Wednesday, June 15, 2022

သစ်ထူးလွင်

သစ်ထူးလွင်


ခလရ(၃၀၄) တပ်ရင်းဂိတ်ကို မတူပီ CDF တိုက်ခိုက် စစ်ကောင်စီတပ်သား ၁ဦးသေ

Posted: 13 Jun 2022 09:39 AM PDT

(မတူပီ CDF တပ်ဖွဲ့ဝင်များ ။  ဓါတ်ပုံ-CDF)ချင်းပြည်နယ် မတူပီ - ပလက်၀ လမ်းရှိ စစ်ကောင်စီ၏ ခလရ(၃၀၄) တပ်ရင်းဂိတ်ကို အလစ်အငိုက် တိုက်ခိုက်ခဲ့ကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ထုတ်ပြန်သည်။ဇွန်လ ၁၁ရက် ညနေပိုင်းက အဆိုပါ ဂိတ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ၁ဦးသေဆုံးကာ CDF ရဲဘော်များ ထိခိုက်ကျဆုံးမရှိကြောင်း ဖော်ပြထားသည်။မတူပီ CDF အနေဖြင့် ဇွန်လ ၇ရက်ကလည်း မတူပီမှထွက်ခွာလာသည့်စစ်

မြင်းခြံ ဆင်ချောင်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ဝင်ပစ်၊ တစ်ယောက်သေ

Posted: 13 Jun 2022 09:37 AM PDT

ဇွန် - ၁၃ မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆင်ချောင်းရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို မြင်းခြံခရိုင်အမှတ် (၅) တပ်ရင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့က မနေ့ ဇွန်လ (၁၂)ရက်မှာ စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ စနိုက်ပါနဲ့ ပစ်ခတ်တာ မသေမရှင်ဖြစ်နေတဲ့အတွက် နှုတ်ခမ်းနီထပ်ဆိုးပေးပြီး ငရဲပြည်ပို့ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ ပစ်ခတ်ခံရပြီးတဲ့နောက် တပ်စွဲထားတဲ့ စစ်အုပ်စုဟာ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်

ပုလဲ - ဂန့်ဂေါလမ်းမှာ သတိပေးစာရေးပြီး မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်၊ စကစ သုံးယောက်ကို သုတ်သင်နိုင်

Posted: 13 Jun 2022 09:32 AM PDT

ပုလဲ - ဂန့်ဂေါလမ်း၊ ပုလဲမြို့နယ် တနေရာမှာ မိုင်းထောင်ထားကြောင့် သတိပေးစာ ရေးပြီး အကြမ်းဖက် စစ်အုပ်စုကို ဖောက်ခွဲ တိုက်ခိုက်ခဲ့စဉ်နှင့် စစ်အုပ်စုဘက်က ပြန်လည်ရေးထားတဲ့ စာသားတွေ/Photo - ပုလဲဂျိုကာ PDFဇွန် - ၁၃စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပုလဲ- ဂန့်ဂေါလမ်းပိုင်းမှာ မိုင်းထောင်ထားတဲ့ မိုင်းကွင်းဖြစ်ကြောင်းနှင့် ရှေ့ဆက်မတိုးဖို့ သတိပေးစာ ရေးထားခဲ့ပေမယ့် မလိုက်နာဘဲ ရှေ့ဆက်တိုးလာတဲ့ အကြမ်းဖက် စစ်အုပ်စု

သရက်ချောင်းမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကူလာတဲ့ကားတွေ ၂ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၁၀ဦးခန့်သေဆုံးပြီး ၂၀ဦးခန့်ဒဏ်ရာရ

Posted: 13 Jun 2022 09:28 AM PDT

တနင်္သာရီတိုင်းမ် ၊ ဇွန် ၁၃သရက်ချောင်းမြို့နယ်၊စော်ဖျားကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဒီနေ့နေ့လည် ၁၂နာရီအချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်ကူလာတဲ့စစ်ကောင်စီကားတွေ နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။ စစ်ကူရောက်လာတဲ့ စစ်ကားတစ်စီးဟာ  ၁၂နာရီခွဲအချိန်ခန့်က စော်ဖျားကျေးရွာထိပ်မှာမိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတယ်လို့သိရပါတယ်။မိုင်းဆွဲခံရတာကြော

