သစ္ထူးလြင္ |
- ပုသိမ်ကြီးမြို့နယ်ထဲက ရှမ်းခေါက်ဆွဲရောင်းတဲ့ စစ်အုပ်စုသတင်းပေး သေနတ်နဲ့ သုံးချက်ပစ်ခံရ၊ သေမသေ မသိရသေး
- ခရမ်းမြို့ရှိ သွေးသောက်အဖွဲ့ဝင်ဟု နာမည်ကြီးနေသူ သေနတ်ဖြင့် ပစ်သတ်ခံရ
- တိုက်ပွဲတွေပြန်ဖြစ်လာနိုင်လို့ ပြည်သူတွေစစ်တပ်ရှိတဲ့နေရာတွေကိုရှောင်ဖို့ ရက္ခိုင့်တပ်တော် သတိပေး
- ဖယ်ခုံမြို့၊ဆောင်နန်းခဲကျေးရွာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်တွေက ရွာအတွင်း ဝင်ရောက်မီးရှို့ခဲ့
- စစ်ကောင်စီစစ်ကြောင်းကို PDF တွေ မိုင်းဆွဲလို့ ၅ ဦးသေပြီး၊ ဒဏ်ရာရသူတွေလည်းရှိ
- စစ်ကောင်စီထောက်ပို့ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး
- မိုးညှင်းမြို့နယ်အတွင်းက အခွန်ရုံး၊ စည်ပင်ရုံး၊ လျှပ်စစ်ရုံးတို့မှ ဝန်ထမ်းများ အခွန်ငွေကောက်ခံနေမှုများ ရပ်တန့်ရန် မိုးညှင်းမြို့ PDF သတိပေး
- ဖယ်ခုံမြို့နယ် တိုက်ပွဲ PDF တစ်ဦးကျဆုံး စစ်ကောင်စီ အများအပြားသေဆုံး
- ဒေသခံ PDF တွေပေါင်းတိုက်လို့ စစ်ကောင်စီတွေ စခန်းစွန့်ထွက်ပြေး
- ပေါင်းတည်မှာ ဗုံးပေါက်ပြီး ရဲတဦးပြင်းထန် ဒဏ်ရာရ
- ပျူများလိုက်လာသော ရိက္ခာကားကိုတိုက်ခိုက်ရာ ပျူခေါင်းဆောင်အပါအဝင်လေးဦးသေ
- ဆိုင်ကယ်ဖြင့် ကင်းလှည့်နေသော စစ်ကောင်စီတပ်သားများအား ပဲခူးတိုင်း PDF တိုက်ခိုက်
- မန္တလေးက ရာအိမ်မှူးတစ်ယောက် လက်ဖက်ရည်သောက်ပြီးအပြန် အသတ်ခံရ
- ယင်းမာပင်မှာ ရွာထဲဝင်မွှေလုယက် မီးရှို့ပြီး ပြန်ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ပေပါမိုင်းတွေနဲ့ ဖောက်ခွဲ
- ပင်းတယနှင့် ရွာငံ PDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီသတင်းပေး ၅ ဦးကို ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်
- ရွာငံတွင် ပျူစောထီးအဖွဲ့၏ ခေါင်းဆောင်ပိုင်း ၂ ဦး ရှင်းလင်းခံရ
- ယင်းမာပင်နှင့် ခင်ဦးမြို့နယ်များမှ ဒေသခံများ၏ နေအိမ်များကို စစ်ကောင်စီတပ်တွေမီးရှိုပြီး ပစ္စည်းများလုယူကာ ဒေသခံ ၂ ဦးကိုသတ်ဖြတ်
- မြိုင်မြို့နယ်၊ လက်ယက်မရွာကို စစ်တပ်ကမီးရှို့လို့ ရွာလုံးကျွတ်မီးဘေးသင့်နေ
- ရွှေဘို အရှေ့ခြမ်း မှာ PDF နဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ၆ဦးနီးပါးသေဆုံးနိုင်
- KNU တပ်မဟာ(၂)နယ်မြေရှိ စစ်ကောင်စီတပ်စခန်းသုံးခု လာမည့်သုံးရက်အတွင်း အပြီးတိုင်ရုပ်သိမ်းထွက်ခွာရန် KNLA တပ်ရင်း(၆) သတိပေး
- မြန်မာပြည်သူများနှင့် အတူရပ်တည်ပြီး ဆက်လက်ကူညီထောက်ပံ့မည်ဟု မလေးရှားကတိပြု
- စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်တပ်ဖက်မှ ၅ ဦး သေ
- စစ်ကောင်စီတပ်နဲ့ CNDF တို့ တိုက်ပွဲ ဆက်ဖြစ်၊ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု ရှိ
- ပျူစောထီးများက PDF ဟန်ဆောင်ကာ ခရီးသွားများကို ဓားပြတိုက်ငွေညစ်နေ
