သစ္ထူးလြင္ |
- တောင်သာ မြေစာရင်းရုံးကို ညီနောင်မဟာမိတ် (၄)ဖွဲ့ ပူးပေါင်းတိုက်ခိုက်၊ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒုဦးစီးမှူးအပါအဝင် ဝန်ထမ်း (၅)ဦးနဲ့ အုပ်ကြီးနဲ့ အရပ်သားတစ်ဦးကို ထိခိုက်
- ဂန့်ဂေါမှာ PDF တွေနဲ့ စစ်အုပ်စုတို့ တိုက်ပွဲ ၂ကြိမ်ဖြစ်လို့ စစ်အုပ်စုက ၂၀ နီးပါးသေဆုံးဟုဆို
- ပျူစောထီးခေါင်းဆောင်က ကျောင်းလာတက်တဲ့ ၈ နှစ်အရွယ်ကျောင်းသူကို ကျောင်းမှာအဓမ္မပြုကျင့်
- မော်လိုက်နယ်မှာ စစ်ကောင်စီကို PDF အဖွဲ့၀င်တိုက်၊စကစ (၁၃)ယောက်သေ
- ဝက်လက်မြို့နယ် ဘိုတဲကျေးရွာကို စစ်တပ် ဝင်ရောက်စီးနင်းပြီး ရွာသားတစ်ဦးကို သတ်ဖြတ်မီးရှို့ကာ ပြည်သူ ၅ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား
- ချောင်းဦး PDFမှ သင်တန်းဆရာအပါအဝင် ၅ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့
- အမ်းတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတဦး ဓားထိုးခံရ၍သေဆုံး
- ရွာမိဿာကျေးရွာအနီး ၁၀မိနစ်ကြာတိုက်ပွဲ စစ်ကောင်စီတပ် ရှစ်ဦးခန့်သေ
- ဘီးလင်းမြို့နယ်သို့ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်
- စစ်ကောင်စီတပ်နှင့် တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံး
- ရေစကြိုမြို့နယ်ရှိ ဆင်ဖြူရှင်တံတားဂိတ်စခန်းအား PDF များတိုက်ခိုက်သိမ်းပိုက်၊ စကစတပ်သား (၃) ဦသေဆုံးပြီး ငွေသား သိန်း (၁၀၀) ကျော်နှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိ
- စစ်ကိုင်းမှာ အိမ်တွေ ဖျက်၊ ပစွည်းတွေ ခိုးပြီး ပြန်လာတဲ့ စစ်အုပ်စု မိုင်းဆွဲခံရ၊ အနည်းဆုံး နှစ်ဦးသေ
- တောင်သာနဲ့ မြင်းခြံ PDF တွေပေါင်းပြီး စစ်အုပ်စုစစ်ကြောင်းကို တိုက်ခိုက်
Posted: 09 Jun 2022 05:39 AM PDT ဇွန် - ၉ မန္တလေးတိုင်း တောင်သာမြို့ အမှတ်(၂)ရပ်ကွက်မှာရှိတဲ့ မြေစာရင်းရုံးကို ဒီနေ့ မနက် (၁၁)နာရီလောက် ညီနောင်မဟာမိတ် (၄)ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ အဲဒီအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။ ပြည်သူ့ဘက်မှာ မရပ်တည်ဘဲ စစ်ကျွန်ခံကာ အိမ်ယာမြေ၊ စိုက်ပျိုးမြေ၊ ချောင်းစံ လုပ်ပိုင်ခွင့်မှန်သမျှကို စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ပြည်သူတွေအပေါ် ခေါင်းပုံဖြတ်နေတာကြောင့် ဗုံးထုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန် |
ဂန့်ဂေါမှာ PDF တွေနဲ့ စစ်အုပ်စုတို့ တိုက်ပွဲ ၂ကြိမ်ဖြစ်လို့ စစ်အုပ်စုက ၂၀ နီးပါးသေဆုံးဟုဆို Posted: 09 Jun 2022 05:29 AM PDT ဂန့်ဂေါ၊ ဇွန်၉၊ ၂၀၂၂။မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ မနေ့ကတရက်တည်း ဒေသခံ PDF တွေရဲ့ ၂ကြိမ် တိုက်ခိုက်တာခံရလို့ စစ်ကောင်စီဘက်က ၂၀ဦးနီးပါး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။ပျူစောထီးနဲ့ စစ်သားအင်အား ၁၅၀ နီးပါးပါတဲ့ စစ်ကြောင်းကို ယောPDF တပ်ရင်း တပ်ခွဲတွေက မနက် ၈နာကျော်မှာ တကြိမ် ညနေ ၃ နာရီလောက်မှာ တကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ခဲ့ကြတယ်လို့ ပြည်သူ့ |
