Wednesday, May 11, 2022

သစ်ထူးလွင်

သစ်ထူးလွင်


ကနီနယ် အလယ်ကျွန်းရွာ တိုက်ပွဲမှာ စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ ငါးခေါက် လာပစ်

Posted: 10 May 2022 08:48 AM PDT

ကနီ KLG PDF (ကျောက်လုံးကြီး)ရဲဘော်များ/Photo – Kani PDF – KLGမေ-၁၀စစ်ကိုင်းတိုင်း ကနီမြို့နယ် ရေလယ်ကျွန်းရွာမှာ အထိုင်ချပြီး ဒေသတွင်း အကြမ်းဖက် သောင်းကျန်းနေတဲ့ စစ်အုပ်စုနဲ့ ပျူတွေကို ဒီကနေ့ မေ(၁၀)ရက် မနက်ပိုင်းမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက စီးနင်း တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက်က အသေအပျောက် များနိုင်တယ်လို့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မ‌တော် - DRPA က သတင်းထုတ်ပြန်ပါတယ်။ဒီကနေ့ မေ(၁၀)ရက်

မုံရွာမှာ စစ်အုပ်စုက ဆိုင်ကယ်ရပ်မပေးတဲ့ လူငယ်နှစ်ဦးကို ပစ်သတ်

Posted: 10 May 2022 08:46 AM PDT

စစ်အုပ်စုက ဖမ်းဆီးငွေညှစ်ဖို့ ကြိုးစားချိန် ဆိုင်ကယ်ရပ်မပေးလို့ ဆိုပြီး ပစ်သတ်ခံလိုက်ရတဲ့ လူငယ်နှစ်ဦး/Photo – Sမေ- ၁၀စစ်ကိုင်းတိုင်း မုံရွာမြို့ စီးပွားရေးတက္ကသိုလ်အနီးမှာ လမ်းသွားလမ်းလာ ခရီးသွားပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ အကြမ်းဖက် စစ်အုပ်စုက ဆိုင်ကယ်ရပ်မပေးတဲ့ လူငယ်နှစ်ဦးကို ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။မနေ့က မေ(၉)ရက် မနက်ပိုင်းက မုံရွာ စီးပွားရေး တက္ကသိုလ်အနီး စစ်အုပ်စုက

ရေစကြိုမြို့နယ် ရေလယ်ကျွန်းတွင် ကျေးရွာများအား မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ် နှစ်ကြိမ်တိုက်ခိုက်ခံရ

Posted: 10 May 2022 08:45 AM PDT

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင် ကျေးရွာများအား မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များ နှစ်ကြိမ်တိုင်တိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။ယနေ့(မေလ ၁၀ရက်) ရေလယ်ကျွန်းဒေသသို့ ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီတပ်အား ညနေ ၃နာရီခွဲက မြေတော်ကျေးရွာအဝင်တွင် ပဒေသာမိုင်း​တွဲဖြင့် တိုက်ခိုက်ခံခဲ့ရသည်။ရေစကြိုနယ်အခြေစိုက် သိန်းငှက်ပြောက်ကျားတပ်ဖွဲ့မှ

ပုလဲမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် ဇီးဖြူကုန်းရွာကို ဗိုလ်နဂါးဦးဆောင်သည့်တပ် တိုက်ခိုက်၍ စစ်​အုပ်စုအထိနာ

Posted: 10 May 2022 08:44 AM PDT

▪️မြန်မာ့တော်ဝင်နဂါးတပ်​​တော်မှ ရဲ​ဘော်တစ်ဦး ကျဆုံးခဲ့ရစစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် ဇီးဖြူကုန်း​ကျေးရွာကို ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)က ဝင်တိုက်ရာ စစ်ကောင်စီတပ်အထိနာ၍ လေယာဥ်ပစ်ကူ နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့ရကြောင်း ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက People's Springသို့ ပြောသည်။ယနေ့(မေ ၁၀ ရက်) နေ့လယ် ၁၂ နာရီခန့်က ဇီးဖြူကုန်းရွာသို့

ပြည်သူ (၂၀) ကျော်ကို ဖမ်းဆီးခဲ့သည်ဆိုသည့် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး ယနေ့နံနက်ပစ်သတ်ခံရ

