သစ္ထူးလြင္ |
- မစ်ရှင်များနှင့်အတူ ပြန်လာပြီဟု DRM Rangers Mandalay အဖွဲ့ ပြော
- ရဲများအနေဖြင့် ပြည်သူကို ဆက်လက်ဒုက္ခပေးနေပါက ရှင်းလင်းသုတ်သင်မည်ဟု မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ် သတိပေး
- တမူး-အောင်ဇေယျလမ်းတွင် စစ်ကောင်စီတပ်ကို တမူး PDF ကနှစ်ကြိမ်တိုက်ခိုက်ရာ စစ်သား ၁၅ဦးသေ
- ထီလင်း PDFက မိုင်းဆွဲလို့ စစ်သား ၂ဦးသေ
- ၂၀၂၂ ဧပြီလ ၂၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
- သာယာဝတီခရိုင် PDF တပ်ရင်းရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်က ၅ ယောက်သေ
- မြိတ်ဘက်မှ ဆင်းလာသည့် စစ်ယာဉ်တန်းကို PDF အဖွဲ့များ မိုင်းဆွဲတိုက်ခိုက်
- ရေးမြို့နယ် ရွာသစ်ကျေးရွာအနီး တံတားကြီးစစ် ဆေးရေးဂိတ် ပစ်ခတ်ခံရ
- ကလေးမြို့၊ ရှေရှင်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်ကြီးထက်အောင်ခိုင်၊ ရဲ ၁ ဦးအပါအဝင် ၂၀ ခန့်သေဆုံးပြီး အလောင်း မကောက်နိုင်ဘဲ ထွက်ပြေး
- စစ်ကြောင်းထိုးလာသော ပျူနှင့်စစ်သားများ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် သေဆုံးနိုင်
- PDF စိုးမိုးနယ်မြေထဲဝင်လာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရပြီး ၅ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရ
- ဘဏ်အစောင့် ၂ ဦးထွက်ပြေးပြီးနောက် မတူပီမြို့တွင် ပြည်သူ ၅ ဦးအဖမ်းခံရ
- တမူးမြို့အနီးတိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းသေဆုံးဟုဆို
- စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ စစ်ရေးတင်းမာနေဆဲ
- ရွာငံမြို့နယ် ပဲရင်းတောင်ကျေးရွာမှ ပြည်သူ (၃)ဦး ထပ်မံသတ်ဖြတ်ခံရ
- ပင်လောင်းမြို့နယ် စစ်ကောင်စီစစ်ဆေးရေးဂိတ် ဝင်ရောက် တိုက်ခိုက်ခံရ
- ခလယ်-တံခွန်တိုင်ရဲစခန်းအနီး တိုက်ပွဲဖြစ်ပွား၍ အရပ်သား ၁ ဦးကျည်ထိမှန်သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိ
- စစ်ကောင်စီတပ်ကို မြို့လှ KPDF စောင့်ကြိုတိုက်ခိုက်သဖြင့် ထိခိုက်ကျဆုံးမှု ရှိနိုင်
မစ်ရှင်များနှင့်အတူ ပြန်လာပြီဟု DRM Rangers Mandalay အဖွဲ့ ပြော Posted: 23 Apr 2022 10:54 AM PDT ဧပြီ - ၂၃ မန္တလေးအခြေစိုက် ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ DRM Rangers Mandalay အဖွဲ့ဟာ မစ်ရှင်တွေနဲ့ ပြန်လာပြီလို့ ထုတ်ပြန်ပါတယ်။ အခြားတော်လှန်ရေးအင်အားစုအဖွဲ့တွေနဲ့အတူ ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်းမှာ မစ်ရှင်တွေ ဆောင်ရွက်နေရင်း Facebook Page ဟာ Report အထုခံရပြီး Unpublished ဖြစ်သွားတာကြောင့် ပြည်သူတွေနဲ့ ဆက်သွယ်ဖို့ နောက်ထပ် Page အသစ် ဖွင့်လှစ်ထားတယ်လို့ အဖွဲ့တာဝန်ရှိသူက MFP ကို ပြောပါတယ်။ " DRM |