- တိုက်ပွဲပြင်းထန်နေသည့် မြောင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးကျော်သေ၊ PDF တစ်ဦး ကျဆုံး
Posted: 16 May 2022 08:57 AM PDT ဓာတ်ပုံ၊ ပေးပို့ မေ - ၁၆ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် နန္ဒာမြောက်ကျေးရွာမှာ ရှမ်းခေါက်ဆွဲအရောင်းဆိုင်ဖွင့်လှစ်ထားတဲ့ စစ်အုပ်စုသတင်းပေးတစ်ဦးဟာ ဒီနေ့ညနေပိုင်းမှာ သေနတ်နဲ့ သုံးချက် အပစ်ခံခဲ့ရတယ်လို့ သိရပါတယ်။ နန္ဒာမြောက်ရွာတောင်ဖက် ကွက်သစ်မှာနေတဲ့ ဦးစန်းယုလွင်ဆိုသူဟာ ဒီနေ့ညနေ လေးနာရီခွဲလောက်က နေအိမ်မှာရှိနေစဉ် ဆိုင်ကယ်သုံးစီးနဲ့ လူငယ်တွေရောက်လာပြီး ဦးစန်းယုလွင်ရဲ့ ဝမ်းဗိုက်မှာ နှစ်ချက်၊ ယာ |
ခရမ်းမြို့ရှိ သွေးသောက်အဖွဲ့ဝင်ဟု နာမည်ကြီးနေသူ သေနတ်ဖြင့် ပစ်သတ်ခံရ Posted: 16 May 2022 08:54 AM PDT ခရမ်း၊ မေ ၁၆ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ကမာကလူကျေးရွာ၌ သွေးသောက်အဖွဲ့၀င်ဟု နာမည်ကြီးနေသူ အမျိုးသားတစ်ဦး သေနတ် ဖြင့်ပစ်သတ်ခံရသည်ဟု ခရမ်းမြို့တွင် နေထိုင်သူတစ်ဦးကပြောသည်။မတ်လ ၁၆ ရက် ၂ နာရီခန့်တွင် ကမာကလူကျေးရွာရှိ စားသောက်ဆိုင်တစ်ခုတွင် သေနတ်သမားက သွေးသောက်အဖွဲ့၀င်ဟု နာမည်ကြီးနေသူကို သေနတ်ဖြင့် ၀င်ရောက်ပစ်ခတ်စဉ် ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ၎င်းကပြောသည်။"သွေးသောက်လို့နာမည်ထွက်နေတဲ့ နိုင်ကြီးကို |
တိုက်ပွဲတွေပြန်ဖြစ်လာနိုင်လို့ ပြည်သူတွေစစ်တပ်ရှိတဲ့နေရာတွေကိုရှောင်ဖို့ ရက္ခိုင့်တပ်တော် သတိပေး Posted: 16 May 2022 08:50 AM PDT စစ်တွေ - မေ(၁၆) ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြန်ဖြစ်မှာနိုင်တဲ့အနေအထားရှိနေလို့ ပြည်သူတွေအနေနဲ့ စစ်တပ် သွားလာလှုပ်ရှားတဲ့နေရာများ၊အထိုင်ချနေခဲ့တဲ့နေရာများနဲ့ စစ်တပ်ရဲ့ တပ်စခန်းအနီးပတ်ဝန်း ကျင်တွေကို သွားရောက်တာတွေအထူးရှောင်ကြဉ်ကြဖို့ ရက္ခိုင်တပ်တော် AA ကသတိပေး ထုတ်ပြန်လိုက်ပါတယ်။ ရခိုင်ဒေသမှာ စစ်တပ်က ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနင်းမိလို့ မင်းပြားမြို့နယ်နဲ့ အမ်းမြို့နယ် က အရပ်သားပြည်သူနှစ်ဦး |
Posted: 16 May 2022 08:46 AM PDT ဓာတ်ပုံ- Pehkon PDF 2ဖယ်ခုံမြို့နယ်၊ဆောင်နန်းခဲကျေးရွာကို (မေလ၁၆)ရက် ညနေ ၅နာရီ အချိန်ခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲကျေးရွာအနီးတောင်ပေါ်မှ စစ်ကြောင်း ထိုးလာသောစစ်ကောင်စီ တပ်မှရွာအတွင်းဝင်ရောက်မီးရှို့ဖျက်စီးခဲ့ပါတယ်လို့ Pekhon PDF 2 မှ ဖော်ပြထားပါတယ်။မနေ့က(မေလ ၁၅)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစဘက်က ကျေးရွာ အနီးတောင်ပေါ်နေရာတွင်ကျဆုံးမှုများရှိခဲ့ပါတယ်။ထိုအပြင် |
