Monday, April 18, 2022

သစ်ထူးလွင်

သစ်ထူးလွင်


ထီးလင်းမြို့နယ် ကျင်းရွာရဲစခန်းကို ထီးလင်းPDF သိမ်းပိုက်၊ စခန်းမှူး​သေဆုံး

Posted: 17 Apr 2022 10:09 AM PDT

မကွေးတိုင်း၊ထီးလင်းမြို့နယ် ကျင်းကျေးရွာရဲစခန်းကို ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး  စခန်းမှူးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ထီးလင်း) တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။ယနေ့(ဧပြီ ၁၇ ရက်) နံနက်ပိုင်းတွင် ကျင်းစခန်းကို ဝင်ရောက်သိမ်းပိုက်နိုင်မှုသည် ယောဒေသ(ဂန့်ဂေါ၊ထီးလင်း၊ဆော၊လောင်းရှည်၊ကျောက်ထု) တွင် ပထမဆုံးအောင်ပွဲ ဖြစ်သည်ဟု ဆိုသည်။ထို့အပြင် အကြမ်းဖက်စစ်တပ်က နေ့လည် (၁)နာရီခန့်တွင် Mi35ဖြင့် လာ

ကျောက်ထုအမြောက်တပ်နှင့် ရဲစခန်းအား PDF ပူးပေါင်းတပ်က လက်နက်ကြီးများဖြင့် တိုက်ခိုက် ၊ ရဲနှင့်စစ်သားများ သေဆုံးထိခိုက်များနိုင်ဟု ထုတ်ပြန်

Posted: 17 Apr 2022 10:08 AM PDT

(The Youth Force (saw & kyaukhtu)တပ်ဖွဲ့ဝင်အချို့)မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုမြို့ရှိ စစ်ကောင်စီ အမြောက်တပ် နှင့် ရဲစခန်းတို့အား ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ညပိုင်းတွင် တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ရာရဲနှင့်စစ်သားများသေဆုံးထိခိုက်များနိုင်ကြောင်း ကျောက်ထု PDFက သတင်းထုတ်ပြန်သည်။ဧပြီ ၁၆ရက်  သင်္ကြန်အတက်နေ့ည ၁၁နာရီခွဲခန့်တွင် ကျောက်ထုအမြှောက်တပ် နှင့်လေတပ်အတွင်းသို့ ကျောက်ထု

ထီးချိုင့်တွင် PDFများတိုက်ခိုက်၍ စစ်​ကောင်စီတပ်သား သုံးဦး​သေ

Posted: 17 Apr 2022 10:05 AM PDT

(ကရင်နီပြည်နယ်တွင် စစ်ကောင်စီက လူနေရပ်ကွက်အတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပျက်စီးသွားသည့် အ​ခြေအ​နေကို မြင်​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)▪️ဖရူဆိုမြို့နယ်ရှိ ကျေးရွာကို စစ်​ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရစစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်မှ သုံးဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့ပြီး ကရင်နီပြည်နယ် ဖရူဆိုမြို့တွင် လူနေရပ်ကွက်အတွင်း စစ်ကောင်စီတပ်က

ပုလဲမြို့ အထွက်တွင်ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများကို ယနေ့ မနက်အစောပိုင်းက မိုင်းဆွဲ တိုက်ခိုက်

Posted: 17 Apr 2022 10:01 AM PDT

ပုလဲ၊ ဧပြီ ၁၇ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် အထွက်တွင် ကင်းလှည့်နေသည့်အကြမ်းဖက်စစ်အုပ်စုကို ယနေ့ ဧပြီလ ၁၇ ရက် မနက် ၇ နာရီတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက် မှ ထိခိုက်မှုများပြားကြောင်း ဒေါင်းနက် နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ မှ သိရသည်။" စခအင်အား၁၅ယောက်ကျော်လောက်ပါတယ်။ Double cup ကားကို မိုင်းဆွဲတာ လေးလုံး ထိတယ်။ ဒီကောင်တွေ ပြန်ပစ် တာ ကျွန်တော်တို့ကို မထိဘူး။ အခုဆေးရုံမှာ အများအပြားကုနေရ

