သစ္ထူးလြင္ |
- မဟာအောင်မြေ လျှပ်စစ်ရုံး ဗုံးထုခံရမှု ခွေးအစစ်သုံးကောင်သေပြီး သေနတ်နှစ်လက် ပျက်စီးတယ်လို့ စစ်အုပ်စုဆို
- စဉ့်ကူးတွင် သတင်းပေးဆိုသူတစ်ဦး သေနတ်ပစ်ခံရပြီး ပွဲချင်းပြီးသေ
- သရုပ်ဆောင်ခိုင်သင်းကြည်၏ ခင်ပွန်းဖြစ်သူကို အကြမ်းဖက်စစ်ကောင်စီ အဓမ္မဖမ်းဆီးခေါ်ဆောင်
- Star Sapphire group ၏ စစ်တပ်နှင့်ဆက်နွယ်မှုများ / အကြမ်းဖက်စစ်တပ်ထံ ၀င်ငွေနှင့် လက်နက်စီးဆင်းမှုများ ရပ်တန့်ဖို့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် အရေးတကြီးလိုအပ်
- မြိုင်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးစခန်းအား ဒေသတွင်းတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်
- မုံရွာ၊ ဘိုးဘွားရိပ်သာအဝိုင်းပတ်ရှိ စစ်ကောင်စီဂိတ်စခန်းကို မုံရွာပြောက်ကျားအဖွဲ့များ ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၃ ဦးနှင့် ရဲ ၁ ဦးသေဆုံး၊ ဂန့်ဂေါရှိ စစ်ကောင်စီကင်းပုန်း အတိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံး
- စစ်ကိုင်းမှ မုံရွာသို့ ထွက်လာသော စစ်ယာဥ်တန်းများ ပဒေသာမိုင်းထိ၊ အနည်းဆုံး ၂၀ ဦးခန့် သေဆုံး၊ ကားတစ်စီး လုံးဝပျက်စီး
- ထားဝယ်-ထီးခီးလမ်းနှင့် ဆက်စပ်လမ်းများကို ယနေ့မှစ၍ တစ်ပတ်တိတိ အသုံးမပြုရန် မေတ္တာရပ်ခံ
- ပုလောမြို့တွင် စစ်ကောင်စီယာဉ်တန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်၊ လက်ပါးစေ ၁၀ ဦးခန့် သေဆုံးဟုဆို
- ရွှေဘို၊ ကျောက်မြောင်းမြို့နယ်ခွဲရှိ မလား၊ မခေါက်ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး ရွာများကို မီးရှို့နေ
- မြင်းမူနယ်တွင် ပဒေသာမိုင်း(၁၅)လုံး (၂)ကြိမ်ဖောက်ခွဲတိုက်ခိုက်မှုတွင် စစ်ခွေး(၃၅)ဦးနီးပါးသေဆုံး
- ကင်းပုန်းဝပ်နေသည့် အကြမ်းဖက်စစ်ကောင် စီတပ် အလစ်ဝင်တိုက်ခံရသဖြင့် နှစ်ဦးသေ
- ပြည်သူ့လွှတ်တော်အမတ်၏ အကိုဖြစ်သူကို စစ်တပ်ကဖမ်းဆီးပြီးနောက် ယနေ့အလောင်းကို ချောင်းဘေး၌စွန့်ပစ်
- ခရမ်းမြို့ အမှတ်(၉)ရပ်ကွက် စစ်တပ်သတင်းပေး ဒလန်ဆယ်အိမ်မှူး သုမောင် ယနေ့ပစ်သတ်ခံရ
- DRPA ပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲဖြစ်တဲ့ စစ်ကောင်စီတပ်သား ၂၁ ဦးသေဟုဆို
- စစ်ကိုင်းမှမုံရွာသို့ ရိက္ခာပို့ဆောင်ရန်လာသော ကား ၁၃၆ စီး မိုင်းဆွဲခံရပြီး ၁၀ ဦးသေဆုံး
- အောင်ပန်းမြို့ ပန်းပဲလုပ် အိမ်ရှင်ကိုရှာမတွေ့ ဘေးအိမ်မှ အမျိုးသမီးကို စစ်ကောင်စီ မှ ပါးရိုက်သွား/ ရာအိမ်မှူးတစ်ယောက် အဖမ်းခံရ
- မုံးပေါ်တိုက်နယ်အတွင်းရှိ ကျေးရွာအနီး လက်နက်ကြီးကျ
- ဖားအံ အကျဉ်းထောင်တွင် ဆူပူမှုဖြစ်ပွားနေ
- လူငယ်များအား တပ်သားအဖြစ် စုဆောင်းကာ ရှေ့တန်းစစ်မျက်နှာသို့ BGF ပို့ဆောင်နေ
