Saturday, May 7, 2022

သစ်ထူးလွင်

သစ်ထူးလွင်


AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ကောင်စီတိုင်းမှူး ထင်လတ်ဦးကို သတိပေး

Posted: 06 May 2022 07:36 AM PDT

မေ ၆ ရက်ရက္ခိုင့်တပ်တော်AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ထင်လတ်ဦးကို လူမှုကွန်ရက် Twitter မှတစ်ဆင့် သတိပေးလိုက်ပြီး ငြိမ်းချမ်းရေး ဂရုစိုက်မည်မဟုတ်ဘဲ တိုင်းမှူးနေရာအထိ တိုက်ခိုက်မည်ဟု ပြောဆိုလိုက်သည်။ "ကိုထင်လတ်ဦးသိပ်လျှောက်မလုပ်နဲ့အာရုံနောက်နေပြီ ငြိမ်းချမ်းရေးဘာညာသောက်ဂရုစိုက်နေမှာမဟုတ်ဘူး။ မင်းနေတဲ့နေရာထိတက်ကြိတ်ပလိုက်မှာနော်" ဟု AA စစ်ဦးစီး

စစ်ကောင်စီက ဖမ်းဆီးသွားသောအမျိုးသားကို သေဆုံးလျက်ပြန်တွေ့

Posted: 06 May 2022 07:31 AM PDT

အရာတော် - မေ ၆၊ ၂၀၂၂။ စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသောအမျိုးသားတစ်ဦးကို မေ ၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က မြင်းမူမြို့နယ်တွင် လည်ပင်းဓားဒဏ်ရာဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။  ညောင်ပင်ရွာတွင် နေထိုင်သည့် အသက် ၇၀ နှစ်ခန့်အရွယ်ရှိ ဦးကြည်ဝင်းဆိုသူကို မြင်းမူမြို့နယ်ရှိ ဘဒတ်ထိုင်းကျေးရွာအနီး နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့သည်ဟု Monywa Fighter Group မှ

သကျက်တောရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်

Posted: 06 May 2022 07:29 AM PDT

တနင်္သာရီတိုင်းမ် ၊ မေ ၆ လောင်းလုံးမြို့နယ်၊ သကျက်တောနယ်မြေရဲစခန်းကို မနေ့ညက ပြည်သူ့ကာကွယ်ရေးတပ်တွေဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။ ည ၉နာရီခွဲဝန်းကျင်လောက်ကနေ နှစ်ဖက်လက်နက်ကြီး လက်နက်ငယ်တွေပစ်ခတ်နေကြပြီး မနက် ၃နာရီခွဲလောက်အထိပစ်ခတ်သံတွေကြားရတယ်လို့ဆိုပါတယ်။ "PDF တွေက သွေးသစ္စာသီချင်းတွေ၊ စစ်အာဏာရှင်ဆန့်ကျင်တဲ့ကြွေးကြော်သံတွေအော်ပြီး ပစ်တာ။ လက်နက်ကြီးသံတွေလည်းကြားတယ် တစ်ရွာလုံး

ဝမ်းတွင်း၌ လျှပ်စစ်ဝန်ထမ်းအိမ်ယာကို ဗုံးထုခံရ

Posted: 06 May 2022 07:25 AM PDT

မေ - ၆ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်က လျှပ်စစ်ဝန်ထမ်း အိမ်ယာကို ဒီနေ့ မနက်ပိုင်းမှာ ဗုံးထုခံခဲ့ရတယ်လို့ ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု(WTRF)က သတင်းထုတ်ပြန်ပါတယ်။ မေလ (၆)ရက် မနက် လေးနာရီမထိုးခင်အချိန်မှာ ဗုံးထုဖောက်ခွဲခံရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ ပြည်သူလူထုအပေါ် အနိုင်ကျင့်၊ ဗိုလ်ကျ၊ အကြမ်းဖက် မီးရှို့နေတဲ့ စစ်အုပ်စုလက်ပါးစေ လျှပ်စစ်ဝန်ထမ်းတွေကိုနောက်ဆုံးအကြိမ် သတိပေးခြင်းလည်း ဖြစ်တယ်

မြိုင်တွင် ​လေးရက်ဆက်တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်၁၂ဦး​ခန့်သေဟု မြိုင်မြို့နယ်ကျေးရွာများတော်လှန် ရေးတပ်ဦး​ပြော

Posted: 06 May 2022 07:23 AM PDT

မကွေးတိုင်း၊မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်တပ်နှင့် လေးရက်ဆက်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၂ဦးခန့် သေဆုံးကြောင်း မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး MVRF က ယနေ့(မေ ၆ ရက်) ထုတ်ပြန်သည်။ယခုလ  ၁ရက်ကစ၍ မြိုင်မြို့နယ်တောင်ပိုင်းမှတစ်ဆင့် ဝင်ရောက်လာသော အင်အား ၇၀ခန့်ပါ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုပြောက်ကျားခြုံခိုစနစ်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။"မေ ၁ ရက်ကစလို့ တစ်ရက်

အင်းပတ်ကွေ့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို KSOအဖွဲ့ ပဒေသာမိုင်းဖြင့် သုံးကြိမ်ဖောက်ခွဲတိုက်ခိုက်

Posted: 06 May 2022 07:19 AM PDT

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အင်းပတ်ကွေ့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်အား ပဒေသာမိုင်းဖြင့် သုံးကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Khin U Support Organization-KSO အဖွဲ့က ပြောသည်။ယနေ့(မေလ ၆ ရက်) နံနက် ၈နာရီမိနစ်၅၀ခန့်က ခင်ဦးမြို့နယ် အင်းပတ်ကွေ့ရှိ စစ်ဆေးရေးဂိတ်အသွင် ရောက်လာသော အင်အား၃၀ခန့်ပါ အကြမ်းဖက်စစ်အုပ်စုအား ပဒေသာမိုင်းသုံးကြိမ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KSO အဖွဲ့က

