သစ္ထူးလြင္ |
- လေယာဉ်ဖြင့် ကြဲချပေးသည့် စစ်ကောင်စီ၏ ရိက္ခာထုပ်များကို KNLA ကြားဖြတ်သိမ်းယူ
- ဗိုလ်စလုံးဦးဆောင်သည့် DKBA အင်အား ၂၀၀ကျော် ဗိုလ်မှူးချုပ်စောနယ်ဒါးမြနှင့် ပေါင်းစည်း
- ကလေးမြို့တောင်ပိုင်း စစ်ကောင်စီတပ် PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် ၁၀ ဦးကျော် သေဆုံး
- ဒု အရာခံဗိုလ်တဦးကို တပ်ရင်း ၃ ခုကြားမှာ PDF က သေနတ်နဲ့ပစ်သတ်
- ရဲစခန်းသို့ ရိက္ခာသွားပို့သည့် ဝမ်ပေါင်ကုမ္ပဏီမှ စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရ
- မန္တလေးရှိ သူရိယဆေးခန်းပိုင်ရှင်ကို စစ်တပ်ကဖမ်းဆီး၊ မိသားစုဝင်များကိုပါ ရိုက်နှက်နှိပ်စက်
- ရွှေဘို-ကျောက်မြောင်းကားလမ်းတွင် စစ်ကားမိုင်းဆွဲခံရပြီး စစ်သား ၈ ဦးထက်မနည်းသေဆုံး၊ စစ်သာများက အနီးရှိ နေအိမ် အချို့ကို မီးရှို့ဖျက်ဆီးပြီး ဆိုင်ကယ် ၃ စီးကို ခိုးယူသွား
- တန့်ဆည်တွင် ကင်းပုန်းဝပ်စခန်းချနေသည့် စကစတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ ထိခိုက်ဒဏ်ရာရ
- မင်းကင်း သံပေါက်ရွာကိူ စစ်ကောင်စီ+ပျူ ပူးပေါင်းအဖွဲ့ မီးရှို့ဖျက်ဆီး၊ ကာကွယ်ရေးတပ်ဖွဲ့များတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ဦးသေ အများအပြားဒဏ်ရာရ
- သထုံ PDF ၏ စစ်ဆေးရေးဂိတ်တွင် ဒုရဲအုပ်တစ်ဦးကို ဖမ်းဆီးရမိ
- ဇရပ်တွင်နားနေသော စစ်ကောင်စီတပ်ကို PDF များကလက်နက်ကြီးဖြင့်တိုက်ခိုက်
- ဇီးပြားရဲစခန်းကို မြိုင်PDF လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်
- မလှိုင်မြို့နယ် တရားရုံး၊ စည်ပင်ရုံးနှင့် ထွေအုပ်ရုံးတို့ ဗုံးထုခံရ
- ဗန်းမောက်မြို့ စကစ စစ်ဆေးရေးဂိတ်ကို စီးနင်းတိုက်ခိုက်၊ စကစ သုံးဦးသေပြီး သေနတ် သုံးလက် သိမ်းပိုက်ရရှိ
- ကရင်နီပြည်နယ်တွင် အတိုင်ပင်ခံကောင်စီ၊ နယ်မြေခံတော်လှန်ရေးအဖွဲ့များနှင့် ညှိနှိုင်းခြင်းမပြုဘဲ ဖွဲ့စည်းထားသည့် အုပ်ချုပ်ရေးအဖွဲ့များကို လက်ခံမည်မဟုတ်ဟု ကရင်နီပြည်အစိုးရ ထုတ်ပြန်
- စော်ဖျားရွာက ဒလန်လို့နာမည်ကြီးသူတစ်ဦးသေနတ်နဲ့ပစ်သတ်ခံရ
- ထားဝယ်-ထီးခီးလမ်းပိုင်းကို ညဘက်သွားလာပါက ပစ်ခတ်ဖမ်းဆီးမယ်လို့ PDF သတိပေး
- မင်းကင်းမြို့နယ်တွင် စကစတပ်နှင့် ပျူစောထီးများ မိုင်းဆွဲတိုက်ခိုက်ခံရ၍ နေရာတွင် (၁၃) ဦးသေဆုံးပြီး အများအပြား ခြေပြတ်လက်ပြတ်ဖြစ်
- မော်လမြိုင်-ရန်ကုန်အဝေးပြေးလမ်းပေါ်တွင် တပ်မ ၄၄ လက်အောက်ခံစစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၊ ၁၀ ဦးသေဆုံးဟုဆို
- ပေါက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီနဲ့ပျူစောထီး ၇ ဦးသေ
- ချောင်းဦးသို့ ထွက်လာသော စစ်အုပ်စုကို တိုက်ခိုက်ရာ စစ်အုပ်စုမှ ၇ဦးသေဆုံး
- စစ်ကောင်စီတပ်မှူး နှစ်ဦးအပါအဝင် လျှပ်စစ်ဝန်ထမ်း ၂၆ ယောက်အား KNDF ဖမ်းဆီး
- ဗဟန်း၊ မဟာစည်သာ့သနာ့ရိပ်သာလမ်းရှိ အကြမ်းဖက်စစ်တပ်အိမ်ယာ ဖောက်ခွဲတိုက်ခိုက်ခံရ
