Thursday, April 21, 2022

သစ်ထူးလွင်

သစ်ထူးလွင်


မင်းတပ် -မတူပီလမ်း၌ ယနေ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် ၈ဦးသေဟု မတူပီ CDF အသိ​ပေး

Posted: 20 Apr 2022 10:53 AM PDT

ချင်းပြည်နယ် မင်းတပ် - မတူပီလမ်းတွင် ယနေ့နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး အပါအဝင် ၈ဦးသေဆုံးခဲ့ကြောင်း မတူပီချင်းဒေသကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။ယနေ့(ဧပြီ ၂၀ရက်) နံနက်ပိုင်း ၁၀နာရီခွဲခန့်က မတူပီမြို့ အခြေစိုက် ခမရ(၃၀၄) တပ်ရင်းအောက်ဘက် မင်းတပ် - မတူပီလမ်းပေါ်ရှိ လည်မျိုချောင်းဆုံတွင် မတူပီ CDFနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ  တိုက်ပွဲဖြစ်ခဲ့သည်ဟုဆို သည်။အဆိုပါတိုက်ပွဲ၌ 

"နန်းထိုက်​အောင်"စစ်ဆင်​ရေးအဖြစ် ​ရွှေပြည်သာမှ လူကယ်ပြန်ရုံးနှင့် အုပ်ကြီးရုံးကို ​ဖောက်ခွဲတိုက်ခိုက်

Posted: 20 Apr 2022 10:52 AM PDT

"နန်းထိုက်အောင်"စစ်ဆင်ရေးအစိတ်အပိုင်းတစ်ခု အဖြစ် ရွှေပြည်သာမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးရုံးနှင့် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေပြည်သာမြို့နယ်ကာ ကွယ်ရေးတပ်ဖွဲ့(SDF)က ထုတ်ပြန်သည်။ယနေ့(ဧပြီ ၂၀ရက်)ည ၈နာရီခန့်က လှော်ကားလမ်းမကြီးပေါ်ရှိ လူကယ်ပြန်ရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ သေဆုံးမှုကို

မိုင်းရှင်းလာတဲ့စစ်သားတွေ မိုင်းဆွဲခံရပြီး ၁၀ ဦးခန့်သေဆုံးနိုင်

Posted: 20 Apr 2022 10:50 AM PDT

ချောင်းဦး၊ ဧပြီ ၂၀၊ ၂၀၂၂။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းမိုင်းရှင်းလင်းရေးလာတဲ့ စစ်ကောင်စီတပ်သားတွေ ဧပြီ ၁၉ ရက် မနေ့က မနက် ၁၀ နာရီခွဲလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ မုံရွာမြို့ဘက်ကနေ မန္တလေးဘက်ကိုခြေလျှင်တပ်လာတဲ့ စစ်ကောင်စီတပ်တွေက ချောင်းဦးမြို့နယ်၊ ရေပိုးစားရွာနဲ့ ဂွေးပင်တောရွာအကြားအရောက်မှာ PDF တွေထောင်ထားတဲ့ မိုင်းတွေကိုရှင်းလင်းပြီးနောက် ပြန်ထွက်ခွာမယ်အချိန်မှာ 

လမ်းကြောင်းရှိ၍ မိုင်းရှင်းလာသောစစ်ကောင်စီအုပ်စု မိုင်းဆွဲခံရပြီး ၁၆ ဦးသေဆုံး

Posted: 20 Apr 2022 10:50 AM PDT

မုံရွာ ၊ ဧပြီ ၂၀ ၊ ၂၀၂၂။မုံရွာဘက်မှထွက်လာသော Jumper ကားတစီး၊ တပ်သားများပါကားတစ်စီး၊ သံချပ်ကားတစ်စီး တို့အား မုံရွာ-မန္တလေးအမြန်လမ်းပိုင်း၊ ချောင်းဦးနယ်တွင်  အဆင့်မြှင့်ထားသောရှေ့ထွက်မိုင်း ၁၂ လုံးဖြင့်ဖောက်ခွဲ့ခဲ့ခြင်းဖြစ်သည်။ဧပြီလ ၁၉ ရက်နေ့၊ နံနက် ၆ နာရီခန့်က PDF ၄ ဖွဲ့ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့‌ကြောင်း မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ် ဗိုလ်တိုက်ဂါးက မြေလတ်အသံကိုပြောသည်။"သတင်းရ

