT (ဧပြီ ၅)ကဝမြို့နယ်တွင် စစ်ကောင်စီတပ်သားများ လိုက်ပါစီးနင်းလာသော မော်တော်ယာဥ်တစ်စီးအား နံနက် ၇ နာရီ အချိန်ကလည်းကောင်း၊ ကဝမြို့နယ် ငါးထပ်ကြီးဘုရားလမ်းထိပ်ရှိ စစ်ကောင်စီတပ်သားများရှိနေသည့် ကင်းဂိတ်အား နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ကလည်းကောင်း၊ အလားတူ အုန်းနဲကျေးရွာတွင် စစ်ကောင်စီတပ်သားများရှိနေသည့် ကင်းဂိတ်အား နံနက် ၁၁ နာရီအချိန်ကလည်းကောင်း အသီးသီးစီဖြင့် စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ ကဝမြို့နယ် ပြည်သူ့ |
မန္တလေးမှ စစ်တပ်သတင်းပေးဒလန်ဆိုသူ အသတ်ခံရ Posted: 05 Apr 2022 08:55 AM PDT ဧပြီ - ၅ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် သံလျက်မော်အနောက်ရပ်ကွက်ကြီးအတွင်းရှိ လက်ပန်ရပ်ကွက်တွင် စစ်တပ်သတင်းပေးဆိုသူ ဦးဆန်းလွင်သည် ယနေ့ နံနက် (၈) နာရီ ကျော်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။ ယနေ့ နံနက်ပိုင်းက လက်ပန်ရပ်ကွက်၊ စိန်ရတနာလမ်း၊ ၉၁ လမ်း နှင့် ကမ်းနားလမ်းကြားရှိ လက်ဖက်ရည်ဆိုင် အနီးတွင် အပစ်ခံခဲ့ရခြင်းဖြစ်ပြီး ခေါင်းနှင့် ရင်ဘတ်တွင် သေနတ်ကျည်ဆန်ထိမှန်သည်ဟု ကြားရကြောင်း |
KNU တပ်မဟာ(၆)နယ်မြေတွင် ကော်ဘရာစစ်ကြောင်း လက်ဖြောင့်တပ်သား ပစ်ခတ်၍ စစ်ကောင်စီတပ် နှစ်ဦးသေ Posted: 05 Apr 2022 08:51 AM PDT ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ (၆)နယ်မြေတွင် စစ်ရေးလှုပ်ရှားနေသည့် KNLA ၏ ကော်ဘရာစစ်ကြောင်းမှ လက်ဖြောင့်တပ်သား၏ လက်ချက်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ထုတ်ပြန် သည်။ဧပြီ ၄ရက် ညပိုင်းက မြ၀တီ - ဝေါ်လေ လမ်းအနီး လေးကေ့ကော်ဒေသ၌ စစ်ရေးလှုပ်ရှားနေသည့် ကော်ဘရာ စစ်ကြောင်းကို စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း (အမြောက်ကုန်း)မှ လက်နက်ကြီးဖြင့် လေးကြိမ် ရမ်းသန်း |
စစ်တပ်နှင့်နှီးနွှယ်သော Honey Nest Bar ဖောက်ခွဲတိုက်ခိုက်ခံရ၊ ထိရောက်စွာဖောက်ခွဲနိုင်ခဲ့ဟုဆို Posted: 05 Apr 2022 08:50 AM PDT ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်းဘူတာရုံလမ်းရှိ Honey Nest Barကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ Dark Shadow(YGN)က ယနေ့(ဧပြီ ၅)ထုတ်ပြန်သည်။ယနေ့ည ၇ နာရီ ၅၁ မိနစ်ခန့်တွင် စစ်ကောင်စီတပ်မှ အကြီးပိုင်းများနှင့်ဆက်နွှယ်သော Honey Nest Bar ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ လာရောက်စစ်ဆေးစဥ် ထပ်မံ၍တိုက်ခိုက်ခဲ့ရာ ထိရောက်စွာဖောက်ခွဲနိုင်ခဲ့ကြောင်း |
ဒေါက်တာခင်ခင်ကြီး ဒုတိယအကြိမ် သတိပေးခံရ Posted: 05 Apr 2022 08:44 AM PDT မန္တလေး၊ ဧပြီ ၅ စစ်ကောင်စီ လက်အောက်ခံကျန်းမာရေး ဝန်ကြီးဌာနမှ ဒေါက်တာခင်ခင်ကြီးကို CDM ၀န်ထမ်းများအပေါ် ဖိနှိပ်ခြင်းနှင့် စစ်ကောင်စီအလိုကျ လိုက်နာဆောင်ရွက်နေခြင်းကို ရပ်တန့်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဧပြီလ ၅ ရက်တွင် သတိပေးခဲ့သည်။ဒေါက်တာ ခင်ခင်ကြီးသည် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး၏ ဇနီးဖြစ်ပြီး CDM ဆရာဝန်များကိုဖိအားမပေးရန် မှော်ဘီတော်လှန်ရေး အင်အားစုများက မတ်လ ၂၃ ရက်က တစ်ကြိမ် |