Posted: 10 May 2022 08:39 AM PDT

ပင်းတယ၊ မေ (၁၀)ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ပင်းတယမြို့နယ်၌ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတစ်ဦး ယနေ့သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ပစ်သတ်ခံရသူမှာ ပင်းတယမြို့နယ်၊ ပန်းစစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေဖီဆိုသူဖြစ်ပြီး ယနေ့ မနက် (၆) နာရီ၌ အမည်မသိသနတ်သမားက ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဆိုကြသည်။"ဘယ်အဖွဲ့ကလုပ်တာတော့ မသိဘူး အခုတော့သေ

ဆင်ပွတ်ကြီးရွာမှ သွေးသောက်အဖွဲ့ ဒုခေါင်းဆောင် ၂ ဦးကို တော်လှန်ရေးအဖွဲ့များ ရှင်းလင်း

Posted: 10 May 2022 08:38 AM PDT

မန္တလေး၊ မေ ၁၀ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ဆင်ပွတ်ကြီးရွာမှ သွေးသောက်အဖွဲ့၏ ဒုခေါင်းဆောင် ၂ ဦးကိုရှင်းလင်းခဲ့ ကြောင်း မန္တလေးမဟာမိတ်တပ်ပေါင်းစုများက ယနေ့သတင်းထုတ်ပြန်သည်။ "သွေးသောက်ဆိုတာ အပြစ်မရှိတဲ့သူတွေကို သတ်တဲ့အဖွဲ့ပါ။ သူတို့ကိုရှင်းဖို့ PDF တွေက အမြဲစောင့်ကြည့်နေ တာမို့ ကိုယ့်မိသားစုကိုချစ်ရင် အလင်းဝင်ကြပါ"ဟု Ranger Of Mandalay အဖွဲ့မှ ဗိုလ်ဖီးနစ်က လူငယ့်ခေတ်သို့ ပြောသည်။ ဆင်ပွတ်ကြီး

ရေးမြို့နယ်က စစ်ကောင်စီ အမှတ် (၅၉၁)တပ် စီးနင်းတိုက်ခိုက်ခံရ

Posted: 10 May 2022 08:35 AM PDT

မော်လမြိုင်၊ မေ၁၀မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ ကျောင်းရွာအခြေစိုက် စစ်ကောင်စီ အမှတ်  (၅၉၁) တပ်ကို မေလ ၁၀ ရက်  နံနက် ၁၁ နာရီခွဲအချိန်ခန့်မှာ  ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီးလူးအဖွဲ့က ထုတ်ပြန်ထားပါတယ်။အဲဒီစစ်ကောင်စီတပ်ကို ရေးဘီလူးအဖွဲ့က 40- MM လက်နက်ကြီးအပြင် M-16 လက်နက်တွေ အသုံးပြုပြီး ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။စစ်ကောင်စီတပ် တိုက်ခိုက်ခံရမှုကြောင့် ပြန်လည်ခုခံ

ကလေးမြို့က ၃ရက်တာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PDFဖက်က ၂ဦးကျဆုံးပြီး စစ်ကောင်စီဖက်က ၁၄ဦးထက်မနည်း သေဆုံးခဲ့

Posted: 10 May 2022 08:33 AM PDT

ကလေး၊ မေလ ၁၀၊ ၂၀၂၂။ကလေးမြို့နယ်တောင်ပိုင်း၌ ၃ရက်တာဖြစ်ပွားခဲ့သည့် ရေရှင်ရွာခုံခံတိုက်ပွဲ အတွင်း စစ်ကောင်စီဖက်မှ ‌၁၄ ဦးထက် မနည်းသေဆုံးခဲ့ပြီး PDF (Kalay)ဖက်မှ ၂ဦး ကျဆုံးခဲ့သည်ဟု People's Defence Force(Kalay)က ပြောသည်။မေလ ၉ရက်နေ့၌ ခုံခံတိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီဖက်မှ ဆုတ်သွားခဲ့သဖြင့် မိမိတို့ရဲဘော် ၂ဦးမှာ လက်နက်ကောက်ယူရန် သွားစဉ် ၎င်းတို့ ဖက်မှပြန်ခံပစ်ခတ်ခဲ့ခြင်းကြောင့် ကျဆုံးသွားခဲ့ ရသည်

စစ်ကောင်စီနဲ့ ပျူတွေတပ်စွဲတဲ့ ရေလယ်ကျွန်းရွာစခန်းကို PDFတွေသိမ်းပြီးစခန်းကိုမီးရိူ့