မြင်းခြံမြို့ အမှတ်(၁)ရဲစခန်း ဗုံးဖြင့်တိုက်ခိုက်ခံရပြီး ကင်းစောင့်ရဲနှစ်ဦး ထိခိုက်

Posted: 20 Apr 2022 10:50 AM PDT

မန္တလေးတိုင်း၊ မြင်းခြံမြို့ အမှတ်(၁)ရဲစခန်း ဗုံးဖြင့်တိုက်ခိုက်ခံရပြီး ကင်းစောင့်ရဲနှစ်ဦး ထိခိုက်နိုင်ကြောင်း MG 6 ပြောက်ကျားတပ်(မြင်းခြံ)က သတင်းထုတ်ပြန် သည်။ ယနေ့(ဧပြီ ၂၀ရက်) ည ၇နာရီခွဲအချိန်က မြင်းခြံမြို့ အမှတ်(၁) ရဲစခန်းအား MG 6 ပြောက်ကျားတပ်(မြင်းခြံ)၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့(မြင်းခြံ)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြင်းခြံခရိုင် အမှတ် (၅) တပ်ရင်းတို့က လက်ပစ်ဗုံးတစ်လုံး ပစ်ခတ်ခဲ့

ဒီပဲယင်းတွင်လှည့်လည်ဖျက်ဆီး​နေ​သောစစ်​ကောင်စီတပ်ကို ဂဠုန်တပ်​တော်ကတာ​ဝေးပစ်ဖြင့်တိုက်ခိုက်

Posted: 20 Apr 2022 10:49 AM PDT

(ဒီပဲယင်းမြို့နယ်ညောင်လှကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှိ့ဖျက်ဆီးနေစဥ်။ ဓါတ်ပုံ-CJ)ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများအား လှည့်လည်အကြမ်းဖက်နေသည့် စစ်ကောင်စီတပ်များအား တာဝေးပစ်များဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး ထိခိုက်သေဆုံးနိုင်ကြောင်း   ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်က သတင်းထုတ်ပြန်သည်။စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း လှည့်လည်၍စစ်​ကြောင်းထိုးကာဖျက်ဆီးနေသော အကြမ်းဖက်

CDF-Matupi သမလိုက်လို့ စကစ ဗိုလ်ကြီးအဆင့် အပါအဝင် စခ (၈) ကောင် ငရဲကြွ၊ (၅)ကောင် မသေမရှင် ဆက်ငင်ဆက်ငင်ဖြစ်

Posted: 20 Apr 2022 10:47 AM PDT

CDF-Matupi မှ ထုတ်ပြန်ချက်မင်းတပ်-မတူပီလမ်းမပေါ်ရှိ လည်မျိုချောင်းဆုံတွင် မတူပီအခြေစိုက် ခမရ (၃၀၄)တပ်ရင်းအောက်ဘက်မှ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် မတူပီ CDFတို့ ဧပြီလ ၂၀ရက်နေ့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၈ဦးသေဆုံးကာ ၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့။အကြမ်းဖက်စစ်ကောင်စီ၏ မတူပီဗျူဟာတပ်ရင်းများမှ မင်းတပ်-မတူပီလမ်းမပေါ်ရှိ မတူပီCDFပိုင်နယ်မြေများသို့ အင်အားအလုံးအရင်း