ရန်ကုန်တွင် ပုဂ္ဂလိက သင်္ကြန် မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားသူ မရှိ Posted: 05 Apr 2022 08:42 AM PDT ဓာတ်ပုံ- ပြီးခဲ့သည့်လအတွင်းက ရန်ကုန်မြို့တော်ခန်းမရှေ့ ဆောက်လုပ်နေသည့် ဗဟိုမဏ္ဍပ် ရန်ကုန်၊ဧပြီ-၅ရန်ကုန်တွင် ပုဂ္ဂလိက သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့်ကို စစ်ကောင်စီက လျှောက်ထားခွင့်ပြုထားသော်လည်း လျှောက်ထားသူမရှိကြောင်း မဏ္ဍပ်ကန်ထရိုက်လုပ်ကိုင်ခဲ့ဖူးသူတချို့ကပြောသည်။စစ်ကောင်စီသည် င်္သကြန်စည်ကားမှုများ ပြသလို၍ မြို့တော်ခန်းမရှေ့၌ ဗဟို မဏ္ဍပ် ဆောက်လုပ်နေသကဲ့သို့ ပုဂ္ဂလိကမဏ္ဍပ်များ ဆောက်လုပ်ရန် ဖိတ်ခေါ် |
ပခုက္ကူမှာ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ပညာရေးမှူး ပစ်သတ်ခံရ Posted: 05 Apr 2022 08:40 AM PDT ပခုက္ကူ၊ ဧပြီ ၅၊ ၂၀၂၂။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းအမျိုးသမီးတဦး ဧပြီ ၅ ရက် ဒီကနေ့မနက် ၇ နာရီခွဲလောက်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ပစ်သတ်ခံရတဲ့သူဟာ ဒေါ်တင်တင်ရီဆိုသူဖြစ်ပြီး၊ ပခုက္ကူမြို့နယ် မြို့နယ်ပညာရေးမှူးတဦးဖြစ်ကာ အမှတ် ၁၃ ရပ်ကွက်အတွင်းမှာ ပစ်သတ်ခံခဲ့ရတာလို့ ပခုက္ကူမြို့နယ်ပညာရေးအသိုင်းအဝိုင်းထံကသိရပါတယ်။'' ဒီမနက် ၇ ခွဲလောက်မှာ ပစ်သတ်သွား |
ခလယ်-တံခွန်တိုင်ရဲစခန်းရှေ့ ည ၇ နာရီကျော် ဖြတ်သန်းသွားလာပါက ပစ်မည်ဟု စစ်ကောင်စီပြော Posted: 05 Apr 2022 08:35 AM PDT ဧပြီ ၅ ရက်၊ ၂ဝ၂၂ ခုနှစ်၊ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခလယ်-တံခွန်တိုင်ရဲစခန်းရှေ့တွင် ဧပြီလ ၃ ရက်နေ့မှစပြီး ညပိုင်း ၇ နာရီကျော်မှ နံနက်မိုးလင်းအထိ ဖြတ်သန်းသွားလာခွင့် မပြုတော့သည့်အပြင် မသင်္ကာသူများ တွေ့ရှိပါကလည်းပစ်မိန့်ပေးထားသည်ဟု ဝင်းရော်ဒေသ ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။တံခွန်တိုင်ရဲစခန်းအနီးတွင် ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့ ည ၈ နာရီအချိန်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ၎င်းတို့၏ |
Posted: 05 Apr 2022 08:34 AM PDT ဧပြီ ၅ ရက်၊ ၂၀၂၂ ခုနှစ်၊ မွန်ပြည်နယ် ၊ ရေးမြို့နယ် ကနင်ကမော့၊ နင်းစုံ၊ ဘဲလမုရွာရှိ စစ်ကောင်စီတပ်ပိုင် Mytel တာဝါတိုင် ၃ ခုကို ဧပြီလ ၄ ရက်နေ့က မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်များရောက်ရှိလာပြီး ကျေးရွာတွင်း ဝင်ရောက်စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။ ထို့အပြင် လက်ရှိတွင် ကနင်ကမော့ရွာ ဘုရားတောင်ပေါ်၌ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲနေထိုင်လျက်ရှိသည့်အတွက် |
