သစ္ထူးလြင္ |
- ဘုန်းကြီးကျောင်းမှာ စခန်းချတဲ့စစ်တပ်က တပ်ပြန်ဆုတ်ပြီး မိုင်းထောင်ထားခဲ့
- ရွှေဘိုမှာ ထန်းရည်သောက်နေတဲ့ ဒလံ၂ယောက် သေနတ်နဲ့ ပစ်သတ်ခံရ
- အင်ပင်ထီးကျေးရွာတွင် စခန်းချထားသော ပျူစောထီးနှင့် အကြမ်းဖက်စစ် ကောင်စီတပ်သားများကို တာဝေးပစ်ရှော့တိုက်ဒုံး ၃၂ လုံးနှင့် ပစ်ခတ်တိုက်ခိုက်
- မြလိပ်တောင်တွင် မန္တလေးသပိတ်အဖွဲ့ဝင်များအဖမ်းခံရဟု စစ်ကောင်စီသတင်းမှားဖြန့်
- ခင်ဦးတွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရကာ စစ်သား ၅ ဦးသေဆုံး၊ မြင်းခြံ၊ တောင်သာ၊ ရေဖြူနှင့် ရေဦးတို့တွင် စစ်ကြောင်းများ မိုင်းဆွဲ တိုက်ခိုက်ခံရ၊ တန့်ဆည်တွင်လည်း တိုက်ပွဲဖြစ်ပွားကာ စစ်သား ၂ဝ ဦးခန့် သေဆုံး
- ကရင်နီတွင်စစ်ကောင်စီယာဥ်တန်းကိုပူးပေါင်းတပ်တိုက်ခိုက်စစ်သား ၂၀ ခန့်သေ
- မြင်းခြံနှင့် တောင်သာမြို့တို့ရှိ စစ်အုပ်စုနေရာများကို ဖောက်ခွဲတိုက်ခိုက်
- ဝမ်းတွင်းမြို့အထွက် စစ်အုပ်စုဂိတ် မိုင်းဆွဲတိုက်ခိုက်ခံရလို့ နှစ်ယောက်သေ
- ခင်ဦးနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မိုင်းဆွဲရာ စကစ ငါးဦးသေ
- ထီးလင်းမြို့နယ်ထဲ စစ်တပ်ကို YDF က မိုင်းဘီလူးနဲ့ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ (၁၀)ဦး သေ
- ကံပေါက်မောရဝတီရေတပ်စခန်းက စစ်ကားတစ်စီး မိုင်းဆွဲခံရ
- ကလိန်အောင်လမ်းမှာ မိုင်းဆွဲခံရတဲ့ စစ်ကောင်စီယာဉ်တန်းက တပ်သား ၄ဦးသေဆုံးပြီး ၆ဦးဒဏ်ရာရ
- စစ်ကောင်စီတပ်များ ရွာထဲဝင်လာစဉ် ရမ်းသမ်းပစ်ခတ်သဖြင့် တစ်ဦးသေ၊ နေအိမ်များကို မီးရှို့ဖျက်ဆီး
- ဂန့်ဂေါ - ကလေး လမ်းပိုင်းတွင် စစ်တပ်ထုတ်ကုန်နှင့်ပျူစောထီးများမဝင်နိုင်ရန် PDFအဖွဲ့များ စစ်ဆေးနေ
- ဓနုပြောက်ကျားတပ်ဖွဲ့က ရွာငံမြို့ရှိ ဒလန်တစ်ဦးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း အသိပေး
- အင်မထီးရွာက စစ်တပ်နဲ့ပျူစောထီးတွေအဝိုင်းခံရပြီး လက်နက်ကြီးနဲ့အပစ်ခံရလို့ သေဆုံးမှုများနိုင်၊ အော်ဟစ်ငိုကြွေးသံများကြားရဟုဆို
ဘုန်းကြီးကျောင်းမှာ စခန်းချတဲ့စစ်တပ်က တပ်ပြန်ဆုတ်ပြီး မိုင်းထောင်ထားခဲ့ Posted: 07 May 2022 11:10 AM PDT ပေါင်းတည်၊ မေ၇၊ ၂၀၂၂။ပေါင်းတည်မြို့နယ် သိမ်ကုန်းအုပ်စုက လဲပင်ရွာကို မီးရိူ့ပြီး စခန်းချနေတဲ့ စစ်ကောင်စီဟာ တပ်ပြန်အဆုတ်မှာ သူတို့နေတဲ့ ဘုန်းကြီးကျောင်းဝင်းအတွင်းကနေ အသင့်ထောင်ထားခဲ့တဲ့ မိုင်းတွေကို ပေါင်းတည် PDFကတွေ့ရှိခဲ့ပါတယ်။အာဏာသိမ်းစစ်ကောင်စီတပ်တွေက လဲပင်ရွာကနေ သိမ်ကုန်းရွာကို တပ်ပြန်အဆုတ်မှာ မိုင်းထောင်သွားတာလို့ သိရပါတယ်။"လဲပင်ဘုန်းကြီးကျောင်းမှာ စစ်တပ်က မိုင်းထောင်ထားတာ ဘယ်နှစ်လုံးရှိလဲမသိ |