ကြားဖြတ်တိုက်ခိုက်ခံရလို့ ဂန့်ဂေါမြို့နယ်ရဲမှူးနဲ့ ဒုရဲအုပ်အပါအဝင် ၄ ဦးသေဆုံး

Posted: 20 Apr 2022 10:37 AM PDT

 ဂန့်ဂေါ၊ ဧပြီ ၂၀ ၊ ၂၀၂၂။ဂန့်ဂေါမြို့နဲ့၊ အနောက်ဂန့်ဂေါကြားဖြစ်ပွားနေတဲ့ တိုက်ပွဲဆီစစ်ကူလာတဲ့ အဖွဲ့ကို စည်ပင်ရပ်ကွက်အုပ်ချုပ်ရေးမှူးအနားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ဂန့်ဂေါမြို့နယ်ရဲမှူးနဲ့ ဒုရဲအုပ်အပါအဝင် ၄ ဦးသေဆုံး ခဲ့ပါတယ်။တိုက်ခိုက်မှုကို ဧပြီလ ၁၈ ရက်နေ့ ည ၉ နာရီခန့်က ယောဒေသကာကွယ်ရေးတပ် ( YDF ) က ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖက်က ၁၀ ဝန်းကျင်ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။"စပစ်ကြတော့

စစ်ကြောင်းထိုးပြန်လာတဲ့ ပျူနှင့်စစ်သားများ ၆၀ မမနဲ့အပစ်ခံရပြီး ၂ ဦးသေဆုံး

Posted: 20 Apr 2022 10:35 AM PDT

မြိုင် ၊ ဧပြီ ၂၀၊ ၂၀၂၂။မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးပြီးပြန်လာတဲ့ စစ်သားနှင့်ပျူစောထီးအဖွဲ့ကို ၆၀ မမ လက်နက်ကြီနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အနောက်လွင်ပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-WPF ကပြောပါတယ်။အဲဒီတိုက်ခိုက်မှုကို ဧပြီလ ၁၉ ရက်၊ နေ့လည် မှာတကြိမ်၊ ည ၁၁ နာရီခန့်မှာတကြိမ်ပြုလုပ်ခဲ့တာဖြစ်ပြီး ဝက်ပုတ်ကျေးရွာမှာ ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။"စစ်ကြောင်းထိုးလာပြီးအပြန်မှာ ကျနော်တို့က မြိုင်မြို့နယ်

ရွာငံ PDF စခန်းတစ်ခု စစ်ကောင်စီတပ်ဖွဲ့ဝင်ရောက်စီးနင်း

Posted: 20 Apr 2022 10:31 AM PDT

ဧပြီလ ၂၀ သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီမှ ရှာဖွေတွေ့ရှိသွားပြီး အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့( ဧပြီလ ၂၀ )ရက် မွန်းလွဲပိုင်း ၁ နာရီကျော်တွင် ရွာငံမြို့နယ် နဘန်းကြီးကျေးရွာ အနောက် ဘက်ရှိ တောင်ကြားအတွင်း ရှိနေသည့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခု တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်း

လက်နက်ကြီးပစ်ခတ်ခြင်း၊ စနိုက်ပါပစ်ခတ်ခြင်းများလုပ်ဆောင်သည့် စစ်ကောင်စီတပ်အား KNLA တန်ပြန်တိုက်ခိုက်၍ ၅ ဦးထက်မနည်း သေဆုံး

Posted: 20 Apr 2022 10:30 AM PDT

ဧပြီ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။မြဝတီမြို့တောင်ဘက် လေးကေကော်ဒေသတွင် ဝင်ရောက်လှုပ်ရှားပြီး လက်နက်ကြီးပစ်ခတ်ခြင်း၊ စနိုက်ပါ ချောင်မြောင်းပစ်ခတ်ခြင်းများနေ့စဉ်လိုလိုလုပ်ဆောင်သည့် စစ်ကောင်စီတပ်အား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့မှ ပြောက်ကျားဖြင့် တန်ပြန်တိုက်ခိုက်သည့်အတွက် စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု KNLA ပူးပေါင်းတပ်ဘက်က ပြောသည်။ လေးကေကော်ဒေသတွင် ဝင်ရောက်လှုပ်ရှား

