သစ္ထူးလြင္ |
- ဒီးမော့ဆိုမှာ ရဲတွေအပြင်ထွက်မလာလို့ ရဲစခန်းနားထိ PDF က အနီးကပ်တိုက်ခိုက်ခဲ့
- မြောက်ဒဂုံမြို့နယ်တွင် ကမ္ဘောဇဘဏ်ငွေသိမ်းကား လုယက်ခံရ
- ရေကြည်မြို့က အင်အားနည်းရဲစခန်းများ PDF ရန်ကို ကြောက်လို့ မြို့မရဲစခန်းကို လာရောက် ပူးပေါင်း
- ဝမ်းတွင်းမြို့အထွက်မှာ စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ
- မြစ်သားနယ်က ပြည်ခိုင်ဖြိုး စည်ရုံးရေးမှူး စစ်အုပ်စုသတင်းပေး ဉာဏ်ဆောင် သေနတ်ပစ်ခံရပြီး သေ
- ပင်လောင်းနှင့် အင်းလေးဒေသရှိ နေရာအချို့ ဖုန်းလိုင်းများပြတ်တောက်နေပြီး တိုက်ပွဲဖြစ်လာနိုင်ကြောင်း သတိပေး
- စစ်ကောင်စီနှင့် လက်အောက်ခံ BGF တပ်ဖွဲ့များ ကေအဲန်ယူ-ဖားအံမြို့နယ်အတွင်း ပြည်သူလူထုထံမှ အဓမ္မငွေကြေး တောင်းယူမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လုပ်ဆောင်နေ
- မယ်ဟန်ဂိတ်မှာ စစ်ကောင်စီက ပန်ခါးလေးရွာဥက္ကဋ္ဌကို ပစ်ခတ်ရာ သေဆုံး
- ရေဦး မုံတိုင်ပင်ရွာမှာ အကြမ်းဖက် စစ်အုပ်စု မီးရှို့သတ်ဖြတ်ထားတဲ့ အလောင်း (၁၀) လောင်းထပ်တွေ့၊ စုစုပေါင်း (၂၉) လောင်း ရှိပြီဖြစ်
- မန္တလေးမြို့သစ်က အကြမ်းဖက်စစ်အုပ်စုပိုင် မြဝတီဘဏ်ထဲ ပေါက်ကွဲမှုဖြစ်
- ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ဒေသအတွက် NUGနှင့်ပူးပေါင်းပြီး အထူးငွေတိုက်စာချုပ်များရောင်း ချမည်
- စစ်ကောင်စီယာဥ်တန်းကို PDFများက မိုင်းဆွဲတိုက်ခိုက်ရာ ၄၀ ကျော်သေဆုံးဒဏ်ရာရဟု ပုလောPDFပြော
- ဂွေ့ကြီးကျေးရွာနှင့် ညောင်လေးပင်ကျေးရွာအကြား ပဲခူး PDF ၏ ကြားဖြတ်တိုက်မှုကြောင့် အာဏာသိမ်းစစ်အုပ်စုတပ်သား (၃)ဦး သေသွား
- အာဏာသိမ်းစစ်အုပ်စု၏ ခိုင်းသမျှ လိုက်လုပ်ပြီး ကာကွယ်တိုက်ခိုက်ပေးနေသည့် PNO အသွင်ပြောင်းပြည်သူ့စစ်ဌာနအဖွဲ့ကို KNDF သတိပေး
- ထန်းလျက်စားရင်း အပန်းဖြေနေတဲ့စစ်သားတွေ မိုင်းဆွဲခံရလို့ ၃၅ ဦးခန့်သေဆုံးနိုင်
- စစ်ကိုင်းတိုင်း၊ ရွှေဘို၊ နတ်တလင်းနှင်မြိုင်မြို့နယ်တို့တွင် မိုင်းဆွဲခံရမှုနှင့်တိုက်ခိုက်မှုများကြောင့် စစ်သား ၅၄ ဦးသေဆုံး
- မြန်မာနိုင်ငံဒီမိုကရေစီရရှိရန် ဆောင်ရွက် နေကြသူများကို ဆက်လက်အားပေးထောက်ခံမည်ဟု အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကတိပြု
- ဘီးလင်းက စစ်ကောင်စီအမြှောက်တပ် တိုက်ခိုက်ခံရ
- ကား၂စီးမိုင်းဆွဲခံရလို့ စစ်ကောင်စီက ခင်ဦးမှာ ရွာ ၂ ရွာရဲ့ နေအိမ်အချို့ကို တနေ့တည်းမီးရှို့
