သစ္ထူးလြင္ |
- မင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးသော ပြန်ကြားရေး၏ ဝါဒဖြန့်အက်ပလီကေးရှင်းကို Apple နှင့် Google တို့ ဖယ်ရှား
- ပြည်သူတွေ ပူးပေါင်းပါဝင်မှုမရှိလို့ဆိုပြီး မန္တလေးမြို့ကို စွန့်ခွါကြောင်း ပြောက်ကျားအဖွဲ့တွေ ကြေညာ
- မတူပီမှပြန်လာသော စကစတပ်အား CDF-Mindat မှ ပြောက်ကျားစနစ်ဖြင့်တိုက်ခိုက်ခဲ့ရာ စကစတပ်သား (၇) ဦးသေဆုံး
- ဆားလင်းကြီးတွင် အိမ်စီးကားဖြင့်လာသော အကြမ်းဖက်စစ်သားများ မိုင်းဆွဲခံရပြီး ၁ ဦးသေ၊ ၄၀ မမ ဗုံးသီးများ သိမ်းဆည်းရမိ
- မင်းအောင်လှိုင်ကိုယ်တိုင် ညှိုးငယ်သောမျက်နှာထားဖြင့် တွေ့ဆုံဆွေးနွေးလိုသည်ဟု ကမ်းလမ်းချက်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ တရားဝင်ထပ်မံ ငြင်းဆို
- ဟားခါး - ဖလမ်းကြား တိုက်ပွဲတွင် စစ်ကောင်စီတပ် ၁၈ ဦးကျော်သေဆုံးပြီး၊ CNA/CDF တပ်ဖွဲ့၀င် ၉ ဦး ကျဆုံး
- စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ KIO က မတက်ဟု ထုတ်ပြန်
- ဗထူးတပ်မြို့တွင် ၁၈ နှစ်ပြည့်ထားသည့် တပ်မိသားစုဝင်များ စစ်တပ်ထဲသို့ မဖြစ်မနေဝင်ရ
- သံတောင်စခန်းမှ ရဲ ၂ ဦးအား PDF ပစ်ခတ်ရှင်းလင်း၊ လက်နက်များ သိမ်းမိ
- ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့က Aircraft Bombများ ထုတ်လုပ်နေပြီဖြစ်ပြီး မကြာမီဖြန့်ဝေပေးမည်ဟုထုတ်ပြန်
- အော်ရီဒူးကုမ္ပဏီက ကားနှင့်စက်သုံးဆီ ဂါလံ ၁၅၀ ခန့် ကို ချိုမိုင်မိုင်အဖွဲ့က ဖမ်းဆီး၊ ဖုန်းနှင့်အင်တာနက်လိုင်းပြန်ဖွင့်ပေးလျှင် ပြန်ပေးမည်ဟုဆို
- မန္တလေး တောင်မြင့်ရပ်ကွက်က စကစသတင်းပေးဆိုသူ အမျိုးသားတစ်ဦး ပစ်ခတ်ခံရ
- လက်ပံတောင်းတောင်စီမံကိန်း အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး နှစ်ဦးသေ၊ ၁၅ဦးခန့်ထိခိုက်
- အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီ စစ်ကြောင်း ရှေ့ ထွက်မိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခံရ
- ဘီးလင်း မဲပလီဒေသခံတွေကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်နေ
- ဆားလင်းကြီး ဒေသတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်သားတွေတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံး
- ကလေးမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးပြီး လက်နက်များသိမ်းဆည်းရခဲ့၊ PDF တဦး ကျဆုံး
- စစ်ကောင်စီက ပျဉ်လေးပင်ရွာမှ သားအဖ ၂ ဦးကို လည်ပင်လှီးကာ သတ်သွားခဲ့ဟုဆို
- ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့
- နမ့်ခမ်းမြို့နယ် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း (၃) ဦး ပစ်သတ်ခံရ
- ဒီးမော့ဆိုမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၅) ဦးသေဆုံးကြောင်း KRU ထုတ်ပြန်
- အလော့ဘွမ်အနီးတွင် စစ်ကောင်စီတပ်မှ စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်နေဟု ဒေသခံများပြော
- မြောင်မှာ စစ်ကြောင်းထိုးလာတဲ့ သင်တန်းဆင်းကာစရဲနဲ့စစ်သားများ မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး
- ရွှေဘိုမြို့နယ်မှာ PDF များက ဒရုန်းနှင့်ဗုံးကျဲတိုက်ခိုက် စစ်ကောင်စီတပ်သား ၃၀ သေဆုံးပြီး ဒဏ်ရာရဗိုလ်ကြီးကို ရဟတ်ယာဉ်နဲ့လာခေါ်