လေးကေနှင့် ဝင်းတာပန်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၃ရက်အတွင်း ထွက်ခွာရန် KNDO ပြော

Posted: 20 Apr 2022 10:29 AM PDT

ဧပြီ ၂၀ ရက်၊ ၂၀၂၂ခုနှစ်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ(၁) နယ်မြေ၊ ဘီးလင်းမြို့နယ် လေးကေနှင့် ဝင်းတာပန် စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စခန်းမှ ၃ရက်အတွင်း ဆုတ်ခွာပေးရန် ကရင်အမျိုးသား ကာကွယ်ရေးတပ် -KNDO တပ်ရင်း(၂)က ယနေ့ ဧပြီလ ၂၀ရက်နေ့တွင် ကြေညာချက်ထုတ် ပြောဆိုလိုက်သည်။နယ်မြေအတွင်း ကျူးကျော် နေထိုင်သည့်စခန်းများအနေဖြင့် ဧပြီလ ၂၃ရက်နေ့ ဆုံးထားဆုတ်ခွာပေးရမည်ဖြစ်ပြီး

"အရာတော်မြို့ ၅၀၀၄ တင့်ကားတပ်ကို မြောက်ပိုင်းညီနောင်တပ်ဖွဲ့များက ဒရုန်းဖြင့်တိုက်ခိုက်"

Posted: 19 Apr 2022 09:13 AM PDT

 ဧပြီ ၁၉၊ အရာတော်ယနေ့ ညနေပိုင်းက အရာတော်မြို့နယ်ရှိ အမှတ် (၅၀၀၄) တင့်ကားတပ်အား လျှပ်စီးမိုးကြိုးမုန်တိုင်း တပ်ဖွဲ့ နှင် ဗိုလ်မိုးသီးအဖွဲ့ မှ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။၎င်းတိုက်ခိုက်မှုအား မြို့နယ်ပကဖ၏ ထောက်ပံ့မှုဖြင့် ဒရုန်းအပြင် မိုင်တဲတာဝါတိုင်မှ ကုန်ကြမ်းရရှိသော အဝေးပစ်လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ကြကြောင်းသိရှိရသည်။အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး

မော်ကျွန်းမြို့ ရာဇူဒိုင်တံတားပေါ်တွင် စစ်ကောင်စီတပ် နှင့် ပျူစောထီးအဖွဲ့ဝင် ၂ ဦးတို့ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားကာ ပျူစောထီးအဖွဲ့ဝင် တစ်ဦး သေဆုံး

Posted: 19 Apr 2022 09:10 AM PDT

ဓာတ်ပုံ - CJမော်ကျွန်း၊ ဧပြီလ ၁၉ ရက်ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့၊ ရာဇူဒိုင်တံတားပေါ်တွင် ဧပြီလ ၁၅ ရက်နေ့က စစ်ကောင်စီတပ် နှင့် ပျူစောထီးအဖွဲ့ဝင် ၂ ဦးတို့ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားကာ ပျူစောထီးအဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။" ပျူစောထီး ၂ ယောက်က လှိုင်သာယာက။ ကျုံမငေးက စစ်တပ်နဲ့ပေါင်းပြီး မော်ကျွန်းက သစ်ကုန်သည်တွေဆီမှာ လိုင်းကြေးလာတောင်းတာ။

မတ္တရာ၌ နေအိမ်မီးရှို့ပြီး ပြန်လာသည့် စစ်အုပ်စုကို မိုင်း‌ဆွဲတိုက်ခိုက်ရာ (၂၀)ဦးသေ

Posted: 19 Apr 2022 09:09 AM PDT

စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့တဲ့ မတ္တရာ သဖန်းကိုင်းရွာက နေအိမ်များ/ ဓာတ်ပုံ - မတ္တရာ ပကဖ ဧပြီ - ၁၉ မန္တလေးတိုင်း မတ္တရာမြို့နယ် သဖန်းကိုင်းကျေးရွာမှာရှိတဲ့ နေအိမ်တွေကို မီးရှို့ပြီးပြန်လာတဲ့ စစ်အုပ်စုကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် (၂၀)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီမနက် (၃)နာရီလောက်မှာ အင်ကြင်းမြိုင်က အင်အား (၅၀)ပါ စစ်အုပ်စုဟာ မတ္တရာအရှေ့ပိုင်းက သဖန်းကိုင်း