ရွှေဘိုမှာ ထန်းရည်သောက်နေတဲ့ ဒလံ၂ယောက် သေနတ်နဲ့ ပစ်သတ်ခံရ Posted: 07 May 2022 11:08 AM PDT ရွှေဘို၊ မေ ၇၊ ၂၀၂၂။စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် တအုံရွာက ပျူ ဒလံဆိုသူ အမျိုးသား ၂ဦးကို ထန်းရည်ဆိုင်တွင်းမှာ ထန်းရည်သောက်နေတုန်း သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ဒီနေ့နေ့ခင်းပိုင်းမှာ ရွှေဘိုမြို့နယ် တအုံရွာက ဆံရှည်ဆိုသူနဲ့ ရန်မျိုးနောင် တို့ ၂ဦး ထန်းရည်ဆိုင်တွင်း သောက်နေချိန်မှာ Black Wolf PDF က ဆိုင်ကယ်နဲ့ဝင်လာပြီး ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ BWPDF တာဝန်ရှိသူတဦးက ပြောပါတယ်။" ထန်းရည်သွား |
Posted: 07 May 2022 11:06 AM PDT ပုလဲ၊ မေ ၇ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အင်ပင်ထီးကျေးရွာတွင် စခန်းချထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပျုစောထီးများကို ယမန်နေ့(မေ၆ရက်) ညပိုင်းက ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက တာ ဝေးပစ်ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း ကျားသစ်နက်ပြောက် ကျားတပ်ဖွဲ့မှ သိရသည်။" လက်လုပ် တာဝေးပစ် ရှော့တိုက်ဒုန်း (၃၂) လုံးနဲ့ပစ်ခဲ့တာပါ။ ထိခိုက်မှုအနည်းအများတော့ရှိတယ်။ ဘယ်လောက်ကျဆုံးလဲဆိုတာတော့ |
မြလိပ်တောင်တွင် မန္တလေးသပိတ်အဖွဲ့ဝင်များအဖမ်းခံရဟု စစ်ကောင်စီသတင်းမှားဖြန့် Posted: 07 May 2022 11:05 AM PDT ပုံစာ- စစ်ကောင်စီဘက်မှ သတင်းမှားဖြန့်ဝေသည့် ပုံအားတွေ့ရစဉ်။မန္တလေး၊ မေ ၇မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်၊ ဒုဋ္ဌဝတီ မြစ်ဘေးက မြလိပ်တောင်ထိပ်မှာ အာဏာရှင်ဆန့် ကျင်ကြောင်း ဗီနိုင်းချိတ်ဆွဲခဲ့သည့် သပိတ်ဝင်များ ဖမ်းဆီးပစ်သတ်ခံရသည်ဟု စစ်ကောင်စီဘက်မှ ပုံအတုများဖြင့် သ တင်းမှားများဖြန့်ဝေသော်လည်း အဆိုပါတောင်ထိပ်သို့သွားသည့် မန္တလေးသ ပိတ်အဖွဲ့ဝင်များအားလုံး အန္တ ရာယ်ကင်းရှင်းကြောင်း |
Posted: 07 May 2022 11:03 AM PDT ဓာတ်ပုံ- အကြမ်းဖက်စစ်သားများ။ (ပုံအဟောင်းဖြစ်ပါသည်) / Photo- အီးပီအေ။ခင်ဦး၊ မေ ၇ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ပြီးနောက် ပြန်လာသည့် စစ်ကား ၆ စီးကို ယနေ့ မေလ ၇ ရက်နေ့ နံနက် ၉ နာရီ ၃ဝ မိနစ်ခန့်တွင် ခင်ဦး-ရေဦး ကားလမ်း ကံသစ်မူးဘောင် တံတားနှင့် ဂွေးကုန်းကျေးရွာ အကြား ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးကာ ၃ ပွင့်ဗိုလ် အပါအဝင် စစ်သား |