စစ်ကောင်စီစစ်ကြောင်းကို PDF တွေ မိုင်းဆွဲလို့ ၅ ဦးသေပြီး၊ ဒဏ်ရာရသူတွေလည်းရှိ Posted: 16 May 2022 08:44 AM PDT ယင်းမာပင်၊ မတ် ၁၆၊၂၀၂၂။စစ်ကိုင်းတိုင်း၊ ယင်းမာပင်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွ မေ ၁၅ ရက် မနေ့မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ အဲ့ဒီတပ်တွေဟာ ယင်းမာပင်ကနေ မုံရွာဘက်ကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး၊ သူတို့ကို ယင်းမာပင်မြို့နယ်အတွင်း တနေရာမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၅ ဦးသေဆုံးကာ၊ အများအပြား ဒဏ်ရာရခဲ့တယ်လို့ Brother Defense Force၊က |
စစ်ကောင်စီထောက်ပို့ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး Posted: 16 May 2022 08:42 AM PDT မြိုင်၊ မေ ၁၅ ၊ ၂၀၂၂။မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ မေလ ၁၅ ရက်မနေ့က စစ်ကောင်စီထောက်ပို့ကား ၁ စီးမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ ခန့်မှန်းခြေ စစ်သားနဲ့ ပျူစောထီး ၁၁ ဦး နီးပါးလိုက်ပါလာတဲ့ အဲ့ဒီထောက်ပို့ကားဟာ ပခုက္ကူမြို့နယ်၊ ကမ္မရွာဘက်က ထွက်လာတာဖြစ်ပြီး၊ မြိုင်မြို့နယ်၊ နှင်းဆီကန်ရွာနဲ့ သရက်ကန်ရွာကို ပို့မယ့်ကားလို့ သိရတာကြောင့် အဲ့ဒီအနီးတဝိုက်မှာပဲ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဆီးကြို |
Posted: 16 May 2022 08:39 AM PDT 16 May 2022ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း စစ်ကောင်စီ၏ အကျိုးစီးပွားအတွက် အဓိကဝင်ငွေရှာဖွေပေးနေကြသော အခွန်ရုံး၊ စည်ပင်ရုံး၊ လျှပ်စစ်ရုံးတို့မှ ဝန်ထမ်းများအနေဖြင့် ပြည်သူလူထုအပေါ် အတင်းအကြပ်ဖိအားပေး အခွန်ငွေကောက်ခံနေမှုများ ရပ်တန့်ရန် မိုးညှင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတိပေးစာထုတ်ပြန်ခဲ့သည်။သတိပေးစာကို မိုးညှင်း PDF က မေ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်သည်။ "အဓိက ကတော့ Non CDM သမားတွေက |
ဖယ်ခုံမြို့နယ် တိုက်ပွဲ PDF တစ်ဦးကျဆုံး စစ်ကောင်စီ အများအပြားသေဆုံး Posted: 16 May 2022 08:37 AM PDT မေလ ၁၆ သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းတွင် ယမန်နေ့ (မေလ ၁၅) ရက် တိုက်ပွဲကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဘက်က တစ်ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ အများအပြားသေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးမှုရှိကြောင်းသိရသည်။ " ကျနော်တို့ ပြည်သူ့ |
