Wednesday, May 18, 2022

သစ်ထူးလွင်

သစ်ထူးလွင်


မုံရွာမြို့က စစ်ကောင်စီ စစ်ဆေးရေးဂိတ် ၇ခုကို မုံရွာ UG တွေ ဗုံးခွဲတိုက်ခိုက်

Posted: 17 May 2022 10:12 AM PDT

မုံရွာ၊ မေ၁၇၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီနေ့မနက်ပိုင်း ၁၀နာရီဝန်းကျင်မှာ ပြည်သူတွေကို မြို့ပေါ်ကို မသွားလာကြဖို့ ထုတ်ပြန်ပြီးနောက်ပိုင်းမှာ UG ၈ဖွဲ့က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေကို စတင်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။အဓိက တိုက်ခိုက်ခဲ့တဲ့ နေရာတွေက မုံရွာမြို့ပေါ်မှာ ပြည်သူတွေကို မတရား သဖြင့် စစ်ဆေးမှုတွေလုပ်ပြီးပိုက်ဆံတောင်းနေတဲ့ နေရာတွေကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်

အမေရိကန်ရောက် အလှုရှင်တစ်ဦးမှ သိန်း (၃၅၀) ဝန်းကျင်ရှိသော စနိုက်ပါတစ်လက်အား Black Wolf PDF သို့လှုဒါန်း

Posted: 17 May 2022 10:11 AM PDT

မေ ၁၇အမေရိကန်ရောက် အမည်မဖော်လိုသူ မြန်မာနိုင်ငံသားဦးမှ  Black Wolf တပ်ဖွဲ့ လိုအပ်လျက်ရှိသော SIG CROSS ( SNIPER ) SCOPE နှင့် ကျည် (၁၀၀) အပါ တလက်အားလှူဒါန်းခဲ့ကြောင်း Black Wolf PDF ကထုတ်ပြန်သည်။SIG CROSS ( SNIPER ) တလက်စျေးသည် ယခုအခါတွင် သိန်း ၃၅၀ အထိ ပေါက်စျေးရှိပြီး ကျည်တတောင့်လျှင် ၂၅၀၀၀ စျေးဖြင့် ကျည် ၁၀၀ ဝန်းကျင်ခန့် ၂၅ သိန်းကျပ် ကိုလည်း တော်လှန်ရေးအတွက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ကင်းပုံးလာချသည့် စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ငါးဦးသေဆုံးဟုဆို

Posted: 17 May 2022 10:05 AM PDT

မြောင် - မေ ၁၇၊ ၂၀၂၂၊ ချောင်းဦး - မြင်းမူ လမ်းတွင် စစ်ကောင်စီကင်းပုန်းလာချသည့်  အန်စာတုံးကားတစ်စီးကို ယနေ့မွန်းလွဲ ၁ နာရီခန့်က မြောင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် CDSOM က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။မိုင်းဆွဲတိုက်ခိုက်ပြီးနောက် သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်ကို သွားရောက်အတည်ပြုရာတွင် အလောင်းများကို တွေ့ရှိခဲ့

ရှမ်းနီအမျိုးသားတပ်မတော်၏ ငွေကြေးကောက်ခံမှုကြောင့် ဒေသခံများအခက်တွေ့၊ စစ်ကောင်စီကိုတိုက်လျင် ပေးပျော်သည်ဟုဆို

Posted: 17 May 2022 10:04 AM PDT

ဟုမ္မလင်း - မေ ၁၇၊ ၂၀၂၂။ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ ဈေးဆိုင်နှင့် ရွှေမှော်များတွင် ငွေကောက်ခံမှုများ ပြုလုပ်နေသောကြောင့်  ရှမ်းနီလူမျိုးအချင်းချင်း နှိပ်စက်နေသည်ဟုသာ ခံစားရကြောင်း ဒေသခံများက ပြောနေကြသည်။ရပ်ရွာအုပ်ချုပ်ရေးမှူးများ၊ ရွာကျောင်းမှ ဘုန်းတော်ကြီးများကပါ ပူးပေါင်းပါဝင်ပြီး ရွှေပန်းတိမ်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ ဆိုင်ကယ်အရောင်းဆိုင်