Posted: 23 Apr 2022 10:50 AM PDT စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ မုံရွာအမှတ်(၂)ရဲစခန်းနှင့် ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းမှ ရဲများအပါအဝင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူကို ဆက်လက်ဒုက္ခပေးနေမည်ဆိုပါက ရှင်းလင်းသုတ်သင်သွားမည်ဖြစ်ကြောင်း မုံရွာခရိုင် တပ်ရင်း (၂)၊(၃)၊ (၄) (Chindwin Attack Force)က သတိပေးကြေညာသည်။မုံရွာခရိုင် တပ်ရင်း ၂၊ ၃၊ ၄ (Chindwin Attack Force)က ယနေ့ (ဧပြီ ၂၃ ရက်)တွင် ရဲတပ်ဖွဲ့ဝင်များနှင့်ပတ်သက်၍ |
တမူး-အောင်ဇေယျလမ်းတွင် စစ်ကောင်စီတပ်ကို တမူး PDF ကနှစ်ကြိမ်တိုက်ခိုက်ရာ စစ်သား ၁၅ဦးသေ Posted: 23 Apr 2022 10:47 AM PDT (တမူး PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-တမူးPDF)တမူးမြို့ တမူး-အောင်ဇေယျလမ်းပိုင်းတွင်အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ်တန်းကို ယနေ့ နှစ်ကြိမ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း PDF(တမူး) တပ်ရင်း-၁ က ထုတ်ပြန်သည်။ တပ်တွင်း ဖရဲသီးများ၏ သတင်းပေးပို့ချက်အရတမူး-အောင်ဇေယျကားလမ်းပိုင်း၌ စစ်ကောင်စီတပ်ချင်းတာဝန်အချိန်းအပြောင်းပြုလုပ်နေသည့် ယာဉ်တန်းကို ကြားဖြတ်ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဖော်ပြ |
ထီလင်း PDFက မိုင်းဆွဲလို့ စစ်သား ၂ဦးသေ Posted: 23 Apr 2022 10:42 AM PDT ဂန့်ဂေါ ဧပြီ ၂၃ဧပြီ ၂၂ရက်နေ့က ဂန့်ဂေါမြို့နယ် မင်းရွာမှ ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်အုပ်စု ကိုကန်စွန်းထောင့်လမ်းခွဲ တာဝါတိုင်းအနီးတဝိုက်မှာ PEOPLE'S DEFENCE FORCE-HTILIN တပ်ဖွဲ့၀င်များမှနံနက် 11နာရီအချိန်ခန့်တွင် မိုင်းများဖြင့်ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား၂ဦးခန့် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ ဆက်လက်ထွက်ခွါသွားခဲ့ပါတယ်။ လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုဟာ ထီးလင်းမြို့နယ် အကြည်ဝါဘင်းရွာသို့ရောက်ရှိ |
၂၀၂၂ ဧပြီလ ၂၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ Posted: 23 Apr 2022 10:38 AM PDT သတင်းခေါင်းစဉ်များ -📌အကြမ်းဖက် စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်နေအိမ်အပါအဝင် အကြမ်းဖက်စစ်ခေါင်းဆောင်များ မတရားသဖြင့် ရယူပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေများကို NUG ကပြန်သိမ်းယူမယ်ဟုဆို📌PDF များကို အမျိုးသားညီညွတ်ရေးအစိုးရက တစ်ဦးကို ထောက်ပံ့စရိတ် ခြောက်သောင်းကျပ် စတင်ပေးအပ်📌Digital Myanmar Kyat (DMMK) ကို ထုတ်ဝေသွားဖို့ NUG အစိုးရ ပြင်ဆင်📌စစ်ကောင်စီရဲ့လက်အောက်ခံ တပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင်အ |
