Thursday, April 14, 2022

သစ်ထူးလွင်

သစ်ထူးလွင်


မုံရွာမြို့တွင် ကင်းလှည့်နေသော စစ်ကောင်စီကားအား PDF ကလိုက်ခံပစ်ခတ်ရာ ကားဘီးပေါက်၍ ရဲ (၁) ဦးသေဆုံး

Posted: 13 Apr 2022 05:56 AM PDT

ဧပြီ ၁၃စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အာဇာနည်လမ်းမပေါ်တွင် ယနေ့ မနက် ၈ နာရီဝန်းကျင်က ကင်းလှည့်နေသော စစ်ကောင်စီကားအား Monywa The Boys - မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၂)​၏ အထူးကွန်မန်ဒိုတပ်ဖွဲ့မှ လိုက်လံပစ်ခတ်ရာ စစ်ကောင်စီကားမှာ ဘီးပေါက်သွား၍ ကားပေါ်ပါလာသည့် ရဲ (၂) ဦးအနက် ရဲ (၁) ဦးသေဆုံးသွားကြောင်း သိရသည်။မုံရွာမြို့နေပြည်သူများအနေဖြင့် အသွားအလာဆင်ခြင်ပေးကြရန်နှင့် မစ်ရှင်လုပ်နေစဉ်

စစ်ကြောင်းထိုးလာသော စကစတပ်အား KNDF နှင့်မဟာမိတ်တပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်၊ စကစတပ်သား (၈) ဦးသေဆုံးပြီး သေနတ်တစ်လက်နှင့် ခဲယမ်းအချို့သိမ်းဆည်းရမိ

Posted: 13 Apr 2022 05:55 AM PDT

ဧပြီ ၁၃ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မာ‌ခရော်ရှေ့ကျေးရွာနှင့် လောကျေခူရွာသစ်ကျေးရွာကြားတွင် တံတားပြုပြင်ရန် စစ်ကြောင်းထိုးလားသော လေ့ကျင့်ရေးအမှတ် (၁၄) တပ်မှ အကြမ်းဖက်စကစများအား ယမန်နေ့ ညနေ ၄ နာရီခန့်က KNDF B-15 နှင့် မဟာမိတ်တပ်ဖွဲ့တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။အဆိုပါတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား (၈) ဦးသေဆုံးပြီး စကစတပ်​​၏ အိမ်စီးကားသေးတစ်စီး ဘက်ဖိုးသယ်လာ‌သော ဆယ်ဘီး

ပုလဲတွင် စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် ငါးဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူများပြား

Posted: 13 Apr 2022 05:54 AM PDT

ဓါတ်ပုံ - ပြီးခဲ့သည့် ရက်ပိုင်းက စစ်​ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရသည့် ပုံဖြစ်သည်။ပုလဲ - ဧပြီ ၁၂ ၊ ၂၀၂၂ ။ခြေလျင်ဖြင့် ချီတက်လာသော စစ်ကောင်စီနှင့်ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာမြောက်ဘက်တွင် ယနေ့ နံနက် ၁၀ နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။အင်အား ၂၅ဦးခန့်ပါရှိသော စစ်ကောင်စီ

တောင်ပျောက်နယ်ကို စစ်ကြောင်းထိုးလာချိန် စီစဉ်သတ်မှတ်ပေးတဲ့အတိုင်း တိမ်းရှောင်ပေးကြဖို့ ဒေသခံတွေကို ဒေါင်းမင်းစစ်ဆင်ရေး တိုက်တွန်း

Posted: 13 Apr 2022 05:53 AM PDT

တနင်္သာရီတိုင်းမ်၊ ဧပြီ ၁၃ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်က ဒေသခံတွေကို  ကိုယ့်သဘောဆန္ဒနဲ့ကိုယ် ရှောင်တိမ်းတာမလုပ်ဘဲ လုံခြုံရေးအတွက် စီစဉ်သတ်မှတ်ပေးထားတဲ့ နေရာ တွေမှာဘဲ နေဖို့ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒေါင်းမင်းစစ်ဆင်ရေးက အသိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီတပ်တွေဟာ တောင်ပျောက်တိုက်နယ်ထဲကို ၅ရက်အကြာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့စဉ်က ပြည်သူတွေကိုဖမ်းဆီးတာတွေ၊  လူသားဒိုင်းအဖြစ်