စစ်ကောင်စီကပေးတဲ့ လျော်ကြေးငွေကို BGF မိသားစုဝင်တွေက လက်မခံတာတွေရှိလာတယ်ဟုဆို

Posted: 17 May 2022 10:01 AM PDT

ဓာတ်ပုံ - မကြာသေးခင်က KNU တပ်မဟာ ၅ နယ်မြေမှထွက်ခွာသွားသည့် BGF တပ်ဖွဲ့ဝင်တချို့ကိုတွေ့ရစဉ်။ မေလ ၁၇ ရက်နေ့၊ ၂၀၂၂ စစ်အာဏာရှင်ကိုတိုက်နေတဲ့ KNLA တပ်ပေါင်းစုတွေနဲ့စစ်ကောင်စီတပ်တွေကြားဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေဖက်က ကူတိုက်ပေးရင်းတိုက်ပွဲမှာကျဆုံးသွားတဲ့ နယ်ခြားစောင့်တပ် ( BGF ) ဖွဲ့ဝင်တွေအတွက်ပေးတဲ့ လျော်ကြေးငွေကို မိသားစုဝင်တွေကလက်မခံတာတွေရှိလာတယ်လို့ဒေသခံအချို့ထံမှသိရပါတယ်"လင်သေ၊ သား

လက်ယက်မရွာကို မီးရှို့ကာ ပြန်လာသော စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၇ဦးသေဆုံး

Posted: 17 May 2022 10:00 AM PDT

မေ ၁၇၊ ၂၀၂၂ ခုနှစ်။မြိုင်မြို့နယ် Pdf အဖွဲ့အစည်းများ ၊ရေစကြိုမြို့နယ် Pdf အဖွဲ့အစည်းများနှင့် ပခုက္ကူ Pdf အဖွဲ့အစည်းများပူးပေါင်းကာ လက်ယက်မကျေးရွာအား မီးရှို့ဖျက်ဆီးကာပြန်လည်ဆုတ်ခွာလာသော ပျူစောထီးနှင့် အကြမ်းဖက်စစ်အုပ်စုကို မေလ ၁၅ရက်နေ့ညနေပိုင်းတွင် တိုက်ခိုက်ခဲ့ရာ ၇ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။ဂဠုန် ပြောက်ကျားတပ်ဖွဲ့ - မြိုင် နှင့် ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခက်ခြင်း၊

ဘီးလင်းမြို့နယ်၌နယ်ကျွံလာသောစစ်ကောင်စီတပ်ကို KNLAနှင့်PDFတို့ပူးပေါင်းတိုက်ခိုက်

Posted: 17 May 2022 09:58 AM PDT

မေ ၁၇၊ ၂၀၂၂။ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအနီးတွင်နယ်ကျွံလာသောစစ်ကောင်စီတပ်အား KNLAနှင့်PDFပူးပေါင်းအဖွဲ့တို့မှသွားရောက်တိုက်ခိုက်ခဲ့သည်ဟု သထုံPTDFကသတင်းထုတ်ပြန်ထားသည်။ ယနေ့မေလ ၁၇ရက်နံနက်၆နာရီမှ၁၀နာရီခွဲအချိန်ထိ ဘီးလင်းမြို့နယ်၊ဒေါက်ရပ်ကျေးရွာအနီးတွင်နယ်ကျွံလာသောစစ်ကောင်စီတပ်အား KNLAတပ်မဟာ(၁) တပ်ရင်း(၂)၊ဘီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)နှင့် သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအင်အားစု(TPDF)

မိုး‌ဗြဲဒေသ၌ တစ်နေ့ကုန်တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေ

Posted: 17 May 2022 09:57 AM PDT

ပုံအညွှန်း - မေလ ၁၆ရက် ညနေပိုင်းက ဆောင်နန်းခဲရွာကို စစ်ကောင်စီတပ်များ မီးရှို့နေသည့် မြင်ကွင်းမဲခေါင်၊ မေ ၁၇ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ရှိ ဆည်အနီးတဝိုက်ဒေသများတွင် ယနေ့၊ နံနက်ပိုင်းမှစတင်၍ လက်ရှိအချိန်ထိ အာဏာသိမ်းစစ်တပ်နှင့် ဒေသခံတော်လှန်ရေးအင်အားစုများ ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။မိုးဗြဲဒေသ၊ ဆီမီးလောရွာနှင့် ညောင်ပင်သာရွာအနီးတ

