သစ္ထူးလြင္ |
- ခင်ဦးရဲစခန်း အပါအဝင် ခင်ဦးမြို့နယ်က စစ်အုပ်စု စခန်းသုံးခုကို PDF တွေက တိုက်ခိုက်၊ စကစ ကိုးဦးထက်မနည်း သေပြီး ပြည်သူ့ရဲဘော် နှစ်ဦး ကျဆုံး
- ပုလောမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ သေနတ်ဖြင့် ပစ်သတ်ခံရ
- စစ်ကောင်စီတပ် လက်နက်ခဲယမ်း၊ကျည်များ ထပ်မံသိမ်းဆည်းရမိဟု ကော်ဘရာစစ်ကြောင်း အသိပေး
- လေးကေ့ကော်မှာ အကြမ်းဖက်စစ်ကောင်စီလက်နက်တွေ သိမ်းဆည်းရမိ
- ဇွဲတွန်ထိတွေ့တိုက်ပွဲတွင် ကုန်ကျခဲ့သည့် ကုန်ကျစရိတ်အကြမ်းဖျင်းကို ခရမ်း-PDF တွက်ချက်တင်ပြ
- နတ်မောက်မြို့နယ်က နာမည်ကြီး ဒလန်တဦး သေနတ်နဲ့ ပစ်ခံရပြီးသေဆုံး
- ပခုက္ကူနည်းပညာတက္ကသိုလ်အနီးတွင် တပ်စွဲထားသောစစ်အုပ်စု ၆၀ မမဖြင့် ပစ်ခတ်ခံရ၍ ၅ ဦးသေဆုံး
- မင်္ဂလာမူဆယ်အနီး ဗုံးပေါက်ကွဲမှုဖြစ်၊ လူထိခိုက်မှုရှိ
- မိုင်းခေါင်ကျေးရွာအထွက် စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ
- မပခ ဂိတ်အနီး ဖြတ်သွားသော ခရီးသွားများ သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခံရ
- မန္တလေး ပလိပ်ရဲတပ်ရင်း (၁၄)ကို ကျည်ဆန်သင်္ကြန်ကျလို့ ရဲ (၄)ဦးသေလို့ PDF တွေ ထုတ်ပြန်
- ဆောမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ် ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်နေ
- ကလေးမြို့ ခရိုင်ရဲတပ်ဖွဲ့ရုံးနှင့် ထောက်ပို့တပ်ရှေ့တို့တွင် တိုက်ပွဲဖြစ်ပွားနေ
- ရွှေဘို မြင်းစီးရွာက ပျူအဖွဲ့ကို တိုက်ခိုက်သုတ်သင်မှု စကစ ဗိုလ်တစ်ဦးနှင့် ပျူနှစ်ဦးသေ၊ သေနတ် သုံးလက် သိမ်းပိုက်ရရှိ၊
- သင်္ကြန်အကျနေ့ ပုသိမ်ကြီးမြို့နယ်တွင် သုံးနေရာ ပေါက်ကွဲမှုများဖြစ်၊ မဟာအောင်မြေနှင့် မြင်းခြံ၌လည်း ပေါက်ကွဲခဲ့
- ဘီးလင်းမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရလို့ သေနတ်တွေရမ်းသမ်းပစ်ခတ်
- ထီးလင်း YDFရဲ့ သင်္ကြန်အစ စစ်ဆင်ရေးမှာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံး
- သင်္ကြန်အကြိုနေ့ ဗိုလ်စိန်မှန်ကွင်းတွင် ဖမ်းဆီးခံရသည့် လူငယ်နှစ်ဦးအား စစ်ကောင်စီ သတ်ဖြတ်
- YMBA ရုံးရှေ့ စစ်ကောင်စီကင်းစခန်း တိုက်ခိုက်မှု လမ်းဖယ်ပေးခြင်းမရှိသည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း တော်လှန်ရေးအဖွဲ့ပြော
- ရွှေဘို - မန္တလေး ကားလမ်းပေါ်က စစ်တပ်ထောက်တိုင်အဖြစ်လုပ်ကိုင်နေသော ရေထွက်တိုးဂိတ် မိုင်းခွဲခံရ
- လှိုင်သာယာမြို့နယ်တွင်း ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးအနီးက ဘယ်သူမှဂရုမစိုက်တဲ့ ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲ၍ ၂ဦးထိခိုက်