- YDF လက်ရွေးစင်ရဲဘော်များက စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ စစ်သားတစ်ဦးကို အရှင်ဖမ်းမိပြီး လက်နက်ထဲယမ်းများ သိမ်းဆည်းရမိခဲ့
- မြန်မာနိုင်ငံ၏ ထိပ်တန်းခရိုနီ ဦးချစ်ခိုင်ကို စစ်ကောင်စီဖမ်းဆီး၊ ဇေကမ္ဘာဦးခင်ရွှေပြီးလျှင် ခရိုနီတစ်ဦး ဒုတိယမြောက် အဖမ်းခံရခြင်းဖြစ်
လေယာဉ်ဖြင့် ကြဲချပေးသည့် စစ်ကောင်စီ၏ ရိက္ခာထုပ်များကို KNLA ကြားဖြတ်သိမ်းယူ Posted: 26 Apr 2022 07:44 AM PDT Photo_KNLAဧပြီလ ၂၆ ရက်၊ ၂၀၂၂ခုနှစ်။ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၅) နယ်မြေ၊ မူတြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်းရှိ ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရသည့် စစ်ကောင်စီ၏ မယ်ဝေ(မဲဝိုင်) စခန်းကို စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ကြဲချပေးသည့် ရိက္ခာထုပ်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်များမှ ကြားဖြတ်သိမ်းယူနိုင်ခဲ့ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ယမန်နေ့ ဧပြီလ(၂၅) |
ဗိုလ်စလုံးဦးဆောင်သည့် DKBA အင်အား ၂၀၀ကျော် ဗိုလ်မှူးချုပ်စောနယ်ဒါးမြနှင့် ပေါင်းစည်း Posted: 26 Apr 2022 07:43 AM PDT Photo_KNDOဧပြီလ ၂၆ ရက်၊ ၂၀၂၂ခုနှစ်။ လတ်တလော စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် ဗိုလ်စလုံး ဦးဆောင်သည့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်-DKBA တပ်ဖွဲ့ဝင် ၂၀၀ကျော်သည် ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ဦးစီးသည့် ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော်-KNDO အဖွဲ့နှင့် ပေါင်းစည်းလိုက်ကြောင်း သက်ဆိုင်ရာ ခေါင်းဆောင်အသီးသီးက အတည်ပြု ပြောဆို သည်။ဘက်ပြောင်း ပေါင်းစည်းရသည့် အခြေအနေနှင့်ပတ်သက်၍ ဗိုလ်စလုံးက "ကျနော်တို့က |
ကလေးမြို့တောင်ပိုင်း စစ်ကောင်စီတပ် PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် ၁၀ ဦးကျော် သေဆုံး Posted: 26 Apr 2022 07:41 AM PDT 26 April 2022ကလေးမြို့နယ် တောင်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဧပြီလ ၂၄ရက်နှင့် ၂၅ရက်နေ့တွင် PDF (Kalay)၊ CNDF၊ RKDF နှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၁၀ဦးကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း PDF (Kalay)မှ ထုတ်ပြန်ထားသည်။ ၎င်းစစ်ကောင်စီစစ်ကြောင်းသည် ဧပြီလ ၂၄ ရက်နေ့က ကလေးမြို့နယ် တောင်ပိုင်းဘက်သို့ ကား ၆ စီးနှင့် |