စစ်ကိုင်း - မုံရွာလမ်း၊ အုန်းတောနှင့် ညောင်ပင်ဝန်းကြားမှာ စစ်ကားတန်းကို မိုင်းဆွဲ၊ စကစတွေ ထိခိုက်မှုရှိ

Posted: 17 May 2022 07:44 AM PDT

မေ - ၁၇စစ်ကိုင်းဘက်ကနေ မုံရွာဘက်ကို သွားတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ကား(၁၂)စီးပါ ယာဉ်တန်းကို ဒီကနေ့ မေ(၁၇)ရက် မနက်(၁၁)နာရီကျော် အုန်းတောရွာနှင့် ညောင်ပင်ဝန်းရွာကြားမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စကစတွေ ထိခိုက်မှု ရှိနိုင်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။"အုန်းတောနဲ့ ညောင်ပင်ဝန်းကြား နူံးတွင်းတပ်အနီးမှာ ဒီမနက် (၁၁)ကျော်က ခွေးကား(၁၂)စီး ဆွဲမိုင်းမိ။ ရှစ်စီးပဲ ဆက်မောင်းပြီး

အလုံတွင် (၄)နှစ်အရွယ် မူကြိုက​လေးငယ်အား ဖမ်းဆီး​ရာတွင်ဦး​​ဆောင်သူအုပ်ကြီး ယ​နေ့ အသတ်ခံရ

Posted: 17 May 2022 07:39 AM PDT

ရန်ကုန်မြို့ အလုံမြို့နယ်တွင် (၄)နှစ်အရွယ် မူကြိုကလေးငယ်အား ဖမ်းဆီး​ခေါ်​ဆောင်ရာတွင်ဦးဆောင်သူ ရပ်ကွက်အုပ်ချုပ်ရေးမှူး ယနေ့ ပစ်သတ်ခံရကြောင်း ဒေသခံများက People's Springသို့ ပြောသည်။ယနေ့(မေ ၁၇ ရက်) ညနေ ၄နာရီတွင် ဆင်မင်းစျေးအနောက်ဖက်၊ သိပ္ပံလမ်းတွင် ဆင်မင်းရပ်ကွက် အုပ်ချုပ်ရေးမှူးဦးလှမိုးမှာ သေနတ်ဖြင့် ခြောက်ချက်ခန့် ပစ်သတ်ခံခဲ့ရသည်ဟု ဆိုသည်။"တကယ့်ကို သတ်ရမယ့် စစ်ကောင်စီရဲ့ခွေးပါ။ပြီးခဲ့တဲ့လက

ပကာရီ-ဆီပင်ကောက်လမ်းပိုင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၂၀ဦးကျော် သေဆုံးပြီး ၁၇ဦးထက် မနည်းဒဏ်ရာရ

Posted: 17 May 2022 07:37 AM PDT

တနင်္သာရီတိုင်းမ် ၊ မေ ၁၇ထားဝယ်မြို့နယ်၊ ပကာရီ - ဆီပင်ကောက်လမ်းပိုင်းမှာ စစ်ကြောင်းထိုးချီတက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(ထားဝယ်ခရိုင်)က မိုင်းဆွဲတိုက်ခိုက်၊ ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က တပ်သား ၂၀ ကျော်သေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ထားဝယ်ခရိုင်)ရဲ့ သတင်းထုတ်ပြန်ချက်အရ မေလ ၁၄ရက်နေ့ ညနေပိုင်းက

ပန္ဒလဲကျေးရွာက ပျူစောထီးအဖွဲ့ စီးနင်းလာတဲ့ကားကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်

