Wednesday, May 4, 2022

သစ်ထူးလွင်

သစ်ထူးလွင်


စစ်အုပ်စုက ရွှေဘိုနယ်မှာ တနေ့တည်း ရွာသုံးရွာက ဒေသခံပြည်သူ (၁၂)ဦးကို သတ်ဖြတ်

Posted: 03 May 2022 01:25 PM PDT

အကြမ်းဖက် စစ်အုပ်စုက ရွှေဘိုမြို့နယ် ညောင်ပင်သာရွာက ကိုပြည့်ဖြိုးအောင်ကို မိသားစုတွေရှေ့မှာပဲ သတ်ဖြတ်သွားခဲ့တယ်လို့ ဆိုပါတယ်/Photo – Shwebo Daily Newsမေ ၊ ၃စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်က ကျေးရွာတွေကို ဝင်မွှေလုယက် သောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုဟာ မနေ့က တစ်ရက်တည်း ရွှေဘိုမြို့နယ် ညောင်ပင်သာ၊ ဆိပ်ခွန်နှင့် နံသာကျေးရွာတွေက ဒေသခံ အရပ်သား ပြည်သူ (၁၂)ဦးကို ဥပဒေမဲ့ သတ်ဖြတ်သွားတယ်လို့ နီးစပ်သူတွေ

ကလေးမြို့နယ် အရှေ့စည်းရွာကို အကြမ်းဖက် စစ်အုပ်စုက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး

Posted: 03 May 2022 01:24 PM PDT

Photo – Voice Of Kalayမေ- ၃စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းက အိမ်ခြေ(၉၀၀)နီးပါး ရှိတဲ့ အရှေ့စည်းကျေးရွာကို အကြမ်းဖက် စစ်အုပ်စုက ထင်တိုင်းကျဲ မွှေနှောက်ကာ ဖောက်ထွင်းခိုးယူ လုယက်ပြီးနောက် မေ(၁)ရက်မှာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ကလေးမြို့နယ် တောင်ပိုင်းက ရွာတွေထဲ ရွာစဉ်ပတ်မွှေ ခိုးယူလုယက် သောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့

ကောလင်းမြို့နယ်အဝင်တွင် မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးဟုဆို

Posted: 03 May 2022 01:01 PM PDT

ကောလင်း - မေ ၃၊ ၂၀၂၂။ စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်မှ ကောလင်းမြို့နယ်သို့ စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း ယမန်နေ့ မွန်းလွှဲ သုံးနာရီခွဲခန့်က ကောလင်းမြို့နယ်အဝင်‌ တစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသောကြောင့် နှစ်ဦးသေဆုံးသွားကြောင်း သိရသည်။ စစ်သည်အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းသည် မိုင်းဆွဲတိုက်ခိုက်ခံရသော်လည်း ကောလင်းမြို့နယ်အတွင်းသို့ဝင်ရောက်လာကာ ပု

တစ်ရွာဝင်တစ်ရွာထွက် လိုက်လံမီးရှို့နေသော စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် ၁၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရဟုဆို

Posted: 03 May 2022 12:59 PM PDT

ခင်ဦး- ဧပြီ ၃၊ ၂၀၂၂။စစ်သည်အင်အား တစ်ရာခန့်ပါဝင်သော စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း ယမန်နေ့ ညနေပိုင်းက စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အင်းပတ်ရွာအဝင်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးသေဆုံးပြီး ၇ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ရှေ့ထွက်မိုင်းလေးလုံးနှင့် ပဒေသာမိုင်းများအသုံးပြုကာ မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် ကားနှစ်စီးမိုင်းထိမှန်ခဲ့ကြောင်း ခင်ဦးပြည်သူ့

ဆိုင်ကယ်ဖြင့်သွားလာနေသော ယူနီဖောင်းဝတ် စကစတပ်ဖွဲ့ဝင် (၁)ဦးအား KDDF က အနီးကပ်ပစ်ခတ်ရှင်းလင်း

Posted: 03 May 2022 12:58 PM PDT

မေ ၃မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ရဲစုရပ်ကွက်၌ ဆိုင်ကယ်ဖြင့်သွားလာနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့-KDDF မှ အနီးကပ်သုတ်သင်ရှင်းလင်းခဲ့ကြောင်း သိရသည်။" ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ဆိုင်ကယ်ဖြင့်သွားလာနေသော ယူနီဖောင်းဝတ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား ရှင်းလင်းသုတ်သင်ခဲ့သည် " ဟု KDDF ကထုတ်ပြန်သည်။PDF Newsflash