သာယာဝတီခရိုင် PDF တပ်ရင်းရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်က ၅ ယောက်သေ Posted: 23 Apr 2022 10:34 AM PDT ဧပြီ ၂၃ ၊ ၂၀၂၂ပဲခူးတိုင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ(၃) မှ MRF အဖွဲ့က စစ်ကြောင်းချီလာတဲ့ အကြမ်းဖက် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်လိုက်တာကြောင့် အကြမ်းဖက်စစ်သား ၅ ယောက်သေတယ်လို့ သတင်းထုတ်ပြန် ပါတယ်။နတ်တလင်းမြို့နယ် ဂွေ့ကြီးရွာနဲ့ ကျောက်ပြုတ်ရွာကြားကို စစ်ကြောင်းချီလာတဲ့ အကြမ်းဖက်စစ်တပ်ကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ(၃) မှ MRF အဖွဲ့က ဒီနေ့မနက် ၈ နာရီဝန်းကျင်မှာ မိုင်းဆွဲ |
မြိတ်ဘက်မှ ဆင်းလာသည့် စစ်ယာဉ်တန်းကို PDF အဖွဲ့များ မိုင်းဆွဲတိုက်ခိုက် Posted: 23 Apr 2022 10:24 AM PDT တနင်္သာရီ၊ ဧပြီ ၂၃တနင်္သာရီတိုင်း၊ မြိတ်ဘက်မှ ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကား ၁၂ စီး ယာဉ်တန်းကို ကဒဲရွာနှင့် ပဝတ်ကုန်းရွာ အကြားတွင် ယနေ့ (ဧပြီ လ ၂၃) နံနက်အစောပိုင်းက ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါးစေ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပုလော PDF ထံမှသိရသည်။" မိုင်းဆွဲတိုက်တာ စခ ၁၀ ကောင်သေတယ် ပြီးတော့ အပြန်အလှန်ပစ်က ၁၅ မိနစ်လောက်ကြာတယ် သူတို့ ဆက်ပြီး ရမ်းပစ် |
ရေးမြို့နယ် ရွာသစ်ကျေးရွာအနီး တံတားကြီးစစ် ဆေးရေးဂိတ် ပစ်ခတ်ခံရ Posted: 23 Apr 2022 10:23 AM PDT မွန်၊ ဧပြီ ၂၃မွန်ပြည်နယ်၊ ရေးမြို့နယ် ရွာသစ်ကျေးရွာအနီးရှိ တံတားကြီးစစ်ဆေးရေးဂိတ်ကို ယနေ့ (ဧပြီလ ၂၃) နံနက် ၉ နာရီခန့်တွင် အနီးကပ်သွားရောက် ပစ်ခတ် ခဲ့ကြောင်း မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်းထံမှ သိရသည်။ယင်းပစ်ခတ်မှုဖြစ်စဉ်အပြီး စစ်ကောက်စီဘက်မှ ၂ ဦးသေဆုံးကာ နှစ်ပွင့်နှင့်အရာရှိ ၁ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်ဟု အဆိုပါအဖွဲ့အစည်းမှ တာ၀န်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။"စစ်ဆေးရေးဂိတ်မှာက ၃ |
Posted: 23 Apr 2022 10:20 AM PDT ရန်ကုန်၊ ဧပြီ ၂၃ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ဘက်တွင် ဧပြီလ ၂၂ ရက်နေ့ ဖြစ်ပွားသော ရေရှင်ကျေးရွာအနီး တိုက်ပွဲတွင် အရာရှိ ၃ ဦးအပါအဝင် စစ်သားနှင့် ပျူစောထီး ၂၀ ခန့် သေဆုံးကြောင်း PDF Kalay က သတင်းထုတ်ပြန်သည်။အဆိုပါတိုက်ပွဲတွင် ဗိုလ်ကြီးထက်အောင်ခိုင် အပါအဝင် စစ်သားအများအပြားသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိကြောင်း၊ လက်ရှိအချိန်အထိ သေဆုံးသူ စစ်ဗိုလ်အလောင်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများမ |
စစ်ကြောင်းထိုးလာသော ပျူနှင့်စစ်သားများ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် သေဆုံးနိုင် Posted: 23 Apr 2022 10:18 AM PDT ဓါတ်ပုံ-CDF KKG တပ်ဖွဲ့ဝင်များကလေး၊ ဧပြီ ၂၃ ၊ ၂၀၂၂။ကလေးနယ်တောင်ပိုင်း၊ မြစ်သာမြစ်အရှေ့ဘက်ကမ်းရှိ ရေရှင်ရွာဘက်သို့ ခြေလျင်စစ်ကြောင်းထိုးလာသော စစ်ကောင်စီပျူစောထီးများနှင့် CDF-KKG ပူးပေါင်းအဖွဲ့များ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ကျောက်ပြုတ်ရွာနှင့် အင်းကျွန်းရွာတို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်များဖြစ်ပြီး ဧပြီလ ၂၂ ရက်နေ့ကတက်လာစဉ်တိုက်ပွဲဖြစ်ကာ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးကြောင်း Chinland |