Posted: 17 May 2022 07:36 AM PDT

တနင်္သာရီတိုင်းမ် ၊ မေ ၁၇လောင်းလုံးမြို့နယ် ပန္ဒလဲကျေးရွာက ပျူစောထီးအဖွဲ့စီးနင်းလာတဲ့ကားကို ဒီနေ့နေ့လည် ၁နာရီခွဲအချိန်ခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးPDFအဖွဲ့က ထုတ်ပြန်ပါတယ်။စွန်ရဲအဖွဲ့အမည်ခံ ပျူစောထီးအဖွဲ့ ဝင် ၈ ဦးခန့်စီးနင်းလာတဲ့ Vigo ကားကို လောင်းလုံးမြို့နယ်လမ်းပိုင်းမှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး ကားပေါ်ကခေါင်းစိုက်ပြီး တစ်ဦးပြုတ်ကျသွားတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ပစ်ခတ်မှုဟာ

တွံတေးမြို့ရှိ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

Posted: 17 May 2022 07:35 AM PDT

ရန်ကုန်၊ မေ ၁၇ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ကွမ်းခြံရပ်ကွက်၊ ရိပ်သာလမ်းသွယ်အတွင်းနေ ထိုင်သည့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် ဝင်းဆန်းဆိုသူကို မေလ ၁၆ ရက်၊ ညနေ ၅ နာရီဝန်းကျင်က ကွမ်းခြံသားလမ်းအတွင်း ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း တွံတေးမြို့ပြပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ဝင်းဆန်းသည် တွံ့တေးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက ပြည်သူ များအပေါ် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများပြုလုပ်ရာတွင်

သမိုင်းလမ်းဆုံရှိ စစ်ကောင်စီစခန်းပစ်ခတ်ခံရ၊ ပစ်ခတ်မှုအပြီး လူနာတင်ကားများရောက်ရှိနေ

Posted: 17 May 2022 07:33 AM PDT

ရန်ကုန်၊ မေ (၁၇)ရန်ကုန်၊ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံရှိ စစ်ကောင်စီလက်ပါးစေများတပ်စွဲထားသည့်စခန်း ယနေ့ နေ့လယ် (၁၂) နာရီဝန်းကျင်က ပစ်ခံခဲ့ခဲ့ရကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူများက လူငယ့်ခေတ်သို့ ပြောသည်။"သမိုင်းလမ်းဆုံက စစ်ခွေးဘန်ကာ(ခံတပ်)ကို PDF တွေ လာပစ်တာ၊ သေနတ်နဲ့ရော ဗုံးတွေနဲ့ရောပါတယ်။ ဘန်ကာထဲကလဲ ပြန်ပစ်တယ်။ အဲဒီနားကနေ အမြန်ထွက်လာရလို့ နှစ်ဖက်သေတာ၊ ဒဏ်ရာရတာကို သေချာတော့ မတွေ့လိုက်ရဘူး"ဟု

ဒီးမော့ဆို ၊ ဒေါငံခါးကျေးရွာတွင် ၂နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစတပ်သား ၅ ဦးခန့်သေဆုံး

Posted: 17 May 2022 07:26 AM PDT

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့၊ ဒီး/ကျေးရွာအုပ်စု၊ ဒေါငံခါးကျေးရွာတွင် ယနေ့ မေလ၁၇ ရက်နေ့ နံနက်၁၁နာရီမှ ၁နာရီထိ ၂နာရီကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅ဦးခန့် သေဆုံးခဲ့ကြောင်း DMO-PDF ကထုတ်ပြန်ထားပါတယ်။ထိုတိုက်ပွဲတွင် ဒေါငံခါးကျေးရွာရှိ ပြည်သူနေအိမ်ပေါ်တွင် တပ်စခန်းချ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ် (DMO PDF) တပ်၊ ဗျူဟာ ၁  A,B,J,F တပ်ရင်း၊အလယ်ပိုင်းတိုင်း(

PDF တွေဆုတ်ပစ် ပစ်ရင်း ထောင်ခဲ့တဲ့မိုင်း ၉လုံးမိပြီး စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေ

Posted: 17 May 2022 07:25 AM PDT

ကနီ ၊ မေ ၁၇ ၊၂၀၂၂။စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲမှာ ရိက္ခာလာပို့တဲ့ စစ်ကောင်စီကို မေလ၁၇ ရက် ဒီနေ့ မနက် ၉ နာရီလောက်က ဒေသခံ PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်လို့ စစ်ကောင်စီ ၁၀ တက်မနည်း သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။စစ်ကောင်စီနဲ့ပျူစောထီးတွေ စခန်းချတဲ့ ကနီမြို့ကနေ အလယ်ကျွန်းရွာကို ရိက္ခာပို့ရန် အသွားမှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။"သတင်းရလို့ စောင့်တိုက်တာမှာ နှစ်ဖက်ပစ်ခတ်ခဲ့ပါတယ်

ပခုက္ကူမှာ ဒုရဲအုပ်တဦးရဲ့ အမေနဲ့ အကိုဖြစ်သူ နေအိမ်တွင်းပစ်သတ်ခံရ

Posted: 17 May 2022 07:24 AM PDT

ပခုက္ကူ၊ မေ ၁၇၊ ၂၀၂၂။မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် ၁ ရပ်ကွက် နေအိမ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ဒုရဲအုပ်တဦးရဲ့  မိခင်နဲ့အကိုဖြစ်သူတို့ မေလ ၁၇ ရက် ဒီကနေ့ နေ့လည်ပိုင်းက သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ဖောင်တော်ဦးလမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်မှာရှိတဲ့ ဒုရဲအုပ် မျိုးကိုကိုချစ်ရဲ့ နေအိမ်ကိုဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ အမေနဲ့အကိုတို့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့မစျေးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီသုံးဦးသေဆုံး

Posted: 17 May 2022 07:22 AM PDT

ဒီးမော့ဆိုမြို့၊ မြို့မစျေးမှာ ဒီကနေ့ မေလ ၁၇ရက်နေ့ နံနက် ၁၀နာရီအချိန်မှာ စစ်ကောင်စီနဲ့  ၂နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF B-19 က ထုတ်ပြန်ထားပါတယ်။ ဒီးမော့ဆိုမြို့မရဲစခန်းမှာ ကင်းထောက်သွားလာနေတဲ့ စစ်ကောင်စီကို အလစ်ငိုက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီသုံးဦး သေဆုံးခဲ့ပြီး KNDF ဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ကရင်နီပြည်မှာ သုံးရက်ဆက်တိုက် ရဟတ်ယာဉ်ပျံဝဲနေတာရှိပြီး

ရှမ်းမြောက်မှာ စစ်ကောင်စီစစ်ကြောင်းကို ကေအိုင်အေ တိုက်

Posted: 17 May 2022 07:20 AM PDT

17 May 2022 ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟူနောင်ကျေးရွာအထက်တွင် ယမန်‌နေ့ည ၁၁နာရီခန့်တွင် စစ်ကူ‌ရောက်လာသည့်စစ်ကောင်စီယာဥ်တန်းကို ကေအိုင်အေမှ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။"အဓိကတော့ မူဆယ်ဘက်က ဆင်းလာတဲ့ ယာဥ်တန်းကို ပစ်တာပေါ့။ တော်တော်ထိတယ်လို့ပြောတယ်။ အဲ့ဒီစစ်ကားတွေက စစ်ကူလာတဲ့ကားလို့ သိရတယ်။ ထိခိုက်တာများတော့ ရပ်သွားတယ်"ဟုဒေသခံတစ်ဦးက

စစ်ကောင်စီ ယာဉ်တန်းကို KIA ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကားအချို့ ပျက်စီး

Posted: 17 May 2022 07:19 AM PDT

May 17,2022ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ဟူနောင်နှင့် ရှုခင်းသာကြား စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီယာဉ်တန်းကို KIA မှ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ကား ၃ စီး ပျက်စီးပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။မေလ ၁၆ ရက်ည ၁၁ နာရီဝန်းကျင်ခန့်တွင် ကွတ်ခိုင်မြို့အကျော် ဟူနောင်ရွာအထက်တွင် မူဆယ်ဘက်သို့ တက်လာသည့်  စစ်ကောင်စီ ကား ၄ စီးကို  KIA တပ်မဟာ ၄ ၊ တပ်ရင်း ၈ မှ ကြားဖြတ်