ပျူစောထီးခေါင်းဆောင်က ကျောင်းလာတက်တဲ့ ၈ နှစ်အရွယ်ကျောင်းသူကို ကျောင်းမှာအဓမ္မပြုကျင့် Posted: 09 Jun 2022 05:29 AM PDT ပုံစာ-ဖေဖေါ်ဝါရီလ ၁၁ရက်နေ့က ပြုလုပ်သည့် ကလေးမြို့နယ်လည်ကြီးကျေးရွာက ပြည်သူ့စစ်လို့ခေါ်သည့် ပျူစောထီးစစ်သင်တန်း။ကန့်ဘလူ၊ဇွန် ၉ ၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အရှေ့ဘက် ၄ မိုင်ခန့်အကွာ နတ်အင်းရွာစာသင်ကျောင်းမှာ စစ်တပ်နဲ့အတူ စခန်းချထားတဲ့ ပျူစောထီးခေါင်းဆောင်က ၈ နှစ်အရွယ် ကျောင်းသူတဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ မြို့နယ်တွင်း သတင်းတွေကို ထုတ်ပြန်ပေးနေတဲ့ Infinity Group ရဲ့ပေ့ချ်မှာ |
မော်လိုက်နယ်မှာ စစ်ကောင်စီကို PDF အဖွဲ့၀င်တိုက်၊စကစ (၁၃)ယောက်သေ Posted: 09 Jun 2022 05:01 AM PDT ဇွန်(၈)စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ စခန်းချပြီး ကျေးရွာအတွင်းက ဘုန်းတော်ကြီးကျောင်းရဲ့ အလှူငွေတွေနဲ့ ဒေသခံပြည်သူတွေရဲ့ ရွှေ၊ငွေတွေကို ခိုးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မော်လိုက်PDF အဖွဲ့က ဇွန်လ(၇)ရက် မနက်ပိုင်းမှာ ၀င်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။မနက်(၁၀)နာရီ၀န်းကျင်ကစပြီး မော်လိုက် PDF က ၀င်ရောက်တိုက်ခိုက်ရာမှာ မိနစ်(၃၀)၀န်းကျင် အပြန်လှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး |
Posted: 09 Jun 2022 04:58 AM PDT ရန်ကုန်၊ ဇွန် ၉ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဘိုတဲကျေးရွာသို့ ဇွန် လ ၈ ရက်နေ့ အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းပြီး အသက် ၁၈ နှစ်အရွယ် ဇေယျာခိုင်ကို သတ်ဖြတ်မီးရှို့ကာ ပြည်သူ ၅ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ရွှေဘိုမြို့ဘက်မှ လာသော စစ်အင်အားတစ်ရာခန့်ပါ အကြမ်းဖက်စစ်တပ်သည် ဘိုတဲကျေးရွာသို့ နေ့လယ် ၁၂ နာရီအချိန့်ခန့်တွင် ဝင်ရောက်ခဲ့ပြီးနောက် ပြည်သူ၁ ဦးကို သတ်ဖြတ်ခြင်းနှင့် |
ချောင်းဦး PDFမှ သင်တန်းဆရာအပါအဝင် ၅ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ Posted: 09 Jun 2022 04:54 AM PDT ချောင်းဦး၊ ဇွန် ၉၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်က Change U Local Defence Force အဖွဲ့မှ သင်တန်းဆရာအပါအဝင် ရဲဘော် ၅ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီရဲဘော်တွေဟာ ဇွန်လ ၇ ရက်၊ မနက် ၇ နာရီလောက်က စစ်ရေးသင်းတန်းပေးဖို့သွားချိန် ချောင်းဦးမြို့နယ်၊ ရွှေပေါ်ကုန်းရွာနားအရောက်မှာ ပျူစောထီးနဲ့ စစ်သားတွေရဲ့ စောင့်ကြိုတိုက်ခိုက်တာကို ခံခဲ့ရ |
အမ်းတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတဦး ဓားထိုးခံရ၍သေဆုံး Posted: 09 Jun 2022 04:53 AM PDT ရခိုင်၊ ဇွန် ၉၊ ၂၀၂၂စစ်ကောင်စီကခန့်အပ်ထားသည့် ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးပိုင်ပိုင်မှာ ယနေ့ ဇွန် ၉ ရက် နံနက် ၉ နာရီကျော်အချိန်ခန့်တွင် ဓားဖြင့်ထိုးခံလိုက်ရ၍ သေဆုံးသွားသည်ဟု သိရသည်။သေဆုံးသွားသူ ဦးပိုင်ပိုင်မှာ အမှတ် ၅ ရပ်ကွက်အပြင် အမှတ် ၄ ရပ်ကွက်ကိုပါ အုပ်ချုပ်နေသူတဦးဖြစ်ပြီး၊ ၎င်းကို စစ်မှူးထမ်းဟောင်းရုံးနှင့် စွယ်တော်ဘုန်းတော်ကြီးကျောင်း အကြားတွင် အမည်မသိလူများက |
ရွာမိဿာကျေးရွာအနီး ၁၀မိနစ်ကြာတိုက်ပွဲ စစ်ကောင်စီတပ် ရှစ်ဦးခန့်သေ Posted: 09 Jun 2022 04:46 AM PDT (Ye-U Urban Guerrilla အဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်)စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ရွာမိဿာကျေးရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ရှစ်ဦးခန့်သေဆုံးကြောင်း Ye-U Urban Guerrilla အဖွဲ့က သတင်းထုတ်ပြန်သည်။ ယမန်နေ့(ဇွန်လ ၈ ရက်) နံနက် ၈နာရီခန့်က ရေဦးမြို့နယ်၊ ရွာမိဿာအုပ်စု ရွာမိဿာကျေးရွာ အရှေ့ဘက် ညောင်လှမူးဆုံကြားတွင် အကြမ်းဖက်စစ်တပ်၏ နောက်ချန် အင်အား ၅၀ခန့်ကို တိုက်ခိုက်ခဲ့ခြင်း |