Posted: 05 May 2022 10:30 AM PDT ဓာတ်ပုံ - The Global New Light Of Myanmarအကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်လုပ်သည့် အက်ပလီကေးရှင်းကို Apple ၏ App store နှင့် Google ၏ Play store တို့က ဖယ်ရှားလိုက်ကြောင်း Justice for Myanmar က ထုတ်ပြန်သည်။စစ်ရာဇဝတ်မှုများကျူးလွန်နေသူ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ယမန်နေ့က နေပြည်တော် MICC ခန်းမ၌ ၎င်းတို့၏ ဝါဒဖြန့်မိုဘိုင်းအက်ပလီကေးရှင်းကို မိတ်ဆက်ဖွင့်လှစ် ခဲ့ပြီး |
ပြည်သူတွေ ပူးပေါင်းပါဝင်မှုမရှိလို့ဆိုပြီး မန္တလေးမြို့ကို စွန့်ခွါကြောင်း ပြောက်ကျားအဖွဲ့တွေ ကြေညာ Posted: 05 May 2022 10:27 AM PDT မန္တလေးပြောက်ကျားအဖွဲ့တွေရဲ့ မြို့ပေါ်တိုက်ခိုက်မှုတစ်ခု/ ဓာတ်ပုံ - CJ မေ - ၅ မန္တလေးမြို့ခံ ပြည်သူတွေဟာ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်မှု မရှိဘူးလို့ဆိုပြီး မြို့ခံပြောက်ကျားတပ်ဖွဲ့တွေဟာ မန္တလေးမြို့ကို စွန့်ခွါသွားပြီလို့ သူတို့ရဲ့ ဖေ့ဘွတ်ပေ့ချ်တွေကနေ ရေးသားဖော်ပြနေကြပါတယ်။ " ကိုယ့်မထိသရွေ့ တော်လှန်ရေးဟာ ကိုယ်နဲ့မဆိုင်သလိုနေကြတဲ့သူများနေတော့ ကျွန်တော်တို့အဖွဲ့ မြို့ပေါ်ကနေ စွန့်ခွါသွားပါပြီ၊ |
မတူပီမှပြန်လာသော စကစတပ်အား CDF-Mindat မှ ပြောက်ကျားစနစ်ဖြင့်တိုက်ခိုက်ခဲ့ရာ စကစတပ်သား (၇) ဦးသေဆုံး Posted: 05 May 2022 10:24 AM PDT မေ ၅မတူပီမှ မင်းတပ်သို့ပြန်လာသော အကြမ်းဖက်စကစတပ်အား ယမန်နေ့ ညနေ ၃ နာရီခွဲမှစ၍ စကစနှင့် CDF-Mindat တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ၅ နာရီ ၃၁ မိနစ်အချိန်ခန့်တွင် စကစဘက်မှ (၅) ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြကြောင်းနှင့် CDF တပ်ဖွဲ့၀င်များ လုံခြုံဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း CDF-Mindat ကထုတ်ပြန်သည်။သို့သော် ယမန်နေ့က စကစတပ်သား (၅) ဦး သေဆုံးခဲ့သည်ဆိုသည်မှာ ဗျူဟာမှူး သတင်းပေးပို့ချက်အရ |
Posted: 05 May 2022 10:22 AM PDT Photo_ SalingyiGZLocalPDFမေလ ၅ ရက်စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး - ဆားလင်းကြီးလမ်း တနေရာတွင် အိမ်စီးကားဖြင့်လိုက်ပါလာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက်သေ၊ ၂ ယောက် ဒဏ်ရာပြင်းထန်သည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ခုဖြစ်သော Salingyi G-Z Local PDF မှ ယနေ့ သတင်းထုတ်ပြန်သည်။ ယမန်နေ့ မေလ ၄ ရက်နေ့၊ မနက် ၅:၀၀ နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်သား |
Posted: 05 May 2022 10:21 AM PDT မေလ ၅ ရက်မင်းအောင်လှိုင်ကိုယ်တိုင် ညှိုးငယ်သောမျက်နှာထားဖြင့် တွေ့ဆုံဆွေးနွေးလိုသည်ဟု ကမ်းလမ်းချက်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ တရားဝင်ထပ်မံ ငြင်းဆိုထားပြီး "မတရားညှင်းဆဲသတ်ဖြတ်ခြင်းကြောင့် အသက်ဆုံးရှုံးသွားရသည့် လူထုများအတွက် စစ်ကောင်စီမှ ကျူးလွန်သူများအား တာဝန်ယူမှု တာဝန်ခံမှု အပြည့်ဖြင့် ဥပဒေအကြောင်းအရ အရေးယူရန်" အပါအဝင် ပြည်သူတို့၏ ဆန္ဒအားလိုက်နာ၍ ပါဝင်သင့်သော အဖွဲ့အစည်းများ |