Posted: 10 May 2022 08:32 AM PDT

ကနီ၊ မေ၁၀၊ ၂၀၂၂။စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက စစ်ကောင်စီနဲ့ ပျူစောထီးအင်အား ၄၀ လောက်ရှိတဲ့ စခန်းကို မဟာမိတ်တပ်ပေါင်းစုတွေက မေလ ၁၀ ရက်   ဒီနေ့မှာ စခန်းသိမ်းတိုက်ပွဲဲ ဆင်နွဲနိုင်ခဲ့ကြပါတယ်။စစ်ကောင်စီတွေ တပ်စွဲထားတဲ့ ပျူစောထီးတွေရဲ့ ရေလယ်ကျွန်းရွာကို   ခု မနက် ၈နာရီလောက်က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။" သူတို့အခြေစိုက်ထားတဲ့ စခန်းတွေကို မီးရိူ့ဖျက်စီးနိုင်ခဲ့တယ်၊ လေယာဥ်ကတော့ ၅ ခါလာသွားတယ် တခါလာရင်

ဒီးမော့ဆိုမြို့မစျေးအနီး ပြောက်ကြား တိုက်ပွဲတွင် စစ်ကောင်စီ လေးဦးသေဆုံး

Posted: 10 May 2022 08:30 AM PDT

ဓါတ်ပုံ - DMO PDF(မေ လ၉ရက်) က ဒီးမော့ဆိုမြို့နယ် မြို့မစျေးအနီးမှာ ဖြစ်ပွားတဲ့ ဒုတိယအကြိမ် ပြောက်ကြားတိုက်ပွဲမှာ စစ်ကောင်စီဖက်က လေးဦးသေဆုံးပြီး သုံးဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ DMO-PDFက သတင်းထုတ်ပြန်ပါတယ်။ဒီးမော့ဆိုမြို့၊ မြို့မရပ်ကွက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို DMO-PDFတို့ တစ်ရက်ထဲ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။မနက် (၉) နာရီမှာ ထိတွေ့

ကချင်ဘက်တက်လာသည့် စစ်​ကောင်စီ ယာဥ်တန်းကို အင်း​တော် PDF မိုင်းဖြင့်တိုက်ခိုက်၊ စစ်​ကောင်စီဘက်က ​​သေဆုံးသူရှိဟုဆို

Posted: 10 May 2022 08:28 AM PDT

10 May 2022ယနေ့နံနက် မိုင်းဖြင့်  တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်များ နန့်စီးအောင် အနီးရှိ စာသင်ကျောင်းတွင် ဒဏ်ရာရသူများကို ဆေးကုသနေပြီး အလောင်းများကိုလည်း သယ်ယူနေကြောင်း အင်းတော်PDFတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ကချင်ပြည်နယ်သို့ တက်လာသည့်  စစ်ကောင်စီ စစ်ယာဥ်တန်း ၈စီးကို ယနေ့နံနက် ၅နာရီခန့်တွင် စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် အင်းတော်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့မှ မိုင်းဆွဲ တိုက်ခဲ့ပြီး စစ်

ဝေါမြို့မှလာသည့် စစ်ကောင်စီတပ်ယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံရ

Posted: 10 May 2022 08:25 AM PDT

Photo-KIC (ပုံဟောင်း)မေလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့မှလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ယာဉ်တန်းကို မွန်ပြည်နယ် ကျိုက်ထိုမြို့အနီး အင်္ဂဘိုရွာရောက်ရှိသည့်အချိန် ယနေ့ မေလ ၁၀ရက်နေ့ နေ့လည် ၁၂ နာရီကျော်အချိန်ခန့်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့၏ ခြုံခိုတိုက်ခိုက်ခြင်းခံခဲ့ရသည်ဟု သိရသည်။စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝေါမှတစ်ဆင့် စစ်ကား(၅)စီးဖြင့် ကျိုက်ထိုဘက်

အင်းတော်တွင် စစ်ကောင်စီယာဥ်တန်းကား ၈ စီး မိုင်းဆွဲခံရပြီး တစ်စီး မိုင်းထိပျက်စီး

Posted: 10 May 2022 08:23 AM PDT

 စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်တွင် ယနေ့ နံနက် ၅ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်၏ စစ်ယာဥ်တန်း ကား ၈ စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး တစ်စီးမိုင်းထိကာ ပျက်စီးသွားကြောင်း Indaw Revolution -IR မှ သိရသည်။ထီးချိုင့်ဘက်မှ ကချင်ပြည်နယ်ဘက်သို့ စစ်အင်အားဖြည့်ရန်တက်လာသည့် စစ်ကောင်စီတပ်၏ စစ်ကားရှစ်စီးကို Indaw Revolution -IR မှ အင်းတော်နဲ့ကျောင်းကုန်းကြားတွင် လေးကြိမ်တိတိ မိုင်းဆွဲတိုက်ခိုက်