စစ်ကောင်စီ လက်အောက်ခံ ရဲနှင့် စစ်သားများကိုသာမက မိသားစာဝင်များကိုပါ အမဲလိုက်မည့် ဇေယျစစ်ဆင်ရေး စတင်တော့မည်ဟု အနက်ရောင်သေမင်းအဖွဲ့ ကြေညာ

Posted: 19 Apr 2022 09:09 AM PDT

ဧပြီ - ၁၉ မန္တလေးတိုင်းအတွင်းက စစ်အုပ်စုဝင်တွေကို အမဲလိုက်မယ့် ဇေယျစစ်ဆင်ရေးကို စတင်တော့မယ်လို့ အနက်ရောင်သေမင်း ပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါတယ်။ မိသားစုချင်း၊ သားသမီးချင်း ကိုယ်ချင်းမစာ ရိုက်နှက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စု (လက်ပါးစေ)တွေနဲ့  မိသားစုဝင်တွေကို ပြန်ပြီး အရေးယူသွားတော့မှာလို့ သတိပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ ဝေးကွာတဲ့နေရာတွေမှာ နေထိုင်ကြဖို့လည်း

မြတ်မေတ္တာမွန်ဆီဆိုင်နှင့် The One Entertainment တို့ကို မြို့ပြ‌ပြောက် ကျားတပ်ဖွဲ့ ဗုံးခွဲ တိုက်ခိုက်

Posted: 19 Apr 2022 09:08 AM PDT

ရန်ကုန်၊ ဧပြီ ၁၉စစ်ကောင်စီ၏ ထောက်တိုင်တစ်ခုဖြစ်သည့် အရှေ့မြင်းပြိုင်ကွင်းလမ်းက မြတ်မေတ္တာမွန်ဆီဆိုင်နှင့် ပြည်သူများ ကို စိတ်အနှောက်အယှက်ပေးနေသော The One Entertainmentကို ယနေ့နံနက်က ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း Bahan's Guerrilla force (B-PDF)တာဝန်ခံ ဇာမဏီမှ လူငယ့်ခေတ်သို့ ပြော သည်။"အတိုးချုံးပြောရမယ်ဆိုရင် The One ကတော့ ပြည်သူလူထု အနှောင့်အ ယှက်ဖြစ်စေတာကို ပြည်သူတွေ တိုင် ကြားတာကော ကျွန်တော်တို့

မုံရွာ-စစ်ကိုင်းလမ်းပိုင်း၌ စစ်ကောင်စီယာဉ် (၂) စီး ယနေ့မိုင်းဆွဲခံရ၍ လူနာတင်ကားများဖြင့်ခေါ်ဆောင်ရ

Posted: 19 Apr 2022 09:07 AM PDT

ချောင်းဦး၊ ဧပြီ (၁၉)စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ​မုံရွာ - စစ်ကိုင်းလမ်းပိုင်းပေါ် ယနေ့ မနက်ပိုင်းဖြတ်သန်းလာသည့် အကြမ်းဖက်စစ်ကောင်စီကားကို မြောင် တော်လှန်ရေး အဖွဲ့ (၂) ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ​မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်မှ သိရသည်။"ကားနှစ်စီးအင်အား (၆၀) လောက်ရှိမယ်။ အချိန်ကတော့  ၇ နာရီ မိနစ်၂၀ လောက်မှာပါ။ မိုင်းထောင်ထားတာကတော့ (၂၀) လောက်ရှိမယ်။ အကုန်မဆွဲလိုက်ရဘူး (၅)