ရွှေကူတွင် KIA နှင့် စစ်ကောင်စီတပ်တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်အထိနာဟုဆို

Posted: 13 Jun 2022 09:26 AM PDT

ရွှေကူ - ဇွန် ၁၃၊ ၂၀၂၂။ တိုက်ပွဲပြင်းထန်နေသည့် ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီခွဲခန့်မှစတင်ကာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ကြောင်း သိရသည်။ ရွှေငြိမ်းချမ်းကျေးရွာမှ ကျောက်ကြီးကျေးရွာသို့ ချီတက်လာသော စစ်ကောင်စီခြေလျင်စစ်ကြောင်း နှင့် ၇ မိုင်ကျေးရွာအနီးတွင် သုံးနာရီခန့်ကြာ

တောင်သာ-မြင်းခြံလမ်းပိုင်းတွင် PDF ရဲဘော်များမှ သုံးရက်တိတိအစာငတ်ခံ၍ စကစကားအလာစောင့်ဆိုင်းကာ မိုင်းဆွဲတိုက်ခိုက်၊ မြို့နယ်မှုးအပါအဝင် (၄) ဦးပြင်းထန်ဒဏ်ရာရ

Posted: 13 Jun 2022 09:25 AM PDT

ဇွန် ၁၃မန္တလေးတိုင်းဒေသကြီး၊ တောင်သာ-မြင်းခြံလမ်းပိုင်း၊ တမံကြီးရွာနှင့် နန်းမြင့်ရွာအကြားတွင် စစ်ကောင်စီရှေ့ပြေးပွိုင့်ကားအား မဟာမိတ်အဖွဲ့များမှ မိုင်း (၃) လုံးဆွဲတိုက်ခိုက်ခဲ့ရာ မြို့နယ်မှူးအပါအဝင် (၄) ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိသွားကြောင်း မဟာမိတ်အဖွဲ့များမှ ထုတ်ပြန်သည်။အဆိုပါတိုက်ခိုက်မှုကြောင့် " စစ်ကောင်စီဘက်မှ အသေပျောက်သတင်း မရသေးသော်လည်း သေမင်းထံ လိုင်စင်ယူစဲကာလဖြစ်ကြောင်း

သထုံနှင့်ကျိုက်ထိုမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရ၊ ၄ ဦးဆုံး၊ ၃ ဦးဒဏ်ရာရ

Posted: 13 Jun 2022 09:23 AM PDT

ဓာတ်ပုံ - ရှေ့တန်းထွက်သည့်စစ်ကောင်စီယာဉ်တန်းကိုတွေ့ရစဉ်။ ပုံဟောင်း။ (Photo: CJ) ဇွန်လ ၁၃ ရက်နေ့ ၊ ၂၀၂၂မွန်ပြည်နယ် သထုံမြို့နယ်နှင့်ကျိုက်ထိုမြို့နယ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ တစ်ရက်အတွင်း ၂ ကြိမ်တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ နယ်မြေခံသတင်းရင်းမြစ်ကပြောပါတယ်။ သထုံမြို့နယ်ရှိ KNLA အမှတ် ၁ တပ်မဟာ တပ်ရင်း၂ မှတပ်ရင်းမှူးကိုမေးကြည့်ရာမှာ ဒီနေ့မနက် ၅ နာရီခွဲမှာ

အင်းစိန်ထောင်အတွင်း နိုင်ငံရေး အကျဉ်းသား ၁၁ ဦး အစာငတ်ခံ ဆန္ဒပြသဖြင့် ရိုက်နှက်ပြီး တိုက်ပိတ်ခြင်းခံထားရ