- ဘိုကလေးမြို့က သတင်းပေး(ဒလန်) ဟု လူသိများသူ အမျိုးသမီးတစ်ဦး သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခံရ၍ သေဆုံး
- ရဲနှင့် စစ်သားများ လိုက်ပါလာသည့် စက်လှေတစ်စီးအား မြို့လှ PDF မှ စောင့်ကြိုပစ်ခတ်
Posted: 15 Apr 2022 08:07 AM PDT ဧပြီ - ၁၅စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မြို့မရဲစခန်း အပါအဝင် စစ်အုပ်စု စခန်းသုံးခုကို မနေ့က ဧပြီ(၁၄)ရက်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက်က ကိုးဦးထက်မနည်း သေကာ ပြည်သူ့ရဲဘော် နှစ်ဦး ကျဆုံးခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။သင်္ကြန်အကျနေ့ဖြစ်တဲ့ မနေ့က ဧပြီ (၁၄)ရက်မှာ ခင်ဦးမြို့ပေါ်က မြို့မရဲစခန်းနှင့် ပျူရွာတွေဖြစ်တဲ့ ပျဉ်ထောင်ရွာနှင့် မဒေါင်းလှရွာတွေကို |
ပုလောမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ သေနတ်ဖြင့် ပစ်သတ်ခံရ Posted: 15 Apr 2022 08:06 AM PDT စစ်ကောင်စီ၏ ထောက်တိုင်၊ သတင်းပေးတစ်ဦးဖြစ်သောပုလောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌကို သုတ်သင်လိုက်ကြောင်း ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။စစ်ကောင်စီနှင့် ပေါင်းသင်းနေ၍ မြို့ခံများက အမြင်မကြည်သည့် ပုလောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးအောင်နေဇာလင်းသည် ဧပြီ၁၄ရက် ညနေတွင် အမျ်ိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်သည်။"စစ်အုပ်ချုပ်ရေးယန္တရား၏ ထောက်တိုင်ဖြစ်သော |
စစ်ကောင်စီတပ် လက်နက်ခဲယမ်း၊ကျည်များ ထပ်မံသိမ်းဆည်းရမိဟု ကော်ဘရာစစ်ကြောင်း အသိပေး Posted: 15 Apr 2022 08:05 AM PDT ▪️ယမန်နေ့ညတိုက်ပွဲတွင် စစ်ကောင်စီတပ် အလောင်းပြန်စွဲသွားသည့် အရာများတွေ့ရဟု PDFတပ်မှူးပြောကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) နယ်မြေ လေးကေ့ကော်ဒေသရှိ KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ကော်ဘရာစစ်ကြောင်း တပ်စွဲရာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ တပ်ထံမှ လက်နက်ခဲယမ်းများ ထပ်မံရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။ယမန်နေ့ (ဧပြီ ၁၄ရက်) ည ၁၁ နာရီခန့်မှစ၍ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ |
လေးကေ့ကော်မှာ အကြမ်းဖက်စစ်ကောင်စီလက်နက်တွေ သိမ်းဆည်းရမိ Posted: 15 Apr 2022 08:03 AM PDT ဧပြီ ၁၅မနေ့က ဧပြီ ၁၄ရက်နေ့ ညပိုင်းကနေ ဒီကနေ့မနက်အထိ ကရင်ပြည်နယ် လေးကေ့ကော်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီးတဲ့နောက် အကြမ်းဖက်စစ်ကောင်စီထံက သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကို ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ဖော်ပြခဲ့တာဖြစ်ပါတယ်။သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေထဲမှာ ၆၀ မမ ဗုံးသီး ၁၈ လုံး၊ ၈၁ မမ ၁ လုံး၊ RPG ၄ လုံး၊ ပို့ယမ်း ၃ ထုပ်၊ 5.56 ကျည် ၃၀၀ တောင့်၊ 7.62 စနိုက်ပါကျည် ၁၀၀ တောင့်၊ ခြေနင်းမိုင်း ၁ လုံး၊ |