မုံရွာမြို့နယ် မြေနဲရွာအနီး ကင်းစောင့်နေသော ပြည်သူ့ကာကွယ်ရေးရဲဘော် ငါးဦးကို ပျူစောထီးများက ပစ်သတ်

Posted: 17 Apr 2022 10:00 AM PDT

မုံရွာ၊ ဧပြီ ၁၇ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မန္တလေး- မုံရွာ ကားလမ်း၊ မြေနဲရွာအနီး ကင်းစောင့်နေသည့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော် ငါးဦးကို စစ်ကောင်စီ တပ်များနှင့်ပျူစောထီးများက ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။ယနေ့ ဧပြီလ ၁၇ရက်၊ နံနက် ၇နာရီခန့်က မုံရွာ ပင်မ သပိတ်စစ်ကြောင်းသည် စစ် အာဏာရှင်ဆန့်ကျင်ရေး စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့သည်။ အဆိုပါသပိတ်လူစုခွဲပြီးချိန်တွင် မုံရွာ- ချောင်းဦး လမ်းပိုင်းကို

ကျောက်ထုက အမြောက်တပ်နဲ့ ရဲစခန်းတွေကို လက်နက်ကြီးနဲ့ အချက် ၃၀ကျော်ပစ်ခံရ

Posted: 17 Apr 2022 09:56 AM PDT

ကျောက်ထု၊ ဧပြီ၁၇၊ ၂၀၂၂။မကွေးတိုင်း ကျောက်ထုမြို့နယ်က လေတပ် အမြောက်တပ် နဲ့ ရစခန်းတွေကို PDF ၃ဖွဲ့က တပြိုင်တည်းလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ထိခိုက်မှု ရှိနိုင်တယ်လို့ သိရပါတယ်။ဧပြီလ ၁၆ရက် သင်္ကြန်အတတ်နေ့ညပိုင်းမှာ PDF တွေ ၂နေရာခွဲပြီး လက်နက်ကြီးတွေနဲ့ စုစုစပေါင်း အချက် ၃၀ ကျော် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ကျောက်ထု PDF တာဝန်ခံက ပြောပါတယ်။" ၂ နေရာကိုတပြိုင်ထဲပစ်ခတ်ခဲ့တာပါ၊ပစ်ခတ်တဲ့အချိန်ကတော့အတူတူပဲ၊၂ ဖွဲ့

စစ်ကောင်စီ ပိုင်းလော့တဦး ရွှေတောင်မြို့မှာ သေနတ်နဲ့ ပစ်ခံရ

Posted: 17 Apr 2022 09:53 AM PDT

ရွှေတောင်၊ ဧပြီ ၁၇၊ ၂၀၂၂။ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ် ဝါးလည်ရွာက သစ်သီးဆိုင်မှာ စျေးဝယ်နေတဲ့ စစ်ကောင်စီ ပိုင်းလော့တဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ပဲခူးတိုင်း PDF တာဝန်ရှိသူဆီက သိရပါတယ်။ပြည်ခရိုင်တပ်ရင်း ၃၆၀၂ တပ်ခွဲ ၃ ရွှေတောင်မြို့နယ် PDF က ပစ်ခတ်ချိန်မှာ သေနတ်ချို့ယွင်းမှုဖြစ်ခဲ့ပြီး ပိုင်းလော့ဆိုသူကို တချက်သာထိမှန်ခဲ့ပြီး နောက်အချက်တွေမှာ ပစ်မရလို့ ပြန်ဆုတ်ခဲ့ရတယ်လို့ ပြောပါတယ်။"မနက် ၈ နာရီ

ကရင်နီ ပူးပေါင်းတပ် မိုင်းဆွဲတိုက်ခိုက် စစ်​တပ်ဘက်မှ ၄ ဦး သေဆုံး၊တပ်ရင်းမှူး ပြင်းထန်စွာ ဒဏ်ရာရ

Posted: 17 Apr 2022 09:51 AM PDT

ဧပြီ ၁၇ရက် ကရင်နီပြည် ဖရူဆိုမြို့နယ် ထားလဲနှင့် နန်းဖဲ​ကျေးရွာကြား စစ်​ကြောင်းထိုးလာ​သည့် စစ်​ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်ဘက်က ၄ ဦး သေဆုံးပြီး တပ်ရင်းမှူးတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း KNDF က ယနေ့ မနက် ၁၁နာရီတွင် ထုတ်ပြန်လိုက်သည်။ထိုဖြစ်စဉ်က ဧပြီလ ၁၄ ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်​ကောင်စီ တပ်မ(၆၆)၊ ခမရ(၁၀၈) တပ်ရင်းမှူး ၀င်းထိုက်စိုးအပါအ၀င်

စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်မှုကြောင့် အပြစ်မဲ့ အမျိုးသမီး ၈ ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံး

Posted: 16 Apr 2022 10:26 AM PDT

သတင်း/ဓာတ်ပုံ- CJရွှေဖီမြေ၊ ဧပြီလ ၁၆ ရက်၊ ပေါက်ဧပြီလ ၁၂ ရက်က မကွေးတိုင်း ပေါက်မြို့နယ် တံစူးကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေကိုလည်း ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၈ ဦးနဲ့ အမျိုးသားတစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၉ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဧပြီလဆန်းပိုင်းကတည်းက ပေါက်မြို့နယ် တောင်ပိုင်းက ကျေးရွာတွေကို

သင်္ကြန်အတက်နေ့ ညပိုင်းတွင် မန္တလေးမြို့ရှိ Space Bar နှင့် စစ်ကောင်စီ သတင်းပေးတစ် ဦးနေအိမ်ဗုံးပေါက်ကွဲခဲ့

Posted: 16 Apr 2022 10:23 AM PDT

မန္တလေး၊ ဧပြီ ၁၆ ယနေ့ သင်္ကြန်အတက်နေ့ ညပိုင်းတွင် မန္တလေးမြို့နေရာအချို့၌ ဗုံးပေါက်ကွဲခဲ့ပြီး လူနာတင်ကားသံများဖြင့်ဆူနေကြောင်း မြို့ခံများထံကသိရသည်။ယနေ့ညပိုင်း ၇နာရီဝန်းကျင်ခန့်က မန္တလေး မြို့အောင်မြေသာစံမြို့နယ် ၇၆လမ်း ၊၁လမ်းနှင့်၂လမ်းကြားရှိ စစ်ကောင်စီသတင်းပေးတစ်ဦး၏နေအိမ်ဗုံးပေါက်ကွဲခဲ့ကြောင်းသိရသည်။"ဘေးနားမှာ သောက်စားပျော်ပါးနေကြတဲ့သူတွေရောထိတယ်တဲ့။လူနာတင်ကားလာတာတော့များတယ်"ဟု အဆိုပါရပ်ကွက်

မုံရွာ အမှတ် ၂ ရဲစခန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီ လက်ပါးစေ ၁၂ ဦးသေဆုံး။

Posted: 16 Apr 2022 10:21 AM PDT

ဧပြီလ ၊ ၁၆ ၊ ၂၀၂၂ မုံရွာ အမှတ် ၂ ရဲစခန်း ကို ဒေသခံ PDF ပူးပေါင်းတပ်တို့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်ပါး ရဲ ၁၂ ဦးခန့်သေဆုံးနိုင်ကြောင်း  မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Chindwin Attack Force) က သတင်းထုတ်ပြန်လိုက်သည်။ယနေ့ နံနက် ၁ နာရီခွဲအချိန် မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း - ၂ - ၃ - ၄ ၏ ပြောက်ကျားကွန်မန်ဒိုတပ်ဖွဲ့နှင့် အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း - ၂ ၏ အထူး

ညောင်ရွှေမြို့မှ ဒလန်ဟု နာမည်ကြီးသူတစ်ဦးအား AFJ ပြောက်ကျားတပ်ဖွဲ့က ရှင်းလင်း

Posted: 16 Apr 2022 10:20 AM PDT

မဲခေါင်၊ ဧပြီ ၁၆AFJ ပြောက်ကျားတပ်ဖွဲ့မှ ၎င်းတို့လူမှုကွန်ရက်စာမျက်နှာအဖွင့်ပွဲနှင့် ပြည်သူအတွက် နှစ်သစ်ကူးလက်ဆောင်အဖြစ် ညောင်ရွှေမြို့မှ ဒလန်တစ်ဦးအား ယမန်နေ့၊ ညနေပိုင်းက ရှင်းလင်းခဲ့ကြောင်း AFJက ယနေ့၌ ပြည်သူများကို အသိပေးထုတ်ပြန်ထားသည်။ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ၊ တောင်ခြေမြင်းစခွန့် ကျေးရွာအုပ်စု ၊ ပန်းဖယ်ရွာနေ စကစခန့် ရပ်ကျေးဥက္ကဌ ဦးတင်ရှိန်အား AFJက ယမန်နေ့၊ ညနေ ၅နာရီဝန်းကျင်