ဒု အရာခံဗိုလ်တဦးကို တပ်ရင်း ၃ ခုကြားမှာ PDF က သေနတ်နဲ့ပစ်သတ် Posted: 26 Apr 2022 07:36 AM PDT ပုသိမ်ကြီး၊ ဧပြီ ၂၆၊ ၂၀၂၂။ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ တပ်မ ၃၃ လက်အောက်ခံ ခလရ ၄ က ဒု အရာခံဗိုလ်တဦး ဧပြီလ ၂၆ ရက် ဒီနေ့လည် ၁၂ နာရီလောက်မှာ သေနတ်နဲ့ ပစ်ခံရပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲရွာအနီး ခမရ ၁၁၉ ထဲက ထွက်လာတဲ့ စစ်သားတွေကို ပစ်ခတ်ရှင်းလင်းခဲ့ရာမှာ ဒု အရာဗိုလ်တဦးကို ထိမှန်ခဲ့တာလို့ နတ်ဆိုး မြေအောက် |
ရဲစခန်းသို့ ရိက္ခာသွားပို့သည့် ဝမ်ပေါင်ကုမ္ပဏီမှ စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရ Posted: 26 Apr 2022 07:33 AM PDT ဓာတ်ပုံ - ပုံဟောင်း ဆားလင်းကြီး၊ ဧပြီ (၂၆)စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းသို့ ရိက္ခာလာပို့သည့် အကြမ်းဖက်စစ်တပ်၏ ကား(၂)စီးနှင့်ဆိုင်ကယ် ယနေ့နံနက်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။"ကားက ဝမ်ပေါင်ကြေးနီကုမ္ပဏီကထွက်လာတဲ့ကား (၂) စီး။ ရိက္ခာပို့ဖို့ဆိုပြီး ထွက်လာကြတာလို့သိရတယ်။ ကားတစ်စီးကတော့ အတော်ထိသွားတယ်လို့သိရတယ်။"ဟု ၎င်းက ပြောသည်။အဆိုပါ |
မန္တလေးရှိ သူရိယဆေးခန်းပိုင်ရှင်ကို စစ်တပ်ကဖမ်းဆီး၊ မိသားစုဝင်များကိုပါ ရိုက်နှက်နှိပ်စက် Posted: 26 Apr 2022 07:32 AM PDT ဓာတ်ပုံ- မန္တလေးမြို့ရှိ သူရိယ အထူးကုဆေးခန်းမဟာအောင်မြေ၊ ဧပြီ ၂၆မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် သူရိယဆေးခန်းပိုင်ရှင် ဒေါက်တာအောင်အောင်ထွန်းကို ၎င်းပိုင်ဆိုင်သည့် ဆေးခန်းများတွင် CDM ဆရာဝန်များ လက်ခံသည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်တပ်က ယနေ့နေ့လည်ပိုင်း၌ ဖမ်းဆီးသွားပြီး မိသားစုဝင်အားလုံးကိုလည်း နေအိမ်တွင်ရိုက်နှက်နေကြောင်း နီးစပ်သူများထံကသိရသည်။အသက် ၂၈ နှစ်ခန့်ရှိ ဒေါက်တာအောင်အောင်ထွန်းကို ၃၈လမ်း |
Posted: 26 Apr 2022 07:30 AM PDT ရွှေဘို၊ ဧပြီ ၂၆စစ်ကိုင်းတိုင်း၊ ရွှေဘို-ကျောက်မြောင်းကားလမ်း၊ အုန်းပေါက်ကျေးရွာ အရှေ့ဘက်ခြမ်း၊ မောင်းတပ်ကျေးရွာ လမ်းခွဲအနီး အကြမ်းဖက်စစ်ကောင်စီကား ၁ စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့က ဧပြီလ ၂၅ ရက် ညပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Dhu Wan SBDF ထံမှ သတင်းထုတ်ပြန်သည်။မိုင်းခွဲခံရသော စစ်ကောင်စီတပ်ဖွဲ့သည် အနီးဝန်းကျင်ရှိ လူနေအိမ်အချို့နှင့် ကြက်မွေးမြူရေးခြံများကို |
တန့်ဆည်တွင် ကင်းပုန်းဝပ်စခန်းချနေသည့် စကစတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ ထိခိုက်ဒဏ်ရာရ Posted: 26 Apr 2022 07:28 AM PDT ဧပြီ ၂၆ဧပြီလ ၂၄ ရက်နေ့က တန့်ဆည်မြို့အထွက် လမ်းဆုံ၊ ရွှေဒေါင်းမင်းဆီဆိုင်တွင် ကင်းပုန်းဝပ် စခန်းချနေသော စခ အင်အား ၃၀ ခန့်ကို MDF - Taze Tiger နှင့် မြောက်ပိုင်းမဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း တို့မှ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်သား ၂ဦးသာ ထွက်ပြေးလွတ်မြောက်သွားပြီး စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့ကာ၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်MDF -Taze Tiger ပြည်သူ့ကာကွယ်ရေး |