- နတ်တလင်းမြို့နယ် ပဲခူးရိုးမအစပ်မှာ တိုက်ပွဲထပ်ဖြစ်လို့ စစ်ကောင်စီဘက်က ၂ဦး သေဆုံး
- ဖလမ်း-ကလေးလမ်းပေါ်က အိမ် ၆ လုံးကို စစ်ကောင်စီတပ်ကထပ်မံမီးရှို့
- ထီရိစခန်းသိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိထားတဲ့ ဗိုလ်မှုးအပါအဝင် စစ်သုံ့ပန်း ၅ ဦးကို စစ်ဆေးမေးမြန်းနေဆဲ
- တောင်ကြီးမြို့ က ပြည်သူများ အရေးကြီးကိစ္စမရှိဘဲ နက်ဖြန်တစ်ရက် အပြင်မထွက်ရန် SYFDA Rangers အသိပေး
- ရွှေဖောင်များ ၂၄ နာရီအတွင်း ထွက်ခွာကြရန် မြို့လှ PDF သတိပေး
- မီတာကြေး မပေးလျှင် မီတာဘောက်ပြန်သိမ်းခြင်းနှင့် တရားစွဲဆိုမှုများ ပြုလုပ်သွားမည်ဟု EPC ခြိမ်းခြောက်
ဒီးမော့ဆိုမှာ ရဲတွေအပြင်ထွက်မလာလို့ ရဲစခန်းနားထိ PDF က အနီးကပ်တိုက်ခိုက်ခဲ့ Posted: 13 May 2022 07:06 AM PDT ဒီးမော့ဆို၊ မေ၁၃၊ ၂၀၂၂။ကရင်နီပြည်နယ် ဒီးမော့ဆို မြို့နယ်က မြို့မရဲစခန်းကို မေလ ၁၃ရက်ဒီနေ့ နေ့လယ်၁၂ လောက်က ဒီးမော့ဆို PDF အပါအဝင် အနည်းဆုံး PDF ၃ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့လို့ ရဲ ၂ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီမြို့မရဲစခန်းက ပုံမှန်အချိန်တွေမှာ မကြာခဏ ဆိုသလို အပြင်ထွက်လေ့ရှိပေမယ့် ဒီနေ့မှာ အပြင်ထွက်တာမတွေ့လို့ ရဲစခန်းနား ကပ်သွားပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒီးမော့ဆို PDF တာဝန်ခံက ပြောပါတယ် |
မြောက်ဒဂုံမြို့နယ်တွင် ကမ္ဘောဇဘဏ်ငွေသိမ်းကား လုယက်ခံရ Posted: 13 May 2022 06:52 AM PDT မေလ ၁၃ ရက် (ရန်ကုန်)ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၂) ရပ် ကွက်၊ ပင်လုံလမ်းပေါ်ရှိ ကမ္ဘောဇဘဏ်ခွဲ (၁) ရှေ့တွင် ကမ္ဘောဇဘဏ်ငွေသိမ်းကား ယနေ့ မေလ ၁၃ ရက် နေ့လည် ၃ နာရီဝန်းကျင်တွင် လုယက်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။အဆိုပါ ကမ္ဘောဇဘဏ်ငွေသိမ်းယာဥ်သည် ရန်ကုန်မြို့နယ်အချို့က ကမ္ဘောဇဘဏ်များမှ ကားဖြင့် ငွေများလိုက်လံသိမ်းဆည်းသည့်ယာဥ်ဟုသိရပြီး မြောက်ဒဂုံ ကမ္ဘောဇဘဏ်ရှေ့တွင် လုယက်ခံရ |
ရေကြည်မြို့က အင်အားနည်းရဲစခန်းများ PDF ရန်ကို ကြောက်လို့ မြို့မရဲစခန်းကို လာရောက် ပူးပေါင်း Posted: 13 May 2022 06:50 AM PDT (ပုံစာ - စစ်အာဏာသိမ်းပြီးနောက် ပုသိမ်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဥ်)(ရေကြည်) မေလ ၁၃ ရက်ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ စစ်ကောင်စီဩဇာခံ ရဲကင်းစခန်းတွေ မေလဆန်းပိုင်းကစတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF တွေရဲ့အလစ်ဝင်တိုက်ခံရမှာကြောက်လို့ အင်အားများတဲ့ မြို့မရဲစခန်းကို ပူးပေါင်းတာတွေပြုလုပ်လာတယ်လို့ သိရပါတယ်။ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ ဝင်တိုက်ခံရနိုင်ချေရှိတဲ့ စခန်းတွေ |