ဒေသခံ PDF တွေပေါင်းတိုက်လို့ စစ်ကောင်စီတွေ စခန်းစွန့်ထွက်ပြေး Posted: 15 May 2022 10:00 AM PDT ကနီ၊ မေ ၁၅၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ မေလ ၁၅ ရက် ဒီနေ့ညနေ ၃ နာရီလောက်က ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ယာယီအထိုင်ချနေတဲ့ စစ်ကောင်စီတွေ စခန်းကိုစွန့်ကာ ထွက်ပြေးသွားခဲ့ကြပါတယ်။မှန်ထောင်ဘုရားကုန်းယာယီစခန်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။"အင်အားအတိအကျတော့ မသိရဘူး ၂၅-၃၀ လောက်ရှိမယ်။ အရင်ကနီမြို့နယ်အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားနေတာ တပ်ကူလှမ်းတောင်းလို့ မဟာမိတ်တပ် |
ပေါင်းတည်မှာ ဗုံးပေါက်ပြီး ရဲတဦးပြင်းထန် ဒဏ်ရာရ Posted: 15 May 2022 09:57 AM PDT ပေါင်းတည်၊ မေ ၁၅၊ ၂၀၂၂။ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့ရဲ့ အနီးမှာ မတ်လ ၁၅ ရက် ဒီကနေညနေ ၄ နာရီလောက်က ဗုံးတလုံးပေါက်ကွဲပြီး ရဲတဦးဒဏ်ရာပြင်းထန်ရ ခဲ့ပါတယ်။မြို့ရဲ့ တောင်ဘက်၊ တာပွန်လမ်းမပေါ် ဟင်္သာကန်နဲ့ ဗိုလ်ကုန်းရွာကြားမှာ ပေါက်ကွဲတာလို့ သိရပါတယ်။"အသံကတော့ အကျယ်ကြီးပဲ အိမ်စီးကားနဲ့ ရဲကားကတော့ အရေးပေါ်ဟွန်းတီးပြီး မောင်းသွားတာ ဆေးရုံကားလဲ သွားတယ်။ အသုဘတင်တဲ့ကားလဲ ခေါ်သွားတယ်။ ထိတာက ရဲတယောက် |
ပျူများလိုက်လာသော ရိက္ခာကားကိုတိုက်ခိုက်ရာ ပျူခေါင်းဆောင်အပါအဝင်လေးဦးသေ Posted: 15 May 2022 09:55 AM PDT ပျူစောထီးများလိုက်ပါလာသည့် ရိက္ခာကားကို တိုက်ခိုက်ရာ ဝက်ပုတ်ရွာပျူစောထီးခေါင်းဆောင်နှင့်အတူ လေးဦးသေဆုံးကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန် သည်။ယနေ့(မေ ၁၅ ရက်) နေ့ခင်း ၂ နာရီ မိနစ် ၂၀ ခန့်တွင် သတင်းအရ ကိုင်းတောမ-ကမ္မလမ်းပေါ်တွင် စောင့်ဆိုင်းတိုက်ခိုက်ခြင်းဟုဖော်ပြထားသည်။"စစ်ကောင်စီဒေါက်တိုင်တွေ စကစနဲ့ ပက်သက်ပြီး ပြည်သူလူထုကို ဒုက္ခပေးမဲ့သူမှန်သမျှ စကစနဲ့ တစ်တန်းထဲထားပြီး |
ဆိုင်ကယ်ဖြင့် ကင်းလှည့်နေသော စစ်ကောင်စီတပ်သားများအား ပဲခူးတိုင်း PDF တိုက်ခိုက် Posted: 15 May 2022 09:54 AM PDT ဆိုင်ကယ်ဖြင့်ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးတိုင်း PDFက သတင်းထုတ်ပြန်သည်။မေလ ၁၅ရက် နေ့လယ် ၃နာရီခွဲခန့်တွင် ပြည်ခရိုင် ပေါင်းတည်မြို့နယ် ကြို့ပင်ကျေးရွာအုပ်စု သဖန်းကုန်း - တာပွန် လမ်းပိုင်း၌ ဆိုင်ကယ်သုံးစီးဖြင့် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သားများကို ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေး တပ်ရင်းအမှတ်(၃၆၀၁) |
မန္တလေးက ရာအိမ်မှူးတစ်ယောက် လက်ဖက်ရည်သောက်ပြီးအပြန် အသတ်ခံရ Posted: 15 May 2022 09:50 AM PDT ဓာတ်ပုံ၊ CJ မေ - ၁၅ မန္တလေးမြို့က ရာအိမ်မှူး(ယာယီအုပ်ချုပ်ရေးမှူး)တစ်ယောက်ဟာ ဒီမနက်ပိုင်း (၉)နာရီအချိန်လောက်မှာ လက်ဖက်ရည်သောက်ပြီးအပြန် အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ (၃၅) လမ်း၊ (၈၇)လမ်းနဲ့ (၈၈) လမ်းအနီးမှာ လက်ဖက်ရည်ဆိုင်က စက်ဘီးနဲ့ ပြန်လာတဲ့ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊ အကွက်အမှတ်(၂၈၇) ရာအိမ်မှူး(ယာယီရပ်ကွက်အုပ်ချုပ်ရေးမှုး) အသက် (၆၂)နှစ်အရွယ် |