Posted: 26 Apr 2022 07:26 AM PDT ဧပြီ ၂၆၊ SGGစစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် သံပေါက်ရွာကို ဧပြီလ ၂၅ရက်နေ့ မနက် ၃နာရီအချိန်ခန့်က ကလေးမြို့ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၅၀ကျော်ပါတဲ့ ခလရ-၈၇ စစ်ကြောင်းဝင်ရောက်လာပြီး ချင်းတွင်းမြစ်တဘက်ကမ်းမှ ပျူရွာတွေဖြစ်တဲ့ ပန်းဆက်၊ တောင်ဖြူ မှပျူစောထီးများနဲ့ပူးပေါင်းခဲ့ကာ သာလွန်အင်အားဖြင့် မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ အများအပြားလောင်ကျွမ်းသွားခဲ့တယ်လို့သိရပါတယ်။ကျေးရွာအတွင်း ပိတ်မိနေတဲ့ |
သထုံ PDF ၏ စစ်ဆေးရေးဂိတ်တွင် ဒုရဲအုပ်တစ်ဦးကို ဖမ်းဆီးရမိ Posted: 26 Apr 2022 07:14 AM PDT မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ဆိပ်လေးကေလမ်းတွင် အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံ ဒုရဲအုပ် မင်းမင်းဦးဆိုသူကို ဖမ်းဆီးရမိခဲ့ကြောင်း သထုံ PDF က ယနေ့ဧပြီလ (၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။KNU/KNLA တပ်မဟာ(၁)၊ တပ်ရင်း(၂)လက်အောက်ခံ PDF တပ်ရင်း (၂)၊ တပ်ခွဲ (၁)၏ ထုံးဘိုကြီး၊ ထုံးဘိုလေးရွာကြား စစ်ဆေးရေးဂိတ်တွင် ဧပြီလ (၂၃)ရက်နေ့က စစ်ကောင်စီတပ်သားများ၊ ရဲများ၊ ဒလန်များက ပြည်သူ အယောင်ဆောင်ကာ လှုပ်ရှားမှုများ |
ဇရပ်တွင်နားနေသော စစ်ကောင်စီတပ်ကို PDF များကလက်နက်ကြီးဖြင့်တိုက်ခိုက် Posted: 26 Apr 2022 07:11 AM PDT (နိုင်ငံတစ်ဝန်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF များကအရှိန်မြှင့်တိုက်ခိုက်လာသဖြင့်စစ်ကောင်စီတပ်အထိ့ပိုနာလာသည်။)မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ဇရပ်၌နားနေသောအကြမ်းဖက်စစ်တပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သား ၇ ဦးခန့်သေဆုံးနိုင်ကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။ယမန်နေ့ (ဧပြီလ ၂၅ ရက်နေ့) မွန်းတည့် ၁၂ |
ဇီးပြားရဲစခန်းကို မြိုင်PDF လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက် Posted: 26 Apr 2022 07:09 AM PDT (ဧပြီလဆန်းပိုင်းက ဖလန်ကိုင်းနယ်မြေရဲစခန်းအား မြိုင် Pdf အဖွဲ့များ ခုခံတိုက်ခိုက်ခဲ့စဥ်။ ဓါတ်ပုံ-မြိုင်PDF)မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဇီးပြားရဲစခန်းအား မြိုင်နယ်PDF က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တပ်ရင်း-၁ ကသတင်းထုတ်ပြန်သည်။ယမန်နေ့( ဧပြီလ ၂၅ ရက်နေ့) ညနေ ၆နာရီ ခန့်က မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ဇီးပြားရဲစခန်းအား လက်နက်ကြီး |