ထန်းတပင်မြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် ဒေသကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်စခန်း မီးလောင်

Posted: 09 May 2022 07:11 AM PDT

ပဲခူးတိုင်း၊ ထန်းတပင်မြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ (၇၃) တပ်ရင်းနှင့် ထန်းတပင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၅၀၁၊ တပ်ခွဲ(၂)တို့ မေလ(၈)ရက်နေ့ ညပိုင်း တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်စခန်း မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။တိုက်ပွဲဖြစ်ပွားရာ နေရာသို့ စစ်ကောင်စီတပ်၏ ဘုမ္မတီးစခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့‌သော်လည်း ပြည်သူ့ကာကွယ်တပ်ဖွဲ့များ အထိအခိုက်မရှိခဲ့ဟု သိရသည်။စစ်ကောင်စီတပ်၏ အဆိုပါတပ်

ဒီးမော့ဆို နှင့် မိုးဗြဲဘက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏စနိုက်ပါ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား (၄)ဦး သေဆုံး

Posted: 09 May 2022 07:08 AM PDT

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုနှင့် ရှမ်း - ကရင်နီနယ်စပ် မိုးဗြဲတို့တွင် ယနေ့ မေလ(၉) ရက်နေ့ နံနက်ပိုင်းက ဒေသကာကွယ်ရေးတပ်များ၏ စနိုက်ပါပစ်ခတ်မှုကြောင့် အာဏာသိမ်းစစ်ကောင်စီတပ်သား (၄)ဦးသေကြောင်း သိရသည်။ဒီးမော့ဆို၊ မြို့မရပ်ကွက်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒီးမော့ဆို PDF တပ်၊ ဗျူဟာ ၃ မှ C၊ D၊ E တပ်ရင်းတပ်ခွဲအချို့နှင့် အလယ်ပိုင်းတိုင်း ၁၁၀၂ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ကြောင်း

နိုင်ငံရေးအကျဥ်းသားတွကို နှိပ်စက်ညှဉ်းပန်းနေတာတွေရပ်ဖို့ KNU တာဝန်ရှိသူတောင်းဆို

Posted: 09 May 2022 07:06 AM PDT

အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်ညှဉ်းပန်းနေတာတွေကို ရပ်တန်းကရပ်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရသူ ပဒိုစောတောနီးက တောင်းဆိုလိုက်ပါတယ်။ စစ်ကောင်စီရဲ့  ငြိမ်းချမ်းဆွေးနွေးမှုဖိတ်ခေါ်တဲ့အပေါ်မှာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ဒီကနေ့ မေလ ၉ ရက်နေ့ရက်စွဲနဲ့ သဘောထားကြေငြာချက်ထုတ်ပြန်ပြီး ပြန်လည်တုံ့ပြန်လိုက်တာဖြစ်ပါတယ်

စစ်ကိုင်းတိုင်းအတွင်းတိုက်ပွဲများဖြစ်ပွား​နေ၍ လမ်းပိုင်းအချို့ကို PDFများပိတ်ထား

Posted: 09 May 2022 07:05 AM PDT

(မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ် PDF အဖွဲ့တစ်ဖွဲ့က လမ်းပိတ်ထားစဥ်)စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားနေ၍ လမ်းပိုင်းအချို့အား ပိတ်ထားကြောင်း ဒေသတွင်းပြ​ည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။မြင်းမူမုံရွာ - မြင်းမူ - မန္တလေးလမ်းပိုင်း၊ ထီးဆောင်း-အရာတော် လမ်းပိုင်းနှင့် မြင်းမူမြို့နယ်အတွင်းရှိလမ်းပိုင်းများ၊ မြို့နယ်ချင်းဆက် လမ်းပိုင်းများအား ယနေ့ မေလ ၉ ရက်နေ့မှစ၍ အသုံးပြုခြင်း မပြုကြရန် Myin Mu