ဝမ်းတွင်းမြို့အထွက်မှာ စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ Posted: 13 May 2022 06:49 AM PDT မေ - ၁၃ မန္တလေးတိုင်း ဝမ်းတွင်းမြို့အထွက် သဲတောရွာအနီးမှာ စစ်ကားတစ်စီးကို မနေ့ညပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု (WTRF) က သတင်းထုတ်ပြန်ပါတယ်။ မနေ့က ညနေ (၇)နာရီခန့်မှာ သဲတောအဝင် လိပ်တက်ရွာအနောက်ဘက် တံတားမှာ စစ်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကားကို အရှိန်ပြင်းစွာနဲ့ မောင်းပြေးသွားတယ်လို့ ဖော်ပြထားပါတယ်။ ဆေးရုံထဲကို ဝင်သွားတယ်လို့လည်း သိရပြီး |
မြစ်သားနယ်က ပြည်ခိုင်ဖြိုး စည်ရုံးရေးမှူး စစ်အုပ်စုသတင်းပေး ဉာဏ်ဆောင် သေနတ်ပစ်ခံရပြီး သေ Posted: 13 May 2022 06:48 AM PDT ဓာတ်ပုံ၊ ပေးပို့ မေ - ၁၃ မန္တလေးတိုင်း မြစ်သားမြို့နယ်က ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးလည်းဖြစ်၊ စစ်အုပ်စုသတင်းပေးလည်းဖြစ်တဲ့ ဉာဏ်ဆောင်ဆိုတဲ့သူဟာ မနေ့ညနေပိုင်းက သေနတ်ပစ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ မန်ကျီးကန်ရွာမှာ နေထိုင်တဲ့ ဉာဏ်ဆောင်ဆိုသူဟာ အာဏာသိမ်းပြီးကာလမှာ စစ်အုပ်စုရဲ့ အကြီးစားသတင်းပေးအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး သစ်တက်ကုန်းရွာအနီးမှာ ည (၇)နာရီ |
Posted: 13 May 2022 06:48 AM PDT မဲခေါင်၊ မေ ၁၃ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ နေရာအချို့တွင် ယနေ့၊ နံနက်အစောပိုင်းအချိန်မှစတင်ပြီး ဖုန်းလိုင်းများပြတ်တောက်လျက်ရှိသလို တိုက်ပွဲများဖြစ်ပေါ်လာနိုင်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြည်သူများထံ သတိပေးပြောဆိုထားသည်။ယမန်နေ့၊ မေလ ၁၂ရက်ကဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်၏ ဗိုလ်မှူးအပါအဝင် ၁၅ဦးသေပြီး ၅ဦးလက်နက်ချ အညံ့ခံခဲ့ကြရသည့် ညောင် |