PDF စိုးမိုးနယ်မြေထဲဝင်လာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရပြီး ၅ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရ Posted: 23 Apr 2022 10:16 AM PDT နတ်တလင်း၊ ဧပြီ၂၃၊ ၂၀၂၂။ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ထဲက သာယာဝတီခရိုင် PDF စိုးမိုးနယ်မြေထဲ စစ်ကောင်စီအဖွဲ့ ဝင်ရောက်လာခဲ့လို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ဦးသေဆုံးကာ ၂ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ပဲခူးတိုင်း PDF စစ်ဒေသတာဝန်ရှိသူတဦးဆီက သိရပါတယ်။နတ်တလင်းမြို့နယ် ဂွေ့ကြီးရွာနဲ့ ကျောက်ပြုတ်ရွာကြားကို အင်အား ၃၀နီးပါးနဲ့ ဝင်ရောက်လာတဲ့ စစ်အုပ်စုကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၃ MRF အဖွဲ့က ဒီနေ့ မနက် |
ဘဏ်အစောင့် ၂ ဦးထွက်ပြေးပြီးနောက် မတူပီမြို့တွင် ပြည်သူ ၅ ဦးအဖမ်းခံရ Posted: 23 Apr 2022 10:14 AM PDT မတူပီမြို့ မြန်မာ့စီးပွားရေးဘဏ်စောင့် စစ်သား ၂ ဦးဟာဧပြီလ ၂၁ ညတွင် လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးပြီးနောက် စစ်ေကာင်စီတပ်သားများဟာ မြို့ပေါ်တွင် စစ်ဆေးမှုများ သာမန်ထက် ပိုတင်းကြပ်စွာပြုလုပ်ခဲ့ပါတယ်။ စစ်သား ၂ ဦး ထွက်ပြေးလွတ်မြောက်အောင် ဆက်သွယ်ကူညီပေးခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်များကို ထောက်ပံ့ ပေးခြင်းအစရှိသော စွပ်စွဲချက်များဖြင့် မတူပီ မြို့ပေါ်က ပြည်သူ ၅ ဦးဟာ ဖမ်းဆီးခံလိုက်ရပါတယ်။ ဖမ်းဆီးခံရတဲ့ |
တမူးမြို့အနီးတိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းသေဆုံးဟုဆို Posted: 23 Apr 2022 10:12 AM PDT ယနေ့ (၂၃.၄.၂၀၂၂)ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့) တပ်ရင်း - ၁ ၊ တပ်ရင်း - ၂ ပူးပေါင်း တပ်ဖွဲ့ဝင်များသည် ဖရဲသီးသတင်းအရ တမူး - အောင်ဇေယျကားလမ်းပိုင်း၌ တပ်အချိန်းပြောင်းပြုလုပ်နေသည့် ယာဉ်တန်းအား ကြားဖြတ်ခြုံခိုတိုက်ခိုက်ခဲ့ကြရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မူ့ဖြစ်ပွားခဲ့ပါသည်။ ( ၂:၁၉ )နာရီ မှ ( ၂:၄၀ ) နာရီတွင် တစ်ကြိမ် (၃:၂၂)နာရီ မှ (၃:၅၄) နာရီတွင် တစ်ကြိမ် ထိတွေ့ |
စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ စစ်ရေးတင်းမာနေဆဲ Posted: 23 Apr 2022 10:10 AM PDT ရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲအနီးတစ်ဝိုက်တွေမှာ ဧပြီလ တတိယပတ်အတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။ ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးကျေးရွာမှာဆိုရင် ယမန်နေ့ (ဧပြီ ၂၂ ) ရက်နေ့ကနေ ဒီကနေ့ ( ဧပြီလ ၂၃ ) ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ KA ၊ KNDF တို့ ထိတွေ့ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တာဝန်ရှိသူတစ်ဦးက |