ဟားခါး - ဖလမ်းကြား တိုက်ပွဲတွင် စစ်ကောင်စီတပ် ၁၈ ဦးကျော်သေဆုံးပြီး၊ CNA/CDF တပ်ဖွဲ့၀င် ၉ ဦး ကျဆုံး Posted: 05 May 2022 10:19 AM PDT ဓာတ်ပုံ - The Chin Journalမေ ၅ ၊ ၂၀၂၂ ။ယနေ့မေလ ၅ရက် နံနက်ပိုင်း၌ စတင်ဖြစ်ပွားခဲ့သော ဟားခါး-ဖလမ်းအကြား တလန်ဇာရ်ကျေးရွာအနီးတိုက်ပွဲတွင် CNA ရဲဘော် ၅ဦးနှင့် CDF ရဲဘော် ၄ဦး ကျဆုံးခဲ့သည်ဟု ဒေသခံသတင်းအရင်းအမြစ် The Chin Journal ကဖော်ပြထားသည်။အဆိုပါတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီဘက်တွင်လည်း အနည်းဆုံး ၁၈ ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ဟားခါးမှ ဖလမ်းဖက်သို့ ထွက်ခွာသော စစ်ကောင်စီ |
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ KIO က မတက်ဟု ထုတ်ပြန် Posted: 05 May 2022 10:16 AM PDT မေ ၅၊ ၂၀၂၂ ခုနှစ်။အကြမ်းဖက် စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIOက မေလ ၅ရက်နေ့တွင် တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။အကြမ်းဖက်အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဧပြီလ ၂၂ရက်နေ့က ဝါဒဖြန့်မီဒီယာကတစ်ဆင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ပြီး ကိုယ်တိုင်တွေ့ဆုံမည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။မေလ ၂ရက်နေ့ |
ဗထူးတပ်မြို့တွင် ၁၈ နှစ်ပြည့်ထားသည့် တပ်မိသားစုဝင်များ စစ်တပ်ထဲသို့ မဖြစ်မနေဝင်ရ Posted: 05 May 2022 10:12 AM PDT မဲခေါင်၊ မေ ၅ရှမ်းပြည်နယ်တောင်ပိုင်း၊ ဗထူးတပ်မြို့တွင် ၁၈ နှစ်ပြည့်ထားသည့် တပ်မိသားစုဝင်များအနေဖြင့် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တပ်များထဲသို့ မဖြစ်မနေဝင်ရောက်တာဝန်ထမ်းဆောင်နေရကြောင်း စစ်တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။တပ်မြို့အဖြစ်တည်ဆောက်ထားသည့် ဗထူးတပ်မြို့တွင် စစ်တပ်မိသားစုဝင်များသာ အများဆုံးနေထိုင်လျက်ရှိပြီး စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် တစ်နှစ်ကျော်အကြာတွင် ၁၈နှစ်ပြည့် |
သံတောင်စခန်းမှ ရဲ ၂ ဦးအား PDF ပစ်ခတ်ရှင်းလင်း၊ လက်နက်များ သိမ်းမိ Posted: 05 May 2022 10:11 AM PDT မဲခေါင်၊ မေ ၅ကရင်ပြည်နယ်၊ သံတောင်မြို့ ရဲစခန်းမှ ရဲတပ်ကြပ်နှင့်တပ်သား ၂ ဦးအား သံတောင်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ယနေ့နံနက်တွင် ပစ်ခတ်ရှင်းလင်းပြီး လက်နက်များသိမ်းမိသည်ဟု ထုတ်ပြန်သည်။စခန်းမှထွက်လာစဥ် လမ်းတွင်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး တပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦး သေဆုံးခဲ့ပြီး လက်နက်နှင့်ကျည်ဆံများ သိမ်းမိကြောင်း ထုတ်ပြန်သည်။MeKong News - မဲခေါင်သတင်း |
Posted: 05 May 2022 10:09 AM PDT ဓာတ်ပုံ - ပြည်သူ့စစ်သားလက်နက်ထုတ်လုပ်ရေးအဖွဲ့မေလ ၅ ရက်CDM တပ်မတော်သားများဖြင့်ဖွဲ့စည်း၍ လက်နက်များထုတ်လုပ်နေသည့် ပြည်သူ့စစ်သားလက်နက် ထုတ်လုပ်ရေးတပ်ဖွဲ့က Project Falcon ဟုအမည် ပေးထားသည့် Aircraft Bomb များကို အမြောက်အမြားထုတ်လုပ်ပေးနေပြီ ဖြစ်ကြောင်း အဆိုပါအဖွဲ့ကထုတ်ပြန်သည်။ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့အနေဖြင့် Modern Warfare များတွင် အသုံးပြုနေကြသည့် PDFနှင့်မြို့ပြပြောက်ကျားတပ်ဖွဲ့ |
