Tuesday, April 12, 2022

သစ်ထူးလွင်

သစ်ထူးလွင်


မြောက်ဒဂုံနှင့် အရှေ့ဒဂုံမြို့နယ်တို့တွင် ပေါက်ကွဲမှုများဖြစ်၊ ပစ်ခတ်သံများ လည်းထွက်ပေါ် ရန်ကုန်တွင် လျှပ်စစ်မီးပြတ်တောက်နေ

Posted: 11 Apr 2022 09:46 AM PDT

ရန်ကုန်မြို့ မြောက်ဒဂုံနှင့်အရှေ့ဒဂုံမြို့နယ်တို့တွင် ငါးကြိမ်ထက်မနည်း ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် ပစ်ခတ်မှုများလည်းရှိခဲ့သည်ဟု ဒေသခံများက People's Springသို့ ပြောသည်။ ယနေ့(ဧပြီ ၁၁ရက်) ည ၇နာရီ ၁၀မိနစ်ကစ၍ မြောက်ဒဂုံနှင့် အရှေ့ဒဂုံမြို့နယ် အစပ် ပြည် ထောင်စုလမ်းမပေါ်၌ ပေါက်ကွဲမှုများဖြစ်ခဲ့သည်ဟု ဆိုသည်။" ၇/၈ လမ်းဆုံနားမှာ စခ ကားနှစ်စီး ပိတ်ထားတယ်။ပြီးတော့ မဝတလမ်းဆုံးကို ဘယ်ရီဂိတ်တွေတားပြီးတော့

စစ်ကောင်စီတပ်မီးရှို့ခဲ့သည့် ကင်းရွာမီးလောင်ပြင်နေရာတွင် ဒေသခံနှစ်ဦး အလောင်းတွေ့

Posted: 11 Apr 2022 09:45 AM PDT

မန္တလေးတိုင်း မတ္တရာမြို့နယ် ကင်းရွာမှ နေအိမ်ငါးလုံးကို စစ်ကောင်စီတပ်က ဧပြီ ၈ရက် ညပိုင်း၌ မီးရှို့ဖျက်ဆီးခဲ့ရာ မီးလောင်ပြင်နေရာအား ရှင်းလင်းစဉ် ဒေသခံနှစ်ဦး၏ ရုပ်အလောင်းများတွေ့ရကြောင်း မတ္တရာဒေသခံတစ်ဦးက သတင်းပေးပို့သည်။" ဒီမနက် ၁၁နာရီက တွေ့တာ။ စသိရတာက ဟိုတစ်နေ့က မီးရှို့ထားတဲ့ အိမ်နေရာကို ရှင်းလင်းရေးလုပ်တာ။ အဲဒီလို မီးလောင်ထားတဲ့အကြွင်းအကျန် တွေကို ရှင်းလင်းရေး လုပ်ရာကနေ အဲဒီကနေ သွပ်တွေအောက်က

ပျူစောထီးများနှင့် စစ်ကောင်စီတပ်ဖွဲ့အား နှစ်ကြိမ်တိုင်ခုခံတိုက်ခိုက်ရာ ငါးဦးထက်မနည်းသေဟု ဟုမ္မလင်းPDF ပြော

Posted: 11 Apr 2022 09:43 AM PDT

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် ပျူစောထီးများနှင့် စစ်ကောင်စီတပ်ဖွဲ့အား နှစ်ကြိမ်တိုင်ခုခံတိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်ဘက်မှ ငါးဦးထက်မနည်း သေဆုံးကြောင်း ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF)က သတင်းထုတ်ပြန်သည်။ဟုမ္မလင်းမြို့နယ်နှင့် ဖောင်းပြင်မြို့နယ်အစပ်ရှိ လွင်ကြီးရွာအနီးတစ်ဝိုက်တွင် ပြီးခဲ့သည့် ဧပြီ ၈ ရက် နံနက် ၅နာရီခန့်က စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့များ ပူးပေါင်း စစ်ကြောင်း