Posted: 05 Apr 2022 06:34 AM PDT ဧပြီ - ၅ မန္တလေးတိုင်း မတ္တရာမြို့နယ်မှာလည်း စစ်ရေးလှုပ်ရှားမှု အရှိန်မြှင့်မှာဖြစ်လို့ စစ်အုပ်စုရဲ့ သင်္ကြန် မပျော်ပါးကြဖို့ ဒေသခံ PDF အဖွဲ့တွေက သတိပေးလိုက်ပါတယ်။ စစ်အုပ်စုဟာ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းနေသယောင် ဝါဒဖြန့်လိုတာကြောင့် သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်အုပ်စုရဲ့ ဝါဒဖြန့်မှု မအောင်မြင်စေဖို့အတွက် မတ္တရာ ပြည်သူ့ |
Posted: 05 Apr 2022 06:34 AM PDT ဓာတ်ပုံ၊ ပေးပို့ ဧပြီ - ၅ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကောင်းမွန်ကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ သတင်းပြန်ကြားရေးတာဝန်ခံလည်းဖြစ်တဲ့ ဦးကျော်ခိုင်ဟာ ဒီမနက် ရေချိုးနေစဉ် သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။ အသက် (၅၀)အရွယ် ဦးကျော်ခိုင်ဟာ ဒီမနက် (၁၀)နာရီခွဲလောက်မှာ နေအိမ်ခြံဝန်းအတွင်း ရေချိုးနေစဥ် အမည်မသိ အမျိုးသားနှစ်ဦး ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီးသေနတ်နဲ့ |
Posted: 05 Apr 2022 06:34 AM PDT (အကြမ်းဖက်စစ်ကောင်စီတပ်များ တိုက်ခိုက်ခံခဲ့ရသည့် ပခန်းကြီးမြို့ဟောင်း အထွက် တစ်နေရာကိုတွေ့ရစဥ်)မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပခန်းကြီးမြို့ဟောင်းတွင် အကြမ်းဖက် စစ်ကောင်စီ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက အသိပေးထုတ်ပြန်သည်။ယမန်နေ့ (ဧပြီ ၄)နံနက် ၁၁နာရီခန့်က ပခန်းကြီးမြို့ဟောင်းအထွက် ပခုက္ကူ-မန္တလေး လမ်းမပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ |
Posted: 05 Apr 2022 06:32 AM PDT ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းအတွင်းပိုင်းထိ ဝင်ရောက်စီးနင်းတိုက်ခိုက်နိုင်ခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)ဦးဆောင်သူ ဗိုလ်နဂါးက ပြောသည်။ယနေ့(ဧပြီ ၅ရက်) နံနက် ၄နာရီခွဲတွင် MRDA မှ ဦးဆောင်ကာ ချင်းတွင်းတော်လှန်ရေးတပ်ဖွဲ့ (CRF)၊ ကျောက်လုံးကြီးအဖွဲ့ (KLG)တို့၏ ပူပေါင်းပါဝင်မှုဖြင့် မိနစ်၃၀ မစ်ရှင်သတ်မှတ်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆိုသည်။ "အရေးသာသော်လည်း |
Posted: 05 Apr 2022 06:25 AM PDT မတ္တရာ ကင်းရွာ လွင်ဦးကျောင်းတိုက်/ ဓာတ်ပုံ - ပေးပို့ ဧပြီ - ၅မန္တလေးတိုင်း မတ္တရာမြို့နယ် ကင်းကျေးရွာ လွင်ဦး(ဘက) ကျောင်းက စစ်ကောင်စီ သတင်းပေးအဖြစ် နာမည်ထွက်တဲ့ ကျောင်းထိုင်ဘုန်းကြီး အသတ်ခံလိုက်ရပြီးနောက် စစ်အုပ်စုက ကျောင်းတိုက်အတွင်း စီးနင်းဝင်ရောက်ကာ ဘကကျောင်းတာဝန်ခံ ဆရာတော်တစ်ပါးအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။ဧပြီ(၃)ရက် မနက်ပိုင်းက ကင်းကျေးရွာ လွင်ဦး ဘုန်းတော်ကြီးသင် |