ကျောက်ဆည်မြို့နယ်၊ သံရွာရဲစခန်း အီနာဂါဗုံးသီး ၄ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရ

Posted: 19 Apr 2022 09:05 AM PDT

ကျောက်ဆည်၊ ဧပြီ ၁၉၊ ၂၀၂၂။မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ သံရွာနယ်မြေရဲစခန်းကို ဒီကနေ့မနက်အစောပိုင်းက အီနာဂါဗုံးသီး ၄ လုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်- KDDF က ထုတ်ပြန်ပါတယ်။ရဲအင်အား ၃၀ ဝန်းကျင်ရှိတဲ့ အဲ့ဒီသံရွာနယ်မြေရဲ စခန်းကို KDDFနဲ့ ပူးပေါင်းအဖွဲ့တွေက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူထိခိုက်မှုမသိရပေမယ့် ရဲလိုင်းခန်းနေအိမ်တွေ မီးလောင်ပျက်စီးတယ်

ဗိုလ်နဂါး ဦးဆောင်တဲ့ MRDA တပ်နှင့် တိုက်ပွဲမှာ စကစ(၃၀)ကျော် သေပြီးနောက် စစ်အုပ်စု သောင်းကျန်းနေ၊

Posted: 19 Apr 2022 08:59 AM PDT

ပုလဲနယ်ထဲက ရွာတွေကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့စဉ် (အင်တာနက် ဖြတ်တောက်ခံထားရလို့ လတ်တလော မီးရှို့ခံရတဲ့ အိမ်တွေရဲ့ ပုံတွေကို ဖော်ပြနိုင်ခြင်း မရှိသေးပါ။)/Photo – CJပုလဲ သီတင်းရွာထဲ စစ်အုပ်စု ဝင်မွှေကာ အိမ်ခြေ(၂၀၀)ကို မီးရှို့၊ ဒေသခံတစ်ဦးကို ကြိုးတုပ်သတ်ဖြတ်၊ဧပြီ - ၁၉စစ်ကိုင်းတိုင်း ပုလဲမြို့နယ် သီတင်း(အရှေ့)ရွာကို စစ်အုပ်စုက မနေ့က ဧပြီ(၁၈)ရက်မှာ အကြောင်းမဲ့ စီးနင်းဝင်ရောက်ပြီး အိမ်ခြေ(၂၀၀)ခန့်

ပုသိမ်ကြီးမြို့နယ် လျှပ်စစ်မန်နေဂျာ ပါဂျဲရိုးကားနဲ့ အိမ်ပြန်လာချိန် ပစ်သတ်ခံရ

Posted: 19 Apr 2022 08:57 AM PDT

ဓာတ်ပုံ၊ ပေးပို့ ဧပြီ - ၁၉ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်က လျှပ်စစ်မန်‌ဂျာ ဗိုလ်ကြီးဟောင်း ကျော်ရဲအောင်ဟာ နေအိမ်ကို ပါဂျဲရိုးကားနဲ့ ပြန်လာချိန်မှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။ ပုသိမ်ကြီးမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးကျော်ရဲအောင်ဟာ ပုသိမ်ကြီးမြို့နယ် လျှပ်စစ်ရုံးကနေ သူနေထိုင်တဲ့ အောင်မြေသာစံမြို့နယ်၊ မြောက်ပြင်မှာရှိတဲ့ လျှပ်စစ်ဝန်ထမ်းအိမ်ယာကို ပါဂျဲရိုးကားနဲ့ ပြန်လာစဉ် ညနေ (၅)နာရီခွဲခန့်မှာ (၁၉)