ကရင်နီတွင်စစ်ကောင်စီယာဥ်တန်းကိုပူးပေါင်းတပ်တိုက်ခိုက်စစ်သား ၂၀ ခန့်သေ Posted: 07 May 2022 10:59 AM PDT ●စစ်ကောင်စီတပ်သားအချို့ကိုဖမ်းဆီးနိုင်ခဲ့ပြီးလက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိ၊စစ်ကားလေးစီးကိုဖျက်ဆီးကရင်နီ(ကယား)ပြည်နယ်တွင် စစ်ကောင်စီယာဥ်တန်းကို ကရင်နီပြည်နယ်ရှိပူးပေါင်းတပ်များကတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၀ ဦးခန့်သေဆုံးကာအချို့ကိုအရှင်ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိကြောင်း Kayah Li Phu Channel က ထုတ်ပြန်သည်။တိုက်ပွဲမှာ ယနေ့(မေ ၇ ရက်) ကဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး |
မြင်းခြံနှင့် တောင်သာမြို့တို့ရှိ စစ်အုပ်စုနေရာများကို ဖောက်ခွဲတိုက်ခိုက် Posted: 07 May 2022 10:56 AM PDT မန္တလေးတိုင်း၊ မြင်းခြံနှင့် တောင်သာမြို့တို့ရှိ ခရိုင်တရား ရုံးအနီးအပါအဝင် မြို့ပေါ်နေရာအများအပြားအား မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းပြည်သူ့ကာ ကွယ်ရေးအဖွဲ့များက ပြောသည်။ မေလ ၅ရက် နံနက် ၉နာရီခန့်က မြင်းခြံမြို့၊ ပြောင်းပြာတံတားမြောက်ထိပ်၌ ကင်းပတ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား မိုင်းဆွဲကာတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း မဟာမိတ်အဖွဲ့များက ပြောသည်။ ယမန်နေ့ (မေလ ၆ ရက်)နံနက် ၁၁နာရီခန့် |
ဝမ်းတွင်းမြို့အထွက် စစ်အုပ်စုဂိတ် မိုင်းဆွဲတိုက်ခိုက်ခံရလို့ နှစ်ယောက်သေ Posted: 07 May 2022 10:49 AM PDT မေ - ၇ မန္တလေးတိုင်း ဝမ်းတွင်းမြို့အထွက် စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် အဲဒီဂိတ်က နှစ်ယောက်သေဆုံးသွးတယ်လို့ ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ မေလ (၇)ရက် နေ့လယ် (၁၂)နာရီခွဲအချိန် ဝမ်းတွင်းမြို့ကနေ မိတ္ထီလာမြို့ဘက်ထွက်တဲ့ ကားလမ်းပေါ်မှာရှိတဲ့ စစ်ဆေးရေးအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ အဲဒီအဖွဲ့က ဆိုပါတယ်။ စစ်ဆေးရေးဂိတ်မှာရှိတဲ့ ရဲနှစ် |
ခင်ဦးနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မိုင်းဆွဲရာ စကစ ငါးဦးသေ Posted: 07 May 2022 10:47 AM PDT အကြမ်းဖက် စစ်အုပ်စု ဝင်မွှေလုယက်ပြီး မီးရှို့ဖျက်ဆီးခဲ့တဲ့ ခင်ဦးမြို့နယ် ကျေးရွာတွေက နေအိမ်တွေ/Photo - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမေ - ၇စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲ ရွာစဉ်ပတ်မွေကာ လူသတ်၊ လုယက်၊ ခိုးဝှက် သောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို ဒီကနေ့ မေ(၇)ရက် မနက်ပိုင်းမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက မိုင်းထောင်ဖောက်ခွဲ တိုက်ခိုင်ခဲ့ပြီး စကစ တပ်ဖွဲ့ဝင် ငါးဦး သေတယ်လို့ ခင်ဦး |