မလှိုင်မြို့နယ် တရားရုံး၊ စည်ပင်ရုံးနှင့် ထွေအုပ်ရုံးတို့ ဗုံးထုခံရ Posted: 26 Apr 2022 07:05 AM PDT ဓာတ်ပုံ၊ TTA PDF ဧပြီ - ၂၆ မန္တလေးတိုင်း မလှိုင်မြို့ပေါ်က တရားရုံး၊ စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးတို့ကို ဒီနေ့မွန်းလွဲပိုင်းမှာ ဗုံးထုခံခဲ့ရတယ်လို့ သိရပါတယ်။ မတရားသော ပုဒ်မတွေနဲ့ မတရားသောစီရင်ချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ တရားရုံးကို ၄၀ မမ ဗုံးသီးတစ်လုံး၊ စည်ပင်သာယာရေးနဲ့ အထွေထွေအုပ်ချုပ်ရေးမှုးရုံးကြား ဖွံ့ဖြိုးမှု မဏ္ဍိုင်နဲ့ အုပ်ချုပ်မှု မဏ္ဍိုင် တည့်မတ်စေဖို့ ၄၀မမ ဗုံးသီးတစ်လုံးနဲ့ တိုက်ခိုက် |
ဗန်းမောက်မြို့ စကစ စစ်ဆေးရေးဂိတ်ကို စီးနင်းတိုက်ခိုက်၊ စကစ သုံးဦးသေပြီး သေနတ် သုံးလက် သိမ်းပိုက်ရရှိ Posted: 26 Apr 2022 07:03 AM PDT ဧပြီ - ၂၆စစ်ကိုင်းတိုင်း ဗန်းမောက်မြို့အဝင် စစ်ဆေးရေးဂိတ်ကို ဒီကနေ့ နေ့လယ်ပိုင်းအချိန် အင်းတော် PDF က စီးနင်းတိုက်ခို်ကခဲ့ရာ စကစ သုံးဦးသေပြီး သေနတ် သုံးလိုက် သိမ်းပိုက်ရရှိတယ်လို့ အင်းတော် တော်လှန်ရေးအဖွဲ့ - အင်းတော် IR က သတင်းထုတ်ပြန်ပါတယ်။ဒီကနေ့ ဧပြီ(၂၆)ရက် နေ့လယ်(၂)နာရီက ဗန်းမောက်မြို့ စစ်ဆေးရေးဂိတ်ကို အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - အင်းတော် PDF က ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး |
Posted: 26 Apr 2022 06:58 AM PDT ရန်ကုန်၊ ဧပြီ ၂၆ကရင်နီပြည်နယ်တွင် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ၊ နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းမပြုဘဲ အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းတည်ဆောက်ခြင်းကို လက်ခံသွားမည်မဟုတ်ကြောင်း ကရင်နီပြည်အစိုးရ ဝန်ကြီး ခူးညေးရယ်က ဧပြီလ ၂၆ ရက် ယနေ့ တွင် ထုတ်ပြန်လိုက်သည်။ထုတ်ပြန်ချက်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ဖေဖေါ်ဝါရီလ ၂၂ ရက်၊ ၂၀၂၁ ခုနှစ် ရက်စွဲပါ စာအား ရည်ညွှန်း၍ |
စော်ဖျားရွာက ဒလန်လို့နာမည်ကြီးသူတစ်ဦးသေနတ်နဲ့ပစ်သတ်ခံရ Posted: 26 Apr 2022 06:56 AM PDT တနင်္သာရီတိုင်းမ် ၊ ဧပြီ ၂၅ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာက ဒလန်လို့နာမည်ကြီးသူတစ်ဦးဒီနေ့ညနေပိုင်းက သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေထံကသိရပါတယ်။ ပစ်သတ်ခံခဲ့ရသူဟာ အသက် ၄၀ကျော်အရွယ် ရွာခေါ်အမည် ဦးလား ဆိုသူဖြစ်ပြီး ကင်းရှေ့ရွာနဲ့ မိုးရွှေကုန်းရွာကြားမှာ ဒီနေ့ညနေ ၃ နာရီလောက်က ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ "သေနတ်အသံ ၇ချက်လောက် ကြားပြီးတာနဲ့ နွန်းလားသေတယ်လို့ သိရတာပဲ။ |