ကျောက်ပန်းတောင်းရှိ မြန်မာဘီယာရုံး တိုက်ခိုက်ခံရ

Posted: 09 May 2022 06:56 AM PDT

မေ - ၉ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ပေါ်က စစ်အုပ်စုရဲ့ စီးပွားရေးထောက်တိုင်တစ်ခုဖြစ်တဲ့ မြန်မာဘီယာရုံးကို ဒီမနက်မှာ ဗုံးထုတိုက်ခိုက်ခဲ့တယ်လို့ ကျောက်ပန်းတောင်းမြို့နယ်လုံးဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ (KDF) က သတင်းထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ဖြန့်ချိရေးကားနဲ့ ဘီယာဖာတွေ ပျက်စီးသွားတယ်လို့ KDF တာဝန်ရှိသူတစ်ယောက်က MFP ကို ပြောပါတယ်။ " လူထိခိုက်မှုတော့မရှိပါဘူးဗျ၊ ဖောက်ခွဲတဲ့အချိန်မှာ

မြင်းခြံနယ်ထဲက ခရီးသည်ယာဉ်တစ်စီးမှာ စစ်အုပ်စုဝင်တစ်ဦးရဲ့ သားဖြစ်သူကို တွေ့ခဲ့ရပြီး မသတ်ဘဲ ကျွေးမွေးကာ ခရီးဆက်စေခဲ့ဟု မြေလတ် PDF ထုတ်ပြန်

Posted: 09 May 2022 06:54 AM PDT

ဓာတ်ပုံ၊ မြေလတ် PDF မေ - ၉ မန္တလေးတိုင်း မြင်းခြံခရိုင်ထဲကို ဖြတ်သန်းသွားတဲ့ ခရီးသည်ယာဉ်တစ်စီးပေါ် လိုက်ပါလာတဲ့ ခရီးသည်တွေထဲမှာ စစ်အုပ်စုဝင် တပ်ကြပ်ကြီးတစ်ဦးရဲ့ သားဖြစ်သူကို တွေ့ရှိခဲ့ရတယ်လို့ မြေလတ် PDF က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဖြတ်သန်းသွားလာတဲ့ ယာဉ်တွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးရာမှာ ပူတာအိုမြို့က ခလရ(၄၆)မှာ ရှိတဲ့ တပ်ကြပ်ကြီးတစ်ဦးရဲ့ သားဖြစ်သူကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ " အသက်၁၈နှစ်မ

စစ်ကောင်စီနဲ့ မင်းတပ် CDF တို့ တိုက်ပွဲမှာ စစ်တပ်ဘက်က ၇ ဦး သေ

Posted: 09 May 2022 06:52 AM PDT

မေလ ၉ ရက်၊ မင်းတပ်မင်းတပ် CDF နဲ့ စစ်ကောင်စီတို့ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၇ ဦး သေဆုံးခဲ့တယ်လို့ CDF က ဒီမနက် ၁၀ နာရီခွဲမှာ ထုတ်ပြန်ထားပါတယ်။မေလ ၇ ရက်က မင်းတပ် CDF အရန်တပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် မနက် ၉ နာရီမှာတစ်ဦး၊ မိုင်တိုင်(၃၂)မှာ ညနေ ၅ နာရီကတစ်ဦးနဲ့ မိုင်တိုင်(၃၀-၃၁)မှာ ပြောက်ကျားတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။မနေ့က မိုင်တိုင်(၂၈)မှာ စစ်ကောင်စီတပ် နင်းမိုင်းမိ

ညောင်ရွှေမြို့နယ် သန်းထောင်စျေးမှာ စစ်ကောင်စီ သတင်းပေး ၂ ဦး ပစ်သတ်ခံရ

Posted: 09 May 2022 06:51 AM PDT

သတင်း/ဓာတ်ပုံ- CJမေလ ၉ ရက်၊ ညောင်ရွှေရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ သန်းထောင်စျေးမှာ ဒီနေ့မနက်က စစ်ကောင်စီ သတင်းပေးဆိုသူ ဒလန် ရဲမြင့်နဲ့ ၎င်းရဲ့သမက်ဖြစ်သူ ကျော်စွာတို့ စျေးရောင်းနေစဥ် ပစ်သတ်ခံရကြောင်း သန်းထောင် စျေးသည်တွေဆီက သိရပါတယ်။"မနက် ၇ နာရီ (၁၅)မိနစ်လောက် ဆိုင်ဖွင့်ခါစပဲ ရှိသေးတယ်။ ဒိုင်း ဒိုင်းကြားလို့ စားပွဲအောက် ဝပ်နေရတယ်။ ပြီးတာနဲ့ ဘာမှ လှည့်မကြည့်နိုင်တော့ဘူး။ ဆိုင်သိမ်း