ထီးလင်းမြို့နယ်ထဲ စစ်တပ်ကို YDF က မိုင်းဘီလူးနဲ့ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ (၁၀)ဦး သေ Posted: 07 May 2022 10:45 AM PDT ရွှေဖီမြေ၊ မေလ ၇ ရက်၊ ထီးလင်းမကွေးတိုင်း ထီးလင်းမြို့နယ်ထဲ စစ်ကောင်စီတပ်ကို ထီးလင်း YDF က မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ (၁၀)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ထီးလင်းမြို့နယ် ဆေးမင်းတောရဲစခန်းကနေ စခန်းစွန့်ခွာ ရွှေ့ပြောင်းလာတဲ့ ရဲအင်အား (၄၀)ခန့်နဲ့ အင်အား (၈၀)ခန့်ပါ စစ်ကောင်စီ တပ်မ(၁၁) ပူးပေါင်းစစ်ကြောင်းကို ဒီနေ့လယ် ၁ နာရီခွဲကျော်မှာ တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။YDF က ယမ်းပိဿာချိန် (၃၀)ခန့် ထည့် |
ကံပေါက်မောရဝတီရေတပ်စခန်းက စစ်ကားတစ်စီး မိုင်းဆွဲခံရ Posted: 07 May 2022 10:42 AM PDT ဓာတ်ပုံ - စစ်ကောင်စီကားမိုင်ဆွဲခံရတဲ့တံတားနေရာ(ယခင်ပုံဟောင်း)တနင်္သာရီတိုင်းမ်၊ မေ ၇ရေဖြူမြို့နယ်မှာရှိတဲ့ ကံပေါက်မောရဝတီရေတပ်စခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီကားတစ်စီး မိုင်းဆွဲခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ကလိန်အောင်အမှတ်(၂)တံတားအနီးမှာ ဒီနေ့မနက်၇နာရီခွဲ ဝန်းကျင်က မိုင်းဆွဲခံရတာပါ။ကားမှန်တွေကွဲသွားပေမယ့် အသက်သေဆုံးတာ မရှိဘူးလို့ သိရပါတယ်။"ပေါက်ကွဲသံကတော့ အတော်ကျယ်တယ်။ အစစ်ဆေးတွေ ဒီထက်ပိုကြပ်လာ |
ကလိန်အောင်လမ်းမှာ မိုင်းဆွဲခံရတဲ့ စစ်ကောင်စီယာဉ်တန်းက တပ်သား ၄ဦးသေဆုံးပြီး ၆ဦးဒဏ်ရာရ Posted: 07 May 2022 10:40 AM PDT တနင်္သာရီတိုင်းမ် ၊ မေ ၇ကံပေါက် -ကလိန်အောင်လမ်း အမှတ်(၂) တံတားအနီးမှာ မနက်က မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဉ်တန်းက တပ်သား ၄ဦးသေဆုံးပြီး အနည်းဆုံး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KBDFအဖွဲ့က ထုတ်ပြန်ပါတယ်။ဒေသခံတွေဆီက ကနဦးရရှိတဲ့ သတင်းတွေအရ မိုင်းဆွဲခံရတဲ့ ကားတန်းဟာ ကံပေါက် မောရဝတီရေတပ်စခန်းကနေ ထွက်လာတဲ့ ကားတွေလို့ ဆိုပါတယ်။မိုင်းဆွဲတိုက်ခိုက်မှုကို KBDF နဲ့ T1 မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ပြုလုပ်ခဲ့ |