ဝက်လက်နယ်က ရေကြောင်းရဲကင်းကို စီးနင်းသိမ်းပိုက်၊ စကစ နှစ်ဦးသေ၊ သုံးဦး အရှင်မိကာ သေနတ်နှစ်လက် သိမ်းယူရရှိ

Posted: 16 Apr 2022 10:15 AM PDT

ဧပြီ - ၁၆စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ အင်ဒေါင်းရေကြောင်းရဲကင်းကို မနေ့က ဧပြီ(၁၅)ရက် ညဦးပိုင်းအချိန် စီးနင်းဝင်ရောက် တိုက်ခိုက်သိမ်းပိုက် ခဲ့ရာမှာ စကစ နှစ်ဦးသေ၊ သုံးဦး အရှင်ဖမ်းမိပြီး သေနတ်နှစ်လက် သိမ်းပိုက် ရရှိခဲ့တယ်လို့ တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။သင်္ကြန်အကျနေ့ဖြစ်တဲ့ ဧပြီ(၁၅)ရက် မနေ့က ည(၈)နာရီခွဲ ဝန်းကျင်က ဝက်လက်မြို့နယ်၊ အင်ဒေါင်း ကျေးရွာအနီးက

NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်ရဲ့ ရှေ့တန်းတစ်နေရာက ပုံတွေ ထုတ်ပြန်

Posted: 16 Apr 2022 10:14 AM PDT

ဧပြီ - ၁၆အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ ဧပြီ(၁၅)ရက် သင်္ကြန်အကြတ်နေ့က ရှေ့တန်းစခန်း တစ်နေရာမှာ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေနှင့်အတူ ရှိနေကြောင်း NUG က ထုတ်ပြန်ပါတယ်။NUG ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်နေ့မှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ရဲ့ ပုံတွေ ထုတ်ပြန်တာ ဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ မဖော်ပြထားပါဘူး။လက်ရှိမှာ NUG ကာကွယ်ရေး ဝန်ကြီးဌာနက နိုင်ငံတဝန်းမှာ PDF တပ်ရင်း၊

သပိတ်ကျင်း ချောင်းကြီးရွာ ရဲကင်းအနီး ဖောက်ခွဲတိုက်ခိုက်မှု ဗိုလ်ကြီးသက်မျိုးအောင်၊ ဒု-ရဲအုပ်နှင့် အုပ်ကြီးတို့ အပါအဝင် စကစ အနည်းဆုံး နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

Posted: 16 Apr 2022 10:12 AM PDT

သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာ (ပုံဟောင်း)/Photo – CJဧပြီ - ၁၆မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာ ရဲကင်းစခန်းအနီး ဒီကနေ့ ညနေပိုင်းက စစ်အုပ်စုကို မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာမှာ အမှတ်(၁) သတ္တုဗေဒဆိုင်ရာ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးတပ်မှ ဗိုလ်ကြီးသက်မျိုးအောင် အပါအဝင် စစ်ကောင်စီဘက်က အနည်းဆုံး နှစ်ဦး သေကာ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ TBK တောဆင်ရိုင်း

မတူပီမှ ပလက်၀သို့ ထွက်လာသည့် စစ်ကြောင်းကို CDF တိုက်ခိုက်ရာ စစ်ကောင်စီတပ်အနည်းဆုံး ၁၀ဦးသေဟုဆို