Posted: 13 May 2022 06:43 AM PDT ၂၀၂၂ ခုနှစ်၊ မေလ ၁၃ရက်၊ သထုံခရိုင်။အာဏာသိမ်း စစ်ကောင်စီနှင့် လက်အောက်ခံ BGF တပ်ဖွဲ့များသည် ကေအဲန်ယူ-ဖားအံမြို့နယ်အတွင်းရှိ ကျေးရွာ (၁၅) ရွာမှ ရွာလူကြီးများကို မေလ (၁၂) ရက်နေ့က မိတ္ထိလာရွာ (ဘုရားကုန်း BGF စခန်း)တွင်ခေါ်ယူတွေ့ဆုံကာ အဓမ္မငွေကြေး တောင်းယူမှုများလုပ်ဆောင်ခဲ့သည်။"မေလ (၁၂) ရက်က မိထ္ထီလာရွာ(ဘုရားကုန်း BGF-၁၀၁၄)စခန်းမှာ ကျေးနယ် (၂) ခု၊ ကျေးရွာ ၁၅ ရွာက ရွာလူကြီးတွေကို ခေါ်ပြီးတော့ ပိုက်ဆံ |
မယ်ဟန်ဂိတ်မှာ စစ်ကောင်စီက ပန်ခါးလေးရွာဥက္ကဋ္ဌကို ပစ်ခတ်ရာ သေဆုံး Posted: 13 May 2022 06:40 AM PDT မေလ ၁၃ ရက်၊ လားရှိုးပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက် မနက် ၉ နာရီခွဲမှာ ရှမ်းမြောက် လားရှိုးမြို့နယ် မယ်ဟန်ဂိတ်မှာ စစ်ကောင်စီက ပန်ခါးလေးကျေးရွာဥက္ကဋ္ဌကို သေနတ်နဲ့ ပစ်ခတ်ရာ သေဆုံးသွားတယ်လို့ သိရပါတယ်။ပစ်သတ်ခံရတဲ့ ပန်ခါးလေးရွာဥက္ကဌဟာ အသက် (၃၁)နှစ်အရွယ် ဦးမိုင်းအားတီဖြစ်ပြီးတော့ ဖခင်ဖြစ်သူအတွက် ဆေး သွားဝယ်ပေးပြီး အပြန်လမ်းမှာ ပစ်သတ်ခံရတာပဲ ဖြစ်ပါတယ်။"သူက လားရှိုးကနေ ပန်ခါးလေးရွာကို ဆိုင်ကယ်နဲ့ ပြန်သွားတဲ့ |
Posted: 13 May 2022 06:35 AM PDT ရေဦးနယ် မကျီးအုပ်ရွာက အိမ်တွေကို အကြမ်းဖက် စစ်အုပ်စုက ဝင်မွှေလုယက် မီးရှို့ဖျက်ဆီး သွားစဥ်/Photo - CJမေ -၁၃စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက တစ်ရွာဝင်တစ်ရွာထွက်သတ်ဖြတ်နေပြီး ဒီကနေ့မနက်ပိုင်း မုံတိုင်ပင်ရွာမှာ စစ်အုပ်စုသတ်ဖြတ်ထားတဲ့ အလောင်း ၁၀ လောင်းထပ်မံတွေ့ရှိတာကြောင့် စုစုပေါင်း အလောင်း ၂၉ လောင်းရှိသွားပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ရေဦးမြို့ပေါ်မှာတပ်စွဲထားတဲ့ စစ်အုပ်စု |
မန္တလေးမြို့သစ်က အကြမ်းဖက်စစ်အုပ်စုပိုင် မြဝတီဘဏ်ထဲ ပေါက်ကွဲမှုဖြစ် Posted: 13 May 2022 06:34 AM PDT ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်က စစ်အုပ်စုပိုင် မြဝတီဘဏ်/Photo – Sမေ- ၁၃မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (၁၁၅) လမ်းပေါ်က အကြမ်းဖက်စစ်အုပ်စုရဲ့ မြဝတီဘဏ်မှာ ဒီကနေ့ ညနေပိုင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဆောက်အဦး မှန်ပြတင်းတွေ ကွဲကြေပျက်စီးမှု ရှိခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ဒီကနေ့ မေ(၁၃)ရက် ညနေ(၄)နာရီကျော်က ပြည်ကြီးတံခွန်မြို့နယ်၊ (က) |