Posted: 13 Jun 2022 09:22 AM PDT

ဇွန်လ ၁၃ ရက်၊ ၂ဝ၂၂ ခုနှစ်။ယနေ့နေ့လည်ပိုင်းမှစတင်ပြီး ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်အတွင်း နိုင်ငံရေး အကျဉ်းသား ၁၁ ဦးမှ အစာငတ်ခံ ဆန္ဒပြနေကြောင်း အင်းစိန်ထောင်၏ အကျဉ်းဦးစီးဌာန ဝန်ထမ်းအသိုင်းအဝိုင်းမှ သိရသည်။ထိုကဲ့သို့ အစာငတ်ခံ ဆန္ဒပြနေသည့် အကျဉ်းသားများကို အကျဉ်းဦးစီးဌာန၏ စစ်တပ်ဘက်မှ ဝင်ရောက်လာသည့် အကျဉ်းဦးစီးဌာန ဝန်ထမ်းများက ရိုက်နှက်ကာ ယနေ့ညနေတွင် တိုက်ပိတ်ထားလိုက်ကြောင်း သိရသည်။မည်သည့်ကိစ္စ

ကျောက်ကြီးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ ၅၀ ဦးထက်မနည်းသေဆုံးပြီးအလောင်းများကို ဒရွတ်တိုက်ဆွဲယူသွား

Posted: 13 Jun 2022 09:22 AM PDT

ရုပ်သံ-မြို့လှKPDFတပ်ဖွဲ့ဇွန်လ ၁၃ ရက်ကချင်ပြည်နယ်၊ရွေကူမြို့နယ်၊ရွှေငြိမ်းချမ်းရွာမှကျောက်ကြီးရွာဘက်သို့ ခြေလျှင်စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်ကို ဇွန်လ ၁၂ ရက် ယမန်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်တွင် မြို့လှ KPDF တပ်မှ လမ်းခုလတ်တွင် မိုင်း ၈ လုံးဆွဲကာ တိုက် ခိုက်ခဲ့ကြောင်း မြို့လှKPDF ထံကသိရသည်။"စစ်ကောင်စီဘက်မှ မိုင်းကွင်းထဲ ဝင်ရောက်လာတဲ့အချိန် ထိထိရောက်ရောက်မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့လို့ စစ်

ခင်ဦးမြို့နယ်ကြို့ကန်ရွာ၌ အကြမ်းဖက်စစ်ကောင်စီတပ်သတ်ဖြတ်ခဲ့သော အပြစ်မဲ့ပြည်သူ၂ဦးအလောင်းတွေ့ရှိ

Posted: 13 Jun 2022 09:20 AM PDT

ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးဇွန် ၁၃၊ ၂၀၂၂ ။စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ်ကြို့ကန်ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ် များနှင့် ပျူစောထီးအဖွဲ့တို့သည် ဇွန်လ၁၁ရက်ညနေပိုင်းတွင် နေအိမ်၃၅အိမ်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့ပြင် နေအိမ်(၂)လုံးမှာလည်း လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပျက်စီးသွားခဲ့ရသည်။အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည်ကြို့ကန်ရွာကို မီးရှို့ရန် လာခဲ့ရာ ဗျူဟာလမ်း၌

ရေစကြို ပခန်းကြီးရဲစခန်းမှ တပ်သားတစ်ဦး လက်နက်နှင့်အတူ CDM ပြုလုပ်

Posted: 13 Jun 2022 09:18 AM PDT

မဲခေါင်၊ ဇွန် ၁၃ရေစကြိုမြို့နယ်၊ ပခန်းကြီးရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်နှင့်အတူ ယနေ့တွင် Young Force (UG) အဖွဲ့သို့ ဆက်သွယ် CDM ပြုလုပ်ကြောင်း သိရသည်။G3 (တစ်လက်)၊ ကျည်ဘောက်(၂)ခု၊ ကျည်အဆံ အတောင့် (၁၀၀) နှင့်အတူ CDM ပြုလုပ်ခြင်းဖြစ်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။စစ်ကောင်စီတပ်အား စွန့်ခွာမည်ဆိုပါက မည်သူ့ကိုမဆိုကြိုဆိုပြီး လုံခြုံရေးအာမခံဖြင့် ပို့ဆောင်ပေးမည်ဟု Young Force