ဇွဲတွန်ထိတွေ့တိုက်ပွဲတွင် ကုန်ကျခဲ့သည့် ကုန်ကျစရိတ်အကြမ်းဖျင်းကို ခရမ်း-PDF တွက်ချက်တင်ပြ Posted: 15 Apr 2022 08:00 AM PDT (ဧပြီ ၁၅)ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့ ခရမ်းမြို့ ဇွဲတွန်ဂိတ်ထိတွေ့တိုက်ပွဲတွင် ကုန်ချခဲ့သည့် ကုန်ကျစရိတ် အကြမ်းဖျင်းကို ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan) က ယနေ့ညပိုင်းက ပြည်သူများသို့ တွက်ချက်တင်ပြပေးခဲ့ပါသည်။`` ထိတွေ့တိုက်ပွဲ စစ်ဆင်ရေးတစ်ခုဆို ဘယ်လောက်ကုန်သလဲဆိုတာ ??? ´´ပြည်သူတွေကို သိစေချင်တယ်။ကျနော်တို့အစားဆင်းရဲတယ် ၊ အနေဆင်းရဲတယ်။ ခြိုးခြံချွေတာပြီးနေထိုင်စားသောက်တယ်။ဘာကြောင့်လဲ |
နတ်မောက်မြို့နယ်က နာမည်ကြီး ဒလန်တဦး သေနတ်နဲ့ ပစ်ခံရပြီးသေဆုံး Posted: 15 Apr 2022 07:57 AM PDT နတ်မောက်၊ ဧပြီ ၁၅၊ ၂၀၂၂။မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကုလားရှင်စံပြကျေးရွာမှာ စစ်တပ်ကို ရွာမှာခေါ်ပြီး ဒေသခံပြည်သူလူထုကို ဒုက္ခပေးနေတဲ့ ဒလန်အကြီးစား သန်းလွင်ဆိုသူကို ဒီကနေ့ မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ငါးပြေမပြောက်ကျား တပ်ဖွဲ့ ဗိုလ်ငါးခူဆီက သိရပါတယ်။ဒီကနေ့ မနက် ၁၀ နာရီမှာ နေအိမ်ကထွက်လာတဲ့အချိန် ရွာလယ်ခေါင်မှာပဲ ရင်ဘတ်ကို ၃ ချက်တိတိပစ်ခဲ့လို့ သေဆုံးသွားခဲ့တယ်လို့ ငါးပြေမပြောက်ကျားတပ် |
ပခုက္ကူနည်းပညာတက္ကသိုလ်အနီးတွင် တပ်စွဲထားသောစစ်အုပ်စု ၆၀ မမဖြင့် ပစ်ခတ်ခံရ၍ ၅ ဦးသေဆုံး Posted: 15 Apr 2022 07:56 AM PDT ပခုက္ကူ၊ ဧပြီ ၁၅ ၊ ၂၀၂၂။ပခုက္ကူမြို့ နည်းပညာတက္ကသိုလ်အနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့အား ဧပြီလ ၁၄ ရက်နေ့က PDF ၄ ဖွဲ့ပူးပေါင်း၍ ၆၀ မမလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Earthquake People 's Defence Foce-UGတာဝန်ခံက မြေလတ်အသံသို့ ပြောသည်။ဧပြီ ၁၄ရက် နေ့လယ် ၂နာရီဝန်းကျင်တွင် ၆၀ မမ အပါအဝင် လက်နက်ငယ်များနှင့်ပါ ပစ်ခတ်ခဲ့သောကြောင့် စစ်အုပ်စုဘက်က ၅ဦးဿေဆုံးကြောင်း အတွင်းသတင်းများအရ သိရသည်ဟု |
