သစ္ထူးလြင္ |
- ရေလယ်ကျွန်းတိုက်ပွဲတွင် စစ်သား ၂ဦးသေ၊ ၂ဦးဒဏ်ရာရ
- ပဲခူးရိုးမတောင်ခြေတွင် PDFနှင့်တိုက်ပွဲဖြစ်သည့် စစ်ကောင်စီတပ် လေးဦးသေ
- မန္တလေးမှာ လုပ်မယ့် ဆွမ်းလောင်းပွဲအတွက် စကစ လက်နက်ကိုင်တချို့ကို သင်္ကန်းဝတ်ခိုင်းလို့ သတင်းထွက်
- ရေဦး မုံတိုင်ပင်ရွာမှာ အကြမ်းဖက် စစ်အုပ်စုက သတ်ဖြတ်သွားတဲ့ အလောင်း (၁၉)လောင်း တွေ့ရှိ
- KNDF နှင့် KA တို့၏ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စကစကား (၃) စီးပျက်စီး၊ လက်နက်ခဲယမ်းများ စစ်ကောင်စီထပ်မံအလှုပေး
- မြိုင်မြို့နယ်တွင် PDF က မိုင်းဆွဲမှုကြောင့် စကစတပ်သား (၃၀) ကျော်သေဆုံးပြီး အော်ဟစ်ငိုကြွေးကာထွက်ပြေးကြ
- စစ်ကောင်စီတပ် အင်းတော်ကြီးတွင် မိုင်းဆွဲခံရပြီးအချို့သေ
- ရှမ်းမြောက် စစ်ကောင်စီတပ် စစ်ကြောင်းအား ကေအိုင်အေ တိုက်၊ စစ်ကောင်စီ စစ်သား ၅ ဦးသေ
- စစ်ကောင်စီတပ်နှင့်ပျူစောထီးတပ်စခန်းကို PDF အဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီဘက်၂၀ခန့်သေဆုံးပြီး PDF တပ်သား တစ်ဦးကျ
- ရေဦးမှာ စစ်ကောင်စီက အရပ်သား ၇ ဦးကိုသတ်ပြီး၊ သံဃာ ၂ ပါးအပါအဝင် ၁၅ ဦးကို ဓားစာခံအဖြစ် ခေါ်ဆောင်သွား
- နတ်တလင်းမြို့နယ်မှာ PDF နဲ့ စစ်ကောင်စီတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၅ဦးသေဆုံး
ရေလယ်ကျွန်းတိုက်ပွဲတွင် စစ်သား ၂ဦးသေ၊ ၂ဦးဒဏ်ရာရ Posted: 12 May 2022 08:15 AM PDT (ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည့် မြင်းခြံအခြေစိုက်MG6ပြောက်ကျား တပ်ဖွဲ့ဝင်နှစ်ဦးအား တွေ့ရစဥ်။ ဓါတ်ပုံ-MG6)မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များထိပ်တိုက်တွေ့ ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ရေစကြို (Yesagyo) PDFက သတင်းထုတ်ပြန်သည်။ယနေ့ (မေလ ၁၂ ရက်နေ့) နံနက် |
ပဲခူးရိုးမတောင်ခြေတွင် PDFနှင့်တိုက်ပွဲဖြစ်သည့် စစ်ကောင်စီတပ် လေးဦးသေ Posted: 12 May 2022 08:14 AM PDT (ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တည်ထောင်ကြောင်း ကြေညာခြင်း တစ်နှစ်ပြည့် အခမ်းအနားကို မေလ၆ရက်က ပြည်သူ့ကာကွယ်ရေးတပ်မတော်(တောင်ငူခရိုင်) တပ်ရင်း အမှတ်(၃၅၀၂)တွင် ပြုလုပ်နေစဥ်၊ ဓာတ်ပုံ - Bago Region PDF)အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း Bago Region PDF က အသိပေးထုတ်ပြန်သည်။မေလ ၁၂ရက် နေ့လယ် ၂နာရီခန့်တွင် ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်း |