ရွာငံမြို့နယ်၌ ပျုစောထီးအဖွဲ့စီးနင်းလာသောကား ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံး၊ ပျူစောထီးခေါင်းဆောင် အခြေအနေစိုးရိမ်ရ

Posted: 13 Jun 2022 09:17 AM PDT

မဲခေါင်၊ ဇွန် ၁၃ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ရွာငံ-ဟန်မြင့်မိုရ်လမ်းမကြီး၊ တပ်ပုပ်ရွာအနီးရှိ ကားလမ်းမပေါ်၌ ယမန်နေ့၊ ညနေပိုင်းက ပျုစောထီးအဖွဲ့စီးနင်းလာသောကား ပစ်ခတ်ခံရကြောင်း ‌ဒေသခံ PDF အဖွဲ့များထံမှ သိရသည်။ရွာငံမြို့နယ်ပျူစောထီးခေါင်းဆောင် ဦးဝင်းမြင့်နှင့် အဖွဲ့ ၂ ဦးစီးနင်းလာသော ကားအား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ယမန်နေ့၊ ညနေ ၃ နာရီခွဲဝန်းကျင်အချိန်

မြဝတီ ဝေါလေမြို့တွင်းရှိ စစ်တပ်နဲ့ရဲ ပူးတွဲတပ်စွဲထားသော ရဲစခန်းကို KNDO ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်

Posted: 13 Jun 2022 09:15 AM PDT

(ဇွန်လ ၁၃ ရက်)ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်၊ ဝေါလေမြို့အဝင်က စစ်တပ်နဲ့ရဲ ပူးတွဲတပ်စွဲထားတဲ့ ရဲစခန်းကို KNDO ပူးပေါင်းတပ်ဖွဲ့ က ဒီကနေ့နံနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။အဆိုပါတိုက်ခိုက်မှူကို နံနက် ၄ နာရီဝန်းကျင်ခန့်တွင် စတင်ခဲ့ပြီး ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့

PDF တွေအလင်းဝင်နေပြီလို့ စစ်ကောင်စီဝါဒဖြန့်၊ စစ်ကောင်စီလိမ်နေတာလို့ PDF ပြော

Posted: 13 Jun 2022 09:10 AM PDT

ဓာတ်ပုံ - မကွေးတိုင်းစစ်ကောင်စီလူမှုကွန်ယက်ဇွန်လ ၁၃ ရက်မကွေးတိုင်း၊ မင်းဘူးခရိုင်၊ငဖဲမြို့နယ်အတွင်း စစ်ကောင် စီတပ်ရဲ့ ပဒါန်းတပ်နယ်ကို PDF တွေအလင်းဝင်ရောက် လာတယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းတွေ ဖော်ပြနေတဲ့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုကွန်ယက်မှာ ဇွန်လ ၁၃ ရက် ဒီကနေ့ ညနေပိုင်းက ဖော်ပြလာပါတယ်။အဲ့ဒီPDF ဆိုသူ ၉ ဦးကို စစ်ကောင်စီတပ်ရဲ့ အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က အမြောက် တပ်မမှူး

လောင်းလုံမှာ စစ်တပ်သတင်းပေးဟုဆိုသူ ထားဝယ်တက္ကသိုလ်ကထိက ၁ ဦး နှင့် ထွေအုပ်စာရေးမ ၁ ဦးပစ်သတ်ခံရ

Posted: 13 Jun 2022 09:08 AM PDT

ဓာတ်ပုံ - ထားဝယ်တက္ကသိုလ်ကထိက ဦးဝင်းဗိုလ်(ကံပေါက်) ဇွန်လ ၁၃ ရက်တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ပန်းတင်အင်းစံပြကျေးရွာတွင် ဇွန်လ ၁၂ ရက်နေ့ ညနေပိုင်းက စစ်တပ်သတင်းပေးဟုဆိုသူ စစ်ကောင်စီလက် အောက်ခံထားဝယ်တက္ကသိုလ်ကထိကတဦးနှင့် ထွေအုပ်စာရေးမတစ်ဦး ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများကသိရသည်။"ညနေပိုင်းက အသတ်ခံလိုက်ရတာပေါ့။ရွာထဲမှာလဲ ဒလန်လို့နာမည်ကြီးသူတွေဖြစ်တယ်။ သူတို့နှစ်ဦးကို အရင်က PDFက