- ဗန်းမောက်မြို့အဝင် စုပေါင်းဂိတ်တိုက်ခိုက်မှု စစ်ကောင်စီတပ် ၃ ဦးသေ
Posted: 27 Apr 2022 10:04 AM PDT ဓာတ်ပုံ - S ဧပြီ - ၂၇ မန္တလေး မဟာအောင်မြေမြို့နယ် လျှပ်စစ်ရုံး ဗုံးထုခံရတာကြောင့် ခွေးအစစ် သုံးကောင် သေဆုံးပြီး သေနတ်နှစ်လက် ပျက်စီးခဲ့တယ်လို့ စစ်အုပ်စုဘက်က သတင်းထုတ်ပြန်ထားပါတယ်။ လူနဲ့ အဆောက်အဦ ထိခိုက်မှုမရှိဘဲ ခွေးအစစ် သုံးကောင် သေပြီး သေနတ်နှစ်လက် ပျက်စီးခဲ့တာလို့ ပြောဆိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဗုံးပေါက်ကွဲပြီးနောက် လျှပ်စစ်ရုံးထဲကို လူနာတင်ယာဉ်တွေ ဝင်သွားတာရှိတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။ |
စဉ့်ကူးတွင် သတင်းပေးဆိုသူတစ်ဦး သေနတ်ပစ်ခံရပြီး ပွဲချင်းပြီးသေ Posted: 27 Apr 2022 10:03 AM PDT ဓာတ်ပုံ၊ ပေးပို့ ဧပြီ - ၂၇မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်မှာ အလှူကပြန်လာသူတစ်ဦးဟာ ဒီမနက်ပိုင်းမှာ သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ ကန်တောင်ကျေးရွာက အသက် (၄၀)နှစ်အရွယ် ဦးမျိုးနိုင် (ခ) ကျွဲကြီး ဆိုသူဟာ ဒီမနက် (၇)နာရီခန့်မှာ ထောက်ကြံ့ပင်ရွာအလှူကနေ ကျေးရွာချင်းဆက်လမ်းအတိုင်း ပြန်လာချိန် သေနတ်နဲ့ ပစ်ခံရတာဖြစ်ပြီး ဗိုက် |
သရုပ်ဆောင်ခိုင်သင်းကြည်၏ ခင်ပွန်းဖြစ်သူကို အကြမ်းဖက်စစ်ကောင်စီ အဓမ္မဖမ်းဆီးခေါ်ဆောင် Posted: 27 Apr 2022 09:55 AM PDT သရုပ်ဆောင် ခိုင်သင်းကြည်၏ ခင်ပွန်းဖြစ်သူ ဦးခန့်နိုင်ကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ညတွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်း၏သမီးဖြစ်သူ စံထိပ်ထားဦး၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။"ဖေဖေ့ကို ခေါ်သွားပါပြီ"ဟု စံထိပ်ထားဦးက ပြီးခဲ့သည့် မိနစ်ပိုင်းတွင် ၎င်း၏ ပေ့ခ်ျ၌ရေးသားထားသည်။ခိုင်သင်းကြည်တို့၏ နေအိမ်ကို ဧည့်စာရင်းအကြောင်းပြကာ လာရောက်စစ်ဆေးခြင်းဖြစ် ကြောင်း ယင်းပို့စ်မတင်မီ စံထိပ်ထားဦးက Live လွှင့် အသိပေး |
Posted: 27 Apr 2022 09:54 AM PDT စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏မိသားစုနှင့်ဆက်နွယ်ပတ်သက်သည့် ခရိုနီစီးပွားရေးလုပ်ငန်းစု Star Sapphire group သည် မြန်မာစစ်တပ်၏ စစ်လက်နက်ဝယ်ယူရေးအတွက် ကြားခံပွဲစားအဖြစ် အဓိကအခန်းကဏ္ဍကပါဝင်ပြီး မြန်မာစစ်တပ်နှင့် ၎င်းတို့၏စီးပွားရေးလုပ်ငန်းစု မြန်မာ့စီးပွားရေးဦးပိုင် လိမိတက် (ဦးပိုင်) တို့နှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။Star Sapphire group ကို ဒေါက်တာထွန်းမင်းလတ်နှင့် ဇနီးဖြစ်သူ |