Posted: 05 Apr 2022 06:24 AM PDT MFP ၊ ဧပြီ - ၅မကွေးတိုင်း ရေစကြိုမြိုနယ်နဲ့ စစ်ကိုင်းတိုင်း မြောင်မြိုနယ်အစပ် ရေလယ်ကျွန်းဒေသ ကျေးရွာတွေထဲ စစ်ကြောင်း သုံးကြောင်းခွဲကာ စီးနင်းဝင်ရောက် အကြမ်းဖက် မွှေနှောက်သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မဟာမိတ် (၂၂)ဖွဲ့ ပူးပေါင်းပြီး ခုခံတိုက်ခိုက်နေတယ်လို့ မြောင်မြိုနယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ (CDSOM)က MFP ကို ပြောပါတယ်။စစ်အုပ်စုဟာ ဧပြီ(၂)ရက် |
Posted: 05 Apr 2022 06:21 AM PDT ရွှေဖီမြေ၊ ဧပြီလ ၅ ရက်၊ ကျောက်မဲရှမ်းမြောက် ကျောက်မဲမြို့ ရပ်ကွက်(၈)ရှိ အင်ကြင်းတောင်ဘက်မှာ နေအိမ် ၃ အိမ်ထဲကို လက်နက်အပြည့်အစုံ ကိုင်ဆောင်လာတဲ့ လူတစ်စုက အိမ်ဖောက်မွှေနှောက်ခဲ့ပြီး ငွေတွေ ယူဆောင်သွားတယ်လို့ သိရပါတယ်။မနေ့မနက် ၃ နာရီမှာ ဦးအိုက်ဝီး၊ အိမ်ငှားနေတဲ့ မိုင်းအိုက်လှိုင်နဲ့ လွေးအေးဟုန်း၊ ဦးအိုက်ကျန်နဲ့ မအေးဝင်းတို့ရဲ့ အိမ်တွေထဲ ဝင်ရောက်မွှေနှောက်ခဲ့တာပဲ ဖြစ်ပါတယ်။ရပ်ကွက်နေ အမျိုးသားတစ်ဦး |
Posted: 05 Apr 2022 06:19 AM PDT ဓာတ်ပုံ - CJ တနင်္သာရီတိုင်းမ်၊ ဧပြီ ၄ တောင်ပျောက်တိုက်နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေရဲ့နေအိမ် ၁၅ ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ကားဆိုင်ကယ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဝင်းကဖော်ရွာမှာ နေအိမ် ၁၀ လုံး၊ စျေးဆိုင် ၁ ဆိုင်ဆိုင်ကယ်ပြင်ဆိုင် ၁ ဆိုင်၊ဆိုင်ကယ် ၂ စီး ကိုမီးရှို့ခဲ့ပြီး ငွေကျပ်သိန်း ၄၀ နဲ့ ရွှေဆွဲကြိုးတွေယူဆောင်သွားခဲ့တယ်လို့ မြေပြင်မှာ စစ်ဘေး |
သင်္ကြန်မဏ္ဍပ်တွေအနီး မသွားကြဖို့ တနင်္သာရီပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သတိပေး Posted: 05 Apr 2022 06:17 AM PDT တနင်္သာရီတိုင်းမ်၊ ဧပြီ ၅ ပြည်သူလူထုအနေနဲ့ စစ်ကောင်စီက ကျင်းပမယ့် သင်္ကြန်မဏ္ဍပ်တွေအနီးကို လုံးဝမသွားရောက်ကြဖို့ တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးလိုက်ပါတယ်။ တနင်္သာရီမြို့နယ်ထဲက တော်လှန်ရေးအင်အားစုတွေဟာ စစ်အာဏာရှင်ပြုတ်ကျရေးနေ့ညမပြတ်ဆောင်ရွက်နေတဲ့ကာလဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့လည်း သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲခြင်းမပြုဘဲ တော်လှန်သတ်မှတ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ စစ် |
KIA ဌာနချုပ် လိုင်ဇာမြို့အနီး စစ်ရေးတင်းမာနေ Posted: 05 Apr 2022 06:15 AM PDT ပုံ/ ၂၀၁၉ ခုနစ်က နမ်ဆန်ယန်ကျေးရွာတွင်တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။လိုင်ဇာ - ဧပြီ ၅၊ ၂၀၂၂။ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ၏ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေအကြား စစ်ရေးတင်းမာနေကြောင်း သိရသည်။ လိုင်ဇာမြို့အနီးရှိ နမ်ဆန်ယန်ကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသောကြောင့် စစ်ရေးတင်းမာနေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ |
မကွေးတိုင်း ယောနယ်မှာ စစ်ကောင်စီတပ်က အကြမ်းဖက်၊ မုဒိမ်းကျင့်၊ လူသတ်၊ မီးရှို့မှုတွေပြုလုပ်နေ Posted: 05 Apr 2022 06:13 AM PDT ဓာတ်ပုံ - ဂန့်ဂေါ မြို့ နှမ်းခါးကျေးရွှာကို စစ်ကောင်စီ တပ်ဖွဲ့တွေက နေအိမ်တွေ မီးရှို့ထားပုံ။ (Photo: Supplied) ဧပြီ ၅ ရက်နေ့ ၊၂၀၂၂မကွေတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်မှာ အကြမ်းဖက်စစ်ကာင်စီတပ်က အကြမ်းဖက်မှု၊ မုဒိမ်းကျင့်၊ လူသတ်၊ မီးရှို့၊ လုယက်ဖျက်ဆီး စတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဂန့်ဂေါမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဦးဆောင်ကာ နောက်လိုက် လက်ဝေခံ ပျူစော |
ပင်းတယမြို့ဝင် စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ Posted: 05 Apr 2022 06:04 AM PDT မဲခေါင်၊ ဧပြီ ၅ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့အဝင်ရှိ စစ်ကောင်စီလက်အောက်ခံ စစ်တပ်နှင့် ရဲပူးပေါင်းစစ်ဆေးဂိတ်သည် ယမန်နေ့ဧပြီလ ၄ ရက်၊ ညနေပိုင်းအချိန်က ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ပင်းတယ-ဘော်ဆိုင်း-ဟဲဟိုးလမ်းမကြီး၊ ပင်းတယမြို့အဝင် ရွာငယ်ရပ်ကွက်ရှိ တံတားတွင် ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်အား လူတစ်စုမှ ဆိုင် |
စစ်တပ်သတင်းပေးဆိုသူ အုပ်ချုပ်ရေးမှူးနှင့်ဇနီးအား သာယာဝတီခရိုင် PDF ပစ်သတ် Posted: 05 Apr 2022 06:02 AM PDT မဲခေါင်၊ မတ် ၅ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ် ၊ ဖုန်းဆိုးစုကျေးရွာအုပ်စု၊ ရဲတမန်ရွာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် အုပ်ချုပ်ရေးမှူး မျိုးမြင့်ဦး နှင့် ၎င်း၏ဇနီးဖြစ်သူ မကျင်နုတို့အား သာယာဝတီခရိုင် PDF က ယနေ့တွင် ပစ်သတ်ခဲ့သည်ဟု ကြေညာသည်။ကျေးရွာနေပြည်သူများအပေါ် ဖိနှိပ်မှုအမျိုးမျိုးပြုလုပ်နေခြင်း၊ ကျေးရွာနေတက်ကြွလှုပ်ရှားသည့်လူငယ်များအား PDF နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းစီးစေခြင်းများပြုလုပ်နေသည်ဟု |
Posted: 05 Apr 2022 06:00 AM PDT ရန်ကုန် ၊ ဧပြီ ၅ ရက်ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(တောင်ပိုင်း)က ကြံ့ခိုင်ရေးပါတီဝင် စစ်ကောင်စီ၏ သတင်းပေး(ဒလန်)ဟု နာမည်ထွက်နေသူ မရီရီဝင်းဆိုသူအား အမည်မသိအဖွဲ့တစ်ဖွဲ့က ဧပြီလ ၄ရက် ည၈နာရီကျော်တွင် ဦးခေါင်းကိုသေနက်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။" သူက ၅၃ရပ်ကွက်ထဲမှာနေတာ ကြံ့ခိုင်ရေးပါတီဝင် ရပ်ကွက်ထဲမှာတော့ ဒလန်အကြီးစားပေါ့ဗျာ။ ခုသူကို ဘယ်အဖွဲ့ကလာပစ်လည်းတော့မသိသေးဘူး ဦးခေါင်းကို ၃ချက်ပစ် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.