Posted: 13 May 2022 06:33 AM PDT အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့်ပူးပေါင်း၍ ချင်းပြည်နယ်ဒေသများအတွက် နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်များ ရောင်းချမည်ဖြစ်ကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ယနေ့ ထုတ်ပြန်လိုက်သည်။ ထိုသို့ရောင်းချရန် ပြင်ဆင်နေပြီး Chin Relief Funding Program (CRFP)ကို အထူးငွေတိုက် စာချုပ်ရောင်းချရာတွင် အလုပ်အဖွဲ့ (Work Team) အဖြစ် ဆောင်ရွက်နိုင်ရန်တာဝန်ပေးအပ်ထားသည်ဟု အတိုင်ပင်ခံကောင်စီက ဆိုသည်။ |
စစ်ကောင်စီယာဥ်တန်းကို PDFများက မိုင်းဆွဲတိုက်ခိုက်ရာ ၄၀ ကျော်သေဆုံးဒဏ်ရာရဟု ပုလောPDFပြော Posted: 13 May 2022 06:32 AM PDT တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းရွာအနီး စစ်ကောင်စီယာဉ်တန်းကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄၀ကျော်သေဆုံးဒဏ်ရာရရှိကြောင်း PDF(ပုလော)မှ တာဝန်ခံက ပြောသည်။ မေလ၁၂ ရက် ည၁၂ နာရီတွင် မြိတ်မြိုမှပုလောမြို့လာသည့် စစ်ကောင်စီတပ်၏ ၁၁ စီးပါယာဥ်တန်းကို ပုလောမြို့နယ်ရှိ မဟာမိတ်တပ်ပေါင်းစုကပဝတ်ကုန်းရွာအနီးတွင်မိုင်းခွဲတိုက်ခိုက်ခဲ့သည်။ ထိုနောက် ယနေ့ (မေ ၁၃) နံနက်၄နာရီခွဲတွင် |
Posted: 13 May 2022 06:28 AM PDT ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်၊ ဂွေ့ကြီးကျေးရွာနှင့် ညောင်လေးပင်ကျေးရွာကြားတွင် အင်အား ၃၀ ဝန်းကျင်ပါ အာဏာသိမ်းစစ်ကောင်စီတပ်ကို ယနေ့ မေလ(၁၃)ရက်၊ မနက်ပိုင်းက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၃)ဦးသေကြောင်း ပဲခူး PDF က ထုတ်ပြန်သည်။စစ်ကောင်စီတပ်၏ စစ်ကြောင်းအား ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သာယာဝတီခရိုင် PDF တပ်ရင်းအမှတ် ၃၈၀၁ တပ်ခွဲ ၂ နှင့် တပ် ခွဲ ၃ တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ |
Posted: 13 May 2022 06:59 AM PDT ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)အသွင်ပြောင်းပြည်သူ့စစ်ဌာနေ အနေဖြင့် အာဏာသိမ်း စစ်ကောင်စီနှင့် လက်တွဲမဖြုတ်ဘဲ ကရင်နီဒေသကို ကျူးကျော်လာပါက တိုက်ခိုက်သွားမည်ဖြစ်ကြောင်း KNDF B 3 က ယနေ့မေလ(၁၃)ရက်တွင် သတင်းထုတ်ပြန်ကာ သတိပေးလိုက်သည်။ပအိုဝ်းလူမျိုးသည် ကရင်နီဒေသရှိ တိုင်းရင်းသားများနှင့် ညီအစ်ကိုသဖွယ် နှစ်ပေါင်းများစွာ ယှဥ်တွဲနေထိုင်လာခဲ့ပြီး သာရေးနာရေး ပွဲလမ်းကိစ္စများတွင်လည်း အချင်းချင်း ကူညီရိုင်းပင်း |