Posted: 05 May 2022 10:07 AM PDT ဓာတ်ပုံ- ချိုမိုင်မိုင် မေလ ၅ ရက်စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း မုံရွာ- ယာကြီး -ကလေးဝလမ်းပေါ် ငါးမိုင်ဂိတ်အနီးတွင် ဆက်သွယ်ရေးအော်ပရေတာ အော်ရီဒူးကုမ္ပဏီပိုင်ကားတစီး ကို ယင်းမာပင်-ကနီမဟာမိတ်တပ်ပေါင်းစု ချိုမိုင်မိုင်အဖွဲ့က ယနေ့ မေလ ၅ ရက်တွင်ဖမ်းဆီးထားကြောင်း ၄င်းအဖွဲ့ကဆို သည်။အဆိုပါကားသည် PDF က ခေတ္တအသုံးမပြုရန်ထုတ်ပြန်ထားသည့် မုံရွာ-ယာကြီး-ကလေးဝလမ်းကို မောင်းနှင်လာသဖြင့် တားဆီးစစ်ဆေးရာ |
မန္တလေး တောင်မြင့်ရပ်ကွက်က စကစသတင်းပေးဆိုသူ အမျိုးသားတစ်ဦး ပစ်ခတ်ခံရ Posted: 04 May 2022 08:08 AM PDT မန္တလေး တောင်မြင့်ရပ်ကွက်က စကစ သတင်းပေး ဆိုသူ ပစ်ခတ်ခံရစဉ်/Photo - ပေးပို့မေ - ၄မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၊ (၅၄)လမ်းနှင့် (၁၁၇)လမ်းထောင့်မှာ ဒီကနေ့ မေ(၄)ရက် မနက်(၉)နာရီကျော်က ဆိုင်ကယ်စီး သွားလာနေတဲ့ အမျိုးသားတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးနိုင်ခြေ ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။သေနတ်နဲ့ ပစ်ခတ်ခံရသူဟာ ပြည်ကြီးတံခွန်မြို့နယ်၊ တောင်မြင့်ရပ်ကွက်နေ |
Posted: 04 May 2022 08:01 AM PDT စစ်ကိုင်းတိုင်းအတွင်း၌ အကြမ်းဖက်စစ်အုပ်စုနှင့် တရုတ် ကုမ္ပဏီတို့ပူးပေါင်းဆောင်ရွက်နေသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသို့ အင်အားဖြည့်တင်းရန်လာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ နှစ်ဦးသေပြီး ၁၅ ဦးခန့်ထိခိုက်ဒဏ်ရာရရှိကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်သည်။တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီမှ လုပ်ဆောင်နေသည့် လက်ပံတောင်းတောင်ကြေးနီးစီမံကိန်းရပ်ဆိုင်းရန် ဆာလင်းကြီး - ယင်းမာပင် |
အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီ စစ်ကြောင်း ရှေ့ ထွက်မိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခံရ Posted: 04 May 2022 07:58 AM PDT မြောင်၊ မေ ၄စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ မင်းတန်းရွာတွင်တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ် သည် မေလ ၄ ရက်၊ နံနက်ပိုင်းက အင်အား ၁၀၀ ကျော်ဖြင့်စစ်ကြောင်းထွက်လာစဉ် အဆင့်မြှင့်တင်ထားသည့် ရှေ့ ထွက်မိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် T G R ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။"သူတို့က သောင်ကြီးရွာဘက်ကိုဦးတည်ပြီး စစ်ကြောင်းထွက်လာတာ။ အထိ |
ဘီးလင်း မဲပလီဒေသခံတွေကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်နေ Posted: 04 May 2022 07:56 AM PDT ဘီးလင်း ၊ မေ (၄)ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ မဲပလီစခန်းက စစ်ကောင်စီ တပ်သားတွေနဲ့ BGF ပူးပေါင်းအဖွဲ့က ဒေသခံရွာသားတွေကို အကြောင်းမဲ့ ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်နေတယ်လို့ မိတ်ဖက်တော်လှန်ရေး တပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ မေ ၂ ရက်နေ့က တောင်ယာလုပ်ကိုင်ရာကနေ ပြန်လာတဲ့ ဘီးလင်းမြို့နယ် မဲပလီရွာသား ၃ ဦးနဲ့ အစူးချောင်းရွာသား ၁ ဦးတို့ကို စစ်ကောင်စီ BGF |