ပေါက်-ပခုက္ကူလမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်အား PDF ကမိုင်းခွဲတိုက်ခိုက်၊ ရဲ(၂) ဦးနှင့် ရဲမေ (၁) ဦးသေဆုံးပြီး (၆) ဦးခြေပြတ်လက်ပြတ်ဖြစ်

Posted: 03 May 2022 12:57 PM PDT

မေ ၃ မကွေးတိုင်းဒေသကြီး၊ ပေါက်-ပခုက္ကူလမ်းမပေါ်တွင် အများပြည်သူအပေါ် ဒုက္ခပေးရန် ရှောင်တခင်စစ်ဆေးရေးဂိတ်အဖြစ် ရေပြာစခန်းမှ စကစတပ်သားများသည် ရွှေပေါင်လောင်ဘုရားအနောက်ဘက်နားတွင် ဖွင့်လှစ်စစ်ဆေးနေစဉ် ကြိုတင်သတင်းပေးချက်များအရ ပေါက် PDF တပ်ရင်း (၄) မှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။" တပ်ရင်း (၄) မှ နည်းပညာရှင်တပ်သားများသည် ဧပြီလ ၄၀ ရက်နေ့မနက်ပိုင်းက ပါဆယ်ချိန်ကိုက်မိုင်းကို လက်ဆောင်အဖြစ် ပေး

မြောင်မြို့နယ်ကျေးရွာတစ်ရွာမှ ထွက်ခွာလာသော စစ်အုပ်စုကို PDFတပ်ဖွဲ့များ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၈ဦး သေဆုံး

Posted: 03 May 2022 12:55 PM PDT

မေ ၃၊ ၂၀၂၂ ခုနှစ်။မြောင်မြို့နယ် ကျေးရွာတစ်ရွာမှ အင်အား၁၀၀ ကျော်ဖြင့်ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်အုပ်စုမှ ၂၈ဦးသေဆုံးကြောင်းထုတ်ပြန်ထားသည်။စစ်ကိုင်း တပ်ရင်း - ၄ MSPDF မှ ဦးဆောင်ကာ ယမန်နေ့ မေလ ၂ရက်နေ့ နံနက် ၇နာရီ ၄၃မိနစ် မှ ၁၀ နာရီ ၄၅အထိ ၃နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။PDFပူးပေါင်းတပ်ဖွဲ့မှ ၄၀မမ ဗုံးသီး ၅လုံးဖြ

နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ကော့မှူးတွင် စစ်တပ်ယာဉ်တန်းကို PDF တိုက်ခိုက်၊ ၃ ပွင့်ဗိုလ်တစ်ဦးအပါအဝင် ၂ ဦးသေ

Posted: 03 May 2022 12:50 PM PDT

မေလ ၃ ရက်ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်း မကျီးကန်-ကျိုက်ထော် လမ်းမပေါ် ရှိ ငှက်အော်စမ်းကျေးရွာအနီးတွင် ယနေ့ ညနေ ၃:၂၅ ဝန်းကျင်က အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို တောင်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။နန်းထိုက်အောင် စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အဆိုပါတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်တပ်မှ ၃ ပွင့်ဗိုလ်တစ်ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာ

ကျောက်ပန်းတောင်းမြို့က ပျူခေါင်းဆောင်ဆိုသူ ဦးနေဝင်း သေနတ်ဖြင့် ခြောက်ချက် အပစ်ခံရ

Posted: 02 May 2022 09:27 AM PDT

သေနတ်နဲ့ ခြောက်ချက်အပစ်ခံရတဲ့ ကျောက်ပန်းတောင်းမြို့က ပျူခေါင်းဆောင်ဆိုသူ ဦးနေဝင်း/Photo – KDFမေ - ၂မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့က ပျူစောထီးခေါင်းဆောင်ဆိုသူ ဦးနေဝင်းကို ဒီကနေ့ မနက်ပိုင်းက သေနတ်ဖြင့် ရှစ်ချက်ပစ်ခတ်ခဲ့ရာ ခြောက်ချက် ထိမှန်ခဲ့ပြီး သေ၊မသေကိုမူ အတိအကျ မသိရသေးဘူးလို့ Kyaukpadaung Defence Force (KDF) က သတင်းထုတ်ပြန်ပါတယ်။ဒီကနေ့ မေ(၂)ရက် မနက်ပိုင်းက ကျောက်ပန်းတောင်းမြို့ စံပြရပ်ကွက်

