Friday, April 8, 2022

သစ်ထူးလွင်

သစ်ထူးလွင်


ညင်းမော်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်သေနတ်နဲ့ ပစ်သတ်ခံရပြီးသေဆုံး

Posted: 07 Apr 2022 05:38 AM PDT

တနင်္သာရီတိုင်းမ် ၊ ဧပြီ ၇လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးဇော်နိုင်ဦး(ခ)နိုင်ဦးဆိုသူဟာ ဒီနေ့မနက်၆နာရီခွဲဝန်းကျင်က ရွာစျေးထဲမှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ရွာခံတွေထံက သိရပါတယ်။အသက်၅၈နှစ်အရွယ် ကိုဦးဇော်နိုင်ဦး(ခ)နိုင်ဦးဟာ သူ့အမျိုးသမီးကို စျေးလာပို့တဲ့ အချိန်ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး လည်ပင်းနဲ့ ရင်ဘက်ကျည်ထိမှန်ဒဏ်ရာတွေနဲ့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။"သူက

မန္တလေး မီးရထားလမ်းပိုင်း(၂)ခု ယာယီ အသုံးမပြုကြဖို့ မန္တလေးမြို့ပြပြောက်ကျားတပ်တွေ သတိပေး

Posted: 07 Apr 2022 05:36 AM PDT

ဓာတ်ပုံ- CJ ဧပြီ - ၇ စစ်အုပ်စုရဲ့ ထောက်ပို့ရထားတွေကို တားဆီးနိုင်ဖို့အတွက် မန္တလေးမြို့ကထွက်တဲ့ မီးရထားလမ်းပိုင်း (၂)ခုကို ယာယီ အသုံးမပြုကြဖို့ မန္တလေးမြို့ပြပျောက်ကြားအဖွဲ့တွေက ဒီနေ့ထုတ်ပြန်ပါတယ်။ ဧပြီလ (၉)ရက်နဲ့ (၁၀)ရက်တို့မှာ မန္တလေး - မြစ်ငယ် ရထားလမ်းပိုင်းနဲ့ မန္တလေးမြို့ပတ်လမ်း ရထားလမ်းပိုင်းကို ပိတ်ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ရထားလမ်းပေါ် တက်နေတာ၊ ရထားလာတဲ့အချိန်

ရွှေဘို တအုံရွာက အုပ်ကြီးနှင့်ပျူ ဆိုသူတို့ကို ဆိုင်ကယ်ချင်း ယှဉ်စီးပြီး သေနတ်နှင့်ပစ်သတ်

Posted: 07 Apr 2022 05:34 AM PDT

ဧပြီ - ၇စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် တအုံရွာက စစ်ကောင်စီခန့် ကျေးရွာဥက္ကဌ ကျော်ထွန်းနှင့် ပျူစောထီး အဖွဲ့ဝင် ရွှေနန်း ဆိုသူတို့ကို ယနေ့ နေ့လယ်ပိုင်းအချိန် ရွှေဘို - ကျောက်မြောင်း လမ်းပေါ်မှာ ဆိုင်ကယ်နှင့်သွားလာနေချိန် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ BLACK WOLF – PDF က သတင်းထုတ်ပြန်ပါတယ်။"စစ်ကောင်စီထံ သတင်းပေးခြင်း၊ ကျေးရွာပြည်သူများအား လက်နက်အားကိုး ခြိမ်းခြောက်ခြင်း၊ ကျေးရွာများအား မီးရှို့မည်ဟု

ဒေါညေးခူရွာ ကင်းစောင့်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သုံးဦးသေ

Posted: 07 Apr 2022 05:32 AM PDT

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာအတွင်း ကင်းစောင့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ သုံးဦးသေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း- ၁၅က ထုတ်ပြန်သည်။ယနေ့(ဧပြီ ၇ရက်) နံနက် ၉နာရီခန့်တွင် ကရင်နီတပ်မတော်(KA)နှင့်အတူ KNDFပူးပေါင်းတပ်ဖွဲ့တို့မှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။တိုက်ပွဲအတွင်းအကြမ်းဖက်စစ်

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စိတ်ဓာတ်ရေးရာ ဖရိုဖရဲဖြစ်နေတယ်လို့ KNU ပြောခွင့်ရှိသူပြော