Posted: 27 Apr 2022 09:51 AM PDT (မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦးမှ ရဲဘော်များအား တွေ့ရစဥ်)မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးစခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး Myaing Villages Revolution Front(MVRF)က သတင်းထုတ်ပြန်သည်။ယမန်နေ့ (ဧပြီ ၂၆ ရက်) ည ၁၀နာရီ ၅၀မိနစ်ခန့်က မြိုင်မြို့နယ်၊ကန်နီကျေးရွာရှိ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများစခန်းချ |
Posted: 27 Apr 2022 09:46 AM PDT ဓါတ်ပုံ - ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များမုံရွာ၊ ဧပြီ ၂၇စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဘိုးဘွားရိပ်သာအဝိုင်းပတ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ စခန်းချသော စစ်ဆေးရေးဂိတ်တခုကို ယနေ့ ဧပြီလ ၂၇ ရက် နံနက် ၁၀ နာရီတွင် မုံရွာမြို့ရှိ ပြောက်ကျားတပ်ဖွဲ့များ၊ ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းဝင်တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးနှင့် ရဲ ၁ ဦး သေဆုံးကာ ဒဏ်ရာရသူများလည်း ရှိကြောင်း Chindwin Attack Force က သတင်း |
Posted: 27 Apr 2022 09:44 AM PDT ဧပြီ ၂၇၊ ၂၀၂၂။စစ်ကိုင်းမှထွက်လာသောစစ်ကောက်စီယာဥ်တန်း နှစ်နေရာတွင်မိုင်းဆွဲတိုက်ခိုက်ခံရစစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှ ထွက်ခွာသွားသော အကြမ်းဖက်စစ်ကောင်စီ၏ ကားအစီးရေ တစ်ရာကျော်ပါဝင်သည့်ယာဥ်တန်းသည် စစ်ကိုင်းမြို့နယ်နှင့် မြင်းမူမြို့နယ်တို့တွင် စတင်တိုက်ခိုက်ခံရပြီး ကားတစ်စီးပျက်စီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။ယနေ့ (ဧပြီလ ၂၇ ရက်နေ့) နံနက်ပိုင်းက တပ်ကားအကြီး၊ အသေး၊ အချုပ်ကား |
ထားဝယ်-ထီးခီးလမ်းနှင့် ဆက်စပ်လမ်းများကို ယနေ့မှစ၍ တစ်ပတ်တိတိ အသုံးမပြုရန် မေတ္တာရပ်ခံ Posted: 27 Apr 2022 09:42 AM PDT ထားဝယ်၊ ဧပြီ (၂၇)တနင်္သာရီတိုင်းအတွင်း လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေးအခြေအနေများကြောင့် ထားဝယ်-ထီးခီးလမ်းနှင့် ဆက်စပ်လမ်းများကို ယနေ့ ညနေ (၆) နာရီမှ မေလ (၄) ရက်နေ့ ညနေ (၆)နာရီအထိ အသုံးမပြုရန် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူကာကွယ်ရေးအဖွဲ့ ထားဝယ်ခရိုင်က ယနေ့ ထုတ်ပြန်သည်။အသုံးမပြုရမည့်လမ်းများမှာ ထားဝယ်-ထီးခီးလမ်းနှင့် ယင်းလမ်းကိုဝင်ရောက်နိုင်သည့် လမ်းခွဲများဖြစ်သည့် ရေနက်ဆိပ်ကမ်း-မေတ္တာလမ်း၊ |
Posted: 27 Apr 2022 09:42 AM PDT ပုလော၊ ဧပြီ ၂၇တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကဒဲရွာနှင့် သင်္ကန်းတောရွာအကြားတွင် ကား ၇ စီးပါရှိသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၀င် ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း ပုလောဒေ သကာကွယ်ရေးတပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ပြော သည်။မြိတ်မြို့ဘက်မှ မြောက်ဘက်သို့ မောင်းနှင်လာသည့် စစ်ကောင်စီယာဉ်တန်းကို ဧပြီလ ၂၆ ရက် ညပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကား ၁ စီး |