မင်္ဂလာမူဆယ်အနီး ဗုံးပေါက်ကွဲမှုဖြစ်၊ လူထိခိုက်မှုရှိ Posted: 15 Apr 2022 07:53 AM PDT ဧပြီ ၁၅ရက် သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ မင်္ဂလာမူဆယ်အနီးပတ်၀န်းကျင်တွင် ယမန်နေ့ (ဧပြီ ၁၄)ရက် သင်္ကြန်အကျနေ့ တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုရှိခဲ့ကြောင်း စုံစမ်းသိရသည်။ " မနေ့က နေ့လည် မင်္ဂလာမူဆယ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်။ လူထိခိုက်မှု ၂ယောက်ရှိတယ်လို့ ပြောတယ်။ တယောက်ကတော့ ကျနော်တို့ စယ်လန့်က ကလေးပါ။လက်ထိတယ်။ နောက်တယောက်ကတော့ ခြေထောက်ထိတယ် ပြောတယ်" ဟု မူဆယ်မြို့နယ် စ |
မိုင်းခေါင်ကျေးရွာအထွက် စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ Posted: 15 Apr 2022 07:51 AM PDT April 15, 2022မံစီ (Man Je) မြို့နယ် မိုင်းခေါင် ကျေးရွာအထွက်တွင် အင်အား ၁၀၀ ခန့်ပါသော စစ်ကောင်စီစစ်ကြောင်း ယနေ့ နံနက်ပိုင်းက မိုင်းခွဲခံရပြီး စစ်သား ၁ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ခဲ့သည်ဟု သိရသည်။ယနေ့ နံနက် နာရီ မိုင်းခေါင် (Mung Hkawng) စစ်တပ်စခန်းမှ မဂျီဂုန်(Maji Gung) စစ်တပ်ဗျူဟာကုန်းသို့ ချီတက်လာသော အဆိုပါ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၂၇ အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်း |
မပခ ဂိတ်အနီး ဖြတ်သွားသော ခရီးသွားများ သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခံရ Posted: 15 Apr 2022 07:50 AM PDT April 15, 2022 မြစ်ကြီးနား ပမ္မတီး ရပ်ကွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ အနီးမှ ဖြတ်သန်းသွားလာသော ခရီးသွားများကို စစ်ကောင်စီတပ်က သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့သည်ဟု သိရသည်။ယနေ့ ညနေ ၄ နာရီခန့် လူငယ်အချို့ ဆိုင်ကယ်ဖြင့် ဖြတ်သွားစဉ် ပမ္မတီးရပ်ကွက် စစ်တပ်ဂိတ်မှ လိုက်လံ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ပြေးခဲ့ရသော လူငယ်တစ်ဦးက ပြောသည်။"ကျနော်တို့က ၂ ယောက်ထဲ အရှေ့မှာတော့ လူငယ်တစ်ချို့သွားနေတာ အဲ့ဒါ သူတို့က |
မန္တလေး ပလိပ်ရဲတပ်ရင်း (၁၄)ကို ကျည်ဆန်သင်္ကြန်ကျလို့ ရဲ (၄)ဦးသေလို့ PDF တွေ ထုတ်ပြန် Posted: 14 Apr 2022 07:09 AM PDT ဧပြီ - ၁၄ မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ပလိပ်မြို့ရဲစခန်းအနီးရှိ ရဲတပ်ရင်း (၁၄)ကို ကျည်ဆန်သင်္ကြန် ကျပေးခဲ့လို့ ရဲ (၄)ဦး သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ် (PDF)တွေက ထုတ်ပြန်ပါတယ်။ ဒီမနက် (၃:၄၅)နာရီမှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ စဉ့်ကိုင် Local PDF၊ မြစ်ငယ် Local PDFနဲ့ တပ်ကုန်း Local PDF တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာမှာ ရဲလေးဦး ပွဲချင်းပြီး သေဆုံးကာ တစ်ဦးဆေးရုံတင်ပို့ထားရတယ်လို့ စဉ့်ကိုင် PDF |
ဆောမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ် ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်နေ Posted: 14 Apr 2022 07:09 AM PDT (ဆော-ပေါက်နယ်စပ်ရှိ သက္ကယ်ကျင်းကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့တွင် မီးရှို့ဖျက်ဆီးနေစဥ်)မကွေးတိုင်း ဆောမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ရဟတ်ယာဉ် အသုံးပြုပြီး လေကြောင်းမှ တိုက်ခိုက်နေကြောင်း ဒေသတွင်းသတင်း ရင်းမြစ်များက ရေးသားဖော်ပြသည်။"ဆောမြို့နယ် ဖိုလယ်၊ ကြခတ်၊ပေါက်တော၊ကျောက်ဆွဲ ရွာတွေကို စကစ မှ Mi 35 ရဟတ်ယာဉ်နဲ့ ပစ်ခတ်ပြီး ဗုံးတွေကြဲချသွားပါတယ် တစ်ချို့ရွာတွေ ကျန်နိုင်ပါတယ် |
ကလေးမြို့ ခရိုင်ရဲတပ်ဖွဲ့ရုံးနှင့် ထောက်ပို့တပ်ရှေ့တို့တွင် တိုက်ပွဲဖြစ်ပွားနေ Posted: 14 Apr 2022 07:04 AM PDT စစ်ကိုင်းတိုင်း ကလေးမြို့ ခရိုင်ရဲတပ်ရုံးနှင့် ကလေးမြို့ကားကြီးဝင်းနားရှိ စစ်ကောင်စီထောက်ပို့တပ်ရှေ့တို့တွင် ယနေ့ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ သင်္ကြန်အကျနေ့ ညနေပိုင်း ၅နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကလေးမြို့ပေါ်၌ လက်နက်ကြီး ပစ်ခတ်ခံများ ကြားနေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ "လက်နက်ပစ်ခံက ဆက်တိုက်ကြားနေရ |
Posted: 14 Apr 2022 07:02 AM PDT ပုံစာ - ရွှေဘိုနယ် မြင်းစီးရွာက ဌေးအောင် ဦးဆောင်တဲ့ ပျူတွေလက်ထဲက သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်တချို့ဧပြီ - ၁၄စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် မြင်းစီးရွာမှာ အုပ်စုဖွဲ့ သောင်းကျန်းနေတဲ့ ဌေးအောင် ဦးဆောင်တဲ့ ပျူစောထီးတွေကို ဒီကနေ့ မနက်ပိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အဲ့ဒီရွာထဲ ရောက်နေတဲ့ စကစ ဗိုလ်တစ်ဦးနှင့် ပျူစောထီး နှစ်ဦး၊ စုစုပေါင်း သုံးဦး သေပြီး သေနက်သုံးလက် သိမ်းပိုက် ရရှိခဲ့တယ်လို့ ဒေသခံ ပြည်သူ့ |
Posted: 14 Apr 2022 07:01 AM PDT မြင်းခြံမြို့မဏ္ဍပ်အနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဆိုင်ကယ်/ ဓာတ်ပုံ - ပေးပို့ ဧပြီ - ၁၄ သင်္ကြန်အကျနေ့ ဧပြီလ (၁၄)ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်အတွင်း နေရာသုံးခု၌ ပေါက်ကွဲမှုများ ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။ မနက် (၁၀)နာရီခွဲက ပုသိမ်ကြီးမြို့နယ် ဇီးချိုကုန်းကျေးရွာအုပ်စု ဇီးချိုကုန်းချောင်းဘောင်တွင် အသံမိုင်းကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှု မသိရသေးပါ။ မနက်( ၁၁)နာရီခွဲက ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်း |