Posted: 07 Apr 2022 05:31 AM PDT

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စိတ်ဓာတ်ရေးရာအရ ဖရိုဖရဲဖြစ်နေတယ်လို့ ကေအဲန်ယူပြောခွင့်ရသူ ပဒိုစောတောနီးက ပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်တဲ့ နယ်မြေအတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ စစ်ကောင်စီတပ်တို့အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ဦးရေဟာ ပိုများတယ်လို့ ဆိုပါတယ်။ ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ မတ်လ တလတာအတွင်း KNLA နဲ့ စစ်ကောင်စီတပ်တို့

စစ်တပ်အင်အား ၁၀၀ခန့် ဂန့်ဂေါနယ်တောင်ပိုင်းမှ ‌မြို့ဘက်ဝန်းကျင်သို့ ဦးတည်လာနေ၊ ပြည်သူများ လုံခြုံရာအရပ်၌သာနေထိုင်ကြရန် မြို့နယ်ပအဖ တိုက်တွန်း

Posted: 07 Apr 2022 05:26 AM PDT

ဂန့်ဂေါ ဧပြီ ၇ယမန်နေ့က  ပန်းထိပ်ရွာကိုရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ခွေးများဟာ ယနေ့နံနက်ပိုင်းတွင် ပန်းထိပ်ရွာမှထွက်ခွာသွားပြီး ခေါက်ခူရွာကိုကွင်း၍ အနောက်ဘက်တောင်ကျောအတိုင်း ဂန့်ဂေါဘက်သို့ဦးတည်နေတယ်လို့ PDF-GanGaw(တောင်ပိုင်းအဖွဲ့)က ပြောပါတယ်။ စစ်တပ်ဘက်က ခန့်မှန်းအင်အား ၁၀၀ဝန်းကျင်ရှိမယ်လို့ သိရပါတယ်။ အဆိုပါစစ်ကြောင်းဟာ ဘယ်ဘက်ကိုသွားမယ် အတိအကျမသိရသေးဘူးလို့ ပြောကြပါတယ်။ ဂန့်ဂေါမြောက်ပိုင်းကနေ မြို့

ဝက်လက် ရွာနန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး ရွာလုံးကျွတ်နီးပါး ပြာကျ

Posted: 07 Apr 2022 05:23 AM PDT

ဧပြီ ၇စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရွာနန်းရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာအတွင်း လက်နက်ကြီးများ လက်နက်ငယ်များ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ ရွာလုံးကျွတ်နီးပါး မီးလောင် ကျွမ်းနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။  အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ရွာနန်းရွာအတွင်းသို့

အင်းစိန်ထောင်၀တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

Posted: 07 Apr 2022 05:17 AM PDT

ရန်ကုန်၊ ဧပြီ ၇အကျဉ်းသားများကို နှိပ်စက်နေသည့်အတွက် ယနေ့ နံနက်ပိုင်းတွင် အင်းစိန်ထောင်၀၌ ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့သည်ဟု People Hlaing Tharya  Force အဖွဲ့က ထုတ်ပြန်သည်။ဖောက်ခွဲမှုသည် သတိပေးခြင်းသာဖြစ်ပြီး ဆက်လက်နှိပ်စက်နေမည်ဆိုပါက ထောင်အတွင်းရှိ စစ် ကောင်စီ ၀န်ထမ်းများ၏ အသက်ကို အာမခံမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များသိရှိရန် လူငယ့်

ပုလဲမြို့နယ် ထွေအုပ်ရုံး မိုင်းကွဲပြီး စကစ လက်ပါးစေ ၂ ဦးသေ

Posted: 07 Apr 2022 05:16 AM PDT

ပုလဲ၊ ဧပြီ ၇စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံးတွင် မိုင်းကွဲမှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဖက်မှ လက်ပါးစေ နှစ်ဉီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။" ထွေအုပ်ရုံးထဲဖြစ်တာ။  ဒီနေ့ နေ့လည် မိုင်းတွေနေရာရွှေ့ဖို့ ကားပေါ်တင်တဲ့အချိန်ကွဲတာ အရာရှိတစ်ဉီးနဲ့ အခြား တစ်ယောက်သေတယ်။ ခြေထောက်နှစ်ဖက်ပြတ်တာ တစ်ယောက်။ နောက်ထပ်ထိတာတွေလည်းရှိတယ် " ဟု ပုလဲ