ပေါက်မြို့နယ် လက်ပံလှရွာကို သင်္ကြန်အကြိုနေ့မှာ စစ်ကောင်စီက ဒုတိယအကြိမ်ရွာလုံးကျွတ် မီးရှို့

Posted: 13 Apr 2022 05:51 AM PDT

သတင်း/ဓာတ်ပုံ- CJဧပြီလ ၁၃ ရက်၊ ပေါက်မကွေးတိုင်း ပေါက်မြို့နယ် လက်ပံလှကျေးရွာကို စစ်ကောင်စီတပ်က ဒုတိယအကြိမ် ရွာလုံးကျွတ် မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။မြန်မာ့ရိုးရာ အတာသင်္ကြန်အကြိုနေ့ မနက် ၇ နာရီဝန်းကျင်ကစပြီး ရွာလုံးကျွတ် မီးရှို့မှုတွေ ပြုလုပ်နေတာဖြစ်ပြီးတော့ မတ်လဆန်းပိုင်းက အိမ်ခြေ (၆၀)လောက်ကို မီးရှို့ဖျက်ဆီးမှုအပြီးနောက်ပိုင်း ကျန်နေသေးတဲ့ နေအိမ်အားလုံးကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့တာ

ရွှေဘို ဇီးဖြူကုန်းရွာထဲ အထိုင်ချပြီး သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဗုံးထုတိုက်ခိုက်၊ သုံးဦး ထိဟုဆို

Posted: 13 Apr 2022 05:49 AM PDT

ဧပြီ - ၁၃ရွှေဘိုမြို့နယ် ဇီးဖြူကုန်းရွာထဲ စီးနင်းဝင်ရောက် အထိုင်ချကာ လုယက်သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒီကနေ့ ဧပြီ(၁၃)ရက် သင်္ကြန်အကြိုနေ့မှာ နှစ်သစ်ကူး လက်ဆောင်အဖြစ် ဒရုန်းသုံးပြီး ဗုံးထု တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု သုံးဦး ထိတယ်လို့ ရွှေဘို ဗိုလ်မိချောင်းအဖွဲ နှင့် ကျားပျံအဖွဲ - C&T SHWEBO က သတင်းထုတ်ပြန်ပါတယ်။ဒီကနေ့ မနက်ပိုင်းအချိန် ရွှေဘိုနယ် ဇီးဖြူကုန်းရွာထဲ ရှိနေတဲ့ စစ်အုပ်စုကို C&T SHWEBO ၊

မန္တလေးမြို့ လမ်း(၉၀) ယာဉ်ထိန်းရုံး ဗုံးထု ခံရပြီး စကစ ရဲနှစ်ဦး အပါအဝင် သုံးဦး ဒဏ်ရာရ၊ စစ်အုပ်စုက ရမ်းကားပစ်ခတ်နေ

Posted: 13 Apr 2022 05:47 AM PDT

ပုံစာ - ဗုံးထုတိုက်ခိုက်ခံရတဲ့ မန္တလေးမြို့ လမ်း(၉၀)နှင့် လမ်း(၃၀)အနီးက ယာဉ်ထိန်းရုံးဧပြီ - ၁၂မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း(၉၀)နှင့် လမ်း(၃၀)အနီးရှိ အမှတ်(၁၄) ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံး ဒီကနေ့ ညဦးပိုင်းမှာ ဗုံးထုတိုက်ခိုက်ခံရပြီး စစ်ကောင်စီ လက်အောက်ခံ ရဲနှစ်ဦး အပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရတယ်လို့ MFP ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ဒီကနေ့ ဧပြီ(၁၂)ရက် ည(၈)နာရီဝန်းကျင်မှာ ယာဉ်ထိန်းရုံး