Posted: 16 Apr 2022 10:11 AM PDT

(မ​ကွေးတိုင်း ​ကျောက်ထုမှ ချင်းပြည်နယ် မတူပီမြို့သို့ ချီတက်လာ​​သော စစ်​​ကောင်စီယာဥ်တန်းအား ​တွေ့ရစဥ်၊ဓာတ်ပုံ - CDF)ချင်းပြည်နယ် မတူပီမြို့မှ ပလက်၀မြို့နယ်ဘက်သို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် သုံးကြိမ်တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီဘက်မှ အနည်းဆုံး ၁၀ဦးသေ၊ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း မတူပီ ချင်းဒေသကာကွယ်ရေးတပ်(CDF)က ယနေ့ သတင်းထုတ်ပြန် သည်။ဧပြီ ၉ရက်တွင် မတူပီမှ ပလက်၀မြို့သို့ စတင်ထွက်ခွာ

ဆေးမင်းတောရဲစခန်းတိုက်ခိုက်ခံရမှု ဒဏ်ရာရရဲများ ဆေးကုသမှုမရ၍ သွေးထွက်လွန်ပြီး နှစ်ဦးထပ်သေဟု ထီးလင်း YDFပြော

Posted: 16 Apr 2022 10:09 AM PDT

 (YDF ထီးလင်း ရဲ​ဘော်များကို ​တွေ့ရစဥ်)▪️ဒေသကာကွယ်ရေးတပ်များ ထိန်းချုပ်ထား၍ သေဆုံးရဲများကို (၁)မိုင်ခန့်သာဝေးသည့် သင်္ချိုင်းသို့ပင် မပို့ဆောင်ရဲဘဲ စခန်းအနီးမီးရှို့▪️ရဲနှင့် စစ်သားများ အာဏာရူးမင်းအောင်လှိုင်အတွက် အသက်အသေမခံဘဲ ပြည်သူနှင့် ပူးပေါင်းရန် ဖိတ်ခေါ်ခဲ့ပြီး လက်နက်အပြည့်အစုံပါလျင် ကျပ်သိန်း ၅၀ ပေးမည်ဟုထုတ်ပြန်မကွေးတိုင်း ထီးလင်းမြို့နယ် ဆေးမင်းတောရဲစခန်းကို ထီးလင်းမြို့နယ် ယောဒေသ

တပ်စွဲဖို့ ပြန်လာတဲ့ စစ်အုပ်စုကို ကြားဖြတ်မိုင်းဆွဲခဲ့လို့ စစ်သား ၅ဦးသေဆုံး

Posted: 16 Apr 2022 10:06 AM PDT

ပေါင်းတည်၊ ဧပြီ၁၆၊ ၂၀၂၂။ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် သိမ်ကုန်းရွာကနေ လဲပင်ရွာကို အခြေကုတ်ပြန်ယူဖို့ တက်လာတဲ့ စစ်ကြောင်းကို ငါးရှည့်ကွင်းရွာအနီးမှာ ပြည်ခရိုင် PDF တပ်ရင်း၃၆၀၁၊ တပ်ခွဲ၁ က ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။လှည်းပေါ်မှာ လက်နက်ကြီးတွေတင်ပြီး နောက်ကနေ အင်အား ၆၀ ဝန်းကျင်နဲ့ တက်လာတဲ့ စစ်ကြောင်းကို ဒီနေ့ နေ့လယ် ၂နာရီခွဲလောက်က ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့

အနည်းဆုံး ၄၀ဦးထိသေဆုံးပြီး စစ်ကောင်စီဘက်အထိနာနေတဲ့ ငဖဲတိုက်ပွဲမှာ ဗိုလ်ကြီးတဦးသတ်သေ

Posted: 16 Apr 2022 10:05 AM PDT

ပုံစာ - တိုက်ပွဲအတွင်းက PRA မကွေးရဲဘော်များ / ဓါတ်ပုံ - PRA ငဖဲ၊ ဧပြီ၁၆၊ ၂၀၂၂။မကွေးတိုင်း အနောက်ပိုင်းက ငဖဲနဲ့ စေတုတ္တရာမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာ ၁၀ရက် နီးပါး ရှိနေပြီး စစ်ကောင်စီဘက်က အထိနာထားပြီး အနည်းဆုံး အယောက် ၄၀လောက် ကျဆုံးထားတယ်လို့ PRA မကွေး အဖွဲ့ဆီက သိရပါတယ်။စစ်ကောင်စီတပ်သား ၄၀ဦးဝန်းကျင်လောက် သေဆုံးထားပြီး အဲ့ဒီထက်များနိုင်တဲ့အပြင် အစုအလိုက်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.