မင်းကင်းနယ် ပျားသုံးရွာနှင့် ရွှေဘိုနယ် တအုံရွာက ဒေသခံ အရပ်သားပြည်သူ နှစ်ဦးကို စစ်အုပ်စုက သတ်ဖြတ်

Posted: 02 May 2022 09:26 AM PDT

မေ - ၂စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ပျားသုံးရွာက အသက်(၃၀)အရွယ် ကိုစိုးသူနဲ့ ရွှေဘိုနယ် တအုံရွာက ကိုအေးလင်းတို့ကို အကြမ်းဖက် စစ်အုပ်စုက ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။မနေ့ မေလ(၁)ရက်က မင်းကင်းမြို့နယ် ကျော်ရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုဟာ အနီးအနားက ပျားသုံးရွာထဲကို ဝင်မွှေလုယက် သောင်းကျန်းပြီးနောက် အသက်(၃၀)အရွယ် ကိုစိုးသူကို ဖမ်းဆီးကာ ခိုးရာပါ ပစ္စည်းတွေ လိုက်ပို့ခိုင်း

ဒီပဲယင်းနယ်တွင် နေအိမ်များမီးရှို့ဖျက်ဆီးပြီး အရက်ဝိုင်းဖွဲ့သောက်နေသည့် အကြမ်းဖက်စစ်အုပ်စု တိုက်ခိုက်ခံရပြီး ငါးဦးခန့်သေ

Posted: 02 May 2022 09:24 AM PDT

(မီးလောင်ကျွမ်းပျက်စီးပြီးနောက် ယင်းတွေကျေးရွာအတွင်း တွေ့ရစဥ်။ဓာတ်ပုံ - CJ)စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာအား မီးရှို့ဖျက်ဆီးပြီး အရက်ဝိုင်းဖွဲ့သောက်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်အုပ်စုမှ ငါးဦးခန့်သေဆုံးနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ဧပြီ ၂၉ ရက်က ဒီပဲယင်းမြို့မှ

စိုင်ပြင်မြို့သို့ ထွက်လာသည့် စစ်ကောင်စီတပ်ကို စောင့်ကြိုတိုက်ခိုက်ရာ သေဆုံးမှုများပြားကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုပြော

Posted: 02 May 2022 09:23 AM PDT

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှ စိုင်ပြင်မြို့သို့ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားသေဆုံးမှုများပြားကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်သည်။ယနေ့ (မေ ၂ ရက်)နေ့လယ်၂ နာရီခန့်ကစ၍ အင်အား ၅၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံမဟာမိတ်ညီနောင်များမှ လက်ပန်ရွာအနီးအရောက်တွင်ဆွဲမိုင်းတလုံးဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးသည်ဟု ဆိုသည်။

ဒေသကာကွယ်ရေးအဖွဲ့များက ဒီပဲယင်းရဲစခန်းကို ရှော့တိုက်ဒုံး(၁၅)လုံးဖြင့် တိုက်ခိုက်

Posted: 02 May 2022 09:21 AM PDT

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းရဲစခန်းကို ရှော့တိုက်ဒုံး(၁၅)လုံးဖြင့် မေလ(၁)ရက်က တိုက်ခိုက်ခဲ့ကြောင်း KAUNG KIN  တပ်ဖွဲ့ က မတ်လ(၂)ရက်နေ့တွင် ထုတ်ပြန်လာသည်။ယင်းတိုက်ခိုက်မှုကြောင့် ရဲ(၃)ဦးသေကာ တစ်ဦး ပြင်းထန်ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။၎င်း တိုက်ခိုက်မှုကို ဒီပဲယင်းနယ်မြေခံတပ်ဖွဲ့များဖြစ်သည့် ကောင်းကင်၊ ဗိုလ်ဇေယျ၊ စွယ်တော်၊ Zero Fighters နှင့် ဒေသကာကွယ်ရေးတပ်များပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရ

ဒေါပုံတွင် သွေးသောက်အဖွဲ့ ဖွဲ့စည်းသင်တန်းပေးနေသူ ပစ်ခတ်ရှင်းလင်းခံရ

Posted: 02 May 2022 08:51 AM PDT

(ဓာတ်ပုံ-ဒေါပုံတွင် သွေးသောက်အဖွဲ့ ဖွဲ့စည်းသင်တန်းပေးနေသဖြင့် ပစ်ခတ်ရှင်းလင်းခံရ အောင်ဖြိုး(အဖြူဖြင့် ဝိုင်းပြထားသောသူ)ရန်ကုန်၊ မေ ၂ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်း တောင်ပိုင်းတွင် သွေးသောက်အဖွဲ့ ဖွဲ့စည်းကာ သင်တန်းပေးနေသူ ရာအိမ်မှူး အောင်ဖြိုး ကို ယနေ့ မေ ၂ ရက် မနက်ပိုင်းတွင် သုတ်သင်ရှင်းလင်းလိုက်ပြီ ဖြစ်ကြောင်း Soul Takers-Yangon Underground Force အဖွဲ့မှ သိရ

မြောင်မြို့နယ်တွင်း စစ်ကြောင်းထိုးလာသည့် စကစတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အကျအဆုံးများပြား

Posted: 02 May 2022 08:47 AM PDT

ဓာတ်ပုံ- တိုက်ပွဲအပြီး သိမ်းဆည်းရမိသည့် ပစ္စည်းများမြောင်၊ မေ ၂ မြောင်မြို့နယ်၊ ဆွဲလဲအိုးကျေးရွာသို့ မေလ ၂ ရက်၊ နံနက်ပိုင်းက အင်အား ၁၀၀ ကျော်ဖြင့်စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် အ ကျဆုံးများကာ ပြန်လည်ဆုတ်ခွာသွားကြောင်း ဒေသခံတစ်ဦးကဆိုသည်။ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများနှင့် တိုက်ပွဲဖြစ်ပွားချိန် ၂ နာရီကျော်

ကင်မွန်းတော်ရွာက ပျူစောထီးအဖွဲ့၀င်(၁၂)ယောက်ကို တွေ့ရာသင်္ချိုင်း ဓားမစိုင်းအဖွဲ့က သုတ်သင်ရှင်းလင်း

Posted: 02 May 2022 08:45 AM PDT

ဓာတ်ပုံ- အမြင့်တိုက်နယ်သတင်းပြန်ကြားရေးမေ(၂)စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကင်မွန်းတော်ရွာက ပျူစောထီးအဖွဲ့၀င်(၁၂)ယောက်ကို မေလ(၁)ရက်နေ့ မနက်ပိုင်းမှာ တွေ့ရာသင်္ချိုင်းဓါးမဆိုင်းနဲ့ ပူးပေါင်းအဖွဲ့က သုတ်သင်ခဲ့တယ်လို့ သိရပါတယ်။အမြင့်မြို့ဟောင်းကနေ ဈေး၀ယ်ပြီးပြန်လာတဲ့ ပျူစောထီးအဖွဲ့၀င် အမျိုးသမီး(၅)ယောက်နဲ့ အမျိုးသား(၇)ယောက်ကို တွေ့ရာသင်္ချိုင်းဓါးမဆိုင်းပြောက်ကျားတပ်ဖွဲ့ နဲ့ ချောင်းဦးမဟာမိတ်အဖွဲ့

ဒီပဲယင်းရဲစခန်း၊ ဘုတလင်မြို့နယ်နှင့် မင်းဘူး တိုးဂိတ်တို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး

Posted: 02 May 2022 08:41 AM PDT

ရန်ကုန်၊ မေ ၂စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ဒီပဲယင်း ရဲစခန်းကို ယမန်နေ့ မေ ၁  ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် ရှော့တိုက်ဒုန်း ၁၅ လုံးဖြင့် တိုက်ခိုက်ခံရပြီး တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲ သုံးဦး သေကာ တစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်ကြောင်း KAUNG KIN-PDF (ဒီပဲယင်း) မှ သတင်းထုတ်ပြန်သည်။ အဆိုပါ တိုက်ခိုက်မှုကို နယ်မြေခံတပ်ဖွဲ့များဖြစ်သည့် ကောင်းကင်၊ ဗိုလ်ဇေယျ၊စွယ်တော်၊ Zero

လာတိုက်ဖို့ ဖုန်းဆက်ပြီးဆဲဆိုစိန်ခေါ်ခဲ့တဲ့ စစ်သားနဲ့ရဲတွေတိုက်ခိုက်ခံရလို့ ၁ ဦးသေ ၂ ဦးဒဏ်ရာရ