Posted: 15 May 2022 09:48 AM PDT မေ- ၁၅စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စံပြ ရွာသာယာ ကျေးရွာထဲ ဝင်မွှေလုက် ခိုးယူကာ နေအိမ်တွေကို မီးရှိုပဖျက်ဆီးပြီး ပြန်ထွက်လာတဲ့ အကြမ်းဖက် စစ်အုပ်စုကို ဒီကနေ့ မနက်ပိုင်းအချိန် ပေပါမိုင်း သုံးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင် ဒေသကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။"စံပြ ရွာသာယာရွာ ကျေးရွာ မီးရှိပြန်လာသော စစ်ခွေးများ ကောင်းဆင့်ရွာ အရှေ့ဘက် ငါးကန်အနီး မိုင်းလာရှင်းသော ခွေး (၁၀) ကောင် |
ပင်းတယနှင့် ရွာငံ PDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီသတင်းပေး ၅ ဦးကို ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန် Posted: 15 May 2022 09:42 AM PDT မဲခေါင်၊ မေ ၁၅ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအခြေစိုက် ပင်းတယနှင့် ရွာငံ PDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီသတင်းပေး ၅ ဦးကို ရှင်းလင်းခဲ့ကြောင်း မေလ ၁၄ ရက်၊ ညပိုင်းအချိန်က ပြည်သူများထံ အသိပေးထုတ်ပြန်ထားသည်။ပြည်သူမျ၏အသက်အိုးအိမ်စည်းစိမ်ကို နစ်နာစေခဲ့သည့် ပင်းတယမြို့နယ်မှ ဒလန် ၄ ဦးနှင့် ရွာငံမြို့နယ်မှ ဒလန် ၁ဦးကို ပင်းတယမြို့ပြပျောက်ကျားအဖွဲ့၊ ရွာငံမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ |
ရွာငံတွင် ပျူစောထီးအဖွဲ့၏ ခေါင်းဆောင်ပိုင်း ၂ ဦး ရှင်းလင်းခံရ Posted: 15 May 2022 09:40 AM PDT မဲခေါင်၊ မေ ၁၅ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ယမန်နေ့ မေလ ၁၄ ရက်၊ ညနေပိုင်းက အင်အား ၄၀ ခန့်ဖြင့် ဖွဲ့စည်းထားသည့် ပျူစောထီးအဖွဲ့၏ ခေါင်းဆောင်ပိုင်း ၂ ဦး သတ်ဖြတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာတွင် အင်အား ၄၀ ကျော်ဖြင့် အခြေချထားသော ပျူစောထီးအဖွဲ့၏ ခေါင်းဆောင်ပိုင်း ၂ ဦးဖြစ်သူ ယခင်ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူးများဖြစ်ကြ |
Posted: 15 May 2022 09:42 AM PDT ဓာတ်ပုံ-CJမေလ ၁၅ ရက်စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊နှောရိုးကျေးရွာနှင့် ရွာသာယာကျေးရွာတို့ကို ယနေ့မေလ ၁၅ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်များဝင်ရောက်လာပြီး ဒေသခံများ ၏နေအိမ်များကိုမီးရှို့ဖျက်စီးခဲ့ပြီး ပြည်သူပိုင်ပစ္စည်းများကိုလုယူကာ ဒေသခံပြည်သူ ၁ ဦးကိုပါ သေနတ်ဖြင့်ပစ်သတ်ခဲဲ့ကြောင်းဒေသခံများထံကသိရသည်။ပစ်သတ်ခံရသူမှာ နှောရိုးရွာက ကိုအောင်ဇော်သိန်းဆိုသူဖြစ်ပြီး စစ်ကောင်စီတပ်များ၏ မီးရှို့မှု |