သထုံအကျဉ်းထောင်ထဲက ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေ ညှဉ်းပန်းနှိပ်စက်ခံနေရ

Posted: 07 Apr 2022 05:14 AM PDT

မော်လမြိုင် ၊ ဧပြီ (၆)မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဈေးမသွယ်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားနဲ့ အချုပ်သားတွေကို ထောင်အာဏာပိုင်တွေက ညှဉ်းပန်းနှိပ်စက်တာတွေ ရှိနေတယ်လို့ ဖမ်းဆီးခံ မိသားစုဝင်တွေက ပြောပါတယ်။ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားနဲ့ အချုပ်သားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ညှင်းပန်းနှိပ်စက်တာ၊ အလုပ်ကြမ်း ခိုင်းစေတာနဲ့ ခြိမ်းခြောက်ပြောဆိုတာတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ဒါ့

လုံခြုံရေးတင်းကြပ်ပြီးစောင့်နေတဲ့ စစ်အုပ်စုထောက်ပို့ရထားကို PDF က ဗုံးခွဲတိုက်ခိုက်

Posted: 07 Apr 2022 05:10 AM PDT

မန္တလေး၊ ဧပြီ ၇၊ ၂၀၂၂။မန္တလေးမြို့၊ ဘူတာကြီးအတွင်း လုံခြုံရေးတပ်ကြပ်ပြီးစောင့်နေတဲ့ စစ်ကောင်စီထောက်ပို့ရထားကို ဧပြီလ ၆ ရက် မနေ့ကညနေပိုင်းမှာ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကိုင်းဘက်ကို ထောက်ပို့သွားမယ့် အဲ့ဒီရထားကို PDF  ၇ ဖွဲ့ပူးပေါင်းကာ လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ရထားနောက်ခန်းက ပျက်ဆီးသွားတယ်လို့ အဲ့ဒီပူးပေါင်းအဖွဲ့ထဲမှာပါဝင်တဲ့ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောပါ

ပခုက္ကူအပါအ၀င် မြို့ ၃ မြို့ ဆုံတဲ့နေရာတွေမှာ စစ်တပ်က ရဟက်ယာဉ်နဲ့ ပစ်ခတ်မှုတွေလုပ်နေ

Posted: 07 Apr 2022 05:08 AM PDT

ပခုက္ကူ၊ ဧပြီ ၇၊ ၂၀၂၂။ မကွေးတိုင်း၊ ပခုက္ကူ၊ ဆိတ်ဖြူ နဲ့ ပေါက်မြို့နယ် တို့ဆုံတဲ့နေရာတွေမှာ ဧပြီ ၇ ရက် ဒီနေ့နေ့လည် ၁၂ နာရီလောက်ကစပြီး စစ်ကောင်စီက ရဟက်ယာဥ်သုံး တိုက်ခိုက်နေပြီး၊ လက်နက်ကြီးတွေနဲ့လည်း ပစ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ " ပေါက်ရယ်၊ ပခုက္ကူရယ်၊ ဆိတ်ဖြူရယ် မြို့နယ်သုံးခု ဆုံတဲ့နေရာမှာ အခုရဟက်ယာဥ်နဲ့ Mi 35 တွေနဲ့ ပစ်တယ်၊ လက်နက်ကြီးတွေနဲ့လည်း တရစက်ပစ်နေတယ်၊ လက်ရှိအခြေအနေကတော့ ဒေသခံတွေ