ထားဝယ်-ထီးခီးလမ်းပိုင်းကို ညဘက်သွားလာပါက ပစ်ခတ်ဖမ်းဆီးမယ်လို့ PDF သတိပေး Posted: 26 Apr 2022 06:55 AM PDT ဓာတ်ပုံ - DEF-PDFတနင်္သာရီတိုင်းမ်၊ ဧပြီ ၂၆ ထားဝယ်-ထီးခီးလမ်းကို အသုံးပြုမှု ခေတ္တရပ်ဆိုင်းထားဖို့ သတိပေးထားပေမယ့် မလိုက်နာကြတဲ့အတွက် ညဘက်သွားလာတဲ့ ယာဥ်တွေကို ပစ်ခတ်ဖမ်းဆီးမယ်လို့ ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစုက သတိပေးလိုက်ပါတယ်။ ထားဝယ်-ထီးခီးလမ်းကို ဒီနေ့ကစပြီး ည ၆ နာရီကနေ နံနက် ၅ နာရီအထိ လုံးဝဖြတ်သန်းသွားလာတာမပြုလုပ်ဖို့နောက်ဆုံးအကြိမ်သတိပေးတာဖြစ်ပြီး မလိုက်နာဘဲဖြတ်သန်းတဲ့ယာဥ်ကို ပစ်ခတ် |
Posted: 26 Apr 2022 06:51 AM PDT ဧပြီ ၂၆ စစ်ကိုင်းတိုင်း၊ ကလေးမြို့ ဒကစမှဆင်းလာသော စကစကား (၃) စီးအား ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က မင်းကင်းမြို့မှ စကစနှက့် ပျူအင်အား (၇၀) ခန့်တို့မှ အကြိုသွားကြရာ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂)၊ တပ်ခွဲ (၁) မှ ဗျူဟာအရ ကြိုတင်ပြင်ဆင်ထားသော တိုက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ထို့နောက် " စကစကားတန်းအား အကြိုသွားသော စကစနှင့် ပျူအုပ်စုတို့ သင်္ဘော- ကမ်းပြည့် (ကဗျစ်) အ |
Posted: 26 Apr 2022 06:50 AM PDT ဓာတ်ပုံ - ရှေ့တန်းနယ်မြေသို့ထွက်ခွာမည့် စစ်ကောင်စီယာဉ်တန်းကိုတွေ့ရစဉ်။ ပုံဟောင်း။ (Photo: CJ) ဧပြီလ ၂၆ ရက်နေ့ ၊ ၂၀၂၂မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီလက်အောက်ခံ အမှတ် ၄၄ တပ်မ၊ အမှတ်၂၀၇ တပ်ရင်းတပ်ဖွဲ့ဝင်များကို ဧပြီလ၂၅ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာ မော်လမြိုင်-ရန်ကုန်အဝေးပြေးလမ်းမအနီး အင်္ဂဘိုတွင် KNLA၊ ABSDF နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့တာကြောင့် စစ် |
ပေါက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီနဲ့ပျူစောထီး ၇ ဦးသေ Posted: 26 Apr 2022 06:48 AM PDT ဧပြီ ၂၆၊ ၂၀၂၂မကွေးတိုင်း ပေါက်မြို့နယ်၊ ရွှေဘုံသာရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ပခုက္ကူ တော်လှန်ရေးတပ်ဦး (PRF) ၊ Pakokku Generation Z နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပေါက်မြို့နယ် )တို့ ပူးပေါင်းပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူ (၇)ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ပခုက္ကူတော်လှန်ရေးတပ်ဦး (P.R.F)က ပြောပါတယ် ။ဧပြီ ၂၅ ရက်နေ့မှာ ဖြစ်ပွါးခဲ့ |
ချောင်းဦးသို့ ထွက်လာသော စစ်အုပ်စုကို တိုက်ခိုက်ရာ စစ်အုပ်စုမှ ၇ဦးသေဆုံး Posted: 26 Apr 2022 06:44 AM PDT ဧပြီ ၂၆၊ ၂၀၂၂ ခုနှစ်။ကင်မွန်းတော်ရွာ မှ ချောင်းဦးသို့ ထွက်ခွာလာသော အကြမ်းဖက်စစ်သား အင်အား ၄၀ကို ချောင်းဦးPDFက တိုက်ခိုက်ရာ အကြမ်းဖက်စစ်သားနှင့်ပျူစောထီး ၇ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ဧပြီလ ၂၄ရက်နေ့တွင် ထိတွေ့တိုက်ပွဲအတွင်း ချောင်းဦးPDF၏မိုင်းစွဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြခြင်းဖြစ်သည်။အဆိုပါတိုက်ပွဲအတွင်း ချောင်းဦးPDFမှ ရဲဘော်မင်းခန့်ဇော် အသက်ပေးလှူခဲ့ရကြောင်း CHUPDFမှ ဝမ်းနည်း |