Posted: 04 May 2022 07:53 AM PDT ဆားလင်းကြီး - မေ(၄) ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ဆန်တက်လာတဲ့ စစ်ကောင်စီတပ်သား ပျူစောထီးအယောက်(၅၀)ကျော်နဲ့ ရိက္ခာတွေတင်ဆောင်လာတဲ့ အမြန်ရေယာဉ်တစ်စီးကို ဒီနေ့ မေလ(၄) ရက်နေ့ နေ့လည်ပိုင်းက ဆားလင်းကြီး PDF နဲ့ ဒေသခံ မဟာမိတ်တပ်ပေါင်းစုက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပတ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်အ များအပြားသေ ဆုံးခဲ့တယ်လို့ သိရပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ဆား |
ကလေးမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးပြီး လက်နက်များသိမ်းဆည်းရခဲ့၊ PDF တဦး ကျဆုံး Posted: 04 May 2022 07:50 AM PDT ကလေး၊ မေ ၄၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ ဒေသခံ ချင်းကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၁၀ ဦးသေဆုံးကာ လက်နက် ၄ လက်သိမ်းဆည်းရမိခဲ့တယ်လို့ CDF-KKG တာဝန်ခံဆီက သိရပါတယ်။မေလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၄ ခုနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ ရှားဖိုကျေးရွာမှာ ၂ ရက်တာ တိုက်ပွဲဖြစ်ခဲ့ပြီး အဲ့ဒီမတိုင်ခင်မှာကတည်းက ကလေးမြို့နယ်ထဲက အရှေ့စည်း |
စစ်ကောင်စီက ပျဉ်လေးပင်ရွာမှ သားအဖ ၂ ဦးကို လည်ပင်လှီးကာ သတ်သွားခဲ့ဟုဆို Posted: 04 May 2022 07:49 AM PDT ကသာ၊ မေ ၄ရက်၊ ၂၀၂၂။စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ပျဉ်လေးပင် ကျေးရွာမှ သားအဖ ၂ ဦးကို ယနေ့ မေ ၄ရက် နံနက်ပိုင်းအချိန်တွင် စစ်ကောင်စီတပ်သားများက လည်ပင်းလှီးကာ သတ်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။အသတ်ခံရသူများမှာ အဖဖြစ်သူ ဦးအောင်နိုင်နှင့် သားဖြစ်သူ ကိုမင်းဇော်ဟိန်းတို့ ဖြစ်ပြီး စစ်ကောင်စီတပ်သားများက ဆိုင်ကယ် ၄စီးဖြင့် လာရောက်ကာ နေအိမ်အတွင်းမှာပင် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသံအမျိုးသမီးတစ်ဦးက |
ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ Posted: 04 May 2022 07:48 AM PDT ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဟားခါး-ဖလမ်းကားလမ်းပေါ်ရှိ ရမ်ထလိုကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက ယနေ့ မေ ၄ ရက်နေ့တွင် လူနေအိမ်တွေကို မီးရှို့နေကြတယ်လို့သတင်းရရှိပါတယ်။ နေ့လည်ပိုင်းအထိ လူနေအိမ် ၉ လုံးမီးရှို့ခံရပြီလို့သိရတယ်။ ဒီမနက်ပိုင်းက ဒုတ်ထစ်ရွာနဲ့ ရမ်ထလိုရွာကြားမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ မေ ၂ ရက်နေ့က ဟားခါးမြို့က |
နမ့်ခမ်းမြို့နယ် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း (၃) ဦး ပစ်သတ်ခံရ Posted: 04 May 2022 07:45 AM PDT ပုံစာ- စကစ ၀န်ထမ်း(၃)ဦး ပစ်သတ်ခံရသည့်နေရာမေ (၄)ရက် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ငွန်အင်ကျေးရွာတွင် အမည်မသိလက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့က စစ်ဆေးရေးဂိတ်တွင် စောင့်နေသည့် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း (၃) ဦး ကို လာရောက်ပစ်ခတ်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ယမန်နေ့ မေလ (၃) ရက် ငွန်အင်ကျေးရွာ အနီးတွင် ည (၈) နာရီကျော်က သစ်တောဝန်ထမ်းများ၊ မူးယစ်ဆိုင်ရာရဲဝန်ထမ်းများ ရှိနေစဉ် လာရောက် |