ဟုမ္မလင်းနှင့် ဖောင်းပြင်အစပ်တွင် စစ်ကောင်စီနှင့် ပျူစောထီးအုပ်စု မိုင်းဆွဲခံရ၍ (၅) ဦးသေဆုံး

Posted: 11 Apr 2022 09:35 AM PDT

ဧပြီ ၁၁ဟုမ္မလင်းမြို့နယ်နှင့် ဖောင်းပြင်မြို့နယ်အစပ်ရှိ လွင်ကြီးရွာအနီးတစ်ဝိုက်တွင် ဧပြီလ ၈ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့များ ပူးပေါင်းစစ်ကြောင်းထိုးကြောင်း ကြားသိရ၍ HPDFမှ မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ စစ်ကောင်စီနှင့် ပျူစောထီး (၅)ဦး သေဆုံးခဲ့ကြောင်း ဟုမ္မလင်း PDF ကထုတ်ပြန်သည်။အလားတူ ယနေ့ မနက်ပိုင်းတွင်လည်း ဟုမ္မလင်းမြို့နယ်နှင့် ဖောင်းပြင်မြို့နယ်အစပ်ရှိ တောင်ကုန်းသာ

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ (၉) ကြိမ်တွင် စကစတပ်သား (၂၃) ဦးသေဆုံးပြီး အများအပြားမသေမရှင်ဖြစ်

Posted: 11 Apr 2022 09:33 AM PDT

ဧပြီ ၁၁စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နှင့် မကွေးတိုင်း မြိုင်မြို့နယ် တို့ရှိ ကျေးရွာပေါင်း(၁၁)ရွာကို လှည့်လည်သွားလာပြီး စစ်ကြောင်းထိုးလာသော စကစ အင်အား (၆၄) ယောက်အား ဧပြီလ ၂ ရက်နေ့မှ ၁၀ ရက်နေ့အထိ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပေါင်း (၉) ကြိမ်ဖြစ်ပွါးခဲ့ပြီး စကစတပ်သား (၂၃) ဦး သေဆုံးပြီး (၈) ဦးမှာ မသေမရှင်ဖြစ်သွားခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော် - PRA ကထုတ်ပြန်သည်။စကစတပ်သား (၆၄) ယောက်မှာ

လူတစ်ရပ်နီးပါးရှိတဲ့ဗုံးတွေကို လေးကေ့ကော်မှာ စစ်တပ်ကကြဲချခဲ့

Posted: 11 Apr 2022 09:32 AM PDT

ဓာတ်ပုံ - စစ်ကောင်စီ လေယာဉ်များမှ ကြဲချသောဗုံးအကြွင်းအကျန်များတွေ့ရစဉ်။ (Photo: Cobra Column) မြဝတီ၊ ဧပြီ ၁၁ ရက်နေ့၊ ၂၀၂၂ကရင်ပြည်နယ် လေးကေ့ကော်ဒေသမှာ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပြီးနောက်မှာ စစ်ကောင်စီတပ်တွေဟာ တိုက်လေယာဉ်တွေနဲ့ လိုက်လံဗုံးကြဲခဲ့ပါတယ်။ မနေ့က ဧပြီ ၁၀ ရက်နေ့မှာ ကြဲချခဲ့တဲ့ ဗုံးတွေထဲမှာလူတစ်ရပ်နီးပါးရှိတဲ့ ဗုံးတွေပါခဲ့တယ်လို့ Cobra အဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ် ။တိုက်ပွဲဧရိယာကို

ပင်လည်ဘူးတွင် ရဟက်ယာဉ်ဖြင့် ၂ ကြိမ်လာချသည့် ပျူစောထီး ၈ယောက်လက်နက်ချ အလင်းဝင်၊ ကျန်ပျူစောထီးများအကုန်သေ