စစ်ကောင်စီတပ်မှူး နှစ်ဦးအပါအဝင် လျှပ်စစ်ဝန်ထမ်း ၂၆ ယောက်အား KNDF ဖမ်းဆီး Posted: 26 Apr 2022 05:53 AM PDT မဲခေါင်၊ ဧပြီ ၂၆ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်း၊ လွိုင်ကော်-ဖယ်ခုံလမ်းမအနီးတွင်၊ စစ်မက်ဖြစ်ပွားမှုကြောင့် ပျက်စီးသွားသော လျှပ်စစ်တာဝါတိုင်များကိုပြင်ဆင်ရန်အတွက် အကြမ်းဖက်စစ် ကောင်စီတပ်မှ တပ်မှူးနှစ်ဦးအပါအဝင် ၄င်းတို့၏ လက်ပါးစေဝန်ထမ်းစုစုပေါင်း (၂၆) ဦး စီးနင်းလိုက်ပါသော မော်တော်ယာဥ်တစ်စင်းနှင့်အတူ ဆိုင်ကယ်တစ်စင်း၊ လျှပ်စစ်နှင့်ဆက်စပ်သောသက်သေခံ ပစ္စည်းများ ကို ဧပြီ ၂၁ တွင် |
ဗဟန်း၊ မဟာစည်သာ့သနာ့ရိပ်သာလမ်းရှိ အကြမ်းဖက်စစ်တပ်အိမ်ယာ ဖောက်ခွဲတိုက်ခိုက်ခံရ Posted: 26 Apr 2022 05:51 AM PDT ဧပြီ ၂၅ ရက်ရန်ကုန်၊ ဗဟန်းမြို့နယ်၊ မဟာစည်သာသနာ့ရိပ်သာလမ်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ မိသားစုအိမ်ယာနှင့် လာရောက်ရှာဖွေစစ်ဆေးသော အကြမ်းဖက်စစ်ကောင်စီတပ်အား မြို့ပြပြောက်ကျားအဖွဲ့ Dark Shadow မှ ဖောက်ခွဲတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသည်။ယနေ့ ည ၉:၁၀ နာရီတွင် တစ်ကြိမ်၊ ၉:၃၀ တွင်တစ်ကြိမ် နှင့် ၉:၃၅ တွင်တစ်ကြိမ် ၃ ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ပြည်သူနှင့် ဆန့်ကျင်ဘက်တွင်နေသော |
Posted: 26 Apr 2022 05:47 AM PDT ဧပြီလ ၂၆ ရက်မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်း ဂန့ကောမြို့မှ ထီးလင်းမြို့သို့ စစ်ကြောင်းထားလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ယမန်နေ့ ဧပြီ ၂၅ ရက်၊ မနက် ၇ နာရီဝန်းကျင်က ယောဒေသကာကွယ်ရေးတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၄၅ မိနစ်ခန့်ကြာခဲ့သည်ဟု သိရသည်။တိုက်ပွဲအတွင်း စစ်ကောင်စီမှ သေဆုံးမှုရှိနိုင်ပြီး၊ စစ်ကောင်စီတပ်သား နိုင်လင်းအောင်ကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးခဲ့ကာ၊ MA 3 သေနတ် ၁ လက်၊ MA 3 ကျည် |
Posted: 26 Apr 2022 05:45 AM PDT ဧပြီလ ၂၆ ရက်မြန်မာနိုင်ငံ၏ ထိပ်တန်းခရိုနီတစ်ဦးဖြစ်သည့် ဧဒင်လုပ်ငန်းစုဥက္ကဋ္ဌ ဦးချစ်ခိုင်ကို အာဏာသိမ်း စစ်ကောင်စီက ဧပြိလ ၂၅ ရက်နေ့မှာ ဖမ်းဆီးလိုက်ကြောင်း ဧရာဝတီသတင်းဌာန၏ဖော်ပြချက်အရ သိရသည်။နာမည်ကျော်ထိပ်တန်းစီးပွားရေးသမား ဦးချစ်ခိုင်ကို ဧပြီ ၂၅ ရက် ညနေပိုင်းက နိုင်ငံခြားခရီးစဉ် တစ်ခုမှအပြန် ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး မည်သည့်ကိစ္စဖြင့် ဖမ်းဆီးသည်ကို မသိရကြောင်း ဧရာဝတီသတင်းတွင် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.