ဒီးမော့ဆိုမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၅) ဦးသေဆုံးကြောင်း KRU ထုတ်ပြန် Posted: 04 May 2022 07:43 AM PDT မေ (၄) ရက် ၂၀၂၂ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့အပြီး ဧပြီ (၃၀) ရက်နေ့က KRU နဲ့ စစ်ကောင်စီ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၅) ဦး ကျဆုံးခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၅) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ အနည်းဆုံး (၁၀) ဦး ရှိခဲ့တယ်လို့ ယနေ့ မေ (၄) ရက်မှာ KRU ထုတ်ပြန်ခဲ့ပါတယ်။ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) နှင့် အတူ |
အလော့ဘွမ်အနီးတွင် စစ်ကောင်စီတပ်မှ စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်နေဟု ဒေသခံများပြော Posted: 04 May 2022 07:42 AM PDT May 4, 2022ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ် နယ်မြေ အလော့ဘွမ်အနီးရှိ ရှန်ထုန်းဘွမ့်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များသည် စခန်းတွင်း စစ်ရေးအတွက် အရေးပါသော ဆောက်လုပ်ရေးလုပ်ငန်းများ ပြုလုပ်နေကြောင်း ဒေသခံများ ပြောသည်။ပြီးခဲ့သည့် ဧပြီလမှ စတင်ကာ ရှန်ထုန်းဘွမ့် (Shang Htung Bum) စစ်ကောင်စီ တပ်စခန်းသို့ ဘက်ဖိုး တစ်စီး၊ ဘိလပ်မြေတင် ကားကြီး ၂ စီး၊ ဆီကားတစ်စီးဖြင့် ထွက် |
မြောင်မှာ စစ်ကြောင်းထိုးလာတဲ့ သင်တန်းဆင်းကာစရဲနဲ့စစ်သားများ မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး Posted: 04 May 2022 07:40 AM PDT မြောင် ၊ မေ ၄ ၊ ၂၀၂၂။မြောင်မြို့နယ်အတွင်း လက်နက်ခဲရမ်းများ သယ်ဆောင်လာသော ရဲတပ်သားနှင့်စစ်သားတွေကို MRA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ၂ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။မေလ ၃ ရက်နေ့က ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ကျောက်ဖူးကုန်းရွာ နှင့် အညွန့်ရွာ ကြားမှာ မိုင်းဆွဲတိုက်ခဲ့တာလို့ Myaung Revolution Army တာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။"ကျနော်တို့ MRA ဌာနချုပ်စခန်းဝင်စီးသွားတဲ့ |
Posted: 04 May 2022 07:39 AM PDT ပုံစာအညွှန်း-စစ်ကောင်စီတပ်သားများ ကျန်ရစ်ခဲ့သည့် စစ်ဖက်အသုံးအဆောင်များရွှေဘို ၊ မေ ၄ ၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မှာ PDF များက ဒရုန်းနှင့်ဗုံးကျဲတာ၊ မြေပြင်မှာ မိုင်းဆွဲတိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီတပ်သား ၃၀ သေဆုံးပြီး ဒဏ်ရာတဲ့ရဗိုလ်ကြီးကို ရဟတ်ယာဉ်နဲ့လာခေါ်သွားကြောင်း သိရသည်။ရွှေဘိုမြို့နယ်ထဲက မြောက်ဘက်ခြမ်း၊ ညောင်ပင်ရွာ၊ တပင်ကောင်းကြားရွာတွေက နေအိမ်တွေကိုမီးရှို့ပြီးစစ်ကြောင်း |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.