Posted: 11 Apr 2022 09:29 AM PDT

မဲခေါင်၊ ဧပြီ ၁၁ပြည်သူ့ကာကွယ်ရေးတပ်များကို တိုက်ခိုက်ရန် ပင်လည်ဘူးမြို့တွင် စစ်ကောင်စီမှ ရဟက်ယာဉ်ဖြင့် လာချသည့် ပျူစောထီးများထဲမှ ၈ ဦး လက်နက်ချအလင်းဝင်ပြီး ကျန်ပျူစောထီးများ အားလုံး သေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်ကို ပြောသည်။ဧပြီလ ၉ ရက် နံနက်ပိုင်းနှင့် နေ့လည်ပိုင်းတွင် စစ်ကောင်စီဘက်မှ ရဟက်ယာဉ်ဖြင့် ၃ ကြိမ်လာရောက် ပစ်ခတ်ပြီး စစ်ကောင်စီတပ်သားများကို ရဟက်ယာဉ်ဖြင့် ၂ ကြိမ်လာ

ကန့်ဘလူPDF တိုက်ပွဲနှင့် စစ်ကောင်စီတပ်သား ၂၆ ဦးသေပြီး ၁၃ ဦးကို အရှင်ဖမ်းမိ၊ ဖမ်းမိသူ ၁၃ ဦးတွင် အမျိုးသမီး ၃ ဦးပါဝင်

Posted: 11 Apr 2022 09:25 AM PDT

မဲခေါင်၊ ဧပြီ ၁၁ကောလင်းခရိုင်ဘက်သို့ တက်ရန်ကြိုးစားသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ကန့်ဘလူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ယနေ့နံနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ တပ်သား ၂၆ ဦး သေဆုံးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်ကို ပြောသည်။ယနေ့နံနက်အစောပိုင်းတွင် အင်အား ၁၀၀ ခန့်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းမှ ကန့်ဘလူမြို့နယ်၊ ပင့်သာရွာအနီးမှ ဖြတ်စဉ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များနှင့်

အောင်ဆန်းတပ်ရင်းရဲ့ ဒုန်းတပ်ဖွဲ့က ပျူရွာကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီရဲ့ သင်္ကြန်မဏ္ဍပ်များကို ထပ်မံပစ်ထားတိုက်ခိုက်သွားမယ်လို့ထုတ်ပြန်

Posted: 11 Apr 2022 09:23 AM PDT

 (ဧပြီလ ၁၁ ရက်)မုံရွာခရိုင်အခြေစိုက် တပ်ရင်း ၅၊ အောင်ဆန်းတပ်ရင်း၏ ဒရုန်းတပ်ဖွဲ့က  ပုလဲနယ်မှ ဇီးဖြူကုန်းရွာ(ပျူစောထီးရွာ) အား ဒီကနေ့ နံနက် (၉:၀၀)ဝန်းကျင်ခန့်က ဒရုန်းဖြင့်  (၄)ကြိမ်​တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီး ၃ ဦး ထိခိုက်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။ဒီအပြင် လာမည့်သင်္ကြန်ကာလအတွင်း မုံရွာ၊ ​ချောင်းဦး၊ ယင်းမာပင်၊ ပုလဲ မြို့ပေါ်များမှာရှိတဲ့ စစ်ကောင်စီရဲ့ သင်္ကြန် မဏ္ဍပ်

People’s Force ပြောက်ကျားရဲဘော်များမှ စစ်ကောင်စီယာဉ်တန်းအား ထိထိမိမိ ကွက်တိ မိုင်းဆွဲတိုက်ခိုက်

Posted: 11 Apr 2022 09:20 AM PDT

ဧပြီ ၁၀ ရက်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော People's Force မှ ယနေ့ ဧပြီလ ၁၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီစစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကားပေါ်တွင်ပါလာသော စစ်သားအများစုကျဆုံးသည်ဟု People's Force မှ အသိပေး ထုတ်ပြန်သည်။ ယနေ့ တိုက်ခိုက်မှုကို People's Force ၏ တောတွင်းပြောက်ကျားရဲဘော်များက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ People's Force အနေဖြင့် မြေပေါ်မြေအောက်ပြောက်ကျားရဲဘော်များကို စဉ်

နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ၃ ရက်အတွင်း ရန်ကုန်တိုင်း ၉ မြို့နယ်တွင် တိုက်ခိုက်မှု ၁၀ ကြိမ် လုပ်ဆောင်နိုင်ခဲ့

Posted: 11 Apr 2022 09:18 AM PDT

ဧပြီ ၁၁ ရက်"နန်းထိုက်အောင်" စစ်ဆင်ရေး၏ ရန်ကုန်မြို့ပြ စစ်ရေးလှုပ်ရှားမှုများအဖြစ် ဧပြီလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ၃ ရက်အတွင်း ရန်ကုန်တိုင်း ၉ မြို့နယ်တွင် တိုက်ခိုက်မှု ၁၀ ကြိမ် လုပ်ဆောင်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ဧပြီ ၈ ရက်နေ့တွင် တွံတေးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် နေရာယူထားသည့်နေရာ နှင့် စစ်ကောင်စီထေက်တိုင်ရှိရာ နေရာ ၂ ခုကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကော့မှုးမြို့နယ်တွင် စစ်

ဦးတေဇပိုင် မြန်မာပလာဇာရှိ Harry’s Bar ဗုံးခွဲတိုက်ခိုက်ခံရ

Posted: 11 Apr 2022 09:17 AM PDT

ဓာတ်ပုံ-CJဧပြီလ ၁၁ ရက်ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ဦးတေဇပိုင် မြန်မာပလာဇာရှိ ထူးအစုရှယ်ယာပိုင် Harry's Bar ဗုံးခွဲတိုက်ခိုက်ခံခဲ့ရကြောင်း မြို့ခံများထံက သိရပါတယ်။"အသံအကျယ်ကြီးကြားရပြီး မှန်စတွေလွှင့်စင်ထွက်လာတာမြင်ရတယ်။ပေါက်ကွဲပီး သိပ်မကြာဘူး စစ်ကောင်စီတပ်တွေ ရောက်လာကြတာ မြင်လိုက်ရတယ် လာပြီးစစ်ဆေးကြတာနေမယ်" လို့ မျက်မြင် မြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။အဆိုပါ ဗုံးခွဲတိုက်ခိုက်ခံရမှုနှင့်

ဧပြီ (၁၀)ညနေ ရန်ကုန်၌ နန်းထိုက်အောင် စစ်ဆင်ရေးထပ်မံပြုလုပ်၊ ဗိုလ်မှူးတစ်ဦး အနီးကပ်ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေ

Posted: 10 Apr 2022 02:39 PM PDT

ရန်ကုန်၊ ဧပြီ (၁၀)ယနေ့ ရန်ကုန်၌ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် လမ်းမတော်မြို့နယ် စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံ ဗိုလ်မှူးကုဋေဖြိုးအောင်ကို ရှင်းလင်းပစ်ခတ်ခဲ့ကြောင်း ရှင်းလင်းခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ယနေ့ ဧပြီ (၁၀) ရက်နေ့ ညနေ (၆:၃၀) ဝန်းကျင်က လမ်းမတော်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးဝင်ပေါက်အနီး မော်တင်ဆိပ်ကမ်းတွင် ၎င်းကို အနီးကပ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ပစ်ခတ်မှုကြောင့် အဆိုပါ