ပစ်သတ်ခံရတဲ့ တီးတိန်အုပ်ချုပ်ရေးမှူးဟာ ဘူလက်လှဆွေရဲ့ တူဖြစ်နေ

Posted: 07 Apr 2022 05:07 AM PDT

မနေ့ ဧပြီ ၆ ရက်ညနေပိုင်းတွင် သေနတ်နဲ့ပစ်သတ်ခံရတဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်မင်းထွန်း (၃၂နှစ်) ဟာ ကြံခိုင်ရေးပါတီကနေ ဂန့်ဂေါမြို့နယ်လွတ်တော်အမတ်လုပ်ခဲ့တဲ့ ဘူလက်လှဆွေရဲ့ တူဖြစ်နေတယ်လို့သတင်းရရှိပါတယ်။ပြီးတော့ ဦးကြည်မင်းထွန်းရဲ့ အစ်ကိုဖြစ်သူ အောင်ဇေယျလည်း စစစ တွင်တာဝန်ထမ်းဆောင်နေတဲ့သူဖြစ်ပါတယ်။  ဦးကြည်မင်းထွန်းဟာ မကွေးတိုင်း၊ ပခုက္ကူဇာတိဖြစ်ပြီး ၂၀၂၁ ခုနှစ်စစ်တပ်အာဏာသိမ်း

သင်္ကြန်ကာလအတွင်း စစ်ရေးလှုပ်ရှားမှုများကို အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ PDF-Tamu သတိပေး

Posted: 07 Apr 2022 05:07 AM PDT

ရက်စွဲ ။ ၂၀၂၂ ခုနှစ် ၊ ဧပြီလ ( ၇ )ရက်    အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းနေသယောင် ဝါဒဖြန့်လို၍ မကြာမီ ကျရောက်တော့မည့် သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန် ပြင်ဆင်လျှက်ရှိသည်။    မိမိတို့ တမူးခရိုင်၊ တမူးမြို့တွင်လည်း သင်္ကြန်မဏ္ဍပ်ကြီး နှစ်ခု ဆောက်လုပ်၍ သင်္ကြန်ပွဲတော် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ရန်စီစဉ်နေကြောင်းကြားသိရသည်။    ထို့ကြောင့် မိမိတို့ပြည်သူ့ကာကွယ်ရေး

ရေစကြိုမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ ၂ ကြိမ်မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး

Posted: 07 Apr 2022 05:07 AM PDT

ရေစကြို ၊ ဧပြီ ၇ ၊ ၂၀၂၂။မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းက စစ်ကား ၃ စီးနဲ့လာတဲ့တပ်သားတွေ ဧပြီ ၇ ရက် ဒီနေ့တရက်တည်းမှာတင် မိုင်း ၂ ကြိမ်ဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ မနက်အစောပိုင်း ၁ နာရီလောက်က ပခန်းငယ်ရွာအနီးမှာ ၁ ကြိမ်၊ နေ့လည် ၁၁ နာရီလောက်က ဇီးကုန်းရွာအနီးမှာ ၁ ကြိမ် စုစုပေါင်း ၂ ကြိမ်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ဒီတိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦးသေဆုံးခဲ့တယ်လို့လည်း ရေစကြို PDF  မှ

လက်နက်ထုတ်လုပ်ရေးပစ္စည်းတွေ သယ်လာတဲ့ တွဲကား ၃ စီးနဲ့အတူ ဖမ်းမိတဲ့ ဗိုလ်ကြီးအပါ ၇ ဦးကျ

Posted: 07 Apr 2022 05:06 AM PDT

ပေါက်၊ ဧပြီ ၇၊ ၂၀၂၂။မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ မနေ့က အလူမီနီယံတွေတင်လာတဲ့ တွဲကား ၃ စီးနဲ့အတူ ဗိုလ်တဦးအပါ တပ်သား ၇ ဦးကို မနေ့ကညနေပိုင်း ဒေသခံပြည်သူကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တွေ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။အဲ့ဒီတွဲကားနဲ့အတူ ပျောက်ဆုံးသွားတဲ့ စစ်ကောင်စီဘက်က ၇ ဦးကို မနေ့ကညနေပိုင်းကစလို့  ဒီနေ့အထိ ပတ်ရှာနေသလို ရဟတ်ယာဥ်တွေနဲ့ပါ ပစ်ခတ်မှုတွေလုပ်နေပြီး ဖမ်းမိထားတဲ့ ဗိုလ်ကြီးအပါ ၇ ဦးလည်း ကျဆုံးသွားပြီလို့