မင်းကင်း၊ ကနီနယ်အား အလုံးစုံနယ်မြေစိုးမိုးရန် စခန်းတစ်ခုသာကျန်တော့ဟုဆို

Posted: 06 May 2022 07:12 AM PDT

● အပြင်ထွက်တိုင်း ပစ်ခံရ၍ ကနီ၊ ဝင်မနားရဲစခန်းမှ ရဲနှင့်စစ်သားများ စခန်းစွန့်ထွက်ပြေးကနီ၊ မေ (၆)စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ဝင်မနားရဲစခန်းကသိမ်းဆည်းထားသည့် ပြည်သူ့ပစ္စည်းများကို  MDF နှင့် KPDF(ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)တို့က ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး စခန်းကိုမီးရှိုဖျက်ဆီးခဲ့သည်ဟု ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ခဲ့သည်။ထိုစခန်း၌ ရဲနှင့် စစ်တပ်အင်အား (၃၀) ဝန်းကျင်ရှိပြီး မေလ (၄) ရက်နေ့က ဘုတလင်

မုဒုံမြို့ မြို့မ ၄ ရပ်ကွက်ရုံးကို အဝေးထိန်းမိုင်းနှစ်လုံးဖြင့်ဖောက်ခွဲ

Posted: 06 May 2022 07:09 AM PDT

 မွန်ပြည်နယ် ၊ မုဒုံမြို့ ၊ မြို့မ ၄ ရပ်ကွက် ရုံးကို မေလ ၆ ရက်နံနက်ပိုင်းတွင် အဝေထိန်းမိုင်းနှစ်လုံးအသုံးပြုကာ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO တာ၀န် ရှိသူကပြောသည်။အဆိုပါတိုက်ခိုက်မှုသည် မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်းအနေဖြင့် မုဒုံမြို့နယ်တွင် ပထမဦးဆုံး လှုပ်ရှားခဲ့သည့် စစ်ဆင်ရေးဖြစ်ပြီး ရပ်ကွက်ရုံးအတွင်းရှိ လူတစ်ဦးကို ထိခိုက်စေခဲ့သည်ဟု ၎င်းကပြောသည်

ရိက္ခာထွက်ရှာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး

Posted: 06 May 2022 07:05 AM PDT

ပုလဲ၊ မေ ၆၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ တပ်သားတွေကို မေလ ၆ ရက် ဒီကနေ့ မနက် ၉ နာရီခန့်က ရိက္ခာရှာထွက်စဥ် ဒေသခံကာကွယ်ရေးတပ်တွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုခံခဲ့ရတာကြောင့် တပ်သား ၂ သေဆုံးခဲ့ပါတယ်။ အင်ပင်ထီးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအင်အား ၂၀ လောက် ထွက်လာတာကို အတွင်းသတင်းရပြီး သာယာကုန်းကျေးရွာဖက်ကနေ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။"သူတို့

စစ်ကောင်စီက ရေဦးမြို့နယ် နှောကုန်းကျေးရွာကို မီးရှို့ပြီး အမျိုးသမီး ၁ဦးကို ပစ်သတ်သွား

Posted: 06 May 2022 07:03 AM PDT

ရေဦး၊ မေ ၆၊ ၂၀၂၂။စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ နှောကုန်း ကျေးရွာကို ယနေ့ မေ ၆ရက် နံနက် ၁၀နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်သားများက ဝင်ရောက် လာပြီး မီးရှို့သွားခဲ့သည်ဟု ဒေသခံများက ပြော သည်။စစ်ကောင်စီတပ်သား များက အိမ်ခြေ ၆၀၀ခန့်ရှိသည့် နှောကုန်းကျေးရွာသို့ ဝင်ရောက်လာပြီး ရွာလယ်မှာရှိသည့် လူနေအိမ် ၆ ဆောင်ကို မီးရှို့ ကာ အသက် ၂၀ကျော်အရွယ်ရှိသည့် အမျိုးသမီး တစ်ဦးကိုလည်း ပစ်သတ်သွားသည်ဟု နှောကုန်

ချင်းတွင်းမြစ်ရိုးတစ်လျှောက် စစ်တပ်ရိက္ခာသယ်ရေ ယာဉ် ၃ စီးကို ဖမ်းဆီးရ

Posted: 06 May 2022 06:59 AM PDT

 မေ ၆ရက်စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ရိုးတစ်လျှောက်တွင် စစ်တပ်ရိက္ခာသယ်ဆောင်လာသည့် ရေယာဉ် ၃ စီးကို ဖမ်းဆီးပြီး ရိက္ခာအားလုံး သိမ်းဆည်းလိုက်ကြောင်း နဂါး ညီနောင်အထူးတပ်ဖွဲ့ (DBTF)က သတင်းထုတ်ပြန်ထားသည်။SHAN News (Burmese Version) 

ခင်ဦးတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ၍ ၁၉ ဦးသေဆုံး

Posted: 06 May 2022 06:56 AM PDT

May 6,2022စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ တပ်သား ၁၉ ဦးသေဆုံးပြီး ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း Khin U spupport Organization -KSO မှ သိရသည်။စစ်ကောင်စီ တပ်သား အင်အား ၃၀ ခန့်သည် ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် ရွာသစ်ကုန်း လမ်းဘက်မှ ထွက်လာပြီး ရေဦး -ရွှေဘို လမ်းဆုံနေရာတွင် စစ်ဆေးရေးပြုလုပ်ရန် စစ်ကြောင်းချီတက်လာစဥ်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.