ဘီးလင်းမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရလို့ သေနတ်တွေရမ်းသမ်းပစ်ခတ် Posted: 14 Apr 2022 06:54 AM PDT ဓာတ်ပုံ - ကျည်ဆံထိမှန်ခဲ့သည့်နေရာနှင့် ဒဏ်ရာရသည့်ရွာသားတစ်ဦးကိုတွေ့ရစဉ်။ (Photos: Supplied) ဧပြီ ၁၄ ရက်နေ့ ၊ ၂၀၂၂မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်းတံတားထိပ်နှင့် ဒေါင်ရပ် ကြားတွင် စစ်ကောင်စီတပ်ဖွဲ့ ခလရ ၈ လက်အောက်ခံတပ်နှင့်ဇီးဝန်းအမြောက်တပ်ပူးပေါင်ပြီးလမ်းကင်းလုံခြုံရေးယူနေစဉ် KNLA တပ်ရင်း ၂ ပူးပေါင်းတပ်ဖွဲ့တို့မှ ဧပြီ ၁၁ ရက်နေ့က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အမှတ်၂ တပ်ရင်းလက်အောက်ခံတပ်ခွဲ |
ထီးလင်း YDFရဲ့ သင်္ကြန်အစ စစ်ဆင်ရေးမှာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံး Posted: 14 Apr 2022 06:52 AM PDT ဧပြီလ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။မကွေးတိုင်းဒေသကြီး၊ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF (Htilin)က မနေ့ သင်္ကြန်အကြို့နေ့မှာ စစ်ဆင်ရေးပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ထီးလင်းမြို့စွန်ရှိ စစ်ကောင်စီတပ်သားတွေ ကင်းစောင့်လေ့ရှိတဲ့ မီးသတ်ရုံးကို ဝင်ရောက်စီးနင်းနိုင်ဖို့ ထီးလင်း YDF တပ်ဖွဲ့ဝင်တွေ ချဥ်းကပ်ခဲ့ပါတယ်။ မီးသတ်ရုံကိုသွားရောက်ချိန်မှာ အနီးနားရှိကော်မရှင်ဦးစီးရုံးကို ပျော်ပွဲစား |
သင်္ကြန်အကြိုနေ့ ဗိုလ်စိန်မှန်ကွင်းတွင် ဖမ်းဆီးခံရသည့် လူငယ်နှစ်ဦးအား စစ်ကောင်စီ သတ်ဖြတ် Posted: 14 Apr 2022 06:49 AM PDT ဧပြီလ ၁၃ ရက်၊ သင်္ကြန်အကြိုနေ့တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ကွင်းအနီးတွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံရသည့် လူငယ်နှစ်ဦးမှာ ယင်းနေ့ညပိုင်းတွင်ပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်ဟု နီးစပ်သူများထံမှာ သိရသည်။အဆိုပါလူငယ်နှစ်ဦးမှာ ကိုတင်ထွန်းအောင်နှင့် ကိုကြည်သာဟုသော လူငယ်နှစ်ဦးဖြစ်ပြီး ကိုဟိန်းထက်နိုင်မှာ ဖြစ်စဉ်နေရာတွင်ပင် စစ်ကောင်စီပစ်ခတ်သော သေနတ်ကျည်ထိမှန် |
Posted: 14 Apr 2022 06:48 AM PDT ပုံစာ။ ။ စစ်ကောင်စီနှင့် YMBA ပူးတွဲပြုလုပ်သည့် ယဥ်ကျေးလိမ္မာသင်တန်းမဲခေါင်၊ ဧပြီ ၁၄ရန်ကုန်မြို့၊ ပုစွန်တောင်မြို့နယ်၊ ရေကျော်လမ်းရှိ YMBA ရုံးရှေ့ စစ်ကောင်စီကင်းစခန်းအား ယမန်နေ့ ( ဧပြီ ၁၃) ည ၇ နာရီခန့်တွင် Civil Guerrilla Force- YGN နှင့် Yangon Federal Army- YFA တို့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအဖွဲ့များ ထိခိုက်သေဆုံးနိုင်ကြောင်း ထုတ်ပြန်သည်။ယင်းတိုက်ခိုက်မှုတွင် တိုက်ခိုက်ခဲ့သည့်တော်လှန်ရေး |