မြိုင်မြို့နယ်၊ လက်ယက်မရွာကို စစ်တပ်ကမီးရှို့လို့ ရွာလုံးကျွတ်မီးဘေးသင့်နေ Posted: 14 May 2022 08:52 AM PDT မြိုင်၊ မေ ၁၄၊ ၂၀၂၂။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မရွာကို မေလ ၁၄ ရက် ဒီနေ့ညနေပိုင်းမှာ စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီညနေ ၆ နာရီ ၁၅ လောက်မှာ ရွာရဲ့တောင်ဘက်ပိုင်းကနေ စတင်မီးရှို့ခဲ့တာဖြစ်ပြီး၊ လက်ရှိအချိန်ထိ မီးမငြိမ်းသက်နိုင်သေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။" ဒီညနေပိုင်းမှာ တောင်လေတိုက်နေချိန်ကို တောင်ဘက်ကနေစရှို့တာပါ။ အဝေးကနေမြင်ရတာ မီးတောက်အတော်ကြီးတယ်။ ရွာထဲကလူ |
ရွှေဘို အရှေ့ခြမ်း မှာ PDF နဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ၆ဦးနီးပါးသေဆုံးနိုင် Posted: 14 May 2022 08:51 AM PDT ရွှေဘို၊ မေ၁၄၊ ၂၀၂၂။စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေဘက်မှာ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ Black Wolf PDF တို့ ၁၂ရက်နေ့က တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၆ဦးနီးပါး သေဆုံးနိုင်တယ်လို့ သိရပါတယ်။စစ်ကောင်စီတပ်တွေ လာမယ်ဆိုတဲ့ သတင်းရထားလို့ ကြိုတင်ပြင်ဆင်ပြီး မိုင်းထောင်ထားခဲ့တဲ့ နေရာကို ရောက်လာခဲ့လို့ နေ့လယ် ၂နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ပြီး အပြန်အလှန်ပစ်ခတ် |
Posted: 14 May 2022 08:49 AM PDT ▪️KNU တပ်မဟာ ခုနစ်ခုရှိသည်အနက် လေးခု၏ နယ်မြေများရှိ စစ်ကောင်စီတပ်စခန်းများ ရုပ်သိမ်းရန် သတိပေးထားကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တပ်မဟာ (၂)နယ်မြေ တောင်ငူခရိုင်အတွင်းရှိ တပ်စခန်း သုံးခုကို မေလ ၁၇ရက် နောက်ဆုံးထား၍ အပြီးတိုင် ရုပ်သိမ်းထွက်ခွာရန် KNLA တပ်ရင်း(၆)က မေလ ၈ရက်တွင် ထုတ်ပြန်ကြေညာထားသည်။တပ်ရင်း(၆)နယ်မြေရှိ ပြည်သူလူထုများ၏ နေ့စဉ်သွား လာရေးကို ခြိမ်းခြောက် |
မြန်မာပြည်သူများနှင့် အတူရပ်တည်ပြီး ဆက်လက်ကူညီထောက်ပံ့မည်ဟု မလေးရှားကတိပြု Posted: 14 May 2022 08:48 AM PDT NUGနှင့် မလေးရှား နိုင်ငံခြားရေးဝန်ကြီးတို့ ဝါရှင်တန်၌ လူချင်းတွေ့ဆုံမြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာရပ်တည်ပြီး ကူညီထောက်ပံ့မှုများဆက်လက်ပေးမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ကတိပြုပြောကြားသည်။ဝါရှင်တန်သို့ ရောက်ရှိနေသော အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့ လူချင်း ယနေ့တွေ့ဆုံခဲ့ပြီး မြန်မာပြည် |
စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်တပ်ဖက်မှ ၅ ဦး သေ Posted: 14 May 2022 08:45 AM PDT မေလ ၁၄ ရက်၊ ဖယ်ခုံရှမ်း-ကရင်နီနယ်စပ် ရှမ်းတောင် မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်ထဲ စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦး သေဆုံးခဲ့ပါတယ်။မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီ ခမရ(၄၂၂) တပ်ရင်းအနီး ကင်းပုန်းဝပ်နေတဲ့ စစ်တပ်ကို ဒီနေ့မနက်အစောပိုင်းမှာ မိုးဗြဲ PDF (MB-PDF)က ပြောက်ကျား ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ပစ်ခတ်မှုအတွင်း မိုးဗြဲ PDF ဘက် |
စစ်ကောင်စီတပ်နဲ့ CNDF တို့ တိုက်ပွဲ ဆက်ဖြစ်၊ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု ရှိ Posted: 14 May 2022 08:43 AM PDT မေလ ၁၄ ရက်၊ ဖလမ်းချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF)ရဲ့ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ၄ ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ ဒီနေ့ည ၉ နာရီခွဲကျော်မှာ ထုတ်ပြန်ထားပါတယ်။မိုင်တိုင်(၆၃)နဲ့ မိုင်တိုင် (၄၅)ကြားမှာ CNDF က နယ်မြေရှင်းလင်းရာ MA ကျည် (၁၂၀)၊ ၆၀ မမ ကျည်တစ်လုံး၊ ကျည်ဘောက်တစ်ခုတို့ကို သိမ်းဆည်းရမိပြီး အမျိုးသမီး အဝတ်စားလည်း တွေ့ရှိရတဲ့အတွက် စစ်ကောင်စီ ယာဥ်တန်းမှာ အမျိုးသမီးစစ်သည် |
ပျူစောထီးများက PDF ဟန်ဆောင်ကာ ခရီးသွားများကို ဓားပြတိုက်ငွေညစ်နေ Posted: 14 May 2022 08:39 AM PDT အင်းတော် - မေ ၁၄၊ ၂၀၂၂။ပျူစောထီးတပ်ဖွဲ့ဝင်များက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဟန်ဆောင်ကာ ခရီးသည်များကို ဓားပြတိုက်သည့်ဖြစ်စဉ်အချို့ စစ်ကိုင်းတိုင်း အင်းတော်မြို့အနီး ဖြစ်ပွါးနေကြောင်း သိရသည်။ပြီးခဲ့သည့် မေလ ၉၊ ၁၀ ရက်နေ့နှင့် ၁၁ရက်နေ့များတွင် သုံးရက်ဆက်တိုက် လုယက်မှုဖြစ်ပွါးခဲ့ပြီး လုယက်သူများမှာ ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများက ပြည်သူ့ကာကွယ်ရေးတပ်သား(pdf) အယောင်ဆောင်၍ လုယက်ခြင်းဖြစ်သည်ဟု |
တိုက်ပွဲပြင်းထန်နေသည့် မြောင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးကျော်သေ၊ PDF တစ်ဦး ကျဆုံး Posted: 14 May 2022 08:38 AM PDT မြောင် - မေ ၁၄၊ ၂၀၂၂။စစ်ကောင်စီတပ်နှင့် မြောင်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များအကြား နှစ်ရက်ခန့် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးခန့်သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့ကြောင်းသိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လှေကုတ်ကျေးရွာကို မီးရှို့ခဲ့ပြီးနောက် ထွက်လာသည်ကို အသင့်စောင့်ဆိုင်းနေသော ဒေသခံကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့သည်ဟု CDSOM က တာဝန်ရှိသူတစ်ဦးက The 74 |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.