ရွာငံမြို့နယ် ပဲရင်းတောင်ကျေးရွာမှ ပြည်သူ (၃)ဦး ထပ်မံသတ်ဖြတ်ခံရ Posted: 23 Apr 2022 10:09 AM PDT ပုံစာ-စစ်ကောင်စီ သတ်လိုက်သည့် ပြည်သူများပုံ ဧပြီ (၂၃) ရက်သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ပဲရင်းတောင်ကျေးရွာတွင် ယမန်နေ့ (ဧပြီ ၂၂)ရက် မနက်ပိုင်းတွင် ရွာသား (၃) ဦး ကို စစ်ကောင်စီက ထပ်မံသတ်ဖြတ်လိုက်ကြောင်း သတင်းသိရသည်။ယမန်နေ့ မနက်ပိုင်းတွင် ရွာသား(၆) ဦးကို စစ်ကောင်စီကသတ်ဖြတ်ခဲ့ပြီးနောက် အသက်(၅၀)ဝန်းကျင်အရွယ် ရွာသား(၃)ဦးကို ထပ်မံသတ်ဖြတ်လိုက်ကြောင်း သိရသည်။ ထိုသတ်ခံရသူများမှာ ကိုဗထူး ၊ ကိုဖိုး |
ပင်လောင်းမြို့နယ် စစ်ကောင်စီစစ်ဆေးရေးဂိတ် ဝင်ရောက် တိုက်ခိုက်ခံရ Posted: 23 Apr 2022 10:07 AM PDT ဧပြီ ၂၃ရက် သျှမ်းတောင် ပင်လောင်းမြို့နယ်တောင်မဲသင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ဧပြီလ(၅)ရက်တွင် ဖယ်ခုံ PDF တပ်ရင်း(၂)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF) တပ်ရင်း (၃)တို့ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းကြောင်း သိရသည်။အဆိုပါ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား(၅)ဦး သေပြီး လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း ယနေ့ ဧပြီလ(၂၃)ရက် တွင် Pekhon People Defence |
ခလယ်-တံခွန်တိုင်ရဲစခန်းအနီး တိုက်ပွဲဖြစ်ပွား၍ အရပ်သား ၁ ဦးကျည်ထိမှန်သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိ Posted: 23 Apr 2022 10:05 AM PDT ဧပြီ ၂၃ ရက်၊ ၂၀၂၂ခုနှစ်။ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာ ရဲစခန်းအနီးတွင် ယနေ့ ဧပြီလ ၂၃ရက်နေ့ နေ့လည် ၁နာရီဝန်းကျင်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် နယ်မြေခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားပြီး အရပ်သား ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံထံမှ သိရသည်။အဆိုပါ တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီဘက်က ပစ်ခတ်လိုက်သောလက်နက်ကြီးကျည်ကြောင့် ဒေသခံအမျိုးသမီးတစ်ဦး |
စစ်ကောင်စီတပ်ကို မြို့လှ KPDF စောင့်ကြိုတိုက်ခိုက်သဖြင့် ထိခိုက်ကျဆုံးမှု ရှိနိုင် Posted: 23 Apr 2022 10:04 AM PDT April 23,2022ကသာနယ်၊ ချောင်းဝကျေးရွာမှ မင်းကျောင်းကုန်းဖက်သို့ ခြေလျှင်စစ်ကြောင်းဖြင့် တက်လာသည့် စစ်ကောင်စီတပ် ယမန်နေ့ညက တိုက်ခိုက်ခံရကြောင်း သိရသည်။ဧပြီ ၂၂ ရက် ယမန်နေ့ည ၈ နာရီဝန်းကျင် အင်အား ၄၀ ခန့်ပါသည့် စစ်ကောင်စီ ခြေလျှင်စစ်ကြောင်းသည် ချောင်းဝရွာဖက်မှ မင်းကျောင်းကုန်းရွာဖက်သို့ ဦးတည်ထွက်ခွာစဥ် မြို့လှ KPDF တပ်ခွဲ (၁) မှ RPG လက်နက်နှင့် ၇၉ မမ များဖြင့် ပစ်ခတ်ခဲ့ကြောင်း မြို့လှ PDF တပ်မှ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.