ချောင်းဦး-ပခုက္ကူလမ်းဆုံတွင် ပြည်သူ့များအား ခြိမ်းခြောက်ငွေတောင်းနေသည့် စစ်ကောင်စီတပ်ကို ​ချောင်းဦး PDF တိုက်ခိုက်

Posted: 13 Apr 2022 05:45 AM PDT

​(ဧပြီလဆန်းပိုင်းက ချောင်းဦး-ပခုက္ကူလမ်းဆုံတွင် ခရီးသွားယာဥ့်များအား စစ်ဆေးနေသည်ကို တွေ့ရစဥ်။)▪️ပျူစောထီးရွာကိုလ​ည်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ဟုဆို စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ ချောင်းဦး-ပခုက္ကူလမ်းဆုံတွင် ခရီးသွားပြည်သူ့များအား ခြိမ်းခြောက်ငွေတောင်းနေသော အကြမ်းဖက်စစ်ကောင်စီတပ်များအား မိုင်းခွဲတိုက်ခိုက်ခဲ့​ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CHU PDFက သတင်းထုတ်ပြန် သည်။ထို့အပြင်

ရန်ကုန်သင်္ကြန်အကြိုနေ့တွင် သပိတ်အင်အားစုများက တော်လှန်ရေးလှုပ်ရှားမှုများ ပြုလုပ်

Posted: 13 Apr 2022 05:42 AM PDT

ဓာတ်ပုံ - Youths Unionရန်ကုန်မြို့ရှိ သပိတ်အင်အားစုများက တော်လှန်ရေးလှုပ်ရှားမှုအနေဖြင့် ယနေ့(ဧပြီ ၁၃ရက်) သင်္ကြန်အကြို နေ့တွင် မြို့နယ်များရှိ လမ်းမများပေါ်‌တွင် ဆေးနီပက်ဖျန်းခြင်းများ၊ ကားတာယာမီးရှို့ခြင်းများနှင့် ​တော်လှန်သင်္ကြန်ချီတက်ဆန္ဒပြခြင်းများလုပ်ဆောင်၍ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။"မြို့ဟာ သူရဲကောင်းတို့ရဲ့သွေးတွေနဲ့ ရဲနေဆဲပဲ၊ တော် လှန်ရေးမီးတောက်တွေ တောက်လောင်နေဆဲပဲ "

စကစတပ်သားများက ပစ္စည်းပို့ Delivery လူငယ်တစ်ဦးကို ပစ်သတ်ပြီး ၂ ဦးကို ဖမ်းဆီးထား

Posted: 13 Apr 2022 05:29 AM PDT

ဓာတ်ပုံ- ပစ်သတ်ခံရသူ ကိုဟိန်းထက်နိုင်နှင့် ဖမ်းဆီးခံထားရသူ ကိုတင်ထွန်းအောင်နှင့် ကိုကြည်သာတာမွေ၊ ဧပြီ ၁၃ရန်ကုန်တိုင်း၊ တာမွေမြို့နယ် နတ်မောက်ရပ်ကွက် ဖိုးစိန်လမ်းတွင်း နေရာတစ်ခုသို့  Delivery လိုက်ပို့သည့် လူငယ် ၃ ဉီးကို အကြမ်းဖက်စစ်ကောင်စီ မှ ပစ်ခတ်ဖမ်းဆီးခဲ့ရာ လူငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ " မနက်ကိုးနာရီကျော်လောက်က သေနတ်သံတွေကြားတယ်။ ပစ်ခံရတဲ့ကောင်လေးတွေက Food panda လို့ ပြောကြတယ်။ တစ်

သင်္ကြန်အကြို့နေ့လက်ဆောင်အဖြစ် မုံရွာရှိ စစ်ကောင်စီ၏နေရာ (၄) နေရာကို တိုက်ခိုက်ခဲ့ဟု တော်လှန်ရေးအဖွဲ့များထုတ်ပြန်