ဘီးလင်းမြို့နယ်သို့ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် Posted: 09 Jun 2022 04:44 AM PDT (မွန်ပြည်နယ်အတွင်း အင်အားတိုးနေသည့် စစ်ကောင်စီကားများဖြစ်သည် ။ ဓာတ်ပုံ - KNU)မွန်ပြည်နယ်၊ကျိုက်ထိုဘက်မှ ဘီးလင်းမြို့နယ်သို့ ထွက်ခွာလာသည့် ခြောက်စီးပါစစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kyaikhto Revolution Force က ထုတ်ပြန်သည်။ယနေ့(ဇွန် ၉ ရက်)နံနက် ၉နာရီ မိနစ်၅၀ခန့်က ကျိုက်ထိုမြို့နယ်၊ တညင်ချောင်းရွာ အဝင်လမ်းအနီးတွင် အထက်ပါစစ်ယာဥ်တန်းကို ကျိုက်ထို KRF၊ ကျိုက်ထို (ပကဖ)နှင့် |
Posted: 09 Jun 2022 04:40 AM PDT ပုံ - ကျဆုံးသွားသော တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုရှမ်းတမူး - ဇွန် ၉၊ ၂၀၂၂။ခရစ်ယာန်ဘုရားကျောင်းကို အကာအကွယ်ယူထားသော စစ်ကောင်စီစစ်ကြောင်းကို ယမန့်နေ့ နံနက် ၁၀ နာရီခန့်က တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် တစ်ဦးကျဆုံးခဲ့ကြောင်းသိရသည်။ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်သို့ ကား ၁၁ စီး လူအင်အား ၁၀၀ ခန့်ဖြင့် |
Posted: 09 Jun 2022 04:38 AM PDT ဇွန် ၉မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားဂိတ်စခန်းအား ယနေ့နေ့လည် ၁၂ နာရီမှ ၁ နာရီထိ အချိန် ၁ နာရီခန့်ကြာ တိုက်ပွဲဆင်နွှဲပြီး အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်သည်။အဆိုပါတိုက်ပွဲအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင် မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့ နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဆားလင်းကြီးမြို့နယ် (Salingyi Special Task |
စစ်ကိုင်းမှာ အိမ်တွေ ဖျက်၊ ပစွည်းတွေ ခိုးပြီး ပြန်လာတဲ့ စစ်အုပ်စု မိုင်းဆွဲခံရ၊ အနည်းဆုံး နှစ်ဦးသေ Posted: 09 Jun 2022 04:37 AM PDT ဇွန် - ၈စစ်ကိုင်းမြို့နယ် ကျောင်းဖြူကျေးရွာထဲ ဝင်မွှေလုယက် ဖျက်ဆီးကာ တန်ဘိုးကြီး ပစ္စည်းတွေ ခိုးယူလုယက်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို မနေ့က ညဦးပိုင်းအချိန် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ အကြမ်းဖက်သမား အနည်းဆုံး နှစ်ဦးသေတယ်လို့ ဒေသခံ ပြောက်ကျားတပ်ဖွဲ့တွေက ဆိုပါတယ်။ဇွန်(၈)ရက် မနေ့က ညနေ(၆)နာရီကျော်က စစ်ကိုင်းမြို့နယ် ပဒူရွာနှင့် ကံကြီးကုန်းရွာကြားမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ |
တောင်သာနဲ့ မြင်းခြံ PDF တွေပေါင်းပြီး စစ်အုပ်စုစစ်ကြောင်းကို တိုက်ခိုက် Posted: 09 Jun 2022 04:36 AM PDT (စစ်ကြောင်းကို တိုက်ခိုက်နေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေ/ ဓာတ်ပုံ - ပေးပို့) ဇွန် - ၉ မန္တလေးတိုင်း မြင်းခြံမြို့နယ်နဲ့ တောင်သာမြို့နယ်က ဒေသကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး ရေစကြိုမြို့နယ်ထဲက စစ်အုပ်စုစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ (၅)ရက် မနက်ပိုင်းက ရေစကြိုမြို့နယ် ဇရပ်နီနဲ့ မင်းလှရွာကြားမှာ အင်အား (၈၀)ခန့် ရှိတဲ့ စစ်အုပ်စုစစ်ကြောင်းနဲ့ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.