ဝါးဘိုးတောရဲကင်းစခန်းဂိတ်တိုက်ခိုက်မှု ရဲ ၆ ဦးသေဆုံးပြီး လက်နက်တွေပါ သိမ်းဆည်းမိ

Posted: 19 Apr 2022 08:55 AM PDT

ဘားအံမြို့နယ်အတွင်းက ဝါးဘိုးတောရဲကင်းစခန်းဂိတ် ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးသွားခဲ့ပြီး လက်နက်တွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မနက် ၈ နာရီဝန်းကျင်အချိန်က ဘားအံ-သထုံကားလမ်းနဲ့ ဘားအံ-ဖာပွန်ကားလမ်း ဝါးဘိုးတောလမ်းဆုံမှာရှိတဲ့ စစ်ကောင်စီရဲကင်းဂိတ်ကို KNLA ပူးပေါင်းအဖွဲ့က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲခြောက်ဦး သေဆုံးသွားခဲ့တာပါ။ဒါ့အပြင်

ကျောက်ဆည်မြို့နယ်မှ သံရွာနယ်​မြေရဲစခန်းကို PDF​လေးဖွဲ့က ရိုင်ဖယ်ဗုံးသီးဖြင့်ပစ်ခတ်တိုက်ခိုက်

Posted: 19 Apr 2022 08:54 AM PDT

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ရှိ သံရွာနယ်မြေရဲစခန်းအား မဟာမိတ်လေးဖွဲ့ပူးပေါင်းကာ အီနာဂါ(ရိုင်ဖယ်ဗုံးသီး)ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ Kyaukse District Defense Force - KDDF က သတင်းထုတ်ပြန်သည်။ယနေ့ (ဧပြီလ ၁၉ရက်) နံနက် ၄ နာရီအချိန်က မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ သံရွာရဲစခန်းအား ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့နှင့်အတူ LPDF(စဥ့်ကိုင်)၊ LPDF(

ရဲစခန်းသိမ်းခံရပြီးလက်နက်များဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီကအင်အားသုံးတိုက်ခိုက်လာ

Posted: 19 Apr 2022 08:52 AM PDT

ဓါတ်ပုံ-ကျင်းနယ်မြေခံရဲစခန်းမှသိမ်းဆည်းရခဲ့သည့် လက်နက်ခဲယမ်းနှင့် အသုံးအဆောင်များထီးလင်း၊ ဧပြီ ၁၉၊ ၂၀၂၂။မကွေးတိုင်း၊ ဂန့်ဂေါ်ခရိုင်၊ ထီးလင်းမြို့နယ်၊ ကျင်းကျေးရွာ နယ်မြေခံရဲစခန်းကို P.D.F-Htilin ကသိမ်းယူပြီး၊ လက်နက်နှင့်ခဲယမ်းမီးကျောက်အများအပြားဆုံးရှုံးခဲ့ရပြီးနောက် စစ်ကောင်စီက အင်အားအများအပြားသုံးကာ တိုက်ခိုက်မှုများကိုပြုလုပ်ခဲ့သည်။စခန်းသိမ်းတိုက်ပွဲကို ဧပြီလ ၁၇ ရက်နေ့၊ နေ့လည်ကစတင်ခဲ့ပြီး

အသံဗုံးပေါက်ကွဲတာကို လာကြည့်တဲ့ ရဲတွေ မိုင်းဆွဲခံရလို့ ၂ဦးသေဆုံးနိုင်ပြီး ၂ဦးဒဏ်ရာရ

Posted: 19 Apr 2022 08:50 AM PDT

ပခုက္ကူ၊ ဧပြီ၁၉၊ ၂၀၂၂။မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုံအနီးမှာ အသံဗုံးပေါက်ကွဲသံကြားပြီး ရောက်လာတဲ့ ရဲတွေကို နောက်ချန်မိုင်းနဲ့ PRG တချက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ရဲ ၂ဦးသေဆုံးနိုင်ပြီး ၂ဦးဒဏ်ရာရတယ်လို့ Young Force UG တာဝန်ခံဆီက သိရပါတယ်။ဒီနေ့ မနက် ၁၀နာရီခွဲလောက်က မှန်ချမမောင်းတဲ့ ကားတွေကို သတိပေးတဲ့ အနေနဲ့ အသံမိုင်းခွဲပြီး သတိပေးခဲ့ချိန်မှာ စစ်ဆေးဖို့ရောက်လာတဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.