Posted: 13 Apr 2022 05:27 AM PDT

Photo : CJမုံရွာ၊ ဧပြီ (၁၃)ယနေ့ သင်္ကြန်အကြိုနေ့၌ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ နေရာ (၄) နေရာကို PDF ပြောက်ကျားအဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း ပါဝင်ခဲ့သည့် Unity Force Monywa (UFM) အဖွဲ့က လူငယ့်ခေတ်သို့ ပြောသည်။ယနေ့ နံနက် (၈) နာရီမှ (၁၂) နာရီအတွင်း ဆည်မြောင်းရုံး၊ အမှတ်(၂) ရဲစခန်း၊ အမှတ် (၆) စာသင်ကျောင်းအနီးကင်းပုန်းဝတ်နေသည့်နေရာနှင့် TTC ကျောင်းအနီကင်းပုန်းဝတ်နေသော နေရာများကို လက်ဆောင်အဖြစ်

သင်္ကြန်အကြိုအတွက် ပိုက်ဆံအတောင်းအကြမ်းတဲ့ ရတနာသိင်္ခတံတားဂိတ်ကို စဥ့်ကူး PDF တိုက်ခိုက်

Posted: 13 Apr 2022 05:20 AM PDT

စဉ့်ကူး၊ ဧပြီ ၁၃၊ ၂၀၂၂။မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ဧရာဝတီမြစ်ကူး ရတနာသိင်္ခတံတားဂိတ်က စစ်ကောင်စီဂိတ်ကိုသင်္ကြန်အကြို ဒီမနက် အစောပိုင်းမှာ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စဥ်ကူး PDF က ထုတ်ပြန်ပါတယ်။ဒေသခံတွေအပေါ် အနိုင်ကျင့်ငွေညှစ်နေလို့ အဲ့ဒီတံတားဂိတ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။''ဒီမနက် ၄ နာရီလောက်မှာ သွားပြီးတိုက်ခိုက်တာပါ။

ပခုက္ကူမှာ ပျူစောထီးအဖွဲ့များနဲ့ PDF ၃ ဖွဲ့ ပစ်ခတ်မှုဖြစ်ပြီး ပျူစောထီး ၃ ဦးသေဆုံး

Posted: 13 Apr 2022 05:20 AM PDT

ပခုက္ကူ ၊ ဧပြီ ၁၃ ၊ ၂၀၂၂။ပခုက္ကူမြို့ ၊ မြို့သစ်လမ်းပိုင်းတွင် ပျူစောထီးအဖွဲ့များနဲ့ PDF ၃ ဖွဲ့ တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ပျူစောထီး ၃ ဦးသေဆုံးခဲ့တယ်လို့ PKU N PDF မှ ဗိုလ်ခွာညိုက မြေလတ်အသံကိုပြောပါတယ်။ဧပြီလ ၁၃ ရက်နေ့က ပစ်ခတ်မှုများဖြစ်ပွားခဲ့တာဖြစ်ပြီး ယင်းနေ့မတိုင်ခင်ကလည်း ပခုက္ကူရွှေချောင်းအဝိုင်းပတ်နားက စစ်ကောင်စီတပ်သားများကို လက်ပစ်မိုင်း ၂ လုံးပစ်ခတ်တိုက်ခိုက်ခဲ့လို့  စစ်သား ၃

ခရမ်း-PDF သင်္ကြန်အကြိုနေ့ Fire Dragon စစ်ဆင်ရေး တိုက်ပွဲသတင်း ထုတ်ပြန်ကြေညာ

Posted: 13 Apr 2022 05:19 AM PDT

(ဧပြီ ၁၃)ယနေ့နေ့လည် (၁၁:၄၀)နာရီ စစ်ခွေးများတပ်စွဲထားသော ဇွဲတွန်စစ်ဆေးရေးဂိတ် သို့  ကျွန်ုပ်တို့တပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မိနစ်(၄၀)နီးပါး အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ကျွန်ုပ်တို့မှ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အလစ်အငိုက်တိုက်ခိုက်ခံရသောကြောင့် စစ်ခွေးများ အထိအခိုက်အကျအဆုံး များပြားနိုင်သည်။ထို့ပြင် ခမတ်ကျေးရွာတွင် သက္ကမြို့မှဆင်းလာ