Posted: 27 Apr 2022 09:42 AM PDT ကျောက်မြောင်း ၊ ဧပြီ ၂၇ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ်ခွဲရှိ မလား၊မခေါက်ကျေးရွာများကို ယနေ့ ညနေ ၆ နာရီကျော်အချိန် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ကျေးရွာများကို မီးရှို့လျက်ရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ "ရွှေဘိုမှာ စဥ့်အိုး လုပ်တဲ့ရွာ။ ကျောက်မြောင်းမြို့နယ်ခွဲမှာရှိတဲ့ မလားမခေါက်ကျေးရွာကို အခု စစ်တပ်က ရွာတွေမီးရှို့ ၊လက်န |
မြင်းမူနယ်တွင် ပဒေသာမိုင်း(၁၅)လုံး (၂)ကြိမ်ဖောက်ခွဲတိုက်ခိုက်မှုတွင် စစ်ခွေး(၃၅)ဦးနီးပါးသေဆုံး Posted: 27 Apr 2022 09:40 AM PDT "တော်လှန်စစ် ဆင်နွှဲခြင်း"၂၀၂၂ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့တွင် စစ်ဆင်ရေး နှစ်ခု အား မဟာမိတ်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ခွေးသေစာရင်းများကို ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOMZayar Times - ဇေယျာတိုင်း |
ကင်းပုန်းဝပ်နေသည့် အကြမ်းဖက်စစ်ကောင် စီတပ် အလစ်ဝင်တိုက်ခံရသဖြင့် နှစ်ဦးသေ Posted: 27 Apr 2022 09:35 AM PDT ဂန့်ဂေါ၊ ဧပြီ ၂၇ မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ စည်ပင်ရပ်ကွက် ဘုရားသုံးဆူကုန်းဆင်းအနီးတွင် ကင်းပုန်းဝပ်နေသည့် အကြမ်းဖက်စစ် ကောင်စီတပ်သားများကို ဧပြီလ ၂၆ ရက်၊ ည ၉ နာရီအချိန်က ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက အလစ်ဝင်တိုက်ခဲ့သဖြင့် အကြမ်းဖက်စစ် ကောင်စီတပ်သား နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားကြောင်း YDF က တာဝန်ရှိသူတစ်ဦးကပြောသည်။ "မြို့ထဲကိုဝင်လာမယ့်လမ်းတွေမှာ သူတို့ကကင်းပုန်းချထားတာ။ အဲ့ဒါကို ဆီးပြီး ဆော် |
ပြည်သူ့လွှတ်တော်အမတ်၏ အကိုဖြစ်သူကို စစ်တပ်ကဖမ်းဆီးပြီးနောက် ယနေ့အလောင်းကို ချောင်းဘေး၌စွန့်ပစ် Posted: 27 Apr 2022 09:33 AM PDT မန္တလေး၊ ဧပြီ (၂၇)မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ကိုဇော်ဇော်အောင်၏ အကိုဖြစ်သူကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားပြီးနောက် ယနေ့အလောင်းကို လာရောက်စွန့်ပစ်သွားကြောင်း နီးစပ်သူများထံက သိရသည်။ကိုဇော်ဇော်အောင်၏အကို ကိုဖုန်းမြင့်မိုး (ခ) ကိုမိုးကြီးဆိုသူကို ဧပြီလ (၂၅) ရက်နေ့က ဖမ်းဆီးသွားပြီးနောက် ယနေ့ (၂၆) လမ်း သင်္ဂဇာချောင်းအနီး အလောင်းစွန့်ပစ်သွားခြင်း ဖြစ်သည်ဟုဆိုကြသည်။ကို |