ကင်းပုန်းဝတ်ဖို့လာတဲ့ စစ်သား ၃၀ မိုင်းဆွဲခံရလို့ ၂ ဦး အသက်အန္တရာယ်စိုးရိမ်ရ

Posted: 12 Jun 2022 09:27 AM PDT

အင်းတော်၊ ဇွန် ၁၂၊ ၂၀၂၂။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်း ကင်းပုန်းဝတ်ဖို့လာတဲ့ စစ်ကောင်စီတပ်တွေ ဇွန်လ ၁၂ ရက် ဒီမနက် ၁၀ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ မိုးညှင်းမြိုနယ်ဘက်ကလာတဲ့ စစ်သား ၃၀ ဝန်းကျင်ကို အင်းတော်မြို့နယ်၊ နန့်စီအောင်ရွာနဲ့ မော်လူမြို့အကြားမှာ KIA တပ်ဖွဲ့ဝင်တွေက မိုင်း ၇ လုံးဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ တိုက်ခိုက်မှုကြောင့် စစ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သလို

အမျိုးသမီးစစ်သည်တော်စခန်း မီးရှို့တဲ့ စစ်ကြောင်း ဒရုန်းဖြင့် ဗုံးကျဲခံရ စစ်သား ၂ ဦးသေဆုံးဟု ဆို

Posted: 12 Jun 2022 09:25 AM PDT

မြောင် ၊ ဇွန် ၁၂ ၊ ၂၀၂၂။မြောင်မြို့နယ်အတွင်းရှိ မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA) စခန်းဌာနခွဲ ၂  အမျိုးသမီးစစ်သည်တေ်စခန်းကို ဇွန်လ ၁၁ ရက်နေ့က စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ Myaung Revolution Army MRA တာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။စစ်ကောင်စီတပ်က မီးရှို့ပြီးအပြန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်တယ်လို့ သိရပါတယ်။ ဒေသခံတွေပြောဆိုချက်အရ စစ်သား ၂ ဦးသေတယ်

စကသာ နှင့် မဘိန်း အစပ်တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်သား ၁၁ ဦးသေ

Posted: 12 Jun 2022 09:21 AM PDT

Photo- ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ကသာ ပကဖစစ်ကိုင်းတိုင်း၊ ကသာမြို့နယ်နှင့် မဘိန်းမြို့နယ်အစပ်၊ တံခွန်တိုင် အခင်းစုအနီးတွင် ဇွန်လ(၁၁)ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်သား (၁၁)ဦးထက်မနည်း သေကြောင်း ကသာမြို့နယ် ပကဖ က ယနေ့ဇွန်လ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ကသာခရိုင် PDF ရင်း(၃)၊ ABSDF၊ ကသာ (အင်းကြီး -ပကဖ) ပူးပေါင်းတပ်များက တောင်ကုန်းတစ်ခု

ဒီးမော့ဆိုမြို့နယ်၊ ပူဖားရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KNDF တိုက်ခိုက် အနည်းဆုံး ၃ဦးသေဆုံး

Posted: 12 Jun 2022 09:19 AM PDT

Photo- Karenni Nationalities Defense Force KNDF - B-06ကရင်နီ(ကယား)၊ ဒီးမော့ဆိုမြို့နယ်၊ ပူဖားရွာအတွင်း တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့ဝင် နှစ်ဦးပါသည့် KNDF B 06 က ယနေ့ဇွန်လ(၁၂)ရက်နေ့၊ နံနက်ပိုင်းတွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။(၄၅)မိနစိခန့် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား(၃) ဦးနှင့်အထက် ထိခိုက်နိုင်ပြီး KNDF B 06 မှ ရဲဘော်နှစ်ဦး လက်နက်ကြီးထိ

ကန်ပက်လက် CDFနှင့် စစ်ကောင်စီတပ် နေရာသုံးနေရာ ၌ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် ၁၆ဦးသေ