မန္တလေးမှာ လုပ်မယ့် ဆွမ်းလောင်းပွဲအတွက် စကစ လက်နက်ကိုင်တချို့ကို သင်္ကန်းဝတ်ခိုင်းလို့ သတင်းထွက် Posted: 12 May 2022 08:12 AM PDT ဓာတ်ပုံ၊ MCDC သံဃာအတုဖန်တီးပြီး သံဃာထုကြားမှာပါ သွေးကွဲစရာဖြစ်ရပ်ကို စစ်အုပ်စု ကျူးလွန်နေတယ်လို့ မန္တလေးသံဃသမဂ္ဂဆို မေ - ၁၂ မန္တလေးမြို့ ကျုံးပတ်လည်မှာ လာမယ့် မေလ (၁၄)ရက် ကဆုန်လပြည့်နေ့မှာပြုလုပ်မည့် ဆွမ်းလောင်းပွဲအတွက် ပင့်သံဃာ အရေအတွက် ပြည့်စေဖို့ စစ်အုပ်စုက စကစ လက်နက်ကိုင်တချို့ကို ဒုလ္လဘ ဝတ်ခိုင်းထားတယ်လို့ သတင်းထွက်နေပါတယ်။ မန္တလေးမြို့ (၆၂)လမ်းပေါ်က ဘုန်းကြီးကျောင်းတချို့မှာ ယာဉ်ထိန်းရဲတွေ |
ရေဦး မုံတိုင်ပင်ရွာမှာ အကြမ်းဖက် စစ်အုပ်စုက သတ်ဖြတ်သွားတဲ့ အလောင်း (၁၉)လောင်း တွေ့ရှိ Posted: 12 May 2022 08:11 AM PDT မေ - ၁၂စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုံတိုင်ပင်ကျေးရွာထဲမှာ အကြမ်းဖက် စစ်အုပ်စုက သတ်ဖြတ်သွားတဲ့ အလောင်း (၁၉)လောင်း တွေ့ရှိရပြီး နှစ်လောင်းဟာ သေနတ်မှန် ဒဏ်ရာတွေနဲ့ သေဆုံးနေကာ ကျန်(၁၇)လောင်းကတော့ မီးရှို့ခံထားရတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ(ရေဦး)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။အကြမ်းဖက် စစ်အုပ်စုဟာ ရေဦးမြို့နယ် မြောက်ခြမ်းက ရွာတွေဖြစ်တဲ့ မုံတိုင်ပင်၊ ပုဏ္ဍကား၊ ဆီဆုံစတဲ့ ရွာတွေဘက်ကို |
Posted: 12 May 2022 08:09 AM PDT မေ ၁၂ကရင်နီပြည်နယ်တစ်နေရာ၌ ပြီးခဲ့သည့် မေလ ၇ ရက်နေ့က KNDF B-16 နှင့် KA တို့ ပူးပေါင်းပြီး စကစယာဥ်တန်းအား ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။အဆိုပါတိုက်ခိုက်မှုတွင် စကစဘက်မှ ကား (၃) စီးပျက်စီးသွားပြီး အကျအဆုံးများလည်းရှိကာ ပျက်စီးသွားကားအား KNDF နှင့် KA ပူးပေါင်းတပ်မှ မီးရှို့ဖျက်စီးလိုက်ကြောင်း KNDF B-16 ကထုတ်ပြန်သည်။ထို့ပြင် " စကစတပ်မှ လာလှူသွားသောပစ္စည်းတစ်ချို့ကိုလည်းရရှိခဲ့ပြီး |
Posted: 12 May 2022 08:07 AM PDT မေ ၁၂မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ကိုင်းတောမဘက်မှ စစ်ကြောင်းထိုးလာသော ကား၇ စီးနှင့် စကစအင်အား (၁၀၀) ခန့်အား တဲကြီးနှင့် နယ်သတ်ရွာအနီးတွင် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။" မိုင်းအလုံးရေ ၁၀၀ ခန့် အောင်မြင်စွာ ခွဲနိုင်ခဲ့ပြီး နောက်ဆုံးပွိုင့်တွင် စခအများအပြားသည် ညနေ ၅:၄၀ ခန့်တွင် မိုင်းကွင်းအတွင်း ရပ်နားခဲ့သောကြောင့် အဆိုပါ မိုင်းကွင်းအတွင်းရှိ |
စစ်ကောင်စီတပ် အင်းတော်ကြီးတွင် မိုင်းဆွဲခံရပြီးအချို့သေ Posted: 12 May 2022 08:05 AM PDT မိုးညှင်း - မေ ၁၂၊ ၂၀၂၂။အင်အား ၂၀၀ ခန့်ပါရှိသော စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ယမန်နေ့ညနေ ၆ နာရီခန့်က မိုးညှင်းမြို့နယ် အင်တော်ကြီးဒေသတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။အင်းတော်ကြီးဒေသ နန့်မွန်းတောင်ထိပ်မှ ဆင်းလာသော စစ်ကောင်စီ တပ်မ ၃၃ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် သုံးဦး သေဆုံးပြီး ငါးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်နှင့် |