ရွာငံမြို့နယ် ပြည်သူ နေအိမ်တစ်လုံး မီးထပ်မံရှို့ခံရ

Posted: 17 May 2022 07:19 AM PDT

မေလ ၁၇ သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာရှိ အရပ်သားပြည်သူတစ်ဦး၏ နေအိမ်ကို စစ်ကောင်စီ တပ်သားများက မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းသိရသည်။ယမန်နေ့ (မေလ ၁၆ ) ရက် ည ၁၀ နာရီဝန်းကျင်တွင် ရွာငံမြို့မှ လယ်ကိုင်းကျေးရွာတွင် ရှိသည့်  ဦးမောင်ဌေး ၏ နှစ်ထပ်တိုက်နေအိမ်ကို စစ်ကောင်စီတပ်သားတို့မှ လာရောက်မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံ အမျိုးသားလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ "ဦးမောင်

ရွာလုံးကျွတ်တိမ်းရှောင်နေရသည့် လေးကေနှင့် ဝင်းတာပန်ရွာတွင် နေအိမ်အများအပြား ဖောက်ထွင်းခံရ

Posted: 17 May 2022 07:17 AM PDT

မေလ ၁၇ရက်၊ ၂၀၂၂ခုနှစ်။ တိုက်ပွဲကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသော သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ လေးကေနှင့် ဝင်းတာပန် ကျေးရွာများရှိ နေအိမ်အမြောက်အများကို စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် BGF များက ဝင်ရောက်ဖောက်ထွင်းပြီး ပစ္စည်းအမြောက်အများ ယူဆောင်သွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။အဆိုပါကျေးရွာများရှိ နေအိမ်အလုံး ၃၀ကျော် ဖောက်ထွင်းခံရခြင်းဖြစ်ပြီး အများစုမှာ စျေးဆိုင်တည်ထားသော နေအိမ်

ဖားကန့်မြို့တွင်း စစ်ကောင်စီတပ်သားများ မိုင်းခွဲခံရသဖြင့် ထိခိုက်မှုရှိနိုင်

Posted: 17 May 2022 07:14 AM PDT

May 17.2022ဖားကန့်မြို့ အေးမြသာယာ ကျောက်ဝိုင်းအနီးတွင် မတ် ၁၆ ရက်နေ့ညက စစ်ကောင်စီတပ်သားများ လမ်းလျှောက် လှည့်လှည်စဥ် မိုင်းပေါက်ကွဲခဲ့ပြီး ထိခိုက်မှုရှိနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။ယင်းပေါက်ကွဲမှုမှာ ယမန်နေ့ ည ၉ နာရီ မိနစ်လေးဆယ်ခန့်တွင် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် အင်အား ၆၀ ခန့်သည် မြို့တွင်း လမ်းလျှောက်ကင်းလှည့်ပြီးအပြန်တွင် အေးမြသာယာကျောက်ဝိုင်းအကျော် ကုန်းတက်နေရာတွင် မိုင်းတစ်လုံး

ခင်ဦးနယ်တွင် နေအိမ် ၂၃ လုံးကို စစ်ကောင်စီ မီရှို့ခဲ့ပြီး အမျိုးသားနှစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်

Posted: 17 May 2022 07:14 AM PDT

စစ်ကိုင်းတိုင်း ဒေသကြီး ခင်းဦးမြို့နယ်ရှိ သိမ်တော်ကျေးရွာနှင့် အင်းပတ်ကျေးရွာမှ လူနေအိမ် ၂၃ လုံးကို စစ်ကောင်စီတပ်က မီးတင်ရှို့ခဲ့ပြီး ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသည့် အပြစ်မဲ့ ပြည်သူနှစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ခင်ဦး ဒေသခံများထံမှ သိရသည်။စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ခန့်သည် မေလ ၁၅ ရက်နေ့မှ စတင်ကာ ရေဦးဘက်မှ ခင်ဦးမြို့နယ်အတွင်းသို့ စစ်ကြောင်း ထိုးဝင်ရောက်လာပြီး မေလ ၁၅ ရက်နေ့တွင် သိပ်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.