သင်္ကြန်အကြိုနေ့ Fire Dragon တိုက်ခိုက်မှု

Posted: 13 Apr 2022 05:17 AM PDT

တိုက်ခိုက်မှုဖြစ်စဥ်တွင် ပြည်သူများ၏ ပို့သသောမေတ္တာကြောင့် ကျွန်ုပ်တို့ရဲဘော်များ ဘေးမသီရန်မခဘဲ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။ပြည်သူ့မေတ္တာဆူးနေသော စစ်ခွေးများ အသေအပျောက်များပြားနေပြီး ဆေးရုံရောက်မှ ငရဲပြည်ရောက်ကြသူများလည်းရှိနေသည်။ စစ်ခွေးများ၏ ဒဏ်ရာရ ၊ သေဆုံးစာရင်းကိုမူ တိုးလာနေသော​ကြောင့် အတည်မပြုနိုင်သေးပါ။တော်လှန်သင်္ကြန်မှာ စစ်ခွေးတို့ မင်းတို့အလှည့်ပြန်ရောက်ပြီ`` အရေးတော်ပုံမုချ

အထက်မင်းလှမှာ စစ်ကောင်စီနဲ့ PDF တို့ တိုက်ပွဲဖြစ်ပြီး စစ်သား ၃ဦးသေဆုံး

Posted: 13 Apr 2022 05:10 AM PDT

အထက်မင်းလှ၊ ဧပြီ၁၃၊ ၂၀၂၂။မကွေးတိုင်း မင်းလှမြို့နယ်က ဗိဿနိုးချောင်းအနီးမှာ စစ်ကောင်စီနဲ့ PDF ၂ဖွဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ဦးသေ ၁ဦး ဒဏ်ရာရခဲ့တယ်လို့ မင်းလှ People Defence Army (PDA) ဆီက သိရပါတယ်။ဧပြီလ ၁၀ရက်က မင်းလှမြို့နယ် ဘွဲ့အုပ်စု ဇီးတော အရှိုချင်းရွာနဲ့ ဒဟတ်ပင်ရေနံမြေကြားက ဗိဿနိုးချောင်းနားမှာ စစ်ကောင်စီဘက်က အင်အား ၈၀လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုနဲ့ မင်းလှက PDF ၂ဖွဲ့တို့

ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းကြားမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ ၁၀ဦးသေဆုံး(ရုပ်/သံ)

Posted: 13 Apr 2022 05:09 AM PDT

ပဲခူး၊ ဧပြီ ၁၃၊ ၂၀၂၂။ရန်ကုန်တိုင်း ခရမ်းမြို့နဲ့ ပဲခူးတိုင်း ကဝမြို့နယ်ကြားက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို  PDF တွေဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အနည်းဆုံး ၁၀ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။တိုင်း ၂ခုကြားက ဇွဲတွန်စစ်ဆေးရေးဂိတ်ကို ဒီနေ့မနက် ၁၁နာရီဝန်းကျင်လောက်က ခရမ်းPDF နဲ့ ပဲခူးခရိုင် PDF တပ်ရင်း ၁ ကဝ PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပဲခူးတိုင်း PDF တာဝန်ခံက ပြောပါတယ်။" မိနစ် ၄၀

ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်နေ

Posted: 13 Apr 2022 05:05 AM PDT

Photo. KNDF13 April 2022 ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း KNDF၊ KA နှင့် KPDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ဧပြီလ ၁၁ရက်နေ့ကစပြီး ယနေ့နံနက်အထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက် အကျအဆုံးရှိသည့်အတွက် ၎င်းတို့လေယာဉ်နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။ "တိုက်ပွဲကအခုထိ ပြင်းထန်နေပါတယ် သူတို့ဘက်က အကျဆုံးများတော့ လေယာဉ်နဲ့ ထပ်လာချနေပါတယ်။ အင်တာနက်လိုင်းတွေပါ ဖြတ်တောက်