Posted: 02 May 2022 08:25 AM PDT

ထီးလင်း ၊ မေ ၂ ၊ ၂၀၂၂။ထီးလင်မြို့နယ်၊ ရေမျက်နီရဲစခန်းကို ထပ်တိုးရောက်လာတဲ့ စစ်သားတွေက YDF ထီးလင်းထံဖုန်းဆက် ပြီး ပြည်သူ့ရင်ခွင်မခိုလှုံနိုင်ဘူး ကြိုက်တဲ့အချိန်လာတိုက်လှည့်လို့ စိန်ခေါ်ခဲ့တဲ့ စစ်သားနဲ့ရဲတွေ တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရခဲ့ပါတယ်။စစ်ကောင်စီစစ်သား ၁၅ ဦးထပ်တိုးထားပြီး ဖုန်းဆက်စိန်ခေါ်ခဲ့လို့ မေလ ၂ ရက်နေ့ မနက် ၅ နာရီခန့်က ၄ နေရာခွဲ တိုက်ခိုက်ခဲ့တာ လို့ Yaw Defence Force

အိမ်တွေမီးရှို့ပြန်လာတဲ့ စစ်သားတွေ သင်္ချိုင်းကုန်းအရောက်မှာ မိုင်းဆွဲခံရလို့ အသေအဆုံးများနိုင်

Posted: 02 May 2022 08:23 AM PDT

ထီးချိုင့်၊ မေ ၂ ၊ ၂၀၂၂။စစ်ကိုင်းတိုင်းအတွင်း ကျေးရွာအချို့က နေအိမ်တွေကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေ မေလ ၂ ရက် ဒီနေ့ညနေ ၄ နာရီခွဲလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ အင်အား ၁၀၀ နီးပါးပါတဲ့ အဲ့ဒီတပ်သားတွေဟာ ကသာမြို့နယ်၊ အင်းရွာကနေအိမ်တွေကိုမီးရှို့ပြီးပြန်လာချိန် ထီးချိုင်းမြို့နယ်၊ ညောင်ပင်စုနဲ့ ကိုးတဲရွာအကြားရှိ သင်္ချိုင်းကုန်းအရောက်မှာ Special 9-HPDF နဲ့ မဟာမိတ်အဖွဲ့

စစ်ကောင်စီတပ် နှင့် ABSDF ၊ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ ၁၀ ဦးထက်မနည်း သေဆုံး

Posted: 02 May 2022 08:19 AM PDT

May 2,2022ကသာမြို့နယ် မင်္ဂလာသုခရွာတွင် ယနေ့ နံနက် ၇ နာရီ ဝန်းကျင်မှစကာ စစ်ကောင်စီတပ် နှင့် ABSDF ၊ ဒေသခံကာကွယ်ရေး ပူး‌ပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် မှ ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ‌မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။အင်အား ၃၉ ဦး ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သည် မင်္ဂလာသုခရွာ၊ အောင်ရွှေဖြိုး သရက်ခြံ၌ တပ်ထိုင်ထားစဥ် ဗိုလ်သာလိကာ ဦးဆောင်သော ဒေသကာကွယ်ရေးတပ်၊ ABSDF

မူဆယ် ၁၀၅ မိုင်တွင် ပေါက်ကွဲမှုဖြစ် ကားသမား ၃ ဦး ထိခိုက်ဒဏ်ရာရ

Posted: 02 May 2022 08:18 AM PDT

Photo ~ CrdMay 2,2022ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်အောက် မောင်းတံနားရှန်တိန်နေရာတွင် မေလ ၁ ရက်နေ့ နံနက် ၁၀ ရီ ဝန်းကျင်ခန့်တွင် ပေါက်ကွဲမှုဖြစ်ခဲ့တာ‌ကြောင့် ကားသမား ၃ ဦး ထိခိုက် ဒဏ်ရာရကြောင်း ဒေသခံများမှ သိရသည်။"ခေါက်တိုသမား ၂ ယောက် ထိတယ်။ ရှန်တိန်သမား ၁ ယောက်ထိတယ်။ ၃ ယောက်ထိတာပေါ့။ ဒါပေမယ့် အရမ်းစိုးရိမ်စရာမလိုဘူး" ဟု လူမှုကူညီရေးနှင့် နီးစပ်သူ ၁ ဦးကပြောသည်။၁၀၅ မိုင် ကုန်သွယ်ရေးဇုံအနီး

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.