မြိုင်မှာ ပြည်သူတွေဆီက ပိုက်ဆံလိုက်တောင်းနေတဲ့စစ်အုပ်စု မိုင်းဆွဲခံရ

Posted: 10 Apr 2022 05:49 AM PDT

မြိုင်၊ ဧပြီ ၁၀၊ ၂၀၂၂။ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း လမ်းသွားလမ်းလာပြည်သူတွေနဲ့ ဆီကားတွေဆီကနေ ပိုက်ဆံနဲ့ ရိက္ခာပစ္စည်းတွေတောင်းယူနေတဲ့ စစ်ကောင်စီတပ်သားတွေ ဧပြီ  ၁၀ ရက် ဒီနေ့မနက် ၇ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ အဲ့ဒီတပ်သားတွေဟာ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမြေစခန်းမှာ တပ်စွဲနေထိုင်နေသူတွေဖြစ်ပြီး၊ ပိုက်ဆံတောင်းပြီးအပြန်မှာ မိုင်း ၄ လုံးဆွဲတိုက်ခိုက်ခဲ့တာလို့ မြိုင်

Non-CDM ဝန်ထမ်းတွေကို နောက်ဆုံးအကြိမ်သတိပေးတဲ့အနေနဲ့ နတ်မောက်မြို့နယ်ပညာရေးမှူးရုံးကို PDF ဗုံးခွဲဟုဆို

Posted: 10 Apr 2022 05:47 AM PDT

နတ်မောက်၊ ဧပြီ ၁၀၊ ၂၀၂၂။မကွေးတိုင်း၊ နတ်မောက်မြို့နယ်ပညာရေးရေးမှူးရုံးမှာ ဧပြီလ ၉ ရက် မနေ့ကည ၇ နာရီလောက်မှာ ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေကို ငါးပြေမပြောက်ကျားတပ်ဖွဲ့က နောက်ဆုံးအကြိမ်သတိပးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာဖြစ်ပြီး၊ ထိခိုက်မှုအခြေအနေကိုတော့ အသေးစိတ်မသိရသေးဘူးလို့ အဲ့ဒီအဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်ငါးခူက ပြောပါတယ်။ "ည ၇ နာရီကျော်က နတ်မောက်မြို့နယ်ပညာရေးမှူးရုံး

မန္တလေးမှာ စစ်အုပ်စုက တစ်မြို့လုံးနီးပါး စစ်ဆေးနေပြီး နန်းရှေ့ ရေနီမြောင်းဘက်မှာ အပြန်အလှန်ပစ်

Posted: 10 Apr 2022 05:44 AM PDT

စစ်တပ်က အာဏာသိမ်းပြီးနောက် မန္တလေးမြို့ပေါ်၌ ရမ်းကားနေသည့် စစ်အုပ်စု(ပုံဟောင်း)/ ဓာတ်ပုံ - CJ ဧပြီ - ၁၀ မန္တလေးမြို့ပေါ်မှာ ဒီမနက်ပိုင်းကစပြီး စစ်အုပ်စုဟာ နေရာအနှံ့မှာ ကားနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးနေပြီး ပြည်သူတွေကို ဒုက္ခပေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ " တစ်နေရာတည်းမှာ အထိုင်ချစစ်နေတာမျိုးတော့ မဟုတ်ဘူး၊ မိုဘိုင်းလ်သဘော စစ်နေတော့ နေရာအများကြီး စစ်နေသလို ဖြစ်နေတာ၊ နောက်ပြီး ကျုံးဘေးက သင်္ကြန်

ရွှေဘို ဆိပ်ခွန်ရွာမှာ စျေးဝယ်ပြန်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်၊ မုန့်ဟင်းခါး သုံးပွဲရဟုဆို

Posted: 10 Apr 2022 05:42 AM PDT

ဧပြီ - ၁၀စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာထဲ အထိုင်ချထားပြီး ဒေသတွင်း မွှေနှောက်လုယက် သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မနေ့က စျေးဝယ်ပြီးပြန်လာချိန် စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ သုံးဦးသေပြီး နှစ်ဦး ဒဏ်ရာ ရသွားတယ်လို့ ရွှေဘို SNAKE EYES PDF က သတင်းထုတ်ပြန်ပါတယ်။ဧပြီ(၉)ရက်က ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာထဲ အထိုင်ချထားတဲ့ စစ်အုက်စုကို စျေးဝယ်ပြန်လာချိန်မှာ SNAKE EYES PDF နှင့် C&T