ဗဟိုဘဏ်ဒုတိယဥက္ကဌ ဒေါ်သန်းသန်းဆွေ နေအိမ်တွင် ပစ်ခတ်ခံရ

Posted: 07 Apr 2022 05:01 AM PDT

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဌ ဒေါ်သန်းသန်းဆွေ ယနေ့ နံနက်က သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး ကပြောသည်။ရန်ကုန်တိုင်းဒေသကြီး ၊ ဗဟန်းမြို့နယ် ရွှေဂုဏ်ရိပ်မွန်အိမ်ရာရှိ သူ၏နေအိမ်တွင် တံခါးလာခေါက်ပြီး ဖွင့်ရာမှ ပစ်ခတ်ခံရခြင်းဖြစ်ပြီး သေဆုံးခြင်းရှိမရှိကိုမူမသိရသေးကြောင်း သိရသည်။သူမဟာ ဒေါ်လာနဲ့ ရွှေကြီးကြပ်ရေးဦးဆောင်သူလည်းဖြစ်ပါသည်။Zalen 

ပလက်ဝမြို့နယ်တွင် တိုက်ပွဲဖြစ်ရာ စကစ ၁ ဦးသေဆုံးဟုဆို

Posted: 07 Apr 2022 05:00 AM PDT

၂၀၂၂ ခုနှစ်၊ ဧပြီလ (၇)ရက်နေ့နံနက်(၁၀:၀၀)နာရီ ၀န်းကျင်တွင် ပလက်၀မြို့နယ်၊ ဝါဒိန်‌ေကျးရွာနှင့် ဆောင်ဝ‌ကျေးရွာကြား စစ်ကောင်စီတပ်သားများ တပ်ဆွဲထားတဲ့နေရာတွင် CDF-Paletwa နှင့် CNAတို့ပူးပေါင်းတိုက်ခိုက်ပြီး မိနစ်(၃၀)ခန့် အပြန်လှန်ထိတွေ့ပစ်ခတ်ကြရာ စစ်‌ခွေးဖက်မှ (၁)ဦးသေဆုံး၊ ထိခိုက်ဒဏ်ရာရ အတည်မပြုနိုင်‌သးကြောင်း၊ CDF-Paletwaနှင့် CNAဖက်မှ အထိခိုက်မရှိပဲ လုံခြုံစွာပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်း

ရွာငံမြို့နယ် စစ်ကောင်စီမှ ရွာသားများကို အတင်းအဓမ္မခေါ်ပြီး ချက်ပြုတ်ခိုင်း

Posted: 07 Apr 2022 04:58 AM PDT

ဧပြီလ ၆ သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ပဲယင်တောင်ကျေးရွာ၊ သာစည်ကျေးရွာနှင့် တခြားသော ကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ရွာသားများကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားပြီး ချက်ပြုတ်ကျွေးမွေးခိုင်းကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဧပြီလ ၆ ရက် နေ့ခင်းပိုင်းတွင် ရွာငံမြို့ ပဲယင်တောင်ကျေးရွာမှ သက်လတ်ပိုင်း ရွာသားများကို စစ်ကောင်စီတို့က လာရောက်ခေါ်ဆောင်သွားကြောင်း ဒေသခံရွာသားတစ်ဦးက သျှမ်း

စစ်ကောင်စီတပ်၏ ရိက္ခာတင်စက်လှေ ၂စီးပစ်ခတ်ခံရပြီး ၂ စီးစလုံး နစ်မြုပ်

Posted: 07 Apr 2022 04:56 AM PDT

April 7,2022ရွှေကူမြို့နယ်၊ အုပ်ချီရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်၏ ရိက္ခာတင် စက်လှေ ၂ စီးအားတိုက်ခိုက်ခံရပြီးနောက် အဆိုပါ စက်လှေ ၂ စီးလုံး နှစ်မြုပ်သွားကြောင်း မြို့လှ PDF တပ်ဖွဲ့မှ သိရသည်။ယနေ့ နေ့လည် ၁၁ နာရီဝန်းကျင် စစ်ကောင်စီတပ်၏ ရိက္ခာတင်စက်လှေ ၂ စီးသည် အုပ်ချီရွာမှ ကောက်ကွေ့ချောင်းအတိုင်း မြို့လှရွာဖက်သို့ ထွက်ခွာစဥ် ချောင်းတစ်နေရာတွင် မြို့လှ PDF မှ တိုက်ခိုက်ခဲ့သောကြောင့် စက်လှေ ၂ စီးလုံး

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.