စစ်ကောင်စီတပ်များ ရွာထဲဝင်လာစဉ် ရမ်းသမ်းပစ်ခတ်သဖြင့် တစ်ဦးသေ၊ နေအိမ်များကို မီးရှို့ဖျက်ဆီး Posted: 07 May 2022 10:37 AM PDT ရေဦး - မေ ၇၊ ၂၀၂၂။စစ်ကောင်စီတပ်များရွာသို့ ဝင်လာချိန် သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် ယမန်နေ့နံနက်က ရေဦးမြို့နယ်အတွင်း ဒေသခံပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ကားသုံးစီးဖြင့် ဒီပဲယင်းမြို့မှ ရေဦးမြို့ နှောကုန်းကျေးရွာသို့ ဝင်လာသောကြောင့် ဒေသခံပြည်သူများပုန်းနေချိန် လုံခြုံသည့်နေရာသို့သွားရန် ပြေးနေသည့် မိန်းကလေးတစ်ဦး သေနတ်ပစ်ခတ်ခံရသောကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကို |
ဂန့်ဂေါ - ကလေး လမ်းပိုင်းတွင် စစ်တပ်ထုတ်ကုန်နှင့်ပျူစောထီးများမဝင်နိုင်ရန် PDFအဖွဲ့များ စစ်ဆေးနေ Posted: 07 May 2022 10:34 AM PDT မေ ၇၊ ၂၀၂၂ ခုနှစ်။ဂန့်ဂေါ-ကလေး ကားလမ်းပိုင်းတွင် စစ်ကောင်စီတပ်များနှင့်နယ်ခံပျူစောထီးများ ဖြတ်သန်းသွားလာခြင်း မပြုနိုင်စေရန်နှင့် တားမြစ်ထုတ်ကုန်များ တရားမဝင်သယ်ယူခြင်းများ မရှိစေရန် နယ်မြေစိုးမိုးမှု ရယူကာ မေလ ၆ ရက်နေ့ မှ စတင်ပြီး PDFပူးပေါင်းတပ်ဖွဲ့များက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ Phoenix Defence Battalion (အထူးတိုက်ခိုက်ရေးဒရုန်းတပ်ဖွဲ့ ၊ YDF - တပ်ရင်း - 4)မှ ဦးဆောင်ပြီး ဂန့်ဂေါ |
ဓနုပြောက်ကျားတပ်ဖွဲ့က ရွာငံမြို့ရှိ ဒလန်တစ်ဦးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း အသိပေး Posted: 07 May 2022 10:32 AM PDT မဲခေါင်၊ မေ ၇ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအခြေစိုက် ဓနုပြောက်ကျားတပ်ဖွဲ့(DGF)မှ မေလ ၄ ရက်၊ ညနေပိုင်းအချိန်က ရွာငံမြို့ရှိ ဒလန်တစ်ဦးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း မေလ ၆ ရက်၊ ညပိုင်းအချိန်၌ အသိပေးထုတ်ပြန်ထားသည်။DGF ရဲဘော်များမှ ရွာငံမြို့နယ် ၊ ဈေးတန်းရပ်ကွက်ရှိ စစ်ကောင်စီသတင်းပေး ဒလန်အကြီးစား ဦးတင်အိုဆိုသူကို မေလ ၄ ရက်၊ ညနေ ၅ နာရီဝန်းကျင်အချိန်က သုတ်သင်ရှင်းလင်းခဲ့ |
Posted: 07 May 2022 09:19 AM PDT ရုပ်သံ-ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မေလ ၇ ရက်စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ အင်မထီးကျေးရွာတွင် တပ်စွဲစခန်းချနေသည့် စစ်ကောင်စီနှင့် ပျူစောထီးတပ်များကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့နှင့် ပူးပေါင်း အဖွဲ့တို့က ယမန်နေ့ မေလ ၆ ရက်နေ့ ညနေ ၅ နာရီဝန်း ကျင်တွင် လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်များထံကသိရသည်။လက်နက်ကြီးအချက် ၃၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ် သားနှင့်ပျူ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.