လေးကေ့ကော်တိုက်ပွဲ စစ်ကောင်စီတပ် ၄၀ခန့် သေပြီး လက်နက်ခဲယမ်းများရရှိဟု ထုတ်ပြန်

Posted: 10 Apr 2022 05:41 AM PDT

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) နယ်မြေ လေးကေ့ကော်ဒေသ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၄၀ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းနှင့်ပြန်ကြားရေး PVTVက ထုတ်ပြန်သည်။လေးကေ့ကော်မြို့သစ်သို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လာ၍ KNU ဦးဆောင်သည့် ပူးပေါင်းတပ်ကခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်။စစ်ကောင်စီ၏ တပ်မ(၄၄)မှ

အင်းယားလမ်းတွင် ပစ်ခတ်မှုဖြစ်ပြီး စစ်​ကောင်စီတပ်သား တစ်ဦး​သေ၊ လှိုင်မြို့နယ် တပ်မတော်ချည်မျှင်အထည်ချုပ်စက်ရုံဂိတ်ပေါက်တွင်လည်း ဗုံးပေါက်

Posted: 10 Apr 2022 05:40 AM PDT

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အင်းယားလမ်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကာ လှိုင်မြို့နယ် တပ်မတော်ချည်မျှင်နှင့်အထည်ချုပ်စက်ရုံဂိတ်ပေါက်တွင်လည်း ဗုံးပေါက်ပြီး ဝန်ထမ်းနှစ်ဦးထိခိုက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။ ယနေ့(ဧပြီ ၁၀ ရက်) ညနေ ၄ နာရီ ၅မိနစ်က ကမာရွတ်မြို့နယ် (၁၀)ရပ်ကွက်၊ ပန်းဝါအိမ်ယာဝင်ထွက်ပေါက်ဂိတ် (၂) အင်းယားလမ်းရှိ စစ်ကောင်စီဂိတ်ကို ကားတစ်စီးပေါ်မှ ၁၅ချက်ခန့်

အာဏာသိမ်းစစ်ခေါင်းဆောင်နှစ်ဦး၏ ရန်ကုန်နေအိမ်များကို လုံခြုံရေးယူထားသည့်အဖွဲ့အား နန်းထိုက်‌အောင်စစ်ဆင်ရေးဖြင့် တိုက်ခိုက်

Posted: 10 Apr 2022 05:37 AM PDT

အာဏာသိမ်းစစ်ခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုဗိုလ်ချုပ်မှူးကြီး  စိုးဝင်းတို့၏ ရန်ကုန်မြို့ အင်းလျားလမ်းမပေါ် ၊ ဇော်ဂျီလမ်းနဲ့ ပန်းဝါလမ်းထောင့်ရှိ နေအိမ်များအနီး လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားနှင့် ရဲများကို "နန်းထိုက်အောင်" စစ်ဆင်ရေးအဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဗွီဒီယိုဖိုင် ယနေ့ ၂၀၂၂ ခုနှစ် ဧပြီလ(၁၀)ရက်နေ့တွင် ထွက်ပေါ်လာသည်။လုံခြုံရေး တာဝန်ယူထားသည့်

ဖမ်းဆီးခံရဲဘော်များအတွက် ရည်ရွယ်ဖောက်ခွဲမည့် (A) အဆင့်မိုင်းစစ်ဆင်ရေး အမှိုက်ကောက်သမားကြောင့် ဖျက်သိမ်းခဲ့ရ