ထန်းလျက်စားရင်း အပန်းဖြေနေတဲ့စစ်သားတွေ မိုင်းဆွဲခံရလို့ ၃၅ ဦးခန့်သေဆုံးနိုင် Posted: 13 May 2022 06:04 AM PDT မြိုင် ၊ မေ ၁၂၊ ၂၀၂၂။မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေ မေလ ၁၂ ရက်ဒီနေ့ညနေပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ စစ်ကား ၇ စီး၊ စစ်သားအင်အား ၁၅၀ ဝန်းကျင်ပါတဲ့ အဲ့ဒီစစ်ကြောင်းဟာ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်ရှိ နယ်သတ်ရွာအနီး ခေတ္တနားနေချိန်မှာ အထူးစီမံထားတဲ့မိုင်းနဲ့ တိုက်ခိုက်လိုက်တာလို့ မြိုင် PDF တာဝန်ခံက ပြောပါတယ်။ "တိုက်ပွဲကတော့ဘာမှ |
Posted: 13 May 2022 06:04 AM PDT ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ Photo-အီးပီအေ။ရန်ကုန်၊ မေ ၁၂ စစ်ကိုင်းတိုင်း၊ ရွှေဘို၊ နတ်တလင်းနှင်မြိုင်မြို့နယ်တို့တွင် မိုင်းဆွဲခံရမှုနှင့် တိုက် ခိုက်မှုများကြောင့် စစ်သား ၅၄ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များက တရားဝင် သတင်းထုတ်ပြန်ကြသည်။ ရွှေဘိုတွင် စစ်သား ၂၀ ဦးသေဆုံး===================စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အရှေ့ဘက်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် |
Posted: 13 May 2022 06:01 AM PDT ရန်ကုန်၊ မေ ၁၃ အာဏာရှင်အဖွဲ့၏ ရက်စက်ကြမ်းကြုတ်စွာဖြိုခွင်းမှုများကို ရင်ဆိုင်နေရသည့် မြန်မာပြည်သူများအတွက် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရန် ငြိမ်းချမ်းစွာ ဆောင်ရွက်နေကြသည့်သူများအားလုံးကို ဆက်လက်အားပေးထောက်ခံသွားမည်ဟု အမေရိကန်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ရှားမန်းကပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ရှားမန်းနှင့်ဒေါ်ဇင်မာအောင်အပါအဝင် NUG ကိုယ်စားလှယ်များနှ |
ဘီးလင်းက စစ်ကောင်စီအမြှောက်တပ် တိုက်ခိုက်ခံရ Posted: 13 May 2022 05:57 AM PDT ဘီးလင်း၊ မေ ၁၃မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇီးဝန်းကျေးရွာရှိ စစ်ကောင်စီအမြှောက်တပ်ကို မေလ ၁၂ ရက်နေ့ ညနေပိုင်းက လက်နက်ကြီးနဲ့သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။အဲဒီအမြှောက်တပ်ကို KNLA တပ်မဟာ(၁)၊ တပ်ရင်း(၂)၊ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအင်အားစု(TPDF)နဲ့ဘီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ပူးပေါင်းအဖွဲ့တွေက ၄၀ မမ နဲ့သွားရောက် ပစ်ခတ်ခဲ့တာ |