Posted: 12 Jun 2022 09:15 AM PDT

(ကန်ပက်လက် CDF မှ ရဲ​ဘော်များအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - CDF)​လေးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆက်လက် တိုက်ပွဲပြင်းထန်နိုင်ဟု အသိပေးကန်ပက်လက် ချင်းကာကွယ်ရေးတပ်(CDF)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ကန်ပက်လက် CDFက ထုတ်ပြန်သည်။ဇွန်လ ၁၀ရက်က စစ်ကောင်စီတပ်များ ဝင်ရောက်နေရာယူထားသည့် ကန်ပလက် CDFတပ်ရင်း(၂)၏ တပ်စခန်းနေရာ Vakok စခန်း၌

မတ္တရာနယ်ထဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မတ္တရာ ပကဖ နှင့် မန္တလေး PDF ပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်၊ စကစ (၁၀)ယောက် သေ ဟုဆို

Posted: 12 Jun 2022 09:14 AM PDT

ဇွန် - ၁၂မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ကားနှစ်စီးကို ဒီကနေ့ နေ့လည်ပိုင်းမှာ မတ္တရာ ပကဖ နှင့် မန္တလေး PDF တို့ ပူးပေါင်းပြီး မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာမှာ စကစ (၁၀)ဦးထက်မနည်း သေနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - မတ္တရာမြို့နယ် (ပကဖ) က သတင်းထုတ်ပြန်ပါတယ်။မတ္တရာမြို့နယ် ရေကြည်ကျေးရွာအုပ်စု တောင်နီတောင်ခေါင်း ဒေသဘက် ဝင်မွှေ

၀က်လက်နယ် ရှိမ္မကားရွာအနီး တိုက်ပွဲဖြစ်ပြီး ရှိမ္မကားရဲစခန်းကို စီးနင်းတိုက်ခိုက်၊ စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ စစ်ကူလာလို့ စခန်းမသိမ်းနိုင်ပေမယ့် စကစ သုံးယောက်ကို သုတ်သင်နိုင်ခဲ့

Posted: 12 Jun 2022 09:12 AM PDT

ဇွန် - ၁၂စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရှိမ္မကားရွာအနီးမှာ ဒီကနေ့ မနက်ပိုင်းက အကြမ်းဖက်စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ညနေပိုင်းမှာတော့ ရှိမ္မကားရဲစခန်းကို စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ ဝက်လက်ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။ရှိမ္မကားရွာအနီး တိုက်ပွဲဖြစ်စဉ်နှင့် ရှိမ္မကားရွာ ရဲစခန်းကို စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်တွေမှာ အကြမ်းဖက် စစ်အုပ်စု

KIA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးဟုဆို

Posted: 12 Jun 2022 09:08 AM PDT

ဆွမ်ပရာဘွမ် - ဇွန် ၁၂၊ ၂၀၂၂။ ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား ယနေ့ နံနက် ၆ နာရီခန့်မှစတင်ကာ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ဆွမ်ပရာဘွမ်မှ ဆင်းလာသော စစ်ကောင်စီယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းတို့ကို ယနေ့နံနက် ၉ နာရီခွဲခန့်က အင်ရှီးယန်နှင့် နမ်ခမ်းကျေးရွာဟောင်းကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲ

ကင်းပုန်းဝပ်ရန်လာသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကေအိုင်အေတိုက်ခိုက်

Posted: 12 Jun 2022 09:07 AM PDT

မိုးညှင်း - ဇွန် ၁၂၊ ၂၀၂၂။မိုးညှင်းမြို့နယ်သို့ ကင်းပုန်းဝပ်ရန်လာသော စစ်ကောင်စီစစ်ကြောင်းကို ယနေ့နံနက် ၁၀ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) ကမိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။အင်အား ၃၀ ခန့်ပါရှိသော စစ်ကောင်စီခြေလျင်စစ်ကြောင်းသည် နန့်စီးအောင်ကျေးရွာနှင့် မော်လူးမြို့ ကြားလမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခံ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.