ခရမ်းမြို့ အမှတ်(၉)ရပ်ကွက် စစ်တပ်သတင်းပေး ဒလန်ဆယ်အိမ်မှူး သုမောင် ယနေ့ပစ်သတ်ခံရ Posted: 27 Apr 2022 09:28 AM PDT (ဧပြီ ၂၇)ခရမ်းမြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ အကြမ်းဖက်စစ်တပ်သတင်းပေး ဒလန်ဆယ်အိမ်မှူး သုမောင်ဆိုသူကို ယနေ့ ဧပြီလ ၂၇ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က အမည်မသိအဖွဲ့တစ်ခုက သေနတ် ၆ ချက်ပစ်ခတ်ခဲ့ကြောင်း သိရပါသည်။`မနက်က ဒလန်သုမောင်ကို သေနတ် ၆ ချက်ပစ်သွားတယ်၊ သူကဆယ်အိမ်မှူး။ တစ်နေ့က ကျဆုံးသွားတဲ့ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဒလန်လုပ်ပြီး သတင်းပေးဖမ်းခိုင်းတဲ့သူ၊ ခုလိုပစ်ခံရတာနည်းတောင်နည်းသေးတယ်´ ဟု ရပ်ကွက်နေပြည်သူတ |
DRPA ပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲဖြစ်တဲ့ စစ်ကောင်စီတပ်သား ၂၁ ဦးသေဟုဆို Posted: 27 Apr 2022 09:23 AM PDT မင်းကင်း၊ ဧပြီ ၂၇၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ ဧပြီလ ၂၆ရက် မနက် ၈နာရီလောက်ကဒေသခံ PDF တွေနဲ့ထိတွေ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီ ၂၁ ဦးသေဆုံးတယ်လို့ DRPA ကထုတ်ပြန်ထားပါတယ်။အင်အား ၁၅၀ လောက်ပါတဲ့ ခလရ ၈၇ ခြေလျင်စစ်ကြောင်းနဲ့ ဇင်ကလဲကျေးရွာထိပ်မှာ တိုက်ပွဲဖြစ်ရာမှာ လက်နက်ကြီးနဲ့ ၃ ချက်ပစ်ခတ်စဉ် ၈ဦးသေပြီး လက်နက်ငယ်တွေနဲ့ ထပ်ပစ်ရာက ၂၁ ဦးထိ သေဆုံးခဲ့တာလို့ သိရပါတယ်။"၈ ဦးက လက်နက်ကြီးနဲ့ |
စစ်ကိုင်းမှမုံရွာသို့ ရိက္ခာပို့ဆောင်ရန်လာသော ကား ၁၃၆ စီး မိုင်းဆွဲခံရပြီး ၁၀ ဦးသေဆုံး Posted: 27 Apr 2022 09:21 AM PDT စစ်ကိုင်း၊ ဧပြီ ၂၇၊ ၂၀၂၂။စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ရွာနှင့် အလ္လကပ္ပရွာကြားမှာ ရိက္ခာတင်ဆောင်လာသော ကားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ယင်းစစ်ယာဉ်တန်းဟာ စစ်ကိုင်းဘက် မှ မုံရွာဘက်သို့ ဆင်းလာသော ရိက္ခာတင်ဆောင်လာတာဖြစ်ပြီး ကား ၁၃၆ စီး ပါဝင်ကာ ဧပြီလ ၂၇ ရက်နေ့၊ နေ့လည် ၁၂ နာရီခန့်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း People's Army To Fight Dictatorship တာဝန်ခံက မြေလတ်အသံ |
Posted: 27 Apr 2022 09:17 AM PDT ဧပြီလ ၂၇သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှ ပန်းပဲလုပ်ငန်းလုပ်ကိုင်သည့် အမျိုးသားတစ်ဦး နှင့် ၎င်း၏ညီမကို ဖမ်းဆီးရန် စစ်ကောင်စီမှ အကြိမ်ကြိမ်လာရှာသော်လည်း ရှာမတွေ့သဖြင့် ဘေးအိမ်မှ ချောင်းကြည့်သည့် အမျိုးသမီးတစ်ဦးကို ရိုက်နှက်သွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့ ည ၁၀ နာရီကျော် ဝန်းကျင်တွင် အောင်ပန်းမြို့ ရွာငံစု ရပ်ကွက်ရှိ ပန်းပဲလုပ်ငန်း လုပ်ကိုင်သည့် အိမ်ရှင်အမျိုးသားနှင့် ညီမ |