Posted: 10 Apr 2022 05:34 AM PDT

ဓာတ်ပုံ - သန်လျင်မြို့နယ်အတွင်းရှိ ယခင်ကမြင်ကွင်းအား Google Maps မှ တွေ့ရစဉ်ရန်ကုန်၊ ဧပြီ (၁၀)ရန်ကုန်၊ သန်လျင်မြို့နယ် စက်ကန်အနီးတစ်ဝိုက်၌ ယနေ့ ဧပြီ (၁၀) ရက်၊ နံနက်ပိုင်းက စစ်ဆင်ရေးအတွက် စောင့်ဆိုင်းနေစဉ် အမှိုက်ကောက်သမားတစ်ဦးက ဗုံးကိုကောက်ယူကာ သတင်းပေးခဲ့သည့်အတွက် စစ်ဆင်ရေးဖျက်သိမ်းခဲ့ရသည်ဟု သန်လျင်မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ

ကုန်းတလဘောင် ကျေးရွာ ရပ်ကျေး အဖွဲ့ဝင် ၂ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

Posted: 10 Apr 2022 05:30 AM PDT

ရန်ကုန်၊ဧပြီ-၁၀ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလဘောင်ကျေးရွာမှ စစ်ကောင်စီခန့် ရပ်ကျေးအဖွဲ့ဝင်နှစ်ဦးမှာ ယနေ့ မနက်ပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခံရပြီးနောက် မင်္ဂလာဒုံစစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ရပ်ကျေးအဖွဲ့ဝင်များဖြစ်သည့် ဦးကျော်တင့်နှင့် ဦးရွှေလေးတို့သည် အလှူတစ်ခုမှ အပြန်လမ်း၌ ပစ်ခတ်ခံရခြင်း ဖြစ်ပြီး ဒဏ်ရာရရှိသွားကြောင်း၊ ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ ကျေးရွာ

သုံးခွမြို့ ယနေ့ ဗုံး ၄ လုံး ဆက်တိုက်ပေါက်ကွဲ

Posted: 10 Apr 2022 05:28 AM PDT

ဓာတ်ပုံ - မြို့နယ်အားကစားခန်းမ။(ဧပြီ ၁၀)သုံးခွမြို့နယ်တွင် ယနေ့ ဧပြီလ ၁၀ ရက်နေ့ နေ့လည်ပိုင်းတွင် ဗုံး ၄ လုံး ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း သိရပါသည်။ ပေါက်ကွဲခဲ့သည့်နေရာများမှာ ယနေ့နေ့လည် ၁၂ နာရီ ၂၀ မိနစ်က စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် မြို့နယ်အားကစားခန်းမတွင် ဗုံးတစ်လုံးခဲ့ပြီး တစ်ချိန်တည်းမှာပင် နေ့လည် ၁၂ နာရီ ၂၁ မိနစ်က အမှတ်(၁၁)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် နောက်ထပ် ဗုံး

ရွာငံမြို့နယ် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ပွဲ ဖြစ်

Posted: 10 Apr 2022 05:23 AM PDT

ဧပြီ ၉ရက်သျှမ်းတောင် ရွာငံမြို့နယ် လွှစင်ရွာ နှင့် တောင်ပို့ကွဲရွာ အကြားတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ (ဧပြီ ၉)  ရက် ညနေ ၆ နာရီခန့်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များတွင် ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG) ၊ တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) နှင့် ရှမ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (SNDF) တို့ ဖြစ်သည်။ထို 

လေးကေ့ကော်မြို့သစ် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အကျအဆုံးများပြီး တပ်မ(၄၄) က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိ

Posted: 10 Apr 2022 05:21 AM PDT

ကရင်ပြည် လေးကေ့ကော်မြို့သစ်တွင် ယနေ့ ဖြစ်ပွားသည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်များ အကျအဆုံးများပြီး ဗိုလ်ကြီးအဆင့် တစ်ဦးကို အရှင်ဖမ်းမိထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပြန် ကြားရေး PVTV သတင်းဌာနက သတင်းဖော်ပြသည်။ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အကျအဆုံးများပြီး တပ်မ(၄၄) က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိထားကြောင်း သိရသည်။ ကော်ပရာစစ်ကြောင်းဦးစီး

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.