ရှမ်းမြောက် စစ်ကောင်စီတပ် စစ်ကြောင်းအား ကေအိုင်အေ တိုက်၊ စစ်ကောင်စီ စစ်သား ၅ ဦးသေ Posted: 12 May 2022 07:58 AM PDT 12 May 2022စစ်ကောင်စီတပ် စစ်ကြောင်းကို ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်၊ ကောင်းလိန်ကျေးရွာ အနီး မန်လုံ ကျေး ရွာ လမ်းခွဲ မှာ ကေအိုင်အေက တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီ စစ်သား ၅ ယောက် သေဆုံးကြောင်း သတင်းရရှိသည်။ " ညနေ ၄ နာရီကျော်ကနေ ၆ နာရီ လောက်ထိ တိုက်ပွဲဖြစ်တယ် ကွတ်ခိုင်စစ်တပ်ကက လက်နက်ကြီးတွေနဲ့ပစ်နေတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ် တပ်မ ၉၉ ကို ကေအိုင်အေ တပ်ရင်း ၈ က |
Posted: 12 May 2022 07:55 AM PDT May 12, 2022စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအခြေချနေထိုင်သည့် စခန်းကိုမေလ ၁၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ သွားရောက်တိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်းသိရသည်။မြန်မာ့တော်ဝင်နဂါးတပ်မတော်၊ မုံရွာပြည်သူကာကွယ်ရေးတပ်၊ ပုလဲနယ်တပ်ရင်း (၁) နှင့် နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် |
ရေဦးမှာ စစ်ကောင်စီက အရပ်သား ၇ ဦးကိုသတ်ပြီး၊ သံဃာ ၂ ပါးအပါအဝင် ၁၅ ဦးကို ဓားစာခံအဖြစ် ခေါ်ဆောင်သွား Posted: 12 May 2022 07:52 AM PDT ရေဦး၊ မေ ၁၂၊ ၂၀၂၂။စစ်ကောင်စီတပ်သားတွေဟာ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အရှေ့ဘက်၊ မင်းတိုင်ပင်ရွာမှ အရပ်သား ၇ ဦးကို ပစ်ခတ်ခဲ့ပြီး၊ သံဃာ ၂ ဦးအပါအဝင် ၁၅ ဦးကိုလည်း ဓားစာခံအဖြစ် မေလ ၁၁ ရက် ယမန်နေ့နံနက် ၃ နာရီကျော်အချိန်ခန့်တွင် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မြေပြင်သတင်းရင်းမြစ်များက ပြောသည်။စစ်ကောင်စီများမှာ ဆီဇုန်ရွာကို မီးရှို့ခဲ့ပြီး၊ မင်းတိုင်ပင်ရွာသို့ဝင်ကာ ရွာလုံးကျွတ် မွှေနှောက်ရှာဖွေပြီးနောက်မှ |
နတ်တလင်းမြို့နယ်မှာ PDF နဲ့ စစ်ကောင်စီတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၅ဦးသေဆုံး Posted: 12 May 2022 07:51 AM PDT နတ်တလင်း၊ မေ၁၂၊ ၂၀၂၂။ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ်ထဲက ဂွေ့ကြီးရွာ အနီးမှာ နယ်မြေကျူးကျော်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ နတ်တလင်းမြို့နယ် PDF တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၅ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ဒီနေ့ မနက် ၈နာရီဝန်းကျင်မှာ ဂွေ့ကြီးရွာနဲ့ ကျောက်ပြုတ်ရွာကြားကို ဝင်လာတဲ့ စစ်ကောင်စီအင်အား ၂၀ နီးပါးကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ နတ်တလင်း PDF တွေက မိုင်းဆွဲ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.