စစ်ကောင်စီလက်ဝေခံ သွေးသောက်အဖွဲ့ထဲ ဝင်ဖို့ ပုလောမြို့နယ်မှာ လိုက်လံစည်းရုံး၊ သိမ်းသွင်းနေ

Posted: 09 May 2022 06:47 AM PDT

ပုံ - ပုလောမြို့နယ်မှာကပ်ထားတဲ့ သွေးသောက်အဖွဲ့ရဲ့စာတနင်္သာရီတိုင်းမ် ၊ မေ ၉ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ ပြည်သူတချို့ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး ပူးပေါင်းတိုက်ခိုက်ဖို့ သွေးသောက်အဖွဲ့က လိုက်လံ စည်းရုံးသိမ်းသွင်းနေတယ်လို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့က စာထုတ်ပြန်ပါတယ်။ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲတွေက ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ ပြည်သူတချို့ကိုပစ်မှတ်ထား ရှင်းလင်းတာမခံရအောင် သူတို့အဖွဲ့နဲ့ ပူးပေါင်းဖို့၊

ချင်းတွင်းမြစ်ဝှမ်းတစ်လျှောက် ဆန်တက်လာသော စကစသင်္ဘောအား မဟာမိတ် PDF များမှ ပူးပေါင်းတိုက်ခိုက်ရာ စကစတပ်သား (၃) ဦးပွဲချင်းပြီးသေဆုံး (ရုပ်သံ)

Posted: 09 May 2022 06:44 AM PDT

မေ ၉စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်ဝှမ်းတစ်လျှောက် ဆန်တက်လာသော စစ်ကောင်စီသင်္ဘောတစ်စင်းအား မေလ ၇ ရက်နေ့ နံနက် ၉ နာရီခန့်က မဟာမိတ် PDF များမှပူးပေါင်းတိုက်ခိုက်ခဲ့ရာ စကစတပ်သား (၃) ဦးသေဆုံးခဲ့ကြောင်း ရုပ်သံမှတ်တမ်းနှင့်တကွ MSPDF ကထုတ်ပြန်သည်။အဆိုပါ စစ်ဆင်ရေးအား ညီနောင်မဟာမိတ်များဖြစ်ကြသော စစ်ကိုင်းခရိုင် တပ်ရင်း ၄- MSPDF၊ Natogyi Regional Defence Force - NRDF၊ မြင်းခြံခရိုင်တပ်ရင်း၁ (27

မုံရွာမြို့နယ်နှင့် ဘုတလင်မြို့နယ်ကြားတွင် စကစယာဉ်တန်းမိုင်းဆွဲခံရ၍ စစ်ကားတစ်စီးပျက်စီးကာ စကစတပ်သား (၄၀) နီးပါးသေဆုံး (ရုပ်သံ)

Posted: 09 May 2022 06:41 AM PDT

မေ ၉စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်နှင့် ဘုတလင်မြို့နယ်ကြား ဇီးတောရွာသံဘိုဂိတ်တောင်ဘက်အနီးတွင် ယမန်နေ့ နေ့လည်ပိုင်းက စကစယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီးပျက်စီး၍ စကစတပ်သား (၄၀) နီးပါးသေဆုံးကာ (၂၀) နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း DGF ကထုတ်ပြန်သည်။ဘုတလင်မြို့နယ်၊ ကူတော်ရွာသို့ ရောက်ရှိနေသော စကစတပ်သည် ကူတော်မှ ဘုတလင်မြို့သို့ပြန်ပြီး ဘုတလင်မှတဆင့်နမခခွေးခြံထဲသို့ပြန်လာမည်ဟု

စစ်ကောင်စီကမ်းလှမ်းသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်နိုင်ဘူးလို့ KNU ထုတ်ပြန်

Posted: 09 May 2022 06:35 AM PDT

မေ ၉ ၊၂၀၂၂ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖိတ်ခေါတဲ့ ဆွေးနွေးဟာ ကန့်သတ် ဖိတ်ကြားမှု ပုံစံဖြစ်နေပြီး သက်ဆိုင်သူအားလုံး ပါဝင်မှုမရှိတာကြောင့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို မရရှိနိုင်သလို လက်နက်ကိုင်ပဋိပက္ခတွေကိုလည်း ချုပ်ငြိမ်းနိုင်မယ်မဟုတ်တာကြောင့် ဆွေးနွေးပွဲကို တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ စစ်ကောင်စီက ဖိတ်ကြားတဲ့ဆွေးနွေးပွဲကို

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.