မြစ်ကြီးနားမှာ သင်္ကြန်ကျင်းပရန် ပြင်ဆင်နေသည့်နေရာ မီးရှို့ဖျက်ဆီးခံရ၊ ဗုံးပေါက်ကွဲမှုလည်းဖြစ်

Posted: 13 Apr 2022 05:03 AM PDT

13 April 2022ကချင်ပြည်နယ် မြစ်ကြီးနားမြို ပြည်သူ့ရင်ပြင်၌ ယနေ့ နံနက်ပိုင်းက သင်္ကြန်အကြိုနေ့ကျင်းပရန် ပြင်ဆင်ထားသည့်မုဒ်ဦး မီးရှို့ဖျက်ဆီးခံရပြီး နေ့လည်ပိုင်းတွင်လည်း ယုဇနရပ်ကွက်ရှိ ကြံခိုင်ရေးရုံးအနောက်တွင် ဗုံးဖောက်ခွဲခံရကြောင်း မြို့ခံတစ်ဦးက ပြောသည်။ ရေကစားသူလည်း မရှိသလောက်ဖြစ်ပြီး လူသွားလူလာများလည်း ပုံမှန်ထက်နည်းနေကြောင်းလည်း ဆိုသည်။ လမ်းလျှောက်သင်္ကြန်ကျင်းပရန် ပြည်သူ့ရင်ပြင်၌ ပြင်ဆင်ထား

အမျိုးသမီး တစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့သော စစ်သား ထိန်းသိမ်းခံရပြီးနောက် အခြား စစ်သား ၃ ဦးကို ပစ်သတ်ကာ ထွက်ပြေး

Posted: 13 Apr 2022 05:01 AM PDT

April 12, 2022ကွတ်ခိုင်မြို့ အနီး ကချင်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်သားတစ်ဦး အဓမ္မပြုကျင့်ရန် ရိုက်နက်နေစဉ် တပ်အချင်းချင်း ထိန်းသိမ်းရန်ကြိုးစားခဲ့သော်လည်း အဆိုပါ စစ်သားသည် အခြား စစ်သား ၃ ဦးကကို ထပ်မံ ပစ်သတ်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။ဖြစ်စဉ်မှာ ဧပြီ ၁၂ ရက် ယနေ့ နံနက် ၉ နာရီခန့် ကွတ်ခိုင်မြို့အနီး ဟူနှောင်း ကျေးရွာတွင် ဖြစ်ပွားခဲ့ပြီး ကျေးရွာတွင် ယာယီ တပ်ချနေသည့် စစ်ကောင်စီတပ် မှ တပ်သားတစ်

အင်းတော်မြို့နယ် စစ်ကောင်စီ သတင်းပေးဆိုသူ အသတ်ခံရ

Posted: 13 Apr 2022 04:59 AM PDT

April 13.2022စစ်ကိုင်း အင်းတော်မြို့နယ် နဘားကျေးရွာအုပ်စု ပင့်တင် ကျေးရွာမှ စစ်ကောင်စီ သတင်းပေး အမျိုးသားတစ်ဦး ယမန်နေ့ညနေပိုင်း အသတ်ခံရကြောင်း သိရသည်။အသတ်ခံရသူမှာ အသက် ၄၉ အရွယ် ဦးဝင်းဗိုလ် ဆိုသူဖြစ်ကာ ဧပြီ ၁၂ ရက်နေ့ည ၅ နာရီခန့်တွင် Tiger Army တပ်ဖွဲ့က သုတ်သင်ရှင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။''သူကပင့်တင်ရွာမှာ စစ်တပ်လာထိုင်ဖို့ စစ်တပ်ကိုဖုန်းဆက်ခေါ်တယ်။

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.