ရွှေဘို - မန္တလေး ကားလမ်းပေါ်က စစ်တပ်ထောက်တိုင်အဖြစ်လုပ်ကိုင်နေသော ရေထွက်တိုးဂိတ် မိုင်းခွဲခံရ Posted: 14 Apr 2022 06:46 AM PDT (ဧပြီလ ၁၄ ရက်)စစ်ကိုင်းတိုင်း၊ ရွှေဘို - မန္တလေး ကားလမ်းပေါ်တွင် လမ်းကြေးကောက်ခံကာ အာဏာသိမ်းစစ်ကောင်စီအား ထောက်ပံ့နေသည့် ရေထွက်တိုးဂိတ်ကို ယမန်နေ့ ဧပြီလ(၁၃)ရက်နေ့ ညပိုင်းက မိုင်းနှစ်လုံးဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း BLACK WOLF PDF က သတင်းထုတ်ပြန်လာပါသည်။အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုအား BLACK WOLF PDF ၊ နတ်တောင် နဂါး ၊ GHOST RIDER နှင့် မဟာမိတ်တပ်ဖွဲ့များက လုပ်ဆောင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသား |
Posted: 14 Apr 2022 06:44 AM PDT (ဧပြီလ ၁၄ ရက်)လှိုင်သာယာမြို့နယ်၊ အမှတ် ၁၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးအနီးမှာ နေ့ညမပြတ် သီချင်းဖွင့် မူးရူးကခုန်နေသော ရေကစားမဏ္ဍပ်မှာ ဒီကနေ့ မွန်လွှဲ (၂:၃၀)ဝန်းကျင်အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရသည်။" ပေါက်တာက စစ်ကိုင်းလမ်း အာမာန်မှတ်တိုင်နားက ဘယ်သူမှဂရုမစိုက်သလို ရပ်ကျေးအားကိုးနဲ့ မူးရူးကခုန် နေ့ညမပြတ်ပျော်ပါးနေတဲ့ မဏ္ဍပ်မှာပေါက်သွားတာ အမျိုးသား |
ဘိုကလေးမြို့က သတင်းပေး(ဒလန်) ဟု လူသိများသူ အမျိုးသမီးတစ်ဦး သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခံရ၍ သေဆုံး Posted: 14 Apr 2022 06:42 AM PDT ကလေး၊ ဧပြီလ ၁၄ ရက် ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ ၊အမှတ် ၆ ရပ်ကွက်မှ သူဇာကြီးအားဆိုသူအား တောစျေးတန်းအနီး ကန်တော်ကြီးစောင်းတွင် ယနေ့မနက် ၆ နာရီ ခွဲအချိန်က သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။၎င်းမှာ အမှတ် ၆ ရပ်ကွက် ၅လမ်းထိပ်တွင် တိုက်အိမ်အစိမ်းဖြင့်နေထိုင်သူဖြစ်ပြီး စစ်ကောင်စီတပ်မှ အရာရှိစစ်ဗိုလ်နှင့်စစ်သားများကို အိမ်ပေါ်ခေါ်ထားပြီး ၎င်း၏ သတင်းပေး တိုင်ကြားမှုများကြောင့် |
ရဲနှင့် စစ်သားများ လိုက်ပါလာသည့် စက်လှေတစ်စီးအား မြို့လှ PDF မှ စောင့်ကြိုပစ်ခတ် Posted: 14 Apr 2022 06:38 AM PDT Video Source - မြို့လှPDFဧပြီ၊ ၁၄ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့မှ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ မှ ရဲနှင့်စစ်သားများ လိုက်ပါလာသည့် စက်လှေ တစ်စီးအား ကျောက်ကြီးရွာအထက်ဘက်တွင် မြို့လှ PDF များက ဧပြီလ (၁၃) ရက်နေ့က စောင့်ကြို ပစ်ခတ်ခဲ့ကြောင်း အနီးနားရှိ ဒေသခံတစ်ဦးထံမှ သိရသည်။အဆိုပါ စက်လှေတွင် ကျောက်ကြီး တပ်ရင်းမှူးတစ်ဦး၊ ရဲစခန်းမှူးတစ်ဦး နှင့် (၈) ဦး လိုက်ပါလာ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.