ကား၂စီးမိုင်းဆွဲခံရလို့ စစ်ကောင်စီက ခင်ဦးမှာ ရွာ ၂ ရွာရဲ့ နေအိမ်အချို့ကို တနေ့တည်းမီးရှို့ Posted: 13 May 2022 05:53 AM PDT ခင်ဦး၊ မေ ၁၃၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းက ကာဆိပ်ရွာနဲ့ မကျီးအုပ်ရွာကို မေလ ၁၂ ရက် မနေ့က တရက်တည်းမှာပဲ စစ်တပ်က မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။ ရေဦးမြို့နယ်က ထွက်လာတဲ့ စစ်ကောင်စီကား ၃စီးကို ခင်ဦး PDF နဲ့ KSO အဖွဲ့တို့က ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ကားတစီးဆက်မသွားပဲကျန်နေခဲ့တယ်လို့ ခင်ဦး PDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်သံမဏိက ပြောပါတယ်။အင်အား ၅၀ ပါ စစ်ကောင်စီတပ်တွေက မူး |
နတ်တလင်းမြို့နယ် ပဲခူးရိုးမအစပ်မှာ တိုက်ပွဲထပ်ဖြစ်လို့ စစ်ကောင်စီဘက်က ၂ဦး သေဆုံး Posted: 13 May 2022 05:52 AM PDT နတ်တလင်း၊ မေ၁၃၊ ၂၀၂၂။ပဲခူးတိုင်း နတ်တလင်းမြို့နယ် ပဲခူးရိုးမအစပ်မှာ စစ်ကောင်စီတပ်တွေနဲ့ သာယာဝတီခရိုင် PDF တပ်ရင်း တို့ ဒီနေ့ မနက်ပိုင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၂ဦး သေဆုံးခဲ့တယ်လို့ နတ်တလင်းမြို့နယ် PDF ပြန်ကြားရေးဆီကသိရပါတယ်။မေလ ၁၃ရက် ဒီနေ့ ၈နာရီဝန်းကျင်မှာ နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ် ဂွေ့ကြီးကျေးရွာနဲ့ ညောင်လေးပင်ကျေးရွာ ကြားကို ရောက်ရှိလာတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ |
ဖလမ်း-ကလေးလမ်းပေါ်က အိမ် ၆ လုံးကို စစ်ကောင်စီတပ်ကထပ်မံမီးရှို့ Posted: 13 May 2022 05:51 AM PDT ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဇောင်လဲကျေးရွာ (Zonglei khua) ကို ဒီနေ့ မေ ၁၃ ရက် မနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှို့လို့ လူနေအိမ် ၆ လုံး မီးလောင်ပျက်စီးသွားတယ်လို့သတင်းရရှိပါတယ်။ စစ်ကောင်စီတပ်ရဲ့ ဟားခါး-ဖလမ်း-ကလေး လမ်းတလျှောက် စစ်ကြောင်းမှာ ရမ်ထလိုရွာက အိမ် ၁၀ လုံး၊ တလန်းဇာရ်ရွာက အိမ် UPC ကျောင်းအပါအဝင်လူနေအိမ် ၁၆ လုံး၊ ပါရ်သဲရွာက လူနေအိမ် ၇ လုံး မီးရှို့ဖြတ်စီးခဲ့ပါပြီ။Zalen |
ထီရိစခန်းသိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိထားတဲ့ ဗိုလ်မှုးအပါအဝင် စစ်သုံ့ပန်း ၅ ဦးကို စစ်ဆေးမေးမြန်းနေဆဲ Posted: 13 May 2022 05:48 AM PDT ဓာတ်ပုံ -CJရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ထီရိကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ် နဲ့ ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ ( PNO )တို့ အခြေချထိုင်ထားတဲ့ ထီရိဂိတ်စခန်းကို တက်ရောက်သိမ်းပိုက်ရာမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း၅ ဦးကို စစ်ဆေးမေးမြန်းမှု ပြုလုပ်နေဆဲဖြစ်ပြီး ပြန်လည်ချပြ သွားမယ်လို့ KNDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ အရှင်ဖမ်းမိထားတဲ့ သုံ့ပန်း ၅ ဦးမှာ စစ်ကောင်စီတပ်မှ ဗိုလ်မှုးအဆင့်ရှိသူ အပါအဝင် ၂ |
တောင်ကြီးမြို့ က ပြည်သူများ အရေးကြီးကိစ္စမရှိဘဲ နက်ဖြန်တစ်ရက် အပြင်မထွက်ရန် SYFDA Rangers အသိပေး Posted: 13 May 2022 05:45 AM PDT မေ ၁၃ ရက် သျှမ်းတောင် တောင်ကြီးမြို့ရှိ ပြည်သူများအနေဖြင့် မေလ ၁၄ ရက်တွင် ပစ်ခတ်မှုများဖြစ်ပွားနိုင်သဖြင့် အရေးကြီးကိစ္စမရှိဘဲ အပြင်မထွက်ကြရန် Shan Youth's Fedral Democratic Army (SYFDA-Rangers) မှ ယနေ့ (မေ ၁၃) ရက်စွဲဖြင့် အသိပေးထုတ်ပြန်ထားသည်။ တောင်ကြီးမြို့ပေါ်တွင် သေနတ်ပစ်ခတ်သံများဖောက်ခွဲသံများကြားပါက မစပ်စုဘဲ ပြည်သူများ မိမိတို့၏ နေအိမ်တွင်သာ လုံလုံခြုံခြုံနေရန် နှင့် အချိန်မရွေးပစ်ခတ် |
ရွှေဖောင်များ ၂၄ နာရီအတွင်း ထွက်ခွာကြရန် မြို့လှ PDF သတိပေး Posted: 13 May 2022 05:40 AM PDT May 13,2022ကချင်ပြည်နယ် ရွှေကူမြို့နယ် မြစ်ကြောင်းတစ်လျှာက် ရွှေတူးဖော်နေကြသည့် ရွှေဖောင်များ ၂၄ နာရီအတွင်း ထွက်ခွာကြရန် မြို့လှ PDF မှ ယနေ့ နေ့လည် ၁ နာရီဝန်းကျင်တွင် သတိပေးထုတ်ပြန်ထားသည်။"ဒေသခံတွေက ဒီကိစ္စကဘက်ကနေ ကျနော်တို့ကို ဖြေရှင်းပေးဖို့ တောင်းဆိုလာတာဖြစ်တယ်။ အဲကြောင့် ကျနော်တို့ဘက်ကလည်း ရွှေဖောင်တွေကို ထွက်ခွာဖို့ ၂၄ နာရီအချိန်ပေးထားတယ်။ မထွက်ခွာဘူးဆိုရင်တော့ ကျနော်တို့ထုတ်ပြန်ချက်က |
မီတာကြေး မပေးလျှင် မီတာဘောက်ပြန်သိမ်းခြင်းနှင့် တရားစွဲဆိုမှုများ ပြုလုပ်သွားမည်ဟု EPC ခြိမ်းခြောက် Posted: 13 May 2022 05:38 AM PDT ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ပြည်သူများ မီတာခ မပေးဆောင်ပါက လျှပ်စစ်မီး ဖြတ်တောက်ခြင်း၊ မီတာဘောက် ပြန်သိမ်းမည့်အပြင် တရားစွဲဆိုသည်အထိ ပြုလုပ်သွားမည်ဟု မိုးမောက် မြို့နယ်လျှပ်စစ်ရုံးက စာဖြင့် ခြိမ်းခြောက်ထားကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ခြိမ်းခြောက်စာများကို မိုးမောက်မြို့ပေါ် ကြေးနန်းရပ်ကွက်၊ နမ်ဘုံရပ်ကွက်နှင့် အလင်းကောင်ရပ်ကွက်များရှိ မီတာခမဆောင်သည့် နေအိမ်များတွင် မေလ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.