မုံးပေါ်တိုက်နယ်အတွင်းရှိ ကျေးရွာအနီး လက်နက်ကြီးကျ Posted: 27 Apr 2022 09:15 AM PDT ဧပြီ (၂၇) ရက် ၂၀၂၂သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးပေါ်တိုက်နယ်အတွင်းတွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့တို့ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် ကျေးရွာအနီးပတ်ဝန်းကျင် မီးလောင်ကျွမ်း နေကြောင်း သတင်းသိရသည်။ယနေ့ ဧပြီလ ၂၇ ရက် မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်မှ ယခုသတင်းရေးသားနေချိန်အထိ မုံးပေါ်တိုက်နယ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတို့ |
ဖားအံ အကျဉ်းထောင်တွင် ဆူပူမှုဖြစ်ပွားနေ Posted: 27 Apr 2022 09:13 AM PDT ဧပြီလ ၂၇ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်ပြည်နယ် ဖားအံမြို့ တောင်ကလေးအကျဉ်းထောင်တွင် ယနေ့ ဧပြီလ ၂၇ရက်နေ့ ညနေတွင် ဆူပူမှု ဖြစ်ပွားနေသည်ဟု သိရှိရသည်။ ထောင်အာဏာပိုင်၏ လက်ကိုင်တုတ် အကျဥ်းသားတချို့က နိုင်ငံရေးအကျဥ်းသားတစ်ဦးကို ရိုက်နှက်ထိုးကြိတ်ခြင်းကို မကျေနပ်ရာမှ ဆူပူမှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အကျဉ်းထောင်ဝန်ထမ်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ "အခုချိန်ထိကို နိုင်ငံရေးသီချင်းတွေဆို၊ ကြွေးကြော်သံတွေ |
လူငယ်များအား တပ်သားအဖြစ် စုဆောင်းကာ ရှေ့တန်းစစ်မျက်နှာသို့ BGF ပို့ဆောင်နေ Posted: 27 Apr 2022 09:12 AM PDT ဧပြီလ ၂၇ရက်၊ ၂၀၂၂ခုနှစ်။ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF တပ်နယ်(၃) ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုဒေသ၊ ကျေးရွာများအတွင်း နေထိုင် ကြသည့် ဒေသခံလူငယ်များအား ခေါ်ယူဆောင်ကာ စစ်မက်ဖြစ်ပွားရာ ရှေ့တန်း စစ်မြေပြင်သို့ ပို့ဆောင်မှုများ ရှိနေ သည်ဟု ဒေသခံများက ပြောသည်။ပြည်နယ်အတွင်း စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းအဖွဲ့များ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားရာတွင် စစ်ကောင်စီ |
ဗန်းမောက်မြို့အဝင် စုပေါင်းဂိတ်တိုက်ခိုက်မှု စစ်ကောင်စီတပ် ၃ ဦးသေ Posted: 27 Apr 2022 09:10 AM PDT April 27, 2022စစ်ကိုင်းတိုင်း ဗန်းမောက်မြို့အဝင် စစ်ဆေးရေးဂိတ် ဧပြီလ ၂၆ ရက်နေ့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က ၃ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့ကို ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။အဆိုပါဂိတ်တွင် စစ်ကောင်စီတပ်သားများ၊ ရဲ၊ မီးတပ် နှင့် ကျန်းမာရေးဝန်ထမ်းများ ဂိတ်ထိုင်စစ်ဆေးလျက်ရှိပြီး ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီအချိန်တွင် အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.